စောင်းနေတဲ့ ပီဇာမျှော်စင်ကြီး ဘာလို့မပြိုလဲသွားတာလဲ? - Alex Gendler
-
0:08 - 0:13၁၉၉၀ ခုနှစ်က အီတလီအစိုးရဟာ
ပီဇာမျှော်စင်ကို ပြန်တည့်ဖို့ -
0:13 - 0:17ထိပ်တန်းအင်ဂျင်နီယာတွေကို
စာရင်းပေးခဲ့ပါတယ်။ -
0:17 - 0:21သမိုင်းတစ်လျှောက် နှစ် ၈၀၀ အတွင်းမှာ
တည့်မတ်ဖို့ ကြိုးပမ်းမှုများစွာရှိပေမဲ့ -
0:21 - 0:26ဒီအဖွဲ့ရဲ့ ကွန်ပျူတာပုံစံတွေကနေ လက်ရှိ
အခြေအနေရဲ့ အရေးကြီးပုံကို ဖော်ပြပါတယ် -
0:26 - 0:32တွက်ချက်မှုတွေအရ မျှော်စင်ဟာ ၅.၄၄ ဒီဂရီ
တိမ်းစောင်းတာနဲ့ ပြိုလဲပြီလို့ ဆိုပေမဲ့ -
0:32 - 0:35လက်ရှိ မျှော်စင်ကြီးက ၅.၅ ဒီဂရီ
စောင်းနေတာပါ။ -
0:35 - 0:40မျှော်စင်ကြီး ဘာလို့ဆက်ထောင်နေသေးလဲ
ဆိုတာ ဘယ်သူမှ မသိပေမဲ့ -
0:40 - 0:44အင်ဂျင်နီယာတွေဟာ ရာစုနှစ်ပေါင်းများစွာ
ရင်ဆိုင်နေတဲ့အခက်အခဲကို ဖြေရှင်းပြီး -
0:44 - 0:46မြန်မြန်သွက်သွက် လုပ်ဖို့ လိုနေပါပြီ။
-
0:46 - 0:48အခြေအနေကို နားလည်ဖို့အတွက်
-
0:48 - 0:52မျှော်စင်ကြီးဟာ စဆောက်ကတည်းက
ဘာလို့စောင်းနေလဲဆိုတာ သိဖို့လိုပါတယ်။ -
0:52 - 0:56၁၂ ရာစုက ကြွယ်ဝတဲ့
ပီဇာ ရေကြောင်းမြို့ပြနိုင်ငံဟာ -
0:56 - 1:01ဘုရားရှိခိုးကျောင်းမြေနေရာကို
ထင်ရှားတဲ့အမှတ်အသားနေရာ ပြုလုပ်ပါတယ်။ -
1:01 - 1:04အလုပ်သမားတွေဟာ ရှိပြီးသားဘုရားကျောင်းကို
ချဲ့တာ၊ အလှဆင်တာတွေ လုပ်ခဲ့ပြီး -
1:04 - 1:08နှစ်ခြင်းမင်္ဂလာပြုလုပ်ရာ အမိုးခုံးပါ
ကျောင်းကြီးကို ထည့်သွင်းဆောက်လုပ်ပါတယ်။ -
1:08 - 1:15၁၁၇၃ ခုနှစ်မှာ ခေါင်းလောင်းမျှော်စင်က
စပြီး ဆောက်လုပ်ရေးတွေ စတင်ပါတယ်။ -
1:15 - 1:19ဗိသုကာပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေဟာ
သူတို့ရဲ့ အင်ဂျင်နီယာအတတ်တွေမှာ -
1:19 - 1:21တဖက်ကမ်းခတ်ကျွမ်းကျင်ကြသူတွေ ဖြစ်ပေမဲ့
-
1:21 - 1:25သူတို့အောက်က မြေကြီးအကြောင်းကိုတော့
သိပ်မသိပါဘူး။ -
1:25 - 1:29ပီဇာ ဆိုတာ ဂရိစကားလုံး ဗွက်တော က
ဆင်းသက်လာတာဖြစ်ပြီး -
1:29 - 1:35မြို့အောက်က စိုအိနေတဲ့ သဲနဲ့
ရွှံ့ဗွက်မြေကို ကိုယ်စားပြုပါတယ်။ -
1:35 - 1:40ရှေးကရောမတွေဟာ ဒီအခြေအနေအတွက်
ဧရာမကျောက်တိုင်ကြီးတွေသုံးပြီး -
1:40 - 1:44အောက်ခံကျောက်မြေအထိ
အမာခံယူခဲ့ကြရပါတယ်။ -
1:44 - 1:49ဒါပေမယ့် မျှော်စင်ဆောက်တဲ့ ဗိသုကာတွေဟာ
သူတို့ဆောက်မယ့် မျှော်စင်နိမ့်အတွက် -
1:49 - 1:52သုံးမီတာလောက် အောက်ခံအမာယူရင်
ရပြီထင်ခဲ့ပါတယ်။ -
1:52 - 1:55သို့သော် ကံမကောင်းစွာပဲ
ငါးနှစ်မတိုင်မှီမှာပဲ -
1:55 - 1:59မျှော်စင်ရဲ့ တောင်ဘက်ပိုင်းဟာ
မြေကြီးထဲ ကျွံ့ဝင်သွားပါတယ်။ -
1:59 - 2:04ဒီလိုမျိုး အောက်ခံစောင်းသွားတာဟာ
အမှားအကြီးကြီး ဖြစ်ပါတယ်။ -
2:04 - 2:05အလေးချိန် ထပ်ပြီး အထပ်တင်မယ်ဆိုရင်
-
2:05 - 2:09ဖိအားပိုများလာပြီး
ပိုပြီး နစ်ဝင်မှာဖြစ်သလို -
2:09 - 2:11ဆိုးဆိုးဝါးဝါး ပိုပြီး စောင်းလာမှာပါ။
-
2:11 - 2:15ဆောက်လုပ်ရေးဟာ လေးထပ်မြောက်မှာ
ဆယ်စုနှစ်တစ်ခုလောက် ရပ်နေခဲ့ပြီး -
2:15 - 2:19ကာလရှည်ကြာ ငြင်းခုန်စရာအခြေအနေ
ဖြစ်လာပါတယ်။ -
2:19 - 2:22ဒီလို အကြာကြီး နားလိုက်တဲ့အတွက်
မြေကြီးပြန်အသားကျသွားပြီး -
2:22 - 2:26၁၂၇၂ မှာ ဆောက်လုပ်ရေးတွေ
ပြန်စပါတယ်။ -
2:26 - 2:29အောက်ခံကလည်း အနည်းငယ် ပိုပြီး
တည်ငြိမ်လာပါပြီ။ -
2:29 - 2:33ဗိသုကာပညာရှင် Giovanni di Simone လက်ထက်မှာ
-
2:33 - 2:36မျှော်စင်စောင်းနေတာကို ဖြေရှင်းဖို့
-
2:36 - 2:40တောင်ဘက်ခြမ်းကို ပိုရှည်အောင်
ဆောက်လိုက်ပါတယ် -
2:40 - 2:45ဒါပေမဲ့ ပိုများလာတဲ့ အင်္ဂတေတွေကြောင့်
ပိုလေးပြီး ပိုပြီးတောင် နစ်လာပါတယ် -
2:45 - 2:48ခုနှစ်ထပ်နဲ့ ခေါင်းလောင်းအခန်း
ပြီးတဲ့အခါမှာတော့ -
2:48 - 2:52တိမ်းစောင်းမှုဟာ ၁.၆ ဒီဂရီ ရှိနေပါပြီ
-
2:52 - 2:57အင်ဂျင်နီယာတွေဟာ ဆယ်စုနှစ်များစွာ
နည်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ကြပါတယ် -
2:57 - 3:02၁၈၉၃ မှာ မြုပ်နေတဲ့အောက်ခြေကိုကြည့်ဖို့
လမ်းကြောင်းတစ်ခု ပတ်တူးခဲ့ရာ -
3:02 - 3:06ထောက်မထားတဲ့ သဲတွေကို ဖယ်ခြင်းက
တိမ်းစောင်တာကို ပိုလို့သာဆိုးစေခဲ့တယ်။ -
3:06 - 3:13၁၉၃၅ မှာတော့ အီတလီအင်ဂျင်နီယာတပ်မကြီးက
အောက်ခြေကို ပိုခိုင်အောင် အင်္ဂတေထိုးပါတယ် -
3:13 - 3:16ဒါပေမဲ့ ထိုးထည့်တဲ့အင်္ဂတေဟာ
အောက်ခြေအနှံ့ အညီအမျှ မရောက်လို့ -
3:16 - 3:20နောက်တစ်ခါ ထပ်ကျွံဝင်သွားပြန်ပါတယ်။
-
3:20 - 3:24ဒီလို မအောင်မြင်မှု ကြိုးပမ်းမှုတွေနဲ့
တချိန်လုံးကျွံနေတဲ့ အောက်ခံမြေနဲ့အတူ -
3:24 - 3:27မျှော်စင်ရဲ့အခြေအနေဟာ
ပြိုလဲဖို့ နီးစပ်လာပါတော့တယ်။ -
3:27 - 3:30အောက်ခံမြေလွှာရဲ့ သဘောသဘာဝကို
မကျက်မိသ၍ -
3:30 - 3:33ဘယ်အင်ဂျင်နီယာမှ မျှော်စင်ကို
တည့်မတ်နိုင်မှာ မဟုတ်သလို -
3:33 - 3:37ပြိုလဲမသွားဖို့ မတားနိုင်ပါဘူး။
-
3:37 - 3:39ဒုတိယကမ္ဘာစစ်ပြီးတဲ့ နှစ်တွေမှာ
-
3:39 - 3:43လေ့လာသူတွေဟာ ဒီမျက်ကွယ်အချက်အလက်တွေကို
စတင်စမ်းသပ်လာပါတယ်။ -
3:43 - 3:49၁၉၇၀ နှစ်တွေမှာပဲ အင်ဂျင်နီယာတွေဟာ
စောင်းနေတဲ့မျှော်စင်ရဲ့ ဆွဲအားဗဟိုချက်ကို -
3:49 - 3:52ကျွန်ပျူတာနည်းပညာတွေ အချက်အလက်တွေနဲ့
တွက်ထုတ်ပါတယ်။ -
3:52 - 3:56မြေကြီးရဲ့မာကျောမှု နဲ့
မျှော်စင်ရဲ့ လားရာလမ်းကြောင်း၊ -
3:56 - 4:02မပြိုလဲအောင် တူးထုတ်ရမယ့် မြေပမာဏတွေကို
ပုံစံငယ်ပြုလုပ်တွက်ယူပါတယ်။ -
4:02 - 4:05၁၉၉၂ ခုနှစ်မှာတော့ ဒီအဖွဲ့ဟာ
မျှော်စင်မြောက်ဘက်မြေအောက်က မြေကြီး -
4:05 - 4:11၃၈ ကုဗမီတာကို တူးထုတ်ဖို့
ထောင့်ဖြတ်ဥမင်တွေ တူးပါတယ်။ -
4:11 - 4:17အောက်ခြေမှာ သံမဏိကြိုးတွေနဲ့ မဆိုင်းခင်
ခဏတာ ဘက်မျှအောင်ထိန်းဖို့ -
4:17 - 4:20ခဲတုံး တန် ၆၀၀ ကို အသုံးပြုခဲ့ပါတယ်။
-
4:20 - 4:23ဆောက်လုပ်ပြီးကတည်းက
ဆယ်စုနှစ်ခြောက်ခုအကြာမှာပဲ -
4:23 - 4:28မျှော်စင်ကြီးဟာ လေးဒီဂရီအထိ
ပြန်လည်တည့်မတ်လာခဲ့ပါတယ်။ -
4:28 - 4:30ဘယ်သူမှ မျှော်စင်ကြီးကို
မပြိုလဲစေချင်သလို -
4:30 - 4:34စောင်းနေတယ်ဆိုတဲ့ ကမ္ဘာကျော်အချက်ကိုလည်း
မပျောက်သွားစေချင်ပြန်ပါဘူး။ -
4:34 - 4:39ယနေ့ခေတ်မှာတော့ မျှော်စင်ကြီးဟာ
၅၅ (သို့) ၅၆ မီတာ မြင့်ပြီး -
4:39 - 4:42နောင်နှစ် ၃၀၀ အထိ တည်မြဲနေမှာဖြစ်သလို
-
4:42 - 4:46အဆင်မချောတဲ့ အမှတ်တရတစ်ခုအဖြစ်
ရပ်တည်နေပါတော့တယ်။
- Title:
- စောင်းနေတဲ့ ပီဇာမျှော်စင်ကြီး ဘာလို့မပြိုလဲသွားတာလဲ? - Alex Gendler
- Speaker:
- Alex Gendler
- Description:
-
သင်ခန်းစာ အပြည့်အစုံ - https://ed.ted.com/lessons/why-doesn-t-the-leaning-tower-of-pisa-fall-over-alex-gendler
၁၉၉၀ ခုနှစ်မှာ အီတလီအစိုးရဟာ စောင်းနေတဲ့ နာမည်ကျော် ပီဇာမျှော်စင်ကို တည့်မတ်ဖို့ ထိပ်တန်းအင်ဂျင်နီယာတွေကို စာရင်းပေးခဲ့ပါတယ်။ နှစ် ၈၀၀ သမိုင်းအတွင်း အမျိုးမျိုးကြိုးစားခဲ့ပြီးနောက် ကွန်ပျူတာတွက်ချက်မှုတွေအရ အခြေအနေမကောင်းတော့တာ တွေ့ရှိခဲ့ပါတယ်။ တွက်ချက်မှုတွေအရ ၅.၄၄ ဒီဂရီမှာ ပြိုလဲပြီဆိုတဲ့ မျှော်စင်ကြီးဟာ လက်ရှိမှာ ၅.၅ ဒီဂရီ တိမ်းစောင်းနေပါတယ်။ ဒါဆို ဘာလို့ မျှော်စင်ကြီးဟာ ပုံပျက်ပန်းပျက် တိမ်းစောင်းနေရတာလဲ? Alex Gendler က ရှာဖွေတင်ဆက်ထားပါတယ်။
သင်ခန်းစာပို့ချသူ - Alex Gendler
ရိုက်ကူးရေး - Aim Creative စတူဒီယို - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:49
sann tint approved Burmese subtitles for Why doesn't the Leaning Tower of Pisa fall over? | ||
sann tint accepted Burmese subtitles for Why doesn't the Leaning Tower of Pisa fall over? | ||
sann tint edited Burmese subtitles for Why doesn't the Leaning Tower of Pisa fall over? | ||
sann tint edited Burmese subtitles for Why doesn't the Leaning Tower of Pisa fall over? | ||
sann tint edited Burmese subtitles for Why doesn't the Leaning Tower of Pisa fall over? | ||
Ko Ko Oo edited Burmese subtitles for Why doesn't the Leaning Tower of Pisa fall over? | ||
Ko Ko Oo edited Burmese subtitles for Why doesn't the Leaning Tower of Pisa fall over? | ||
Ko Ko Oo edited Burmese subtitles for Why doesn't the Leaning Tower of Pisa fall over? |