စီးကရက် က ကျွန်ုပ်တို့အတွက် မကောင်းပါဘူး
ဒါကအသစ်အဆန်းတော့မဟုတ်ဘူး- စီးကရက်ရဲ့
အန္တရာယ်ကိုသိတာပဲ ဆယ်စုနှစ်တွေကြာပြီလေ
ဒါပေမယ့် စီးကရက်က ကျွန်ုပ်တို့ကို
ဘယ်လိုအန္တရာယ်ပေးတာလဲ
အဲဒီထဲပါတဲ့ပစ္စည်းတွေ
ခန္ဓာကိုယ်ထဲကိုရောက်ရင်
ဘာတွေဖြစ်လဲဆိုတာရယ်
ဆေးလိပ်ဖြတ်လိုက်ရင် ဘယ်လို
ရုပ်ပိုင်းဆိုင်ရာအကျိုးတွေရမလဲ ကြည့်ရအောင်
တစ်ချက်ရှုသွင်းလိုက်တိုင်း
ဆေးလိပ်ငွေ့က ဓာတုပစ္စည်းပေါင်း၅၀၀၀ကျော်ကို
ခန္ဓာကိုယ် တစ်ရှူးနဲ့ ထိတွေ့စေပါတယ်
အစကပြောရရင်၊ ကတ္တရာစေးလို့သိတဲ့
အမဲရောင် စေးကပ်တဲ့ပစ္စည်းဟာ
သွားနဲ့ သွားဖုံးတွေပေါ် စဖုံးအုပ်ပြီးတော့
သွားရဲ့ကြွေလွှာတွေကို ပျက်စီးစေပြီး
နောက်ဆုံးမှာတော့ သွားပိုးစားစေတယ်
ကြာလာတာနဲ့အမျှ၊ ဆေးလိပ်ငွေ့ဟာ နှာခေါင်းက
အာရုံနာဗ့်ကြောလေးတွေကိုလည်း ထိခိုက်စေပြီး
အနံ့ခံ မရတာမျိုးဖြစ်စေတယ်
အဆုတ်နဲ့ လေပြွန်ထဲမှာတော့
ဆေးလိပ်ငွေ့ဟာ ရောဂါပိုးဝင်ရောက်နိုင်ခြေကို
မြင့်တက်စေပြီး
လေပြွန်ရောင်တာနဲ့ လေအိတ်လေးတွေရာင်တဲ့
နာတာရှည်ရောဂါမျိုးကိုဖြစ်စေပါတယ်
ဒါတွေက ဆီလီယာလို့ခေါ်တဲ့
လေပြွန်ကို သန့်ရှင်းအောင်လုပ်ပေးတဲ့
သေးငယ်တဲ့အမွေးလေးတွေကို ထိခိုက်စေပါတယ်
နောက်တော့အငွေ့ဟာ Alveoli လို့ခေါ်တဲ့
သွေးနဲ့ အဆုတ်ကြားမှာ ကာဗွန်ဒိုင်
အောက်ဆိုဒ်နဲ့ အောက်ဆီဂျင်ကိုဖလှယ်တဲ့
သေးငယ်တဲ့ လေအိတ်လေးတွေကိုရောက်တယ်
အဆိပ်ဓာတ်ငွေ့ ကာဗွန်မိုနောက်ဆိုဒ်က
အမြှေးပါးကိုဖြတ်ပြီး သွေးထဲကိုရောက်တယ်
ဟေမိုဂလိုဘင်ကို သွားပေါင်းပြီး
ခန္ဓာကိုယ်တလျှောက်သယ်ပို့ပေးမယ့်
အောက်ဆီဂျင်နေရာကို အစားဝင်ရောက်တယ်
ဒါက ဆေးလိပ်သောက်ရင် အောက်ဆီဂျင်မဝခြင်းနဲ့
အသက်ရှုမဝခြင်းကို ဖြစ်စေတဲ့
အချက်တွေထဲကတစ်ခုပါ
၁၀ စက္ကန့်အတွင်းမှာပဲ
သွေးတွေက နီကိုတင်းလို့ခေါ်တဲ့
လှုံ့ဆော်ပစ္စည်းကို ဦးနှောက်ဆီပို့ပေးပြီး
ဒိုပါမင်းနဲ့ အခြားneurotransmitters တွေကို
ထုတ်အောင် လုပ်ပေးတယ်
အန်ဒိုဖင် အပါအဝင်ပေါ့
အန်ဒိုဖင်က သာယာစိတ်ကို ဖြစ်ပေါ်စေလို့
ဆေးလိပ်သောက်ခြင်းကအရမ်းစွဲလမ်းစေတာပါ
စီးကရက်ထဲက နီကိုတင်းနဲ့
အခြားဓာတုပစ္စည်းတွေဟာ
သွေးကြောတွေ ကျဉ်းမှုကို
အဆက်မပြတ်ဖြစ်ပေါ်စေပြီး
အဲဒီထဲက နူးညံ့တဲ့ အလွှာလေးတွေကို
ပျက်စီးစေကာ
သွေးစီးဆင်းမှုကို တားမြစ်စေတယ်
ဒီသွေးကြာမှာဖြစ်တာက သွေးကြောနံရံတွေ
ထူလာတာကိုဖြစ်စေပြီး
သွေးဥမွှားလေးတွေ တွယ်ကပ်မှုကိုတိုးလာစေတယ်
သွေးခဲဖတ်လေးတွေ ဖြစ်ပေါ်လာမှုတိုးလာစေပြီး
နှလုံးရောဂါနဲ့ လေဖြတ်ဖို့ အစပျိုးပေးနေတယ်
စီးကရက်ထဲက ဓာတုပစ္စည်းတော်တော်များများဟာ
ကင်ဆာကို ဖြစ်ပေါ်စေတဲ့
ခန္ဓာကိုယ်ထဲကအန္တရာယ်ရှိတဲ့DNAပြောင်းလဲမှု
တွေကို အစပျိုးနိုင်တယ်
ပြီးတော့၊ အာဆင်းနစ်နဲ့ နီကယ်လို
ပါဝင်ပစ္စည်းတွေက
ခန္ဓာကိုယ်က ကင်ဆာတွေကိုတိုက်ထုတ်တဲ့
စွမ်းဆောင်မှုဖြစ်တဲ့DAN ပြုပြင်ခြင်း
အလုပ်ကိုလည်းနှောင့်ယှက်နိုင်တယ်
တကယ်တော့၊ အမေရိကမှာ ကင်ဆာကြောင့်သေတဲ့
၃ယောက်တိုင်းမှာ ၁ယောက်က
ဆေးလိပ်သောက်လို့ပါ
သူက အဆုတ်ကင်ဆာချည်းပဲဖြစ်တာမဟုတ်ဘူး
ဆေးလိပ်သောက်တာဟာ ကိုယ်အင်္ဂါတွေ၊
တစ်ရှူးတွေမှာပါ ကင်ဆာဖြစ်ပေါ်စေပါတယ်
အမြင်အာရုံကိုလည်း ထိခိုက်စေတယ်
အရိုးတွေ ပျော့စေတယ်
အမျိုးသမီးတွေမှာ ကလေးရဖို့တောင်ခက်စေတယ်
အမျိုးသားတွေမှာတော့
ပန်းသေ၊ပန်းညှိုးဖြစ်စေတယ်
ဆေးလိပ်ဖြတ်တဲ့သူတွေမှာ
ချက်ချင်းဖြစ်တာနဲ့ရေရှည်မှာ
လက်တွေ့ကောင်းကျိုးဖြစ်တာမျိုး
ကြီးမားတဲ့ ကောင်းကွက်တွေရှိပါတယ်
ဆေးလိပ်ဖြတ်ပြီး မိနစ်၂၀ အကြာမှာ
နှလုံးခုန်နှုန်းနဲ့ သွေးပေါင်က
ပုံမှန်ပြန်ဖြစ်သွားတယ်
၁၂နာရီအကြာမှာတော့ ကာဗွန်မိုနောက်ဆိုဒ်ပမာဏက
တည်ငြိမ်သွားပြီး
သွေးက အောက်ဆီဂျင်သယ်နိုင်တဲ့စွမ်းရည်
ပြန်ရလာပြီ
ဖြတ်ပြီး တစ်ရက်အကြာမှာ
နှလုံးဖောက်နိုင်ခြေက နှလုံးခုန်နှုန်းနဲ့
သွေးပေါင် ပုံမှန်ဖြစ်တာနဲ့အတူလေျာ့ကျလာပြီ
နှစ်ရက်အကြာ
အနံ့ခံမှုနဲ့ အရသာခံမှုမှာ အရေးပါတဲ့
အာရုံကြောတွေပြန်ပြီး ကောင်းစပြုလာပြီ
တစ်လအကြာမှာတော့ ခေျာင်းဆိုးတာနဲ့
အသက်ရှုကြပ်တာ လျော့လာပြီး
အဆုတ်က ပိုကျန်းမာလာတယ်
လေပြွန်နဲ့ အဆုတ်က နူးညံ့တဲ့
အမွေးလို cilia လေးတွေက
ရက်သတ္တပတ် အတွင်းမှာပဲ
နလန်ထစ ပြုလာပြီး
၉လာကြာတော့ ပြန်ကောင်းလာကာ
ရောဂါပိုးတွေကို ကာကွယ်နိုင်စွမ်းတက်လာပြီ
ဆေးလိပ်ဖြတ်တာ နှစ်ပတ်လည်သွားတဲ့အခါမှာတော့
သွေးကြောတွေရဲ့ လုပ်ဆောင်ချက်ကောင်းလာလို့
နှလုံးရောဂါဖြစ်နိုင်ခြေက ထက်ဝက်ထိကျသွားပြီ
၅နှစ်ကြာတဲ့အခါ
သွေးခဲဖြစ်နိုင်ခြေက သိသိသာသာကို ကျသွားပြီ
လေဖြတ်နိုင်ခြေကလည်း ဆက်ကျဆင်းနေတယ်
၁၀နှစ်ကြာတဲ့အခါတော့ ၊ သေနိုင်လောက်တဲ့
အဆုတ်ကင်ဆာဖြစ်ဖို့က
၅၀% လျော့သွားပြီ
DNAကို ပြင်ဆင်တဲ့ ခန္ဓာကိုယ်ရဲ့အစွမ်းကို
ပြန်ရလာလို့ ဖြစ်နိင်တယ်
၁၅နှစ်ကြာတဲ့အခါ၊
နှလုံးသွေးကြောရောဂါ ဖြစ်ဖို့အလားအလာက
ဆေးလိပ်မသောက်သူနဲ့ အတူတူပဲဖြစ်သွားပြီ
ဒါအားလုံးကို လွယ်လွယ်လုပ်လို့
ရနိုင်မယ်လို့ ပြောစရာအကြောင်းမရှိပါဘူး
ဆေးလိပ်ဖြတ်တာက နီကိုတင်းမရရှိတာကြောင့်
စိုးရိမ်စိတ်များတာနဲ့
စိတ်ကျတာကိုဖြစ်စေပါတယ်
ကံအားလျော်စွာပဲ၊ ဒီလိုဖြစ်တာကတော့ ခဏပါ
ဖြတ်ဖို့က ပိုလွယ်လာပါပြီ။
ဖြတ်တဲ့ကိရိယာတွေ ပေါလာတဲ့ ကျေးဇူးပေါ့
နီကိုတင်းအစားထိုးတဲ့ကုထုံးဖြစ်တဲ့ ပီကေတွေ
အသားမှာကပ်တဲ့ကပ်ခွာ
ပူရှိမ်းပြား နဲ့
ဖြန်းဆေးတွေက
ဆေးလိပ်ဖြတ်နေတဲ့သူတွေကို
စီးကရက်မသောက်ပဲနေနိုင်အောင် လုပ်ပေးတယ်
ဒါတွေက ဦးနှောက်မှာရှိတဲ့
နီကိုတင်းလက်ခံတဲ့နေရာကို လှုံ့ဆော်ပြီး
အခြားအန္တရာယ်ရှိတဲ့
ဓာတုပစ္စည်းတွေ မစွဲလမ်းစေပဲ
ဆေးလိပ်ဖြတ်တဲ့အခါပေါ်ပေါက်တဲ့
လက္ခဏာတွေကို တားဆီးပေးပါတယ်
နှစ်သိမ့်ဆေွးနွေးတာ၊
အားပေးမယ့်အဖွဲ့
အမူအကျင့်ဆိုင်ရာကုထုံးတွေနဲ့
မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာက
ဆေးလိပ်သောက်သူကို စီးကရက်နဲ့
ဝေးဝေးနေစေပါတယ်
သတင်းကောင်းကတော့
ဖြတ်လိုက်တာက သင်နဲ့သင့်ခန္ဓာကိုယ်ကို
ကျန်းမာတဲ့လမ်းကြောင်းပေါ် ပြန်ရောက်စေတာပါ