WEBVTT 00:00:08.041 --> 00:00:12.717 ၁၉၉၀ ခုနှစ်က အီတလီအစိုးရဟာ ပီဇာမျှော်စင်ကို ပြန်တည့်ဖို့ 00:00:12.717 --> 00:00:16.717 ထိပ်တန်းအင်ဂျင်နီယာတွေကို စာရင်းပေးခဲ့ပါတယ်။ 00:00:16.717 --> 00:00:20.789 သမိုင်းတစ်လျှောက် နှစ် ၈၀၀ အတွင်းမှာ တည့်မတ်ဖို့ ကြိုးပမ်းမှုများစွာရှိပေမဲ့ 00:00:20.789 --> 00:00:25.923 ဒီအဖွဲ့ရဲ့ ကွန်ပျူတာပုံစံတွေကနေ လက်ရှိ အခြေအနေရဲ့ အရေးကြီးပုံကို ဖော်ပြပါတယ် 00:00:25.923 --> 00:00:31.592 တွက်ချက်မှုတွေအရ မျှော်စင်ဟာ ၅.၄၄ ဒီဂရီ တိမ်းစောင်းတာနဲ့ ပြိုလဲပြီလို့ ဆိုပေမဲ့ 00:00:31.592 --> 00:00:35.132 လက်ရှိ မျှော်စင်ကြီးက ၅.၅ ဒီဂရီ စောင်းနေတာပါ။ 00:00:35.132 --> 00:00:39.857 မျှော်စင်ကြီး ဘာလို့ဆက်ထောင်နေသေးလဲ ဆိုတာ ဘယ်သူမှ မသိပေမဲ့ 00:00:39.857 --> 00:00:43.987 အင်ဂျင်နီယာတွေဟာ ရာစုနှစ်ပေါင်းများစွာ ရင်ဆိုင်နေတဲ့အခက်အခဲကို ဖြေရှင်းပြီး 00:00:43.987 --> 00:00:46.462 မြန်မြန်သွက်သွက် လုပ်ဖို့ လိုနေပါပြီ။ NOTE Paragraph 00:00:46.462 --> 00:00:48.102 အခြေအနေကို နားလည်ဖို့အတွက် 00:00:48.102 --> 00:00:51.832 မျှော်စင်ကြီးဟာ စဆောက်ကတည်းက ဘာလို့စောင်းနေလဲဆိုတာ သိဖို့လိုပါတယ်။ 00:00:51.832 --> 00:00:55.806 ၁၂ ရာစုက ကြွယ်ဝတဲ့ ပီဇာ ရေကြောင်းမြို့ပြနိုင်ငံဟာ 00:00:55.806 --> 00:01:00.663 ဘုရားရှိခိုးကျောင်းမြေနေရာကို ထင်ရှားတဲ့အမှတ်အသားနေရာ ပြုလုပ်ပါတယ်။ 00:01:00.663 --> 00:01:04.143 အလုပ်သမားတွေဟာ ရှိပြီးသားဘုရားကျောင်းကို ချဲ့တာ၊ အလှဆင်တာတွေ လုပ်ခဲ့ပြီး 00:01:04.143 --> 00:01:08.096 နှစ်ခြင်းမင်္ဂလာပြုလုပ်ရာ အမိုးခုံးပါ ကျောင်းကြီးကို ထည့်သွင်းဆောက်လုပ်ပါတယ်။ 00:01:08.096 --> 00:01:15.285 ၁၁၇၃ ခုနှစ်မှာ ခေါင်းလောင်းမျှော်စင်က စပြီး ဆောက်လုပ်ရေးတွေ စတင်ပါတယ်။ NOTE Paragraph 00:01:15.285 --> 00:01:19.265 ဗိသုကာပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေဟာ သူတို့ရဲ့ အင်ဂျင်နီယာအတတ်တွေမှာ 00:01:19.265 --> 00:01:21.423 တဖက်ကမ်းခတ်ကျွမ်းကျင်ကြသူတွေ ဖြစ်ပေမဲ့ 00:01:21.423 --> 00:01:25.337 သူတို့အောက်က မြေကြီးအကြောင်းကိုတော့ သိပ်မသိပါဘူး။ 00:01:25.337 --> 00:01:29.227 ပီဇာ ဆိုတာ ဂရိစကားလုံး ဗွက်တော က ဆင်းသက်လာတာဖြစ်ပြီး 00:01:29.227 --> 00:01:35.336 မြို့အောက်က စိုအိနေတဲ့ သဲနဲ့ ရွှံ့ဗွက်မြေကို ကိုယ်စားပြုပါတယ်။ 00:01:35.336 --> 00:01:39.911 ရှေးကရောမတွေဟာ ဒီအခြေအနေအတွက် ဧရာမကျောက်တိုင်ကြီးတွေသုံးပြီး 00:01:39.911 --> 00:01:44.161 အောက်ခံကျောက်မြေအထိ အမာခံယူခဲ့ကြရပါတယ်။ 00:01:44.161 --> 00:01:49.485 ဒါပေမယ့် မျှော်စင်ဆောက်တဲ့ ဗိသုကာတွေဟာ သူတို့ဆောက်မယ့် မျှော်စင်နိမ့်အတွက် 00:01:49.485 --> 00:01:52.005 သုံးမီတာလောက် အောက်ခံအမာယူရင် ရပြီထင်ခဲ့ပါတယ်။ 00:01:52.005 --> 00:01:55.451 သို့သော် ကံမကောင်းစွာပဲ ငါးနှစ်မတိုင်မှီမှာပဲ 00:01:55.451 --> 00:01:59.454 မျှော်စင်ရဲ့ တောင်ဘက်ပိုင်းဟာ မြေကြီးထဲ ကျွံ့ဝင်သွားပါတယ်။ NOTE Paragraph 00:01:59.454 --> 00:02:03.672 ဒီလိုမျိုး အောက်ခံစောင်းသွားတာဟာ အမှားအကြီးကြီး ဖြစ်ပါတယ်။ 00:02:03.672 --> 00:02:05.440 အလေးချိန် ထပ်ပြီး အထပ်တင်မယ်ဆိုရင် 00:02:05.440 --> 00:02:08.687 ဖိအားပိုများလာပြီး ပိုပြီး နစ်ဝင်မှာဖြစ်သလို 00:02:08.687 --> 00:02:11.223 ဆိုးဆိုးဝါးဝါး ပိုပြီး စောင်းလာမှာပါ။ 00:02:11.223 --> 00:02:15.334 ဆောက်လုပ်ရေးဟာ လေးထပ်မြောက်မှာ ဆယ်စုနှစ်တစ်ခုလောက် ရပ်နေခဲ့ပြီး 00:02:15.334 --> 00:02:18.951 ကာလရှည်ကြာ ငြင်းခုန်စရာအခြေအနေ ဖြစ်လာပါတယ်။ 00:02:18.951 --> 00:02:22.111 ဒီလို အကြာကြီး နားလိုက်တဲ့အတွက် မြေကြီးပြန်အသားကျသွားပြီး 00:02:22.111 --> 00:02:25.574 ၁၂၇၂ မှာ ဆောက်လုပ်ရေးတွေ ပြန်စပါတယ်။ 00:02:25.574 --> 00:02:29.156 အောက်ခံကလည်း အနည်းငယ် ပိုပြီး တည်ငြိမ်လာပါပြီ။ NOTE Paragraph 00:02:29.156 --> 00:02:32.708 ဗိသုကာပညာရှင် Giovanni di Simone လက်ထက်မှာ 00:02:32.708 --> 00:02:35.694 မျှော်စင်စောင်းနေတာကို ဖြေရှင်းဖို့ 00:02:35.694 --> 00:02:40.213 တောင်ဘက်ခြမ်းကို ပိုရှည်အောင် ဆောက်လိုက်ပါတယ် 00:02:40.213 --> 00:02:44.798 ဒါပေမဲ့ ပိုများလာတဲ့ အင်္ဂတေတွေကြောင့် ပိုလေးပြီး ပိုပြီးတောင် နစ်လာပါတယ် 00:02:44.798 --> 00:02:48.138 ခုနှစ်ထပ်နဲ့ ခေါင်းလောင်းအခန်း ပြီးတဲ့အခါမှာတော့ 00:02:48.138 --> 00:02:52.263 တိမ်းစောင်းမှုဟာ ၁.၆ ဒီဂရီ ရှိနေပါပြီ NOTE Paragraph 00:02:52.263 --> 00:02:56.776 အင်ဂျင်နီယာတွေဟာ ဆယ်စုနှစ်များစွာ နည်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ကြပါတယ် 00:02:56.776 --> 00:03:01.987 ၁၈၉၃ မှာ မြုပ်နေတဲ့အောက်ခြေကိုကြည့်ဖို့ လမ်းကြောင်းတစ်ခု ပတ်တူးခဲ့ရာ 00:03:01.987 --> 00:03:06.047 ထောက်မထားတဲ​့ သဲတွေကို ဖယ်ခြင်းက တိမ်းစောင်တာကို ပိုလို့သာဆိုးစေခဲ့တယ်။ 00:03:06.047 --> 00:03:12.520 ၁၉၃၅ မှာတော့ အီတလီအင်ဂျင်နီယာတပ်မကြီးက အောက်ခြေကို ပိုခိုင်အောင် အင်္ဂတေထိုးပါတယ် 00:03:12.520 --> 00:03:16.500 ဒါပေမဲ့ ထိုးထည့်တဲ့အင်္ဂတေဟာ အောက်ခြေအနှံ့ အညီအမျှ မရောက်လို့ 00:03:16.500 --> 00:03:19.612 နောက်တစ်ခါ ထပ်ကျွံဝင်သွားပြန်ပါတယ်။ NOTE Paragraph 00:03:19.612 --> 00:03:23.607 ဒီလို မအောင်မြင်မှု ကြိုးပမ်းမှုတွေနဲ့ တချိန်လုံးကျွံနေတဲ့ အောက်ခံမြေနဲ့အတူ 00:03:23.607 --> 00:03:26.695 မျှော်စင်ရဲ့အခြေအနေဟာ ပြိုလဲဖို့ နီးစပ်လာပါတော့တယ်။ 00:03:26.695 --> 00:03:29.853 အောက်ခံမြေလွှာရဲ့ သဘောသဘာဝကို မကျက်မိသ၍ 00:03:29.853 --> 00:03:33.356 ဘယ်အင်ဂျင်နီယာမှ မျှော်စင်ကို တည့်မတ်နိုင်မှာ မဟုတ်သလို 00:03:33.356 --> 00:03:36.533 ပြိုလဲမသွားဖို့ မတားနိုင်ပါဘူး။ NOTE Paragraph 00:03:36.533 --> 00:03:38.795 ဒုတိယကမ္ဘာစစ်ပြီးတဲ့ နှစ်တွေမှာ 00:03:38.795 --> 00:03:42.902 လေ့လာသူတွေဟာ ဒီမျက်ကွယ်အချက်အလက်တွေကို စတင်စမ်းသပ်လာပါတယ်။ 00:03:42.902 --> 00:03:48.925 ၁၉၇၀ နှစ်တွေမှာပဲ အင်ဂျင်နီယာတွေဟာ စောင်းနေတဲ့မျှော်စင်ရဲ့ ဆွဲအားဗဟိုချက်ကို 00:03:48.925 --> 00:03:51.715 ကျွန်ပျူတာနည်းပညာတွေ အချက်အလက်တွေနဲ့ တွက်ထုတ်ပါတယ်။ 00:03:51.715 --> 00:03:56.417 မြေကြီးရဲ့မာကျောမှု နဲ့ မျှော်စင်ရဲ့ လားရာလမ်းကြောင်း၊ 00:03:56.417 --> 00:04:01.556 မပြိုလဲအောင် တူးထုတ်ရမယ့် မြေပမာဏတွေကို ပုံစံငယ်ပြုလုပ်တွက်ယူပါတယ်။ NOTE Paragraph 00:04:01.556 --> 00:04:05.236 ၁၉၉၂ ခုနှစ်မှာတော့ ဒီအဖွဲ့ဟာ မျှော်စင်မြောက်ဘက်မြေအောက်က မြေကြီး 00:04:05.236 --> 00:04:10.565 ၃၈ ကုဗမီတာကို တူးထုတ်ဖို့ ထောင့်ဖြတ်ဥမင်တွေ တူးပါတယ်။ 00:04:10.565 --> 00:04:16.551 အောက်ခြေမှာ သံမဏိကြိုးတွေနဲ့ မဆိုင်းခင် ခဏတာ ဘက်မျှအောင်ထိန်းဖို့ 00:04:16.551 --> 00:04:19.811 ခဲတုံး တန် ၆၀၀ ကို အသုံးပြုခဲ့ပါတယ်။ 00:04:19.811 --> 00:04:22.605 ဆောက်လုပ်ပြီးကတည်းက ဆယ်စုနှစ်ခြောက်ခုအကြာမှာပဲ 00:04:22.605 --> 00:04:27.852 မျှော်စင်ကြီးဟာ လေးဒီဂရီအထိ ပြန်လည်တည့်မတ်လာခဲ့ပါတယ်။ 00:04:27.852 --> 00:04:29.872 ဘယ်သူမှ မျှော်စင်ကြီးကို မပြိုလဲစေချင်သလို 00:04:29.872 --> 00:04:33.988 စောင်းနေတယ်ဆိုတဲ့ ကမ္ဘာကျော်အချက်ကိုလည်း မပျောက်သွားစေချင်ပြန်ပါဘူး။ NOTE Paragraph 00:04:33.988 --> 00:04:38.839 ယနေ့ခေတ်မှာတော့ မျှော်စင်ကြီးဟာ ၅၅ (သို့) ၅၆ မီတာ မြင့်ပြီး 00:04:38.839 --> 00:04:42.309 နောင်နှစ် ၃၀၀ အထိ တည်မြဲနေမှာဖြစ်သလို 00:04:42.309 --> 00:04:45.793 အဆင်မချောတဲ့ အမှတ်တရတစ်ခုအဖြစ် ရပ်တည်နေပါတော့တယ်။