0:00:06.898,0:00:09.219 စီးကရက် က ကျွန်ုပ်တို့အတွက် မကောင်းပါဘူး 0:00:09.219,0:00:13.865 ဒါကအသစ်အဆန်းတော့မဟုတ်ဘူး- စီးကရက်ရဲ့ [br]အန္တရာယ်ကိုသိတာပဲ ဆယ်စုနှစ်တွေကြာပြီလေ 0:00:13.865,0:00:16.860 ဒါပေမယ့် စီးကရက်က ကျွန်ုပ်တို့ကို [br]ဘယ်လိုအန္တရာယ်ပေးတာလဲ 0:00:16.860,0:00:19.192 အဲဒီထဲပါတဲ့ပစ္စည်းတွေ [br]ခန္ဓာကိုယ်ထဲကိုရောက်ရင် 0:00:19.192,0:00:20.851 ဘာတွေဖြစ်လဲဆိုတာရယ် 0:00:20.851,0:00:25.478 ဆေးလိပ်ဖြတ်လိုက်ရင် ဘယ်လို[br]ရုပ်ပိုင်းဆိုင်ရာအကျိုးတွေရမလဲ ကြည့်ရအောင် 0:00:25.478,0:00:27.358 တစ်ချက်ရှုသွင်းလိုက်တိုင်း 0:00:27.358,0:00:31.158 ဆေးလိပ်ငွေ့က ဓာတုပစ္စည်းပေါင်း၅၀၀၀ကျော်ကို 0:00:31.158,0:00:33.766 ခန္ဓာကိုယ် တစ်ရှူးနဲ့ ထိတွေ့စေပါတယ် 0:00:33.766,0:00:37.444 အစကပြောရရင်၊ ကတ္တရာစေးလို့သိတဲ့[br]အမဲရောင် စေးကပ်တဲ့ပစ္စည်းဟာ 0:00:37.444,0:00:39.825 သွားနဲ့ သွားဖုံးတွေပေါ် စဖုံးအုပ်ပြီးတော့ 0:00:39.825,0:00:43.708 သွားရဲ့ကြွေလွှာတွေကို ပျက်စီးစေပြီး [br]နောက်ဆုံးမှာတော့ သွားပိုးစားစေတယ် 0:00:43.708,0:00:47.721 ကြာလာတာနဲ့အမျှ၊ ဆေးလိပ်ငွေ့ဟာ နှာခေါင်းက[br]အာရုံနာဗ့်ကြောလေးတွေကိုလည်း ထိခိုက်စေပြီး 0:00:47.721,0:00:50.006 အနံ့ခံ မရတာမျိုးဖြစ်စေတယ် 0:00:50.006,0:00:51.815 အဆုတ်နဲ့ လေပြွန်ထဲမှာတော့ 0:00:51.815,0:00:54.604 ဆေးလိပ်ငွေ့ဟာ ရောဂါပိုးဝင်ရောက်နိုင်ခြေကို[br]မြင့်တက်စေပြီး 0:00:54.604,0:00:59.277 လေပြွန်ရောင်တာနဲ့ လေအိတ်လေးတွေရာင်တဲ့ [br]နာတာရှည်ရောဂါမျိုးကိုဖြစ်စေပါတယ် 0:00:59.277,0:01:01.707 ဒါတွေက ဆီလီယာလို့ခေါ်တဲ့ 0:01:01.707,0:01:07.067 လေပြွန်ကို သန့်ရှင်းအောင်လုပ်ပေးတဲ့ [br]သေးငယ်တဲ့အမွေးလေးတွေကို ထိခိုက်စေပါတယ် 0:01:07.067,0:01:09.504 နောက်တော့အငွေ့ဟာ Alveoli လို့ခေါ်တဲ့ 0:01:09.504,0:01:13.654 သွေးနဲ့ အဆုတ်ကြားမှာ ကာဗွန်ဒိုင်[br]အောက်ဆိုဒ်နဲ့ အောက်ဆီဂျင်ကိုဖလှယ်တဲ့ 0:01:13.654,0:01:15.258 သေးငယ်တဲ့ လေအိတ်လေးတွေကိုရောက်တယ် 0:01:15.258,0:01:20.251 အဆိပ်ဓာတ်ငွေ့ ကာဗွန်မိုနောက်ဆိုဒ်က [br]အမြှေးပါးကိုဖြတ်ပြီး သွေးထဲကိုရောက်တယ် 0:01:20.251,0:01:21.958 ဟေမိုဂလိုဘင်ကို သွားပေါင်းပြီး 0:01:21.958,0:01:23.561 ခန္ဓာကိုယ်တလျှောက်သယ်ပို့ပေးမယ့် 0:01:23.561,0:01:26.771 အောက်ဆီဂျင်နေရာကို အစားဝင်ရောက်တယ် 0:01:26.771,0:01:30.380 ဒါက ဆေးလိပ်သောက်ရင် အောက်ဆီဂျင်မဝခြင်းနဲ့ [br]အသက်ရှုမဝခြင်းကို ဖြစ်စေတဲ့ 0:01:30.380,0:01:32.954 အချက်တွေထဲကတစ်ခုပါ 0:01:32.954,0:01:35.121 ၁၀ စက္ကန့်အတွင်းမှာပဲ 0:01:35.121,0:01:38.897 သွေးတွေက နီကိုတင်းလို့ခေါ်တဲ့ [br]လှုံ့ဆော်ပစ္စည်းကို ဦးနှောက်ဆီပို့ပေးပြီး 0:01:38.897,0:01:42.413 ဒိုပါမင်းနဲ့ အခြားneurotransmitters တွေကို[br]ထုတ်အောင် လုပ်ပေးတယ် 0:01:42.413,0:01:43.689 အန်ဒိုဖင် အပါအဝင်ပေါ့ 0:01:43.689,0:01:47.684 အန်ဒိုဖင်က သာယာစိတ်ကို ဖြစ်ပေါ်စေလို့ [br]ဆေးလိပ်သောက်ခြင်းကအရမ်းစွဲလမ်းစေတာပါ 0:01:47.684,0:01:50.043 စီးကရက်ထဲက နီကိုတင်းနဲ့ [br]အခြားဓာတုပစ္စည်းတွေဟာ 0:01:50.043,0:01:53.006 သွေးကြောတွေ ကျဉ်းမှုကို [br]အဆက်မပြတ်ဖြစ်ပေါ်စေပြီး 0:01:53.006,0:01:55.942 အဲဒီထဲက နူးညံ့တဲ့ အလွှာလေးတွေကို [br]ပျက်စီးစေကာ 0:01:55.942,0:01:57.675 သွေးစီးဆင်းမှုကို တားမြစ်စေတယ် 0:01:57.675,0:02:00.957 ဒီသွေးကြာမှာဖြစ်တာက သွေးကြောနံရံတွေ [br]ထူလာတာကိုဖြစ်စေပြီး 0:02:00.957,0:02:03.471 သွေးဥမွှားလေးတွေ တွယ်ကပ်မှုကိုတိုးလာစေတယ် 0:02:03.471,0:02:06.055 သွေးခဲဖတ်လေးတွေ ဖြစ်ပေါ်လာမှုတိုးလာစေပြီး 0:02:06.055,0:02:08.929 နှလုံးရောဂါနဲ့ လေဖြတ်ဖို့ အစပျိုးပေးနေတယ် 0:02:08.929,0:02:12.689 စီးကရက်ထဲက ဓာတုပစ္စည်းတော်တော်များများဟာ [br]ကင်ဆာကို ဖြစ်ပေါ်စေတဲ့ 0:02:12.689,0:02:15.965 ခန္ဓာကိုယ်ထဲကအန္တရာယ်ရှိတဲ့DNAပြောင်းလဲမှု[br]တွေကို အစပျိုးနိုင်တယ် 0:02:15.965,0:02:18.955 ပြီးတော့၊ အာဆင်းနစ်နဲ့ နီကယ်လို [br]ပါဝင်ပစ္စည်းတွေက 0:02:18.955,0:02:21.524 ခန္ဓာကိုယ်က ကင်ဆာတွေကိုတိုက်ထုတ်တဲ့ [br] 0:02:21.524,0:02:25.443 စွမ်းဆောင်မှုဖြစ်တဲ့DAN ပြုပြင်ခြင်း[br]အလုပ်ကိုလည်းနှောင့်ယှက်နိုင်တယ် 0:02:25.443,0:02:29.175 တကယ်တော့၊ အမေရိကမှာ ကင်ဆာကြောင့်သေတဲ့ [br]၃ယောက်တိုင်းမှာ ၁ယောက်က 0:02:29.175,0:02:31.218 ဆေးလိပ်သောက်လို့ပါ 0:02:31.218,0:02:33.571 သူက အဆုတ်ကင်ဆာချည်းပဲဖြစ်တာမဟုတ်ဘူး 0:02:33.571,0:02:36.938 ဆေးလိပ်သောက်တာဟာ ကိုယ်အင်္ဂါတွေ၊[br]တစ်ရှူးတွေမှာပါ ကင်ဆာဖြစ်ပေါ်စေပါတယ် 0:02:36.938,0:02:38.745 အမြင်အာရုံကိုလည်း ထိခိုက်စေတယ် 0:02:38.745,0:02:40.901 အရိုးတွေ ပျော့စေတယ် 0:02:40.901,0:02:43.110 အမျိုးသမီးတွေမှာ ကလေးရဖို့တောင်ခက်စေတယ် 0:02:43.110,0:02:46.088 အမျိုးသားတွေမှာတော့ [br]ပန်းသေ၊ပန်းညှိုးဖြစ်စေတယ် 0:02:46.088,0:02:47.785 ဆေးလိပ်ဖြတ်တဲ့သူတွေမှာ 0:02:47.785,0:02:49.763 ချက်ချင်းဖြစ်တာနဲ့ရေရှည်မှာ 0:02:49.763,0:02:53.328 လက်တွေ့ကောင်းကျိုးဖြစ်တာမျိုး[br]ကြီးမားတဲ့ ကောင်းကွက်တွေရှိပါတယ် 0:02:53.328,0:02:57.010 ဆေးလိပ်ဖြတ်ပြီး မိနစ်၂၀ အကြာမှာ 0:02:57.010,0:03:00.841 နှလုံးခုန်နှုန်းနဲ့ သွေးပေါင်က [br]ပုံမှန်ပြန်ဖြစ်သွားတယ် 0:03:00.841,0:03:04.259 ၁၂နာရီအကြာမှာတော့ ကာဗွန်မိုနောက်ဆိုဒ်ပမာဏက[br]တည်ငြိမ်သွားပြီး 0:03:04.259,0:03:07.023 သွေးက အောက်ဆီဂျင်သယ်နိုင်တဲ့စွမ်းရည် [br]ပြန်ရလာပြီ 0:03:07.023,0:03:08.540 ဖြတ်ပြီး တစ်ရက်အကြာမှာ 0:03:08.540,0:03:13.894 နှလုံးဖောက်နိုင်ခြေက နှလုံးခုန်နှုန်းနဲ့ [br]သွေးပေါင် ပုံမှန်ဖြစ်တာနဲ့အတူလေျာ့ကျလာပြီ 0:03:13.894,0:03:15.170 နှစ်ရက်အကြာ 0:03:15.170,0:03:20.094 အနံ့ခံမှုနဲ့ အရသာခံမှုမှာ အရေးပါတဲ့ [br]အာရုံကြောတွေပြန်ပြီး ကောင်းစပြုလာပြီ 0:03:20.094,0:03:23.520 တစ်လအကြာမှာတော့ ခေျာင်းဆိုးတာနဲ့ [br]အသက်ရှုကြပ်တာ လျော့လာပြီး 0:03:23.520,0:03:25.875 အဆုတ်က ပိုကျန်းမာလာတယ် 0:03:25.875,0:03:28.999 လေပြွန်နဲ့ အဆုတ်က နူးညံ့တဲ့ [br]အမွေးလို cilia လေးတွေက 0:03:28.999,0:03:31.077 ရက်သတ္တပတ် အတွင်းမှာပဲ [br]နလန်ထစ ပြုလာပြီး 0:03:31.077,0:03:35.340 ၉လာကြာတော့ ပြန်ကောင်းလာကာ[br]ရောဂါပိုးတွေကို ကာကွယ်နိုင်စွမ်းတက်လာပြီ 0:03:35.340,0:03:37.717 ဆေးလိပ်ဖြတ်တာ နှစ်ပတ်လည်သွားတဲ့အခါမှာတော့ 0:03:37.717,0:03:42.761 သွေးကြောတွေရဲ့ လုပ်ဆောင်ချက်ကောင်းလာလို့[br]နှလုံးရောဂါဖြစ်နိုင်ခြေက ထက်ဝက်ထိကျသွားပြီ 0:03:42.761,0:03:44.025 ၅နှစ်ကြာတဲ့အခါ 0:03:44.025,0:03:46.845 သွေးခဲဖြစ်နိုင်ခြေက သိသိသာသာကို ကျသွားပြီ 0:03:46.845,0:03:49.751 လေဖြတ်နိုင်ခြေကလည်း ဆက်ကျဆင်းနေတယ် 0:03:49.751,0:03:53.352 ၁၀နှစ်ကြာတဲ့အခါတော့ ၊ သေနိုင်လောက်တဲ့ [br]အဆုတ်ကင်ဆာဖြစ်ဖို့က 0:03:53.352,0:03:55.398 ၅၀% လျော့သွားပြီ 0:03:55.398,0:04:00.169 DNAကို ပြင်ဆင်တဲ့ ခန္ဓာကိုယ်ရဲ့အစွမ်းကို [br]ပြန်ရလာလို့ ဖြစ်နိင်တယ် 0:04:00.169,0:04:04.008 ၁၅နှစ်ကြာတဲ့အခါ၊ [br]နှလုံးသွေးကြောရောဂါ ဖြစ်ဖို့အလားအလာက 0:04:04.008,0:04:07.522 ဆေးလိပ်မသောက်သူနဲ့ အတူတူပဲဖြစ်သွားပြီ 0:04:07.522,0:04:10.818 ဒါအားလုံးကို လွယ်လွယ်လုပ်လို့[br]ရနိုင်မယ်လို့ ပြောစရာအကြောင်းမရှိပါဘူး 0:04:10.818,0:04:13.640 ဆေးလိပ်ဖြတ်တာက နီကိုတင်းမရရှိတာကြောင့်[br]စိုးရိမ်စိတ်များတာနဲ့ 0:04:13.640,0:04:15.582 စိတ်ကျတာကိုဖြစ်စေပါတယ် 0:04:15.582,0:04:19.292 ကံအားလျော်စွာပဲ၊ ဒီလိုဖြစ်တာကတော့ ခဏပါ 0:04:19.292,0:04:23.980 ဖြတ်ဖို့က ပိုလွယ်လာပါပြီ။[br]ဖြတ်တဲ့ကိရိယာတွေ ပေါလာတဲ့ ကျေးဇူးပေါ့ 0:04:23.980,0:04:26.426 နီကိုတင်းအစားထိုးတဲ့ကုထုံးဖြစ်တဲ့ ပီကေတွေ 0:04:26.426,0:04:27.655 အသားမှာကပ်တဲ့ကပ်ခွာ 0:04:27.655,0:04:28.439 ပူရှိမ်းပြား နဲ့ 0:04:28.439,0:04:29.352 ဖြန်းဆေးတွေက 0:04:29.352,0:04:32.345 ဆေးလိပ်ဖြတ်နေတဲ့သူတွေကို [br]စီးကရက်မသောက်ပဲနေနိုင်အောင် လုပ်ပေးတယ် 0:04:32.345,0:04:35.458 ဒါတွေက ဦးနှောက်မှာရှိတဲ့ [br]နီကိုတင်းလက်ခံတဲ့နေရာကို လှုံ့ဆော်ပြီး 0:04:35.458,0:04:37.850 အခြားအန္တရာယ်ရှိတဲ့ [br]ဓာတုပစ္စည်းတွေ မစွဲလမ်းစေပဲ 0:04:37.850,0:04:40.758 ဆေးလိပ်ဖြတ်တဲ့အခါပေါ်ပေါက်တဲ့ [br]လက္ခဏာတွေကို တားဆီးပေးပါတယ် 0:04:40.758,0:04:42.470 နှစ်သိမ့်ဆေွးနွေးတာ၊[br]အားပေးမယ့်အဖွဲ့ 0:04:42.470,0:04:44.413 အမူအကျင့်ဆိုင်ရာကုထုံးတွေနဲ့ 0:04:44.413,0:04:46.606 မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာက 0:04:46.606,0:04:50.061 ဆေးလိပ်သောက်သူကို စီးကရက်နဲ့[br]ဝေးဝေးနေစေပါတယ် 0:04:50.061,0:04:51.608 သတင်းကောင်းကတော့ 0:04:51.608,0:04:56.256 ဖြတ်လိုက်တာက သင်နဲ့သင့်ခန္ဓာကိုယ်ကို [br]ကျန်းမာတဲ့လမ်းကြောင်းပေါ် ပြန်ရောက်စေတာပါ