၁၉၉၀ ခုနှစ်က အီတလီအစိုးရဟာ
ပီဇာမျှော်စင်ကို ပြန်တည့်ဖို့
ထိပ်တန်းအင်ဂျင်နီယာတွေကို
စာရင်းပေးခဲ့ပါတယ်။
သမိုင်းတစ်လျှောက် နှစ် ၈၀၀ အတွင်းမှာ
တည့်မတ်ဖို့ ကြိုးပမ်းမှုများစွာရှိပေမဲ့
ဒီအဖွဲ့ရဲ့ ကွန်ပျူတာပုံစံတွေကနေ လက်ရှိ
အခြေအနေရဲ့ အရေးကြီးပုံကို ဖော်ပြပါတယ်
တွက်ချက်မှုတွေအရ မျှော်စင်ဟာ ၅.၄၄ ဒီဂရီ
တိမ်းစောင်းတာနဲ့ ပြိုလဲပြီလို့ ဆိုပေမဲ့
လက်ရှိ မျှော်စင်ကြီးက ၅.၅ ဒီဂရီ
စောင်းနေတာပါ။
မျှော်စင်ကြီး ဘာလို့ဆက်ထောင်နေသေးလဲ
ဆိုတာ ဘယ်သူမှ မသိပေမဲ့
အင်ဂျင်နီယာတွေဟာ ရာစုနှစ်ပေါင်းများစွာ
ရင်ဆိုင်နေတဲ့အခက်အခဲကို ဖြေရှင်းပြီး
မြန်မြန်သွက်သွက် လုပ်ဖို့ လိုနေပါပြီ။
အခြေအနေကို နားလည်ဖို့အတွက်
မျှော်စင်ကြီးဟာ စဆောက်ကတည်းက
ဘာလို့စောင်းနေလဲဆိုတာ သိဖို့လိုပါတယ်။
၁၂ ရာစုက ကြွယ်ဝတဲ့
ပီဇာ ရေကြောင်းမြို့ပြနိုင်ငံဟာ
ဘုရားရှိခိုးကျောင်းမြေနေရာကို
ထင်ရှားတဲ့အမှတ်အသားနေရာ ပြုလုပ်ပါတယ်။
အလုပ်သမားတွေဟာ ရှိပြီးသားဘုရားကျောင်းကို
ချဲ့တာ၊ အလှဆင်တာတွေ လုပ်ခဲ့ပြီး
နှစ်ခြင်းမင်္ဂလာပြုလုပ်ရာ အမိုးခုံးပါ
ကျောင်းကြီးကို ထည့်သွင်းဆောက်လုပ်ပါတယ်။
၁၁၇၃ ခုနှစ်မှာ ခေါင်းလောင်းမျှော်စင်က
စပြီး ဆောက်လုပ်ရေးတွေ စတင်ပါတယ်။
ဗိသုကာပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေဟာ
သူတို့ရဲ့ အင်ဂျင်နီယာအတတ်တွေမှာ
တဖက်ကမ်းခတ်ကျွမ်းကျင်ကြသူတွေ ဖြစ်ပေမဲ့
သူတို့အောက်က မြေကြီးအကြောင်းကိုတော့
သိပ်မသိပါဘူး။
ပီဇာ ဆိုတာ ဂရိစကားလုံး ဗွက်တော က
ဆင်းသက်လာတာဖြစ်ပြီး
မြို့အောက်က စိုအိနေတဲ့ သဲနဲ့
ရွှံ့ဗွက်မြေကို ကိုယ်စားပြုပါတယ်။
ရှေးကရောမတွေဟာ ဒီအခြေအနေအတွက်
ဧရာမကျောက်တိုင်ကြီးတွေသုံးပြီး
အောက်ခံကျောက်မြေအထိ
အမာခံယူခဲ့ကြရပါတယ်။
ဒါပေမယ့် မျှော်စင်ဆောက်တဲ့ ဗိသုကာတွေဟာ
သူတို့ဆောက်မယ့် မျှော်စင်နိမ့်အတွက်
သုံးမီတာလောက် အောက်ခံအမာယူရင်
ရပြီထင်ခဲ့ပါတယ်။
သို့သော် ကံမကောင်းစွာပဲ
ငါးနှစ်မတိုင်မှီမှာပဲ
မျှော်စင်ရဲ့ တောင်ဘက်ပိုင်းဟာ
မြေကြီးထဲ ကျွံ့ဝင်သွားပါတယ်။
ဒီလိုမျိုး အောက်ခံစောင်းသွားတာဟာ
အမှားအကြီးကြီး ဖြစ်ပါတယ်။
အလေးချိန် ထပ်ပြီး အထပ်တင်မယ်ဆိုရင်
ဖိအားပိုများလာပြီး
ပိုပြီး နစ်ဝင်မှာဖြစ်သလို
ဆိုးဆိုးဝါးဝါး ပိုပြီး စောင်းလာမှာပါ။
ဆောက်လုပ်ရေးဟာ လေးထပ်မြောက်မှာ
ဆယ်စုနှစ်တစ်ခုလောက် ရပ်နေခဲ့ပြီး
ကာလရှည်ကြာ ငြင်းခုန်စရာအခြေအနေ
ဖြစ်လာပါတယ်။
ဒီလို အကြာကြီး နားလိုက်တဲ့အတွက်
မြေကြီးပြန်အသားကျသွားပြီး
၁၂၇၂ မှာ ဆောက်လုပ်ရေးတွေ
ပြန်စပါတယ်။
အောက်ခံကလည်း အနည်းငယ် ပိုပြီး
တည်ငြိမ်လာပါပြီ။
ဗိသုကာပညာရှင် Giovanni di Simone လက်ထက်မှာ
မျှော်စင်စောင်းနေတာကို ဖြေရှင်းဖို့
တောင်ဘက်ခြမ်းကို ပိုရှည်အောင်
ဆောက်လိုက်ပါတယ်
ဒါပေမဲ့ ပိုများလာတဲ့ အင်္ဂတေတွေကြောင့်
ပိုလေးပြီး ပိုပြီးတောင် နစ်လာပါတယ်
ခုနှစ်ထပ်နဲ့ ခေါင်းလောင်းအခန်း
ပြီးတဲ့အခါမှာတော့
တိမ်းစောင်းမှုဟာ ၁.၆ ဒီဂရီ ရှိနေပါပြီ
အင်ဂျင်နီယာတွေဟာ ဆယ်စုနှစ်များစွာ
နည်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ကြပါတယ်
၁၈၉၃ မှာ မြုပ်နေတဲ့အောက်ခြေကိုကြည့်ဖို့
လမ်းကြောင်းတစ်ခု ပတ်တူးခဲ့ရာ
ထောက်မထားတဲ့ သဲတွေကို ဖယ်ခြင်းက
တိမ်းစောင်တာကို ပိုလို့သာဆိုးစေခဲ့တယ်။
၁၉၃၅ မှာတော့ အီတလီအင်ဂျင်နီယာတပ်မကြီးက
အောက်ခြေကို ပိုခိုင်အောင် အင်္ဂတေထိုးပါတယ်
ဒါပေမဲ့ ထိုးထည့်တဲ့အင်္ဂတေဟာ
အောက်ခြေအနှံ့ အညီအမျှ မရောက်လို့
နောက်တစ်ခါ ထပ်ကျွံဝင်သွားပြန်ပါတယ်။
ဒီလို မအောင်မြင်မှု ကြိုးပမ်းမှုတွေနဲ့
တချိန်လုံးကျွံနေတဲ့ အောက်ခံမြေနဲ့အတူ
မျှော်စင်ရဲ့အခြေအနေဟာ
ပြိုလဲဖို့ နီးစပ်လာပါတော့တယ်။
အောက်ခံမြေလွှာရဲ့ သဘောသဘာဝကို
မကျက်မိသ၍
ဘယ်အင်ဂျင်နီယာမှ မျှော်စင်ကို
တည့်မတ်နိုင်မှာ မဟုတ်သလို
ပြိုလဲမသွားဖို့ မတားနိုင်ပါဘူး။
ဒုတိယကမ္ဘာစစ်ပြီးတဲ့ နှစ်တွေမှာ
လေ့လာသူတွေဟာ ဒီမျက်ကွယ်အချက်အလက်တွေကို
စတင်စမ်းသပ်လာပါတယ်။
၁၉၇၀ နှစ်တွေမှာပဲ အင်ဂျင်နီယာတွေဟာ
စောင်းနေတဲ့မျှော်စင်ရဲ့ ဆွဲအားဗဟိုချက်ကို
ကျွန်ပျူတာနည်းပညာတွေ အချက်အလက်တွေနဲ့
တွက်ထုတ်ပါတယ်။
မြေကြီးရဲ့မာကျောမှု နဲ့
မျှော်စင်ရဲ့ လားရာလမ်းကြောင်း၊
မပြိုလဲအောင် တူးထုတ်ရမယ့် မြေပမာဏတွေကို
ပုံစံငယ်ပြုလုပ်တွက်ယူပါတယ်။
၁၉၉၂ ခုနှစ်မှာတော့ ဒီအဖွဲ့ဟာ
မျှော်စင်မြောက်ဘက်မြေအောက်က မြေကြီး
၃၈ ကုဗမီတာကို တူးထုတ်ဖို့
ထောင့်ဖြတ်ဥမင်တွေ တူးပါတယ်။
အောက်ခြေမှာ သံမဏိကြိုးတွေနဲ့ မဆိုင်းခင်
ခဏတာ ဘက်မျှအောင်ထိန်းဖို့
ခဲတုံး တန် ၆၀၀ ကို အသုံးပြုခဲ့ပါတယ်။
ဆောက်လုပ်ပြီးကတည်းက
ဆယ်စုနှစ်ခြောက်ခုအကြာမှာပဲ
မျှော်စင်ကြီးဟာ လေးဒီဂရီအထိ
ပြန်လည်တည့်မတ်လာခဲ့ပါတယ်။
ဘယ်သူမှ မျှော်စင်ကြီးကို
မပြိုလဲစေချင်သလို
စောင်းနေတယ်ဆိုတဲ့ ကမ္ဘာကျော်အချက်ကိုလည်း
မပျောက်သွားစေချင်ပြန်ပါဘူး။
ယနေ့ခေတ်မှာတော့ မျှော်စင်ကြီးဟာ
၅၅ (သို့) ၅၆ မီတာ မြင့်ပြီး
နောင်နှစ် ၃၀၀ အထိ တည်မြဲနေမှာဖြစ်သလို
အဆင်မချောတဲ့ အမှတ်တရတစ်ခုအဖြစ်
ရပ်တည်နေပါတော့တယ်။