စီးကရက်က ခန္ဓာကိုယ်ကိုဘာဖြစ်စေသလဲ- Krishna Sudhir
-
0:07 - 0:09စီးကရက် က ကျွန်ုပ်တို့အတွက် မကောင်းပါဘူး
-
0:09 - 0:14ဒါကအသစ်အဆန်းတော့မဟုတ်ဘူး- စီးကရက်ရဲ့
အန္တရာယ်ကိုသိတာပဲ ဆယ်စုနှစ်တွေကြာပြီလေ -
0:14 - 0:17ဒါပေမယ့် စီးကရက်က ကျွန်ုပ်တို့ကို
ဘယ်လိုအန္တရာယ်ပေးတာလဲ -
0:17 - 0:19အဲဒီထဲပါတဲ့ပစ္စည်းတွေ
ခန္ဓာကိုယ်ထဲကိုရောက်ရင် -
0:19 - 0:21ဘာတွေဖြစ်လဲဆိုတာရယ်
-
0:21 - 0:25ဆေးလိပ်ဖြတ်လိုက်ရင် ဘယ်လို
ရုပ်ပိုင်းဆိုင်ရာအကျိုးတွေရမလဲ ကြည့်ရအောင် -
0:25 - 0:27တစ်ချက်ရှုသွင်းလိုက်တိုင်း
-
0:27 - 0:31ဆေးလိပ်ငွေ့က ဓာတုပစ္စည်းပေါင်း၅၀၀၀ကျော်ကို
-
0:31 - 0:34ခန္ဓာကိုယ် တစ်ရှူးနဲ့ ထိတွေ့စေပါတယ်
-
0:34 - 0:37အစကပြောရရင်၊ ကတ္တရာစေးလို့သိတဲ့
အမဲရောင် စေးကပ်တဲ့ပစ္စည်းဟာ -
0:37 - 0:40သွားနဲ့ သွားဖုံးတွေပေါ် စဖုံးအုပ်ပြီးတော့
-
0:40 - 0:44သွားရဲ့ကြွေလွှာတွေကို ပျက်စီးစေပြီး
နောက်ဆုံးမှာတော့ သွားပိုးစားစေတယ် -
0:44 - 0:48ကြာလာတာနဲ့အမျှ၊ ဆေးလိပ်ငွေ့ဟာ နှာခေါင်းက
အာရုံနာဗ့်ကြောလေးတွေကိုလည်း ထိခိုက်စေပြီး -
0:48 - 0:50အနံ့ခံ မရတာမျိုးဖြစ်စေတယ်
-
0:50 - 0:52အဆုတ်နဲ့ လေပြွန်ထဲမှာတော့
-
0:52 - 0:55ဆေးလိပ်ငွေ့ဟာ ရောဂါပိုးဝင်ရောက်နိုင်ခြေကို
မြင့်တက်စေပြီး -
0:55 - 0:59လေပြွန်ရောင်တာနဲ့ လေအိတ်လေးတွေရာင်တဲ့
နာတာရှည်ရောဂါမျိုးကိုဖြစ်စေပါတယ် -
0:59 - 1:02ဒါတွေက ဆီလီယာလို့ခေါ်တဲ့
-
1:02 - 1:07လေပြွန်ကို သန့်ရှင်းအောင်လုပ်ပေးတဲ့
သေးငယ်တဲ့အမွေးလေးတွေကို ထိခိုက်စေပါတယ် -
1:07 - 1:10နောက်တော့အငွေ့ဟာ Alveoli လို့ခေါ်တဲ့
-
1:10 - 1:14သွေးနဲ့ အဆုတ်ကြားမှာ ကာဗွန်ဒိုင်
အောက်ဆိုဒ်နဲ့ အောက်ဆီဂျင်ကိုဖလှယ်တဲ့ -
1:14 - 1:15သေးငယ်တဲ့ လေအိတ်လေးတွေကိုရောက်တယ်
-
1:15 - 1:20အဆိပ်ဓာတ်ငွေ့ ကာဗွန်မိုနောက်ဆိုဒ်က
အမြှေးပါးကိုဖြတ်ပြီး သွေးထဲကိုရောက်တယ် -
1:20 - 1:22ဟေမိုဂလိုဘင်ကို သွားပေါင်းပြီး
-
1:22 - 1:24ခန္ဓာကိုယ်တလျှောက်သယ်ပို့ပေးမယ့်
-
1:24 - 1:27အောက်ဆီဂျင်နေရာကို အစားဝင်ရောက်တယ်
-
1:27 - 1:30ဒါက ဆေးလိပ်သောက်ရင် အောက်ဆီဂျင်မဝခြင်းနဲ့
အသက်ရှုမဝခြင်းကို ဖြစ်စေတဲ့ -
1:30 - 1:33အချက်တွေထဲကတစ်ခုပါ
-
1:33 - 1:35၁၀ စက္ကန့်အတွင်းမှာပဲ
-
1:35 - 1:39သွေးတွေက နီကိုတင်းလို့ခေါ်တဲ့
လှုံ့ဆော်ပစ္စည်းကို ဦးနှောက်ဆီပို့ပေးပြီး -
1:39 - 1:42ဒိုပါမင်းနဲ့ အခြားneurotransmitters တွေကို
ထုတ်အောင် လုပ်ပေးတယ် -
1:42 - 1:44အန်ဒိုဖင် အပါအဝင်ပေါ့
-
1:44 - 1:48အန်ဒိုဖင်က သာယာစိတ်ကို ဖြစ်ပေါ်စေလို့
ဆေးလိပ်သောက်ခြင်းကအရမ်းစွဲလမ်းစေတာပါ -
1:48 - 1:50စီးကရက်ထဲက နီကိုတင်းနဲ့
အခြားဓာတုပစ္စည်းတွေဟာ -
1:50 - 1:53သွေးကြောတွေ ကျဉ်းမှုကို
အဆက်မပြတ်ဖြစ်ပေါ်စေပြီး -
1:53 - 1:56အဲဒီထဲက နူးညံ့တဲ့ အလွှာလေးတွေကို
ပျက်စီးစေကာ -
1:56 - 1:58သွေးစီးဆင်းမှုကို တားမြစ်စေတယ်
-
1:58 - 2:01ဒီသွေးကြာမှာဖြစ်တာက သွေးကြောနံရံတွေ
ထူလာတာကိုဖြစ်စေပြီး -
2:01 - 2:03သွေးဥမွှားလေးတွေ တွယ်ကပ်မှုကိုတိုးလာစေတယ်
-
2:03 - 2:06သွေးခဲဖတ်လေးတွေ ဖြစ်ပေါ်လာမှုတိုးလာစေပြီး
-
2:06 - 2:09နှလုံးရောဂါနဲ့ လေဖြတ်ဖို့ အစပျိုးပေးနေတယ်
-
2:09 - 2:13စီးကရက်ထဲက ဓာတုပစ္စည်းတော်တော်များများဟာ
ကင်ဆာကို ဖြစ်ပေါ်စေတဲ့ -
2:13 - 2:16ခန္ဓာကိုယ်ထဲကအန္တရာယ်ရှိတဲ့DNAပြောင်းလဲမှု
တွေကို အစပျိုးနိုင်တယ် -
2:16 - 2:19ပြီးတော့၊ အာဆင်းနစ်နဲ့ နီကယ်လို
ပါဝင်ပစ္စည်းတွေက -
2:19 - 2:22ခန္ဓာကိုယ်က ကင်ဆာတွေကိုတိုက်ထုတ်တဲ့
-
2:22 - 2:25စွမ်းဆောင်မှုဖြစ်တဲ့DAN ပြုပြင်ခြင်း
အလုပ်ကိုလည်းနှောင့်ယှက်နိုင်တယ် -
2:25 - 2:29တကယ်တော့၊ အမေရိကမှာ ကင်ဆာကြောင့်သေတဲ့
၃ယောက်တိုင်းမှာ ၁ယောက်က -
2:29 - 2:31ဆေးလိပ်သောက်လို့ပါ
-
2:31 - 2:34သူက အဆုတ်ကင်ဆာချည်းပဲဖြစ်တာမဟုတ်ဘူး
-
2:34 - 2:37ဆေးလိပ်သောက်တာဟာ ကိုယ်အင်္ဂါတွေ၊
တစ်ရှူးတွေမှာပါ ကင်ဆာဖြစ်ပေါ်စေပါတယ် -
2:37 - 2:39အမြင်အာရုံကိုလည်း ထိခိုက်စေတယ်
-
2:39 - 2:41အရိုးတွေ ပျော့စေတယ်
-
2:41 - 2:43အမျိုးသမီးတွေမှာ ကလေးရဖို့တောင်ခက်စေတယ်
-
2:43 - 2:46အမျိုးသားတွေမှာတော့
ပန်းသေ၊ပန်းညှိုးဖြစ်စေတယ် -
2:46 - 2:48ဆေးလိပ်ဖြတ်တဲ့သူတွေမှာ
-
2:48 - 2:50ချက်ချင်းဖြစ်တာနဲ့ရေရှည်မှာ
-
2:50 - 2:53လက်တွေ့ကောင်းကျိုးဖြစ်တာမျိုး
ကြီးမားတဲ့ ကောင်းကွက်တွေရှိပါတယ် -
2:53 - 2:57ဆေးလိပ်ဖြတ်ပြီး မိနစ်၂၀ အကြာမှာ
-
2:57 - 3:01နှလုံးခုန်နှုန်းနဲ့ သွေးပေါင်က
ပုံမှန်ပြန်ဖြစ်သွားတယ် -
3:01 - 3:04၁၂နာရီအကြာမှာတော့ ကာဗွန်မိုနောက်ဆိုဒ်ပမာဏက
တည်ငြိမ်သွားပြီး -
3:04 - 3:07သွေးက အောက်ဆီဂျင်သယ်နိုင်တဲ့စွမ်းရည်
ပြန်ရလာပြီ -
3:07 - 3:09ဖြတ်ပြီး တစ်ရက်အကြာမှာ
-
3:09 - 3:14နှလုံးဖောက်နိုင်ခြေက နှလုံးခုန်နှုန်းနဲ့
သွေးပေါင် ပုံမှန်ဖြစ်တာနဲ့အတူလေျာ့ကျလာပြီ -
3:14 - 3:15နှစ်ရက်အကြာ
-
3:15 - 3:20အနံ့ခံမှုနဲ့ အရသာခံမှုမှာ အရေးပါတဲ့
အာရုံကြောတွေပြန်ပြီး ကောင်းစပြုလာပြီ -
3:20 - 3:24တစ်လအကြာမှာတော့ ခေျာင်းဆိုးတာနဲ့
အသက်ရှုကြပ်တာ လျော့လာပြီး -
3:24 - 3:26အဆုတ်က ပိုကျန်းမာလာတယ်
-
3:26 - 3:29လေပြွန်နဲ့ အဆုတ်က နူးညံ့တဲ့
အမွေးလို cilia လေးတွေက -
3:29 - 3:31ရက်သတ္တပတ် အတွင်းမှာပဲ
နလန်ထစ ပြုလာပြီး -
3:31 - 3:35၉လာကြာတော့ ပြန်ကောင်းလာကာ
ရောဂါပိုးတွေကို ကာကွယ်နိုင်စွမ်းတက်လာပြီ -
3:35 - 3:38ဆေးလိပ်ဖြတ်တာ နှစ်ပတ်လည်သွားတဲ့အခါမှာတော့
-
3:38 - 3:43သွေးကြောတွေရဲ့ လုပ်ဆောင်ချက်ကောင်းလာလို့
နှလုံးရောဂါဖြစ်နိုင်ခြေက ထက်ဝက်ထိကျသွားပြီ -
3:43 - 3:44၅နှစ်ကြာတဲ့အခါ
-
3:44 - 3:47သွေးခဲဖြစ်နိုင်ခြေက သိသိသာသာကို ကျသွားပြီ
-
3:47 - 3:50လေဖြတ်နိုင်ခြေကလည်း ဆက်ကျဆင်းနေတယ်
-
3:50 - 3:53၁၀နှစ်ကြာတဲ့အခါတော့ ၊ သေနိုင်လောက်တဲ့
အဆုတ်ကင်ဆာဖြစ်ဖို့က -
3:53 - 3:55၅၀% လျော့သွားပြီ
-
3:55 - 4:00DNAကို ပြင်ဆင်တဲ့ ခန္ဓာကိုယ်ရဲ့အစွမ်းကို
ပြန်ရလာလို့ ဖြစ်နိင်တယ် -
4:00 - 4:04၁၅နှစ်ကြာတဲ့အခါ၊
နှလုံးသွေးကြောရောဂါ ဖြစ်ဖို့အလားအလာက -
4:04 - 4:08ဆေးလိပ်မသောက်သူနဲ့ အတူတူပဲဖြစ်သွားပြီ
-
4:08 - 4:11ဒါအားလုံးကို လွယ်လွယ်လုပ်လို့
ရနိုင်မယ်လို့ ပြောစရာအကြောင်းမရှိပါဘူး -
4:11 - 4:14ဆေးလိပ်ဖြတ်တာက နီကိုတင်းမရရှိတာကြောင့်
စိုးရိမ်စိတ်များတာနဲ့ -
4:14 - 4:16စိတ်ကျတာကိုဖြစ်စေပါတယ်
-
4:16 - 4:19ကံအားလျော်စွာပဲ၊ ဒီလိုဖြစ်တာကတော့ ခဏပါ
-
4:19 - 4:24ဖြတ်ဖို့က ပိုလွယ်လာပါပြီ။
ဖြတ်တဲ့ကိရိယာတွေ ပေါလာတဲ့ ကျေးဇူးပေါ့ -
4:24 - 4:26နီကိုတင်းအစားထိုးတဲ့ကုထုံးဖြစ်တဲ့ ပီကေတွေ
-
4:26 - 4:28အသားမှာကပ်တဲ့ကပ်ခွာ
-
4:28 - 4:28ပူရှိမ်းပြား နဲ့
-
4:28 - 4:29ဖြန်းဆေးတွေက
-
4:29 - 4:32ဆေးလိပ်ဖြတ်နေတဲ့သူတွေကို
စီးကရက်မသောက်ပဲနေနိုင်အောင် လုပ်ပေးတယ် -
4:32 - 4:35ဒါတွေက ဦးနှောက်မှာရှိတဲ့
နီကိုတင်းလက်ခံတဲ့နေရာကို လှုံ့ဆော်ပြီး -
4:35 - 4:38အခြားအန္တရာယ်ရှိတဲ့
ဓာတုပစ္စည်းတွေ မစွဲလမ်းစေပဲ -
4:38 - 4:41ဆေးလိပ်ဖြတ်တဲ့အခါပေါ်ပေါက်တဲ့
လက္ခဏာတွေကို တားဆီးပေးပါတယ် -
4:41 - 4:42နှစ်သိမ့်ဆေွးနွေးတာ၊
အားပေးမယ့်အဖွဲ့ -
4:42 - 4:44အမူအကျင့်ဆိုင်ရာကုထုံးတွေနဲ့
-
4:44 - 4:47မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာက
-
4:47 - 4:50ဆေးလိပ်သောက်သူကို စီးကရက်နဲ့
ဝေးဝေးနေစေပါတယ် -
4:50 - 4:52သတင်းကောင်းကတော့
-
4:52 - 4:56ဖြတ်လိုက်တာက သင်နဲ့သင့်ခန္ဓာကိုယ်ကို
ကျန်းမာတဲ့လမ်းကြောင်းပေါ် ပြန်ရောက်စေတာပါ
- Title:
- စီးကရက်က ခန္ဓာကိုယ်ကိုဘာဖြစ်စေသလဲ- Krishna Sudhir
- Speaker:
- Krishna Sudhir
- Description:
-
စီးကရက် က ကျွန်ုပ်တို့အတွက် မကောင်းပါဘူး
ဒါကအသစ်အဆန်းတော့မဟုတ်ဘူး- စီးကရက်ရဲ့
အန္တရာယ်ကိုသိတာပဲ ဆယ်စုနှစ်တွေကြာပြီလေ။ ဒါပေမယ့် စီးကရက်က ငါတို့ကို
ဘယ်လိုအန္တရာယ်ပေးတာလဲ။ဖြတ်လိုက်ရင်ကော ငါတို့ခန္ဓာကိုယ်က ပြန်ကောင်းလာမှာလား။
Krishna Sudhir က ဆေးလိပ်ဖြတ်ရင် ဘာတွေဖြစ်မလဲဆိုတာကို အသေးစိတ်ဖော်ပြထားပါတယ် - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:13
sann tint approved Burmese subtitles for How do cigarettes affect the body? | ||
sann tint accepted Burmese subtitles for How do cigarettes affect the body? | ||
sann tint edited Burmese subtitles for How do cigarettes affect the body? | ||
Nyein Chan Ko Ko edited Burmese subtitles for How do cigarettes affect the body? |