1 00:00:02,594 --> 00:00:06,690 အနာဂတ်ရဲ့သင်ယူမှုပုံစံက ဘာများဖြစ်လိမ့်မလဲ။ 2 00:00:06,690 --> 00:00:08,970 ကျွန်တော့်မှာ စီမံချက်တစ်ခုတော့ ရှိပြီးသားပါ။ 3 00:00:08,970 --> 00:00:12,050 ဒါပေမဲ့ ဒီအကြောင်းကို ပြောပြနိုင်ဖို့အတွက် 4 00:00:12,050 --> 00:00:15,020 ဒီလိုဖြစ်ဖို့ အကြောင်းဖန်စေတဲ့ 5 00:00:15,020 --> 00:00:17,866 ဖြစ်စဉ်လေးကို ပြောဖို့လိုမယ်။ 6 00:00:17,866 --> 00:00:20,283 ကျွန်တော်တို့ ကျောင်းတွေက 7 00:00:20,283 --> 00:00:21,980 သင်ယူနည်း ပုံစံတွေဟာ ဘယ်ကလာသလဲ 8 00:00:21,980 --> 00:00:24,340 လေ့လာခဲ့တယ်။ 9 00:00:25,500 --> 00:00:27,762 ဟိုး အတိတ်ကိုလည်း ပြန်ကြည့်လို့ရတယ်။ 10 00:00:27,762 --> 00:00:31,575 ဒါပေမဲ့ ကနေ့ခေတ် ကျောင်းပညာရေးကိုကြည့်ရင် 11 00:00:31,575 --> 00:00:35,277 သူ့ရဲ့ဇစ်မြစ်ကို ခန့်မှန်းဖို့ အရမ်းလွယ်တယ်။ 12 00:00:35,357 --> 00:00:39,225 ဒီစနစ်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ဝ လောက်ကတည်း စခဲ့ပြီး 13 00:00:39,325 --> 00:00:41,442 ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ 14 00:00:41,442 --> 00:00:44,380 နောက်ဆုံးအင်ပါယာ ဖြစ်တဲ့ ဗြိတိသျှအင်ပါယာက လာတာပါ။ 15 00:00:44,380 --> 00:00:46,815 တွေးကြည့်ပါ၊ 16 00:00:46,815 --> 00:00:52,123 ကွန်ပျူတာတွေ၊ ဖုန်းတွေမရှိ 17 00:00:52,123 --> 00:00:55,987 ဒေတာတွေကို လက်ရေးနဲ့ စာရွက်ပေါ်မှာ မှတ်တမ်းတင်ရပြီး 18 00:00:55,987 --> 00:00:58,469 ခရီးသွားဖို့ သင်္ဘောကိုပဲ အသုံးပြုပြီး လည်ပတ်နေရတဲ့ 19 00:00:58,469 --> 00:01:00,469 ကမ္ဘာကြီးက ဘယ်လိုဖြစ်မလဲ။ 20 00:01:00,669 --> 00:01:02,823 ဒါပေမဲ့ Victorian ခေတ်က အဲ့လိုလုပ်ခဲ့ကြတယ်။ 21 00:01:02,823 --> 00:01:06,481 အဲ့ဒါက အရမ်းအံ့သြဖို့ ကောင်းတယ်။ 22 00:01:06,481 --> 00:01:09,963 တစ်ကမ္ဘာလုံးက လူတွေနဲ့ ဖွဲ့စည်းထားတဲ့ 23 00:01:09,963 --> 00:01:12,359 ကွန်ပြူတာတစ်လုံးလိုမျိုး ဖြစ်ပြီး 24 00:01:12,359 --> 00:01:14,152 အခုထိရှိနေတဲ့စနစ်ကို တီထွင်ခဲ့တယ်။ 25 00:01:14,152 --> 00:01:20,131 ဒါကို ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရား လို့ခေါ်တယ်။ 26 00:01:20,131 --> 00:01:23,458 ဒီစက်ယန္တရားကြီး လည်ပတ်ဖို့ဆိုရင်၊ 27 00:01:23,458 --> 00:01:26,659 လူတွေအများကြီး လိုတယ်။ 28 00:01:26,659 --> 00:01:31,018 ဒီလူတွေကို မွေးထုတ်ဖို့ အခြားစက်တစ်မျိုး ထုတ်လုပ်ခဲ့သေးတယ်- 29 00:01:31,658 --> 00:01:33,644 ဒါကတော့ ကျောင်းတွေပါ။ 30 00:01:33,914 --> 00:01:36,691 ကျောင်းတွေက ဒီ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားရဲ့ 31 00:01:36,691 --> 00:01:40,100 အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ့်လူတွေကို 32 00:01:40,100 --> 00:01:43,925 မွေးထုတ်ပေးမှာပါ။ 33 00:01:44,295 --> 00:01:48,315 ဒီလူတွေက တစ်ဦးနဲ့တစ်ဦး တထေရာတည်း ဖြစ်ရမယ်။ 34 00:01:48,315 --> 00:01:50,472 အချက်(၃)ခုကိုလည်း သိရမယ်- 35 00:01:50,472 --> 00:01:53,512 အချက်အလက်တွေက လက်နဲ့ရေးထားတဲ့အတွက် လက်ရေးလှရမယ်၊ 36 00:01:53,512 --> 00:01:55,667 စာဖတ်နိုင်ရမယ်၊ 37 00:01:55,667 --> 00:01:59,616 အပေါင်း၊ အနုတ်၊ အမြှောက်၊အစားတွေ 38 00:01:59,656 --> 00:02:01,609 စိတ်နဲ့တင် လုပ်တတ်ရမယ်။ 39 00:02:01,609 --> 00:02:05,136 သူတို့ဟာ ချွတ်စွပ်တူလွန်းတဲ့အတွက် နယူးဇီလန်က တစ်ယောက်ကိုယူပြီး 40 00:02:05,136 --> 00:02:07,471 ကနေဒါနိုင်ငံကို ပို့ပေးလည်း 41 00:02:07,471 --> 00:02:11,552 အလိုလျောက်ကောင်းကောင်း အလုပ်လုပ်နိုင်တယ်။ 42 00:02:11,552 --> 00:02:14,421 Victorian တွေက အရမ်းတော်တဲ့ အင်ဂျင်နီယာတွေပါ 43 00:02:14,421 --> 00:02:17,910 သူတို့တည်ဆောက်ခဲ့တဲ့ စနစ်ကြီးက အရမ်းကို ကြံ့ခိုင်လွန်းလို့ 44 00:02:17,910 --> 00:02:20,365 ကနေ့အထိ ရှိနေဆဲဖြစ်ပြီး၊ 45 00:02:20,365 --> 00:02:23,451 မရှိတော့တဲ့ အဲ့ဒီယန္တရားကြီးအတွက် 46 00:02:23,451 --> 00:02:29,157 ပုံစံတူလူတွေ အဆက်မပြတ် ထုတ်ပေးနေတုန်းပဲ။ 47 00:02:29,957 --> 00:02:32,085 အင်ပါယာလည်း မရှိတော့ဘူး။ 48 00:02:32,085 --> 00:02:34,989 ဒါဆိုကျွန်တော်တို့က ဒီပုံစံတူလူတွေကို ထုတ်ပေးနေတဲ့စနစ်ကြီးကို 49 00:02:34,989 --> 00:02:37,358 ဘယ်လိုလုပ်ကြမှာလဲ။ 50 00:02:37,878 --> 00:02:40,261 တစ်ခုခု ထပ်လုပ်ဦးမယ်ဆိုရင်ကော 51 00:02:40,261 --> 00:02:44,151 ဘာတွေဆက်လုပ်ကြမှာလဲ။ 52 00:02:44,571 --> 00:02:46,761 “ကျောင်းတွေဟာ ခေတ်နောက်ကျနေပြီ” 53 00:02:46,761 --> 00:02:48,843 ဆိုတာကတော့ အရမ်းပြင်းထန်တဲ့ မှတ်ချက်ပါ။ 54 00:02:48,843 --> 00:02:51,467 ကျွန်တော်တို့ အခုသိထားတဲ့ ကျောင်းတွေဟာ ခေတ်တုံးကုန်ပြီ။ 55 00:02:51,467 --> 00:02:53,291 စနစ်ကပျက်နေပြီလို့တော့ မပြောလိုပါဘူး။ 56 00:02:53,291 --> 00:02:56,288 ပညာရေးစနစ်ကြီးက ပြိုကွဲနေပြီလို့ပြောရတာ သိပ်ကိုခေတ်ဆန်ပါတယ်။ 57 00:02:56,288 --> 00:02:59,939 ပြိုကွဲနေတာမဟုတ်ဘဲ အရမ်းကောင်းအောင် တည်ဆောက်ထားပေမဲ့ 58 00:02:59,939 --> 00:03:06,165 ကျွန်တော်တို့ မလိုအပ်တော့တာပါ၊ ခေတ်ဟောင်းသွားပြီ။ 59 00:03:06,165 --> 00:03:08,572 ကနေ့ ကျွန်တော်တို့ ဘာအလုပ်တွေလုပ်နိုင်လဲ၊ 60 00:03:08,572 --> 00:03:10,706 ရုံးစာရေးတွေက ကွန်ပြူတာတွေပဲ ထားလိုက်ပါစို့ 61 00:03:10,706 --> 00:03:13,237 သူတို့ကရုံးတိုင်းမှာ ထောင်နဲ့ချီပြီးရှိတယ်။ 62 00:03:13,237 --> 00:03:16,442 ပြီးတော့ အဲ့ဒီကွန်ပြူတာတွေက သူတို့ရုံးလုပ်ငန်းတွေ လုပ်နိုင်ဖို့ကို 63 00:03:16,442 --> 00:03:18,919 လမ်းညွှန်ပေးမယ့် လူတွေရှိတယ်။ 64 00:03:18,919 --> 00:03:22,183 အဲ့ဒီလူတွေက လက်ရေးလှဖို့မလိုဘူး 65 00:03:22,183 --> 00:03:25,215 ကိန်းဂဏန်းတွေ စိတ်နဲ့ မြှောက်တတ်ဖို့ မလိုဘူး။ 66 00:03:25,215 --> 00:03:27,487 စာဖတ်တတ်ဖို့လဲ မလိုပါဘူး။ 67 00:03:27,487 --> 00:03:31,637 တကယ်တော့ သူတို့က နားလည်အောင် ဖတ်တတ်ဖို့တော့လိုမယ်။ 68 00:03:31,637 --> 00:03:34,744 ဒါကတော့ ကနေ့အခြေအနေပါ၊ ဒါပေမဲ့ အနာဂတ်ရဲ့အလုပ်အကိုင်တွေက 69 00:03:34,744 --> 00:03:37,303 ဘယ်ပုံစံဖြစ်မလဲဆိုတာ ကျွန်တော်တို့သိတောင်မသိဘူး။ 70 00:03:37,303 --> 00:03:39,947 လူတွေက ကြိုက်တဲ့နေရာကနေ၊ ကြိုက်တဲ့အချိန်မှာ 71 00:03:39,947 --> 00:03:43,145 ကိုယ်ကြိုက်တဲ့နည်းနုဲ့ အလုပ်လုပ်လိမ့်မယ် ဆိုတာတော့ သိထားတယ်။ 72 00:03:43,145 --> 00:03:47,333 အဲ့ဒီအခြေအနေအတွက် လက်ရှိပညာရေးစနစ်က 73 00:03:47,333 --> 00:03:49,876 ဘယ်လို ပြင်ဆင်ပေးမလဲ။ 74 00:03:49,876 --> 00:03:54,924 ကဲ ဒီကိစ္စတစ်ခုလုံးကိုတော့ လုံးဝမတော်တဆ တွေ့ရှိခဲ့တာပါ။ 75 00:03:54,924 --> 00:03:57,556 လွန်ခဲ့တဲ့ ၁၄ နှစ်က နယူးဒေလီမှာ လူတွေကို 76 00:03:57,556 --> 00:04:00,020 ကွန်ပြူတာပရိုဂရမ် ရေးနည်း သင်ပေးခဲ့ဖူးတယ်။ 77 00:04:00,020 --> 00:04:03,777 ကျွန်တော့်အလုပ်ရဲ့ ဘေးကပ်လျက်မှာ ဆင်းရဲသားရပ်ကွက်ရှိခဲ့တယ်။ 78 00:04:03,777 --> 00:04:06,364 ဒီကလေးတွေက ဘယ်နည်းနဲ့ ကွန်ပြူတာပရိုဂရမ် ရေးနည်း 79 00:04:06,364 --> 00:04:08,884 သင်ကြမလဲ၊ ဒါမှမဟုတ် သူတို့မသင်သင့်ဘူးလား 80 00:04:08,884 --> 00:04:11,964 ကျွန်တော် တွေးမိလေ့ရှိခဲ့တယ်။ 81 00:04:11,964 --> 00:04:14,581 တစ်ချိန်ထဲမှာပဲ ချမ်းသာပြီး 82 00:04:14,581 --> 00:04:17,012 ကွန်ပြူတာတွေရှိတဲ့ မိဘတွေ အများကြီးရှိတယ် 83 00:04:17,012 --> 00:04:20,143 သူတို့က "ကျွန်မသားလေးကလေ 84 00:04:20,143 --> 00:04:22,332 ပါရမီပါတယ် ထင်တယ်၊ 85 00:04:22,332 --> 00:04:25,206 ကွန်ပြူတာနဲ့အစုံလုပ်တတ်တယ်။ 86 00:04:25,206 --> 00:04:29,182 ကျွန်မသမီးကလေ အရမ်းကိုထက်မြက်တာပဲ" စသည်ဖြင့် ကျွန်တော့်ကိုပြောကြတယ်။ 87 00:04:29,182 --> 00:04:31,290 ဒီတော့ ကျွန်တော် တွက်ဆမိတာက 88 00:04:31,290 --> 00:04:33,086 ဘာလို့ ချမ်းသာတဲ့လူတွေက ထူးကဲတဲ့ 89 00:04:33,086 --> 00:04:35,227 ပါရမီရှင်ကလေးတွေ ရှိနေရတာလဲ။ 90 00:04:35,227 --> 00:04:37,142 (ရယ်သံများ) 91 00:04:37,142 --> 00:04:39,966 ဆင်းရဲသားတွေက ဘာအမှားတွေများ လုပ်မိလို့လဲ။ 92 00:04:39,966 --> 00:04:42,969 ကျွန်တော့် ရုံးခန်းဘေးက ဆင်းရဲသားရပ်ကွက်ရှိတဲ့ နံရံတံတိုင်းမှာ 93 00:04:42,969 --> 00:04:45,001 အပေါက်တစ်ပေါက် လုပ်ခဲ့ပြီးနောက် 94 00:04:45,001 --> 00:04:47,355 ကွန်ပြူတာကို တပ်ဆင်ခဲ့ပြီး 95 00:04:47,355 --> 00:04:50,179 ကွန်ပြူတာလည်း မရှိနိုင်၊ အင်္ဂလိပ်စာ လည်းမတတ်၊ အင်တာနက်ဆိုတာ 96 00:04:50,179 --> 00:04:53,635 ဘာမှန်းမသိတဲ့ ကလေးတွေကို ကွန်ပြူတာပေးရင် ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ခဲ့တယ်။ 97 00:04:53,635 --> 00:04:54,847 ကလေးတွေ ပြေးလာကြတယ်။ 98 00:04:54,847 --> 00:04:57,397 မြေကြီးမှ ၃ ပေ ကွာတော့ "ဘာကြီးလဲ"လို့ သူတို့ မေးကြတယ်။ 99 00:04:57,397 --> 00:05:00,171 "အင်း အဲ့ဒါ ငါလည်းမသိဘူး" လို့ဖြေခဲ့တယ်။ 100 00:05:00,171 --> 00:05:02,387 (ရယ်သံများ) 101 00:05:02,387 --> 00:05:04,943 "ဒါကို ဘာလို့ဒီမှာထားတာလဲ" မေးတော့ 102 00:05:04,943 --> 00:05:06,158 "ဒီလိုပဲ" လို့ဖြေခဲ့တယ်။ 103 00:05:06,158 --> 00:05:09,167 "ကိုင်ကြည့်လို့ရမလား" သူတို့ကမေးတယ်။ "ကိုင်ချင်ရင်ကိုင်"ဆိုပြီး 104 00:05:09,167 --> 00:05:11,544 ကျွန်တော်အဝေးကို ထွက်သွားတယ်။ 105 00:05:11,544 --> 00:05:13,208 ၈ နာရီလောက် ကြာတော့ 106 00:05:13,208 --> 00:05:16,243 သူတို့ လေ့လာနေတာ တွေ့ရပြီး အချင်းချင်း လေ့လာနည်း သင်ပေးနေကြတယ်။ 107 00:05:16,243 --> 00:05:18,740 ဒါနဲ့ ကျွန်တော်က "အိုး ဒါကမဖြစ်နိုင်ဘူး- 108 00:05:18,740 --> 00:05:22,281 သူတို့ကဘာမှာမှ မသိတာ ဘယ်လိုဖြစ်နိုင်မှာလဲ" လို့ပြောတော့၊ 109 00:05:22,281 --> 00:05:25,145 လုပ်ဖော်ကိုင်ဖက်တွေက ပြောကြတယ် "မဟုတ်ဘူး။ ဒါကလွယ်လွယ်လေးပါ 110 00:05:25,145 --> 00:05:27,848 ခင်ဗျားရဲ့ကျောင်းသားတွေထဲက တစ်ယောက်ယောက်က ဖြတ်သွားတုန်း 111 00:05:27,848 --> 00:05:30,063 mouse ကိုင်နည်း သင်ပေးသွားတာလည်းဖြစ်နိုင်တယ်"။ 112 00:05:30,063 --> 00:05:31,586 အင်း ဖြစ်နိုင်တာပေါ့။ 113 00:05:31,586 --> 00:05:34,645 ဒါနဲ့ ကျွန်တော့်စမ်းသပ်မှုကို ဒေလီက မိုင် ၃၀ အကွာ 114 00:05:34,645 --> 00:05:36,636 အရမ်းခေါင်တဲ့ ရွာလေးမှာ 115 00:05:36,636 --> 00:05:40,428 ဆော့ဝဲရေးတဲ့အင်ဂျင်နီယာ အနီးကနေ ဖြတ်သွားဖို့လည်း 116 00:05:40,428 --> 00:05:44,844 အခွင့်အလမ်း အရမ်းနည်းတဲ့ နေရာမှာ (ရယ်သံများ) 117 00:05:44,844 --> 00:05:47,507 စမ်းသပ်မှုကို ထပ်လုပ်ခဲ့တယ်။ 118 00:05:47,507 --> 00:05:49,794 နေဖို့ နေရာမရှိလို့ ကွန်ပြူတာကို ချိတ်ခဲ့ပြီး 119 00:05:49,794 --> 00:05:51,994 ထွက်သွားခဲ့တယ်။ လအနည်းငယ်အကြာ ပြန်လာတော့ 120 00:05:51,994 --> 00:05:53,689 ကလေးတွေ အဲ့မှာ ဂိမ်းဆော့နေကြပြီး။ 121 00:05:53,689 --> 00:05:54,640 ကျွန်တော့ကိုတွေ့တော့ 122 00:05:54,640 --> 00:05:57,402 ပိုကောင်းတဲ့ mouse နဲ့ processor ပေးပါ လို့ ပြောပါရော။ 123 00:05:57,402 --> 00:06:01,416 (ရယ်သံများ) 124 00:06:01,416 --> 00:06:04,825 "နင်တို့ ဒါတွေအားလုံး ဘယ်လိုသိကြလဲ" လို့ ကျွန်တော်မေးတော့ 125 00:06:04,825 --> 00:06:07,280 အရမ်းစိတ်ဝင်စားစရာ တစ်ခု ပြန်ပြောခဲ့ကြတယ် 126 00:06:07,280 --> 00:06:08,945 စိတ်ကသိကအောက် ဖြစ်တဲ့အသံနဲ့ 127 00:06:08,945 --> 00:06:11,498 "နင်ပေးခဲ့တဲ့စက်က အင်္ဂလိပ်လိုပဲ ဆိုတော့ 128 00:06:11,498 --> 00:06:17,583 နားမလည်လို့ အင်္ဂလိပ်စာ ကိုယ့်ဟာကိုယ် ပြန်သင်ရသေးတယ်" (ရယ်သံများ) 129 00:06:17,583 --> 00:06:19,560 ဒါက ဆရာတစ်ယောက်အနေနဲ့ 130 00:06:19,560 --> 00:06:24,651 "ကိုယ့်ဟာကိုယ်သင်တယ်" ဆိုတဲ့စကားကို ပေါ့ပေါ့လေးပြောတာ ပထမဆုံးကြားဖူးခြင်းပဲ။ 131 00:06:24,651 --> 00:06:28,253 အဲ့ဒီနှစ်တွေက ပုံတွေကို ဒီမှာကြည့်လို့ရတယ်။ 132 00:06:28,253 --> 00:06:30,900 ဒါက နံရံမှာ အပေါက်ဖောက်ထားတဲ့ ပထမဆုံးနေ့ပါ။ 133 00:06:30,900 --> 00:06:33,138 ညာဘက်က ၈ နှစ်အရွယ်ကလေးပါ။ 134 00:06:33,138 --> 00:06:38,858 သူ့ဘယ်ဘက်က သူ့ရဲ့ကျောင်းသူဖြစ်ပြီး ကောင်မလေးက ၆ နှစ်ပါ။ 135 00:06:38,858 --> 00:06:42,455 ကောင်လေးက ကောင်မလေးကို ဘယ်လို browse လုပ်ရမလဲ သင်ပေးနေတယ်။ 136 00:06:42,455 --> 00:06:45,741 နိုင်ငံရဲ့ အခြားနေရာတွေမှာလည်း 137 00:06:45,741 --> 00:06:48,024 ဒါကို ထပ်တလဲလဲ လုပ်ခဲ့ကြည့်ရာ 138 00:06:48,024 --> 00:06:51,469 ရလဒ်ကတော့ အတူတူပါပဲ။ 139 00:06:51,469 --> 00:06:55,396 (နံရံတံတိုင်းထဲက အပေါက် ရုပ်ရှင် - ၁၉၉၉ ) 140 00:06:55,396 --> 00:06:59,661 သူ့အစ်မကို ၈ နှစ်အရွယ်ကလေးက ဘာလုပ်ရမလဲ ပြောပြနေတယ်။ 141 00:07:04,460 --> 00:07:10,017 နောက်ဆုံးတစ်ခုက ကောင်မလေးက Marathi စကားနဲ့ ဘာလဲဆိုတာ ရှင်းပြနေပြီး 142 00:07:10,017 --> 00:07:14,266 အထဲထဲမှာ processor ရှိကြောင်း ပြောပြနေတယ်။ 143 00:07:14,266 --> 00:07:16,759 ဒါကြောင့် ကျွန်တော် အကုန်လုံး တိုင်းတာမှုတွေလုပ်ပြီး 144 00:07:16,759 --> 00:07:19,314 နေရာအနှံ့ စတင်ထုတ်ဝေခဲ့တယ်။ 145 00:07:19,314 --> 00:07:21,516 ၉ လ အတွင်းမှာ ကလေးတစ်အုပ်စုကို 146 00:07:21,516 --> 00:07:24,214 ဘယ်ဘာသာနဲ့မဆိုရေးထားတဲ့ ကွန်ပြူတာနဲ့ လွှတ်ထားရင် 147 00:07:24,214 --> 00:07:28,729 အနောက်နိုင်ငံ ရုံးအတွင်းရေးမှူးနဲ့ အဆင့်တူ ဖြစ်သွားမယ်လို့ ကျွန်တော်ပြောခဲ့တယ်။ 148 00:07:28,729 --> 00:07:33,489 အဲ့လိုပဲ ထပ်ခါတစ်လဲလဲ ဖြစ်နေတာ ကျွန်တော်မြင်ခဲ့တယ်။ 149 00:07:33,489 --> 00:07:36,541 ဒါပေမဲ့ သူတို့ဒီလောက်လုပ်နိုင်ခဲ့ရင် တစ်ခြားဘာထပ်လုပ်နိုင်ဦးမလဲ 150 00:07:36,541 --> 00:07:38,461 ကျွန်တော် သိချင်ခဲ့တယ် 151 00:07:38,461 --> 00:07:40,989 သူတို့ကို တစ်ခြားဘာသာရပ် တွေနဲ့လည်း 152 00:07:40,989 --> 00:07:43,957 စတင်စမ်းသပ်ခဲ့တယ်၊ ဥပမာ အသံထွက်တွေပေါ့ 153 00:07:43,957 --> 00:07:46,405 အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ 154 00:07:46,405 --> 00:07:49,173 အင်္ဂလိပ် အသံထွက်အရမ်းညံ့တဲ့ ကလေးတွေနေတဲ့ ရပ်ကွက်ရှိတယ်။ 155 00:07:49,173 --> 00:07:52,693 သူတို့က အလုပ်ကောင်းတွေရဖို့ အသံထွက် ကောင်းဖို့လိုတယ်။ 156 00:07:52,693 --> 00:07:56,771 သူတို့ကို ကွန်ပြူတာက စကားပြောကနေ စာသား ပြောင်းပေးတဲ့ အင်ဂျင်ထည့်ပေးခဲ့တယ်။ 157 00:07:56,771 --> 00:08:00,045 "နင်တို့ပြောတာ ကွန်ပြူတာမှာပေါ်တဲ့အထိ ဆက်ပြော" လို့သူတို့ကိုပြောတယ်။ 158 00:08:00,045 --> 00:08:04,677 (ရယ်သံများ) 159 00:08:04,677 --> 00:08:09,861 သူတို့လုပ်ကြတယ်၊ ဒီမှာ နည်းနည်းကြည့်ကြည့်ပါ။ 160 00:08:09,861 --> 00:08:15,373 ကွန်ပြူတာ - တွေ့ရတာ ဝမ်းသာပါတယ် ကလေး - တွေ့ရတာဝမ်းသာပါတယ်။ 161 00:08:15,373 --> 00:08:17,644 Sugata Mitra: ဒီမိန်းကလေးနားမှာ ရပ်ပြရတာက၊ 162 00:08:17,644 --> 00:08:21,461 ဒီကလူအတော်များများ သူ့ကိုသိကြမယ်ထင်တယ်။ 163 00:08:21,461 --> 00:08:24,957 သူမက အခု Hyderabad မှာ ရှိတဲ့ call center မှာ အလုပ်ဝင်နေပြီး 164 00:08:24,957 --> 00:08:29,679 နင်တို့ရဲ့ အကြွေးဝယ်ကဒ် တွေကို ငွေရှင်းဖို့ 165 00:08:29,679 --> 00:08:34,452 အရမ်းရှင်းတဲ့ အင်္ဂလိပ်သံဝဲဝဲနဲ့ နှိပ်စက်နေလို့ပါ။ 166 00:08:34,452 --> 00:08:38,829 ဒါနဲ့ လူတွေက ပြောကြတယ်၊ ဘယ်အတိုင်းအတာထိ ဆက်သွားကြမှာလဲ။ 167 00:08:38,829 --> 00:08:40,399 ဘယ်တော့ ရပ်တန့်ကြမှာလဲ။ 168 00:08:40,399 --> 00:08:43,762 စိတ်ပျက်ဖွယ် အဆိုပြုချက်ကို ဖန်တီးပြီး 169 00:08:43,762 --> 00:08:46,266 ကျွန်တော့်ရဲ့ အဆိုကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ 170 00:08:46,266 --> 00:08:50,154 မဖြစ်နိုင်တဲ့ အဆိုကြမ်းတစ်ခုကို ပြုလုပ်ခဲ့တယ် 171 00:08:50,154 --> 00:08:51,958 Tamil က တောင်ပိုင်း အိန္ဒိယစကားပါ။ 172 00:08:51,958 --> 00:08:54,603 Tamil စကားပြောတဲ့ တောင်ပိုင်း အိန္ဒိယကလေး တစ်ယောက်က 173 00:08:54,603 --> 00:08:58,108 အင်္ဂလိပ်လိုသင်တဲ့ DNA ပွားများခြင်း ဇီဝနည်းပညာကို လမ်းဘေးကွန်ပြူတာကနေ 174 00:08:58,108 --> 00:09:00,355 သင်ယူနိုင်ပါ့မလား? 175 00:09:00,355 --> 00:09:02,590 ကျွန်တော်တိုင်းတာကြည့်တော့ သူတို့ သုညပဲရကြတယ်။ 176 00:09:02,590 --> 00:09:05,594 လပေါင်းများစွာကြာအောင် ကွန်ပြူတာကို ချန်ထားခဲ့တယ် 177 00:09:05,594 --> 00:09:07,898 ပြန်သွားတော့ သုညပဲထပ်ရတယ်။ 178 00:09:07,898 --> 00:09:12,254 စမ်းသပ်ခန်းကို ပြန်သွားပြီး ဆရာတွေလိုတယ်လို့ ပြောမလို့ပဲ 179 00:09:12,254 --> 00:09:16,317 တောင်ပိုင်း အိန္ဒိယက Kallikuppam လို့ခေါ်တဲ့ ရွာတစ်ရွာကို တွေ့ခဲ့တယ်။ 180 00:09:16,317 --> 00:09:18,994 နံရံကအပေါက်မှာ ကွန်ပြူတာတွေ တပ်ထားခဲ့ပြီး 181 00:09:18,994 --> 00:09:22,681 အင်တာနက်က DNA မျိုးပွားခြင်းဆိုင်ရာ အချက်အလက်တွေအားလုံး download လုပ်ပေးခဲ့တယ် 182 00:09:22,681 --> 00:09:25,986 ကျွန်တော်တောင် နားမလည်တာတွေကြီးပဲ။ 183 00:09:25,986 --> 00:09:28,963 ကလေးတွေအမြန်ရောက်လာပြီး "အဲ့ဒါ ဘာတွေလဲ" လို့မေးတော့ 184 00:09:28,963 --> 00:09:33,971 "အရမ်းရေပန်းစားနေတဲ့ ဟာပေါ့။ ဒါပေမဲ့ အင်္ဂလိပ်လိုကြီးပဲ" လို့ပြောခဲ့တယ် 185 00:09:33,971 --> 00:09:37,325 "ဒီလောက် အင်္ဂလိပ်စကားအခက်တွေ၊ ပုံတွေနဲ့ ဓါတုဗေဒ ဘာသာတွေကို 186 00:09:37,325 --> 00:09:39,403 ငါတို့ဘယ်လို နားလည်မလဲ" လို့ ပြောကြတယ်။ 187 00:09:39,403 --> 00:09:42,227 အခုအချိန်မှာတော့ သင်ကြားနည်းအသစ်ကိုသုံးပြီး 188 00:09:42,227 --> 00:09:45,111 "ဇဝေဇဝါ မဖြစ်မိပါဘူး"လို့ပဲဖြေခဲ့တယ် 189 00:09:45,111 --> 00:09:48,306 (ရယ်သံများ) 190 00:09:48,306 --> 00:09:51,256 ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်ထပ်ထွက်သွားခဲ့တယ် 191 00:09:51,256 --> 00:09:55,624 (ရယ်သံများ) 192 00:09:55,624 --> 00:09:59,213 လအတန်ကြာ ကျွန်တော် သူတို့ကို ချန်ထားခဲ့တယ်။ 193 00:09:59,213 --> 00:10:01,708 စာမေးပွဲဖြေခိုင်းတော့ သုညပဲထပ်ရတယ်။ 194 00:10:01,708 --> 00:10:02,772 ၂ လကြာတော့ ပြန်လာတယ်။ 195 00:10:02,772 --> 00:10:06,432 ကလေးတွေ တစ်ပြုံကြီး ရောက်လာပြီး၊ "ငါတို့ ဘာမှကိုနားမလည်ဘူး" လို့ပြောတယ် 196 00:10:06,432 --> 00:10:08,507 "အင်း ငါဘာကိုများ မျှော်လင့်နေလို့လဲ" 197 00:10:08,507 --> 00:10:12,592 "ကောင်းပြီ၊ ဘာမှနားမလည်ဘူး ဆိုတာကို 198 00:10:12,592 --> 00:10:15,353 ဘယ်လောက် ကြာချိန်မှာ ဆုံးဖြတ်ခဲ့တာလဲ" လို့မေးတော့ 199 00:10:15,353 --> 00:10:17,301 "ငါတို့ လက်မလျှော့ခဲ့ပါဘူး 200 00:10:17,301 --> 00:10:19,277 နေ့တိုင်း အဲ့ဒါကို ကြည့်တယ်" လို့ဖြေကြတယ် 201 00:10:19,277 --> 00:10:21,362 "ဘယ်လို၊ နင်တို့ ဒီ screen ကို နားမလည်ပဲနဲ့ 202 00:10:21,362 --> 00:10:24,446 ၂ လတောင်ကြာအောင် ကြည့်နေခဲ့ကြတယ်။ ဘာအတွက်လဲ"လို့ မေးကြည့်ခဲ့တယ်။ 203 00:10:24,446 --> 00:10:26,959 ဒါနဲ့ ခုနကတွေ့တဲ့ ကောင်မလေးက 204 00:10:26,959 --> 00:10:29,691 လက်ကိုမြှောက်ပြီး၊ မတောက်တခေါက် Tamil ၊ အင်္ဂလိပ် စကားနဲ့ 205 00:10:29,691 --> 00:10:31,888 "မမှန်တဲ့ DNA မော်လီကျူးမျိုးပွားခြင်းက 206 00:10:31,888 --> 00:10:35,039 နာမကျန်း ဖြစ်စေနိုင်တယ် ဆိုတဲ့ အချက်ကလွဲရင် 207 00:10:35,039 --> 00:10:37,560 ကျန်တာ ဘာမှနားမလည်ဘူး" လို့ဖြေပါတယ် 208 00:10:37,560 --> 00:10:43,272 (ရယ်သံများ) (လက်ခုပ်သံများ) 209 00:10:43,272 --> 00:10:47,392 ဒါနဲ့ သူတို့ကို စာမေးပွဲ စစ်ပါတယ်။ 210 00:10:47,392 --> 00:10:50,664 ပညာရေးဘက်မှာ မဖြစ်နိုင်တဲ့ သုညကနေ ၃၀ ရာခိုင်နှုန်းအဖြေကို 211 00:10:50,664 --> 00:10:52,968 ၂လအတွင်း အပူပိုင်းဒေသရဲ့ အပူချိန်အောက် 212 00:10:52,968 --> 00:10:56,408 သစ်ပင်အောက်က ကွန်ပြူတာမှာ သူတို့မသိတဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ 213 00:10:56,408 --> 00:10:59,480 ဆယ်စုနှစ်တစ်စုထိ ခေတ်ရှေ့ရောက်တဲ့ အရာကိုလုပ်စေပြီး ရခဲ့တယ်။ 214 00:10:59,480 --> 00:11:04,857 အဓိပ္ပါယ်မရှိပေမဲ့ ဗစ်တိုးရီးယန်းတွေရဲ့ စံအတိုင်း လုပ်ရမှာပေါ့။ 215 00:11:04,857 --> 00:11:08,257 ၃၀ ရာခိုင်နှုန်းက စာမေးပွဲကျတာပဲ 216 00:11:08,257 --> 00:11:11,193 သူတို့ကိုဘယ်လို အအောင်ပေးနိုင်မလဲ၊ အမှတ် ၂၀ ထပ်ပေးရမှာပါ။ 217 00:11:11,193 --> 00:11:16,030 ဆရာတော့ ရှာမတွေ့ပေမဲ့ သူတို့သူငယ်ချင်း တစ်ယောက်တော့ တွေ့ခဲ့တယ်၊ 218 00:11:16,030 --> 00:11:18,416 ၂၂ နှစ်အရွယ် စာရင်းကိုင် ကောင်မလေးဖြစ်ပြီး 219 00:11:18,416 --> 00:11:20,864 သူတို့နဲ့ အမြဲဆော့တဲ့သူပါ။ 220 00:11:20,864 --> 00:11:22,985 "သူတို့ကို ကူညီနိုင်မလား" လို့ မေးကြည့်တယ် 221 00:11:22,985 --> 00:11:25,256 သူမက "လုံးဝမလုပ်နိုင်ပါဘူး၊ 222 00:11:25,256 --> 00:11:28,333 ကျောင်းမှာ သိပ္ပံမသင်ခဲ့ရတော့ သူတို့ တနေ့ကုန် သစ်ပင်အောက်မှာ 223 00:11:28,333 --> 00:11:32,862 ဘာတွေလုပ်နေကြမှန်းကို မသိဘူး ကျွန်မတော့ မကူညီနိုင်ဘူး" လို့ဖြေတယ်။ 224 00:11:32,862 --> 00:11:37,393 "ဘာလုပ်ရမလဲဆို၊ အဘွားရဲ့နည်းလမ်း ကိုသာသုံးပါ"လို့ ပြောပြလိုက်တယ်။ 225 00:11:37,393 --> 00:11:38,723 "အဲ့ဒါက ဘယ်လိုများလဲ" 226 00:11:38,723 --> 00:11:40,110 "သူတို့အနောက်မှာ ရပ်နေပါ၊ 227 00:11:40,110 --> 00:11:41,716 သူတို့ တစ်ခုခုလုပ်တိုင်း၊ 228 00:11:41,732 --> 00:11:44,513 အိုး ဘယ်လိုများလုပ်လိုက်တာလဲ" လို့သာပြောပါ။ 229 00:11:44,529 --> 00:11:47,625 "နောက်စာမျက်နှာကဘာလဲ အိုး နင်တို့အရွယ်က ငါအဲ့လိုမလုပ်နိုင်ဘူး" 230 00:11:47,625 --> 00:11:50,547 အဘွားတွေဘယ်လိုလုပ်လဲ နင်သိသားပဲ။ 231 00:11:50,547 --> 00:11:52,721 ဒါနဲ့သူမက အဲ့ဒီအတိုင်း ၂လ ဆက်လုပ်ခဲ့တယ် 232 00:11:52,721 --> 00:11:55,635 အမှတ်က ၅၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားတယ်. 233 00:11:55,635 --> 00:11:57,289 ဇီဝနည်းပညာ ကျွမ်းကျင်ဆရာမ စာသင်တဲ့ 234 00:11:57,289 --> 00:11:59,167 New Delhi က 235 00:11:59,167 --> 00:12:03,303 ကျွန်တော့် ပုဂ္ဂလိက သူဌေးကျောင်းကို Kallikuppam က အမှီလိုက်နိုင်လာတယ်။ 236 00:12:03,303 --> 00:12:08,140 အဲ့ဒီဇယားကို တွေ့တဲ့အခါ မျှတအောင် လုပ်တဲ့နည်းရှိကြောင်း သိလိုက်တယ်။ 237 00:12:08,140 --> 00:12:10,236 ဒီမှာ Kallikuppam ပါ 238 00:12:10,236 --> 00:12:18,431 (ကလေးများ စကားပြောသံ) နယူရွန်..ဆက်သွယ်မှု 239 00:12:18,431 --> 00:12:22,122 သိပ်မရိုက်တတ်လို့ ကင်မရာ နေရာလွဲသွားလို့ပါ။ 240 00:12:22,122 --> 00:12:24,618 သူမပြောနေတာက neurons တွေ အချင်းချင်း 241 00:12:24,618 --> 00:12:27,025 ဆက်သွယ်တဲ့အကြောင်းကို အခု မြင်ရသလိုပဲ၊ 242 00:12:27,025 --> 00:12:30,581 လက်ဟန်ခြေဟန်နဲ့ (၁၂) နှစ်အရွယ်မှာ 243 00:12:30,581 --> 00:12:33,925 ရှင်းပြနေတာပါ။ 244 00:12:33,925 --> 00:12:37,135 ဒါဆို အလုပ်တွေကကော ဘယ်လိုမျိုးဖြစ်ကြမလဲ။ 245 00:12:37,135 --> 00:12:39,426 ဒီကနေ့ ဘယ်လိုပုံစံလဲ ဆိုတာတော့ သိကြတယ်။ 246 00:12:39,426 --> 00:12:41,764 သင်ယူမှုကကော ဘာဆက်ဖြစ်ကြမလဲ။ ကလေးတွေက 247 00:12:41,764 --> 00:12:44,817 မိုဘိုင်းဖုန်းတွေကိုပဲ လက်ထဲ ကိုင်ထားကြပြီး 248 00:12:44,817 --> 00:12:48,590 စာအုပ်ယူပြီး ကျောင်းသွားဖို့ကျတော့ တွန့်ဆုတ်နေကြတာဆိုတော့ 249 00:12:48,590 --> 00:12:52,549 ဘာတွေဆက်ဖြစ်ဦးမလဲ။ 250 00:12:52,549 --> 00:12:57,449 ကျောင်းသွားဖို့ မလိုတော့တဲ့ အခြေအနေမျိုး ဖြစ်လာမှာလား။ 251 00:12:57,449 --> 00:13:00,989 တစ်ခုခုကို သိဖို့လိုတဲ့အခါ ၂ မိနစ်နဲ့ သိနိုင်မဲ့ အချိန်မျိုး 252 00:13:00,989 --> 00:13:04,309 ရောက်လာမှာလား။ 253 00:13:04,309 --> 00:13:08,414 ဖြစ်လာမလား ဆိုတာက Nicholas Negroponte ကျွန်တော့်ကို ထောင်ချောက်ဆင်လိုက်တဲ့ 254 00:13:08,414 --> 00:13:11,206 မေးခွန်းပါပဲ- 255 00:13:11,206 --> 00:13:14,245 သိနားလည်ခြင်းက ခေတ်ကုန်နေပြီဆိုတဲ့ အနာဂတ်တစ်ခုဆီကို 256 00:13:14,245 --> 00:13:17,605 ကျွန်တော်တို့ ဦးတည်နေကြသလား။ 257 00:13:17,605 --> 00:13:20,138 ဒါဆိုရင်တော့ အရမ်းဆိုးတာပဲ။ ကျွန်တော်တို့က 258 00:13:20,138 --> 00:13:24,055 လူသားမျိုးနွယ်စု တွေဖြစ်ပြီး ဒါက လူဝံတွေနဲ့ ကွဲပြားစေတဲ့အချက်ပဲ။ 259 00:13:24,055 --> 00:13:25,832 ဒါပေမဲ့ ဒီလို စဉ်းစားကြည့်ပါ။ 260 00:13:25,832 --> 00:13:28,378 သဘာဝတရားက လူဝံတွေကို မတ်တပ်ရပ်၊ လမ်းလျှေက်ပြီး 261 00:13:28,378 --> 00:13:30,514 လူသားမျိုးနွယ်စု ဝင်တွေလို ဖြစ်ဖို့အတွက် 262 00:13:30,514 --> 00:13:32,698 နှစ် သန်း ၁၀၀ လောက်ကြာခဲ့တယ်။ 263 00:13:32,698 --> 00:13:36,394 ခေတ်ကုန်ကြောင်း ကျွန်တော်တို့သိဖို့ နှစ် ၁ သောင်းပဲ ကြာတော့ 264 00:13:36,394 --> 00:13:38,576 ဒါဟာ အောင်မြင်မှုပဲ။ 265 00:13:38,576 --> 00:13:42,603 ဒါပေမဲ့ အနာဂတ်နဲ့တော့ ပူးပေါင်းဆောင်ရွက်ရဦးမယ်။ 266 00:13:42,603 --> 00:13:45,562 အားပေးမှုကတော့ အဓိကအချက်ပဲ။ 267 00:13:45,562 --> 00:13:46,772 Kuppam နဲ့ 268 00:13:46,772 --> 00:13:49,586 ကျွန်တော်လုပ်ခဲ့တဲ့ စမ်းသပ်မှုတွေ အကုန်လုံးကို ကြည့်ရင်၊ 269 00:13:49,586 --> 00:13:56,721 အိုး ဩချလောက်စရာ သင်ယူမှုပဲလို့ ပြောကြမှာပဲ။ 270 00:13:56,721 --> 00:13:59,115 အာရုံကြောသိပ္ပံပညာရပ်မှ အထောက်အထား တစ်ခု ရှိတယ်။ 271 00:13:59,115 --> 00:14:02,317 ဦးနှောက်ရဲ့အလယ်မှာရှိတဲ့ တွားသွားသတ္တဝါဆိုင်ရာ ဦးနှောက်ပိုင်းက 272 00:14:02,317 --> 00:14:06,053 ခြိမ်းခြောက်ခံရချိန်မှာ လုပ်ငန်း အားလုံးကို လုံးဝရပ်ပစ်လိုက်တယ်၊ 273 00:14:06,053 --> 00:14:09,731 prefrontal cortex ဆိုတဲ့သင်ယူမှု နဲ့ဆိုင်တဲ့ အပိုင်းကိုကော၊ 274 00:14:09,731 --> 00:14:12,475 အားလုံးကို ရပ်ပစ်လိုက်တယ်။ 275 00:14:12,475 --> 00:14:16,623 အပြစ်ပေးခြင်းနဲ့ စာမေးပွဲတွေက ခြိမ်းခြောက်မှုတွေလို့ ပြောလို့ရတယ်။ 276 00:14:16,623 --> 00:14:20,248 ကျွန်တော်တို့ ကလေးတွေကို ဦးနှောက်တွေ ရပ်အောင်လုပ်လိုက်ပြီး၊ 277 00:14:20,248 --> 00:14:22,944 အလုပ်လုပ်ကြ လို့ လုပ်ခိုင်းသလိုပါပဲ။ 278 00:14:22,944 --> 00:14:26,425 ဒီလိုပုံစံစနစ်ကို ဘာလို့ တည်ထွင်ခဲ့သလဲ ဆိုတော့ 279 00:14:26,425 --> 00:14:28,071 အဲ့ဒီတုန်းကတော့ လိုအပ်ခဲ့လို့ပါ။ 280 00:14:28,071 --> 00:14:30,656 ဧကရာဇ်ဘုရင်တွေ ခေတ်က 281 00:14:30,656 --> 00:14:34,926 ခြိမ်းခြောက်မှု အောက်မှာ ရှင်သန်နိုင်မဲ့ လူတွေကို လိုအပ်ချိန် ရှိခဲ့တယ်။ 282 00:14:34,926 --> 00:14:37,193 ကတုတ်ကျင်းထဲမှာ တစ်ယောက်ထဲ ကျန်ခဲ့ချိန်မှာ 283 00:14:37,193 --> 00:14:41,224 မသေပဲရှင်နေရင် အောင်မြင်သွားပြီ၊ 284 00:14:41,224 --> 00:14:44,197 မဟုတ်ရင်တော့ ကျရှုံးပြီပေါ့။ 285 00:14:44,197 --> 00:14:46,853 ဒါပေမဲ့ ဧကရာဇ်စနစ်က မရှိတော့ဘူး။ 286 00:14:46,853 --> 00:14:50,491 တည်ထွင်ဖန်တီးမှုကရော ကျွန်တော်တို့ခေတ်မှာ ဘာဖြစ်သွားလဲ။ 287 00:14:50,491 --> 00:14:53,506 ခြိမ်းခြောက်မှုကို ပျော်ရွှင်မှုအဖြစ် 288 00:14:53,506 --> 00:14:56,915 ပြန်ပြောင်းပေးဖို့ လိုအပ်တယ်။ 289 00:14:56,915 --> 00:15:00,867 ကျွန်တော် အင်္ဂလန်ကို ပြန်လာပြီး အင်္ဂလိပ်အဘွားကြီးတွေကို ရှာခဲ့တယ်။ 290 00:15:00,867 --> 00:15:03,884 အင်္ဂလိပ်အဘွားကြီး တစ်ယောက်ဖြစ်ပြီး broadband အင်တာနက်နဲ့ 291 00:15:03,884 --> 00:15:07,304 web camera အိမ်မှာ တပ်ထားရင် တစ်ပတ်မှာ တစ်နာရီလောက် 292 00:15:07,304 --> 00:15:10,531 အခမဲ့ အချိန်ပေးနိုင်မလားလို့ ကြော်ငြာတွေ တင်ခဲ့တယ်။ 293 00:15:10,531 --> 00:15:12,643 ပထမ နှစ်ပတ်မှာ အယောက်(၂၀၀) ရှာတွေ့ခဲ့တယ်။ 294 00:15:12,643 --> 00:15:17,551 တစ်ကမ္ဘာလုံးမှာ အင်္ဂလိပ်အဘွားကြီးတွေကို ကျွန်တော့လောက် ဘယ်သူမှမသိဘူးဗျ (ရယ်သံများ) 295 00:15:17,551 --> 00:15:21,306 သူတို့ကို Granny Cloud လို့ခေါ်တယ်။ 296 00:15:21,306 --> 00:15:23,096 Granny Cloud က လိုင်းပေါ်မှာရှိနေပြီး 297 00:15:23,096 --> 00:15:27,470 ကလေးတစ်ယောက်က အကူအညီလိုရင် Gran တွေကို အချက်ပြလိုက်ချိန်မှာ 298 00:15:27,470 --> 00:15:31,039 Skype ထဲဝင်ပြီး၊ သူတို့ကို ကူညီဖြေရှင်း ပေးတယ်။ 299 00:15:31,039 --> 00:15:34,658 အင်္ဂလန်နိုင်ငံ အနောက်မြောက်ဘက်က 300 00:15:34,658 --> 00:15:36,703 Diggles လို့ခေါ်တဲ့ ရွာလေးကနေ 301 00:15:36,703 --> 00:15:40,007 မိုင် ၆,၀၀၀ ဝေးတဲ့ အိန္ဒိယနိုင်ငံက Tamil Nadu ရွာဆီကို 302 00:15:40,007 --> 00:15:42,247 ကူညီပေးတာ တွေ့ခဲ့ရတယ်။ 303 00:15:42,247 --> 00:15:45,823 ရှေးပုံစံ လက်ဟန်ခြေဟန်နဲ့ပဲ 304 00:15:45,823 --> 00:15:47,538 "ရှူး" ပေါ့။ 305 00:15:47,538 --> 00:15:50,263 အိုကေတယ် နော်။ 306 00:15:50,263 --> 00:15:51,799 ဒီမှာကြည့်ပါ။ 307 00:15:51,799 --> 00:15:56,055 အဘွား - ငါ့ကို နင် နားမလည်မိဘူး။ နင် ထပ်ပြောစမ်း။ 308 00:15:56,055 --> 00:15:59,823 ငါ့ကို နင် နားမလည်မိဘူး။ 309 00:15:59,823 --> 00:16:02,791 ကလေးများ - ငါ့ကို နင် နားမလည်မိဘူး။ 310 00:16:02,791 --> 00:16:08,373 အဘွား -ငါက Gingerbread Man ပဲ ကလေးများ - ငါက Gingerbread Man ပဲ 311 00:16:08,373 --> 00:16:12,963 အဘွား - အရမ်း တော်ကြတာပဲ။ 312 00:16:12,963 --> 00:16:15,421 SM - ဒီမှာ ဘာဖြစ်နေကြတာလဲ 313 00:16:15,421 --> 00:16:17,265 ကျွန်တော်တို့ လုပ်ရမှာကတော့ 314 00:16:17,265 --> 00:16:19,646 ပညာရေးကို ကိုယ်ထူကိုယ်ထ သင်ယူတဲ့ပုံစံအနေနဲ့ 315 00:16:19,646 --> 00:16:24,234 လုပ်ကြရမှာပါ။ 316 00:16:24,234 --> 00:16:27,079 ပညာရေးကို မိမိဘာသာသင်ယူတဲ့ ပုံစံမျိုး ခွင့်ပြုခဲ့မယ်ဆိုရင်၊ 317 00:16:27,079 --> 00:16:29,570 သင်ယူချင်စိတ်တွေ ပိုရှိလာကြမှာပါ။ 318 00:16:29,570 --> 00:16:31,963 သင်ယူမှုကို ပျော်စရာ ဖြစ်စေမှု မဟုတ်ဘဲ 319 00:16:31,963 --> 00:16:34,179 သင်ယူမှုကို အလိုလို ဖြစ်လာရန်ပါ။ 320 00:16:34,179 --> 00:16:37,452 ဆရာမက သင်ယူမှုကို စတင်စေပြီး 321 00:16:37,452 --> 00:16:40,171 မလှမ်းမကမ်းမှ 322 00:16:40,171 --> 00:16:42,539 သင်ယူမှုကို အလိုလိုဖြစ်စေဖို့ စောင့်ကြည့်နေယုံပါ။ 323 00:16:42,539 --> 00:16:45,492 ဒါကတော့ အဲဒါရဲ့ အဓိကရည်ရွယ်ချက်ပါပဲ။ 324 00:16:45,492 --> 00:16:48,244 ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လိုများ သိနိုင်မှာလဲ။ 325 00:16:48,244 --> 00:16:49,919 ဒီလို (SOLE) ဆိုတဲ့ ကိုယ်ထူကိုယ်ထ 326 00:16:49,919 --> 00:16:53,220 လေ့လာသင်ယူရေး ပတ်ဝန်းကျင်မျိုးတွေကို ထူထောင်ပေးဖို့ ရည်ရွယ်ထားတယ်။ 327 00:16:53,220 --> 00:16:56,905 ဒီကျောင်းတွေက အင်တာနက်၊ စုပေါင်းလုပ်ကိုင်မှု နဲ့ 328 00:16:56,905 --> 00:16:59,228 အားပေးမှုတို့ ပူးပေါင်းထားတာပါ။ 329 00:16:59,228 --> 00:17:01,004 ကျောင်းအများကြီးမှာ စမ်းကြည့်ခဲ့တယ်။ 330 00:17:01,004 --> 00:17:03,539 ကမ္ဘာအနှံ့ မှာကောပဲ။ ဆရာတွေက 331 00:17:03,539 --> 00:17:07,165 "ဒါ သူ့အလိုလို ဖြစ်လာနိုင်လား" လို့မေးကြတယ် 332 00:17:07,165 --> 00:17:10,282 "သူ့အလိုလို ဖြစ်လာတာပေါ့" လို့ပြောတော့ "ဘယ်လိုသိနိုင်မှာလဲ" တဲ့ 333 00:17:10,282 --> 00:17:13,775 "ဘယ်သူကပြောတာလဲ နဲ့ သူတို့ ဘယ်ကလဲဆိုတာ သိရင် 334 00:17:13,775 --> 00:17:16,703 အရမ်း အံ့ဩကြလိမ့်မယ်" လို့ ပြန်ဖြေခဲ့တယ်။ 335 00:17:16,703 --> 00:17:19,447 ဒါက SOLE မှာ လေ့လာနေကြပုံပါ 336 00:17:19,447 --> 00:17:25,556 (ကလေးများ စကားပြောသံ) 337 00:17:25,556 --> 00:17:31,845 ဒီတစ်ခုက England မှာပါ 338 00:17:31,845 --> 00:17:35,641 သူက စည်းကမ်း ထိန်းသိမ်းရေးကို လုပ်ပေးရတာပေါ့၊ 339 00:17:35,981 --> 00:17:41,586 အနားမှာက ဆရာမရှိဘူးလေ 340 00:17:44,136 --> 00:17:49,999 ကောင်မလေး - electron စုစုပေါင်းက proton စုစုပေါင်းရေအတွက်နဲ့ မညီဘူး။ SM-Australia 341 00:17:49,999 --> 00:17:56,734 ကောင်မလေး - သူ့ကို အဖိုဓါတ် (သို့) အမဓါတ် အားသွင်းကြည့်ပါ 342 00:17:56,734 --> 00:18:00,318 ion ပေါ်က စုစုပေါင်းဓါတ်အားက ion ထဲမှာရှိတဲ့ proton တွေထဲက 343 00:18:00,318 --> 00:18:03,611 electron တွေိနုတ်ထားတဲ့ ဓါတ်အားနဲ့ ညီမျှတယ်။ 344 00:18:03,611 --> 00:18:06,660 SM: သူမရဲ့အချိန်ထက် ဆယ်စုနှစ်တစ်ခုစာလောက် ရှေ့ပြေးနေပြီ။ 345 00:18:06,660 --> 00:18:10,263 ဒါကြောင့် SOLE မှာ မေးခွန်းကြီးတွေပါတဲ့ သင်ရိုးတွေလိုနေပြီ 346 00:18:10,263 --> 00:18:12,469 အမှန်တော့ ဒါကဘာလဲ သင်ကြားဖူးပြီးသားပါ 347 00:18:12,469 --> 00:18:15,870 ကျောက်ခေတ်လူသားတွေ 348 00:18:15,870 --> 00:18:17,974 ကောင်းကင်ကိုမော့ကြည့်လေ့ရှိပြီး 349 00:18:17,974 --> 00:18:20,453 မှိတ်တုတ်မှိတ်တုတ်လင်းနေတာ ဘာတွေလဲလို့ ပြောခဲ့ကြတယ်။ 350 00:18:20,453 --> 00:18:25,247 သူတို့ရဲ့ ဒီသင်ရိုးအလား အံ့ဩဖွယ် မေးခွန်း တွေကို ကျွန်တော်တို့ သတိမမူမိကြဘူး။ 351 00:18:25,247 --> 00:18:29,377 ထောင့်တစ်ခုရဲ့ တန်းဂျန့်အချိုးကို ပြောပြဖို့ဖြစ်လာတယ်။ 352 00:18:29,377 --> 00:18:33,085 ဒါပေမဲ့ ဒါက သိပ်စိတ်လှုပ်ရှားစရာ မကောင်းသေးဘူး။ 353 00:18:33,085 --> 00:18:36,046 ၉ နှစ် ကလေးတစ်ယောက်ကို စိတ်ဝင်စားအောင် ပြောမယ်ဆိုရင် 354 00:18:36,046 --> 00:18:39,199 "ကမ္ဘာက ဥက္ကာခဲတစ်ခု နဲ့ တိုက်မိတော့မယ်ဆိုပါစို့၊ 355 00:18:39,199 --> 00:18:42,597 ဖြစ်နိုင်/မဖြစ်နိုင် ဘယ်လိုတွက်ချက်မလဲ" လို့ ပြောရမှာပေါ့။ 356 00:18:42,597 --> 00:18:45,157 သူက "ဘာလဲ၊ ဘယ်လိုဖြစ်မှာလဲ" ပြန်မေးလာရင် 357 00:18:45,157 --> 00:18:48,142 "မှော်စကားလုံးရှိတယ်။ ဒါကို တန်းဂျန့်အချိုးလို့ခေါ်တယ်" 358 00:18:48,142 --> 00:18:51,013 လို့ပြောပြီးထားခဲ့ပါ။ သူ့ဟာသူ အဖြေရှာပါလိမ့်မယ်။ 359 00:18:51,013 --> 00:18:55,471 ဒါကတော့ SOLEs က ပုံတစ်ချို့ပါ။ 360 00:18:55,471 --> 00:19:01,060 ကျွန်တော်က ၉ နှစ်အရွယ် ကလေးတွေကို 361 00:19:01,060 --> 00:19:05,348 "ကမ္ဘာက ဘယ်လိုစဖြစ်လာလဲ၊ ဘယ်လိုအဆုံးသတ်မလဲ" စတဲ့ မဖြစ်နိုင်တဲ့ 362 00:19:05,348 --> 00:19:07,293 မေးခွန်းတွေနဲ့စမ်းသပ်ခဲ့တယ်။ 363 00:19:07,293 --> 00:19:10,269 ဒီတစ်ခုက အသက်ရှုလိုက်တဲ့လေ ဘာဖြစ်သွားလဲ ဆိုတဲ့အကြောင်းပါ။ 364 00:19:10,269 --> 00:19:15,227 ဆရာတွေ အကူအညီမပါဘဲ ကလေးတွေ သူ့ဟာသူ လုပ်ကြတာပါ။ 365 00:19:15,227 --> 00:19:17,611 ဆရာက မေးခွန်းပဲမေးပြီး 366 00:19:17,611 --> 00:19:21,275 သူတို့အဖြေတွေကို ချီးမွမ်းပေးတယ်။ 367 00:19:21,275 --> 00:19:25,011 ဒီတော့ ကျွန်တော်ဖြစ်ချင်တာက ဘာလဲ။ 368 00:19:25,011 --> 00:19:27,227 ကျွန်တော့် ဆန္ဒကတော့ 369 00:19:27,227 --> 00:19:31,541 အနာဂတ်ရဲ့ သင်ယူမှုကို ပုံဖော်ပေးဖို့ပါ။ 370 00:19:31,541 --> 00:19:33,507 ကျုပ်တို့ဟာ လူသားကွန်ပြူတာကြီးရဲ့ 371 00:19:33,507 --> 00:19:35,899 စက်အပိုပစ္စည်းတော့ မဖြစ်ချင်ကြဘူးမဟုတ်လား။ 372 00:19:35,899 --> 00:19:39,555 ဒါကြောင့် အနာဂတ်သင်ယူမှုအတွက် ပုံစံချဖို့လိုတယ်။ 373 00:19:39,555 --> 00:19:41,191 ဒါကြောင့် ကျွန်တော့အနေနဲ့ - ခဏလေး 374 00:19:41,191 --> 00:19:43,891 ဒါက အရမ်းအရေးကြီးလို့ 375 00:19:43,891 --> 00:19:46,535 ဒီအသုံးအနှုန်းကို အတိအကျလေး မှန်အောင်ပြောရမယ်။ 376 00:19:46,535 --> 00:19:48,851 ကျွန်တော့ ဆန္ဒက ကမ္ဘာပေါ်က ကလေးတွေကို ပံ့ပိုးပြီး 377 00:19:48,851 --> 00:19:51,085 သူတို့စူးစမ်းမှုနဲ့ အတူတကွ လုပ်ကိုင်နိုင်မှုကို 378 00:19:51,085 --> 00:19:54,131 လမ်းဖွင့်ပေးခြင်းဖြင့် အနာဂတ်သင်ယူမှု ပုံစံချမှတ်ပေးဖို့ဖြစ်တယ်။ 379 00:19:54,131 --> 00:19:56,783 ဒီကျောင်းမျိုးကို အကောင်အထည် ဖော်နိုင်ဖို့ ကူညီပေးကြပါ။ 380 00:19:56,783 --> 00:19:59,699 ၎င်းကို "တိမ်လှိုင်းပေါ်က ကျောင်း"လို့ အမည်ပေးမှာဖြစ်ပြီး 381 00:19:59,699 --> 00:20:04,772 ကလေးများအား ဆရာတွေမှ မေးကြတဲ့ မေးခွန်းကြီးတွေရဲ့ တွန်းအားပေးမှုဖြင့် 382 00:20:04,772 --> 00:20:08,629 ပညာတွေကို စွန့်စားလေ့လာကြမှာဖြစ်တယ်။ 383 00:20:08,629 --> 00:20:10,900 ကျွန်တော် လုပ်ချင်တဲ့ပုံစံက 384 00:20:10,900 --> 00:20:15,260 ကျွန်တော် လေ့လာနိုင်တဲ့ ပံ့ပိုးမှုရှိတဲ့နေရာဖြစ်ပြီး 385 00:20:15,260 --> 00:20:18,060 ဒါက လက်တွေ့ထိန်းချုပ်သူမဲ့တဲ့ ပံ့ပိုးမှုမျိုးပါ။ 386 00:20:18,060 --> 00:20:20,097 ကျန်းမာရေးနဲ့ ဘေးကင်းရေးကို စီမံပေးမယ့် 387 00:20:20,097 --> 00:20:21,958 Granny တစ်ဦးထဲ ရှိပါတယ်။ 388 00:20:21,958 --> 00:20:23,701 ကျန်တာအကုန် cloud ထံမှပဲလာမှာပါ။ 389 00:20:23,701 --> 00:20:25,616 မီးအဖွင့်၊ အပိတ်ကို cloud ကနေပဲလုပ်မှာပါ 390 00:20:25,616 --> 00:20:27,644 စသည်ဖြင့် အားလုံး cloud ကလုပ်ပေးမှာပါ။ 391 00:20:27,644 --> 00:20:30,869 ဒါပေမဲ့ အခြားရည်ရွယ်ချက်တစ်ခု အတွက် ခင်ဗျားတို့ကို လိုအပ်တယ်။ 392 00:20:30,869 --> 00:20:33,628 ကိုယ်ထူကိုယ်ထ လေ့လာသင်ယူရေး ပတ်ဝန်းကျင် (SOLEs) ကို 393 00:20:33,628 --> 00:20:37,974 အိမ်၊ ကျောင်း၊ ကျောင်းပြင်ပနဲ့ ကလပ်အသင်းများမှာ လုပ်နိုင်တယ်။ 394 00:20:37,974 --> 00:20:40,372 ဒီလိုလုပ်ဖို့ အရမ်းလွယ်တယ်။ TED ကထုတ်ဝေထားတဲ့ 395 00:20:40,372 --> 00:20:42,660 သိပ်ကောင်းတဲ့ လမ်းညွှန်စာရွက်စာတမ်း ရှိပါတယ်။ 396 00:20:42,660 --> 00:20:45,576 ပြုလုပ်နိုင်ကြပါက၊ 397 00:20:45,576 --> 00:20:48,401 တိုက်ကြီး (၅) ခုစလုံးမှာ ကျေးဇူးပြုပြီး လုပ်ပေးကြပါ။ 398 00:20:48,401 --> 00:20:50,612 ပြီးရင် ကျွန်တော့်ကို ဒေတာတွေ ပို့ပေးပါ။ 399 00:20:50,612 --> 00:20:54,116 ရတဲ့အချက်အလက်တွေစုပြီး၊ တိမ်လှိုင်းပေါ်က ကျောင်းထံကိုပို့ပြီး 400 00:20:54,116 --> 00:20:57,380 သင်ယူမှုရဲ့ အနာဂတ်ကိုဖန်တီးကြမယ်။ 401 00:20:57,380 --> 00:20:59,052 ဒါကတော့ ကျွန်တော့်ဆန္ဒပါပဲ။ 402 00:20:59,052 --> 00:21:00,175 နောက်ဆုံးအနေနဲ့ 403 00:21:00,175 --> 00:21:03,188 ကျွန်တော် ခင်ဗျားတို့ကို ဟိမဝန္တာ တောင်ထိပ်ကို ခေါ်သွားပါမယ်။ 404 00:21:03,188 --> 00:21:06,491 ပေ ၁၂,၀၀၀ ကျော် လေသိပ်မပြင်းတဲ့နေရာမှာ 405 00:21:06,491 --> 00:21:09,476 နံရံအပေါက်ထဲ ကွန်ပြူတာ(၂)လုံး ကျွန်တော် တပ်ထားခဲ့ဖူးတယ်၊ 406 00:21:09,476 --> 00:21:10,841 ကလေးတွေ စုပြုံလာကြတယ်။ 407 00:21:10,841 --> 00:21:13,828 ကျွန််တော့်နောက် တစ်ကောက်ကောက်လိုက်တဲ့ ကလေးမ တစ်ယောက်ရှိခဲ့တယ်။ 408 00:21:13,828 --> 00:21:18,544 "လူတိုင်း၊ ကလေးတိုင်းကို ကွန်ပြူတာတွေ ငါပေးချင်တယ်၊ 409 00:21:18,544 --> 00:21:20,945 ငါဘာလုပ်သင့်လဲမသိဘူး"လို့ သူ့ကို မေးတယ်။ 410 00:21:20,945 --> 00:21:24,976 ပြီးတော့ သူ့ကိုတိတ်တိတ်လေး ဓါတ်ပုံရိုက်မလို့ လုပ်နေတုန်း 411 00:21:24,976 --> 00:21:29,032 ရုတ်တရက် သူ့လက်လေးကို ဒီလိုမြှောက်ပြီး ပြောလိုက်တာက 412 00:21:29,032 --> 00:21:30,921 "အဲဒါကို ဆက်လုပ်နေပါ" တဲ့ 413 00:21:30,921 --> 00:21:42,585 (ရယ်သံများ) (လက်ခုပ်သံများ) 414 00:21:42,585 --> 00:21:44,526 ဒါက အကြံဉာဏ်ကောင်းပါ။ 415 00:21:44,526 --> 00:21:46,714 သူလေးရဲ့အကြံကိုနားထောင်ကာ အပြောတွေရပ်ခဲ့တယ်။ 416 00:21:46,714 --> 00:21:50,704 ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ် 417 00:21:50,704 --> 00:21:54,455 (လက်ခုပ်သံများ) 418 00:21:54,455 --> 00:22:02,779 ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) 419 00:22:02,779 --> 00:22:09,194 ကျေးဇူးအများကြီး တင်ပါတယ်။ ဝိုး။ (လက်ခုပ်သံများ)