တိမ်လှိုင်းပေါ်မှာ ကျောင်းဆောက်ခြင်း
-
0:03 - 0:07အနာဂတ်ရဲ့သင်ယူမှုပုံစံက
ဘာများဖြစ်လိမ့်မလဲ။ -
0:07 - 0:09ကျွန်တော့်မှာ စီမံချက်တစ်ခုတော့
ရှိပြီးသားပါ။ -
0:09 - 0:12ဒါပေမဲ့ ဒီအကြောင်းကို
ပြောပြနိုင်ဖို့အတွက် -
0:12 - 0:15ဒီလိုဖြစ်ဖို့ အကြောင်းဖန်စေတဲ့
-
0:15 - 0:18ဖြစ်စဉ်လေးကို ပြောဖို့လိုမယ်။
-
0:18 - 0:20ကျွန်တော်တို့ ကျောင်းတွေက
-
0:20 - 0:22သင်ယူနည်း ပုံစံတွေဟာ
ဘယ်ကလာသလဲ -
0:22 - 0:24လေ့လာခဲ့တယ်။
-
0:26 - 0:28ဟိုး အတိတ်ကိုလည်း ပြန်ကြည့်လို့ရတယ်။
-
0:28 - 0:32ဒါပေမဲ့ ကနေ့ခေတ် ကျောင်းပညာရေးကိုကြည့်ရင်
-
0:32 - 0:35သူ့ရဲ့ဇစ်မြစ်ကို ခန့်မှန်းဖို့
အရမ်းလွယ်တယ်။ -
0:35 - 0:39ဒီစနစ်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း
၃၀ဝ လောက်ကတည်း စခဲ့ပြီး -
0:39 - 0:41ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့
-
0:41 - 0:44နောက်ဆုံးအင်ပါယာ ဖြစ်တဲ့
ဗြိတိသျှအင်ပါယာက လာတာပါ။ -
0:44 - 0:47တွေးကြည့်ပါ၊
-
0:47 - 0:52ကွန်ပျူတာတွေ၊ ဖုန်းတွေမရှိ
-
0:52 - 0:56ဒေတာတွေကို လက်ရေးနဲ့
စာရွက်ပေါ်မှာ မှတ်တမ်းတင်ရပြီး -
0:56 - 0:58ခရီးသွားဖို့ သင်္ဘောကိုပဲ
အသုံးပြုပြီး လည်ပတ်နေရတဲ့ -
0:58 - 1:00ကမ္ဘာကြီးက ဘယ်လိုဖြစ်မလဲ။
-
1:01 - 1:03ဒါပေမဲ့ Victorian ခေတ်က
အဲ့လိုလုပ်ခဲ့ကြတယ်။ -
1:03 - 1:06အဲ့ဒါက အရမ်းအံ့သြဖို့
ကောင်းတယ်။ -
1:06 - 1:10တစ်ကမ္ဘာလုံးက လူတွေနဲ့ ဖွဲ့စည်းထားတဲ့
-
1:10 - 1:12ကွန်ပြူတာတစ်လုံးလိုမျိုး ဖြစ်ပြီး
-
1:12 - 1:14အခုထိရှိနေတဲ့စနစ်ကို တီထွင်ခဲ့တယ်။
-
1:14 - 1:20ဒါကို ဗျူရိုကရေစီ
အုပ်ချုပ်ရေးယန္တရား လို့ခေါ်တယ်။ -
1:20 - 1:23ဒီစက်ယန္တရားကြီး လည်ပတ်ဖို့ဆိုရင်၊
-
1:23 - 1:27လူတွေအများကြီး လိုတယ်။
-
1:27 - 1:31ဒီလူတွေကို မွေးထုတ်ဖို့
အခြားစက်တစ်မျိုး ထုတ်လုပ်ခဲ့သေးတယ်- -
1:32 - 1:34ဒါကတော့ ကျောင်းတွေပါ။
-
1:34 - 1:37ကျောင်းတွေက ဒီ ဗျူရိုကရေစီ
အုပ်ချုပ်ရေးယန္တရားရဲ့ -
1:37 - 1:40အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ့်လူတွေကို
-
1:40 - 1:44မွေးထုတ်ပေးမှာပါ။
-
1:44 - 1:48ဒီလူတွေက တစ်ဦးနဲ့တစ်ဦး
တထေရာတည်း ဖြစ်ရမယ်။ -
1:48 - 1:50အချက်(၃)ခုကိုလည်း သိရမယ်-
-
1:50 - 1:54အချက်အလက်တွေက လက်နဲ့ရေးထားတဲ့အတွက်
လက်ရေးလှရမယ်၊ -
1:54 - 1:56စာဖတ်နိုင်ရမယ်၊
-
1:56 - 2:00အပေါင်း၊ အနုတ်၊ အမြှောက်၊အစားတွေ
-
2:00 - 2:02စိတ်နဲ့တင် လုပ်တတ်ရမယ်။
-
2:02 - 2:05သူတို့ဟာ ချွတ်စွပ်တူလွန်းတဲ့အတွက်
နယူးဇီလန်က တစ်ယောက်ကိုယူပြီး -
2:05 - 2:07ကနေဒါနိုင်ငံကို ပို့ပေးလည်း
-
2:07 - 2:12အလိုလျောက်ကောင်းကောင်း
အလုပ်လုပ်နိုင်တယ်။ -
2:12 - 2:14Victorian တွေက အရမ်းတော်တဲ့
အင်ဂျင်နီယာတွေပါ -
2:14 - 2:18သူတို့တည်ဆောက်ခဲ့တဲ့ စနစ်ကြီးက
အရမ်းကို ကြံ့ခိုင်လွန်းလို့ -
2:18 - 2:20ကနေ့အထိ ရှိနေဆဲဖြစ်ပြီး၊
-
2:20 - 2:23မရှိတော့တဲ့ အဲ့ဒီယန္တရားကြီးအတွက်
-
2:23 - 2:29ပုံစံတူလူတွေ အဆက်မပြတ် ထုတ်ပေးနေတုန်းပဲ။
-
2:30 - 2:32အင်ပါယာလည်း မရှိတော့ဘူး။
-
2:32 - 2:35ဒါဆိုကျွန်တော်တို့က ဒီပုံစံတူလူတွေကို
ထုတ်ပေးနေတဲ့စနစ်ကြီးကို -
2:35 - 2:37ဘယ်လိုလုပ်ကြမှာလဲ။
-
2:38 - 2:40တစ်ခုခု ထပ်လုပ်ဦးမယ်ဆိုရင်ကော
-
2:40 - 2:44ဘာတွေဆက်လုပ်ကြမှာလဲ။
-
2:45 - 2:47“ကျောင်းတွေဟာ ခေတ်နောက်ကျနေပြီ”
-
2:47 - 2:49ဆိုတာကတော့ အရမ်းပြင်းထန်တဲ့
မှတ်ချက်ပါ။ -
2:49 - 2:51ကျွန်တော်တို့ အခုသိထားတဲ့ ကျောင်းတွေဟာ
ခေတ်တုံးကုန်ပြီ။ -
2:51 - 2:53စနစ်ကပျက်နေပြီလို့တော့ မပြောလိုပါဘူး။
-
2:53 - 2:56ပညာရေးစနစ်ကြီးက ပြိုကွဲနေပြီလို့ပြောရတာ
သိပ်ကိုခေတ်ဆန်ပါတယ်။ -
2:56 - 3:00ပြိုကွဲနေတာမဟုတ်ဘဲ အရမ်းကောင်းအောင်
တည်ဆောက်ထားပေမဲ့ -
3:00 - 3:06ကျွန်တော်တို့ မလိုအပ်တော့တာပါ၊
ခေတ်ဟောင်းသွားပြီ။ -
3:06 - 3:09ကနေ့ ကျွန်တော်တို့ ဘာအလုပ်တွေလုပ်နိုင်လဲ၊
-
3:09 - 3:11ရုံးစာရေးတွေက ကွန်ပြူတာတွေပဲ
ထားလိုက်ပါစို့ -
3:11 - 3:13သူတို့ကရုံးတိုင်းမှာ
ထောင်နဲ့ချီပြီးရှိတယ်။ -
3:13 - 3:16ပြီးတော့ အဲ့ဒီကွန်ပြူတာတွေက
သူတို့ရုံးလုပ်ငန်းတွေ လုပ်နိုင်ဖို့ကို -
3:16 - 3:19လမ်းညွှန်ပေးမယ့် လူတွေရှိတယ်။
-
3:19 - 3:22အဲ့ဒီလူတွေက လက်ရေးလှဖို့မလိုဘူး
-
3:22 - 3:25ကိန်းဂဏန်းတွေ စိတ်နဲ့
မြှောက်တတ်ဖို့ မလိုဘူး။ -
3:25 - 3:27စာဖတ်တတ်ဖို့လဲ မလိုပါဘူး။
-
3:27 - 3:32တကယ်တော့ သူတို့က နားလည်အောင်
ဖတ်တတ်ဖို့တော့လိုမယ်။ -
3:32 - 3:35ဒါကတော့ ကနေ့အခြေအနေပါ၊
ဒါပေမဲ့ အနာဂတ်ရဲ့အလုပ်အကိုင်တွေက -
3:35 - 3:37ဘယ်ပုံစံဖြစ်မလဲဆိုတာ
ကျွန်တော်တို့သိတောင်မသိဘူး။ -
3:37 - 3:40လူတွေက ကြိုက်တဲ့နေရာကနေ၊
ကြိုက်တဲ့အချိန်မှာ -
3:40 - 3:43ကိုယ်ကြိုက်တဲ့နည်းနုဲ့ အလုပ်လုပ်လိမ့်မယ်
ဆိုတာတော့ သိထားတယ်။ -
3:43 - 3:47အဲ့ဒီအခြေအနေအတွက်
လက်ရှိပညာရေးစနစ်က -
3:47 - 3:50ဘယ်လို ပြင်ဆင်ပေးမလဲ။
-
3:50 - 3:55ကဲ ဒီကိစ္စတစ်ခုလုံးကိုတော့
လုံးဝမတော်တဆ တွေ့ရှိခဲ့တာပါ။ -
3:55 - 3:58လွန်ခဲ့တဲ့ ၁၄ နှစ်က နယူးဒေလီမှာ
လူတွေကို -
3:58 - 4:00ကွန်ပြူတာပရိုဂရမ် ရေးနည်း
သင်ပေးခဲ့ဖူးတယ်။ -
4:00 - 4:04ကျွန်တော့်အလုပ်ရဲ့ ဘေးကပ်လျက်မှာ
ဆင်းရဲသားရပ်ကွက်ရှိခဲ့တယ်။ -
4:04 - 4:06ဒီကလေးတွေက ဘယ်နည်းနဲ့
ကွန်ပြူတာပရိုဂရမ် ရေးနည်း -
4:06 - 4:09သင်ကြမလဲ၊ ဒါမှမဟုတ် သူတို့မသင်သင့်ဘူးလား
-
4:09 - 4:12ကျွန်တော် တွေးမိလေ့ရှိခဲ့တယ်။
-
4:12 - 4:15တစ်ချိန်ထဲမှာပဲ ချမ်းသာပြီး
-
4:15 - 4:17ကွန်ပြူတာတွေရှိတဲ့
မိဘတွေ အများကြီးရှိတယ် -
4:17 - 4:20သူတို့က "ကျွန်မသားလေးကလေ
-
4:20 - 4:22ပါရမီပါတယ် ထင်တယ်၊
-
4:22 - 4:25ကွန်ပြူတာနဲ့အစုံလုပ်တတ်တယ်။
-
4:25 - 4:29ကျွန်မသမီးကလေ အရမ်းကိုထက်မြက်တာပဲ"
စသည်ဖြင့် ကျွန်တော့်ကိုပြောကြတယ်။ -
4:29 - 4:31ဒီတော့ ကျွန်တော် တွက်ဆမိတာက
-
4:31 - 4:33ဘာလို့ ချမ်းသာတဲ့လူတွေက ထူးကဲတဲ့
-
4:33 - 4:35ပါရမီရှင်ကလေးတွေ ရှိနေရတာလဲ။
-
4:35 - 4:37(ရယ်သံများ)
-
4:37 - 4:40ဆင်းရဲသားတွေက ဘာအမှားတွေများ
လုပ်မိလို့လဲ။ -
4:40 - 4:43ကျွန်တော့် ရုံးခန်းဘေးက
ဆင်းရဲသားရပ်ကွက်ရှိတဲ့ နံရံတံတိုင်းမှာ -
4:43 - 4:45အပေါက်တစ်ပေါက် လုပ်ခဲ့ပြီးနောက်
-
4:45 - 4:47ကွန်ပြူတာကို တပ်ဆင်ခဲ့ပြီး
-
4:47 - 4:50ကွန်ပြူတာလည်း မရှိနိုင်၊
အင်္ဂလိပ်စာ လည်းမတတ်၊ အင်တာနက်ဆိုတာ -
4:50 - 4:54ဘာမှန်းမသိတဲ့ ကလေးတွေကို ကွန်ပြူတာပေးရင်
ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ခဲ့တယ်။ -
4:54 - 4:55ကလေးတွေ ပြေးလာကြတယ်။
-
4:55 - 4:57မြေကြီးမှ ၃ ပေ ကွာတော့
"ဘာကြီးလဲ"လို့ သူတို့ မေးကြတယ်။ -
4:57 - 5:00"အင်း အဲ့ဒါ ငါလည်းမသိဘူး" လို့ဖြေခဲ့တယ်။
-
5:00 - 5:02(ရယ်သံများ)
-
5:02 - 5:05"ဒါကို ဘာလို့ဒီမှာထားတာလဲ" မေးတော့
-
5:05 - 5:06"ဒီလိုပဲ" လို့ဖြေခဲ့တယ်။
-
5:06 - 5:09"ကိုင်ကြည့်လို့ရမလား" သူတို့ကမေးတယ်။
"ကိုင်ချင်ရင်ကိုင်"ဆိုပြီး -
5:09 - 5:12ကျွန်တော်အဝေးကို ထွက်သွားတယ်။
-
5:12 - 5:13၈ နာရီလောက် ကြာတော့
-
5:13 - 5:16သူတို့ လေ့လာနေတာ တွေ့ရပြီး
အချင်းချင်း လေ့လာနည်း သင်ပေးနေကြတယ်။ -
5:16 - 5:19ဒါနဲ့ ကျွန်တော်က "အိုး ဒါကမဖြစ်နိုင်ဘူး-
-
5:19 - 5:22သူတို့ကဘာမှာမှ မသိတာ
ဘယ်လိုဖြစ်နိုင်မှာလဲ" လို့ပြောတော့၊ -
5:22 - 5:25လုပ်ဖော်ကိုင်ဖက်တွေက ပြောကြတယ်
"မဟုတ်ဘူး။ ဒါကလွယ်လွယ်လေးပါ -
5:25 - 5:28ခင်ဗျားရဲ့ကျောင်းသားတွေထဲက
တစ်ယောက်ယောက်က ဖြတ်သွားတုန်း -
5:28 - 5:30mouse ကိုင်နည်း
သင်ပေးသွားတာလည်းဖြစ်နိုင်တယ်"။ -
5:30 - 5:32အင်း ဖြစ်နိုင်တာပေါ့။
-
5:32 - 5:35ဒါနဲ့ ကျွန်တော့်စမ်းသပ်မှုကို
ဒေလီက မိုင် ၃၀ အကွာ -
5:35 - 5:37အရမ်းခေါင်တဲ့ ရွာလေးမှာ
-
5:37 - 5:40ဆော့ဝဲရေးတဲ့အင်ဂျင်နီယာ
အနီးကနေ ဖြတ်သွားဖို့လည်း -
5:40 - 5:45အခွင့်အလမ်း အရမ်းနည်းတဲ့ နေရာမှာ
(ရယ်သံများ) -
5:45 - 5:48စမ်းသပ်မှုကို ထပ်လုပ်ခဲ့တယ်။
-
5:48 - 5:50နေဖို့ နေရာမရှိလို့
ကွန်ပြူတာကို ချိတ်ခဲ့ပြီး -
5:50 - 5:52ထွက်သွားခဲ့တယ်။
လအနည်းငယ်အကြာ ပြန်လာတော့ -
5:52 - 5:54ကလေးတွေ အဲ့မှာ ဂိမ်းဆော့နေကြပြီး။
-
5:54 - 5:55ကျွန်တော့ကိုတွေ့တော့
-
5:55 - 5:57ပိုကောင်းတဲ့ mouse နဲ့ processor
ပေးပါ လို့ ပြောပါရော။ -
5:57 - 6:01(ရယ်သံများ)
-
6:01 - 6:05"နင်တို့ ဒါတွေအားလုံး ဘယ်လိုသိကြလဲ"
လို့ ကျွန်တော်မေးတော့ -
6:05 - 6:07အရမ်းစိတ်ဝင်စားစရာ တစ်ခု
ပြန်ပြောခဲ့ကြတယ် -
6:07 - 6:09စိတ်ကသိကအောက် ဖြစ်တဲ့အသံနဲ့
-
6:09 - 6:11"နင်ပေးခဲ့တဲ့စက်က အင်္ဂလိပ်လိုပဲ
ဆိုတော့ -
6:11 - 6:18နားမလည်လို့ အင်္ဂလိပ်စာ
ကိုယ့်ဟာကိုယ် ပြန်သင်ရသေးတယ်" (ရယ်သံများ) -
6:18 - 6:20ဒါက ဆရာတစ်ယောက်အနေနဲ့
-
6:20 - 6:25"ကိုယ့်ဟာကိုယ်သင်တယ်" ဆိုတဲ့စကားကို
ပေါ့ပေါ့လေးပြောတာ ပထမဆုံးကြားဖူးခြင်းပဲ။ -
6:25 - 6:28အဲ့ဒီနှစ်တွေက ပုံတွေကို
ဒီမှာကြည့်လို့ရတယ်။ -
6:28 - 6:31ဒါက နံရံမှာ အပေါက်ဖောက်ထားတဲ့
ပထမဆုံးနေ့ပါ။ -
6:31 - 6:33ညာဘက်က ၈ နှစ်အရွယ်ကလေးပါ။
-
6:33 - 6:39သူ့ဘယ်ဘက်က သူ့ရဲ့ကျောင်းသူဖြစ်ပြီး
ကောင်မလေးက ၆ နှစ်ပါ။ -
6:39 - 6:42ကောင်လေးက ကောင်မလေးကို
ဘယ်လို browse လုပ်ရမလဲ သင်ပေးနေတယ်။ -
6:42 - 6:46နိုင်ငံရဲ့ အခြားနေရာတွေမှာလည်း
-
6:46 - 6:48ဒါကို ထပ်တလဲလဲ လုပ်ခဲ့ကြည့်ရာ
-
6:48 - 6:51ရလဒ်ကတော့ အတူတူပါပဲ။
-
6:51 - 6:55(နံရံတံတိုင်းထဲက အပေါက် ရုပ်ရှင် - ၁၉၉၉ )
-
6:55 - 7:00သူ့အစ်မကို ၈ နှစ်အရွယ်ကလေးက
ဘာလုပ်ရမလဲ ပြောပြနေတယ်။ -
7:04 - 7:10နောက်ဆုံးတစ်ခုက ကောင်မလေးက Marathi စကားနဲ့
ဘာလဲဆိုတာ ရှင်းပြနေပြီး -
7:10 - 7:14အထဲထဲမှာ processor ရှိကြောင်း
ပြောပြနေတယ်။ -
7:14 - 7:17ဒါကြောင့် ကျွန်တော် အကုန်လုံး
တိုင်းတာမှုတွေလုပ်ပြီး -
7:17 - 7:19နေရာအနှံ့ စတင်ထုတ်ဝေခဲ့တယ်။
-
7:19 - 7:22၉ လ အတွင်းမှာ ကလေးတစ်အုပ်စုကို
-
7:22 - 7:24ဘယ်ဘာသာနဲ့မဆိုရေးထားတဲ့
ကွန်ပြူတာနဲ့ လွှတ်ထားရင် -
7:24 - 7:29အနောက်နိုင်ငံ ရုံးအတွင်းရေးမှူးနဲ့ အဆင့်တူ
ဖြစ်သွားမယ်လို့ ကျွန်တော်ပြောခဲ့တယ်။ -
7:29 - 7:33အဲ့လိုပဲ ထပ်ခါတစ်လဲလဲ ဖြစ်နေတာ
ကျွန်တော်မြင်ခဲ့တယ်။ -
7:33 - 7:37ဒါပေမဲ့ သူတို့ဒီလောက်လုပ်နိုင်ခဲ့ရင်
တစ်ခြားဘာထပ်လုပ်နိုင်ဦးမလဲ -
7:37 - 7:38ကျွန်တော် သိချင်ခဲ့တယ်
-
7:38 - 7:41သူတို့ကို တစ်ခြားဘာသာရပ် တွေနဲ့လည်း
-
7:41 - 7:44စတင်စမ်းသပ်ခဲ့တယ်၊ ဥပမာ အသံထွက်တွေပေါ့
-
7:44 - 7:46အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ
-
7:46 - 7:49အင်္ဂလိပ် အသံထွက်အရမ်းညံ့တဲ့
ကလေးတွေနေတဲ့ ရပ်ကွက်ရှိတယ်။ -
7:49 - 7:53သူတို့က အလုပ်ကောင်းတွေရဖို့
အသံထွက် ကောင်းဖို့လိုတယ်။ -
7:53 - 7:57သူတို့ကို ကွန်ပြူတာက စကားပြောကနေ စာသား
ပြောင်းပေးတဲ့ အင်ဂျင်ထည့်ပေးခဲ့တယ်။ -
7:57 - 8:00"နင်တို့ပြောတာ ကွန်ပြူတာမှာပေါ်တဲ့အထိ
ဆက်ပြော" လို့သူတို့ကိုပြောတယ်။ -
8:00 - 8:05(ရယ်သံများ)
-
8:05 - 8:10သူတို့လုပ်ကြတယ်၊
ဒီမှာ နည်းနည်းကြည့်ကြည့်ပါ။ -
8:10 - 8:15ကွန်ပြူတာ - တွေ့ရတာ ဝမ်းသာပါတယ်
ကလေး - တွေ့ရတာဝမ်းသာပါတယ်။ -
8:15 - 8:18Sugata Mitra: ဒီမိန်းကလေးနားမှာ
ရပ်ပြရတာက၊ -
8:18 - 8:21ဒီကလူအတော်များများ သူ့ကိုသိကြမယ်ထင်တယ်။
-
8:21 - 8:25သူမက အခု Hyderabad မှာ ရှိတဲ့ call center
မှာ အလုပ်ဝင်နေပြီး -
8:25 - 8:30နင်တို့ရဲ့ အကြွေးဝယ်ကဒ်
တွေကို ငွေရှင်းဖို့ -
8:30 - 8:34အရမ်းရှင်းတဲ့ အင်္ဂလိပ်သံဝဲဝဲနဲ့
နှိပ်စက်နေလို့ပါ။ -
8:34 - 8:39ဒါနဲ့ လူတွေက ပြောကြတယ်၊
ဘယ်အတိုင်းအတာထိ ဆက်သွားကြမှာလဲ။ -
8:39 - 8:40ဘယ်တော့ ရပ်တန့်ကြမှာလဲ။
-
8:40 - 8:44စိတ်ပျက်ဖွယ် အဆိုပြုချက်ကို ဖန်တီးပြီး
-
8:44 - 8:46ကျွန်တော့်ရဲ့ အဆိုကို
ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ -
8:46 - 8:50မဖြစ်နိုင်တဲ့ အဆိုကြမ်းတစ်ခုကို
ပြုလုပ်ခဲ့တယ် -
8:50 - 8:52Tamil က တောင်ပိုင်း အိန္ဒိယစကားပါ။
-
8:52 - 8:55Tamil စကားပြောတဲ့ တောင်ပိုင်း
အိန္ဒိယကလေး တစ်ယောက်က -
8:55 - 8:58အင်္ဂလိပ်လိုသင်တဲ့ DNA ပွားများခြင်း
ဇီဝနည်းပညာကို လမ်းဘေးကွန်ပြူတာကနေ -
8:58 - 9:00သင်ယူနိုင်ပါ့မလား?
-
9:00 - 9:03ကျွန်တော်တိုင်းတာကြည့်တော့ သူတို့
သုညပဲရကြတယ်။ -
9:03 - 9:06လပေါင်းများစွာကြာအောင်
ကွန်ပြူတာကို ချန်ထားခဲ့တယ် -
9:06 - 9:08ပြန်သွားတော့ သုညပဲထပ်ရတယ်။
-
9:08 - 9:12စမ်းသပ်ခန်းကို ပြန်သွားပြီး
ဆရာတွေလိုတယ်လို့ ပြောမလို့ပဲ -
9:12 - 9:16တောင်ပိုင်း အိန္ဒိယက Kallikuppam
လို့ခေါ်တဲ့ ရွာတစ်ရွာကို တွေ့ခဲ့တယ်။ -
9:16 - 9:19နံရံကအပေါက်မှာ ကွန်ပြူတာတွေ
တပ်ထားခဲ့ပြီး -
9:19 - 9:23အင်တာနက်က DNA မျိုးပွားခြင်းဆိုင်ရာ
အချက်အလက်တွေအားလုံး download လုပ်ပေးခဲ့တယ် -
9:23 - 9:26ကျွန်တော်တောင် နားမလည်တာတွေကြီးပဲ။
-
9:26 - 9:29ကလေးတွေအမြန်ရောက်လာပြီး
"အဲ့ဒါ ဘာတွေလဲ" လို့မေးတော့ -
9:29 - 9:34"အရမ်းရေပန်းစားနေတဲ့ ဟာပေါ့။
ဒါပေမဲ့ အင်္ဂလိပ်လိုကြီးပဲ" လို့ပြောခဲ့တယ် -
9:34 - 9:37"ဒီလောက် အင်္ဂလိပ်စကားအခက်တွေ၊ ပုံတွေနဲ့
ဓါတုဗေဒ ဘာသာတွေကို -
9:37 - 9:39ငါတို့ဘယ်လို နားလည်မလဲ"
လို့ ပြောကြတယ်။ -
9:39 - 9:42အခုအချိန်မှာတော့
သင်ကြားနည်းအသစ်ကိုသုံးပြီး -
9:42 - 9:45"ဇဝေဇဝါ မဖြစ်မိပါဘူး"လို့ပဲဖြေခဲ့တယ်
-
9:45 - 9:48(ရယ်သံများ)
-
9:48 - 9:51ဘယ်လိုပဲဖြစ်ဖြစ်၊
ကျွန်တော်ထပ်ထွက်သွားခဲ့တယ် -
9:51 - 9:56(ရယ်သံများ)
-
9:56 - 9:59လအတန်ကြာ ကျွန်တော် သူတို့ကို
ချန်ထားခဲ့တယ်။ -
9:59 - 10:02စာမေးပွဲဖြေခိုင်းတော့ သုညပဲထပ်ရတယ်။
-
10:02 - 10:03၂ လကြာတော့ ပြန်လာတယ်။
-
10:03 - 10:06ကလေးတွေ တစ်ပြုံကြီး ရောက်လာပြီး၊
"ငါတို့ ဘာမှကိုနားမလည်ဘူး" လို့ပြောတယ် -
10:06 - 10:09"အင်း ငါဘာကိုများ မျှော်လင့်နေလို့လဲ"
-
10:09 - 10:13"ကောင်းပြီ၊ ဘာမှနားမလည်ဘူး ဆိုတာကို
-
10:13 - 10:15ဘယ်လောက် ကြာချိန်မှာ
ဆုံးဖြတ်ခဲ့တာလဲ" လို့မေးတော့ -
10:15 - 10:17"ငါတို့ လက်မလျှော့ခဲ့ပါဘူး
-
10:17 - 10:19နေ့တိုင်း အဲ့ဒါကို ကြည့်တယ်" လို့ဖြေကြတယ်
-
10:19 - 10:21"ဘယ်လို၊ နင်တို့
ဒီ screen ကို နားမလည်ပဲနဲ့ -
10:21 - 10:24၂ လတောင်ကြာအောင် ကြည့်နေခဲ့ကြတယ်။
ဘာအတွက်လဲ"လို့ မေးကြည့်ခဲ့တယ်။ -
10:24 - 10:27ဒါနဲ့ ခုနကတွေ့တဲ့ ကောင်မလေးက
-
10:27 - 10:30လက်ကိုမြှောက်ပြီး၊ မတောက်တခေါက်
Tamil ၊ အင်္ဂလိပ် စကားနဲ့ -
10:30 - 10:32"မမှန်တဲ့ DNA မော်လီကျူးမျိုးပွားခြင်းက
-
10:32 - 10:35နာမကျန်း ဖြစ်စေနိုင်တယ်
ဆိုတဲ့ အချက်ကလွဲရင် -
10:35 - 10:38ကျန်တာ ဘာမှနားမလည်ဘူး"
လို့ဖြေပါတယ် -
10:38 - 10:43(ရယ်သံများ) (လက်ခုပ်သံများ)
-
10:43 - 10:47ဒါနဲ့ သူတို့ကို စာမေးပွဲ စစ်ပါတယ်။
-
10:47 - 10:51ပညာရေးဘက်မှာ မဖြစ်နိုင်တဲ့ သုညကနေ
၃၀ ရာခိုင်နှုန်းအဖြေကို -
10:51 - 10:53၂လအတွင်း အပူပိုင်းဒေသရဲ့
အပူချိန်အောက် -
10:53 - 10:56သစ်ပင်အောက်က ကွန်ပြူတာမှာ
သူတို့မသိတဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ -
10:56 - 10:59ဆယ်စုနှစ်တစ်စုထိ ခေတ်ရှေ့ရောက်တဲ့
အရာကိုလုပ်စေပြီး ရခဲ့တယ်။ -
10:59 - 11:05အဓိပ္ပါယ်မရှိပေမဲ့ ဗစ်တိုးရီးယန်းတွေရဲ့
စံအတိုင်း လုပ်ရမှာပေါ့။ -
11:05 - 11:08၃၀ ရာခိုင်နှုန်းက စာမေးပွဲကျတာပဲ
-
11:08 - 11:11သူတို့ကိုဘယ်လို အအောင်ပေးနိုင်မလဲ၊
အမှတ် ၂၀ ထပ်ပေးရမှာပါ။ -
11:11 - 11:16ဆရာတော့ ရှာမတွေ့ပေမဲ့
သူတို့သူငယ်ချင်း တစ်ယောက်တော့ တွေ့ခဲ့တယ်၊ -
11:16 - 11:18၂၂ နှစ်အရွယ် စာရင်းကိုင် ကောင်မလေးဖြစ်ပြီး
-
11:18 - 11:21သူတို့နဲ့ အမြဲဆော့တဲ့သူပါ။
-
11:21 - 11:23"သူတို့ကို ကူညီနိုင်မလား" လို့
မေးကြည့်တယ် -
11:23 - 11:25သူမက "လုံးဝမလုပ်နိုင်ပါဘူး၊
-
11:25 - 11:28ကျောင်းမှာ သိပ္ပံမသင်ခဲ့ရတော့
သူတို့ တနေ့ကုန် သစ်ပင်အောက်မှာ -
11:28 - 11:33ဘာတွေလုပ်နေကြမှန်းကို မသိဘူး
ကျွန်မတော့ မကူညီနိုင်ဘူး" လို့ဖြေတယ်။ -
11:33 - 11:37"ဘာလုပ်ရမလဲဆို၊ အဘွားရဲ့နည်းလမ်း
ကိုသာသုံးပါ"လို့ ပြောပြလိုက်တယ်။ -
11:37 - 11:39"အဲ့ဒါက ဘယ်လိုများလဲ"
-
11:39 - 11:40"သူတို့အနောက်မှာ ရပ်နေပါ၊
-
11:40 - 11:42သူတို့ တစ်ခုခုလုပ်တိုင်း၊
-
11:42 - 11:45အိုး ဘယ်လိုများလုပ်လိုက်တာလဲ"
လို့သာပြောပါ။ -
11:45 - 11:48"နောက်စာမျက်နှာကဘာလဲ
အိုး နင်တို့အရွယ်က ငါအဲ့လိုမလုပ်နိုင်ဘူး" -
11:48 - 11:51အဘွားတွေဘယ်လိုလုပ်လဲ နင်သိသားပဲ။
-
11:51 - 11:53ဒါနဲ့သူမက အဲ့ဒီအတိုင်း ၂လ ဆက်လုပ်ခဲ့တယ်
-
11:53 - 11:56အမှတ်က ၅၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားတယ်.
-
11:56 - 11:57ဇီဝနည်းပညာ ကျွမ်းကျင်ဆရာမ စာသင်တဲ့
-
11:57 - 11:59New Delhi က
-
11:59 - 12:03ကျွန်တော့် ပုဂ္ဂလိက သူဌေးကျောင်းကို
Kallikuppam က အမှီလိုက်နိုင်လာတယ်။ -
12:03 - 12:08အဲ့ဒီဇယားကို တွေ့တဲ့အခါ မျှတအောင်
လုပ်တဲ့နည်းရှိကြောင်း သိလိုက်တယ်။ -
12:08 - 12:10ဒီမှာ Kallikuppam ပါ
-
12:10 - 12:18(ကလေးများ စကားပြောသံ) နယူရွန်..ဆက်သွယ်မှု
-
12:18 - 12:22သိပ်မရိုက်တတ်လို့
ကင်မရာ နေရာလွဲသွားလို့ပါ။ -
12:22 - 12:25သူမပြောနေတာက neurons တွေ အချင်းချင်း
-
12:25 - 12:27ဆက်သွယ်တဲ့အကြောင်းကို
အခု မြင်ရသလိုပဲ၊ -
12:27 - 12:31လက်ဟန်ခြေဟန်နဲ့ (၁၂) နှစ်အရွယ်မှာ
-
12:31 - 12:34ရှင်းပြနေတာပါ။
-
12:34 - 12:37ဒါဆို အလုပ်တွေကကော ဘယ်လိုမျိုးဖြစ်ကြမလဲ။
-
12:37 - 12:39ဒီကနေ့ ဘယ်လိုပုံစံလဲ ဆိုတာတော့
သိကြတယ်။ -
12:39 - 12:42သင်ယူမှုကကော ဘာဆက်ဖြစ်ကြမလဲ။
ကလေးတွေက -
12:42 - 12:45မိုဘိုင်းဖုန်းတွေကိုပဲ လက်ထဲ
ကိုင်ထားကြပြီး -
12:45 - 12:49စာအုပ်ယူပြီး ကျောင်းသွားဖို့ကျတော့
တွန့်ဆုတ်နေကြတာဆိုတော့ -
12:49 - 12:53ဘာတွေဆက်ဖြစ်ဦးမလဲ။
-
12:53 - 12:57ကျောင်းသွားဖို့ မလိုတော့တဲ့ အခြေအနေမျိုး
ဖြစ်လာမှာလား။ -
12:57 - 13:01တစ်ခုခုကို သိဖို့လိုတဲ့အခါ
၂ မိနစ်နဲ့ သိနိုင်မဲ့ အချိန်မျိုး -
13:01 - 13:04ရောက်လာမှာလား။
-
13:04 - 13:08ဖြစ်လာမလား ဆိုတာက Nicholas Negroponte
ကျွန်တော့်ကို ထောင်ချောက်ဆင်လိုက်တဲ့ -
13:08 - 13:11မေးခွန်းပါပဲ-
-
13:11 - 13:14သိနားလည်ခြင်းက ခေတ်ကုန်နေပြီဆိုတဲ့
အနာဂတ်တစ်ခုဆီကို -
13:14 - 13:18ကျွန်တော်တို့ ဦးတည်နေကြသလား။
-
13:18 - 13:20ဒါဆိုရင်တော့ အရမ်းဆိုးတာပဲ။
ကျွန်တော်တို့က -
13:20 - 13:24လူသားမျိုးနွယ်စု တွေဖြစ်ပြီး
ဒါက လူဝံတွေနဲ့ ကွဲပြားစေတဲ့အချက်ပဲ။ -
13:24 - 13:26ဒါပေမဲ့ ဒီလို စဉ်းစားကြည့်ပါ။
-
13:26 - 13:28သဘာဝတရားက လူဝံတွေကို
မတ်တပ်ရပ်၊ လမ်းလျှေက်ပြီး -
13:28 - 13:31လူသားမျိုးနွယ်စု ဝင်တွေလို ဖြစ်ဖို့အတွက်
-
13:31 - 13:33နှစ် သန်း ၁၀၀ လောက်ကြာခဲ့တယ်။
-
13:33 - 13:36ခေတ်ကုန်ကြောင်း ကျွန်တော်တို့သိဖို့
နှစ် ၁ သောင်းပဲ ကြာတော့ -
13:36 - 13:39ဒါဟာ အောင်မြင်မှုပဲ။
-
13:39 - 13:43ဒါပေမဲ့ အနာဂတ်နဲ့တော့
ပူးပေါင်းဆောင်ရွက်ရဦးမယ်။ -
13:43 - 13:46အားပေးမှုကတော့ အဓိကအချက်ပဲ။
-
13:46 - 13:47Kuppam နဲ့
-
13:47 - 13:50ကျွန်တော်လုပ်ခဲ့တဲ့ စမ်းသပ်မှုတွေ
အကုန်လုံးကို ကြည့်ရင်၊ -
13:50 - 13:57အိုး ဩချလောက်စရာ သင်ယူမှုပဲလို့
ပြောကြမှာပဲ။ -
13:57 - 13:59အာရုံကြောသိပ္ပံပညာရပ်မှ အထောက်အထား
တစ်ခု ရှိတယ်။ -
13:59 - 14:02ဦးနှောက်ရဲ့အလယ်မှာရှိတဲ့
တွားသွားသတ္တဝါဆိုင်ရာ ဦးနှောက်ပိုင်းက -
14:02 - 14:06ခြိမ်းခြောက်ခံရချိန်မှာ လုပ်ငန်း
အားလုံးကို လုံးဝရပ်ပစ်လိုက်တယ်၊ -
14:06 - 14:10prefrontal cortex ဆိုတဲ့သင်ယူမှု
နဲ့ဆိုင်တဲ့ အပိုင်းကိုကော၊ -
14:10 - 14:12အားလုံးကို ရပ်ပစ်လိုက်တယ်။
-
14:12 - 14:17အပြစ်ပေးခြင်းနဲ့ စာမေးပွဲတွေက
ခြိမ်းခြောက်မှုတွေလို့ ပြောလို့ရတယ်။ -
14:17 - 14:20ကျွန်တော်တို့ ကလေးတွေကို ဦးနှောက်တွေ
ရပ်အောင်လုပ်လိုက်ပြီး၊ -
14:20 - 14:23အလုပ်လုပ်ကြ လို့ လုပ်ခိုင်းသလိုပါပဲ။
-
14:23 - 14:26ဒီလိုပုံစံစနစ်ကို
ဘာလို့ တည်ထွင်ခဲ့သလဲ ဆိုတော့ -
14:26 - 14:28အဲ့ဒီတုန်းကတော့ လိုအပ်ခဲ့လို့ပါ။
-
14:28 - 14:31ဧကရာဇ်ဘုရင်တွေ ခေတ်က
-
14:31 - 14:35ခြိမ်းခြောက်မှု အောက်မှာ ရှင်သန်နိုင်မဲ့
လူတွေကို လိုအပ်ချိန် ရှိခဲ့တယ်။ -
14:35 - 14:37ကတုတ်ကျင်းထဲမှာ
တစ်ယောက်ထဲ ကျန်ခဲ့ချိန်မှာ -
14:37 - 14:41မသေပဲရှင်နေရင် အောင်မြင်သွားပြီ၊
-
14:41 - 14:44မဟုတ်ရင်တော့ ကျရှုံးပြီပေါ့။
-
14:44 - 14:47ဒါပေမဲ့ ဧကရာဇ်စနစ်က မရှိတော့ဘူး။
-
14:47 - 14:50တည်ထွင်ဖန်တီးမှုကရော ကျွန်တော်တို့ခေတ်မှာ
ဘာဖြစ်သွားလဲ။ -
14:50 - 14:54ခြိမ်းခြောက်မှုကို ပျော်ရွှင်မှုအဖြစ်
-
14:54 - 14:57ပြန်ပြောင်းပေးဖို့ လိုအပ်တယ်။
-
14:57 - 15:01ကျွန်တော် အင်္ဂလန်ကို ပြန်လာပြီး
အင်္ဂလိပ်အဘွားကြီးတွေကို ရှာခဲ့တယ်။ -
15:01 - 15:04အင်္ဂလိပ်အဘွားကြီး တစ်ယောက်ဖြစ်ပြီး
broadband အင်တာနက်နဲ့ -
15:04 - 15:07web camera အိမ်မှာ တပ်ထားရင်
တစ်ပတ်မှာ တစ်နာရီလောက် -
15:07 - 15:11အခမဲ့ အချိန်ပေးနိုင်မလားလို့
ကြော်ငြာတွေ တင်ခဲ့တယ်။ -
15:11 - 15:13ပထမ နှစ်ပတ်မှာ အယောက်(၂၀၀) ရှာတွေ့ခဲ့တယ်။
-
15:13 - 15:18တစ်ကမ္ဘာလုံးမှာ အင်္ဂလိပ်အဘွားကြီးတွေကို
ကျွန်တော့လောက် ဘယ်သူမှမသိဘူးဗျ (ရယ်သံများ) -
15:18 - 15:21သူတို့ကို Granny Cloud လို့ခေါ်တယ်။
-
15:21 - 15:23Granny Cloud က လိုင်းပေါ်မှာရှိနေပြီး
-
15:23 - 15:27ကလေးတစ်ယောက်က အကူအညီလိုရင်
Gran တွေကို အချက်ပြလိုက်ချိန်မှာ -
15:27 - 15:31Skype ထဲဝင်ပြီး၊ သူတို့ကို
ကူညီဖြေရှင်း ပေးတယ်။ -
15:31 - 15:35အင်္ဂလန်နိုင်ငံ အနောက်မြောက်ဘက်က
-
15:35 - 15:37Diggles လို့ခေါ်တဲ့ ရွာလေးကနေ
-
15:37 - 15:40မိုင် ၆,၀၀၀ ဝေးတဲ့ အိန္ဒိယနိုင်ငံက
Tamil Nadu ရွာဆီကို -
15:40 - 15:42ကူညီပေးတာ တွေ့ခဲ့ရတယ်။
-
15:42 - 15:46ရှေးပုံစံ လက်ဟန်ခြေဟန်နဲ့ပဲ
-
15:46 - 15:48"ရှူး" ပေါ့။
-
15:48 - 15:50အိုကေတယ် နော်။
-
15:50 - 15:52ဒီမှာကြည့်ပါ။
-
15:52 - 15:56အဘွား - ငါ့ကို နင် နားမလည်မိဘူး။
နင် ထပ်ပြောစမ်း။ -
15:56 - 16:00ငါ့ကို နင် နားမလည်မိဘူး။
-
16:00 - 16:03ကလေးများ - ငါ့ကို နင် နားမလည်မိဘူး။
-
16:03 - 16:08အဘွား -ငါက Gingerbread Man ပဲ
ကလေးများ - ငါက Gingerbread Man ပဲ -
16:08 - 16:13အဘွား - အရမ်း တော်ကြတာပဲ။
-
16:13 - 16:15SM - ဒီမှာ ဘာဖြစ်နေကြတာလဲ
-
16:15 - 16:17ကျွန်တော်တို့ လုပ်ရမှာကတော့
-
16:17 - 16:20ပညာရေးကို ကိုယ်ထူကိုယ်ထ
သင်ယူတဲ့ပုံစံအနေနဲ့ -
16:20 - 16:24လုပ်ကြရမှာပါ။
-
16:24 - 16:27ပညာရေးကို မိမိဘာသာသင်ယူတဲ့ ပုံစံမျိုး
ခွင့်ပြုခဲ့မယ်ဆိုရင်၊ -
16:27 - 16:30သင်ယူချင်စိတ်တွေ ပိုရှိလာကြမှာပါ။
-
16:30 - 16:32သင်ယူမှုကို ပျော်စရာ ဖြစ်စေမှု မဟုတ်ဘဲ
-
16:32 - 16:34သင်ယူမှုကို အလိုလို ဖြစ်လာရန်ပါ။
-
16:34 - 16:37ဆရာမက သင်ယူမှုကို စတင်စေပြီး
-
16:37 - 16:40မလှမ်းမကမ်းမှ
-
16:40 - 16:43သင်ယူမှုကို အလိုလိုဖြစ်စေဖို့
စောင့်ကြည့်နေယုံပါ။ -
16:43 - 16:45ဒါကတော့ အဲဒါရဲ့ အဓိကရည်ရွယ်ချက်ပါပဲ။
-
16:45 - 16:48ဒါပေမဲ့ ကျွန်တော်တို့
ဘယ်လိုများ သိနိုင်မှာလဲ။ -
16:48 - 16:50ဒီလို (SOLE) ဆိုတဲ့ ကိုယ်ထူကိုယ်ထ
-
16:50 - 16:53လေ့လာသင်ယူရေး ပတ်ဝန်းကျင်မျိုးတွေကို
ထူထောင်ပေးဖို့ ရည်ရွယ်ထားတယ်။ -
16:53 - 16:57ဒီကျောင်းတွေက အင်တာနက်၊
စုပေါင်းလုပ်ကိုင်မှု နဲ့ -
16:57 - 16:59အားပေးမှုတို့ ပူးပေါင်းထားတာပါ။
-
16:59 - 17:01ကျောင်းအများကြီးမှာ စမ်းကြည့်ခဲ့တယ်။
-
17:01 - 17:04ကမ္ဘာအနှံ့ မှာကောပဲ။ ဆရာတွေက
-
17:04 - 17:07"ဒါ သူ့အလိုလို ဖြစ်လာနိုင်လား"
လို့မေးကြတယ် -
17:07 - 17:10"သူ့အလိုလို ဖြစ်လာတာပေါ့"
လို့ပြောတော့ "ဘယ်လိုသိနိုင်မှာလဲ" တဲ့ -
17:10 - 17:14"ဘယ်သူကပြောတာလဲ နဲ့
သူတို့ ဘယ်ကလဲဆိုတာ သိရင် -
17:14 - 17:17အရမ်း အံ့ဩကြလိမ့်မယ်"
လို့ ပြန်ဖြေခဲ့တယ်။ -
17:17 - 17:19ဒါက SOLE မှာ လေ့လာနေကြပုံပါ
-
17:19 - 17:26(ကလေးများ စကားပြောသံ)
-
17:26 - 17:32ဒီတစ်ခုက England မှာပါ
-
17:32 - 17:36သူက စည်းကမ်း ထိန်းသိမ်းရေးကို
လုပ်ပေးရတာပေါ့၊ -
17:36 - 17:42အနားမှာက ဆရာမရှိဘူးလေ
-
17:44 - 17:50ကောင်မလေး - electron စုစုပေါင်းက proton
စုစုပေါင်းရေအတွက်နဲ့ မညီဘူး။ SM-Australia -
17:50 - 17:57ကောင်မလေး - သူ့ကို အဖိုဓါတ် (သို့) အမဓါတ်
အားသွင်းကြည့်ပါ -
17:57 - 18:00ion ပေါ်က စုစုပေါင်းဓါတ်အားက
ion ထဲမှာရှိတဲ့ proton တွေထဲက -
18:00 - 18:04electron တွေိနုတ်ထားတဲ့
ဓါတ်အားနဲ့ ညီမျှတယ်။ -
18:04 - 18:07SM: သူမရဲ့အချိန်ထက် ဆယ်စုနှစ်တစ်ခုစာလောက်
ရှေ့ပြေးနေပြီ။ -
18:07 - 18:10ဒါကြောင့် SOLE မှာ မေးခွန်းကြီးတွေပါတဲ့
သင်ရိုးတွေလိုနေပြီ -
18:10 - 18:12အမှန်တော့ ဒါကဘာလဲ သင်ကြားဖူးပြီးသားပါ
-
18:12 - 18:16ကျောက်ခေတ်လူသားတွေ
-
18:16 - 18:18ကောင်းကင်ကိုမော့ကြည့်လေ့ရှိပြီး
-
18:18 - 18:20မှိတ်တုတ်မှိတ်တုတ်လင်းနေတာ
ဘာတွေလဲလို့ ပြောခဲ့ကြတယ်။ -
18:20 - 18:25သူတို့ရဲ့ ဒီသင်ရိုးအလား အံ့ဩဖွယ် မေးခွန်း
တွေကို ကျွန်တော်တို့ သတိမမူမိကြဘူး။ -
18:25 - 18:29ထောင့်တစ်ခုရဲ့ တန်းဂျန့်အချိုးကို
ပြောပြဖို့ဖြစ်လာတယ်။ -
18:29 - 18:33ဒါပေမဲ့ ဒါက သိပ်စိတ်လှုပ်ရှားစရာ
မကောင်းသေးဘူး။ -
18:33 - 18:36၉ နှစ် ကလေးတစ်ယောက်ကို
စိတ်ဝင်စားအောင် ပြောမယ်ဆိုရင် -
18:36 - 18:39"ကမ္ဘာက ဥက္ကာခဲတစ်ခု နဲ့
တိုက်မိတော့မယ်ဆိုပါစို့၊ -
18:39 - 18:43ဖြစ်နိုင်/မဖြစ်နိုင် ဘယ်လိုတွက်ချက်မလဲ"
လို့ ပြောရမှာပေါ့။ -
18:43 - 18:45သူက "ဘာလဲ၊ ဘယ်လိုဖြစ်မှာလဲ"
ပြန်မေးလာရင် -
18:45 - 18:48"မှော်စကားလုံးရှိတယ်။
ဒါကို တန်းဂျန့်အချိုးလို့ခေါ်တယ်" -
18:48 - 18:51လို့ပြောပြီးထားခဲ့ပါ။ သူ့ဟာသူ
အဖြေရှာပါလိမ့်မယ်။ -
18:51 - 18:55ဒါကတော့ SOLEs က ပုံတစ်ချို့ပါ။
-
18:55 - 19:01ကျွန်တော်က ၉ နှစ်အရွယ် ကလေးတွေကို
-
19:01 - 19:05"ကမ္ဘာက ဘယ်လိုစဖြစ်လာလဲ၊
ဘယ်လိုအဆုံးသတ်မလဲ" စတဲ့ မဖြစ်နိုင်တဲ့ -
19:05 - 19:07မေးခွန်းတွေနဲ့စမ်းသပ်ခဲ့တယ်။
-
19:07 - 19:10ဒီတစ်ခုက အသက်ရှုလိုက်တဲ့လေ
ဘာဖြစ်သွားလဲ ဆိုတဲ့အကြောင်းပါ။ -
19:10 - 19:15ဆရာတွေ အကူအညီမပါဘဲ
ကလေးတွေ သူ့ဟာသူ လုပ်ကြတာပါ။ -
19:15 - 19:18ဆရာက မေးခွန်းပဲမေးပြီး
-
19:18 - 19:21သူတို့အဖြေတွေကို ချီးမွမ်းပေးတယ်။
-
19:21 - 19:25ဒီတော့ ကျွန်တော်ဖြစ်ချင်တာက ဘာလဲ။
-
19:25 - 19:27ကျွန်တော့် ဆန္ဒကတော့
-
19:27 - 19:32အနာဂတ်ရဲ့ သင်ယူမှုကို ပုံဖော်ပေးဖို့ပါ။
-
19:32 - 19:34ကျုပ်တို့ဟာ လူသားကွန်ပြူတာကြီးရဲ့
-
19:34 - 19:36စက်အပိုပစ္စည်းတော့ မဖြစ်ချင်ကြဘူးမဟုတ်လား။
-
19:36 - 19:40ဒါကြောင့် အနာဂတ်သင်ယူမှုအတွက်
ပုံစံချဖို့လိုတယ်။ -
19:40 - 19:41ဒါကြောင့် ကျွန်တော့အနေနဲ့ - ခဏလေး
-
19:41 - 19:44ဒါက အရမ်းအရေးကြီးလို့
-
19:44 - 19:47ဒီအသုံးအနှုန်းကို အတိအကျလေး
မှန်အောင်ပြောရမယ်။ -
19:47 - 19:49ကျွန်တော့ ဆန္ဒက ကမ္ဘာပေါ်က
ကလေးတွေကို ပံ့ပိုးပြီး -
19:49 - 19:51သူတို့စူးစမ်းမှုနဲ့
အတူတကွ လုပ်ကိုင်နိုင်မှုကို -
19:51 - 19:54လမ်းဖွင့်ပေးခြင်းဖြင့် အနာဂတ်သင်ယူမှု
ပုံစံချမှတ်ပေးဖို့ဖြစ်တယ်။ -
19:54 - 19:57ဒီကျောင်းမျိုးကို အကောင်အထည်
ဖော်နိုင်ဖို့ ကူညီပေးကြပါ။ -
19:57 - 20:00၎င်းကို "တိမ်လှိုင်းပေါ်က ကျောင်း"လို့
အမည်ပေးမှာဖြစ်ပြီး -
20:00 - 20:05ကလေးများအား ဆရာတွေမှ မေးကြတဲ့
မေးခွန်းကြီးတွေရဲ့ တွန်းအားပေးမှုဖြင့် -
20:05 - 20:09ပညာတွေကို စွန့်စားလေ့လာကြမှာဖြစ်တယ်။
-
20:09 - 20:11ကျွန်တော် လုပ်ချင်တဲ့ပုံစံက
-
20:11 - 20:15ကျွန်တော် လေ့လာနိုင်တဲ့
ပံ့ပိုးမှုရှိတဲ့နေရာဖြစ်ပြီး -
20:15 - 20:18ဒါက လက်တွေ့ထိန်းချုပ်သူမဲ့တဲ့
ပံ့ပိုးမှုမျိုးပါ။ -
20:18 - 20:20ကျန်းမာရေးနဲ့ ဘေးကင်းရေးကို
စီမံပေးမယ့် -
20:20 - 20:22Granny တစ်ဦးထဲ ရှိပါတယ်။
-
20:22 - 20:24ကျန်တာအကုန် cloud ထံမှပဲလာမှာပါ။
-
20:24 - 20:26မီးအဖွင့်၊ အပိတ်ကို cloud ကနေပဲလုပ်မှာပါ
-
20:26 - 20:28စသည်ဖြင့် အားလုံး cloud ကလုပ်ပေးမှာပါ။
-
20:28 - 20:31ဒါပေမဲ့ အခြားရည်ရွယ်ချက်တစ်ခု အတွက်
ခင်ဗျားတို့ကို လိုအပ်တယ်။ -
20:31 - 20:34ကိုယ်ထူကိုယ်ထ လေ့လာသင်ယူရေး ပတ်ဝန်းကျင်
(SOLEs) ကို -
20:34 - 20:38အိမ်၊ ကျောင်း၊ ကျောင်းပြင်ပနဲ့
ကလပ်အသင်းများမှာ လုပ်နိုင်တယ်။ -
20:38 - 20:40ဒီလိုလုပ်ဖို့ အရမ်းလွယ်တယ်။
TED ကထုတ်ဝေထားတဲ့ -
20:40 - 20:43သိပ်ကောင်းတဲ့
လမ်းညွှန်စာရွက်စာတမ်း ရှိပါတယ်။ -
20:43 - 20:46ပြုလုပ်နိုင်ကြပါက၊
-
20:46 - 20:48တိုက်ကြီး (၅) ခုစလုံးမှာ ကျေးဇူးပြုပြီး
လုပ်ပေးကြပါ။ -
20:48 - 20:51ပြီးရင် ကျွန်တော့်ကို ဒေတာတွေ ပို့ပေးပါ။
-
20:51 - 20:54ရတဲ့အချက်အလက်တွေစုပြီး၊ တိမ်လှိုင်းပေါ်က
ကျောင်းထံကိုပို့ပြီး -
20:54 - 20:57သင်ယူမှုရဲ့ အနာဂတ်ကိုဖန်တီးကြမယ်။
-
20:57 - 20:59ဒါကတော့ ကျွန်တော့်ဆန္ဒပါပဲ။
-
20:59 - 21:00နောက်ဆုံးအနေနဲ့
-
21:00 - 21:03ကျွန်တော် ခင်ဗျားတို့ကို
ဟိမဝန္တာ တောင်ထိပ်ကို ခေါ်သွားပါမယ်။ -
21:03 - 21:06ပေ ၁၂,၀၀၀ ကျော် လေသိပ်မပြင်းတဲ့နေရာမှာ
-
21:06 - 21:09နံရံအပေါက်ထဲ ကွန်ပြူတာ(၂)လုံး
ကျွန်တော် တပ်ထားခဲ့ဖူးတယ်၊ -
21:09 - 21:11ကလေးတွေ စုပြုံလာကြတယ်။
-
21:11 - 21:14ကျွန််တော့်နောက် တစ်ကောက်ကောက်လိုက်တဲ့
ကလေးမ တစ်ယောက်ရှိခဲ့တယ်။ -
21:14 - 21:19"လူတိုင်း၊ ကလေးတိုင်းကို
ကွန်ပြူတာတွေ ငါပေးချင်တယ်၊ -
21:19 - 21:21ငါဘာလုပ်သင့်လဲမသိဘူး"လို့ သူ့ကို မေးတယ်။
-
21:21 - 21:25ပြီးတော့ သူ့ကိုတိတ်တိတ်လေး
ဓါတ်ပုံရိုက်မလို့ လုပ်နေတုန်း -
21:25 - 21:29ရုတ်တရက် သူ့လက်လေးကို ဒီလိုမြှောက်ပြီး
ပြောလိုက်တာက -
21:29 - 21:31"အဲဒါကို ဆက်လုပ်နေပါ" တဲ့
-
21:31 - 21:43(ရယ်သံများ) (လက်ခုပ်သံများ)
-
21:43 - 21:45ဒါက အကြံဉာဏ်ကောင်းပါ။
-
21:45 - 21:47သူလေးရဲ့အကြံကိုနားထောင်ကာ
အပြောတွေရပ်ခဲ့တယ်။ -
21:47 - 21:51ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်
-
21:51 - 21:54(လက်ခုပ်သံများ)
-
21:54 - 22:03ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ) -
22:03 - 22:09ကျေးဇူးအများကြီး တင်ပါတယ်။ ဝိုး။
(လက်ခုပ်သံများ)
- Title:
- တိမ်လှိုင်းပေါ်မှာ ကျောင်းဆောက်ခြင်း
- Speaker:
- Sugata Mitra
- Description:
-
TED2013 စင်မြင့်ပေါ်မှာ Sugata Mitra က သူ့ရဲ့ TED ဆုရတဲ့ဆန္ဒလေးတစ်ခု အနေနဲ့ တိမ်လှိုင်း(Cloud) ပေါ်မှာ ကျောင်းဆောက်ဖို့ ကူညီပေးကြပါလို့ ရဲဝံ့စွ ာဆန္ဒပြုခဲ့တယ်။ Cloud ဆိုတာ အိန္ဒိယနိုင်ငံက သင်ကြားမှုစမ်းသပ်ခန်းဖြစ်ပြီး၊ Cloud ဆီက ပံ့ပိုးပစ္စည်းများ၊ လမ်းညွှန်မှုများဖြင့် ကလေးများက တစ်ဦးဆီမှတစ်ဦး လေ့လာသင်ယူကြတယ်။ သူ့ရဲ့ စိတ်ဓါတ် တက်ကြွဖွယ်စိတ်ကူးလေးဖြစ်တဲ့ ကိုယ်ထူကိုယ်ထ လေ့လာသင်ယူနိုင်တဲ့ ပတ်ဝန်းကျင် (SOLE) အကြောင်းကို နားထောင်ကြည့်ပြီး tedprize.org မှာလည်း ဆက်လက်လေ့လာနိုင်ပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 22:31
sann tint approved Burmese subtitles for Build a School in the Cloud | ||
Myo Aung accepted Burmese subtitles for Build a School in the Cloud | ||
Myo Aung edited Burmese subtitles for Build a School in the Cloud | ||
Myo Aung edited Burmese subtitles for Build a School in the Cloud | ||
Myo Aung edited Burmese subtitles for Build a School in the Cloud | ||
sann tint edited Burmese subtitles for Build a School in the Cloud | ||
Mie Cho edited Burmese subtitles for Build a School in the Cloud | ||
Mie Cho edited Burmese subtitles for Build a School in the Cloud |