1 00:00:06,898 --> 00:00:09,219 စီးကရက် က ကျွန်ုပ်တို့အတွက် မကောင်းပါဘူး 2 00:00:09,219 --> 00:00:13,865 ဒါကအသစ်အဆန်းတော့မဟုတ်ဘူး- စီးကရက်ရဲ့ အန္တရာယ်ကိုသိတာပဲ ဆယ်စုနှစ်တွေကြာပြီလေ 3 00:00:13,865 --> 00:00:16,860 ဒါပေမယ့် စီးကရက်က ကျွန်ုပ်တို့ကို ဘယ်လိုအန္တရာယ်ပေးတာလဲ 4 00:00:16,860 --> 00:00:19,192 အဲဒီထဲပါတဲ့ပစ္စည်းတွေ ခန္ဓာကိုယ်ထဲကိုရောက်ရင် 5 00:00:19,192 --> 00:00:20,851 ဘာတွေဖြစ်လဲဆိုတာရယ် 6 00:00:20,851 --> 00:00:25,478 ဆေးလိပ်ဖြတ်လိုက်ရင် ဘယ်လို ရုပ်ပိုင်းဆိုင်ရာအကျိုးတွေရမလဲ ကြည့်ရအောင် 7 00:00:25,478 --> 00:00:27,358 တစ်ချက်ရှုသွင်းလိုက်တိုင်း 8 00:00:27,358 --> 00:00:31,158 ဆေးလိပ်ငွေ့က ဓာတုပစ္စည်းပေါင်း၅၀၀၀ကျော်ကို 9 00:00:31,158 --> 00:00:33,766 ခန္ဓာကိုယ် တစ်ရှူးနဲ့ ထိတွေ့စေပါတယ် 10 00:00:33,766 --> 00:00:37,444 အစကပြောရရင်၊ ကတ္တရာစေးလို့သိတဲ့ အမဲရောင် စေးကပ်တဲ့ပစ္စည်းဟာ 11 00:00:37,444 --> 00:00:39,825 သွားနဲ့ သွားဖုံးတွေပေါ် စဖုံးအုပ်ပြီးတော့ 12 00:00:39,825 --> 00:00:43,708 သွားရဲ့ကြွေလွှာတွေကို ပျက်စီးစေပြီး နောက်ဆုံးမှာတော့ သွားပိုးစားစေတယ် 13 00:00:43,708 --> 00:00:47,721 ကြာလာတာနဲ့အမျှ၊ ဆေးလိပ်ငွေ့ဟာ နှာခေါင်းက အာရုံနာဗ့်ကြောလေးတွေကိုလည်း ထိခိုက်စေပြီး 14 00:00:47,721 --> 00:00:50,006 အနံ့ခံ မရတာမျိုးဖြစ်စေတယ် 15 00:00:50,006 --> 00:00:51,815 အဆုတ်နဲ့ လေပြွန်ထဲမှာတော့ 16 00:00:51,815 --> 00:00:54,604 ဆေးလိပ်ငွေ့ဟာ ရောဂါပိုးဝင်ရောက်နိုင်ခြေကို မြင့်တက်စေပြီး 17 00:00:54,604 --> 00:00:59,277 လေပြွန်ရောင်တာနဲ့ လေအိတ်လေးတွေရာင်တဲ့ နာတာရှည်ရောဂါမျိုးကိုဖြစ်စေပါတယ် 18 00:00:59,277 --> 00:01:01,707 ဒါတွေက ဆီလီယာလို့ခေါ်တဲ့ 19 00:01:01,707 --> 00:01:07,067 လေပြွန်ကို သန့်ရှင်းအောင်လုပ်ပေးတဲ့ သေးငယ်တဲ့အမွေးလေးတွေကို ထိခိုက်စေပါတယ် 20 00:01:07,067 --> 00:01:09,504 နောက်တော့အငွေ့ဟာ Alveoli လို့ခေါ်တဲ့ 21 00:01:09,504 --> 00:01:13,654 သွေးနဲ့ အဆုတ်ကြားမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်နဲ့ အောက်ဆီဂျင်ကိုဖလှယ်တဲ့ 22 00:01:13,654 --> 00:01:15,258 သေးငယ်တဲ့ လေအိတ်လေးတွေကိုရောက်တယ် 23 00:01:15,258 --> 00:01:20,251 အဆိပ်ဓာတ်ငွေ့ ကာဗွန်မိုနောက်ဆိုဒ်က အမြှေးပါးကိုဖြတ်ပြီး သွေးထဲကိုရောက်တယ် 24 00:01:20,251 --> 00:01:21,958 ဟေမိုဂလိုဘင်ကို သွားပေါင်းပြီး 25 00:01:21,958 --> 00:01:23,561 ခန္ဓာကိုယ်တလျှောက်သယ်ပို့ပေးမယ့် 26 00:01:23,561 --> 00:01:26,771 အောက်ဆီဂျင်နေရာကို အစားဝင်ရောက်တယ် 27 00:01:26,771 --> 00:01:30,380 ဒါက ဆေးလိပ်သောက်ရင် အောက်ဆီဂျင်မဝခြင်းနဲ့ အသက်ရှုမဝခြင်းကို ဖြစ်စေတဲ့ 28 00:01:30,380 --> 00:01:32,954 အချက်တွေထဲကတစ်ခုပါ 29 00:01:32,954 --> 00:01:35,121 ၁၀ စက္ကန့်အတွင်းမှာပဲ 30 00:01:35,121 --> 00:01:38,897 သွေးတွေက နီကိုတင်းလို့ခေါ်တဲ့ လှုံ့ဆော်ပစ္စည်းကို ဦးနှောက်ဆီပို့ပေးပြီး 31 00:01:38,897 --> 00:01:42,413 ဒိုပါမင်းနဲ့ အခြားneurotransmitters တွေကို ထုတ်အောင် လုပ်ပေးတယ် 32 00:01:42,413 --> 00:01:43,689 အန်ဒိုဖင် အပါအဝင်ပေါ့ 33 00:01:43,689 --> 00:01:47,684 အန်ဒိုဖင်က သာယာစိတ်ကို ဖြစ်ပေါ်စေလို့ ဆေးလိပ်သောက်ခြင်းကအရမ်းစွဲလမ်းစေတာပါ 34 00:01:47,684 --> 00:01:50,043 စီးကရက်ထဲက နီကိုတင်းနဲ့ အခြားဓာတုပစ္စည်းတွေဟာ 35 00:01:50,043 --> 00:01:53,006 သွေးကြောတွေ ကျဉ်းမှုကို အဆက်မပြတ်ဖြစ်ပေါ်စေပြီး 36 00:01:53,006 --> 00:01:55,942 အဲဒီထဲက နူးညံ့တဲ့ အလွှာလေးတွေကို ပျက်စီးစေကာ 37 00:01:55,942 --> 00:01:57,675 သွေးစီးဆင်းမှုကို တားမြစ်စေတယ် 38 00:01:57,675 --> 00:02:00,957 ဒီသွေးကြာမှာဖြစ်တာက သွေးကြောနံရံတွေ ထူလာတာကိုဖြစ်စေပြီး 39 00:02:00,957 --> 00:02:03,471 သွေးဥမွှားလေးတွေ တွယ်ကပ်မှုကိုတိုးလာစေတယ် 40 00:02:03,471 --> 00:02:06,055 သွေးခဲဖတ်လေးတွေ ဖြစ်ပေါ်လာမှုတိုးလာစေပြီး 41 00:02:06,055 --> 00:02:08,929 နှလုံးရောဂါနဲ့ လေဖြတ်ဖို့ အစပျိုးပေးနေတယ် 42 00:02:08,929 --> 00:02:12,689 စီးကရက်ထဲက ဓာတုပစ္စည်းတော်တော်များများဟာ ကင်ဆာကို ဖြစ်ပေါ်စေတဲ့ 43 00:02:12,689 --> 00:02:15,965 ခန္ဓာကိုယ်ထဲကအန္တရာယ်ရှိတဲ့DNAပြောင်းလဲမှု တွေကို အစပျိုးနိုင်တယ် 44 00:02:15,965 --> 00:02:18,955 ပြီးတော့၊ အာဆင်းနစ်နဲ့ နီကယ်လို ပါဝင်ပစ္စည်းတွေက 45 00:02:18,955 --> 00:02:21,524 ခန္ဓာကိုယ်က ကင်ဆာတွေကိုတိုက်ထုတ်တဲ့ 46 00:02:21,524 --> 00:02:25,443 စွမ်းဆောင်မှုဖြစ်တဲ့DAN ပြုပြင်ခြင်း အလုပ်ကိုလည်းနှောင့်ယှက်နိုင်တယ် 47 00:02:25,443 --> 00:02:29,175 တကယ်တော့၊ အမေရိကမှာ ကင်ဆာကြောင့်သေတဲ့ ၃ယောက်တိုင်းမှာ ၁ယောက်က 48 00:02:29,175 --> 00:02:31,218 ဆေးလိပ်သောက်လို့ပါ 49 00:02:31,218 --> 00:02:33,571 သူက အဆုတ်ကင်ဆာချည်းပဲဖြစ်တာမဟုတ်ဘူး 50 00:02:33,571 --> 00:02:36,938 ဆေးလိပ်သောက်တာဟာ ကိုယ်အင်္ဂါတွေ၊ တစ်ရှူးတွေမှာပါ ကင်ဆာဖြစ်ပေါ်စေပါတယ် 51 00:02:36,938 --> 00:02:38,745 အမြင်အာရုံကိုလည်း ထိခိုက်စေတယ် 52 00:02:38,745 --> 00:02:40,901 အရိုးတွေ ပျော့စေတယ် 53 00:02:40,901 --> 00:02:43,110 အမျိုးသမီးတွေမှာ ကလေးရဖို့တောင်ခက်စေတယ် 54 00:02:43,110 --> 00:02:46,088 အမျိုးသားတွေမှာတော့ ပန်းသေ၊ပန်းညှိုးဖြစ်စေတယ် 55 00:02:46,088 --> 00:02:47,785 ဆေးလိပ်ဖြတ်တဲ့သူတွေမှာ 56 00:02:47,785 --> 00:02:49,763 ချက်ချင်းဖြစ်တာနဲ့ရေရှည်မှာ 57 00:02:49,763 --> 00:02:53,328 လက်တွေ့ကောင်းကျိုးဖြစ်တာမျိုး ကြီးမားတဲ့ ကောင်းကွက်တွေရှိပါတယ် 58 00:02:53,328 --> 00:02:57,010 ဆေးလိပ်ဖြတ်ပြီး မိနစ်၂၀ အကြာမှာ 59 00:02:57,010 --> 00:03:00,841 နှလုံးခုန်နှုန်းနဲ့ သွေးပေါင်က ပုံမှန်ပြန်ဖြစ်သွားတယ် 60 00:03:00,841 --> 00:03:04,259 ၁၂နာရီအကြာမှာတော့ ကာဗွန်မိုနောက်ဆိုဒ်ပမာဏက တည်ငြိမ်သွားပြီး 61 00:03:04,259 --> 00:03:07,023 သွေးက အောက်ဆီဂျင်သယ်နိုင်တဲ့စွမ်းရည် ပြန်ရလာပြီ 62 00:03:07,023 --> 00:03:08,540 ဖြတ်ပြီး တစ်ရက်အကြာမှာ 63 00:03:08,540 --> 00:03:13,894 နှလုံးဖောက်နိုင်ခြေက နှလုံးခုန်နှုန်းနဲ့ သွေးပေါင် ပုံမှန်ဖြစ်တာနဲ့အတူလေျာ့ကျလာပြီ 64 00:03:13,894 --> 00:03:15,170 နှစ်ရက်အကြာ 65 00:03:15,170 --> 00:03:20,094 အနံ့ခံမှုနဲ့ အရသာခံမှုမှာ အရေးပါတဲ့ အာရုံကြောတွေပြန်ပြီး ကောင်းစပြုလာပြီ 66 00:03:20,094 --> 00:03:23,520 တစ်လအကြာမှာတော့ ခေျာင်းဆိုးတာနဲ့ အသက်ရှုကြပ်တာ လျော့လာပြီး 67 00:03:23,520 --> 00:03:25,875 အဆုတ်က ပိုကျန်းမာလာတယ် 68 00:03:25,875 --> 00:03:28,999 လေပြွန်နဲ့ အဆုတ်က နူးညံ့တဲ့ အမွေးလို cilia လေးတွေက 69 00:03:28,999 --> 00:03:31,077 ရက်သတ္တပတ် အတွင်းမှာပဲ နလန်ထစ ပြုလာပြီး 70 00:03:31,077 --> 00:03:35,340 ၉လာကြာတော့ ပြန်ကောင်းလာကာ ရောဂါပိုးတွေကို ကာကွယ်နိုင်စွမ်းတက်လာပြီ 71 00:03:35,340 --> 00:03:37,717 ဆေးလိပ်ဖြတ်တာ နှစ်ပတ်လည်သွားတဲ့အခါမှာတော့ 72 00:03:37,717 --> 00:03:42,761 သွေးကြောတွေရဲ့ လုပ်ဆောင်ချက်ကောင်းလာလို့ နှလုံးရောဂါဖြစ်နိုင်ခြေက ထက်ဝက်ထိကျသွားပြီ 73 00:03:42,761 --> 00:03:44,025 ၅နှစ်ကြာတဲ့အခါ 74 00:03:44,025 --> 00:03:46,845 သွေးခဲဖြစ်နိုင်ခြေက သိသိသာသာကို ကျသွားပြီ 75 00:03:46,845 --> 00:03:49,751 လေဖြတ်နိုင်ခြေကလည်း ဆက်ကျဆင်းနေတယ် 76 00:03:49,751 --> 00:03:53,352 ၁၀နှစ်ကြာတဲ့အခါတော့ ၊ သေနိုင်လောက်တဲ့ အဆုတ်ကင်ဆာဖြစ်ဖို့က 77 00:03:53,352 --> 00:03:55,398 ၅၀% လျော့သွားပြီ 78 00:03:55,398 --> 00:04:00,169 DNAကို ပြင်ဆင်တဲ့ ခန္ဓာကိုယ်ရဲ့အစွမ်းကို ပြန်ရလာလို့ ဖြစ်နိင်တယ် 79 00:04:00,169 --> 00:04:04,008 ၁၅နှစ်ကြာတဲ့အခါ၊ နှလုံးသွေးကြောရောဂါ ဖြစ်ဖို့အလားအလာက 80 00:04:04,008 --> 00:04:07,522 ဆေးလိပ်မသောက်သူနဲ့ အတူတူပဲဖြစ်သွားပြီ 81 00:04:07,522 --> 00:04:10,818 ဒါအားလုံးကို လွယ်လွယ်လုပ်လို့ ရနိုင်မယ်လို့ ပြောစရာအကြောင်းမရှိပါဘူး 82 00:04:10,818 --> 00:04:13,640 ဆေးလိပ်ဖြတ်တာက နီကိုတင်းမရရှိတာကြောင့် စိုးရိမ်စိတ်များတာနဲ့ 83 00:04:13,640 --> 00:04:15,582 စိတ်ကျတာကိုဖြစ်စေပါတယ် 84 00:04:15,582 --> 00:04:19,292 ကံအားလျော်စွာပဲ၊ ဒီလိုဖြစ်တာကတော့ ခဏပါ 85 00:04:19,292 --> 00:04:23,980 ဖြတ်ဖို့က ပိုလွယ်လာပါပြီ။ ဖြတ်တဲ့ကိရိယာတွေ ပေါလာတဲ့ ကျေးဇူးပေါ့ 86 00:04:23,980 --> 00:04:26,426 နီကိုတင်းအစားထိုးတဲ့ကုထုံးဖြစ်တဲ့ ပီကေတွေ 87 00:04:26,426 --> 00:04:27,655 အသားမှာကပ်တဲ့ကပ်ခွာ 88 00:04:27,655 --> 00:04:28,439 ပူရှိမ်းပြား နဲ့ 89 00:04:28,439 --> 00:04:29,352 ဖြန်းဆေးတွေက 90 00:04:29,352 --> 00:04:32,345 ဆေးလိပ်ဖြတ်နေတဲ့သူတွေကို စီးကရက်မသောက်ပဲနေနိုင်အောင် လုပ်ပေးတယ် 91 00:04:32,345 --> 00:04:35,458 ဒါတွေက ဦးနှောက်မှာရှိတဲ့ နီကိုတင်းလက်ခံတဲ့နေရာကို လှုံ့ဆော်ပြီး 92 00:04:35,458 --> 00:04:37,850 အခြားအန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ မစွဲလမ်းစေပဲ 93 00:04:37,850 --> 00:04:40,758 ဆေးလိပ်ဖြတ်တဲ့အခါပေါ်ပေါက်တဲ့ လက္ခဏာတွေကို တားဆီးပေးပါတယ် 94 00:04:40,758 --> 00:04:42,470 နှစ်သိမ့်ဆေွးနွေးတာ၊ အားပေးမယ့်အဖွဲ့ 95 00:04:42,470 --> 00:04:44,413 အမူအကျင့်ဆိုင်ရာကုထုံးတွေနဲ့ 96 00:04:44,413 --> 00:04:46,606 မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာက 97 00:04:46,606 --> 00:04:50,061 ဆေးလိပ်သောက်သူကို စီးကရက်နဲ့ ဝေးဝေးနေစေပါတယ် 98 00:04:50,061 --> 00:04:51,608 သတင်းကောင်းကတော့ 99 00:04:51,608 --> 00:04:56,256 ဖြတ်လိုက်တာက သင်နဲ့သင့်ခန္ဓာကိုယ်ကို ကျန်းမာတဲ့လမ်းကြောင်းပေါ် ပြန်ရောက်စေတာပါ