1 00:00:05,167 --> 00:00:07,292 ဒီနေ့ ကျွန်တော် ပြောချင်တာကို လူတွေ 2 00:00:07,293 --> 00:00:10,621 ပြောဆိုနေကြတာ အတော်ကလေး ကြာသွားပါပြီ။ 3 00:00:10,622 --> 00:00:14,299 “အောင်မြင်မှု” အကြောင်းကို ဆိုလိုတာပါ။ 4 00:00:14,300 --> 00:00:17,547 အောက်မြင်မှုကို လူအမျိုးမျိုးက အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ကြပါတယ်၊ 5 00:00:17,548 --> 00:00:22,734 ကျွန်တော် နားလည်တဲ့ အောင်မြင်မှုက ခင်ဗျားတို့ နားလည်တာနဲ့ ကွာခြားနိုင်ပါတယ်။ 6 00:00:22,735 --> 00:00:24,510 ခင်ဗျားတို့ရဲ့ နားလည်မှုကျပြန်တော့ 7 00:00:24,511 --> 00:00:27,325 မိမိ အိမ်စာအတွက် ကြယ်ပွင့်ကို ရယူရန် ကြိုးပမ်းနေတဲ့ 8 00:00:27,326 --> 00:00:31,012 သူငယ်တန်း ကျောင်းသား နားလည်တာနဲ့လည်း မတူနိုင်ပါ။ 9 00:00:31,013 --> 00:00:33,206 ကလေးငါးယောက်ကို ည ၉ နာရီမှာ အိပ်နိုင်ဖို့အတွက် 10 00:00:33,207 --> 00:00:37,980 မနည်း ကြိုးစားနေရတဲ့ အိမ်ရှင်မနဲ့လည်း တူမှာ မဟုတ်ပါ။ 11 00:00:37,981 --> 00:00:40,159 ကုမ္ပဏီအတွက် အနှစ် နှစ်ဆယ်ကျော် အလုပ်လုပ်ခဲ့ကာ 12 00:00:40,160 --> 00:00:44,849 အဲဒီလုပ်ငန်းမှာ CEO ဖြစ်ချင်စိတ် ပြင်းပြနေတဲ့ 13 00:00:44,850 --> 00:00:50,061 ကုမ္ပဏီ တစ်ခုမှ အရာရှိနဲ့လည်း တူစရာ အကြောင်း မရှိပါ။ 14 00:00:50,581 --> 00:00:51,848 အောင်မြင်မှု စကားလုံးအတွက် 15 00:00:51,849 --> 00:00:55,935 အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မျိုးစုံနိုင်တာကို သဘောတူကြရမှာပါ၊ 16 00:00:55,936 --> 00:01:00,852 ဒါပေမဲ့ ဒီနေ့တွင် ကျွန်တော်က ပေးမယ့် အကောင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်က 17 00:01:00,853 --> 00:01:04,941 "အောင်မြင်မှုဆိုတာ မိမိကိုမိမိ ထုတ်ဖေါ်ပြသမှုပါ။" 18 00:01:04,943 --> 00:01:07,728 အဲဒါက ကိုယ်ဖြစ်ချင်တာ ဖြစ်နေခြင်း၊ 19 00:01:07,729 --> 00:01:09,297 ကိုယ်လုပ်ချင်တာကို လုပ်နေရခြင်း၊ 20 00:01:09,298 --> 00:01:11,710 ကိုယ်သွားချင်တဲ့ နေရာကို သွားနေရခြင်း ပါပဲ။ 21 00:01:11,711 --> 00:01:14,078 ကိုယ့်ဘဝနှင့် ပတ်သက်လာရင်၊ 22 00:01:14,079 --> 00:01:17,959 ကိုယ်ကသာ အကြီးအကဲပါ၊ ကိုယ်ကသာ ရွေးချယ်နိုင်လို့ပါ။ 23 00:01:18,709 --> 00:01:21,397 တကယ်တော့၊ သင် ဒီနေ့ ဖြစ်နေတဲ့ဟာက ခင်ဗျားပါပဲ 24 00:01:21,398 --> 00:01:26,483 ခင်ဗျားတို့ရဲ့ တစ်သက်တာမှာ လုပ်လာခဲ့တဲ့ ရွေးချယ်မှုကြောင့် မို့လို့ပါ။ 25 00:01:27,373 --> 00:01:30,171 ကျွန်တော်တို့က ကြီးပြင်းလာတာနဲ့ အဲဒီလို ရွေးချယ်မှုတွေကို 26 00:01:30,172 --> 00:01:32,913 ဘယ်လို လုပ်သင့်ကြောင်းကို ပြောပြကြတဲ့ လူတွေ ရှိပါတယ်၊ 27 00:01:32,914 --> 00:01:38,028 မိဘတွေ၊ ဆရာတွေ၊ အကြီးအကဲတွေ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေ ဖြစ်နိုင်တယ်။ 28 00:01:38,029 --> 00:01:40,449 ကျွန်တော်တို့ ဘဝထဲတွင် ဘယ်လို နေထိုင်သင့်ကြောင်း၊ 29 00:01:40,450 --> 00:01:42,434 ဘာတွေ လုပ်သင့်တယ်၊ ဘယ်ကို သွားသင့်တယ်၊ 30 00:01:42,435 --> 00:01:45,834 ဘယ်လို လမ်းလျှောက်ရမယ်၊ ဘယ်လို မပြောရဘူး အကြံပေးကြတယ်။ 31 00:01:45,835 --> 00:01:48,542 ဒါပေမဲ့ ခင်ဗျားတို့ကို ကျွန်တော်က မေးမယ့် မေးခွန်းက 32 00:01:48,543 --> 00:01:52,251 "ဒီ့ပြင်လူတွေ လိုစေချင်သလို ခင်ဗျားက ဖြစ်ဖို့ ကြိုးစားမယ်ဆိုရင်၊ 33 00:01:52,252 --> 00:01:54,759 ခင်ဗျား ဘယ်သူများ ဖြစ်လာမလဲ။" 34 00:01:56,159 --> 00:02:01,034 အောင်မြင်ဖို့ သော့ချက်က သူများရဲ့ မျှော် လင့်ချက်များနဲ့ လိုက်အောင်လုပ်တာ ရပ်ပါ။ 35 00:02:01,035 --> 00:02:05,096 ပြီးတော့ မိမိရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီဖို့ စတင်လုပ်ကိုင်ပါ။ 36 00:02:05,097 --> 00:02:06,851 ကိုယ့်ကိုကိုယ် ယုံကြည်ဖို့ လိုပါတယ်။ 37 00:02:06,852 --> 00:02:10,470 ကိုယ် ဖြစ်စေလိုတဲ့ဟာ နောက်ဆုံးတွင် ဖြစ်ထွန်းလာမှာကို နားလည်ရမယ်၊ 38 00:02:10,471 --> 00:02:12,520 ကိုယ်က ယုံကြည်တယ် ဆိုရင်ပေါ့လေ။ 39 00:02:12,521 --> 00:02:14,427 ဒီတော့ ကိုယ့်ဆီမှာ ယုံကြည်ချက် ရှိရမယ်၊ 40 00:02:14,428 --> 00:02:19,552 ယုံကြည်မှုကျပြန်တော့ ကိုယ်ဖြစ်စေချင်တာ နောက်ဆုံး ဖြစ်ထွန်းလာမှာကို သိရှိမှုပါပဲ 41 00:02:19,553 --> 00:02:21,271 ကိုယ်က ယုံကြည်တယ် ဆိုရင်ပေါ့လေ။ 42 00:02:21,272 --> 00:02:22,659 ယုံကြည်မှုကို ပံ့ပိုးပါက၊ 43 00:02:22,660 --> 00:02:26,829 ကိုယ်ရဲ့ စိုးရိမ်စိတ်တွေ လွင့်ပျောက်သွားတာ ခင်ဗျားတို့ မကြာခဏ တွေ့လာရမှာပါ၊ 44 00:02:26,830 --> 00:02:29,519 ကိုယ်က ကိုယ့်ကိုကိုယ် ယုံကြည်နေသရွေ့၊ 45 00:02:29,520 --> 00:02:33,026 ကမ္ဘာကြီးပေါ်က လူတိုင်းကလည်း ခင်ဗျားကို ယုံကြည်မှာပါ။ 46 00:02:34,975 --> 00:02:38,904 ကျွန်တော်ဟာ အချိန်အတော်ကြာအထိကိုပဲ ကိုယ့်ကိုကိုယ် မယုံကြည်ခဲ့ပါဘူး။ 47 00:02:38,905 --> 00:02:41,501 လက်တွေ့မှာ ကျွန်တော် ဖြစ်ခဲ့တဲ့ လူစားမျိုးက 48 00:02:41,502 --> 00:02:44,307 မိခင်တွေက သူတို့ရဲ့ သမီးတွေကို သတိပေးဖို့ 49 00:02:44,308 --> 00:02:46,292 ဖခင်တွေက သူတို့ သားတွေကို သတိပေးဖို့၊ 50 00:02:46,293 --> 00:02:48,495 "မင်းတို့သာ Daniel Ally လို လုပ်ကြမယ်ဆိုရင်၊ 51 00:02:48,496 --> 00:02:51,476 မင်းတို့ဟာ Daniel Ally လိုပဲ အဆုံးသတ်သွားကြရမှာ။" အပြောခံရသူပါ။ 52 00:02:51,477 --> 00:02:54,041 သူတို့ အဲဒီလို ပြောရဖို့ အကျိုးအကြောင်း ရှိခဲ့ပါတယ်၊ 53 00:02:54,042 --> 00:02:55,431 ခင်ဗျားတို့ စိတ်ကူးကြည့်ရင်၊ 54 00:02:55,432 --> 00:02:58,941 ကိုယ့် ဂုဏ်သိက္ခာဟာ ကိုယ်ရဲ့ အကောင်းဆုံး ကြော်ငြာပဲ မဟုတ်လား။ 55 00:02:58,942 --> 00:03:01,470 ထိုစဉ်တုန်းက ကျွန်တော့ ဂုဏ်သတင်း မကောင်းခဲ့ပါ၊ 56 00:03:01,471 --> 00:03:04,315 ကိုယ့်အစွမ်းအစထက် များစွာမှ နိမ့်ကျစွာ နေထိုင်နေခဲ့လို့ပါ။ 57 00:03:04,316 --> 00:03:07,093 တကယ်တမ်း ကျွန်တော်ဟာ မိခင်ရဲ့ အောက်ခြေမှာ နေထိုင်ခဲ့သူပါ။ 58 00:03:08,613 --> 00:03:12,751 အသက် ၂၁ နှစ် အရောက်တွင် ကျွန်တော်ဟာ အလုပ် ၄၀ လောက်ကို လုပ်စမ်းပြီးခဲ့ပါပြီ။ 59 00:03:12,752 --> 00:03:16,124 ကျွန်တော်ဟာ အလုပ်တွေ အများကြီးမှနေပြီး မောင်းထုတ်ခံခဲ့ရတယ်။ 60 00:03:16,125 --> 00:03:19,956 အထက်တန်းကျောင်းမှာကျတော့ ဒုတိယ အညံ့ဆုံးသူပါ။ 61 00:03:19,957 --> 00:03:23,216 အညံ့ဆုံးသူက ထောင်ထဲမှာ ရှိနေခဲ့တာလေ။ 62 00:03:23,217 --> 00:03:26,839 ကျွန်တော်ဟာ ရှစ်နှစ်လုံးလုံး ဆေးချခဲ့ပြီး ဘာလုပ်ရမှန်း မသိခဲ့ပါ။ 63 00:03:26,840 --> 00:03:29,434 ကျွန်တော်ဟာ ကျဆုံး ကျိုးပဲ့လျက် စက်ဆုပ်စရာကြီးပါ၊ 64 00:03:29,435 --> 00:03:31,714 ကျွန်တော် ပြောင်းပစ်ချင်တာ ကျွန်တော် သိခဲ့တယ်။ 65 00:03:32,041 --> 00:03:36,760 ဘယ်လို ပြောင်းပစ်ရမယ် ဆိုတာကို မသိခြင်းက ပြဿနာပါ။ 66 00:03:36,761 --> 00:03:39,747 ကိုယ်က ပြောင်းလဲချင်ပေမဲ့ အဲဒါကို ဘယ်လို လုပ်ရမှန်း မသိခဲ့တဲ့ 67 00:03:39,748 --> 00:03:44,175 အခြေအနေမျိုးကို ကြုံခဲ့ရတဲ့ သူတွေ လက်မြှောက်ပြကြပါ။ 68 00:03:44,865 --> 00:03:47,109 ဟုတ်ပြီ၊ အားလုံး အဲဒီလို ကြုံခဲ့ဖူးကြပါတယ်၊ 69 00:03:47,110 --> 00:03:49,118 အခုကို အဲဒီလို အခြေအနေမျိုးထဲ ရှိနိုင်တယ်။ 70 00:03:49,119 --> 00:03:53,131 ကျွန်တော့ဘဝကို ပြောင်းပစ်ချင်ရင် နည်းလမ်း သုံးခု ရှိတာကို ကျွန်တော် ရှာတွေခဲ့တယ်။ 71 00:03:53,132 --> 00:03:55,432 အဲဒီစိတ်ကူး သုံးခုကို ကျွန်တော် မျှပေးချင်တယ်၊ 72 00:03:55,433 --> 00:03:59,089 ခင်ဗျားတို့ရဲ့ ဘဝကို ဒီနေ့မှာကို စပြီး လုံးဝကို တော်လှန်ပစ်နိုင်မှာပါ။ 73 00:03:59,839 --> 00:04:03,418 ကျွန်တော် ကိုယ်တိုင် အဲဒီလို လုပ်နိုင်လို့ ဒီခြေလှမ်းတွေကို လုပ်နိုင်မှာပါ။ 74 00:04:03,419 --> 00:04:06,726 ကျွန်တော် ၂၄ နှစ်အရွယ်မှာ ကိုယ်ထူကိုယ်ထ သန်းကြွယ်သူဌေး ဖြစ်လာခဲ့တယ်။ 75 00:04:06,727 --> 00:04:11,133 ကျွန်တော် စာသုံးအုပ်ကို ရေးနိုင်ခဲ့ပြီး နိုင်ငံတွေ ဒါဇင်နဲ့ချီကို ခရီးထွက်ခဲ့တယ်။ 76 00:04:11,134 --> 00:04:14,120 အခုကျွန်တော့ အလုပ်နဲ့ ဆက်စပ်ပြီး လူတွေ သန်းနဲ့ချီနဲ့ ဆက်ဆံရတယ်။ 77 00:04:14,121 --> 00:04:17,789 ဒီတော့ ခင်ဗျားတို့က အောင်မြင်မှုကို ဘယ်လို သတ်မှတ်ချင်လဲ၊ 78 00:04:17,790 --> 00:04:19,784 အသက် ၁၀၀ အထိ နေချင်သလား၊ 79 00:04:19,785 --> 00:04:23,188 ကလေးတွေ တစ်ဒါဇင် လိုချင်သလား၊ ဒါမှမဟုတ် ဘယ်သူမှာမှ 80 00:04:23,189 --> 00:04:28,178 မသိတဲ့ တောင်ထိပ်ပေါ်တွင် အိမ်များဝယ်ချင်တာလား။ 81 00:04:28,179 --> 00:04:32,996 အခုပြောမယ့် အခြေခံမူ သုံးခုက ခင်ဗျားတို့ဘဝထဲ အောင်မြင်အောင် ကူပေးမှာပါ။ 82 00:04:33,546 --> 00:04:37,104 ပထမအချက်က စာအုပ်တွေ များများ ဖတ်ပေးပါ။ 83 00:04:37,105 --> 00:04:42,474 ကမ္ဘာမှာ ရှိတဲ့ ပြဿနာတွေကို ကမ္ဘာပေါ်မှာ ရှိကြတဲ့ စာအုပ်တွေက ဖြေရှင်းပေးနိုင်ပါတယ်။ 84 00:04:42,475 --> 00:04:46,313 တချိန်တည်းမှာ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ စာအုပ်အားလုံးကို ဖတ်ရန် မလိုပါ။ 85 00:04:46,314 --> 00:04:49,218 ကမ္ဘာကြီးရဲ့ ပြဿနာတွေ အားလုံး ကျွန်တော်တို့မှာ မရှိလို့ပါ။ 86 00:04:49,219 --> 00:04:53,585 ဒါပေမဲ့၊ ကျွန်တော်တို့ ပြဿနာတွေကို ဖြေရှင်းပေးမဲ့ စာအုပ်တွေကိုတော့ ဖတ်ရပါမယ်။ 87 00:04:53,586 --> 00:04:56,431 ဥပမာ၊ ခင်ဗျားတို့ဟာ ငွေကြေးအကြောင်း သင်ယူလိုတယ်ဆိုပါစို့၊ 88 00:04:56,432 --> 00:05:00,413 ငွေကြေးအကြောင်း ပြောပြထားတဲ့ စာအုပ်တွေကို ဖတ်ရန် လိုပါမယ်။ 89 00:05:00,414 --> 00:05:03,554 ဒါမှမဟုတ် ခင်ဗျားက ကိုယ့်ဆက်ဆံမှုတွေကို မြှင့်တင်ဖို့ သင်ယူချင်လား၊ 90 00:05:03,555 --> 00:05:07,018 ဒါမှမဟုတ် ပိုကောင်းတဲ့ ဆက်သွယ်ပြောဆိုသူ ဖြစ်လာချင်သလား။ 91 00:05:07,019 --> 00:05:08,761 ကျွန်တော် အဓိက ပြောချင်တာက၊ 92 00:05:08,762 --> 00:05:13,998 ရွှေပြားတွေနဲ့ ခင်းထားတဲ့ စာကြည့်တိုက်တွေ ရှိကြတယ်၊ အခမဲ့ ဝင်ခွင့်ရှိတယ်။ 93 00:05:13,999 --> 00:05:19,340 ခင်ဗျားတို့ရဲ့ အသိစိတ်ရဲ့ ကောင်းကင်ဘုံကို ဖွင့်ပေးမယ့် ကိရိယာက စာအုပ်တွေပါ။ 94 00:05:19,341 --> 00:05:21,478 ခေါင်းဆောင်တွေ အားလုံး စာဖတ်သူတွေပါ။ 95 00:05:21,479 --> 00:05:24,704 ခင်ဗျားတို့ အောင်မြင်ချင်ရင် စဖတ်ဖို့ လိုအပ်တယ်။ 96 00:05:24,705 --> 00:05:28,794 ကမ္ဘာပေါ်က လူအများစုဟာ တစ်နှစ်ကို စာအုပ် တစ်အုပ် ဖတ်ကြတယ်၊ 97 00:05:28,795 --> 00:05:31,865 ပြီးတော့ အဲဒီစာအုပ်ကလည်း Facebook ဘဲ ဖြစ်ပါလိမ့်မယ်။ 98 00:05:33,175 --> 00:05:36,185 လူတွေဟာ အိပ်ရာမှ မထခင်၊ ဘာမှ မလုပ်ခင်၊ 99 00:05:36,186 --> 00:05:40,329 သူတို့ ကော်ဖီ မသောက်ခင်၊ သတင်းစာ မဖတ်ခင်၊ သူတို့ဟာ Facebook ကို ဖတ်ကြတယ်။ 100 00:05:40,330 --> 00:05:43,978 ဒါပေမဲ့ အမှန်တရားက ဘာလဲ ဆိုတော့ ကိုယ်က ကိစ္စအမျိုးမျိုးကို လုပ်မယ်ဆိုရင်၊ 101 00:05:43,979 --> 00:05:46,156 ရမယ့် ရလဒ်တွေဟာလည်း အမျိုးမျိုး ရှိမယ်။ 102 00:05:46,157 --> 00:05:47,968 ကိုယ်လေ့လာမယ်ဟာ ကိုယ်ြဖစ်လာမှာပါ။ 103 00:05:47,969 --> 00:05:51,214 ကိုယ် လေ့လာနေတာ ဘာလဲ၊ အဲဒါကို ကိုယ့်ကို ဘယ်ဆီခေါ်သွားမလဲ။ 104 00:05:51,215 --> 00:05:53,278 လူတွေ ကျွန်တော့ဆီကို လာလျက် ပြောကြတာက၊ 105 00:05:53,279 --> 00:05:58,003 "Daniel၊ စာဖတ်ဖို့ အချိန် မရှိဘူး၊ ကလေးတွေနဲ့၊ အလုပ်တွေနဲ့ ကျောင်းသားပဲဗျာ။ 106 00:05:58,004 --> 00:06:02,739 အခုကို ဖတ်စရာ ကျောင်းစာအုပ်တွေ တသီကြီး၊ အလုပ်တွေ များလွန်းလို့ မအားပါဘူး။" 107 00:06:03,179 --> 00:06:05,302 ကိုယ့်ဆီမှာ တစ်နေ့ အချိန် ၁၀ မိနစ်မရှိရင်၊ 108 00:06:05,303 --> 00:06:07,905 တကယ်တမ်း ခင်ဗျားဆီမှာ ဘဝ မရှိတာကို ပြောခြင်းပါပဲ။ 109 00:06:07,906 --> 00:06:09,621 အားလုံးမှာ စာဖတ်ဖို့ အချိန် ရှိတယ်၊ 110 00:06:09,622 --> 00:06:11,844 အားလုံးမှာ စာအုပ်ကောင်း ရွေးပြီး သင်ယူနိုင်ဖို့ 111 00:06:11,845 --> 00:06:13,955 ကိုယ့်ဘာသာဖတ်ဖို့ အချိန်ရှိတယ်။ 112 00:06:13,956 --> 00:06:18,129 ကောင်းပြီ၊ တစ်နေ့ကို ၁၀ မိနစ်နှုန်း ဆက်တိုက် ရက် ၃၀ ဖတ်မယ်ဆိုရင်၊ 113 00:06:18,130 --> 00:06:19,950 တစ်လကို စာအုပ်တစ်အုပ် ဖြစ်တယ်။ 114 00:06:19,951 --> 00:06:23,100 တစ်လတစ်အုပ်၊ ၁၂ လမှာ၊ တစ်နှစ်မှာ စာအုပ် ၁၂ အုပ် ပါ။ 115 00:06:23,101 --> 00:06:27,088 လူအများစုက ငါးနှစ်အတွင်း လုပ်နိုင်ကြတာကို ခင်ဗျားတို့က တစ်နှစ်နဲ့ လုပ်နိုင်တယ်။ 116 00:06:27,089 --> 00:06:29,441 အချိန်မရှိတဲ့ အကြောင်း မပြောပါနဲ့။ 117 00:06:29,442 --> 00:06:31,197 အားလုံးဆီမှာ ဖတ်ဖို့ အချိန်ရှိတယ်။ 118 00:06:31,198 --> 00:06:33,254 ဖတ်သူတွေ ခေါင်းဆောင်တွေ ဖြစ်တာ မမေ့နဲ့လေ။ 119 00:06:33,255 --> 00:06:37,257 အောင်မြင်ရန် တစ်ခုတည်းသော နည်းမှာ ဖတ်ရန်ပါပဲ။ 120 00:06:37,258 --> 00:06:38,968 ကျွန်တော်ရဲ့ ဒုတိယ အကြံပေးချက်က 121 00:06:38,969 --> 00:06:42,180 ကိုယ်ရှာနိုင်သမျှ အထဲက အကောင်းဆုံး လူတွေနဲ့ တွေ့ဆုံပါ။ 122 00:06:42,181 --> 00:06:45,249 ကျွန်တော်တို့ အများဆုံး ဆက်ဆံကြသူတွေဟာ 123 00:06:45,250 --> 00:06:47,569 ကျွန်တော်တို့ ဝန်းကျင်က လူစုစုပေါင်း ငါးယောက်ပါ။ 124 00:06:47,570 --> 00:06:50,352 ကျွန်တော်တို့ ဝင်ငွေ တူတယ်၊ သွားတဲ့ နေရာတွေလည်း တူတယ်၊ 125 00:06:50,353 --> 00:06:52,779 လုပ်တဲ့ အရာတွေလည်း တူတယ်၊ တွေးကြပုံလည်း အတူတူပါပဲ။ 126 00:06:52,780 --> 00:06:55,442 ကိုယ့် အခင်ဆုံး မိတ်ဆွေ ငါးဦးကို လေ့လာကြည့်ရင်း၊ 127 00:06:55,443 --> 00:06:58,442 ကိုယ့်ကိုကိုယ် ထုတ်မေးရမယ့် တစ်ခုတည်းသော မေးခွန်းက၊ 128 00:06:58,443 --> 00:07:02,650 "ကျွန်တော့ ခေါင်းဆောင်တွေက ဘယ်သူတွေလဲ သူတို့ ငါ့ကို ဘယ်ဆီ ခေါ်သွားကြမှာလဲ။” 129 00:07:03,290 --> 00:07:04,567 နောက်တစ်မျိုး ပြောရရင်၊ 130 00:07:04,568 --> 00:07:09,198 "ကျွန်တော့ ခေါင်းဆောင်တွေ ခေါ်သွားကြမှာက ကျွန်တော် အလိုချင်ဆုံး နေရာလား။" 131 00:07:10,018 --> 00:07:13,634 အဖြေက မဟုတ်ဘူးဆိုရင် ခင်ဗျားတို့ဟာ ခေါင်းဆောင် အသစ်တွေ လိုနေပြီ။ 132 00:07:13,635 --> 00:07:16,583 ခင်ဗျားတို့ကို လှုံ့ဆော်ပေးမယ့် သူတွေ၊ ကူပေးမယ့် သူတွေ လိုတယ်။ 133 00:07:16,584 --> 00:07:22,496 ခင်ဗျားတို့ရဲ့ အစွမ်းအစတွေ၊ တွေးခေါ်ပုံထက် သာလွန်တဲ့ ပန်းတိုင်ဆီကို ပို့ပေးနိုင်မယ်။ 134 00:07:22,497 --> 00:07:24,347 ကိုယ့်ပန်းတိုင်တွေကို ရယူရန် လိုတယ်၊ 135 00:07:24,348 --> 00:07:27,382 ပတ်ဝန်းကျင်မှာ မှန်ကန်တဲ့လူတွေ ရှိရင် ခင်ဗျားတို့ လုပ်နိုင်တယ်။ 136 00:07:27,383 --> 00:07:30,667 တော်တော်များများထံတွင် “အလိုလိုဖြစ်လာတဲ့ မိတ်ဆွေများ” ရှိကြတယ်။ 137 00:07:30,709 --> 00:07:35,927 ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေ၊ ကုန်ဆုံဆိုင်က လူတွေ၊ 138 00:07:35,928 --> 00:07:40,255 အားကစား လေ့ကျင့်ခန်း၊ ဆိုင်တန်း၊ ဘုရားရှိခိုးကျောင်း၊ အလုပ်၊ သွားနေကျ နေရာက 139 00:07:40,256 --> 00:07:41,831 လူတွဟာ အဲဒီလို မိတ်ဆွေတွေပါ။ 140 00:07:41,832 --> 00:07:43,963 အဲဒီလိုသူတွေ သဘာဝကျတဲ့ မိတ်ဆွေတွေပါ၊ 141 00:07:43,964 --> 00:07:46,940 သူတို့ဟာ ကျွန်တော်တို့ကို ယုံကြည်ကြကာ လက်ခံကြပါတယ်။ 142 00:07:46,941 --> 00:07:51,047 အဲဒီမှာ ဖြစ်တတ်တာက၊ ခင်ဗျားတို့ဟာ သိပ်ကို အကြံကြီးမားသူ ဟုတ်ရင်၊ 143 00:07:51,048 --> 00:07:53,308 တကယ့်ကို မြင့်မားတဲ့ ပန်းတိုင်တွေ ရှိရင်၊ 144 00:07:53,309 --> 00:07:57,416 အဲဒီထဲက လူအများအပြားတို့က ခင်ဗျားရဲ့ ပန်းတိုင်ကို လက်လှမ်းမှီရန် ကူနိုင်ကြတယ်။ 145 00:07:57,417 --> 00:08:00,439 ဒါကြောင့်မို့လို့ ခင်ဗျားတို့ဟာ အပြင်မှာ လူတွေကို ရှာကြည့်ရမယ်။ 146 00:08:00,440 --> 00:08:02,000 ဥပမာ တစ်ခုကို ပြပါရစေ။ 147 00:08:02,001 --> 00:08:05,093 ကျွန်တော့ဆီမှာ John ဆိုတဲ့ မိတ်ဆွေ တစ်ယောက်ရှိခဲ့ရာ ရေပိုက်သမားပါ၊ 148 00:08:05,094 --> 00:08:08,105 သူ့ဖခင်နဲ့သူဟာ အတော်ကလေး အောင်မြင်တဲ့ လုပ်ငန်း ရှိနေခဲ့တယ်၊ 149 00:08:08,106 --> 00:08:09,659 အဲဒီလို ထင်ခဲ့ရတာပဲလေ။ 150 00:08:09,660 --> 00:08:10,931 အဲဒါနဲ့ John ကို မေးတယ် 151 00:08:10,932 --> 00:08:14,560 "ကျွန်တော် လုပ်ငန်းတစ်ခု စချင်တယ်၊ ငါဘာလုပ်သင့်တယ်လို့ ထင်သလဲ။" 152 00:08:14,561 --> 00:08:16,700 John ဟာ ကျွန်တော့ကို ဘေးကို ခေါ်သွားပြီး၊ 153 00:08:16,701 --> 00:08:19,371 "Daniel ရယ်၊ မင်း လုပ်ငန်း မစသင့်ဘူး ထင်တယ်၊ 154 00:08:19,372 --> 00:08:24,357 လုပ်ငန်း 98% ဟာ သုံးနှစ်အတွင်းမှာကို ကျဆုံးကြတယ်။" 155 00:08:24,358 --> 00:08:28,135 အဲဒီနောက်မှာ သူက ဆက်ပြီး လုပ်ငန်း လုပ်မရနိုင်တာကို၊ အဲဒါ အလုပ် 156 00:08:28,136 --> 00:08:29,917 မဖြစ်မှာကို ပြောပါသေးတယ်။ 157 00:08:29,918 --> 00:08:33,739 အပတ်စဉ် နာရီ ၁၀၀ ကျော် အလုပ်လုပ်ရတာ အရမ်းကို ခက်တဲ့ အကြောင်း၊ 158 00:08:33,740 --> 00:08:35,804 လုပ်သားတွေကို လစာထုတ်ပေးရတာ သိပ်ခဲယဉ်းတာ၊ 159 00:08:35,806 --> 00:08:40,820 စီးပွားရေးကျလာလို့ ဖောက်သည်အသစ် ရှာရတာ ခဲယဉ်းတာတွေကို ပြောပါတယ်။ 160 00:08:40,821 --> 00:08:44,148 သူအဲဒီလို ပြောလာတော့ ကျွန်တော် စိတ်ဓာတ် ကျလာကာ စိတ်ပျက်မိတယ်၊ 161 00:08:44,149 --> 00:08:46,779 အိမ်ကို ပြန်လာတော့ အဲဒီအကြောင်း စဉ်းစားတယ်။ 162 00:08:46,780 --> 00:08:49,795 ကျွန်တော့ ဒိုင်ယာရီထဲမှာ ရေးမှတ်လိုက်တာက၊ 163 00:08:49,796 --> 00:08:54,743 "စာရင်းအင်းဆိုတာ ၉၈% က လုပ်ကြံထားတာတွေပါ။" 164 00:08:54,744 --> 00:08:56,326 ခုနက ပြောခဲ့တဲ့ဟာလည်း အလားတူပါပဲ။ 165 00:08:58,176 --> 00:09:04,345 ခင်ဗျားတို့ နားလည်ရမှာက အခြားတစ်ယောက်ရဲ့ အမြင်မျိုး ခင်ဗျား ဖြစ်မလာနိုင်တာကိုပါ။ 166 00:09:05,425 --> 00:09:09,317 ကိုယ့်ဖြစ်နေတာကို ပြောင်းချင်ရင် ကိုယ်ရဲ့ တွေးခေါ်ပုံကို ပြောင်းရမယ်။ 167 00:09:09,318 --> 00:09:11,890 ပြီးတော့ ခင်ဗျားကို ဝန်းရံနေတဲ့သူတွေကို ပြောင်းရမယ်။ 168 00:09:11,891 --> 00:09:14,577 ခင်ဗျားကို ကူပေးနိုင်ကြသူကို ကိုယ့်ဘာသာကိုယ် ရှာရမယ်။ 169 00:09:14,578 --> 00:09:17,997 ကိုယ့်ထက် တော်သူတွေ၊ ကိုယ့်ထက် ရှေ့ကို တက်လှမ်းနိုင်ခဲ့သူတွေ လိုပါတယ်၊ 170 00:09:17,998 --> 00:09:21,712 နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ ဘာလုပ်ရမှာကို သိသူတွေ လိုပါတယ်။ 171 00:09:21,713 --> 00:09:24,964 တကယ်ကျတော့ ကိုယ်က ရှာနေတဲ့ လူတွေကလည်း 172 00:09:24,965 --> 00:09:28,982 ခင်ဗျားကို ရှာနေကြတာပါ၊ ဒါပေမဲ့ သူတို့ကို ကိုယ်က ရှာရန်လိုပါတယ်။ 173 00:09:28,983 --> 00:09:33,030 မကြာခဏဆိုသလို ကျွန်တော်တို့ကို လူစိမ်းတွေ၊ မိသားစုဝင်တွေ ဝန်းရံနေတတ်တယ် 174 00:09:33,031 --> 00:09:35,954 ဘာမလုပ်ရဘူးဆိုတာ သူတို့ပြောကြပြီး ကျွန်တော်တို့ကို ကန့်သတ်တယ်။ 175 00:09:35,955 --> 00:09:38,026 လူတွေ အများအပြားဟာ ရည်ရွယ်ချက် မှန်ကြတယ်၊၊ 176 00:09:38,027 --> 00:09:42,047 ဒါပေမဲ့ မကြာခဏဆိုသလို သူတို့ဟာ မှားရာသို့ လမ်းညွှန်ပေးကြပါတယ်။ 177 00:09:42,048 --> 00:09:46,055 သူတို့ဟာ ကျွန်တော်တို့ကို ကူပေးလိုကြပေမဲ့၊ ဘယ်လို ကူရမှန်း မသိကြတာပါ။ 178 00:09:46,056 --> 00:09:48,300 အဲဒါကို လုပ်တတ်သူတွေကို ရှာကြပါ။ 179 00:09:48,301 --> 00:09:51,294 လူအများက မေးကြတယ်- "Daniel ရာ၊ အဲဒီလူတွေကို ဘယ်လို ရှာလဲ။" 180 00:09:51,295 --> 00:09:52,233 အလွယ်လေးပါ။ 181 00:09:52,234 --> 00:09:55,237 ခင်ဗျားတို့က အဆင့်တစ်ကို လုပ်ခဲ့ရင်၊ စာအုပ်တွေ ဖတ်ခဲ့တယ် ဆိုရင်၊ 182 00:09:55,238 --> 00:09:59,130 စာအုပ်ရဲ့ နောက်ကျောမှာ "စာရေးသူ အကြောင်း" ဆိုတဲ့ အပိုင်းပါပါတယ်။ 183 00:09:59,131 --> 00:10:02,299 ကျွန်တော်ဟာ စာရေးသူတွေကို ဆက်သွယ်ဖို့ ကြိုးစားပါတယ်။ 184 00:10:02,300 --> 00:10:04,395 ကျွန်တော်တို့ ထောင်စုနှစ်သစ်ထဲ နေရတာ 185 00:10:04,396 --> 00:10:07,795 ကံကောင်းတယ်၊ သူတို့ရဲ့ လူမှုရေး မီဒီယာ၊ ဝဘ်ဆိုက်ကို ရှာတွေ့နိုင်ပါတယ်၊ 186 00:10:07,796 --> 00:10:09,989 သူတို့နဲ့ ဆက်သွယ် ဆွေးနွေးခွင့် ရှိနေပါတယ်။ 187 00:10:09,990 --> 00:10:14,323 သူတို့ ပို့ချလိုတာက ဘာလဲ ဆိုတာကို တကယ့်ကို နားလည်ရင် ကျွန်တော်တို့ ပြောင်းလာနိုင်တယ်။ 188 00:10:14,324 --> 00:10:18,920 ကျွန်တော်တို့က မေးခွန်းတွေကို မေးတတ်ရင်၊ ကိုယ့်ဘဝကို အကြီးအကျယ် မြှင့်တင်နိုင်မယ်။ 189 00:10:18,921 --> 00:10:22,125 ခုနကပြောခဲ့သလို ကိုယ်ရှာနေတဲ့ သူတွေကလည်း ကိုယ့်ကို ရှာနေတာမမေ့ပါနဲ့၊ 190 00:10:22,126 --> 00:10:24,314 ဒီတော့ ကိုယ်က သူတို့နားကို ရောက်ဖို့ လိုပါတယ်။ 191 00:10:24,315 --> 00:10:28,024 ကျွန်တော့ရဲ့ နောက်ဆုံး အကြံပေးချက်က ပိုမြင့်တဲ့ ပန်းတိုင်တွေ ချမှတ်ဖို့ပါပဲ၊ 192 00:10:28,025 --> 00:10:29,990 ခင်ဗျားတို့ကို မြှင့်တင်ပေးဖို့ပါ၊ 193 00:10:29,991 --> 00:10:32,990 ၎င်းတို့က ခင်ဗျားတို့ရဲ့ အလားအလာတွေကို ပိုဖြစ်ထွန်းလာစေပါမယ်။ 194 00:10:32,991 --> 00:10:34,866 လိုက်နာစရာတွေ များပြားလွန်းလို့ လူတွေက 195 00:10:34,867 --> 00:10:37,796 ပန်းတိုင်တွေကို ဘယ်လို ချမှတ်ရမှန်း မသိကြဘူး။ 196 00:10:37,797 --> 00:10:40,428 သူတို့ဟာ အဲဒီလို လုပ်ငန်းစဉ်ကို စိတ်ရှုပ်ကြရပါတယ်။ 197 00:10:40,429 --> 00:10:44,313 လူတော်တော်များများက နှစ်သစ်ကူး ဆုံးဖြတ်ချက်တွေကို သုံးကြတယ်၊ 198 00:10:44,314 --> 00:10:46,550 ဒါပေမဲ့ နှစ်သစ်ကူး ဆုံးဖြတ်ချက်တွေရဲ့ ပြဿနာက 199 00:10:46,551 --> 00:10:50,335 ထိုသူဟာ များလှတာတွေကို သိပ်ကို မြန်ဆန်စွာ လုပ်လိုခြင်းပါပဲ။ 200 00:10:50,336 --> 00:10:52,470 ဥပမာ Doug က ဆေးလိပ် ဖြတ်ချင်တယ်ဆိုပါစို့။ 201 00:10:52,471 --> 00:10:55,073 ဒီဇင်ဘာ ၃၁ ရက်နေ့မှာ၊ သူက "ငါ ဆုံးဖြတ်လိုက်ပြီ။" 202 00:10:55,074 --> 00:10:58,964 ဇန်ဝါရီ ၁ ရက်ကျတော့၊ "ငါ ဖြတ်လိုက်ပြီ၊ သေချာတယ်။" 203 00:10:58,965 --> 00:11:03,225 သူဟာ သူ့ပန်းတိုင်တွေကို လက်လှမ်းမှီရန် စီမံကိန်းကို မပြုစုခဲ့ပါဘူး၊ 204 00:11:03,226 --> 00:11:05,516 အဲဒါကြောင့် လက်တွေ့မကျပါ။ 205 00:11:05,517 --> 00:11:08,073 တချို့သူတွေက မသေခင် လုပ်ချင်တာကို စာရင်း လုပ်ကြပါတယ်၊ 206 00:11:08,074 --> 00:11:10,353 မသေခင် လုပ်မယ့်စာရင်းဆိုတာ အများအားဖြင့်၊ 207 00:11:10,354 --> 00:11:12,872 သူတို့ဟာ ကိုယ့်ကိုကိုယ် ပေးတဲ့ အချိန်ဟာ များလွန်းတယ်။ 208 00:11:12,873 --> 00:11:17,215 အရေးတကြီး လုပ်ရန်မလို၊ အများစုက သူတို့ရဲ့ ပန်းတိုင်တွေကို ချတောင်မရေးကြပါ။ 209 00:11:17,216 --> 00:11:19,061 ဒီတော့၊ "ခင်ဗျားက ဘာအကြံပေးချင်လဲ။" 210 00:11:19,062 --> 00:11:20,480 မေးတာကို ဝမ်းသာပါတယ်။ 211 00:11:20,481 --> 00:11:23,982 ခင်ဗျားတို့ရဲ့ ပန်းတိုင်တွေကို ချရေးကြပါရန် အကြံပေးလိုပါတယ်။ 212 00:11:23,983 --> 00:11:27,181 ခဲတံနဲ့ ချရေးလိုက်ရင် ထက်မြက်တဲ့ ဦးနှောက်ထက် ပိုကောင်းမှာ သေချာတယ်၊ 213 00:11:27,182 --> 00:11:31,318 ကိုယ့်မသိစိတ်ကိုပါ လှုံ့ဆော်ပေးနိုင်ဖို့ ကိုယ့် ပန်းတိုင်တွေကို စာနဲ့ချရေးလိုက်ပါ၊ 214 00:11:31,319 --> 00:11:34,623 စာရင်းက သင်တို့ ဖြစ်နိုင်ရာသို့ မှန်မှန်ကြီး ခေါ်ဆောင်သွားမှာပါ။ 215 00:11:34,624 --> 00:11:37,143 တစ်ကမ္ဘာလုံး ပို့ချလာခဲ့တဲ့ ကျွန်တော့ နည်းရှိတယ်၊ 216 00:11:37,144 --> 00:11:39,044 "စိတ်ကူး ၂၀ နည်း"လို့ ခေါ်ပါတယ်။ 217 00:11:39,045 --> 00:11:40,784 တကယ်တမ်းတွင်၊ ကိုယ်လုပ်ရမှာက၊ 218 00:11:40,785 --> 00:11:44,539 ကိုယ်က ရုပ်လုံးဖေါ်လိုတဲ့ အထွတ်အထိပ်ကျဆုံး ပန်းတိုင် တစ်ခုကို ရွေးလိုက်ပါ၊ 219 00:11:44,540 --> 00:11:48,995 အဲဒီပန်းတိုင်နဲ့ ဆက်စပ်နေကြတဲ့ စိတ်ပူး ၂၀ ကို ဆန်းစစ်ပါ။ 220 00:11:48,996 --> 00:11:53,216 ဥပမာ တစ်ခုအဖြစ်၊ ခင်ဗျားဟာ ပိုကောင်းတဲ့ ဟောပြောသူ ဖြစ်ချင်တယ်ဆိုပါစို့။ 221 00:11:53,217 --> 00:11:55,065 လုပ်နိုင်တဲ့ အချက် အချို့ကို ဆန်းစစ်ပါ။ 222 00:11:55,066 --> 00:11:57,600 ကောင်းပြီ၊ ခင်ဗျားတို့ TED talks ကို ကြည့်နိုင်တယ်၊ 223 00:11:57,601 --> 00:12:02,117 ကြည့်မှန်ရှေ့မှာ ရပ်နေလျက် မိန့်ခွန်း ပြောပုံကို လေ့ကျင့်နိုင်ပါတယ်၊ 224 00:12:02,118 --> 00:12:04,300 ဒါမှမဟုတ် အဘိဓာန်ကို နေ့စဉ် ဖတ်နိုင်ပါတယ်။ 225 00:12:04,301 --> 00:12:08,795 ကိုယ်လုပ်နိုင်တဲ့ အရာတွေ များပြားလှပါတယ်၊ ဒါပေမဲ့ စိတ်ကူး ၂၀ ကို ရှာနိုင်ပါသလား။ 226 00:12:08,796 --> 00:12:12,657 "ရတာပေါ့၊ လိုအပ်ရင် ၁၀၀ ကိုတောင် ရှာလို့ ရမှာပါ။" 227 00:12:12,658 --> 00:12:15,873 ဘဝဆိုင်ရာ မျက်နှာစာတိုင်းမှာ အဲဒီလို လုပ်ခဲ့မှာ စိတ်ကူးကြည့်ပါ၊ 228 00:12:15,874 --> 00:12:19,221 ဘဏ္ဍာရေးထဲမှာ၊ ရာထူးတက်ရေးအတွက်၊ ကိုယ့်မိသားစုအတွက် စသဖြင့်၊ 229 00:12:19,222 --> 00:12:22,023 နေ့စဉ် ကိုယ့်ပန်းတိုင်တွေကို ချရေးခဲ့မှာကို။ 230 00:12:22,024 --> 00:12:25,274 ခင်ဗျားတို့ဟာ ဘဝထဲမှာ အရာတွေ အများကြီးကို ပြုလုပ်နိုင်ခဲ့ကြမှာပါ။ 231 00:12:25,275 --> 00:12:28,579 အောင်မြင်ဖို့အတွက် လိုသမျှ အားလုံး ကျွန်တော်တို့ဆီမှာ ရှိပါတယ်၊ 232 00:12:28,580 --> 00:12:32,557 ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တာကို ပိုပြီး ရယူနိုင်ရန် ရှိနေတဲ့ အရာတွေကို ယူရပါမယ်၊ 233 00:12:32,558 --> 00:12:35,803 ကျွန်တော်တို့ မောင်းနေကြတဲ့ ကားတွေ၊ ကျွန်တော်တို့ရဲ့ အဝတ်အစားမှ အစ၊ 234 00:12:35,804 --> 00:12:38,768 ကျွန်တော်တို့ စားကြတဲ့ အစားအစာ၊ တွေ့ကြတဲ့ လူတွေ အဆုံးမှ ယူရမယ်။ 235 00:12:38,769 --> 00:12:45,368 အဲဒီလို များမြောင်းလှတဲ့ အရာတွေထဲတွင် အောင်မြင်ရန်အတွက် လိုတာ အားလုံး ရှိပါတယ်၊ 236 00:12:45,369 --> 00:12:47,188 ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်ရပါမယ်။ 237 00:12:47,189 --> 00:12:49,039 ကိုယ့်ကိုယ်ကို ယုံကြည်တယ်ဆိုရင်၊ 238 00:12:49,040 --> 00:12:52,256 ကမ္ဘာပေါ်မှာ ရှိကြသမျှလူတွေက ခင်ဗျားကို ယုံကြည်ကြတာကို တွေ့ရမှာပါ။ 239 00:12:52,257 --> 00:12:54,340 ခင်ဗျားတို့ ကြီးမားစွာ စဉ်းစားရပါမယ်။ 240 00:12:54,341 --> 00:12:57,132 စဉ်းစားတာ ကြီးရင်၊ လုပ်တာ ကြီးမယ်၊ အောင်မြင်မှု ကြီးမယ်။ 241 00:12:57,133 --> 00:13:00,783 တကယ်တော့၊ B-I-G စာ ကျွန်တော် ဒီနေ့ မျှဝေချင်တဲ့ စိတ်ကူး ၃ ခုပါပဲ- 242 00:13:00,792 --> 00:13:02,459 B -- ဖတ်ရမယ့် စာအုပ်တွေပါ၊ 243 00:13:02,460 --> 00:13:04,958 I -- တွေ့ကြရမယ့် individuals လူတွေပါ၊ 244 00:13:04,959 --> 00:13:07,828 နောက်ဆုံး G -- ကိုယ် ချမှတ်တဲ့ goals ပန်းတိုင်တွေပါ။ 245 00:13:07,829 --> 00:13:12,080 Books၊ individuals နှင့် goals - အောင်မြင်ဖို့အတွက် လိုတာက အဲဒါတွေပါပဲ၊ 246 00:13:12,081 --> 00:13:14,351 ကိုယ် စဉ်းစားတာ ကြီးမားရင်၊ ရလဒ်ကလည်း ကြီးပါမယ်။ 247 00:13:14,352 --> 00:13:17,203 မိတ်ဆွေတို့ အားလုံးပါ ကြီးမားစွာ အောင်မြင်ကြမှာပါ။ 248 00:13:17,204 --> 00:13:18,068 ကျေးဇူးတင်ပါတယ်။ 249 00:13:18,069 --> 00:13:19,001 (လက်ခုပ်တီးသံများ)