သုံးနှစ်အတွင်းမှာ သန်းကြွယ်သူဌေး ဖြစ်ချင်ရင် Daniel Ally | TEDxBergenCommunityCollege
-
0:05 - 0:07ဒီနေ့ ကျွန်တော် ပြောချင်တာကို
လူတွေ -
0:07 - 0:11ပြောဆိုနေကြတာ အတော်ကလေး ကြာသွားပါပြီ။
-
0:11 - 0:14“အောင်မြင်မှု” အကြောင်းကို ဆိုလိုတာပါ။
-
0:14 - 0:18အောက်မြင်မှုကို လူအမျိုးမျိုးက အဓိပ္ပါယ်
အမျိုးမျိုး ဖွင့်ကြပါတယ်၊ -
0:18 - 0:23ကျွန်တော် နားလည်တဲ့ အောင်မြင်မှုက
ခင်ဗျားတို့ နားလည်တာနဲ့ ကွာခြားနိုင်ပါတယ်။ -
0:23 - 0:25ခင်ဗျားတို့ရဲ့ နားလည်မှုကျပြန်တော့
-
0:25 - 0:27မိမိ အိမ်စာအတွက် ကြယ်ပွင့်ကို ရယူရန်
ကြိုးပမ်းနေတဲ့ -
0:27 - 0:31သူငယ်တန်း ကျောင်းသား နားလည်တာနဲ့လည်း
မတူနိုင်ပါ။ -
0:31 - 0:33ကလေးငါးယောက်ကို
ည ၉ နာရီမှာ အိပ်နိုင်ဖို့အတွက် -
0:33 - 0:38မနည်း ကြိုးစားနေရတဲ့ အိမ်ရှင်မနဲ့လည်း
တူမှာ မဟုတ်ပါ။ -
0:38 - 0:40ကုမ္ပဏီအတွက် အနှစ်
နှစ်ဆယ်ကျော် အလုပ်လုပ်ခဲ့ကာ -
0:40 - 0:45အဲဒီလုပ်ငန်းမှာ CEO ဖြစ်ချင်စိတ်
ပြင်းပြနေတဲ့ -
0:45 - 0:50ကုမ္ပဏီ တစ်ခုမှ အရာရှိနဲ့လည်း
တူစရာ အကြောင်း မရှိပါ။ -
0:51 - 0:52အောင်မြင်မှု စကားလုံးအတွက်
-
0:52 - 0:56အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ
မျိုးစုံနိုင်တာကို သဘောတူကြရမှာပါ၊ -
0:56 - 1:01ဒါပေမဲ့ ဒီနေ့တွင် ကျွန်တော်က ပေးမယ့်
အကောင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်က -
1:01 - 1:05"အောင်မြင်မှုဆိုတာ မိမိကိုမိမိ
ထုတ်ဖေါ်ပြသမှုပါ။" -
1:05 - 1:08အဲဒါက ကိုယ်ဖြစ်ချင်တာ ဖြစ်နေခြင်း၊
-
1:08 - 1:09ကိုယ်လုပ်ချင်တာကို လုပ်နေရခြင်း၊
-
1:09 - 1:12ကိုယ်သွားချင်တဲ့ နေရာကို
သွားနေရခြင်း ပါပဲ။ -
1:12 - 1:14ကိုယ့်ဘဝနှင့် ပတ်သက်လာရင်၊
-
1:14 - 1:18ကိုယ်ကသာ အကြီးအကဲပါ၊
ကိုယ်ကသာ ရွေးချယ်နိုင်လို့ပါ။ -
1:19 - 1:21တကယ်တော့၊ သင် ဒီနေ့ ဖြစ်နေတဲ့ဟာက
ခင်ဗျားပါပဲ -
1:21 - 1:26ခင်ဗျားတို့ရဲ့ တစ်သက်တာမှာ လုပ်လာခဲ့တဲ့
ရွေးချယ်မှုကြောင့် မို့လို့ပါ။ -
1:27 - 1:30ကျွန်တော်တို့က ကြီးပြင်းလာတာနဲ့
အဲဒီလို ရွေးချယ်မှုတွေကို -
1:30 - 1:33ဘယ်လို လုပ်သင့်ကြောင်းကို ပြောပြကြတဲ့
လူတွေ ရှိပါတယ်၊ -
1:33 - 1:38မိဘတွေ၊ ဆရာတွေ၊ အကြီးအကဲတွေ
မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေ ဖြစ်နိုင်တယ်။ -
1:38 - 1:40ကျွန်တော်တို့ ဘဝထဲတွင်
ဘယ်လို နေထိုင်သင့်ကြောင်း၊ -
1:40 - 1:42ဘာတွေ လုပ်သင့်တယ်၊ ဘယ်ကို သွားသင့်တယ်၊
-
1:42 - 1:46ဘယ်လို လမ်းလျှောက်ရမယ်၊ ဘယ်လို မပြောရဘူး
အကြံပေးကြတယ်။ -
1:46 - 1:49ဒါပေမဲ့ ခင်ဗျားတို့ကို ကျွန်တော်က မေးမယ့်
မေးခွန်းက -
1:49 - 1:52"ဒီ့ပြင်လူတွေ လိုစေချင်သလို ခင်ဗျားက
ဖြစ်ဖို့ ကြိုးစားမယ်ဆိုရင်၊ -
1:52 - 1:55ခင်ဗျား ဘယ်သူများ ဖြစ်လာမလဲ။"
-
1:56 - 2:01အောင်မြင်ဖို့ သော့ချက်က သူများရဲ့ မျှော်
လင့်ချက်များနဲ့ လိုက်အောင်လုပ်တာ ရပ်ပါ။ -
2:01 - 2:05ပြီးတော့ မိမိရဲ့ မျှော်လင့်ချက်တွေနဲ့
ကိုက်ညီဖို့ စတင်လုပ်ကိုင်ပါ။ -
2:05 - 2:07ကိုယ့်ကိုကိုယ် ယုံကြည်ဖို့ လိုပါတယ်။
-
2:07 - 2:10ကိုယ် ဖြစ်စေလိုတဲ့ဟာ နောက်ဆုံးတွင်
ဖြစ်ထွန်းလာမှာကို နားလည်ရမယ်၊ -
2:10 - 2:13ကိုယ်က ယုံကြည်တယ် ဆိုရင်ပေါ့လေ။
-
2:13 - 2:14ဒီတော့ ကိုယ့်ဆီမှာ ယုံကြည်ချက် ရှိရမယ်၊
-
2:14 - 2:20ယုံကြည်မှုကျပြန်တော့ ကိုယ်ဖြစ်စေချင်တာ
နောက်ဆုံး ဖြစ်ထွန်းလာမှာကို သိရှိမှုပါပဲ -
2:20 - 2:21ကိုယ်က ယုံကြည်တယ် ဆိုရင်ပေါ့လေ။
-
2:21 - 2:23ယုံကြည်မှုကို ပံ့ပိုးပါက၊
-
2:23 - 2:27ကိုယ်ရဲ့ စိုးရိမ်စိတ်တွေ လွင့်ပျောက်သွားတာ
ခင်ဗျားတို့ မကြာခဏ တွေ့လာရမှာပါ၊ -
2:27 - 2:30ကိုယ်က ကိုယ့်ကိုကိုယ် ယုံကြည်နေသရွေ့၊
-
2:30 - 2:33ကမ္ဘာကြီးပေါ်က လူတိုင်းကလည်း ခင်ဗျားကို
ယုံကြည်မှာပါ။ -
2:35 - 2:39ကျွန်တော်ဟာ အချိန်အတော်ကြာအထိကိုပဲ
ကိုယ့်ကိုကိုယ် မယုံကြည်ခဲ့ပါဘူး။ -
2:39 - 2:42လက်တွေ့မှာ ကျွန်တော် ဖြစ်ခဲ့တဲ့
လူစားမျိုးက -
2:42 - 2:44မိခင်တွေက သူတို့ရဲ့ သမီးတွေကို သတိပေးဖို့
-
2:44 - 2:46ဖခင်တွေက သူတို့ သားတွေကို သတိပေးဖို့၊
-
2:46 - 2:48"မင်းတို့သာ Daniel Ally လို
လုပ်ကြမယ်ဆိုရင်၊ -
2:48 - 2:51မင်းတို့ဟာ Daniel Ally လိုပဲ
အဆုံးသတ်သွားကြရမှာ။" အပြောခံရသူပါ။ -
2:51 - 2:54သူတို့ အဲဒီလို ပြောရဖို့
အကျိုးအကြောင်း ရှိခဲ့ပါတယ်၊ -
2:54 - 2:55ခင်ဗျားတို့ စိတ်ကူးကြည့်ရင်၊
-
2:55 - 2:59ကိုယ့် ဂုဏ်သိက္ခာဟာ ကိုယ်ရဲ့
အကောင်းဆုံး ကြော်ငြာပဲ မဟုတ်လား။ -
2:59 - 3:01ထိုစဉ်တုန်းက ကျွန်တော့
ဂုဏ်သတင်း မကောင်းခဲ့ပါ၊ -
3:01 - 3:04ကိုယ့်အစွမ်းအစထက် များစွာမှ နိမ့်ကျစွာ
နေထိုင်နေခဲ့လို့ပါ။ -
3:04 - 3:07တကယ်တမ်း ကျွန်တော်ဟာ မိခင်ရဲ့
အောက်ခြေမှာ နေထိုင်ခဲ့သူပါ။ -
3:09 - 3:13အသက် ၂၁ နှစ် အရောက်တွင် ကျွန်တော်ဟာ
အလုပ် ၄၀ လောက်ကို လုပ်စမ်းပြီးခဲ့ပါပြီ။ -
3:13 - 3:16ကျွန်တော်ဟာ အလုပ်တွေ အများကြီးမှနေပြီး
မောင်းထုတ်ခံခဲ့ရတယ်။ -
3:16 - 3:20အထက်တန်းကျောင်းမှာကျတော့
ဒုတိယ အညံ့ဆုံးသူပါ။ -
3:20 - 3:23အညံ့ဆုံးသူက ထောင်ထဲမှာ ရှိနေခဲ့တာလေ။
-
3:23 - 3:27ကျွန်တော်ဟာ ရှစ်နှစ်လုံးလုံး ဆေးချခဲ့ပြီး
ဘာလုပ်ရမှန်း မသိခဲ့ပါ။ -
3:27 - 3:29ကျွန်တော်ဟာ ကျဆုံး
ကျိုးပဲ့လျက် စက်ဆုပ်စရာကြီးပါ၊ -
3:29 - 3:32ကျွန်တော် ပြောင်းပစ်ချင်တာ
ကျွန်တော် သိခဲ့တယ်။ -
3:32 - 3:37ဘယ်လို ပြောင်းပစ်ရမယ် ဆိုတာကို
မသိခြင်းက ပြဿနာပါ။ -
3:37 - 3:40ကိုယ်က ပြောင်းလဲချင်ပေမဲ့ အဲဒါကို ဘယ်လို
လုပ်ရမှန်း မသိခဲ့တဲ့ -
3:40 - 3:44အခြေအနေမျိုးကို ကြုံခဲ့ရတဲ့ သူတွေ
လက်မြှောက်ပြကြပါ။ -
3:45 - 3:47ဟုတ်ပြီ၊ အားလုံး
အဲဒီလို ကြုံခဲ့ဖူးကြပါတယ်၊ -
3:47 - 3:49အခုကို အဲဒီလို အခြေအနေမျိုးထဲ
ရှိနိုင်တယ်။ -
3:49 - 3:53ကျွန်တော့ဘဝကို ပြောင်းပစ်ချင်ရင် နည်းလမ်း
သုံးခု ရှိတာကို ကျွန်တော် ရှာတွေခဲ့တယ်။ -
3:53 - 3:55အဲဒီစိတ်ကူး သုံးခုကို ကျွန်တော်
မျှပေးချင်တယ်၊ -
3:55 - 3:59ခင်ဗျားတို့ရဲ့ ဘဝကို ဒီနေ့မှာကို စပြီး
လုံးဝကို တော်လှန်ပစ်နိုင်မှာပါ။ -
4:00 - 4:03ကျွန်တော် ကိုယ်တိုင် အဲဒီလို လုပ်နိုင်လို့
ဒီခြေလှမ်းတွေကို လုပ်နိုင်မှာပါ။ -
4:03 - 4:07ကျွန်တော် ၂၄ နှစ်အရွယ်မှာ
ကိုယ်ထူကိုယ်ထ သန်းကြွယ်သူဌေး ဖြစ်လာခဲ့တယ်။ -
4:07 - 4:11ကျွန်တော် စာသုံးအုပ်ကို ရေးနိုင်ခဲ့ပြီး
နိုင်ငံတွေ ဒါဇင်နဲ့ချီကို ခရီးထွက်ခဲ့တယ်။ -
4:11 - 4:14အခုကျွန်တော့ အလုပ်နဲ့ ဆက်စပ်ပြီး
လူတွေ သန်းနဲ့ချီနဲ့ ဆက်ဆံရတယ်။ -
4:14 - 4:18ဒီတော့ ခင်ဗျားတို့က အောင်မြင်မှုကို
ဘယ်လို သတ်မှတ်ချင်လဲ၊ -
4:18 - 4:20အသက် ၁၀၀ အထိ နေချင်သလား၊
-
4:20 - 4:23ကလေးတွေ တစ်ဒါဇင် လိုချင်သလား၊ ဒါမှမဟုတ်
ဘယ်သူမှာမှ -
4:23 - 4:28မသိတဲ့ တောင်ထိပ်ပေါ်တွင်
အိမ်များဝယ်ချင်တာလား။ -
4:28 - 4:33အခုပြောမယ့် အခြေခံမူ သုံးခုက
ခင်ဗျားတို့ဘဝထဲ အောင်မြင်အောင် ကူပေးမှာပါ။ -
4:34 - 4:37ပထမအချက်က စာအုပ်တွေ များများ ဖတ်ပေးပါ။
-
4:37 - 4:42ကမ္ဘာမှာ ရှိတဲ့ ပြဿနာတွေကို ကမ္ဘာပေါ်မှာ
ရှိကြတဲ့ စာအုပ်တွေက ဖြေရှင်းပေးနိုင်ပါတယ်။ -
4:42 - 4:46တချိန်တည်းမှာ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ
ရှိတဲ့ စာအုပ်အားလုံးကို ဖတ်ရန် မလိုပါ။ -
4:46 - 4:49ကမ္ဘာကြီးရဲ့ ပြဿနာတွေ အားလုံး
ကျွန်တော်တို့မှာ မရှိလို့ပါ။ -
4:49 - 4:54ဒါပေမဲ့၊ ကျွန်တော်တို့ ပြဿနာတွေကို
ဖြေရှင်းပေးမဲ့ စာအုပ်တွေကိုတော့ ဖတ်ရပါမယ်။ -
4:54 - 4:56ဥပမာ၊ ခင်ဗျားတို့ဟာ ငွေကြေးအကြောင်း
သင်ယူလိုတယ်ဆိုပါစို့၊ -
4:56 - 5:00ငွေကြေးအကြောင်း ပြောပြထားတဲ့
စာအုပ်တွေကို ဖတ်ရန် လိုပါမယ်။ -
5:00 - 5:04ဒါမှမဟုတ် ခင်ဗျားက ကိုယ့်ဆက်ဆံမှုတွေကို
မြှင့်တင်ဖို့ သင်ယူချင်လား၊ -
5:04 - 5:07ဒါမှမဟုတ် ပိုကောင်းတဲ့ ဆက်သွယ်ပြောဆိုသူ
ဖြစ်လာချင်သလား။ -
5:07 - 5:09ကျွန်တော် အဓိက ပြောချင်တာက၊
-
5:09 - 5:14ရွှေပြားတွေနဲ့ ခင်းထားတဲ့ စာကြည့်တိုက်တွေ
ရှိကြတယ်၊ အခမဲ့ ဝင်ခွင့်ရှိတယ်။ -
5:14 - 5:19ခင်ဗျားတို့ရဲ့ အသိစိတ်ရဲ့ ကောင်းကင်ဘုံကို
ဖွင့်ပေးမယ့် ကိရိယာက စာအုပ်တွေပါ။ -
5:19 - 5:21ခေါင်းဆောင်တွေ အားလုံး စာဖတ်သူတွေပါ။
-
5:21 - 5:25ခင်ဗျားတို့ အောင်မြင်ချင်ရင်
စဖတ်ဖို့ လိုအပ်တယ်။ -
5:25 - 5:29ကမ္ဘာပေါ်က လူအများစုဟာ တစ်နှစ်ကို
စာအုပ် တစ်အုပ် ဖတ်ကြတယ်၊ -
5:29 - 5:32ပြီးတော့ အဲဒီစာအုပ်ကလည်း
Facebook ဘဲ ဖြစ်ပါလိမ့်မယ်။ -
5:33 - 5:36လူတွေဟာ အိပ်ရာမှ မထခင်၊ ဘာမှ မလုပ်ခင်၊
-
5:36 - 5:40သူတို့ ကော်ဖီ မသောက်ခင်၊ သတင်းစာ မဖတ်ခင်၊
သူတို့ဟာ Facebook ကို ဖတ်ကြတယ်။ -
5:40 - 5:44ဒါပေမဲ့ အမှန်တရားက ဘာလဲ ဆိုတော့
ကိုယ်က ကိစ္စအမျိုးမျိုးကို လုပ်မယ်ဆိုရင်၊ -
5:44 - 5:46ရမယ့် ရလဒ်တွေဟာလည်း အမျိုးမျိုး ရှိမယ်။
-
5:46 - 5:48ကိုယ်လေ့လာမယ်ဟာ ကိုယ်ြဖစ်လာမှာပါ။
-
5:48 - 5:51ကိုယ် လေ့လာနေတာ ဘာလဲ၊
အဲဒါကို ကိုယ့်ကို ဘယ်ဆီခေါ်သွားမလဲ။ -
5:51 - 5:53လူတွေ ကျွန်တော့ဆီကို လာလျက်
ပြောကြတာက၊ -
5:53 - 5:58"Daniel၊ စာဖတ်ဖို့ အချိန် မရှိဘူး၊
ကလေးတွေနဲ့၊ အလုပ်တွေနဲ့ ကျောင်းသားပဲဗျာ။ -
5:58 - 6:03အခုကို ဖတ်စရာ ကျောင်းစာအုပ်တွေ တသီကြီး၊
အလုပ်တွေ များလွန်းလို့ မအားပါဘူး။" -
6:03 - 6:05ကိုယ့်ဆီမှာ တစ်နေ့ အချိန် ၁၀ မိနစ်မရှိရင်၊
-
6:05 - 6:08တကယ်တမ်း ခင်ဗျားဆီမှာ ဘဝ
မရှိတာကို ပြောခြင်းပါပဲ။ -
6:08 - 6:10အားလုံးမှာ စာဖတ်ဖို့ အချိန် ရှိတယ်၊
-
6:10 - 6:12အားလုံးမှာ စာအုပ်ကောင်း
ရွေးပြီး သင်ယူနိုင်ဖို့ -
6:12 - 6:14ကိုယ့်ဘာသာဖတ်ဖို့ အချိန်ရှိတယ်။
-
6:14 - 6:18ကောင်းပြီ၊ တစ်နေ့ကို ၁၀ မိနစ်နှုန်း
ဆက်တိုက် ရက် ၃၀ ဖတ်မယ်ဆိုရင်၊ -
6:18 - 6:20တစ်လကို စာအုပ်တစ်အုပ် ဖြစ်တယ်။
-
6:20 - 6:23တစ်လတစ်အုပ်၊ ၁၂ လမှာ၊ တစ်နှစ်မှာ
စာအုပ် ၁၂ အုပ် ပါ။ -
6:23 - 6:27လူအများစုက ငါးနှစ်အတွင်း လုပ်နိုင်ကြတာကို
ခင်ဗျားတို့က တစ်နှစ်နဲ့ လုပ်နိုင်တယ်။ -
6:27 - 6:29အချိန်မရှိတဲ့ အကြောင်း မပြောပါနဲ့။
-
6:29 - 6:31အားလုံးဆီမှာ ဖတ်ဖို့ အချိန်ရှိတယ်။
-
6:31 - 6:33ဖတ်သူတွေ ခေါင်းဆောင်တွေ ဖြစ်တာ မမေ့နဲ့လေ။
-
6:33 - 6:37အောင်မြင်ရန် တစ်ခုတည်းသော နည်းမှာ
ဖတ်ရန်ပါပဲ။ -
6:37 - 6:39ကျွန်တော်ရဲ့ ဒုတိယ အကြံပေးချက်က
-
6:39 - 6:42ကိုယ်ရှာနိုင်သမျှ အထဲက အကောင်းဆုံး
လူတွေနဲ့ တွေ့ဆုံပါ။ -
6:42 - 6:45ကျွန်တော်တို့ အများဆုံး ဆက်ဆံကြသူတွေဟာ
-
6:45 - 6:48ကျွန်တော်တို့ ဝန်းကျင်က လူစုစုပေါင်း
ငါးယောက်ပါ။ -
6:48 - 6:50ကျွန်တော်တို့ ဝင်ငွေ တူတယ်၊
သွားတဲ့ နေရာတွေလည်း တူတယ်၊ -
6:50 - 6:53လုပ်တဲ့ အရာတွေလည်း တူတယ်၊
တွေးကြပုံလည်း အတူတူပါပဲ။ -
6:53 - 6:55ကိုယ့် အခင်ဆုံး မိတ်ဆွေ ငါးဦးကို
လေ့လာကြည့်ရင်း၊ -
6:55 - 6:58ကိုယ့်ကိုကိုယ် ထုတ်မေးရမယ့်
တစ်ခုတည်းသော မေးခွန်းက၊ -
6:58 - 7:03"ကျွန်တော့ ခေါင်းဆောင်တွေက ဘယ်သူတွေလဲ
သူတို့ ငါ့ကို ဘယ်ဆီ ခေါ်သွားကြမှာလဲ။” -
7:03 - 7:05နောက်တစ်မျိုး ပြောရရင်၊
-
7:05 - 7:09"ကျွန်တော့ ခေါင်းဆောင်တွေ ခေါ်သွားကြမှာက
ကျွန်တော် အလိုချင်ဆုံး နေရာလား။" -
7:10 - 7:14အဖြေက မဟုတ်ဘူးဆိုရင် ခင်ဗျားတို့ဟာ
ခေါင်းဆောင် အသစ်တွေ လိုနေပြီ။ -
7:14 - 7:17ခင်ဗျားတို့ကို လှုံ့ဆော်ပေးမယ့်
သူတွေ၊ ကူပေးမယ့် သူတွေ လိုတယ်။ -
7:17 - 7:22ခင်ဗျားတို့ရဲ့ အစွမ်းအစတွေ၊ တွေးခေါ်ပုံထက်
သာလွန်တဲ့ ပန်းတိုင်ဆီကို ပို့ပေးနိုင်မယ်။ -
7:22 - 7:24ကိုယ့်ပန်းတိုင်တွေကို ရယူရန် လိုတယ်၊
-
7:24 - 7:27ပတ်ဝန်းကျင်မှာ မှန်ကန်တဲ့လူတွေ ရှိရင်
ခင်ဗျားတို့ လုပ်နိုင်တယ်။ -
7:27 - 7:31တော်တော်များများထံတွင်
“အလိုလိုဖြစ်လာတဲ့ မိတ်ဆွေများ” ရှိကြတယ်။ -
7:31 - 7:36ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေ၊
ကုန်ဆုံဆိုင်က လူတွေ၊ -
7:36 - 7:40အားကစား လေ့ကျင့်ခန်း၊ ဆိုင်တန်း၊
ဘုရားရှိခိုးကျောင်း၊ အလုပ်၊ သွားနေကျ နေရာက -
7:40 - 7:42လူတွဟာ အဲဒီလို မိတ်ဆွေတွေပါ။
-
7:42 - 7:44အဲဒီလိုသူတွေ သဘာဝကျတဲ့
မိတ်ဆွေတွေပါ၊ -
7:44 - 7:47သူတို့ဟာ ကျွန်တော်တို့ကို ယုံကြည်ကြကာ
လက်ခံကြပါတယ်။ -
7:47 - 7:51အဲဒီမှာ ဖြစ်တတ်တာက၊ ခင်ဗျားတို့ဟာ
သိပ်ကို အကြံကြီးမားသူ ဟုတ်ရင်၊ -
7:51 - 7:53တကယ့်ကို မြင့်မားတဲ့ ပန်းတိုင်တွေ ရှိရင်၊
-
7:53 - 7:57အဲဒီထဲက လူအများအပြားတို့က ခင်ဗျားရဲ့
ပန်းတိုင်ကို လက်လှမ်းမှီရန် ကူနိုင်ကြတယ်။ -
7:57 - 8:00ဒါကြောင့်မို့လို့ ခင်ဗျားတို့ဟာ အပြင်မှာ
လူတွေကို ရှာကြည့်ရမယ်။ -
8:00 - 8:02ဥပမာ တစ်ခုကို ပြပါရစေ။
-
8:02 - 8:05ကျွန်တော့ဆီမှာ John ဆိုတဲ့ မိတ်ဆွေ
တစ်ယောက်ရှိခဲ့ရာ ရေပိုက်သမားပါ၊ -
8:05 - 8:08သူ့ဖခင်နဲ့သူဟာ အတော်ကလေး အောင်မြင်တဲ့
လုပ်ငန်း ရှိနေခဲ့တယ်၊ -
8:08 - 8:10အဲဒီလို ထင်ခဲ့ရတာပဲလေ။
-
8:10 - 8:11အဲဒါနဲ့ John ကို မေးတယ်
-
8:11 - 8:15"ကျွန်တော် လုပ်ငန်းတစ်ခု စချင်တယ်၊
ငါဘာလုပ်သင့်တယ်လို့ ထင်သလဲ။" -
8:15 - 8:17John ဟာ ကျွန်တော့ကို ဘေးကို ခေါ်သွားပြီး၊
-
8:17 - 8:19"Daniel ရယ်၊ မင်း လုပ်ငန်း
မစသင့်ဘူး ထင်တယ်၊ -
8:19 - 8:24လုပ်ငန်း 98% ဟာ သုံးနှစ်အတွင်းမှာကို
ကျဆုံးကြတယ်။" -
8:24 - 8:28အဲဒီနောက်မှာ သူက ဆက်ပြီး လုပ်ငန်း
လုပ်မရနိုင်တာကို၊ အဲဒါ အလုပ် -
8:28 - 8:30မဖြစ်မှာကို ပြောပါသေးတယ်။
-
8:30 - 8:34အပတ်စဉ် နာရီ ၁၀၀ ကျော် အလုပ်လုပ်ရတာ
အရမ်းကို ခက်တဲ့ အကြောင်း၊ -
8:34 - 8:36လုပ်သားတွေကို လစာထုတ်ပေးရတာ
သိပ်ခဲယဉ်းတာ၊ -
8:36 - 8:41စီးပွားရေးကျလာလို့ ဖောက်သည်အသစ် ရှာရတာ
ခဲယဉ်းတာတွေကို ပြောပါတယ်။ -
8:41 - 8:44သူအဲဒီလို ပြောလာတော့ ကျွန်တော် စိတ်ဓာတ်
ကျလာကာ စိတ်ပျက်မိတယ်၊ -
8:44 - 8:47အိမ်ကို ပြန်လာတော့
အဲဒီအကြောင်း စဉ်းစားတယ်။ -
8:47 - 8:50ကျွန်တော့ ဒိုင်ယာရီထဲမှာ
ရေးမှတ်လိုက်တာက၊ -
8:50 - 8:55"စာရင်းအင်းဆိုတာ ၉၈% က
လုပ်ကြံထားတာတွေပါ။" -
8:55 - 8:56ခုနက ပြောခဲ့တဲ့ဟာလည်း အလားတူပါပဲ။
-
8:58 - 9:04ခင်ဗျားတို့ နားလည်ရမှာက အခြားတစ်ယောက်ရဲ့
အမြင်မျိုး ခင်ဗျား ဖြစ်မလာနိုင်တာကိုပါ။ -
9:05 - 9:09ကိုယ့်ဖြစ်နေတာကို ပြောင်းချင်ရင် ကိုယ်ရဲ့
တွေးခေါ်ပုံကို ပြောင်းရမယ်။ -
9:09 - 9:12ပြီးတော့ ခင်ဗျားကို ဝန်းရံနေတဲ့သူတွေကို
ပြောင်းရမယ်။ -
9:12 - 9:15ခင်ဗျားကို ကူပေးနိုင်ကြသူကို
ကိုယ့်ဘာသာကိုယ် ရှာရမယ်။ -
9:15 - 9:18ကိုယ့်ထက် တော်သူတွေ၊ ကိုယ့်ထက် ရှေ့ကို
တက်လှမ်းနိုင်ခဲ့သူတွေ လိုပါတယ်၊ -
9:18 - 9:22နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့
ဘာလုပ်ရမှာကို သိသူတွေ လိုပါတယ်။ -
9:22 - 9:25တကယ်ကျတော့ ကိုယ်က ရှာနေတဲ့ လူတွေကလည်း
-
9:25 - 9:29ခင်ဗျားကို ရှာနေကြတာပါ၊
ဒါပေမဲ့ သူတို့ကို ကိုယ်က ရှာရန်လိုပါတယ်။ -
9:29 - 9:33မကြာခဏဆိုသလို ကျွန်တော်တို့ကို လူစိမ်းတွေ၊
မိသားစုဝင်တွေ ဝန်းရံနေတတ်တယ် -
9:33 - 9:36ဘာမလုပ်ရဘူးဆိုတာ သူတို့ပြောကြပြီး
ကျွန်တော်တို့ကို ကန့်သတ်တယ်။ -
9:36 - 9:38လူတွေ အများအပြားဟာ
ရည်ရွယ်ချက် မှန်ကြတယ်၊၊ -
9:38 - 9:42ဒါပေမဲ့ မကြာခဏဆိုသလို သူတို့ဟာ
မှားရာသို့ လမ်းညွှန်ပေးကြပါတယ်။ -
9:42 - 9:46သူတို့ဟာ ကျွန်တော်တို့ကို ကူပေးလိုကြပေမဲ့၊
ဘယ်လို ကူရမှန်း မသိကြတာပါ။ -
9:46 - 9:48အဲဒါကို လုပ်တတ်သူတွေကို ရှာကြပါ။
-
9:48 - 9:51လူအများက မေးကြတယ်-
"Daniel ရာ၊ အဲဒီလူတွေကို ဘယ်လို ရှာလဲ။" -
9:51 - 9:52အလွယ်လေးပါ။
-
9:52 - 9:55ခင်ဗျားတို့က အဆင့်တစ်ကို လုပ်ခဲ့ရင်၊
စာအုပ်တွေ ဖတ်ခဲ့တယ် ဆိုရင်၊ -
9:55 - 9:59စာအုပ်ရဲ့ နောက်ကျောမှာ
"စာရေးသူ အကြောင်း" ဆိုတဲ့ အပိုင်းပါပါတယ်။ -
9:59 - 10:02ကျွန်တော်ဟာ စာရေးသူတွေကို
ဆက်သွယ်ဖို့ ကြိုးစားပါတယ်။ -
10:02 - 10:04ကျွန်တော်တို့ ထောင်စုနှစ်သစ်ထဲ
နေရတာ -
10:04 - 10:08ကံကောင်းတယ်၊ သူတို့ရဲ့ လူမှုရေး မီဒီယာ၊
ဝဘ်ဆိုက်ကို ရှာတွေ့နိုင်ပါတယ်၊ -
10:08 - 10:10သူတို့နဲ့ ဆက်သွယ် ဆွေးနွေးခွင့်
ရှိနေပါတယ်။ -
10:10 - 10:14သူတို့ ပို့ချလိုတာက ဘာလဲ ဆိုတာကို တကယ့်ကို
နားလည်ရင် ကျွန်တော်တို့ ပြောင်းလာနိုင်တယ်။ -
10:14 - 10:19ကျွန်တော်တို့က မေးခွန်းတွေကို မေးတတ်ရင်၊
ကိုယ့်ဘဝကို အကြီးအကျယ် မြှင့်တင်နိုင်မယ်။ -
10:19 - 10:22ခုနကပြောခဲ့သလို ကိုယ်ရှာနေတဲ့ သူတွေကလည်း
ကိုယ့်ကို ရှာနေတာမမေ့ပါနဲ့၊ -
10:22 - 10:24ဒီတော့ ကိုယ်က သူတို့နားကို
ရောက်ဖို့ လိုပါတယ်။ -
10:24 - 10:28ကျွန်တော့ရဲ့ နောက်ဆုံး အကြံပေးချက်က
ပိုမြင့်တဲ့ ပန်းတိုင်တွေ ချမှတ်ဖို့ပါပဲ၊ -
10:28 - 10:30ခင်ဗျားတို့ကို မြှင့်တင်ပေးဖို့ပါ၊
-
10:30 - 10:33၎င်းတို့က ခင်ဗျားတို့ရဲ့ အလားအလာတွေကို
ပိုဖြစ်ထွန်းလာစေပါမယ်။ -
10:33 - 10:35လိုက်နာစရာတွေ များပြားလွန်းလို့ လူတွေက
-
10:35 - 10:38ပန်းတိုင်တွေကို ဘယ်လို
ချမှတ်ရမှန်း မသိကြဘူး။ -
10:38 - 10:40သူတို့ဟာ အဲဒီလို လုပ်ငန်းစဉ်ကို
စိတ်ရှုပ်ကြရပါတယ်။ -
10:40 - 10:44လူတော်တော်များများက နှစ်သစ်ကူး
ဆုံးဖြတ်ချက်တွေကို သုံးကြတယ်၊ -
10:44 - 10:47ဒါပေမဲ့ နှစ်သစ်ကူး ဆုံးဖြတ်ချက်တွေရဲ့
ပြဿနာက -
10:47 - 10:50ထိုသူဟာ များလှတာတွေကို
သိပ်ကို မြန်ဆန်စွာ လုပ်လိုခြင်းပါပဲ။ -
10:50 - 10:52ဥပမာ Doug က ဆေးလိပ် ဖြတ်ချင်တယ်ဆိုပါစို့။
-
10:52 - 10:55ဒီဇင်ဘာ ၃၁ ရက်နေ့မှာ၊
သူက "ငါ ဆုံးဖြတ်လိုက်ပြီ။" -
10:55 - 10:59ဇန်ဝါရီ ၁ ရက်ကျတော့၊
"ငါ ဖြတ်လိုက်ပြီ၊ သေချာတယ်။" -
10:59 - 11:03သူဟာ သူ့ပန်းတိုင်တွေကို လက်လှမ်းမှီရန်
စီမံကိန်းကို မပြုစုခဲ့ပါဘူး၊ -
11:03 - 11:06အဲဒါကြောင့် လက်တွေ့မကျပါ။
-
11:06 - 11:08တချို့သူတွေက မသေခင် လုပ်ချင်တာကို
စာရင်း လုပ်ကြပါတယ်၊ -
11:08 - 11:10မသေခင် လုပ်မယ့်စာရင်းဆိုတာ အများအားဖြင့်၊
-
11:10 - 11:13သူတို့ဟာ ကိုယ့်ကိုကိုယ် ပေးတဲ့
အချိန်ဟာ များလွန်းတယ်။ -
11:13 - 11:17အရေးတကြီး လုပ်ရန်မလို၊ အများစုက
သူတို့ရဲ့ ပန်းတိုင်တွေကို ချတောင်မရေးကြပါ။ -
11:17 - 11:19ဒီတော့၊ "ခင်ဗျားက
ဘာအကြံပေးချင်လဲ။" -
11:19 - 11:20မေးတာကို ဝမ်းသာပါတယ်။
-
11:20 - 11:24ခင်ဗျားတို့ရဲ့ ပန်းတိုင်တွေကို
ချရေးကြပါရန် အကြံပေးလိုပါတယ်။ -
11:24 - 11:27ခဲတံနဲ့ ချရေးလိုက်ရင် ထက်မြက်တဲ့
ဦးနှောက်ထက် ပိုကောင်းမှာ သေချာတယ်၊ -
11:27 - 11:31ကိုယ့်မသိစိတ်ကိုပါ လှုံ့ဆော်ပေးနိုင်ဖို့
ကိုယ့် ပန်းတိုင်တွေကို စာနဲ့ချရေးလိုက်ပါ၊ -
11:31 - 11:35စာရင်းက သင်တို့ ဖြစ်နိုင်ရာသို့
မှန်မှန်ကြီး ခေါ်ဆောင်သွားမှာပါ။ -
11:35 - 11:37တစ်ကမ္ဘာလုံး ပို့ချလာခဲ့တဲ့
ကျွန်တော့ နည်းရှိတယ်၊ -
11:37 - 11:39"စိတ်ကူး ၂၀ နည်း"လို့ ခေါ်ပါတယ်။
-
11:39 - 11:41တကယ်တမ်းတွင်၊ ကိုယ်လုပ်ရမှာက၊
-
11:41 - 11:45ကိုယ်က ရုပ်လုံးဖေါ်လိုတဲ့ အထွတ်အထိပ်ကျဆုံး
ပန်းတိုင် တစ်ခုကို ရွေးလိုက်ပါ၊ -
11:45 - 11:49အဲဒီပန်းတိုင်နဲ့ ဆက်စပ်နေကြတဲ့
စိတ်ပူး ၂၀ ကို ဆန်းစစ်ပါ။ -
11:49 - 11:53ဥပမာ တစ်ခုအဖြစ်၊ ခင်ဗျားဟာ ပိုကောင်းတဲ့
ဟောပြောသူ ဖြစ်ချင်တယ်ဆိုပါစို့။ -
11:53 - 11:55လုပ်နိုင်တဲ့ အချက်
အချို့ကို ဆန်းစစ်ပါ။ -
11:55 - 11:58ကောင်းပြီ၊ ခင်ဗျားတို့
TED talks ကို ကြည့်နိုင်တယ်၊ -
11:58 - 12:02ကြည့်မှန်ရှေ့မှာ ရပ်နေလျက် မိန့်ခွန်း
ပြောပုံကို လေ့ကျင့်နိုင်ပါတယ်၊ -
12:02 - 12:04ဒါမှမဟုတ် အဘိဓာန်ကို နေ့စဉ် ဖတ်နိုင်ပါတယ်။
-
12:04 - 12:09ကိုယ်လုပ်နိုင်တဲ့ အရာတွေ များပြားလှပါတယ်၊
ဒါပေမဲ့ စိတ်ကူး ၂၀ ကို ရှာနိုင်ပါသလား။ -
12:09 - 12:13"ရတာပေါ့၊ လိုအပ်ရင် ၁၀၀ ကိုတောင်
ရှာလို့ ရမှာပါ။" -
12:13 - 12:16ဘဝဆိုင်ရာ မျက်နှာစာတိုင်းမှာ
အဲဒီလို လုပ်ခဲ့မှာ စိတ်ကူးကြည့်ပါ၊ -
12:16 - 12:19ဘဏ္ဍာရေးထဲမှာ၊ ရာထူးတက်ရေးအတွက်၊
ကိုယ့်မိသားစုအတွက် စသဖြင့်၊ -
12:19 - 12:22နေ့စဉ် ကိုယ့်ပန်းတိုင်တွေကို
ချရေးခဲ့မှာကို။ -
12:22 - 12:25ခင်ဗျားတို့ဟာ ဘဝထဲမှာ အရာတွေ
အများကြီးကို ပြုလုပ်နိုင်ခဲ့ကြမှာပါ။ -
12:25 - 12:29အောင်မြင်ဖို့အတွက် လိုသမျှ အားလုံး
ကျွန်တော်တို့ဆီမှာ ရှိပါတယ်၊ -
12:29 - 12:33ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တာကို ပိုပြီး
ရယူနိုင်ရန် ရှိနေတဲ့ အရာတွေကို ယူရပါမယ်၊ -
12:33 - 12:36ကျွန်တော်တို့ မောင်းနေကြတဲ့ ကားတွေ၊
ကျွန်တော်တို့ရဲ့ အဝတ်အစားမှ အစ၊ -
12:36 - 12:39ကျွန်တော်တို့ စားကြတဲ့ အစားအစာ၊ တွေ့ကြတဲ့
လူတွေ အဆုံးမှ ယူရမယ်။ -
12:39 - 12:45အဲဒီလို များမြောင်းလှတဲ့ အရာတွေထဲတွင်
အောင်မြင်ရန်အတွက် လိုတာ အားလုံး ရှိပါတယ်၊ -
12:45 - 12:47ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်ရပါမယ်။
-
12:47 - 12:49ကိုယ့်ကိုယ်ကို ယုံကြည်တယ်ဆိုရင်၊
-
12:49 - 12:52ကမ္ဘာပေါ်မှာ ရှိကြသမျှလူတွေက ခင်ဗျားကို
ယုံကြည်ကြတာကို တွေ့ရမှာပါ။ -
12:52 - 12:54ခင်ဗျားတို့ ကြီးမားစွာ စဉ်းစားရပါမယ်။
-
12:54 - 12:57စဉ်းစားတာ ကြီးရင်၊ လုပ်တာ ကြီးမယ်၊
အောင်မြင်မှု ကြီးမယ်။ -
12:57 - 13:01တကယ်တော့၊ B-I-G စာ ကျွန်တော် ဒီနေ့
မျှဝေချင်တဲ့ စိတ်ကူး ၃ ခုပါပဲ- -
13:01 - 13:02B -- ဖတ်ရမယ့် စာအုပ်တွေပါ၊
-
13:02 - 13:05I -- တွေ့ကြရမယ့် individuals လူတွေပါ၊
-
13:05 - 13:08နောက်ဆုံး G -- ကိုယ်
ချမှတ်တဲ့ goals ပန်းတိုင်တွေပါ။ -
13:08 - 13:12Books၊ individuals နှင့် goals -
အောင်မြင်ဖို့အတွက် လိုတာက အဲဒါတွေပါပဲ၊ -
13:12 - 13:14ကိုယ် စဉ်းစားတာ ကြီးမားရင်၊
ရလဒ်ကလည်း ကြီးပါမယ်။ -
13:14 - 13:17မိတ်ဆွေတို့ အားလုံးပါ
ကြီးမားစွာ အောင်မြင်ကြမှာပါ။ -
13:17 - 13:18ကျေးဇူးတင်ပါတယ်။
-
13:18 - 13:19(လက်ခုပ်တီးသံများ)
- Title:
- သုံးနှစ်အတွင်းမှာ သန်းကြွယ်သူဌေး ဖြစ်ချင်ရင် Daniel Ally | TEDxBergenCommunityCollege
- Description:
-
ဒီဟောပြောချက်ကို TED တွေ့ဆုံပွဲပုံစံကို သုံးပြီးပြုလုပ်ခဲ့ပေမဲ့ ဒေသထဲ အဖွဲ့အစည်းက TEDx အခမ်းအနားအဖြစ် သီးခြား ကျင်းပခဲ့ကြတာပါ။ ပိုမိုလေ့လာချင်ရင် http://ted.com/tedx မှာ ကြည့်နိုင်ပါတယ်။
လူတော်တော်များများးက သန်းကြွယ်သူဌေး ဖြစ်ချင်တယ်လို့ ပြောဆိုကြရာတွင် ဒေါ်လာ တစ်သန်း ဖြုန်းဖို့ကို စဉ်းစားကြတာပါ။ ထီးပေါက်တာ ဒါမှမဟုတ် အမွေရလိုက်တာမျိုး မဟုတ်ဘဲနဲ့၊ ခင်ဗျားတို့ဟာ ဒီနေ့အထိ နေထိုင်ခဲ့ကြသမျှသော အောင်မြင်ကြသူတွေ အများစု အသုံးပြုခဲ့ကြတဲ့ အရေးကြီးတဲ့ အချက်သုံးချက်ကို သင်ယူနိုင်ကြပါတယ်။ ခင်ဗျားတို့ဟာ သန်းကြွယ်သူဌေး ဘယ်လို ဖြစ်လာနိုင်ကြောင်းကို သင်ယူကြရုံသာမက ဆင်းရဲမှုကို ပပျောက်အောင် လုပ်နိုင်နိုင်မှုက ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအား လက်တွေ့ ကူညီမှုပဲ ဖြစ်တာကို နားလည်လာကြမှာပါ။ ခင်ဗျားတို့ သန်းကြွေယ် သူဌေး ဖြစ်ချင်သည် ဖြစ်စေ၊ မဖြစ်ချင်သည် ဖြစ်စေ၊ ကျွန်တော်တို့ အားလုံး ဘဝရဲ့ ကျန်ရှိနေတဲ့ နှစ်များထဲတွင် အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အဖြေတွေကိုပါ ဒီတွေ့ဆုံပွဲမှနေပြီး သိလာကြရပါမယ်။
Daniel Ally ဟာ အသက် ၂၄ နှစ်တွင် ကိုယ်ထူကိုယ်ထ သန်းကြွယ် သူဌေးဖြစ်လာခဲ့သူပါ။ သူဟာ သူ့အစွမ်းအစများထက်ကို များစွာမှ နိမ့်ကျစွာ နေထိုင်နေပါကလား ဆိုတာကို နားလည်လာခဲ့တဲ့ နောက်မှာ အားလုံး စတင်ခဲ့တာပါ။ နှစ်ပေါင်းအတော်ကြာ ဆေးစွဲနေခဲ့ကာ ဘဝထဲ ကျဆုံးနေခဲ့ရာမှ Daniel စိတ်ကုန်သွားပါတယ်။ တစ်နေ့မှာ သူဟာ သူ့ဒေသထဲက စာကြည့်တိုက်ကို သွားလိုက်ကာ ဘဝကို လုံးဝလှန်ပစ်လိုက်ပါတယ်။ အခုတော့ Daniel ဟာ လိုက်လံ ဟောပြောနေတာ နှစ်ပေါင်း မနည်းတော့ပါ၊ လူတွေ သန်းချီတို့ကို ကူညီပေးနေတယ်၊ အောင်မြင်တဲ့ ကုမ္ပဏီတွေကို ထူထောင်နေရာ၊ Daniel ဟာ သန်းကြွယ် သူဌေးလည်း ဖြစ်လာခဲ့တာပါ။ ခင်ဗျားတို့ အင်တာနက်ထဲ ဝင်ရှာကြည့်မယ် ဆိုရင်၊ TIME, Fortune, Business Insider, Yahoo နဲ့ အခြား နာမည်ကြီး စာစောင်တွေမှာ Daniel ဆောင်းပါးတွေကို တွေ့ရမှာပါ။ သူဟာ Entrepreneur Magazine မှာလည်း ပင်တိုင် ဆောင်းပါးရှင်ပါ။ သူ ထုတ်ဝေလိုက်တဲ့ စာအုပ် အရောင်းရသွင်ဆုံးထဲ ပါကြကာ ၄၆ နိုင်ငံထဲက စာကြည့်တိုက် သောင်းချီတို့မှာ ဖတ်လို့ ရနိုင်ပါတယ်။ Boston မြို့မှ ဘီလီယံချီ ချမ်းသာကြသူတို့မှ အစ၊ Austin မြို့က အပျော်ထမ်း လုပ်ငန်းရှင်များ အဆုံး၊ Daniel ဟာ မြို့တွေ ရာချီသို့ ခရီးထွက်လျက် တကမ္ဘာလုံးမှ အမျိုးမျိုးသော လူတွေနဲ့ ဆက်သွယ် တွေ့ဆုံ အားပေးနေသူ ဖြစ်ပါတယ်။ - Video Language:
- English
- Team:
closed TED
- Project:
- TEDxTalks
- Duration:
- 13:20
![]() |
sann tint approved Burmese subtitles for How to become a millionaire in 3 years | Daniel Ally | TEDxBergenCommunityCollege | |
![]() |
sann tint edited Burmese subtitles for How to become a millionaire in 3 years | Daniel Ally | TEDxBergenCommunityCollege | |
![]() |
sann tint edited Burmese subtitles for How to become a millionaire in 3 years | Daniel Ally | TEDxBergenCommunityCollege | |
![]() |
sann tint accepted Burmese subtitles for How to become a millionaire in 3 years | Daniel Ally | TEDxBergenCommunityCollege | |
![]() |
sann tint edited Burmese subtitles for How to become a millionaire in 3 years | Daniel Ally | TEDxBergenCommunityCollege | |
![]() |
sann tint edited Burmese subtitles for How to become a millionaire in 3 years | Daniel Ally | TEDxBergenCommunityCollege | |
![]() |
Myo Aung edited Burmese subtitles for How to become a millionaire in 3 years | Daniel Ally | TEDxBergenCommunityCollege | |
![]() |
Myo Aung edited Burmese subtitles for How to become a millionaire in 3 years | Daniel Ally | TEDxBergenCommunityCollege |