0:00:08.041,0:00:12.717 ၁၉၉၀ ခုနှစ်က အီတလီအစိုးရဟာ[br]ပီဇာမျှော်စင်ကို ပြန်တည့်ဖို့ 0:00:12.717,0:00:16.717 ထိပ်တန်းအင်ဂျင်နီယာတွေကို[br]စာရင်းပေးခဲ့ပါတယ်။ 0:00:16.717,0:00:20.789 သမိုင်းတစ်လျှောက် နှစ် ၈၀၀ အတွင်းမှာ [br]တည့်မတ်ဖို့ ကြိုးပမ်းမှုများစွာရှိပေမဲ့ 0:00:20.789,0:00:25.923 ဒီအဖွဲ့ရဲ့ ကွန်ပျူတာပုံစံတွေကနေ လက်ရှိ[br]အခြေအနေရဲ့ အရေးကြီးပုံကို ဖော်ပြပါတယ် 0:00:25.923,0:00:31.592 တွက်ချက်မှုတွေအရ မျှော်စင်ဟာ ၅.၄၄ ဒီဂရီ[br]တိမ်းစောင်းတာနဲ့ ပြိုလဲပြီလို့ ဆိုပေမဲ့ 0:00:31.592,0:00:35.132 လက်ရှိ မျှော်စင်ကြီးက ၅.၅ ဒီဂရီ[br]စောင်းနေတာပါ။ 0:00:35.132,0:00:39.857 မျှော်စင်ကြီး ဘာလို့ဆက်ထောင်နေသေးလဲ [br]ဆိုတာ ဘယ်သူမှ မသိပေမဲ့ 0:00:39.857,0:00:43.987 အင်ဂျင်နီယာတွေဟာ ရာစုနှစ်ပေါင်းများစွာ[br]ရင်ဆိုင်နေတဲ့အခက်အခဲကို ဖြေရှင်းပြီး 0:00:43.987,0:00:46.462 မြန်မြန်သွက်သွက် လုပ်ဖို့ လိုနေပါပြီ။ 0:00:46.462,0:00:48.102 အခြေအနေကို နားလည်ဖို့အတွက် 0:00:48.102,0:00:51.832 မျှော်စင်ကြီးဟာ စဆောက်ကတည်းက[br]ဘာလို့စောင်းနေလဲဆိုတာ သိဖို့လိုပါတယ်။ 0:00:51.832,0:00:55.806 ၁၂ ရာစုက ကြွယ်ဝတဲ့[br]ပီဇာ ရေကြောင်းမြို့ပြနိုင်ငံဟာ 0:00:55.806,0:01:00.663 ဘုရားရှိခိုးကျောင်းမြေနေရာကို[br]ထင်ရှားတဲ့အမှတ်အသားနေရာ ပြုလုပ်ပါတယ်။ 0:01:00.663,0:01:04.143 အလုပ်သမားတွေဟာ ရှိပြီးသားဘုရားကျောင်းကို[br]ချဲ့တာ၊ အလှဆင်တာတွေ လုပ်ခဲ့ပြီး 0:01:04.143,0:01:08.096 နှစ်ခြင်းမင်္ဂလာပြုလုပ်ရာ အမိုးခုံးပါ[br]ကျောင်းကြီးကို ထည့်သွင်းဆောက်လုပ်ပါတယ်။ 0:01:08.096,0:01:15.285 ၁၁၇၃ ခုနှစ်မှာ ခေါင်းလောင်းမျှော်စင်က[br]စပြီး ဆောက်လုပ်ရေးတွေ စတင်ပါတယ်။ 0:01:15.285,0:01:19.265 ဗိသုကာပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေဟာ[br]သူတို့ရဲ့ အင်ဂျင်နီယာအတတ်တွေမှာ 0:01:19.265,0:01:21.423 တဖက်ကမ်းခတ်ကျွမ်းကျင်ကြသူတွေ ဖြစ်ပေမဲ့ 0:01:21.423,0:01:25.337 သူတို့အောက်က မြေကြီးအကြောင်းကိုတော့[br]သိပ်မသိပါဘူး။ 0:01:25.337,0:01:29.227 ပီဇာ ဆိုတာ ဂရိစကားလုံး ဗွက်တော က[br]ဆင်းသက်လာတာဖြစ်ပြီး 0:01:29.227,0:01:35.336 မြို့အောက်က စိုအိနေတဲ့ သဲနဲ့[br]ရွှံ့ဗွက်မြေကို ကိုယ်စားပြုပါတယ်။ 0:01:35.336,0:01:39.911 ရှေးကရောမတွေဟာ ဒီအခြေအနေအတွက်[br]ဧရာမကျောက်တိုင်ကြီးတွေသုံးပြီး 0:01:39.911,0:01:44.161 အောက်ခံကျောက်မြေအထိ[br]အမာခံယူခဲ့ကြရပါတယ်။ 0:01:44.161,0:01:49.485 ဒါပေမယ့် မျှော်စင်ဆောက်တဲ့ ဗိသုကာတွေဟာ[br]သူတို့ဆောက်မယ့် မျှော်စင်နိမ့်အတွက် 0:01:49.485,0:01:52.005 သုံးမီတာလောက် အောက်ခံအမာယူရင်[br]ရပြီထင်ခဲ့ပါတယ်။ 0:01:52.005,0:01:55.451 သို့သော် ကံမကောင်းစွာပဲ[br]ငါးနှစ်မတိုင်မှီမှာပဲ 0:01:55.451,0:01:59.454 မျှော်စင်ရဲ့ တောင်ဘက်ပိုင်းဟာ[br]မြေကြီးထဲ ကျွံ့ဝင်သွားပါတယ်။ 0:01:59.454,0:02:03.672 ဒီလိုမျိုး အောက်ခံစောင်းသွားတာဟာ[br]အမှားအကြီးကြီး ဖြစ်ပါတယ်။ 0:02:03.672,0:02:05.440 အလေးချိန် ထပ်ပြီး အထပ်တင်မယ်ဆိုရင် 0:02:05.440,0:02:08.687 ဖိအားပိုများလာပြီး[br]ပိုပြီး နစ်ဝင်မှာဖြစ်သလို 0:02:08.687,0:02:11.223 ဆိုးဆိုးဝါးဝါး ပိုပြီး စောင်းလာမှာပါ။ 0:02:11.223,0:02:15.334 ဆောက်လုပ်ရေးဟာ လေးထပ်မြောက်မှာ[br]ဆယ်စုနှစ်တစ်ခုလောက် ရပ်နေခဲ့ပြီး 0:02:15.334,0:02:18.951 ကာလရှည်ကြာ ငြင်းခုန်စရာအခြေအနေ[br]ဖြစ်လာပါတယ်။ 0:02:18.951,0:02:22.111 ဒီလို အကြာကြီး နားလိုက်တဲ့အတွက်[br]မြေကြီးပြန်အသားကျသွားပြီး 0:02:22.111,0:02:25.574 ၁၂၇၂ မှာ ဆောက်လုပ်ရေးတွေ[br]ပြန်စပါတယ်။ 0:02:25.574,0:02:29.156 အောက်ခံကလည်း အနည်းငယ် ပိုပြီး[br]တည်ငြိမ်လာပါပြီ။ 0:02:29.156,0:02:32.708 ဗိသုကာပညာရှင် Giovanni di Simone လက်ထက်မှာ 0:02:32.708,0:02:35.694 မျှော်စင်စောင်းနေတာကို ဖြေရှင်းဖို့ 0:02:35.694,0:02:40.213 တောင်ဘက်ခြမ်းကို ပိုရှည်အောင်[br]ဆောက်လိုက်ပါတယ် 0:02:40.213,0:02:44.798 ဒါပေမဲ့ ပိုများလာတဲ့ အင်္ဂတေတွေကြောင့်[br]ပိုလေးပြီး ပိုပြီးတောင် နစ်လာပါတယ် 0:02:44.798,0:02:48.138 ခုနှစ်ထပ်နဲ့ ခေါင်းလောင်းအခန်း[br]ပြီးတဲ့အခါမှာတော့ 0:02:48.138,0:02:52.263 တိမ်းစောင်းမှုဟာ ၁.၆ ဒီဂရီ ရှိနေပါပြီ 0:02:52.263,0:02:56.776 အင်ဂျင်နီယာတွေဟာ ဆယ်စုနှစ်များစွာ[br]နည်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ကြပါတယ် 0:02:56.776,0:03:01.987 ၁၈၉၃ မှာ မြုပ်နေတဲ့အောက်ခြေကိုကြည့်ဖို့[br]လမ်းကြောင်းတစ်ခု ပတ်တူးခဲ့ရာ 0:03:01.987,0:03:06.047 ထောက်မထားတဲ​့ သဲတွေကို ဖယ်ခြင်းက [br]တိမ်းစောင်တာကို ပိုလို့သာဆိုးစေခဲ့တယ်။ 0:03:06.047,0:03:12.520 ၁၉၃၅ မှာတော့ အီတလီအင်ဂျင်နီယာတပ်မကြီးက[br]အောက်ခြေကို ပိုခိုင်အောင် အင်္ဂတေထိုးပါတယ် 0:03:12.520,0:03:16.500 ဒါပေမဲ့ ထိုးထည့်တဲ့အင်္ဂတေဟာ[br]အောက်ခြေအနှံ့ အညီအမျှ မရောက်လို့ 0:03:16.500,0:03:19.612 နောက်တစ်ခါ ထပ်ကျွံဝင်သွားပြန်ပါတယ်။ 0:03:19.612,0:03:23.607 ဒီလို မအောင်မြင်မှု ကြိုးပမ်းမှုတွေနဲ့[br]တချိန်လုံးကျွံနေတဲ့ အောက်ခံမြေနဲ့အတူ 0:03:23.607,0:03:26.695 မျှော်စင်ရဲ့အခြေအနေဟာ[br]ပြိုလဲဖို့ နီးစပ်လာပါတော့တယ်။ 0:03:26.695,0:03:29.853 အောက်ခံမြေလွှာရဲ့ သဘောသဘာဝကို[br]မကျက်မိသ၍ 0:03:29.853,0:03:33.356 ဘယ်အင်ဂျင်နီယာမှ မျှော်စင်ကို[br]တည့်မတ်နိုင်မှာ မဟုတ်သလို 0:03:33.356,0:03:36.533 ပြိုလဲမသွားဖို့ မတားနိုင်ပါဘူး။ 0:03:36.533,0:03:38.795 ဒုတိယကမ္ဘာစစ်ပြီးတဲ့ နှစ်တွေမှာ 0:03:38.795,0:03:42.902 လေ့လာသူတွေဟာ ဒီမျက်ကွယ်အချက်အလက်တွေကို[br]စတင်စမ်းသပ်လာပါတယ်။ 0:03:42.902,0:03:48.925 ၁၉၇၀ နှစ်တွေမှာပဲ အင်ဂျင်နီယာတွေဟာ[br]စောင်းနေတဲ့မျှော်စင်ရဲ့ ဆွဲအားဗဟိုချက်ကို 0:03:48.925,0:03:51.715 ကျွန်ပျူတာနည်းပညာတွေ အချက်အလက်တွေနဲ့[br]တွက်ထုတ်ပါတယ်။ 0:03:51.715,0:03:56.417 မြေကြီးရဲ့မာကျောမှု နဲ့ [br]မျှော်စင်ရဲ့ လားရာလမ်းကြောင်း၊ 0:03:56.417,0:04:01.556 မပြိုလဲအောင် တူးထုတ်ရမယ့် မြေပမာဏတွေကို[br]ပုံစံငယ်ပြုလုပ်တွက်ယူပါတယ်။ 0:04:01.556,0:04:05.236 ၁၉၉၂ ခုနှစ်မှာတော့ ဒီအဖွဲ့ဟာ[br]မျှော်စင်မြောက်ဘက်မြေအောက်က မြေကြီး 0:04:05.236,0:04:10.565 ၃၈ ကုဗမီတာကို တူးထုတ်ဖို့[br]ထောင့်ဖြတ်ဥမင်တွေ တူးပါတယ်။ 0:04:10.565,0:04:16.551 အောက်ခြေမှာ သံမဏိကြိုးတွေနဲ့ မဆိုင်းခင်[br]ခဏတာ ဘက်မျှအောင်ထိန်းဖို့ 0:04:16.551,0:04:19.811 ခဲတုံး တန် ၆၀၀ ကို အသုံးပြုခဲ့ပါတယ်။ 0:04:19.811,0:04:22.605 ဆောက်လုပ်ပြီးကတည်းက[br]ဆယ်စုနှစ်ခြောက်ခုအကြာမှာပဲ 0:04:22.605,0:04:27.852 မျှော်စင်ကြီးဟာ လေးဒီဂရီအထိ[br]ပြန်လည်တည့်မတ်လာခဲ့ပါတယ်။ 0:04:27.852,0:04:29.872 ဘယ်သူမှ မျှော်စင်ကြီးကို[br]မပြိုလဲစေချင်သလို 0:04:29.872,0:04:33.988 စောင်းနေတယ်ဆိုတဲ့ ကမ္ဘာကျော်အချက်ကိုလည်း[br]မပျောက်သွားစေချင်ပြန်ပါဘူး။ 0:04:33.988,0:04:38.839 ယနေ့ခေတ်မှာတော့ မျှော်စင်ကြီးဟာ[br]၅၅ (သို့) ၅၆ မီတာ မြင့်ပြီး 0:04:38.839,0:04:42.309 နောင်နှစ် ၃၀၀ အထိ တည်မြဲနေမှာဖြစ်သလို 0:04:42.309,0:04:45.793 အဆင်မချောတဲ့ အမှတ်တရတစ်ခုအဖြစ်[br]ရပ်တည်နေပါတော့တယ်။