အနာဂတ်ရဲ့သင်ယူမှုပုံစံက
ဘာများဖြစ်လိမ့်မလဲ။
ကျွန်တော့်မှာ စီမံချက်တစ်ခုတော့
ရှိပြီးသားပါ။
ဒါပေမဲ့ ဒီအကြောင်းကို
ပြောပြနိုင်ဖို့အတွက်
ဒီလိုဖြစ်ဖို့ အကြောင်းဖန်စေတဲ့
ဖြစ်စဉ်လေးကို ပြောဖို့လိုမယ်။
ကျွန်တော်တို့ ကျောင်းတွေက
သင်ယူနည်း ပုံစံတွေဟာ
ဘယ်ကလာသလဲ
လေ့လာခဲ့တယ်။
ဟိုး အတိတ်ကိုလည်း ပြန်ကြည့်လို့ရတယ်။
ဒါပေမဲ့ ကနေ့ခေတ် ကျောင်းပညာရေးကိုကြည့်ရင်
သူ့ရဲ့ဇစ်မြစ်ကို ခန့်မှန်းဖို့
အရမ်းလွယ်တယ်။
ဒီစနစ်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း
၃၀ဝ လောက်ကတည်း စခဲ့ပြီး
ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့
နောက်ဆုံးအင်ပါယာ ဖြစ်တဲ့
ဗြိတိသျှအင်ပါယာက လာတာပါ။
တွေးကြည့်ပါ၊
ကွန်ပျူတာတွေ၊ ဖုန်းတွေမရှိ
ဒေတာတွေကို လက်ရေးနဲ့
စာရွက်ပေါ်မှာ မှတ်တမ်းတင်ရပြီး
ခရီးသွားဖို့ သင်္ဘောကိုပဲ
အသုံးပြုပြီး လည်ပတ်နေရတဲ့
ကမ္ဘာကြီးက ဘယ်လိုဖြစ်မလဲ။
ဒါပေမဲ့ Victorian ခေတ်က
အဲ့လိုလုပ်ခဲ့ကြတယ်။
အဲ့ဒါက အရမ်းအံ့သြဖို့
ကောင်းတယ်။
တစ်ကမ္ဘာလုံးက လူတွေနဲ့ ဖွဲ့စည်းထားတဲ့
ကွန်ပြူတာတစ်လုံးလိုမျိုး ဖြစ်ပြီး
အခုထိရှိနေတဲ့စနစ်ကို တီထွင်ခဲ့တယ်။
ဒါကို ဗျူရိုကရေစီ
အုပ်ချုပ်ရေးယန္တရား လို့ခေါ်တယ်။
ဒီစက်ယန္တရားကြီး လည်ပတ်ဖို့ဆိုရင်၊
လူတွေအများကြီး လိုတယ်။
ဒီလူတွေကို မွေးထုတ်ဖို့
အခြားစက်တစ်မျိုး ထုတ်လုပ်ခဲ့သေးတယ်-
ဒါကတော့ ကျောင်းတွေပါ။
ကျောင်းတွေက ဒီ ဗျူရိုကရေစီ
အုပ်ချုပ်ရေးယန္တရားရဲ့
အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ့်လူတွေကို
မွေးထုတ်ပေးမှာပါ။
ဒီလူတွေက တစ်ဦးနဲ့တစ်ဦး
တထေရာတည်း ဖြစ်ရမယ်။
အချက်(၃)ခုကိုလည်း သိရမယ်-
အချက်အလက်တွေက လက်နဲ့ရေးထားတဲ့အတွက်
လက်ရေးလှရမယ်၊
စာဖတ်နိုင်ရမယ်၊
အပေါင်း၊ အနုတ်၊ အမြှောက်၊အစားတွေ
စိတ်နဲ့တင် လုပ်တတ်ရမယ်။
သူတို့ဟာ ချွတ်စွပ်တူလွန်းတဲ့အတွက်
နယူးဇီလန်က တစ်ယောက်ကိုယူပြီး
ကနေဒါနိုင်ငံကို ပို့ပေးလည်း
အလိုလျောက်ကောင်းကောင်း
အလုပ်လုပ်နိုင်တယ်။
Victorian တွေက အရမ်းတော်တဲ့
အင်ဂျင်နီယာတွေပါ
သူတို့တည်ဆောက်ခဲ့တဲ့ စနစ်ကြီးက
အရမ်းကို ကြံ့ခိုင်လွန်းလို့
ကနေ့အထိ ရှိနေဆဲဖြစ်ပြီး၊
မရှိတော့တဲ့ အဲ့ဒီယန္တရားကြီးအတွက်
ပုံစံတူလူတွေ အဆက်မပြတ် ထုတ်ပေးနေတုန်းပဲ။
အင်ပါယာလည်း မရှိတော့ဘူး။
ဒါဆိုကျွန်တော်တို့က ဒီပုံစံတူလူတွေကို
ထုတ်ပေးနေတဲ့စနစ်ကြီးကို
ဘယ်လိုလုပ်ကြမှာလဲ။
တစ်ခုခု ထပ်လုပ်ဦးမယ်ဆိုရင်ကော
ဘာတွေဆက်လုပ်ကြမှာလဲ။
“ကျောင်းတွေဟာ ခေတ်နောက်ကျနေပြီ”
ဆိုတာကတော့ အရမ်းပြင်းထန်တဲ့
မှတ်ချက်ပါ။
ကျွန်တော်တို့ အခုသိထားတဲ့ ကျောင်းတွေဟာ
ခေတ်တုံးကုန်ပြီ။
စနစ်ကပျက်နေပြီလို့တော့ မပြောလိုပါဘူး။
ပညာရေးစနစ်ကြီးက ပြိုကွဲနေပြီလို့ပြောရတာ
သိပ်ကိုခေတ်ဆန်ပါတယ်။
ပြိုကွဲနေတာမဟုတ်ဘဲ အရမ်းကောင်းအောင်
တည်ဆောက်ထားပေမဲ့
ကျွန်တော်တို့ မလိုအပ်တော့တာပါ၊
ခေတ်ဟောင်းသွားပြီ။
ကနေ့ ကျွန်တော်တို့ ဘာအလုပ်တွေလုပ်နိုင်လဲ၊
ရုံးစာရေးတွေက ကွန်ပြူတာတွေပဲ
ထားလိုက်ပါစို့
သူတို့ကရုံးတိုင်းမှာ
ထောင်နဲ့ချီပြီးရှိတယ်။
ပြီးတော့ အဲ့ဒီကွန်ပြူတာတွေက
သူတို့ရုံးလုပ်ငန်းတွေ လုပ်နိုင်ဖို့ကို
လမ်းညွှန်ပေးမယ့် လူတွေရှိတယ်။
အဲ့ဒီလူတွေက လက်ရေးလှဖို့မလိုဘူး
ကိန်းဂဏန်းတွေ စိတ်နဲ့
မြှောက်တတ်ဖို့ မလိုဘူး။
စာဖတ်တတ်ဖို့လဲ မလိုပါဘူး။
တကယ်တော့ သူတို့က နားလည်အောင်
ဖတ်တတ်ဖို့တော့လိုမယ်။
ဒါကတော့ ကနေ့အခြေအနေပါ၊
ဒါပေမဲ့ အနာဂတ်ရဲ့အလုပ်အကိုင်တွေက
ဘယ်ပုံစံဖြစ်မလဲဆိုတာ
ကျွန်တော်တို့သိတောင်မသိဘူး။
လူတွေက ကြိုက်တဲ့နေရာကနေ၊
ကြိုက်တဲ့အချိန်မှာ
ကိုယ်ကြိုက်တဲ့နည်းနုဲ့ အလုပ်လုပ်လိမ့်မယ်
ဆိုတာတော့ သိထားတယ်။
အဲ့ဒီအခြေအနေအတွက်
လက်ရှိပညာရေးစနစ်က
ဘယ်လို ပြင်ဆင်ပေးမလဲ။
ကဲ ဒီကိစ္စတစ်ခုလုံးကိုတော့
လုံးဝမတော်တဆ တွေ့ရှိခဲ့တာပါ။
လွန်ခဲ့တဲ့ ၁၄ နှစ်က နယူးဒေလီမှာ
လူတွေကို
ကွန်ပြူတာပရိုဂရမ် ရေးနည်း
သင်ပေးခဲ့ဖူးတယ်။
ကျွန်တော့်အလုပ်ရဲ့ ဘေးကပ်လျက်မှာ
ဆင်းရဲသားရပ်ကွက်ရှိခဲ့တယ်။
ဒီကလေးတွေက ဘယ်နည်းနဲ့
ကွန်ပြူတာပရိုဂရမ် ရေးနည်း
သင်ကြမလဲ၊ ဒါမှမဟုတ် သူတို့မသင်သင့်ဘူးလား
ကျွန်တော် တွေးမိလေ့ရှိခဲ့တယ်။
တစ်ချိန်ထဲမှာပဲ ချမ်းသာပြီး
ကွန်ပြူတာတွေရှိတဲ့
မိဘတွေ အများကြီးရှိတယ်
သူတို့က "ကျွန်မသားလေးကလေ
ပါရမီပါတယ် ထင်တယ်၊
ကွန်ပြူတာနဲ့အစုံလုပ်တတ်တယ်။
ကျွန်မသမီးကလေ အရမ်းကိုထက်မြက်တာပဲ"
စသည်ဖြင့် ကျွန်တော့်ကိုပြောကြတယ်။
ဒီတော့ ကျွန်တော် တွက်ဆမိတာက
ဘာလို့ ချမ်းသာတဲ့လူတွေက ထူးကဲတဲ့
ပါရမီရှင်ကလေးတွေ ရှိနေရတာလဲ။
(ရယ်သံများ)
ဆင်းရဲသားတွေက ဘာအမှားတွေများ
လုပ်မိလို့လဲ။
ကျွန်တော့် ရုံးခန်းဘေးက
ဆင်းရဲသားရပ်ကွက်ရှိတဲ့ နံရံတံတိုင်းမှာ
အပေါက်တစ်ပေါက် လုပ်ခဲ့ပြီးနောက်
ကွန်ပြူတာကို တပ်ဆင်ခဲ့ပြီး
ကွန်ပြူတာလည်း မရှိနိုင်၊
အင်္ဂလိပ်စာ လည်းမတတ်၊ အင်တာနက်ဆိုတာ
ဘာမှန်းမသိတဲ့ ကလေးတွေကို ကွန်ပြူတာပေးရင်
ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ခဲ့တယ်။
ကလေးတွေ ပြေးလာကြတယ်။
မြေကြီးမှ ၃ ပေ ကွာတော့
"ဘာကြီးလဲ"လို့ သူတို့ မေးကြတယ်။
"အင်း အဲ့ဒါ ငါလည်းမသိဘူး" လို့ဖြေခဲ့တယ်။
(ရယ်သံများ)
"ဒါကို ဘာလို့ဒီမှာထားတာလဲ" မေးတော့
"ဒီလိုပဲ" လို့ဖြေခဲ့တယ်။
"ကိုင်ကြည့်လို့ရမလား" သူတို့ကမေးတယ်။
"ကိုင်ချင်ရင်ကိုင်"ဆိုပြီး
ကျွန်တော်အဝေးကို ထွက်သွားတယ်။
၈ နာရီလောက် ကြာတော့
သူတို့ လေ့လာနေတာ တွေ့ရပြီး
အချင်းချင်း လေ့လာနည်း သင်ပေးနေကြတယ်။
ဒါနဲ့ ကျွန်တော်က "အိုး ဒါကမဖြစ်နိုင်ဘူး-
သူတို့ကဘာမှာမှ မသိတာ
ဘယ်လိုဖြစ်နိုင်မှာလဲ" လို့ပြောတော့၊
လုပ်ဖော်ကိုင်ဖက်တွေက ပြောကြတယ်
"မဟုတ်ဘူး။ ဒါကလွယ်လွယ်လေးပါ
ခင်ဗျားရဲ့ကျောင်းသားတွေထဲက
တစ်ယောက်ယောက်က ဖြတ်သွားတုန်း
mouse ကိုင်နည်း
သင်ပေးသွားတာလည်းဖြစ်နိုင်တယ်"။
အင်း ဖြစ်နိုင်တာပေါ့။
ဒါနဲ့ ကျွန်တော့်စမ်းသပ်မှုကို
ဒေလီက မိုင် ၃၀ အကွာ
အရမ်းခေါင်တဲ့ ရွာလေးမှာ
ဆော့ဝဲရေးတဲ့အင်ဂျင်နီယာ
အနီးကနေ ဖြတ်သွားဖို့လည်း
အခွင့်အလမ်း အရမ်းနည်းတဲ့ နေရာမှာ
(ရယ်သံများ)
စမ်းသပ်မှုကို ထပ်လုပ်ခဲ့တယ်။
နေဖို့ နေရာမရှိလို့
ကွန်ပြူတာကို ချိတ်ခဲ့ပြီး
ထွက်သွားခဲ့တယ်။
လအနည်းငယ်အကြာ ပြန်လာတော့
ကလေးတွေ အဲ့မှာ ဂိမ်းဆော့နေကြပြီး။
ကျွန်တော့ကိုတွေ့တော့
ပိုကောင်းတဲ့ mouse နဲ့ processor
ပေးပါ လို့ ပြောပါရော။
(ရယ်သံများ)
"နင်တို့ ဒါတွေအားလုံး ဘယ်လိုသိကြလဲ"
လို့ ကျွန်တော်မေးတော့
အရမ်းစိတ်ဝင်စားစရာ တစ်ခု
ပြန်ပြောခဲ့ကြတယ်
စိတ်ကသိကအောက် ဖြစ်တဲ့အသံနဲ့
"နင်ပေးခဲ့တဲ့စက်က အင်္ဂလိပ်လိုပဲ
ဆိုတော့
နားမလည်လို့ အင်္ဂလိပ်စာ
ကိုယ့်ဟာကိုယ် ပြန်သင်ရသေးတယ်" (ရယ်သံများ)
ဒါက ဆရာတစ်ယောက်အနေနဲ့
"ကိုယ့်ဟာကိုယ်သင်တယ်" ဆိုတဲ့စကားကို
ပေါ့ပေါ့လေးပြောတာ ပထမဆုံးကြားဖူးခြင်းပဲ။
အဲ့ဒီနှစ်တွေက ပုံတွေကို
ဒီမှာကြည့်လို့ရတယ်။
ဒါက နံရံမှာ အပေါက်ဖောက်ထားတဲ့
ပထမဆုံးနေ့ပါ။
ညာဘက်က ၈ နှစ်အရွယ်ကလေးပါ။
သူ့ဘယ်ဘက်က သူ့ရဲ့ကျောင်းသူဖြစ်ပြီး
ကောင်မလေးက ၆ နှစ်ပါ။
ကောင်လေးက ကောင်မလေးကို
ဘယ်လို browse လုပ်ရမလဲ သင်ပေးနေတယ်။
နိုင်ငံရဲ့ အခြားနေရာတွေမှာလည်း
ဒါကို ထပ်တလဲလဲ လုပ်ခဲ့ကြည့်ရာ
ရလဒ်ကတော့ အတူတူပါပဲ။
(နံရံတံတိုင်းထဲက အပေါက် ရုပ်ရှင် - ၁၉၉၉ )
သူ့အစ်မကို ၈ နှစ်အရွယ်ကလေးက
ဘာလုပ်ရမလဲ ပြောပြနေတယ်။
နောက်ဆုံးတစ်ခုက ကောင်မလေးက Marathi စကားနဲ့
ဘာလဲဆိုတာ ရှင်းပြနေပြီး
အထဲထဲမှာ processor ရှိကြောင်း
ပြောပြနေတယ်။
ဒါကြောင့် ကျွန်တော် အကုန်လုံး
တိုင်းတာမှုတွေလုပ်ပြီး
နေရာအနှံ့ စတင်ထုတ်ဝေခဲ့တယ်။
၉ လ အတွင်းမှာ ကလေးတစ်အုပ်စုကို
ဘယ်ဘာသာနဲ့မဆိုရေးထားတဲ့
ကွန်ပြူတာနဲ့ လွှတ်ထားရင်
အနောက်နိုင်ငံ ရုံးအတွင်းရေးမှူးနဲ့ အဆင့်တူ
ဖြစ်သွားမယ်လို့ ကျွန်တော်ပြောခဲ့တယ်။
အဲ့လိုပဲ ထပ်ခါတစ်လဲလဲ ဖြစ်နေတာ
ကျွန်တော်မြင်ခဲ့တယ်။
ဒါပေမဲ့ သူတို့ဒီလောက်လုပ်နိုင်ခဲ့ရင်
တစ်ခြားဘာထပ်လုပ်နိုင်ဦးမလဲ
ကျွန်တော် သိချင်ခဲ့တယ်
သူတို့ကို တစ်ခြားဘာသာရပ် တွေနဲ့လည်း
စတင်စမ်းသပ်ခဲ့တယ်၊ ဥပမာ အသံထွက်တွေပေါ့
အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ
အင်္ဂလိပ် အသံထွက်အရမ်းညံ့တဲ့
ကလေးတွေနေတဲ့ ရပ်ကွက်ရှိတယ်။
သူတို့က အလုပ်ကောင်းတွေရဖို့
အသံထွက် ကောင်းဖို့လိုတယ်။
သူတို့ကို ကွန်ပြူတာက စကားပြောကနေ စာသား
ပြောင်းပေးတဲ့ အင်ဂျင်ထည့်ပေးခဲ့တယ်။
"နင်တို့ပြောတာ ကွန်ပြူတာမှာပေါ်တဲ့အထိ
ဆက်ပြော" လို့သူတို့ကိုပြောတယ်။
(ရယ်သံများ)
သူတို့လုပ်ကြတယ်၊
ဒီမှာ နည်းနည်းကြည့်ကြည့်ပါ။
ကွန်ပြူတာ - တွေ့ရတာ ဝမ်းသာပါတယ်
ကလေး - တွေ့ရတာဝမ်းသာပါတယ်။
Sugata Mitra: ဒီမိန်းကလေးနားမှာ
ရပ်ပြရတာက၊
ဒီကလူအတော်များများ သူ့ကိုသိကြမယ်ထင်တယ်။
သူမက အခု Hyderabad မှာ ရှိတဲ့ call center
မှာ အလုပ်ဝင်နေပြီး
နင်တို့ရဲ့ အကြွေးဝယ်ကဒ်
တွေကို ငွေရှင်းဖို့
အရမ်းရှင်းတဲ့ အင်္ဂလိပ်သံဝဲဝဲနဲ့
နှိပ်စက်နေလို့ပါ။
ဒါနဲ့ လူတွေက ပြောကြတယ်၊
ဘယ်အတိုင်းအတာထိ ဆက်သွားကြမှာလဲ။
ဘယ်တော့ ရပ်တန့်ကြမှာလဲ။
စိတ်ပျက်ဖွယ် အဆိုပြုချက်ကို ဖန်တီးပြီး
ကျွန်တော့်ရဲ့ အဆိုကို
ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
မဖြစ်နိုင်တဲ့ အဆိုကြမ်းတစ်ခုကို
ပြုလုပ်ခဲ့တယ်
Tamil က တောင်ပိုင်း အိန္ဒိယစကားပါ။
Tamil စကားပြောတဲ့ တောင်ပိုင်း
အိန္ဒိယကလေး တစ်ယောက်က
အင်္ဂလိပ်လိုသင်တဲ့ DNA ပွားများခြင်း
ဇီဝနည်းပညာကို လမ်းဘေးကွန်ပြူတာကနေ
သင်ယူနိုင်ပါ့မလား?
ကျွန်တော်တိုင်းတာကြည့်တော့ သူတို့
သုညပဲရကြတယ်။
လပေါင်းများစွာကြာအောင်
ကွန်ပြူတာကို ချန်ထားခဲ့တယ်
ပြန်သွားတော့ သုညပဲထပ်ရတယ်။
စမ်းသပ်ခန်းကို ပြန်သွားပြီး
ဆရာတွေလိုတယ်လို့ ပြောမလို့ပဲ
တောင်ပိုင်း အိန္ဒိယက Kallikuppam
လို့ခေါ်တဲ့ ရွာတစ်ရွာကို တွေ့ခဲ့တယ်။
နံရံကအပေါက်မှာ ကွန်ပြူတာတွေ
တပ်ထားခဲ့ပြီး
အင်တာနက်က DNA မျိုးပွားခြင်းဆိုင်ရာ
အချက်အလက်တွေအားလုံး download လုပ်ပေးခဲ့တယ်
ကျွန်တော်တောင် နားမလည်တာတွေကြီးပဲ။
ကလေးတွေအမြန်ရောက်လာပြီး
"အဲ့ဒါ ဘာတွေလဲ" လို့မေးတော့
"အရမ်းရေပန်းစားနေတဲ့ ဟာပေါ့။
ဒါပေမဲ့ အင်္ဂလိပ်လိုကြီးပဲ" လို့ပြောခဲ့တယ်
"ဒီလောက် အင်္ဂလိပ်စကားအခက်တွေ၊ ပုံတွေနဲ့
ဓါတုဗေဒ ဘာသာတွေကို
ငါတို့ဘယ်လို နားလည်မလဲ"
လို့ ပြောကြတယ်။
အခုအချိန်မှာတော့
သင်ကြားနည်းအသစ်ကိုသုံးပြီး
"ဇဝေဇဝါ မဖြစ်မိပါဘူး"လို့ပဲဖြေခဲ့တယ်
(ရယ်သံများ)
ဘယ်လိုပဲဖြစ်ဖြစ်၊
ကျွန်တော်ထပ်ထွက်သွားခဲ့တယ်
(ရယ်သံများ)
လအတန်ကြာ ကျွန်တော် သူတို့ကို
ချန်ထားခဲ့တယ်။
စာမေးပွဲဖြေခိုင်းတော့ သုညပဲထပ်ရတယ်။
၂ လကြာတော့ ပြန်လာတယ်။
ကလေးတွေ တစ်ပြုံကြီး ရောက်လာပြီး၊
"ငါတို့ ဘာမှကိုနားမလည်ဘူး" လို့ပြောတယ်
"အင်း ငါဘာကိုများ မျှော်လင့်နေလို့လဲ"
"ကောင်းပြီ၊ ဘာမှနားမလည်ဘူး ဆိုတာကို
ဘယ်လောက် ကြာချိန်မှာ
ဆုံးဖြတ်ခဲ့တာလဲ" လို့မေးတော့
"ငါတို့ လက်မလျှော့ခဲ့ပါဘူး
နေ့တိုင်း အဲ့ဒါကို ကြည့်တယ်" လို့ဖြေကြတယ်
"ဘယ်လို၊ နင်တို့
ဒီ screen ကို နားမလည်ပဲနဲ့
၂ လတောင်ကြာအောင် ကြည့်နေခဲ့ကြတယ်။
ဘာအတွက်လဲ"လို့ မေးကြည့်ခဲ့တယ်။
ဒါနဲ့ ခုနကတွေ့တဲ့ ကောင်မလေးက
လက်ကိုမြှောက်ပြီး၊ မတောက်တခေါက်
Tamil ၊ အင်္ဂလိပ် စကားနဲ့
"မမှန်တဲ့ DNA မော်လီကျူးမျိုးပွားခြင်းက
နာမကျန်း ဖြစ်စေနိုင်တယ်
ဆိုတဲ့ အချက်ကလွဲရင်
ကျန်တာ ဘာမှနားမလည်ဘူး"
လို့ဖြေပါတယ်
(ရယ်သံများ) (လက်ခုပ်သံများ)
ဒါနဲ့ သူတို့ကို စာမေးပွဲ စစ်ပါတယ်။
ပညာရေးဘက်မှာ မဖြစ်နိုင်တဲ့ သုညကနေ
၃၀ ရာခိုင်နှုန်းအဖြေကို
၂လအတွင်း အပူပိုင်းဒေသရဲ့
အပူချိန်အောက်
သစ်ပင်အောက်က ကွန်ပြူတာမှာ
သူတို့မသိတဲ့ ဘာသာစကားနဲ့ ရေးထားတဲ့
ဆယ်စုနှစ်တစ်စုထိ ခေတ်ရှေ့ရောက်တဲ့
အရာကိုလုပ်စေပြီး ရခဲ့တယ်။
အဓိပ္ပါယ်မရှိပေမဲ့ ဗစ်တိုးရီးယန်းတွေရဲ့
စံအတိုင်း လုပ်ရမှာပေါ့။
၃၀ ရာခိုင်နှုန်းက စာမေးပွဲကျတာပဲ
သူတို့ကိုဘယ်လို အအောင်ပေးနိုင်မလဲ၊
အမှတ် ၂၀ ထပ်ပေးရမှာပါ။
ဆရာတော့ ရှာမတွေ့ပေမဲ့
သူတို့သူငယ်ချင်း တစ်ယောက်တော့ တွေ့ခဲ့တယ်၊
၂၂ နှစ်အရွယ် စာရင်းကိုင် ကောင်မလေးဖြစ်ပြီး
သူတို့နဲ့ အမြဲဆော့တဲ့သူပါ။
"သူတို့ကို ကူညီနိုင်မလား" လို့
မေးကြည့်တယ်
သူမက "လုံးဝမလုပ်နိုင်ပါဘူး၊
ကျောင်းမှာ သိပ္ပံမသင်ခဲ့ရတော့
သူတို့ တနေ့ကုန် သစ်ပင်အောက်မှာ
ဘာတွေလုပ်နေကြမှန်းကို မသိဘူး
ကျွန်မတော့ မကူညီနိုင်ဘူး" လို့ဖြေတယ်။
"ဘာလုပ်ရမလဲဆို၊ အဘွားရဲ့နည်းလမ်း
ကိုသာသုံးပါ"လို့ ပြောပြလိုက်တယ်။
"အဲ့ဒါက ဘယ်လိုများလဲ"
"သူတို့အနောက်မှာ ရပ်နေပါ၊
သူတို့ တစ်ခုခုလုပ်တိုင်း၊
အိုး ဘယ်လိုများလုပ်လိုက်တာလဲ"
လို့သာပြောပါ။
"နောက်စာမျက်နှာကဘာလဲ
အိုး နင်တို့အရွယ်က ငါအဲ့လိုမလုပ်နိုင်ဘူး"
အဘွားတွေဘယ်လိုလုပ်လဲ နင်သိသားပဲ။
ဒါနဲ့သူမက အဲ့ဒီအတိုင်း ၂လ ဆက်လုပ်ခဲ့တယ်
အမှတ်က ၅၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားတယ်.
ဇီဝနည်းပညာ ကျွမ်းကျင်ဆရာမ စာသင်တဲ့
New Delhi က
ကျွန်တော့် ပုဂ္ဂလိက သူဌေးကျောင်းကို
Kallikuppam က အမှီလိုက်နိုင်လာတယ်။
အဲ့ဒီဇယားကို တွေ့တဲ့အခါ မျှတအောင်
လုပ်တဲ့နည်းရှိကြောင်း သိလိုက်တယ်။
ဒီမှာ Kallikuppam ပါ
(ကလေးများ စကားပြောသံ) နယူရွန်..ဆက်သွယ်မှု
သိပ်မရိုက်တတ်လို့
ကင်မရာ နေရာလွဲသွားလို့ပါ။
သူမပြောနေတာက neurons တွေ အချင်းချင်း
ဆက်သွယ်တဲ့အကြောင်းကို
အခု မြင်ရသလိုပဲ၊
လက်ဟန်ခြေဟန်နဲ့ (၁၂) နှစ်အရွယ်မှာ
ရှင်းပြနေတာပါ။
ဒါဆို အလုပ်တွေကကော ဘယ်လိုမျိုးဖြစ်ကြမလဲ။
ဒီကနေ့ ဘယ်လိုပုံစံလဲ ဆိုတာတော့
သိကြတယ်။
သင်ယူမှုကကော ဘာဆက်ဖြစ်ကြမလဲ။
ကလေးတွေက
မိုဘိုင်းဖုန်းတွေကိုပဲ လက်ထဲ
ကိုင်ထားကြပြီး
စာအုပ်ယူပြီး ကျောင်းသွားဖို့ကျတော့
တွန့်ဆုတ်နေကြတာဆိုတော့
ဘာတွေဆက်ဖြစ်ဦးမလဲ။
ကျောင်းသွားဖို့ မလိုတော့တဲ့ အခြေအနေမျိုး
ဖြစ်လာမှာလား။
တစ်ခုခုကို သိဖို့လိုတဲ့အခါ
၂ မိနစ်နဲ့ သိနိုင်မဲ့ အချိန်မျိုး
ရောက်လာမှာလား။
ဖြစ်လာမလား ဆိုတာက Nicholas Negroponte
ကျွန်တော့်ကို ထောင်ချောက်ဆင်လိုက်တဲ့
မေးခွန်းပါပဲ-
သိနားလည်ခြင်းက ခေတ်ကုန်နေပြီဆိုတဲ့
အနာဂတ်တစ်ခုဆီကို
ကျွန်တော်တို့ ဦးတည်နေကြသလား။
ဒါဆိုရင်တော့ အရမ်းဆိုးတာပဲ။
ကျွန်တော်တို့က
လူသားမျိုးနွယ်စု တွေဖြစ်ပြီး
ဒါက လူဝံတွေနဲ့ ကွဲပြားစေတဲ့အချက်ပဲ။
ဒါပေမဲ့ ဒီလို စဉ်းစားကြည့်ပါ။
သဘာဝတရားက လူဝံတွေကို
မတ်တပ်ရပ်၊ လမ်းလျှေက်ပြီး
လူသားမျိုးနွယ်စု ဝင်တွေလို ဖြစ်ဖို့အတွက်
နှစ် သန်း ၁၀၀ လောက်ကြာခဲ့တယ်။
ခေတ်ကုန်ကြောင်း ကျွန်တော်တို့သိဖို့
နှစ် ၁ သောင်းပဲ ကြာတော့
ဒါဟာ အောင်မြင်မှုပဲ။
ဒါပေမဲ့ အနာဂတ်နဲ့တော့
ပူးပေါင်းဆောင်ရွက်ရဦးမယ်။
အားပေးမှုကတော့ အဓိကအချက်ပဲ။
Kuppam နဲ့
ကျွန်တော်လုပ်ခဲ့တဲ့ စမ်းသပ်မှုတွေ
အကုန်လုံးကို ကြည့်ရင်၊
အိုး ဩချလောက်စရာ သင်ယူမှုပဲလို့
ပြောကြမှာပဲ။
အာရုံကြောသိပ္ပံပညာရပ်မှ အထောက်အထား
တစ်ခု ရှိတယ်။
ဦးနှောက်ရဲ့အလယ်မှာရှိတဲ့
တွားသွားသတ္တဝါဆိုင်ရာ ဦးနှောက်ပိုင်းက
ခြိမ်းခြောက်ခံရချိန်မှာ လုပ်ငန်း
အားလုံးကို လုံးဝရပ်ပစ်လိုက်တယ်၊
prefrontal cortex ဆိုတဲ့သင်ယူမှု
နဲ့ဆိုင်တဲ့ အပိုင်းကိုကော၊
အားလုံးကို ရပ်ပစ်လိုက်တယ်။
အပြစ်ပေးခြင်းနဲ့ စာမေးပွဲတွေက
ခြိမ်းခြောက်မှုတွေလို့ ပြောလို့ရတယ်။
ကျွန်တော်တို့ ကလေးတွေကို ဦးနှောက်တွေ
ရပ်အောင်လုပ်လိုက်ပြီး၊
အလုပ်လုပ်ကြ လို့ လုပ်ခိုင်းသလိုပါပဲ။
ဒီလိုပုံစံစနစ်ကို
ဘာလို့ တည်ထွင်ခဲ့သလဲ ဆိုတော့
အဲ့ဒီတုန်းကတော့ လိုအပ်ခဲ့လို့ပါ။
ဧကရာဇ်ဘုရင်တွေ ခေတ်က
ခြိမ်းခြောက်မှု အောက်မှာ ရှင်သန်နိုင်မဲ့
လူတွေကို လိုအပ်ချိန် ရှိခဲ့တယ်။
ကတုတ်ကျင်းထဲမှာ
တစ်ယောက်ထဲ ကျန်ခဲ့ချိန်မှာ
မသေပဲရှင်နေရင် အောင်မြင်သွားပြီ၊
မဟုတ်ရင်တော့ ကျရှုံးပြီပေါ့။
ဒါပေမဲ့ ဧကရာဇ်စနစ်က မရှိတော့ဘူး။
တည်ထွင်ဖန်တီးမှုကရော ကျွန်တော်တို့ခေတ်မှာ
ဘာဖြစ်သွားလဲ။
ခြိမ်းခြောက်မှုကို ပျော်ရွှင်မှုအဖြစ်
ပြန်ပြောင်းပေးဖို့ လိုအပ်တယ်။
ကျွန်တော် အင်္ဂလန်ကို ပြန်လာပြီး
အင်္ဂလိပ်အဘွားကြီးတွေကို ရှာခဲ့တယ်။
အင်္ဂလိပ်အဘွားကြီး တစ်ယောက်ဖြစ်ပြီး
broadband အင်တာနက်နဲ့
web camera အိမ်မှာ တပ်ထားရင်
တစ်ပတ်မှာ တစ်နာရီလောက်
အခမဲ့ အချိန်ပေးနိုင်မလားလို့
ကြော်ငြာတွေ တင်ခဲ့တယ်။
ပထမ နှစ်ပတ်မှာ အယောက်(၂၀၀) ရှာတွေ့ခဲ့တယ်။
တစ်ကမ္ဘာလုံးမှာ အင်္ဂလိပ်အဘွားကြီးတွေကို
ကျွန်တော့လောက် ဘယ်သူမှမသိဘူးဗျ (ရယ်သံများ)
သူတို့ကို Granny Cloud လို့ခေါ်တယ်။
Granny Cloud က လိုင်းပေါ်မှာရှိနေပြီး
ကလေးတစ်ယောက်က အကူအညီလိုရင်
Gran တွေကို အချက်ပြလိုက်ချိန်မှာ
Skype ထဲဝင်ပြီး၊ သူတို့ကို
ကူညီဖြေရှင်း ပေးတယ်။
အင်္ဂလန်နိုင်ငံ အနောက်မြောက်ဘက်က
Diggles လို့ခေါ်တဲ့ ရွာလေးကနေ
မိုင် ၆,၀၀၀ ဝေးတဲ့ အိန္ဒိယနိုင်ငံက
Tamil Nadu ရွာဆီကို
ကူညီပေးတာ တွေ့ခဲ့ရတယ်။
ရှေးပုံစံ လက်ဟန်ခြေဟန်နဲ့ပဲ
"ရှူး" ပေါ့။
အိုကေတယ် နော်။
ဒီမှာကြည့်ပါ။
အဘွား - ငါ့ကို နင် နားမလည်မိဘူး။
နင် ထပ်ပြောစမ်း။
ငါ့ကို နင် နားမလည်မိဘူး။
ကလေးများ - ငါ့ကို နင် နားမလည်မိဘူး။
အဘွား -ငါက Gingerbread Man ပဲ
ကလေးများ - ငါက Gingerbread Man ပဲ
အဘွား - အရမ်း တော်ကြတာပဲ။
SM - ဒီမှာ ဘာဖြစ်နေကြတာလဲ
ကျွန်တော်တို့ လုပ်ရမှာကတော့
ပညာရေးကို ကိုယ်ထူကိုယ်ထ
သင်ယူတဲ့ပုံစံအနေနဲ့
လုပ်ကြရမှာပါ။
ပညာရေးကို မိမိဘာသာသင်ယူတဲ့ ပုံစံမျိုး
ခွင့်ပြုခဲ့မယ်ဆိုရင်၊
သင်ယူချင်စိတ်တွေ ပိုရှိလာကြမှာပါ။
သင်ယူမှုကို ပျော်စရာ ဖြစ်စေမှု မဟုတ်ဘဲ
သင်ယူမှုကို အလိုလို ဖြစ်လာရန်ပါ။
ဆရာမက သင်ယူမှုကို စတင်စေပြီး
မလှမ်းမကမ်းမှ
သင်ယူမှုကို အလိုလိုဖြစ်စေဖို့
စောင့်ကြည့်နေယုံပါ။
ဒါကတော့ အဲဒါရဲ့ အဓိကရည်ရွယ်ချက်ပါပဲ။
ဒါပေမဲ့ ကျွန်တော်တို့
ဘယ်လိုများ သိနိုင်မှာလဲ။
ဒီလို (SOLE) ဆိုတဲ့ ကိုယ်ထူကိုယ်ထ
လေ့လာသင်ယူရေး ပတ်ဝန်းကျင်မျိုးတွေကို
ထူထောင်ပေးဖို့ ရည်ရွယ်ထားတယ်။
ဒီကျောင်းတွေက အင်တာနက်၊
စုပေါင်းလုပ်ကိုင်မှု နဲ့
အားပေးမှုတို့ ပူးပေါင်းထားတာပါ။
ကျောင်းအများကြီးမှာ စမ်းကြည့်ခဲ့တယ်။
ကမ္ဘာအနှံ့ မှာကောပဲ။ ဆရာတွေက
"ဒါ သူ့အလိုလို ဖြစ်လာနိုင်လား"
လို့မေးကြတယ်
"သူ့အလိုလို ဖြစ်လာတာပေါ့"
လို့ပြောတော့ "ဘယ်လိုသိနိုင်မှာလဲ" တဲ့
"ဘယ်သူကပြောတာလဲ နဲ့
သူတို့ ဘယ်ကလဲဆိုတာ သိရင်
အရမ်း အံ့ဩကြလိမ့်မယ်"
လို့ ပြန်ဖြေခဲ့တယ်။
ဒါက SOLE မှာ လေ့လာနေကြပုံပါ
(ကလေးများ စကားပြောသံ)
ဒီတစ်ခုက England မှာပါ
သူက စည်းကမ်း ထိန်းသိမ်းရေးကို
လုပ်ပေးရတာပေါ့၊
အနားမှာက ဆရာမရှိဘူးလေ
ကောင်မလေး - electron စုစုပေါင်းက proton
စုစုပေါင်းရေအတွက်နဲ့ မညီဘူး။ SM-Australia
ကောင်မလေး - သူ့ကို အဖိုဓါတ် (သို့) အမဓါတ်
အားသွင်းကြည့်ပါ
ion ပေါ်က စုစုပေါင်းဓါတ်အားက
ion ထဲမှာရှိတဲ့ proton တွေထဲက
electron တွေိနုတ်ထားတဲ့
ဓါတ်အားနဲ့ ညီမျှတယ်။
SM: သူမရဲ့အချိန်ထက် ဆယ်စုနှစ်တစ်ခုစာလောက်
ရှေ့ပြေးနေပြီ။
ဒါကြောင့် SOLE မှာ မေးခွန်းကြီးတွေပါတဲ့
သင်ရိုးတွေလိုနေပြီ
အမှန်တော့ ဒါကဘာလဲ သင်ကြားဖူးပြီးသားပါ
ကျောက်ခေတ်လူသားတွေ
ကောင်းကင်ကိုမော့ကြည့်လေ့ရှိပြီး
မှိတ်တုတ်မှိတ်တုတ်လင်းနေတာ
ဘာတွေလဲလို့ ပြောခဲ့ကြတယ်။
သူတို့ရဲ့ ဒီသင်ရိုးအလား အံ့ဩဖွယ် မေးခွန်း
တွေကို ကျွန်တော်တို့ သတိမမူမိကြဘူး။
ထောင့်တစ်ခုရဲ့ တန်းဂျန့်အချိုးကို
ပြောပြဖို့ဖြစ်လာတယ်။
ဒါပေမဲ့ ဒါက သိပ်စိတ်လှုပ်ရှားစရာ
မကောင်းသေးဘူး။
၉ နှစ် ကလေးတစ်ယောက်ကို
စိတ်ဝင်စားအောင် ပြောမယ်ဆိုရင်
"ကမ္ဘာက ဥက္ကာခဲတစ်ခု နဲ့
တိုက်မိတော့မယ်ဆိုပါစို့၊
ဖြစ်နိုင်/မဖြစ်နိုင် ဘယ်လိုတွက်ချက်မလဲ"
လို့ ပြောရမှာပေါ့။
သူက "ဘာလဲ၊ ဘယ်လိုဖြစ်မှာလဲ"
ပြန်မေးလာရင်
"မှော်စကားလုံးရှိတယ်။
ဒါကို တန်းဂျန့်အချိုးလို့ခေါ်တယ်"
လို့ပြောပြီးထားခဲ့ပါ။ သူ့ဟာသူ
အဖြေရှာပါလိမ့်မယ်။
ဒါကတော့ SOLEs က ပုံတစ်ချို့ပါ။
ကျွန်တော်က ၉ နှစ်အရွယ် ကလေးတွေကို
"ကမ္ဘာက ဘယ်လိုစဖြစ်လာလဲ၊
ဘယ်လိုအဆုံးသတ်မလဲ" စတဲ့ မဖြစ်နိုင်တဲ့
မေးခွန်းတွေနဲ့စမ်းသပ်ခဲ့တယ်။
ဒီတစ်ခုက အသက်ရှုလိုက်တဲ့လေ
ဘာဖြစ်သွားလဲ ဆိုတဲ့အကြောင်းပါ။
ဆရာတွေ အကူအညီမပါဘဲ
ကလေးတွေ သူ့ဟာသူ လုပ်ကြတာပါ။
ဆရာက မေးခွန်းပဲမေးပြီး
သူတို့အဖြေတွေကို ချီးမွမ်းပေးတယ်။
ဒီတော့ ကျွန်တော်ဖြစ်ချင်တာက ဘာလဲ။
ကျွန်တော့် ဆန္ဒကတော့
အနာဂတ်ရဲ့ သင်ယူမှုကို ပုံဖော်ပေးဖို့ပါ။
ကျုပ်တို့ဟာ လူသားကွန်ပြူတာကြီးရဲ့
စက်အပိုပစ္စည်းတော့ မဖြစ်ချင်ကြဘူးမဟုတ်လား။
ဒါကြောင့် အနာဂတ်သင်ယူမှုအတွက်
ပုံစံချဖို့လိုတယ်။
ဒါကြောင့် ကျွန်တော့အနေနဲ့ - ခဏလေး
ဒါက အရမ်းအရေးကြီးလို့
ဒီအသုံးအနှုန်းကို အတိအကျလေး
မှန်အောင်ပြောရမယ်။
ကျွန်တော့ ဆန္ဒက ကမ္ဘာပေါ်က
ကလေးတွေကို ပံ့ပိုးပြီး
သူတို့စူးစမ်းမှုနဲ့
အတူတကွ လုပ်ကိုင်နိုင်မှုကို
လမ်းဖွင့်ပေးခြင်းဖြင့် အနာဂတ်သင်ယူမှု
ပုံစံချမှတ်ပေးဖို့ဖြစ်တယ်။
ဒီကျောင်းမျိုးကို အကောင်အထည်
ဖော်နိုင်ဖို့ ကူညီပေးကြပါ။
၎င်းကို "တိမ်လှိုင်းပေါ်က ကျောင်း"လို့
အမည်ပေးမှာဖြစ်ပြီး
ကလေးများအား ဆရာတွေမှ မေးကြတဲ့
မေးခွန်းကြီးတွေရဲ့ တွန်းအားပေးမှုဖြင့်
ပညာတွေကို စွန့်စားလေ့လာကြမှာဖြစ်တယ်။
ကျွန်တော် လုပ်ချင်တဲ့ပုံစံက
ကျွန်တော် လေ့လာနိုင်တဲ့
ပံ့ပိုးမှုရှိတဲ့နေရာဖြစ်ပြီး
ဒါက လက်တွေ့ထိန်းချုပ်သူမဲ့တဲ့
ပံ့ပိုးမှုမျိုးပါ။
ကျန်းမာရေးနဲ့ ဘေးကင်းရေးကို
စီမံပေးမယ့်
Granny တစ်ဦးထဲ ရှိပါတယ်။
ကျန်တာအကုန် cloud ထံမှပဲလာမှာပါ။
မီးအဖွင့်၊ အပိတ်ကို cloud ကနေပဲလုပ်မှာပါ
စသည်ဖြင့် အားလုံး cloud ကလုပ်ပေးမှာပါ။
ဒါပေမဲ့ အခြားရည်ရွယ်ချက်တစ်ခု အတွက်
ခင်ဗျားတို့ကို လိုအပ်တယ်။
ကိုယ်ထူကိုယ်ထ လေ့လာသင်ယူရေး ပတ်ဝန်းကျင်
(SOLEs) ကို
အိမ်၊ ကျောင်း၊ ကျောင်းပြင်ပနဲ့
ကလပ်အသင်းများမှာ လုပ်နိုင်တယ်။
ဒီလိုလုပ်ဖို့ အရမ်းလွယ်တယ်။
TED ကထုတ်ဝေထားတဲ့
သိပ်ကောင်းတဲ့
လမ်းညွှန်စာရွက်စာတမ်း ရှိပါတယ်။
ပြုလုပ်နိုင်ကြပါက၊
တိုက်ကြီး (၅) ခုစလုံးမှာ ကျေးဇူးပြုပြီး
လုပ်ပေးကြပါ။
ပြီးရင် ကျွန်တော့်ကို ဒေတာတွေ ပို့ပေးပါ။
ရတဲ့အချက်အလက်တွေစုပြီး၊ တိမ်လှိုင်းပေါ်က
ကျောင်းထံကိုပို့ပြီး
သင်ယူမှုရဲ့ အနာဂတ်ကိုဖန်တီးကြမယ်။
ဒါကတော့ ကျွန်တော့်ဆန္ဒပါပဲ။
နောက်ဆုံးအနေနဲ့
ကျွန်တော် ခင်ဗျားတို့ကို
ဟိမဝန္တာ တောင်ထိပ်ကို ခေါ်သွားပါမယ်။
ပေ ၁၂,၀၀၀ ကျော် လေသိပ်မပြင်းတဲ့နေရာမှာ
နံရံအပေါက်ထဲ ကွန်ပြူတာ(၂)လုံး
ကျွန်တော် တပ်ထားခဲ့ဖူးတယ်၊
ကလေးတွေ စုပြုံလာကြတယ်။
ကျွန််တော့်နောက် တစ်ကောက်ကောက်လိုက်တဲ့
ကလေးမ တစ်ယောက်ရှိခဲ့တယ်။
"လူတိုင်း၊ ကလေးတိုင်းကို
ကွန်ပြူတာတွေ ငါပေးချင်တယ်၊
ငါဘာလုပ်သင့်လဲမသိဘူး"လို့ သူ့ကို မေးတယ်။
ပြီးတော့ သူ့ကိုတိတ်တိတ်လေး
ဓါတ်ပုံရိုက်မလို့ လုပ်နေတုန်း
ရုတ်တရက် သူ့လက်လေးကို ဒီလိုမြှောက်ပြီး
ပြောလိုက်တာက
"အဲဒါကို ဆက်လုပ်နေပါ" တဲ့
(ရယ်သံများ) (လက်ခုပ်သံများ)
ဒါက အကြံဉာဏ်ကောင်းပါ။
သူလေးရဲ့အကြံကိုနားထောင်ကာ
အပြောတွေရပ်ခဲ့တယ်။
ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်
(လက်ခုပ်သံများ)
ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)
ကျေးဇူးအများကြီး တင်ပါတယ်။ ဝိုး။
(လက်ခုပ်သံများ)