1 00:00:08,041 --> 00:00:12,717 ၁၉၉၀ ခုနှစ်က အီတလီအစိုးရဟာ ပီဇာမျှော်စင်ကို ပြန်တည့်ဖို့ 2 00:00:12,717 --> 00:00:16,717 ထိပ်တန်းအင်ဂျင်နီယာတွေကို စာရင်းပေးခဲ့ပါတယ်။ 3 00:00:16,717 --> 00:00:20,789 သမိုင်းတစ်လျှောက် နှစ် ၈၀၀ အတွင်းမှာ တည့်မတ်ဖို့ ကြိုးပမ်းမှုများစွာရှိပေမဲ့ 4 00:00:20,789 --> 00:00:25,923 ဒီအဖွဲ့ရဲ့ ကွန်ပျူတာပုံစံတွေကနေ လက်ရှိ အခြေအနေရဲ့ အရေးကြီးပုံကို ဖော်ပြပါတယ် 5 00:00:25,923 --> 00:00:31,592 တွက်ချက်မှုတွေအရ မျှော်စင်ဟာ ၅.၄၄ ဒီဂရီ တိမ်းစောင်းတာနဲ့ ပြိုလဲပြီလို့ ဆိုပေမဲ့ 6 00:00:31,592 --> 00:00:35,132 လက်ရှိ မျှော်စင်ကြီးက ၅.၅ ဒီဂရီ စောင်းနေတာပါ။ 7 00:00:35,132 --> 00:00:39,857 မျှော်စင်ကြီး ဘာလို့ဆက်ထောင်နေသေးလဲ ဆိုတာ ဘယ်သူမှ မသိပေမဲ့ 8 00:00:39,857 --> 00:00:43,987 အင်ဂျင်နီယာတွေဟာ ရာစုနှစ်ပေါင်းများစွာ ရင်ဆိုင်နေတဲ့အခက်အခဲကို ဖြေရှင်းပြီး 9 00:00:43,987 --> 00:00:46,462 မြန်မြန်သွက်သွက် လုပ်ဖို့ လိုနေပါပြီ။ 10 00:00:46,462 --> 00:00:48,102 အခြေအနေကို နားလည်ဖို့အတွက် 11 00:00:48,102 --> 00:00:51,832 မျှော်စင်ကြီးဟာ စဆောက်ကတည်းက ဘာလို့စောင်းနေလဲဆိုတာ သိဖို့လိုပါတယ်။ 12 00:00:51,832 --> 00:00:55,806 ၁၂ ရာစုက ကြွယ်ဝတဲ့ ပီဇာ ရေကြောင်းမြို့ပြနိုင်ငံဟာ 13 00:00:55,806 --> 00:01:00,663 ဘုရားရှိခိုးကျောင်းမြေနေရာကို ထင်ရှားတဲ့အမှတ်အသားနေရာ ပြုလုပ်ပါတယ်။ 14 00:01:00,663 --> 00:01:04,143 အလုပ်သမားတွေဟာ ရှိပြီးသားဘုရားကျောင်းကို ချဲ့တာ၊ အလှဆင်တာတွေ လုပ်ခဲ့ပြီး 15 00:01:04,143 --> 00:01:08,096 နှစ်ခြင်းမင်္ဂလာပြုလုပ်ရာ အမိုးခုံးပါ ကျောင်းကြီးကို ထည့်သွင်းဆောက်လုပ်ပါတယ်။ 16 00:01:08,096 --> 00:01:15,285 ၁၁၇၃ ခုနှစ်မှာ ခေါင်းလောင်းမျှော်စင်က စပြီး ဆောက်လုပ်ရေးတွေ စတင်ပါတယ်။ 17 00:01:15,285 --> 00:01:19,265 ဗိသုကာပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေဟာ သူတို့ရဲ့ အင်ဂျင်နီယာအတတ်တွေမှာ 18 00:01:19,265 --> 00:01:21,423 တဖက်ကမ်းခတ်ကျွမ်းကျင်ကြသူတွေ ဖြစ်ပေမဲ့ 19 00:01:21,423 --> 00:01:25,337 သူတို့အောက်က မြေကြီးအကြောင်းကိုတော့ သိပ်မသိပါဘူး။ 20 00:01:25,337 --> 00:01:29,227 ပီဇာ ဆိုတာ ဂရိစကားလုံး ဗွက်တော က ဆင်းသက်လာတာဖြစ်ပြီး 21 00:01:29,227 --> 00:01:35,336 မြို့အောက်က စိုအိနေတဲ့ သဲနဲ့ ရွှံ့ဗွက်မြေကို ကိုယ်စားပြုပါတယ်။ 22 00:01:35,336 --> 00:01:39,911 ရှေးကရောမတွေဟာ ဒီအခြေအနေအတွက် ဧရာမကျောက်တိုင်ကြီးတွေသုံးပြီး 23 00:01:39,911 --> 00:01:44,161 အောက်ခံကျောက်မြေအထိ အမာခံယူခဲ့ကြရပါတယ်။ 24 00:01:44,161 --> 00:01:49,485 ဒါပေမယ့် မျှော်စင်ဆောက်တဲ့ ဗိသုကာတွေဟာ သူတို့ဆောက်မယ့် မျှော်စင်နိမ့်အတွက် 25 00:01:49,485 --> 00:01:52,005 သုံးမီတာလောက် အောက်ခံအမာယူရင် ရပြီထင်ခဲ့ပါတယ်။ 26 00:01:52,005 --> 00:01:55,451 သို့သော် ကံမကောင်းစွာပဲ ငါးနှစ်မတိုင်မှီမှာပဲ 27 00:01:55,451 --> 00:01:59,454 မျှော်စင်ရဲ့ တောင်ဘက်ပိုင်းဟာ မြေကြီးထဲ ကျွံ့ဝင်သွားပါတယ်။ 28 00:01:59,454 --> 00:02:03,672 ဒီလိုမျိုး အောက်ခံစောင်းသွားတာဟာ အမှားအကြီးကြီး ဖြစ်ပါတယ်။ 29 00:02:03,672 --> 00:02:05,440 အလေးချိန် ထပ်ပြီး အထပ်တင်မယ်ဆိုရင် 30 00:02:05,440 --> 00:02:08,687 ဖိအားပိုများလာပြီး ပိုပြီး နစ်ဝင်မှာဖြစ်သလို 31 00:02:08,687 --> 00:02:11,223 ဆိုးဆိုးဝါးဝါး ပိုပြီး စောင်းလာမှာပါ။ 32 00:02:11,223 --> 00:02:15,334 ဆောက်လုပ်ရေးဟာ လေးထပ်မြောက်မှာ ဆယ်စုနှစ်တစ်ခုလောက် ရပ်နေခဲ့ပြီး 33 00:02:15,334 --> 00:02:18,951 ကာလရှည်ကြာ ငြင်းခုန်စရာအခြေအနေ ဖြစ်လာပါတယ်။ 34 00:02:18,951 --> 00:02:22,111 ဒီလို အကြာကြီး နားလိုက်တဲ့အတွက် မြေကြီးပြန်အသားကျသွားပြီး 35 00:02:22,111 --> 00:02:25,574 ၁၂၇၂ မှာ ဆောက်လုပ်ရေးတွေ ပြန်စပါတယ်။ 36 00:02:25,574 --> 00:02:29,156 အောက်ခံကလည်း အနည်းငယ် ပိုပြီး တည်ငြိမ်လာပါပြီ။ 37 00:02:29,156 --> 00:02:32,708 ဗိသုကာပညာရှင် Giovanni di Simone လက်ထက်မှာ 38 00:02:32,708 --> 00:02:35,694 မျှော်စင်စောင်းနေတာကို ဖြေရှင်းဖို့ 39 00:02:35,694 --> 00:02:40,213 တောင်ဘက်ခြမ်းကို ပိုရှည်အောင် ဆောက်လိုက်ပါတယ် 40 00:02:40,213 --> 00:02:44,798 ဒါပေမဲ့ ပိုများလာတဲ့ အင်္ဂတေတွေကြောင့် ပိုလေးပြီး ပိုပြီးတောင် နစ်လာပါတယ် 41 00:02:44,798 --> 00:02:48,138 ခုနှစ်ထပ်နဲ့ ခေါင်းလောင်းအခန်း ပြီးတဲ့အခါမှာတော့ 42 00:02:48,138 --> 00:02:52,263 တိမ်းစောင်းမှုဟာ ၁.၆ ဒီဂရီ ရှိနေပါပြီ 43 00:02:52,263 --> 00:02:56,776 အင်ဂျင်နီယာတွေဟာ ဆယ်စုနှစ်များစွာ နည်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ကြပါတယ် 44 00:02:56,776 --> 00:03:01,987 ၁၈၉၃ မှာ မြုပ်နေတဲ့အောက်ခြေကိုကြည့်ဖို့ လမ်းကြောင်းတစ်ခု ပတ်တူးခဲ့ရာ 45 00:03:01,987 --> 00:03:06,047 ထောက်မထားတဲ​့ သဲတွေကို ဖယ်ခြင်းက တိမ်းစောင်တာကို ပိုလို့သာဆိုးစေခဲ့တယ်။ 46 00:03:06,047 --> 00:03:12,520 ၁၉၃၅ မှာတော့ အီတလီအင်ဂျင်နီယာတပ်မကြီးက အောက်ခြေကို ပိုခိုင်အောင် အင်္ဂတေထိုးပါတယ် 47 00:03:12,520 --> 00:03:16,500 ဒါပေမဲ့ ထိုးထည့်တဲ့အင်္ဂတေဟာ အောက်ခြေအနှံ့ အညီအမျှ မရောက်လို့ 48 00:03:16,500 --> 00:03:19,612 နောက်တစ်ခါ ထပ်ကျွံဝင်သွားပြန်ပါတယ်။ 49 00:03:19,612 --> 00:03:23,607 ဒီလို မအောင်မြင်မှု ကြိုးပမ်းမှုတွေနဲ့ တချိန်လုံးကျွံနေတဲ့ အောက်ခံမြေနဲ့အတူ 50 00:03:23,607 --> 00:03:26,695 မျှော်စင်ရဲ့အခြေအနေဟာ ပြိုလဲဖို့ နီးစပ်လာပါတော့တယ်။ 51 00:03:26,695 --> 00:03:29,853 အောက်ခံမြေလွှာရဲ့ သဘောသဘာဝကို မကျက်မိသ၍ 52 00:03:29,853 --> 00:03:33,356 ဘယ်အင်ဂျင်နီယာမှ မျှော်စင်ကို တည့်မတ်နိုင်မှာ မဟုတ်သလို 53 00:03:33,356 --> 00:03:36,533 ပြိုလဲမသွားဖို့ မတားနိုင်ပါဘူး။ 54 00:03:36,533 --> 00:03:38,795 ဒုတိယကမ္ဘာစစ်ပြီးတဲ့ နှစ်တွေမှာ 55 00:03:38,795 --> 00:03:42,902 လေ့လာသူတွေဟာ ဒီမျက်ကွယ်အချက်အလက်တွေကို စတင်စမ်းသပ်လာပါတယ်။ 56 00:03:42,902 --> 00:03:48,925 ၁၉၇၀ နှစ်တွေမှာပဲ အင်ဂျင်နီယာတွေဟာ စောင်းနေတဲ့မျှော်စင်ရဲ့ ဆွဲအားဗဟိုချက်ကို 57 00:03:48,925 --> 00:03:51,715 ကျွန်ပျူတာနည်းပညာတွေ အချက်အလက်တွေနဲ့ တွက်ထုတ်ပါတယ်။ 58 00:03:51,715 --> 00:03:56,417 မြေကြီးရဲ့မာကျောမှု နဲ့ မျှော်စင်ရဲ့ လားရာလမ်းကြောင်း၊ 59 00:03:56,417 --> 00:04:01,556 မပြိုလဲအောင် တူးထုတ်ရမယ့် မြေပမာဏတွေကို ပုံစံငယ်ပြုလုပ်တွက်ယူပါတယ်။ 60 00:04:01,556 --> 00:04:05,236 ၁၉၉၂ ခုနှစ်မှာတော့ ဒီအဖွဲ့ဟာ မျှော်စင်မြောက်ဘက်မြေအောက်က မြေကြီး 61 00:04:05,236 --> 00:04:10,565 ၃၈ ကုဗမီတာကို တူးထုတ်ဖို့ ထောင့်ဖြတ်ဥမင်တွေ တူးပါတယ်။ 62 00:04:10,565 --> 00:04:16,551 အောက်ခြေမှာ သံမဏိကြိုးတွေနဲ့ မဆိုင်းခင် ခဏတာ ဘက်မျှအောင်ထိန်းဖို့ 63 00:04:16,551 --> 00:04:19,811 ခဲတုံး တန် ၆၀၀ ကို အသုံးပြုခဲ့ပါတယ်။ 64 00:04:19,811 --> 00:04:22,605 ဆောက်လုပ်ပြီးကတည်းက ဆယ်စုနှစ်ခြောက်ခုအကြာမှာပဲ 65 00:04:22,605 --> 00:04:27,852 မျှော်စင်ကြီးဟာ လေးဒီဂရီအထိ ပြန်လည်တည့်မတ်လာခဲ့ပါတယ်။ 66 00:04:27,852 --> 00:04:29,872 ဘယ်သူမှ မျှော်စင်ကြီးကို မပြိုလဲစေချင်သလို 67 00:04:29,872 --> 00:04:33,988 စောင်းနေတယ်ဆိုတဲ့ ကမ္ဘာကျော်အချက်ကိုလည်း မပျောက်သွားစေချင်ပြန်ပါဘူး။ 68 00:04:33,988 --> 00:04:38,839 ယနေ့ခေတ်မှာတော့ မျှော်စင်ကြီးဟာ ၅၅ (သို့) ၅၆ မီတာ မြင့်ပြီး 69 00:04:38,839 --> 00:04:42,309 နောင်နှစ် ၃၀၀ အထိ တည်မြဲနေမှာဖြစ်သလို 70 00:04:42,309 --> 00:04:45,793 အဆင်မချောတဲ့ အမှတ်တရတစ်ခုအဖြစ် ရပ်တည်နေပါတော့တယ်။