WEBVTT 00:00:02.594 --> 00:00:06.690 အနာဂတ်ရဲ့သင်ယူမှုပုံစံက ဘာများဖြစ်လိမ့်မလဲ။ NOTE Paragraph 00:00:06.690 --> 00:00:08.970 ကျွန်တော့်မှာ စီမံချက်တစ်ခုတော့ ရှိပြီးသားပါ။ 00:00:08.970 --> 00:00:12.050 ဒါပေမဲ့ ဒီအကြောင်းကို ပြောပြနိုင်ဖို့အတွက် 00:00:12.050 --> 00:00:15.020 ဒီလိုဖြစ်ဖို့ အကြောင်းဖန်စေတဲ့ 00:00:15.020 --> 00:00:17.866 ဖြစ်စဉ်လေးကို ပြောဖို့လိုမယ်။ NOTE Paragraph 00:00:17.866 --> 00:00:20.283 ကျွန်တော်တို့ ကျောင်းတွေက 00:00:20.283 --> 00:00:21.980 သင်ယူနည်း ပုံစံတွေဟာ ဘယ်ကလာသလဲ 00:00:21.980 --> 00:00:24.340 လေ့လာခဲ့တယ်။ 00:00:25.500 --> 00:00:27.762 ဟိုး အတိတ်ကိုလည်း ပြန်ကြည့်လို့ရတယ်။ 00:00:27.762 --> 00:00:31.575 ဒါပေမဲ့ ကနေ့ခေတ် ကျောင်းပညာရေးကိုကြည့်ရင် 00:00:31.575 --> 00:00:35.277 သူ့ရဲ့ဇစ်မြစ်ကို ခန့်မှန်းဖို့ အရမ်းလွယ်တယ်။ 00:00:35.357 --> 00:00:39.225 ဒီစနစ်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ဝ လောက်ကတည်း စခဲ့ပြီး 00:00:39.325 --> 00:00:41.442 ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ 00:00:41.442 --> 00:00:44.380 နောက်ဆုံးအင်ပါယာ ဖြစ်တဲ့ ဗြိတိသျှအင်ပါယာက လာတာပါ။ 00:00:44.380 --> 00:00:46.815 တွေးကြည့်ပါ၊ 00:00:46.815 --> 00:00:52.123 ကွန်ပျူတာတွေ၊ ဖုန်းတွေမရှိ 00:00:52.123 --> 00:00:55.987 ဒေတာတွေကို လက်ရေးနဲ့ စာရွက်ပေါ်မှာ မှတ်တမ်းတင်ရပြီး 00:00:55.987 --> 00:00:58.469 ခရီးသွားဖို့ သင်္ဘောကိုပဲ အသုံးပြုပြီး လည်ပတ်နေရတဲ့ 00:00:58.469 --> 00:01:00.469 ကမ္ဘာကြီးက ဘယ်လိုဖြစ်မလဲ။ 00:01:00.669 --> 00:01:02.823 ဒါပေမဲ့ Victorian ခေတ်က အဲ့လိုလုပ်ခဲ့ကြတယ်။ 00:01:02.823 --> 00:01:06.481 အဲ့ဒါက အရမ်းအံ့သြဖို့ ကောင်းတယ်။ 00:01:06.481 --> 00:01:09.963 တစ်ကမ္ဘာလုံးက လူတွေနဲ့ ဖွဲ့စည်းထားတဲ့ 00:01:09.963 --> 00:01:12.359 ကွန်ပြူတာတစ်လုံးလိုမျိုး ဖြစ်ပြီး 00:01:12.359 --> 00:01:14.152 အခုထိရှိနေတဲ့စနစ်ကို တီထွင်ခဲ့တယ်။ 00:01:14.152 --> 00:01:20.131 ဒါကို ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရား လို့ခေါ်တယ်။ 00:01:20.131 --> 00:01:23.458 ဒီစက်ယန္တရားကြီး လည်ပတ်ဖို့ဆိုရင်၊ 00:01:23.458 --> 00:01:26.659 လူတွေအများကြီး လိုတယ်။ 00:01:26.659 --> 00:01:31.018 ဒီလူတွေကို မွေးထုတ်ဖို့ အခြားစက်တစ်မျိုး ထုတ်လုပ်ခဲ့သေးတယ်- 00:01:31.658 --> 00:01:33.644 ဒါကတော့ ကျောင်းတွေပါ။ 00:01:33.914 --> 00:01:36.691 ကျောင်းတွေက ဒီ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားရဲ့ 00:01:36.691 --> 00:01:40.100 အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ့်လူတွေကို 00:01:40.100 --> 00:01:43.925 မွေးထုတ်ပေးမှာပါ။ 00:01:44.295 --> 00:01:48.315 ဒီလူတွေက တစ်ဦးနဲ့တစ်ဦး တထေရာတည်း ဖြစ်ရမယ်။ 00:01:48.315 --> 00:01:50.472 အချက်(၃)ခုကိုလည်း သိရမယ်- 00:01:50.472 --> 00:01:53.512 အချက်အလက်တွေက လက်နဲ့ရေးထားတဲ့အတွက် လက်ရေးလှရမယ်၊ 00:01:53.512 --> 00:01:55.667 စာဖတ်နိုင်ရမယ်၊ 00:01:55.667 --> 00:01:59.616 အပေါင်း၊ အနုတ်၊ အမြှောက်၊အစားတွေ 00:01:59.656 --> 00:02:01.609 စိတ်နဲ့တင် လုပ်တတ်ရမယ်။ 00:02:01.609 --> 00:02:05.136 သူတို့ဟာ ချွတ်စွပ်တူလွန်းတဲ့အတွက် နယူးဇီလန်က တစ်ယောက်ကိုယူပြီး 00:02:05.136 --> 00:02:07.471 ကနေဒါနိုင်ငံကို ပို့ပေးလည်း 00:02:07.471 --> 00:02:11.552 အလိုလျောက်ကောင်းကောင်း အလုပ်လုပ်နိုင်တယ်။ 00:02:11.552 --> 00:02:14.421 Victorian တွေက အရမ်းတော်တဲ့ အင်ဂျင်နီယာတွေပါ 00:02:14.421 --> 00:02:17.910 သူတို့တည်ဆောက်ခဲ့တဲ့ စနစ်ကြီးက အရမ်းကို ကြံ့ခိုင်လွန်းလို့ 00:02:17.910 --> 00:02:20.365 ကနေ့အထိ ရှိနေဆဲဖြစ်ပြီး၊ 00:02:20.365 --> 00:02:23.451 မရှိတော့တဲ့ အဲ့ဒီယန္တရားကြီးအတွက် 00:02:23.451 --> 00:02:29.157 ပုံစံတူလူတွေ အဆက်မပြတ် ထုတ်ပေးနေတုန်းပဲ။ 00:02:29.957 --> 00:02:32.085 အင်ပါယာလည်း မရှိတော့ဘူး။ 00:02:32.085 --> 00:02:34.989 ဒါဆိုကျွန်တော်တို့က ဒီပုံစံတူလူတွေကို ထုတ်ပေးနေတဲ့စနစ်ကြီးကို 00:02:34.989 --> 00:02:37.358 ဘယ်လိုလုပ်ကြမှာလဲ။ 00:02:37.878 --> 00:02:40.261 တစ်ခုခု ထပ်လုပ်ဦးမယ်ဆိုရင်ကော 00:02:40.261 --> 00:02:44.151 ဘာတွေဆက်လုပ်ကြမှာလဲ။ NOTE Paragraph 00:02:44.571 --> 00:02:46.761 “ကျောင်းတွေဟာ ခေတ်နောက်ကျနေပြီ” NOTE Paragraph 00:02:46.761 --> 00:02:48.843 ဆိုတာကတော့ အရမ်းပြင်းထန်တဲ့ မှတ်ချက်ပါ။ 00:02:48.843 --> 00:02:51.467 ကျွန်တော်တို့ အခုသိထားတဲ့ ကျောင်းတွေဟာ ခေတ်တုံးကုန်ပြီ။ 00:02:51.467 --> 00:02:53.291 စနစ်ကပျက်နေပြီလို့တော့ မပြောလိုပါဘူး။ 00:02:53.291 --> 00:02:56.288 ပညာရေးစနစ်ကြီးက ပြိုကွဲနေပြီလို့ပြောရတာ သိပ်ကိုခေတ်ဆန်ပါတယ်။ 00:02:56.288 --> 00:02:59.939 ပြိုကွဲနေတာမဟုတ်ဘဲ အရမ်းကောင်းအောင် တည်ဆောက်ထားပေမဲ့ 00:02:59.939 --> 00:03:06.165 ကျွန်တော်တို့ မလိုအပ်တော့တာပါ၊ ခေတ်ဟောင်းသွားပြီ။ 00:03:06.165 --> 00:03:08.572 ကနေ့ ကျွန်တော်တို့ ဘာအလုပ်တွေလုပ်နိုင်လဲ၊ 00:03:08.572 --> 00:03:10.706 ရုံးစာရေးတွေက ကွန်ပြူတာတွေပဲ ထားလိုက်ပါစို့ 00:03:10.706 --> 00:03:13.237 သူတို့ကရုံးတိုင်းမှာ ထောင်နဲ့ချီပြီးရှိတယ်။ 00:03:13.237 --> 00:03:16.442 ပြီးတော့ အဲ့ဒီကွန်ပြူတာတွေက သူတို့ရုံးလုပ်ငန်းတွေ လုပ်နိုင်ဖို့ကို 00:03:16.442 --> 00:03:18.919 လမ်းညွှန်ပေးမယ့် လူတွေရှိတယ်။ 00:03:18.919 --> 00:03:22.183 အဲ့ဒီလူတွေက လက်ရေးလှဖို့မလိုဘူး 00:03:22.183 --> 00:03:25.215 ကိန်းဂဏန်းတွေ စိတ်နဲ့ မြှောက်တတ်ဖို့ မလိုဘူး။ 00:03:25.215 --> 00:03:27.487 စာဖတ်တတ်ဖို့လဲ မလိုပါဘူး။ 00:03:27.487 --> 00:03:31.637 တကယ်တော့ သူတို့က နားလည်အောင် ဖတ်တတ်ဖို့တော့လိုမယ်။ NOTE Paragraph 00:03:31.637 --> 00:03:34.744 ဒါကတော့ ကနေ့အခြေအနေပါ၊ ဒါပေမဲ့ အနာဂတ်ရဲ့အလုပ်အကိုင်တွေက 00:03:34.744 --> 00:03:37.303 ဘယ်ပုံစံဖြစ်မလဲဆိုတာ ကျွန်တော်တို့သိတောင်မသိဘူး။ 00:03:37.303 --> 00:03:39.947 လူတွေက ကြိုက်တဲ့နေရာကနေ၊ ကြိုက်တဲ့အချိန်မှာ 00:03:39.947 --> 00:03:43.145 ကိုယ်ကြိုက်တဲ့နည်းနုဲ့ အလုပ်လုပ်လိမ့်မယ် ဆိုတာတော့ သိထားတယ်။ 00:03:43.145 --> 00:03:47.333 အဲ့ဒီအခြေအနေအတွက် လက်ရှိပညာရေးစနစ်က 00:03:47.333 --> 00:03:49.876 ဘယ်လို ပြင်ဆင်ပေးမလဲ။ NOTE Paragraph 00:03:49.876 --> 00:03:54.924 ကဲ ဒီကိစ္စတစ်ခုလုံးကိုတော့ လုံးဝမတော်တဆ တွေ့ရှိခဲ့တာပါ။ 00:03:54.924 --> 00:03:57.556 လွန်ခဲ့တဲ့ ၁၄ နှစ်က နယူးဒေလီမှာ လူတွေကို 00:03:57.556 --> 00:04:00.020 ကွန်ပြူတာပရိုဂရမ် ရေးနည်း သင်ပေးခဲ့ဖူးတယ်။ 00:04:00.020 --> 00:04:03.777 ကျွန်တော့်အလုပ်ရဲ့ ဘေးကပ်လျက်မှာ ဆင်းရဲသားရပ်ကွက်ရှိခဲ့တယ်။ 00:04:03.777 --> 00:04:06.364 ဒီကလေးတွေက ဘယ်နည်းနဲ့ ကွန်ပြူတာပရိုဂရမ် ရေးနည်း 00:04:06.364 --> 00:04:08.884 သင်ကြမလဲ၊ ဒါမှမဟုတ် သူတို့မသင်သင့်ဘူးလား 00:04:08.884 --> 00:04:11.964 ကျွန်တော် တွေးမိလေ့ရှိခဲ့တယ်။ 00:04:11.964 --> 00:04:14.581 တစ်ချိန်ထဲမှာပဲ ချမ်းသာပြီး 00:04:14.581 --> 00:04:17.012 ကွန်ပြူတာတွေရှိတဲ့ မိဘတွေ အများကြီးရှိတယ် 00:04:17.012 --> 00:04:20.143 သူတို့က "ကျွန်မသားလေးကလေ 00:04:20.143 --> 00:04:22.332 ပါရမီပါတယ် ထင်တယ်၊ 00:04:22.332 --> 00:04:25.206 ကွန်ပြူတာနဲ့အစုံလုပ်တတ်တယ်။ 00:04:25.206 --> 00:04:29.182 ကျွန်မသမီးကလေ အရမ်းကိုထက်မြက်တာပဲ" စသည်ဖြင့် ကျွန်တော့်ကိုပြောကြတယ်။ 00:04:29.182 --> 00:04:31.290 ဒီတော့ ကျွန်တော် တွက်ဆမိတာက 00:04:31.290 --> 00:04:33.086 ဘာလို့ ချမ်းသာတဲ့လူတွေက ထူးကဲတဲ့ 00:04:33.086 --> 00:04:35.227 ပါရမီရှင်ကလေးတွေ ရှိနေရတာလဲ။ 00:04:35.227 --> 00:04:37.142 (ရယ်သံများ) 00:04:37.142 --> 00:04:39.966 ဆင်းရဲသားတွေက ဘာအမှားတွေများ လုပ်မိလို့လဲ။ 00:04:39.966 --> 00:04:42.969 ကျွန်တော့် ရုံးခန်းဘေးက ဆင်းရဲသားရပ်ကွက်ရှိတဲ့ နံရံတံတိုင်းမှာ 00:04:42.969 --> 00:04:45.001 အပေါက်တစ်ပေါက် လုပ်ခဲ့ပြီးနောက် 00:04:45.001 --> 00:04:47.355 ကွန်ပြူတာကို တပ်ဆင်ခဲ့ပြီး 00:04:47.355 --> 00:04:50.179 ကွန်ပြူတာလည်း မရှိနိုင်၊ အင်္ဂလိပ်စာ လည်းမတတ်၊ အင်တာနက်ဆိုတာ 00:04:50.179 --> 00:04:53.635 ဘာမှန်းမသိတဲ့ ကလေးတွေကို ကွန်ပြူတာပေးရင် ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ခဲ့တယ်။ NOTE Paragraph 00:04:53.635 --> 00:04:54.847 ကလေးတွေ ပြေးလာကြတယ်။ 00:04:54.847 --> 00:04:57.397 မြေကြီးမှ ၃ ပေ ကွာတော့ "ဘာကြီးလဲ"လို့ သူတို့ မေးကြတယ်။ NOTE Paragraph 00:04:57.397 --> 00:05:00.171 "အင်း အဲ့ဒါ ငါလည်းမသိဘူး" လို့ဖြေခဲ့တယ်။ 00:05:00.171 --> 00:05:02.387 (ရယ်သံများ) NOTE Paragraph 00:05:02.387 --> 00:05:04.943 "ဒါကို ဘာလို့ဒီမှာထားတာလဲ" မေးတော့ NOTE Paragraph 00:05:04.943 --> 00:05:06.158 "ဒီလိုပဲ" လို့ဖြေခဲ့တယ်။ NOTE Paragraph 00:05:06.158 --> 00:05:09.167 "ကိုင်ကြည့်လို့ရမလား" သူတို့ကမေးတယ်။ "ကိုင်ချင်ရင်ကိုင်"ဆိုပြီး NOTE Paragraph 00:05:09.167 --> 00:05:11.544 ကျွန်တော်အဝေးကို ထွက်သွားတယ်။ 00:05:11.544 --> 00:05:13.208 ၈ နာရီလောက် ကြာတော့ 00:05:13.208 --> 00:05:16.243 သူတို့ လေ့လာနေတာ တွေ့ရပြီး အချင်းချင်း လေ့လာနည်း သင်ပေးနေကြတယ်။ 00:05:16.243 --> 00:05:18.740 ဒါနဲ့ ကျွန်တော်က "အိုး ဒါကမဖြစ်နိုင်ဘူး- 00:05:18.740 --> 00:05:22.281 သူတို့ကဘာမှာမှ မသိတာ ဘယ်လိုဖြစ်နိုင်မှာလဲ" လို့ပြောတော့၊ NOTE Paragraph 00:05:22.281 --> 00:05:25.145 လုပ်ဖော်ကိုင်ဖက်တွေက ပြောကြတယ် "မဟုတ်ဘူး။ ဒါကလွယ်လွယ်လေးပါ 00:05:25.145 --> 00:05:27.848 ခင်ဗျားရဲ့ကျောင်းသားတွေထဲက တစ်ယောက်ယောက်က ဖြတ်သွားတုန်း 00:05:27.848 --> 00:05:30.063 mouse ကိုင်နည်း သင်ပေးသွားတာလည်းဖြစ်နိုင်တယ်"။ NOTE Paragraph 00:05:30.063 --> 00:05:31.586 အင်း ဖြစ်နိုင်တာပေါ့။ NOTE Paragraph 00:05:31.586 --> 00:05:34.645 ဒါနဲ့ ကျွန်တော့်စမ်းသပ်မှုကို ဒေလီက မိုင် ၃၀ အကွာ 00:05:34.645 --> 00:05:36.636 အရမ်းခေါင်တဲ့ ရွာလေးမှာ 00:05:36.636 --> 00:05:40.428 ဆော့ဝဲရေးတဲ့အင်ဂျင်နီယာ အနီးကနေ ဖြတ်သွားဖို့လည်း 00:05:40.428 --> 00:05:44.844 အခွင့်အလမ်း အရမ်းနည်းတဲ့ နေရာမှာ (ရယ်သံများ) 00:05:44.844 --> 00:05:47.507 စမ်းသပ်မှုကို ထပ်လုပ်ခဲ့တယ်။ 00:05:47.507 --> 00:05:49.794 နေဖို့ နေရာမရှိလို့ ကွန်ပြူတာကို ချိတ်ခဲ့ပြီး 00:05:49.794 --> 00:05:51.994 ထွက်သွားခဲ့တယ်။ လအနည်းငယ်အကြာ ပြန်လာတော့ 00:05:51.994 --> 00:05:53.689 ကလေးတွေ အဲ့မှာ ဂိမ်းဆော့နေကြပြီး။ NOTE Paragraph 00:05:53.689 --> 00:05:54.640 ကျွန်တော့ကိုတွေ့တော့ 00:05:54.640 --> 00:05:57.402 ပိုကောင်းတဲ့ mouse နဲ့ processor ပေးပါ လို့ ပြောပါရော။ NOTE Paragraph 00:05:57.402 --> 00:06:01.416 (ရယ်သံများ) NOTE Paragraph 00:06:01.416 --> 00:06:04.825 "နင်တို့ ဒါတွေအားလုံး ဘယ်လိုသိကြလဲ" လို့ ကျွန်တော်မေးတော့ NOTE Paragraph 00:06:04.825 --> 00:06:07.280 အရမ်းစိတ်ဝင်စားစရာ တစ်ခု ပြန်ပြောခဲ့ကြတယ် 00:06:07.280 --> 00:06:08.945 စိတ်ကသိကအောက် ဖြစ်တဲ့အသံနဲ့ 00:06:08.945 --> 00:06:11.498 "နင်ပေးခဲ့တဲ့စက်က အင်္ဂလိပ်လိုပဲ ဆိုတော့ 00:06:11.498 --> 00:06:17.583 နားမလည်လို့ အင်္ဂလိပ်စာ ကိုယ့်ဟာကိုယ် ပြန်သင်ရသေးတယ်" (ရယ်သံများ) 00:06:17.583 --> 00:06:19.560 ဒါက ဆရာတစ်ယောက်အနေနဲ့ 00:06:19.560 --> 00:06:24.651 "ကိုယ့်ဟာကိုယ်သင်တယ်" ဆိုတဲ့စကားကို ပေါ့ပေါ့လေးပြောတာ ပထမဆုံးကြားဖူးခြင်းပဲ။ NOTE Paragraph 00:06:24.651 --> 00:06:28.253 အဲ့ဒီနှစ်တွေက ပုံတွေကို ဒီမှာကြည့်လို့ရတယ်။ 00:06:28.253 --> 00:06:30.900 ဒါက နံရံမှာ အပေါက်ဖောက်ထားတဲ့ ပထမဆုံးနေ့ပါ။ 00:06:30.900 --> 00:06:33.138 ညာဘက်က ၈ နှစ်အရွယ်ကလေးပါ။ 00:06:33.138 --> 00:06:38.858 သူ့ဘယ်ဘက်က သူ့ရဲ့ကျောင်းသူဖြစ်ပြီး ကောင်မလေးက ၆ နှစ်ပါ။ 00:06:38.858 --> 00:06:42.455 ကောင်လေးက ကောင်မလေးကို ဘယ်လို browse လုပ်ရမလဲ သင်ပေးနေတယ်။ 00:06:42.455 --> 00:06:45.741 နိုင်ငံရဲ့ အခြားနေရာတွေမှာလည်း 00:06:45.741 --> 00:06:48.024 ဒါကို ထပ်တလဲလဲ လုပ်ခဲ့ကြည့်ရာ 00:06:48.024 --> 00:06:51.469 ရလဒ်ကတော့ အတူတူပါပဲ။ 00:06:51.469 --> 00:06:55.396 (နံရံတံတိုင်းထဲက အပေါက် ရုပ်ရှင် - ၁၉၉၉ ) 00:06:55.396 --> 00:06:59.661 သူ့အစ်မကို ၈ နှစ်အရွယ်ကလေးက ဘာလုပ်ရမလဲ ပြောပြနေတယ်။ 00:07:04.460 --> 00:07:10.017 နောက်ဆုံးတစ်ခုက ကောင်မလေးက Marathi စကားနဲ့ ဘာလဲဆိုတာ ရှင်းပြနေပြီး 00:07:10.017 --> 00:07:14.266 အထဲထဲမှာ processor ရှိကြောင်း ပြောပြနေတယ်။ NOTE Paragraph 00:07:14.266 --> 00:07:16.759 ဒါကြောင့် ကျွန်တော် အကုန်လုံး တိုင်းတာမှုတွေလုပ်ပြီး 00:07:16.759 --> 00:07:19.314 နေရာအနှံ့ စတင်ထုတ်ဝေခဲ့တယ်။ 00:07:19.314 --> 00:07:21.516 ၉ လ အတွင်းမှာ ကလေးတစ်အုပ်စုကို 00:07:21.516 --> 00:07:24.214 ဘယ်ဘာသာနဲ့မဆိုရေးထားတဲ့ ကွန်ပြူတာနဲ့ လွှတ်ထားရင် 00:07:24.214 --> 00:07:28.729 အနောက်နိုင်ငံ ရုံးအတွင်းရေးမှူးနဲ့ အဆင့်တူ ဖြစ်သွားမယ်လို့ ကျွန်တော်ပြောခဲ့တယ်။ 00:07:28.729 --> 00:07:33.489 အဲ့လိုပဲ ထပ်ခါတစ်လဲလဲ ဖြစ်နေတာ ကျွန်တော်မြင်ခဲ့တယ်။ NOTE Paragraph 00:07:33.489 --> 00:07:36.541 ဒါပေမဲ့ သူတို့ဒီလောက်လုပ်နိုင်ခဲ့ရင် တစ်ခြားဘာထပ်လုပ်နိုင်ဦးမလဲ 00:07:36.541 --> 00:07:38.461 ကျွန်တော် သိချင်ခဲ့တယ် 00:07:38.461 --> 00:07:40.989 သူတို့ကို တစ်ခြားဘာသာရပ် တွေနဲ့လည်း 00:07:40.989 --> 00:07:43.957 စတင်စမ်းသပ်ခဲ့တယ်၊ ဥပမာ အသံထွက်တွေပေါ့ 00:07:43.957 --> 00:07:46.405 အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ 00:07:46.405 --> 00:07:49.173 အင်္ဂလိပ် အသံထွက်အရမ်းညံ့တဲ့ ကလေးတွေနေတဲ့ ရပ်ကွက်ရှိတယ်။ 00:07:49.173 --> 00:07:52.693 သူတို့က အလုပ်ကောင်းတွေရဖို့ အသံထွက် ကောင်းဖို့လိုတယ်။ 00:07:52.693 --> 00:07:56.771 သူတို့ကို ကွန်ပြူတာက စကားပြောကနေ စာသား ပြောင်းပေးတဲ့ အင်ဂျင်ထည့်ပေးခဲ့တယ်။ 00:07:56.771 --> 00:08:00.045 "နင်တို့ပြောတာ ကွန်ပြူတာမှာပေါ်တဲ့အထိ ဆက်ပြော" လို့သူတို့ကိုပြောတယ်။ 00:08:00.045 --> 00:08:04.677 (ရယ်သံများ) 00:08:04.677 --> 00:08:09.861 သူတို့လုပ်ကြတယ်၊ ဒီမှာ နည်းနည်းကြည့်ကြည့်ပါ။ NOTE Paragraph 00:08:09.861 --> 00:08:15.373 ကွန်ပြူတာ - တွေ့ရတာ ဝမ်းသာပါတယ် ကလေး - တွေ့ရတာဝမ်းသာပါတယ်။ NOTE Paragraph 00:08:15.373 --> 00:08:17.644 Sugata Mitra: ဒီမိန်းကလေးနားမှာ ရပ်ပြရတာက၊ 00:08:17.644 --> 00:08:21.461 ဒီကလူအတော်များများ သူ့ကိုသိကြမယ်ထင်တယ်။ 00:08:21.461 --> 00:08:24.957 သူမက အခု Hyderabad မှာ ရှိတဲ့ call center မှာ အလုပ်ဝင်နေပြီး 00:08:24.957 --> 00:08:29.679 နင်တို့ရဲ့ အကြွေးဝယ်ကဒ် တွေကို ငွေရှင်းဖို့ 00:08:29.679 --> 00:08:34.452 အရမ်းရှင်းတဲ့ အင်္ဂလိပ်သံဝဲဝဲနဲ့ နှိပ်စက်နေလို့ပါ။ NOTE Paragraph 00:08:34.452 --> 00:08:38.829 ဒါနဲ့ လူတွေက ပြောကြတယ်၊ ဘယ်အတိုင်းအတာထိ ဆက်သွားကြမှာလဲ။ 00:08:38.829 --> 00:08:40.399 ဘယ်တော့ ရပ်တန့်ကြမှာလဲ။ 00:08:40.399 --> 00:08:43.762 စိတ်ပျက်ဖွယ် အဆိုပြုချက်ကို ဖန်တီးပြီး 00:08:43.762 --> 00:08:46.266 ကျွန်တော့်ရဲ့ အဆိုကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ 00:08:46.266 --> 00:08:50.154 မဖြစ်နိုင်တဲ့ အဆိုကြမ်းတစ်ခုကို ပြုလုပ်ခဲ့တယ် 00:08:50.154 --> 00:08:51.958 Tamil က တောင်ပိုင်း အိန္ဒိယစကားပါ။ 00:08:51.958 --> 00:08:54.603 Tamil စကားပြောတဲ့ တောင်ပိုင်း အိန္ဒိယကလေး တစ်ယောက်က 00:08:54.603 --> 00:08:58.108 အင်္ဂလိပ်လိုသင်တဲ့ DNA ပွားများခြင်း ဇီဝနည်းပညာကို လမ်းဘေးကွန်ပြူတာကနေ 00:08:58.108 --> 00:09:00.355 သင်ယူနိုင်ပါ့မလား? 00:09:00.355 --> 00:09:02.590 ကျွန်တော်တိုင်းတာကြည့်တော့ သူတို့ သုညပဲရကြတယ်။ 00:09:02.590 --> 00:09:05.594 လပေါင်းများစွာကြာအောင် ကွန်ပြူတာကို ချန်ထားခဲ့တယ် 00:09:05.594 --> 00:09:07.898 ပြန်သွားတော့ သုညပဲထပ်ရတယ်။ 00:09:07.898 --> 00:09:12.254 စမ်းသပ်ခန်းကို ပြန်သွားပြီး ဆရာတွေလိုတယ်လို့ ပြောမလို့ပဲ 00:09:12.254 --> 00:09:16.317 တောင်ပိုင်း အိန္ဒိယက Kallikuppam လို့ခေါ်တဲ့ ရွာတစ်ရွာကို တွေ့ခဲ့တယ်။ 00:09:16.317 --> 00:09:18.994 နံရံကအပေါက်မှာ ကွန်ပြူတာတွေ တပ်ထားခဲ့ပြီး 00:09:18.994 --> 00:09:22.681 အင်တာနက်က DNA မျိုးပွားခြင်းဆိုင်ရာ အချက်အလက်တွေအားလုံး download လုပ်ပေးခဲ့တယ် 00:09:22.681 --> 00:09:25.986 ကျွန်တော်တောင် နားမလည်တာတွေကြီးပဲ။ NOTE Paragraph 00:09:25.986 --> 00:09:28.963 ကလေးတွေအမြန်ရောက်လာပြီး "အဲ့ဒါ ဘာတွေလဲ" လို့မေးတော့ NOTE Paragraph 00:09:28.963 --> 00:09:33.971 "အရမ်းရေပန်းစားနေတဲ့ ဟာပေါ့။ ဒါပေမဲ့ အင်္ဂလိပ်လိုကြီးပဲ" လို့ပြောခဲ့တယ် NOTE Paragraph 00:09:33.971 --> 00:09:37.325 "ဒီလောက် အင်္ဂလိပ်စကားအခက်တွေ၊ ပုံတွေနဲ့ ဓါတုဗေဒ ဘာသာတွေကို 00:09:37.325 --> 00:09:39.403 ငါတို့ဘယ်လို နားလည်မလဲ" လို့ ပြောကြတယ်။ NOTE Paragraph 00:09:39.403 --> 00:09:42.227 အခုအချိန်မှာတော့ သင်ကြားနည်းအသစ်ကိုသုံးပြီး 00:09:42.227 --> 00:09:45.111 "ဇဝေဇဝါ မဖြစ်မိပါဘူး"လို့ပဲဖြေခဲ့တယ် 00:09:45.111 --> 00:09:48.306 (ရယ်သံများ) 00:09:48.306 --> 00:09:51.256 ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်ထပ်ထွက်သွားခဲ့တယ် 00:09:51.256 --> 00:09:55.624 (ရယ်သံများ) NOTE Paragraph 00:09:55.624 --> 00:09:59.213 လအတန်ကြာ ကျွန်တော် သူတို့ကို ချန်ထားခဲ့တယ်။ 00:09:59.213 --> 00:10:01.708 စာမေးပွဲဖြေခိုင်းတော့ သုညပဲထပ်ရတယ်။ 00:10:01.708 --> 00:10:02.772 ၂ လကြာတော့ ပြန်လာတယ်။ 00:10:02.772 --> 00:10:06.432 ကလေးတွေ တစ်ပြုံကြီး ရောက်လာပြီး၊ "ငါတို့ ဘာမှကိုနားမလည်ဘူး" လို့ပြောတယ် NOTE Paragraph 00:10:06.432 --> 00:10:08.507 "အင်း ငါဘာကိုများ မျှော်လင့်နေလို့လဲ" 00:10:08.507 --> 00:10:12.592 "ကောင်းပြီ၊ ဘာမှနားမလည်ဘူး ဆိုတာကို 00:10:12.592 --> 00:10:15.353 ဘယ်လောက် ကြာချိန်မှာ ဆုံးဖြတ်ခဲ့တာလဲ" လို့မေးတော့ NOTE Paragraph 00:10:15.353 --> 00:10:17.301 "ငါတို့ လက်မလျှော့ခဲ့ပါဘူး 00:10:17.301 --> 00:10:19.277 နေ့တိုင်း အဲ့ဒါကို ကြည့်တယ်" လို့ဖြေကြတယ် NOTE Paragraph 00:10:19.277 --> 00:10:21.362 "ဘယ်လို၊ နင်တို့ ဒီ screen ကို နားမလည်ပဲနဲ့ 00:10:21.362 --> 00:10:24.446 ၂ လတောင်ကြာအောင် ကြည့်နေခဲ့ကြတယ်။ ဘာအတွက်လဲ"လို့ မေးကြည့်ခဲ့တယ်။ NOTE Paragraph 00:10:24.446 --> 00:10:26.959 ဒါနဲ့ ခုနကတွေ့တဲ့ ကောင်မလေးက 00:10:26.959 --> 00:10:29.691 လက်ကိုမြှောက်ပြီး၊ မတောက်တခေါက် Tamil ၊ အင်္ဂလိပ် စကားနဲ့ 00:10:29.691 --> 00:10:31.888 "မမှန်တဲ့ DNA မော်လီကျူးမျိုးပွားခြင်းက 00:10:31.888 --> 00:10:35.039 နာမကျန်း ဖြစ်စေနိုင်တယ် ဆိုတဲ့ အချက်ကလွဲရင် 00:10:35.039 --> 00:10:37.560 ကျန်တာ ဘာမှနားမလည်ဘူး" လို့ဖြေပါတယ် NOTE Paragraph 00:10:37.560 --> 00:10:43.272 (ရယ်သံများ) (လက်ခုပ်သံများ) NOTE Paragraph 00:10:43.272 --> 00:10:47.392 ဒါနဲ့ သူတို့ကို စာမေးပွဲ စစ်ပါတယ်။ 00:10:47.392 --> 00:10:50.664 ပညာရေးဘက်မှာ မဖြစ်နိုင်တဲ့ သုညကနေ ၃၀ ရာခိုင်နှုန်းအဖြေကို 00:10:50.664 --> 00:10:52.968 ၂လအတွင်း အပူပိုင်းဒေသရဲ့ အပူချိန်အောက် 00:10:52.968 --> 00:10:56.408 သစ်ပင်အောက်က ကွန်ပြူတာမှာ သူတို့မသိတဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ 00:10:56.408 --> 00:10:59.480 ဆယ်စုနှစ်တစ်စုထိ ခေတ်ရှေ့ရောက်တဲ့ အရာကိုလုပ်စေပြီး ရခဲ့တယ်။ 00:10:59.480 --> 00:11:04.857 အဓိပ္ပါယ်မရှိပေမဲ့ ဗစ်တိုးရီးယန်းတွေရဲ့ စံအတိုင်း လုပ်ရမှာပေါ့။ 00:11:04.857 --> 00:11:08.257 ၃၀ ရာခိုင်နှုန်းက စာမေးပွဲကျတာပဲ 00:11:08.257 --> 00:11:11.193 သူတို့ကိုဘယ်လို အအောင်ပေးနိုင်မလဲ၊ အမှတ် ၂၀ ထပ်ပေးရမှာပါ။ 00:11:11.193 --> 00:11:16.030 ဆရာတော့ ရှာမတွေ့ပေမဲ့ သူတို့သူငယ်ချင်း တစ်ယောက်တော့ တွေ့ခဲ့တယ်၊ 00:11:16.030 --> 00:11:18.416 ၂၂ နှစ်အရွယ် စာရင်းကိုင် ကောင်မလေးဖြစ်ပြီး 00:11:18.416 --> 00:11:20.864 သူတို့နဲ့ အမြဲဆော့တဲ့သူပါ။ NOTE Paragraph 00:11:20.864 --> 00:11:22.985 "သူတို့ကို ကူညီနိုင်မလား" လို့ မေးကြည့်တယ် NOTE Paragraph 00:11:22.985 --> 00:11:25.256 သူမက "လုံးဝမလုပ်နိုင်ပါဘူး၊ 00:11:25.256 --> 00:11:28.333 ကျောင်းမှာ သိပ္ပံမသင်ခဲ့ရတော့ သူတို့ တနေ့ကုန် သစ်ပင်အောက်မှာ 00:11:28.333 --> 00:11:32.862 ဘာတွေလုပ်နေကြမှန်းကို မသိဘူး ကျွန်မတော့ မကူညီနိုင်ဘူး" လို့ဖြေတယ်။ NOTE Paragraph 00:11:32.862 --> 00:11:37.393 "ဘာလုပ်ရမလဲဆို၊ အဘွားရဲ့နည်းလမ်း ကိုသာသုံးပါ"လို့ ပြောပြလိုက်တယ်။ NOTE Paragraph 00:11:37.393 --> 00:11:38.723 "အဲ့ဒါက ဘယ်လိုများလဲ" NOTE Paragraph 00:11:38.723 --> 00:11:40.110 "သူတို့အနောက်မှာ ရပ်နေပါ၊ 00:11:40.110 --> 00:11:41.716 သူတို့ တစ်ခုခုလုပ်တိုင်း၊ 00:11:41.732 --> 00:11:44.513 အိုး ဘယ်လိုများလုပ်လိုက်တာလဲ" လို့သာပြောပါ။ 00:11:44.529 --> 00:11:47.625 "နောက်စာမျက်နှာကဘာလဲ အိုး နင်တို့အရွယ်က ငါအဲ့လိုမလုပ်နိုင်ဘူး" 00:11:47.625 --> 00:11:50.547 အဘွားတွေဘယ်လိုလုပ်လဲ နင်သိသားပဲ။ NOTE Paragraph 00:11:50.547 --> 00:11:52.721 ဒါနဲ့သူမက အဲ့ဒီအတိုင်း ၂လ ဆက်လုပ်ခဲ့တယ် 00:11:52.721 --> 00:11:55.635 အမှတ်က ၅၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားတယ်. 00:11:55.635 --> 00:11:57.289 ဇီဝနည်းပညာ ကျွမ်းကျင်ဆရာမ စာသင်တဲ့ 00:11:57.289 --> 00:11:59.167 New Delhi က 00:11:59.167 --> 00:12:03.303 ကျွန်တော့် ပုဂ္ဂလိက သူဌေးကျောင်းကို Kallikuppam က အမှီလိုက်နိုင်လာတယ်။ 00:12:03.303 --> 00:12:08.140 အဲ့ဒီဇယားကို တွေ့တဲ့အခါ မျှတအောင် လုပ်တဲ့နည်းရှိကြောင်း သိလိုက်တယ်။ NOTE Paragraph 00:12:08.140 --> 00:12:10.236 ဒီမှာ Kallikuppam ပါ NOTE Paragraph 00:12:10.236 --> 00:12:18.431 (ကလေးများ စကားပြောသံ) နယူရွန်..ဆက်သွယ်မှု NOTE Paragraph 00:12:18.431 --> 00:12:22.122 သိပ်မရိုက်တတ်လို့ ကင်မရာ နေရာလွဲသွားလို့ပါ။ 00:12:22.122 --> 00:12:24.618 သူမပြောနေတာက neurons တွေ အချင်းချင်း 00:12:24.618 --> 00:12:27.025 ဆက်သွယ်တဲ့အကြောင်းကို အခု မြင်ရသလိုပဲ၊ 00:12:27.025 --> 00:12:30.581 လက်ဟန်ခြေဟန်နဲ့ (၁၂) နှစ်အရွယ်မှာ 00:12:30.581 --> 00:12:33.925 ရှင်းပြနေတာပါ။ NOTE Paragraph 00:12:33.925 --> 00:12:37.135 ဒါဆို အလုပ်တွေကကော ဘယ်လိုမျိုးဖြစ်ကြမလဲ။ 00:12:37.135 --> 00:12:39.426 ဒီကနေ့ ဘယ်လိုပုံစံလဲ ဆိုတာတော့ သိကြတယ်။ 00:12:39.426 --> 00:12:41.764 သင်ယူမှုကကော ဘာဆက်ဖြစ်ကြမလဲ။ ကလေးတွေက 00:12:41.764 --> 00:12:44.817 မိုဘိုင်းဖုန်းတွေကိုပဲ လက်ထဲ ကိုင်ထားကြပြီး 00:12:44.817 --> 00:12:48.590 စာအုပ်ယူပြီး ကျောင်းသွားဖို့ကျတော့ တွန့်ဆုတ်နေကြတာဆိုတော့ NOTE Paragraph 00:12:48.590 --> 00:12:52.549 ဘာတွေဆက်ဖြစ်ဦးမလဲ။ 00:12:52.549 --> 00:12:57.449 ကျောင်းသွားဖို့ မလိုတော့တဲ့ အခြေအနေမျိုး ဖြစ်လာမှာလား။ 00:12:57.449 --> 00:13:00.989 တစ်ခုခုကို သိဖို့လိုတဲ့အခါ ၂ မိနစ်နဲ့ သိနိုင်မဲ့ အချိန်မျိုး 00:13:00.989 --> 00:13:04.309 ရောက်လာမှာလား။ 00:13:04.309 --> 00:13:08.414 ဖြစ်လာမလား ဆိုတာက Nicholas Negroponte ကျွန်တော့်ကို ထောင်ချောက်ဆင်လိုက်တဲ့ 00:13:08.414 --> 00:13:11.206 မေးခွန်းပါပဲ- 00:13:11.206 --> 00:13:14.245 သိနားလည်ခြင်းက ခေတ်ကုန်နေပြီဆိုတဲ့ အနာဂတ်တစ်ခုဆီကို 00:13:14.245 --> 00:13:17.605 ကျွန်တော်တို့ ဦးတည်နေကြသလား။ 00:13:17.605 --> 00:13:20.138 ဒါဆိုရင်တော့ အရမ်းဆိုးတာပဲ။ ကျွန်တော်တို့က 00:13:20.138 --> 00:13:24.055 လူသားမျိုးနွယ်စု တွေဖြစ်ပြီး ဒါက လူဝံတွေနဲ့ ကွဲပြားစေတဲ့အချက်ပဲ။ 00:13:24.055 --> 00:13:25.832 ဒါပေမဲ့ ဒီလို စဉ်းစားကြည့်ပါ။ 00:13:25.832 --> 00:13:28.378 သဘာဝတရားက လူဝံတွေကို မတ်တပ်ရပ်၊ လမ်းလျှေက်ပြီး 00:13:28.378 --> 00:13:30.514 လူသားမျိုးနွယ်စု ဝင်တွေလို ဖြစ်ဖို့အတွက် 00:13:30.514 --> 00:13:32.698 နှစ် သန်း ၁၀၀ လောက်ကြာခဲ့တယ်။ 00:13:32.698 --> 00:13:36.394 ခေတ်ကုန်ကြောင်း ကျွန်တော်တို့သိဖို့ နှစ် ၁ သောင်းပဲ ကြာတော့ 00:13:36.394 --> 00:13:38.576 ဒါဟာ အောင်မြင်မှုပဲ။ 00:13:38.576 --> 00:13:42.603 ဒါပေမဲ့ အနာဂတ်နဲ့တော့ ပူးပေါင်းဆောင်ရွက်ရဦးမယ်။ NOTE Paragraph 00:13:42.603 --> 00:13:45.562 အားပေးမှုကတော့ အဓိကအချက်ပဲ။ 00:13:45.562 --> 00:13:46.772 Kuppam နဲ့ 00:13:46.772 --> 00:13:49.586 ကျွန်တော်လုပ်ခဲ့တဲ့ စမ်းသပ်မှုတွေ အကုန်လုံးကို ကြည့်ရင်၊ 00:13:49.586 --> 00:13:56.721 အိုး ဩချလောက်စရာ သင်ယူမှုပဲလို့ ပြောကြမှာပဲ။ NOTE Paragraph 00:13:56.721 --> 00:13:59.115 အာရုံကြောသိပ္ပံပညာရပ်မှ အထောက်အထား တစ်ခု ရှိတယ်။ 00:13:59.115 --> 00:14:02.317 ဦးနှောက်ရဲ့အလယ်မှာရှိတဲ့ တွားသွားသတ္တဝါဆိုင်ရာ ဦးနှောက်ပိုင်းက 00:14:02.317 --> 00:14:06.053 ခြိမ်းခြောက်ခံရချိန်မှာ လုပ်ငန်း အားလုံးကို လုံးဝရပ်ပစ်လိုက်တယ်၊ 00:14:06.053 --> 00:14:09.731 prefrontal cortex ဆိုတဲ့သင်ယူမှု နဲ့ဆိုင်တဲ့ အပိုင်းကိုကော၊ 00:14:09.731 --> 00:14:12.475 အားလုံးကို ရပ်ပစ်လိုက်တယ်။ 00:14:12.475 --> 00:14:16.623 အပြစ်ပေးခြင်းနဲ့ စာမေးပွဲတွေက ခြိမ်းခြောက်မှုတွေလို့ ပြောလို့ရတယ်။ 00:14:16.623 --> 00:14:20.248 ကျွန်တော်တို့ ကလေးတွေကို ဦးနှောက်တွေ ရပ်အောင်လုပ်လိုက်ပြီး၊ 00:14:20.248 --> 00:14:22.944 အလုပ်လုပ်ကြ လို့ လုပ်ခိုင်းသလိုပါပဲ။ 00:14:22.944 --> 00:14:26.425 ဒီလိုပုံစံစနစ်ကို ဘာလို့ တည်ထွင်ခဲ့သလဲ ဆိုတော့ 00:14:26.425 --> 00:14:28.071 အဲ့ဒီတုန်းကတော့ လိုအပ်ခဲ့လို့ပါ။ 00:14:28.071 --> 00:14:30.656 ဧကရာဇ်ဘုရင်တွေ ခေတ်က 00:14:30.656 --> 00:14:34.926 ခြိမ်းခြောက်မှု အောက်မှာ ရှင်သန်နိုင်မဲ့ လူတွေကို လိုအပ်ချိန် ရှိခဲ့တယ်။ 00:14:34.926 --> 00:14:37.193 ကတုတ်ကျင်းထဲမှာ တစ်ယောက်ထဲ ကျန်ခဲ့ချိန်မှာ 00:14:37.193 --> 00:14:41.224 မသေပဲရှင်နေရင် အောင်မြင်သွားပြီ၊ 00:14:41.224 --> 00:14:44.197 မဟုတ်ရင်တော့ ကျရှုံးပြီပေါ့။ 00:14:44.197 --> 00:14:46.853 ဒါပေမဲ့ ဧကရာဇ်စနစ်က မရှိတော့ဘူး။ 00:14:46.853 --> 00:14:50.491 တည်ထွင်ဖန်တီးမှုကရော ကျွန်တော်တို့ခေတ်မှာ ဘာဖြစ်သွားလဲ။ 00:14:50.491 --> 00:14:53.506 ခြိမ်းခြောက်မှုကို ပျော်ရွှင်မှုအဖြစ် 00:14:53.506 --> 00:14:56.915 ပြန်ပြောင်းပေးဖို့ လိုအပ်တယ်။ NOTE Paragraph 00:14:56.915 --> 00:15:00.867 ကျွန်တော် အင်္ဂလန်ကို ပြန်လာပြီး အင်္ဂလိပ်အဘွားကြီးတွေကို ရှာခဲ့တယ်။ 00:15:00.867 --> 00:15:03.884 အင်္ဂလိပ်အဘွားကြီး တစ်ယောက်ဖြစ်ပြီး broadband အင်တာနက်နဲ့ 00:15:03.884 --> 00:15:07.304 web camera အိမ်မှာ တပ်ထားရင် တစ်ပတ်မှာ တစ်နာရီလောက် 00:15:07.304 --> 00:15:10.531 အခမဲ့ အချိန်ပေးနိုင်မလားလို့ ကြော်ငြာတွေ တင်ခဲ့တယ်။ 00:15:10.531 --> 00:15:12.643 ပထမ နှစ်ပတ်မှာ အယောက်(၂၀၀) ရှာတွေ့ခဲ့တယ်။ 00:15:12.643 --> 00:15:17.551 တစ်ကမ္ဘာလုံးမှာ အင်္ဂလိပ်အဘွားကြီးတွေကို ကျွန်တော့လောက် ဘယ်သူမှမသိဘူးဗျ (ရယ်သံများ) 00:15:17.551 --> 00:15:21.306 သူတို့ကို Granny Cloud လို့ခေါ်တယ်။ 00:15:21.306 --> 00:15:23.096 Granny Cloud က လိုင်းပေါ်မှာရှိနေပြီး 00:15:23.096 --> 00:15:27.470 ကလေးတစ်ယောက်က အကူအညီလိုရင် Gran တွေကို အချက်ပြလိုက်ချိန်မှာ 00:15:27.470 --> 00:15:31.039 Skype ထဲဝင်ပြီး၊ သူတို့ကို ကူညီဖြေရှင်း ပေးတယ်။ 00:15:31.039 --> 00:15:34.658 အင်္ဂလန်နိုင်ငံ အနောက်မြောက်ဘက်က 00:15:34.658 --> 00:15:36.703 Diggles လို့ခေါ်တဲ့ ရွာလေးကနေ 00:15:36.703 --> 00:15:40.007 မိုင် ၆,၀၀၀ ဝေးတဲ့ အိန္ဒိယနိုင်ငံက Tamil Nadu ရွာဆီကို 00:15:40.007 --> 00:15:42.247 ကူညီပေးတာ တွေ့ခဲ့ရတယ်။ 00:15:42.247 --> 00:15:45.823 ရှေးပုံစံ လက်ဟန်ခြေဟန်နဲ့ပဲ 00:15:45.823 --> 00:15:47.538 "ရှူး" ပေါ့။ 00:15:47.538 --> 00:15:50.263 အိုကေတယ် နော်။ NOTE Paragraph 00:15:50.263 --> 00:15:51.799 ဒီမှာကြည့်ပါ။ NOTE Paragraph 00:15:51.799 --> 00:15:56.055 အဘွား - ငါ့ကို နင် နားမလည်မိဘူး။ နင် ထပ်ပြောစမ်း။ 00:15:56.055 --> 00:15:59.823 ငါ့ကို နင် နားမလည်မိဘူး။ NOTE Paragraph 00:15:59.823 --> 00:16:02.791 ကလေးများ - ငါ့ကို နင် နားမလည်မိဘူး။ NOTE Paragraph 00:16:02.791 --> 00:16:08.373 အဘွား -ငါက Gingerbread Man ပဲ ကလေးများ - ငါက Gingerbread Man ပဲ NOTE Paragraph 00:16:08.373 --> 00:16:12.963 အဘွား - အရမ်း တော်ကြတာပဲ။ NOTE Paragraph 00:16:12.963 --> 00:16:15.421 SM - ဒီမှာ ဘာဖြစ်နေကြတာလဲ 00:16:15.421 --> 00:16:17.265 ကျွန်တော်တို့ လုပ်ရမှာကတော့ 00:16:17.265 --> 00:16:19.646 ပညာရေးကို ကိုယ်ထူကိုယ်ထ သင်ယူတဲ့ပုံစံအနေနဲ့ 00:16:19.646 --> 00:16:24.234 လုပ်ကြရမှာပါ။ 00:16:24.234 --> 00:16:27.079 ပညာရေးကို မိမိဘာသာသင်ယူတဲ့ ပုံစံမျိုး ခွင့်ပြုခဲ့မယ်ဆိုရင်၊ 00:16:27.079 --> 00:16:29.570 သင်ယူချင်စိတ်တွေ ပိုရှိလာကြမှာပါ။ 00:16:29.570 --> 00:16:31.963 သင်ယူမှုကို ပျော်စရာ ဖြစ်စေမှု မဟုတ်ဘဲ 00:16:31.963 --> 00:16:34.179 သင်ယူမှုကို အလိုလို ဖြစ်လာရန်ပါ။ 00:16:34.179 --> 00:16:37.452 ဆရာမက သင်ယူမှုကို စတင်စေပြီး 00:16:37.452 --> 00:16:40.171 မလှမ်းမကမ်းမှ 00:16:40.171 --> 00:16:42.539 သင်ယူမှုကို အလိုလိုဖြစ်စေဖို့ စောင့်ကြည့်နေယုံပါ။ 00:16:42.539 --> 00:16:45.492 ဒါကတော့ အဲဒါရဲ့ အဓိကရည်ရွယ်ချက်ပါပဲ။ NOTE Paragraph 00:16:45.492 --> 00:16:48.244 ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လိုများ သိနိုင်မှာလဲ။ 00:16:48.244 --> 00:16:49.919 ဒီလို (SOLE) ဆိုတဲ့ ကိုယ်ထူကိုယ်ထ 00:16:49.919 --> 00:16:53.220 လေ့လာသင်ယူရေး ပတ်ဝန်းကျင်မျိုးတွေကို ထူထောင်ပေးဖို့ ရည်ရွယ်ထားတယ်။ 00:16:53.220 --> 00:16:56.905 ဒီကျောင်းတွေက အင်တာနက်၊ စုပေါင်းလုပ်ကိုင်မှု နဲ့ 00:16:56.905 --> 00:16:59.228 အားပေးမှုတို့ ပူးပေါင်းထားတာပါ။ 00:16:59.228 --> 00:17:01.004 ကျောင်းအများကြီးမှာ စမ်းကြည့်ခဲ့တယ်။ NOTE Paragraph 00:17:01.004 --> 00:17:03.539 ကမ္ဘာအနှံ့ မှာကောပဲ။ ဆရာတွေက 00:17:03.539 --> 00:17:07.165 "ဒါ သူ့အလိုလို ဖြစ်လာနိုင်လား" လို့မေးကြတယ် NOTE Paragraph 00:17:07.165 --> 00:17:10.282 "သူ့အလိုလို ဖြစ်လာတာပေါ့" လို့ပြောတော့ "ဘယ်လိုသိနိုင်မှာလဲ" တဲ့ NOTE Paragraph 00:17:10.282 --> 00:17:13.775 "ဘယ်သူကပြောတာလဲ နဲ့ သူတို့ ဘယ်ကလဲဆိုတာ သိရင် 00:17:13.775 --> 00:17:16.703 အရမ်း အံ့ဩကြလိမ့်မယ်" လို့ ပြန်ဖြေခဲ့တယ်။ NOTE Paragraph 00:17:16.703 --> 00:17:19.447 ဒါက SOLE မှာ လေ့လာနေကြပုံပါ NOTE Paragraph 00:17:19.447 --> 00:17:25.556 (ကလေးများ စကားပြောသံ) NOTE Paragraph 00:17:25.556 --> 00:17:31.845 ဒီတစ်ခုက England မှာပါ 00:17:31.845 --> 00:17:35.641 သူက စည်းကမ်း ထိန်းသိမ်းရေးကို လုပ်ပေးရတာပေါ့၊ 00:17:35.981 --> 00:17:41.586 အနားမှာက ဆရာမရှိဘူးလေ NOTE Paragraph 00:17:44.136 --> 00:17:49.999 ကောင်မလေး - electron စုစုပေါင်းက proton စုစုပေါင်းရေအတွက်နဲ့ မညီဘူး။ SM-Australia 00:17:49.999 --> 00:17:56.734 ကောင်မလေး - သူ့ကို အဖိုဓါတ် (သို့) အမဓါတ် အားသွင်းကြည့်ပါ 00:17:56.734 --> 00:18:00.318 ion ပေါ်က စုစုပေါင်းဓါတ်အားက ion ထဲမှာရှိတဲ့ proton တွေထဲက 00:18:00.318 --> 00:18:03.611 electron တွေိနုတ်ထားတဲ့ ဓါတ်အားနဲ့ ညီမျှတယ်။ NOTE Paragraph 00:18:03.611 --> 00:18:06.660 SM: သူမရဲ့အချိန်ထက် ဆယ်စုနှစ်တစ်ခုစာလောက် ရှေ့ပြေးနေပြီ။ NOTE Paragraph 00:18:06.660 --> 00:18:10.263 ဒါကြောင့် SOLE မှာ မေးခွန်းကြီးတွေပါတဲ့ သင်ရိုးတွေလိုနေပြီ 00:18:10.263 --> 00:18:12.469 အမှန်တော့ ဒါကဘာလဲ သင်ကြားဖူးပြီးသားပါ 00:18:12.469 --> 00:18:15.870 ကျောက်ခေတ်လူသားတွေ 00:18:15.870 --> 00:18:17.974 ကောင်းကင်ကိုမော့ကြည့်လေ့ရှိပြီး 00:18:17.974 --> 00:18:20.453 မှိတ်တုတ်မှိတ်တုတ်လင်းနေတာ ဘာတွေလဲလို့ ပြောခဲ့ကြတယ်။ 00:18:20.453 --> 00:18:25.247 သူတို့ရဲ့ ဒီသင်ရိုးအလား အံ့ဩဖွယ် မေးခွန်း တွေကို ကျွန်တော်တို့ သတိမမူမိကြဘူး။ 00:18:25.247 --> 00:18:29.377 ထောင့်တစ်ခုရဲ့ တန်းဂျန့်အချိုးကို ပြောပြဖို့ဖြစ်လာတယ်။ 00:18:29.377 --> 00:18:33.085 ဒါပေမဲ့ ဒါက သိပ်စိတ်လှုပ်ရှားစရာ မကောင်းသေးဘူး။ 00:18:33.085 --> 00:18:36.046 ၉ နှစ် ကလေးတစ်ယောက်ကို စိတ်ဝင်စားအောင် ပြောမယ်ဆိုရင် 00:18:36.046 --> 00:18:39.199 "ကမ္ဘာက ဥက္ကာခဲတစ်ခု နဲ့ တိုက်မိတော့မယ်ဆိုပါစို့၊ 00:18:39.199 --> 00:18:42.597 ဖြစ်နိုင်/မဖြစ်နိုင် ဘယ်လိုတွက်ချက်မလဲ" လို့ ပြောရမှာပေါ့။ 00:18:42.597 --> 00:18:45.157 သူက "ဘာလဲ၊ ဘယ်လိုဖြစ်မှာလဲ" ပြန်မေးလာရင် 00:18:45.157 --> 00:18:48.142 "မှော်စကားလုံးရှိတယ်။ ဒါကို တန်းဂျန့်အချိုးလို့ခေါ်တယ်" 00:18:48.142 --> 00:18:51.013 လို့ပြောပြီးထားခဲ့ပါ။ သူ့ဟာသူ အဖြေရှာပါလိမ့်မယ်။ NOTE Paragraph 00:18:51.013 --> 00:18:55.471 ဒါကတော့ SOLEs က ပုံတစ်ချို့ပါ။ 00:18:55.471 --> 00:19:01.060 ကျွန်တော်က ၉ နှစ်အရွယ် ကလေးတွေကို 00:19:01.060 --> 00:19:05.348 "ကမ္ဘာက ဘယ်လိုစဖြစ်လာလဲ၊ ဘယ်လိုအဆုံးသတ်မလဲ" စတဲ့ မဖြစ်နိုင်တဲ့ 00:19:05.348 --> 00:19:07.293 မေးခွန်းတွေနဲ့စမ်းသပ်ခဲ့တယ်။ 00:19:07.293 --> 00:19:10.269 ဒီတစ်ခုက အသက်ရှုလိုက်တဲ့လေ ဘာဖြစ်သွားလဲ ဆိုတဲ့အကြောင်းပါ။ 00:19:10.269 --> 00:19:15.227 ဆရာတွေ အကူအညီမပါဘဲ ကလေးတွေ သူ့ဟာသူ လုပ်ကြတာပါ။ 00:19:15.227 --> 00:19:17.611 ဆရာက မေးခွန်းပဲမေးပြီး 00:19:17.611 --> 00:19:21.275 သူတို့အဖြေတွေကို ချီးမွမ်းပေးတယ်။ NOTE Paragraph 00:19:21.275 --> 00:19:25.011 ဒီတော့ ကျွန်တော်ဖြစ်ချင်တာက ဘာလဲ။ 00:19:25.011 --> 00:19:27.227 ကျွန်တော့် ဆန္ဒကတော့ 00:19:27.227 --> 00:19:31.541 အနာဂတ်ရဲ့ သင်ယူမှုကို ပုံဖော်ပေးဖို့ပါ။ 00:19:31.541 --> 00:19:33.507 ကျုပ်တို့ဟာ လူသားကွန်ပြူတာကြီးရဲ့ 00:19:33.507 --> 00:19:35.899 စက်အပိုပစ္စည်းတော့ မဖြစ်ချင်ကြဘူးမဟုတ်လား။ 00:19:35.899 --> 00:19:39.555 ဒါကြောင့် အနာဂတ်သင်ယူမှုအတွက် ပုံစံချဖို့လိုတယ်။ 00:19:39.555 --> 00:19:41.191 ဒါကြောင့် ကျွန်တော့အနေနဲ့ - ခဏလေး 00:19:41.191 --> 00:19:43.891 ဒါက အရမ်းအရေးကြီးလို့ 00:19:43.891 --> 00:19:46.535 ဒီအသုံးအနှုန်းကို အတိအကျလေး မှန်အောင်ပြောရမယ်။ 00:19:46.535 --> 00:19:48.851 ကျွန်တော့ ဆန္ဒက ကမ္ဘာပေါ်က ကလေးတွေကို ပံ့ပိုးပြီး 00:19:48.851 --> 00:19:51.085 သူတို့စူးစမ်းမှုနဲ့ အတူတကွ လုပ်ကိုင်နိုင်မှုကို 00:19:51.085 --> 00:19:54.131 လမ်းဖွင့်ပေးခြင်းဖြင့် အနာဂတ်သင်ယူမှု ပုံစံချမှတ်ပေးဖို့ဖြစ်တယ်။ 00:19:54.131 --> 00:19:56.783 ဒီကျောင်းမျိုးကို အကောင်အထည် ဖော်နိုင်ဖို့ ကူညီပေးကြပါ။ 00:19:56.783 --> 00:19:59.699 ၎င်းကို "တိမ်လှိုင်းပေါ်က ကျောင်း"လို့ အမည်ပေးမှာဖြစ်ပြီး 00:19:59.699 --> 00:20:04.772 ကလေးများအား ဆရာတွေမှ မေးကြတဲ့ မေးခွန်းကြီးတွေရဲ့ တွန်းအားပေးမှုဖြင့် 00:20:04.772 --> 00:20:08.629 ပညာတွေကို စွန့်စားလေ့လာကြမှာဖြစ်တယ်။ 00:20:08.629 --> 00:20:10.900 ကျွန်တော် လုပ်ချင်တဲ့ပုံစံက 00:20:10.900 --> 00:20:15.260 ကျွန်တော် လေ့လာနိုင်တဲ့ ပံ့ပိုးမှုရှိတဲ့နေရာဖြစ်ပြီး 00:20:15.260 --> 00:20:18.060 ဒါက လက်တွေ့ထိန်းချုပ်သူမဲ့တဲ့ ပံ့ပိုးမှုမျိုးပါ။ 00:20:18.060 --> 00:20:20.097 ကျန်းမာရေးနဲ့ ဘေးကင်းရေးကို စီမံပေးမယ့် 00:20:20.097 --> 00:20:21.958 Granny တစ်ဦးထဲ ရှိပါတယ်။ 00:20:21.958 --> 00:20:23.701 ကျန်တာအကုန် cloud ထံမှပဲလာမှာပါ။ 00:20:23.701 --> 00:20:25.616 မီးအဖွင့်၊ အပိတ်ကို cloud ကနေပဲလုပ်မှာပါ 00:20:25.616 --> 00:20:27.644 စသည်ဖြင့် အားလုံး cloud ကလုပ်ပေးမှာပါ။ NOTE Paragraph 00:20:27.644 --> 00:20:30.869 ဒါပေမဲ့ အခြားရည်ရွယ်ချက်တစ်ခု အတွက် ခင်ဗျားတို့ကို လိုအပ်တယ်။ 00:20:30.869 --> 00:20:33.628 ကိုယ်ထူကိုယ်ထ လေ့လာသင်ယူရေး ပတ်ဝန်းကျင် (SOLEs) ကို 00:20:33.628 --> 00:20:37.974 အိမ်၊ ကျောင်း၊ ကျောင်းပြင်ပနဲ့ ကလပ်အသင်းများမှာ လုပ်နိုင်တယ်။ 00:20:37.974 --> 00:20:40.372 ဒီလိုလုပ်ဖို့ အရမ်းလွယ်တယ်။ TED ကထုတ်ဝေထားတဲ့ 00:20:40.372 --> 00:20:42.660 သိပ်ကောင်းတဲ့ လမ်းညွှန်စာရွက်စာတမ်း ရှိပါတယ်။ 00:20:42.660 --> 00:20:45.576 ပြုလုပ်နိုင်ကြပါက၊ 00:20:45.576 --> 00:20:48.401 တိုက်ကြီး (၅) ခုစလုံးမှာ ကျေးဇူးပြုပြီး လုပ်ပေးကြပါ။ 00:20:48.401 --> 00:20:50.612 ပြီးရင် ကျွန်တော့်ကို ဒေတာတွေ ပို့ပေးပါ။ 00:20:50.612 --> 00:20:54.116 ရတဲ့အချက်အလက်တွေစုပြီး၊ တိမ်လှိုင်းပေါ်က ကျောင်းထံကိုပို့ပြီး 00:20:54.116 --> 00:20:57.380 သင်ယူမှုရဲ့ အနာဂတ်ကိုဖန်တီးကြမယ်။ 00:20:57.380 --> 00:20:59.052 ဒါကတော့ ကျွန်တော့်ဆန္ဒပါပဲ။ NOTE Paragraph 00:20:59.052 --> 00:21:00.175 နောက်ဆုံးအနေနဲ့ 00:21:00.175 --> 00:21:03.188 ကျွန်တော် ခင်ဗျားတို့ကို ဟိမဝန္တာ တောင်ထိပ်ကို ခေါ်သွားပါမယ်။ 00:21:03.188 --> 00:21:06.491 ပေ ၁၂,၀၀၀ ကျော် လေသိပ်မပြင်းတဲ့နေရာမှာ 00:21:06.491 --> 00:21:09.476 နံရံအပေါက်ထဲ ကွန်ပြူတာ(၂)လုံး ကျွန်တော် တပ်ထားခဲ့ဖူးတယ်၊ 00:21:09.476 --> 00:21:10.841 ကလေးတွေ စုပြုံလာကြတယ်။ 00:21:10.841 --> 00:21:13.828 ကျွန််တော့်နောက် တစ်ကောက်ကောက်လိုက်တဲ့ ကလေးမ တစ်ယောက်ရှိခဲ့တယ်။ NOTE Paragraph 00:21:13.828 --> 00:21:18.544 "လူတိုင်း၊ ကလေးတိုင်းကို ကွန်ပြူတာတွေ ငါပေးချင်တယ်၊ 00:21:18.544 --> 00:21:20.945 ငါဘာလုပ်သင့်လဲမသိဘူး"လို့ သူ့ကို မေးတယ်။ 00:21:20.945 --> 00:21:24.976 ပြီးတော့ သူ့ကိုတိတ်တိတ်လေး ဓါတ်ပုံရိုက်မလို့ လုပ်နေတုန်း NOTE Paragraph 00:21:24.976 --> 00:21:29.032 ရုတ်တရက် သူ့လက်လေးကို ဒီလိုမြှောက်ပြီး ပြောလိုက်တာက 00:21:29.032 --> 00:21:30.921 "အဲဒါကို ဆက်လုပ်နေပါ" တဲ့ NOTE Paragraph 00:21:30.921 --> 00:21:42.585 (ရယ်သံများ) (လက်ခုပ်သံများ) NOTE Paragraph 00:21:42.585 --> 00:21:44.526 ဒါက အကြံဉာဏ်ကောင်းပါ။ 00:21:44.526 --> 00:21:46.714 သူလေးရဲ့အကြံကိုနားထောင်ကာ အပြောတွေရပ်ခဲ့တယ်။ 00:21:46.714 --> 00:21:50.704 ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ် 00:21:50.704 --> 00:21:54.455 (လက်ခုပ်သံများ) 00:21:54.455 --> 00:22:02.779 ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) 00:22:02.779 --> 00:22:09.194 ကျေးဇူးအများကြီး တင်ပါတယ်။ ဝိုး။ (လက်ခုပ်သံများ)