WEBVTT 00:00:05.167 --> 00:00:07.292 ဒီနေ့ ကျွန်တော် ပြောချင်တာကို လူတွေ 00:00:07.293 --> 00:00:10.621 ပြောဆိုနေကြတာ အတော်ကလေး ကြာသွားပါပြီ။ 00:00:10.622 --> 00:00:14.299 “အောင်မြင်မှု” အကြောင်းကို ဆိုလိုတာပါ။ 00:00:14.300 --> 00:00:17.547 အောက်မြင်မှုကို လူအမျိုးမျိုးက အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ကြပါတယ်၊ 00:00:17.548 --> 00:00:22.734 ကျွန်တော် နားလည်တဲ့ အောင်မြင်မှုက ခင်ဗျားတို့ နားလည်တာနဲ့ ကွာခြားနိုင်ပါတယ်။ 00:00:22.735 --> 00:00:24.510 ခင်ဗျားတို့ရဲ့ နားလည်မှုကျပြန်တော့ 00:00:24.511 --> 00:00:27.325 မိမိ အိမ်စာအတွက် ကြယ်ပွင့်ကို ရယူရန် ကြိုးပမ်းနေတဲ့ 00:00:27.326 --> 00:00:31.012 သူငယ်တန်း ကျောင်းသား နားလည်တာနဲ့လည်း မတူနိုင်ပါ။ 00:00:31.013 --> 00:00:33.206 ကလေးငါးယောက်ကို ည ၉ နာရီမှာ အိပ်နိုင်ဖို့အတွက် 00:00:33.207 --> 00:00:37.980 မနည်း ကြိုးစားနေရတဲ့ အိမ်ရှင်မနဲ့လည်း တူမှာ မဟုတ်ပါ။ 00:00:37.981 --> 00:00:40.159 ကုမ္ပဏီအတွက် အနှစ် နှစ်ဆယ်ကျော် အလုပ်လုပ်ခဲ့ကာ 00:00:40.160 --> 00:00:44.849 အဲဒီလုပ်ငန်းမှာ CEO ဖြစ်ချင်စိတ် ပြင်းပြနေတဲ့ 00:00:44.850 --> 00:00:50.061 ကုမ္ပဏီ တစ်ခုမှ အရာရှိနဲ့လည်း တူစရာ အကြောင်း မရှိပါ။ 00:00:50.581 --> 00:00:51.848 အောင်မြင်မှု စကားလုံးအတွက် 00:00:51.849 --> 00:00:55.935 အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မျိုးစုံနိုင်တာကို သဘောတူကြရမှာပါ၊ 00:00:55.936 --> 00:01:00.852 ဒါပေမဲ့ ဒီနေ့တွင် ကျွန်တော်က ပေးမယ့် အကောင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်က 00:01:00.853 --> 00:01:04.941 "အောင်မြင်မှုဆိုတာ မိမိကိုမိမိ ထုတ်ဖေါ်ပြသမှုပါ။" 00:01:04.943 --> 00:01:07.728 အဲဒါက ကိုယ်ဖြစ်ချင်တာ ဖြစ်နေခြင်း၊ 00:01:07.729 --> 00:01:09.297 ကိုယ်လုပ်ချင်တာကို လုပ်နေရခြင်း၊ 00:01:09.298 --> 00:01:11.710 ကိုယ်သွားချင်တဲ့ နေရာကို သွားနေရခြင်း ပါပဲ။ 00:01:11.711 --> 00:01:14.078 ကိုယ့်ဘဝနှင့် ပတ်သက်လာရင်၊ 00:01:14.079 --> 00:01:17.959 ကိုယ်ကသာ အကြီးအကဲပါ၊ ကိုယ်ကသာ ရွေးချယ်နိုင်လို့ပါ။ 00:01:18.709 --> 00:01:21.397 တကယ်တော့၊ သင် ဒီနေ့ ဖြစ်နေတဲ့ဟာက ခင်ဗျားပါပဲ 00:01:21.398 --> 00:01:26.483 ခင်ဗျားတို့ရဲ့ တစ်သက်တာမှာ လုပ်လာခဲ့တဲ့ ရွေးချယ်မှုကြောင့် မို့လို့ပါ။ 00:01:27.373 --> 00:01:30.171 ကျွန်တော်တို့က ကြီးပြင်းလာတာနဲ့ အဲဒီလို ရွေးချယ်မှုတွေကို 00:01:30.172 --> 00:01:32.913 ဘယ်လို လုပ်သင့်ကြောင်းကို ပြောပြကြတဲ့ လူတွေ ရှိပါတယ်၊ 00:01:32.914 --> 00:01:38.028 မိဘတွေ၊ ဆရာတွေ၊ အကြီးအကဲတွေ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေ ဖြစ်နိုင်တယ်။ 00:01:38.029 --> 00:01:40.449 ကျွန်တော်တို့ ဘဝထဲတွင် ဘယ်လို နေထိုင်သင့်ကြောင်း၊ 00:01:40.450 --> 00:01:42.434 ဘာတွေ လုပ်သင့်တယ်၊ ဘယ်ကို သွားသင့်တယ်၊ 00:01:42.435 --> 00:01:45.834 ဘယ်လို လမ်းလျှောက်ရမယ်၊ ဘယ်လို မပြောရဘူး အကြံပေးကြတယ်။ 00:01:45.835 --> 00:01:48.542 ဒါပေမဲ့ ခင်ဗျားတို့ကို ကျွန်တော်က မေးမယ့် မေးခွန်းက 00:01:48.543 --> 00:01:52.251 "ဒီ့ပြင်လူတွေ လိုစေချင်သလို ခင်ဗျားက ဖြစ်ဖို့ ကြိုးစားမယ်ဆိုရင်၊ 00:01:52.252 --> 00:01:54.759 ခင်ဗျား ဘယ်သူများ ဖြစ်လာမလဲ။" 00:01:56.159 --> 00:02:01.034 အောင်မြင်ဖို့ သော့ချက်က သူများရဲ့ မျှော် လင့်ချက်များနဲ့ လိုက်အောင်လုပ်တာ ရပ်ပါ။ 00:02:01.035 --> 00:02:05.096 ပြီးတော့ မိမိရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီဖို့ စတင်လုပ်ကိုင်ပါ။ 00:02:05.097 --> 00:02:06.851 ကိုယ့်ကိုကိုယ် ယုံကြည်ဖို့ လိုပါတယ်။ 00:02:06.852 --> 00:02:10.470 ကိုယ် ဖြစ်စေလိုတဲ့ဟာ နောက်ဆုံးတွင် ဖြစ်ထွန်းလာမှာကို နားလည်ရမယ်၊ 00:02:10.471 --> 00:02:12.520 ကိုယ်က ယုံကြည်တယ် ဆိုရင်ပေါ့လေ။ 00:02:12.521 --> 00:02:14.427 ဒီတော့ ကိုယ့်ဆီမှာ ယုံကြည်ချက် ရှိရမယ်၊ 00:02:14.428 --> 00:02:19.552 ယုံကြည်မှုကျပြန်တော့ ကိုယ်ဖြစ်စေချင်တာ နောက်ဆုံး ဖြစ်ထွန်းလာမှာကို သိရှိမှုပါပဲ 00:02:19.553 --> 00:02:21.271 ကိုယ်က ယုံကြည်တယ် ဆိုရင်ပေါ့လေ။ 00:02:21.272 --> 00:02:22.659 ယုံကြည်မှုကို ပံ့ပိုးပါက၊ 00:02:22.660 --> 00:02:26.829 ကိုယ်ရဲ့ စိုးရိမ်စိတ်တွေ လွင့်ပျောက်သွားတာ ခင်ဗျားတို့ မကြာခဏ တွေ့လာရမှာပါ၊ 00:02:26.830 --> 00:02:29.519 ကိုယ်က ကိုယ့်ကိုကိုယ် ယုံကြည်နေသရွေ့၊ 00:02:29.520 --> 00:02:33.026 ကမ္ဘာကြီးပေါ်က လူတိုင်းကလည်း ခင်ဗျားကို ယုံကြည်မှာပါ။ 00:02:34.975 --> 00:02:38.904 ကျွန်တော်ဟာ အချိန်အတော်ကြာအထိကိုပဲ ကိုယ့်ကိုကိုယ် မယုံကြည်ခဲ့ပါဘူး။ 00:02:38.905 --> 00:02:41.501 လက်တွေ့မှာ ကျွန်တော် ဖြစ်ခဲ့တဲ့ လူစားမျိုးက 00:02:41.502 --> 00:02:44.307 မိခင်တွေက သူတို့ရဲ့ သမီးတွေကို သတိပေးဖို့ 00:02:44.308 --> 00:02:46.292 ဖခင်တွေက သူတို့ သားတွေကို သတိပေးဖို့၊ 00:02:46.293 --> 00:02:48.495 "မင်းတို့သာ Daniel Ally လို လုပ်ကြမယ်ဆိုရင်၊ 00:02:48.496 --> 00:02:51.476 မင်းတို့ဟာ Daniel Ally လိုပဲ အဆုံးသတ်သွားကြရမှာ။" အပြောခံရသူပါ။ 00:02:51.477 --> 00:02:54.041 သူတို့ အဲဒီလို ပြောရဖို့ အကျိုးအကြောင်း ရှိခဲ့ပါတယ်၊ 00:02:54.042 --> 00:02:55.431 ခင်ဗျားတို့ စိတ်ကူးကြည့်ရင်၊ 00:02:55.432 --> 00:02:58.941 ကိုယ့် ဂုဏ်သိက္ခာဟာ ကိုယ်ရဲ့ အကောင်းဆုံး ကြော်ငြာပဲ မဟုတ်လား။ 00:02:58.942 --> 00:03:01.470 ထိုစဉ်တုန်းက ကျွန်တော့ ဂုဏ်သတင်း မကောင်းခဲ့ပါ၊ 00:03:01.471 --> 00:03:04.315 ကိုယ့်အစွမ်းအစထက် များစွာမှ နိမ့်ကျစွာ နေထိုင်နေခဲ့လို့ပါ။ 00:03:04.316 --> 00:03:07.093 တကယ်တမ်း ကျွန်တော်ဟာ မိခင်ရဲ့ အောက်ခြေမှာ နေထိုင်ခဲ့သူပါ။ 00:03:08.613 --> 00:03:12.751 အသက် ၂၁ နှစ် အရောက်တွင် ကျွန်တော်ဟာ အလုပ် ၄၀ လောက်ကို လုပ်စမ်းပြီးခဲ့ပါပြီ။ 00:03:12.752 --> 00:03:16.124 ကျွန်တော်ဟာ အလုပ်တွေ အများကြီးမှနေပြီး မောင်းထုတ်ခံခဲ့ရတယ်။ 00:03:16.125 --> 00:03:19.956 အထက်တန်းကျောင်းမှာကျတော့ ဒုတိယ အညံ့ဆုံးသူပါ။ 00:03:19.957 --> 00:03:23.216 အညံ့ဆုံးသူက ထောင်ထဲမှာ ရှိနေခဲ့တာလေ။ 00:03:23.217 --> 00:03:26.839 ကျွန်တော်ဟာ ရှစ်နှစ်လုံးလုံး ဆေးချခဲ့ပြီး ဘာလုပ်ရမှန်း မသိခဲ့ပါ။ 00:03:26.840 --> 00:03:29.434 ကျွန်တော်ဟာ ကျဆုံး ကျိုးပဲ့လျက် စက်ဆုပ်စရာကြီးပါ၊ 00:03:29.435 --> 00:03:31.714 ကျွန်တော် ပြောင်းပစ်ချင်တာ ကျွန်တော် သိခဲ့တယ်။ 00:03:32.041 --> 00:03:36.760 ဘယ်လို ပြောင်းပစ်ရမယ် ဆိုတာကို မသိခြင်းက ပြဿနာပါ။ 00:03:36.761 --> 00:03:39.747 ကိုယ်က ပြောင်းလဲချင်ပေမဲ့ အဲဒါကို ဘယ်လို လုပ်ရမှန်း မသိခဲ့တဲ့ 00:03:39.748 --> 00:03:44.175 အခြေအနေမျိုးကို ကြုံခဲ့ရတဲ့ သူတွေ လက်မြှောက်ပြကြပါ။ 00:03:44.865 --> 00:03:47.109 ဟုတ်ပြီ၊ အားလုံး အဲဒီလို ကြုံခဲ့ဖူးကြပါတယ်၊ 00:03:47.110 --> 00:03:49.118 အခုကို အဲဒီလို အခြေအနေမျိုးထဲ ရှိနိုင်တယ်။ 00:03:49.119 --> 00:03:53.131 ကျွန်တော့ဘဝကို ပြောင်းပစ်ချင်ရင် နည်းလမ်း သုံးခု ရှိတာကို ကျွန်တော် ရှာတွေခဲ့တယ်။ 00:03:53.132 --> 00:03:55.432 အဲဒီစိတ်ကူး သုံးခုကို ကျွန်တော် မျှပေးချင်တယ်၊ 00:03:55.433 --> 00:03:59.089 ခင်ဗျားတို့ရဲ့ ဘဝကို ဒီနေ့မှာကို စပြီး လုံးဝကို တော်လှန်ပစ်နိုင်မှာပါ။ 00:03:59.839 --> 00:04:03.418 ကျွန်တော် ကိုယ်တိုင် အဲဒီလို လုပ်နိုင်လို့ ဒီခြေလှမ်းတွေကို လုပ်နိုင်မှာပါ။ 00:04:03.419 --> 00:04:06.726 ကျွန်တော် ၂၄ နှစ်အရွယ်မှာ ကိုယ်ထူကိုယ်ထ သန်းကြွယ်သူဌေး ဖြစ်လာခဲ့တယ်။ 00:04:06.727 --> 00:04:11.133 ကျွန်တော် စာသုံးအုပ်ကို ရေးနိုင်ခဲ့ပြီး နိုင်ငံတွေ ဒါဇင်နဲ့ချီကို ခရီးထွက်ခဲ့တယ်။ 00:04:11.134 --> 00:04:14.120 အခုကျွန်တော့ အလုပ်နဲ့ ဆက်စပ်ပြီး လူတွေ သန်းနဲ့ချီနဲ့ ဆက်ဆံရတယ်။ 00:04:14.121 --> 00:04:17.789 ဒီတော့ ခင်ဗျားတို့က အောင်မြင်မှုကို ဘယ်လို သတ်မှတ်ချင်လဲ၊ 00:04:17.790 --> 00:04:19.784 အသက် ၁၀၀ အထိ နေချင်သလား၊ 00:04:19.785 --> 00:04:23.188 ကလေးတွေ တစ်ဒါဇင် လိုချင်သလား၊ ဒါမှမဟုတ် ဘယ်သူမှာမှ 00:04:23.189 --> 00:04:28.178 မသိတဲ့ တောင်ထိပ်ပေါ်တွင် အိမ်များဝယ်ချင်တာလား။ 00:04:28.179 --> 00:04:32.996 အခုပြောမယ့် အခြေခံမူ သုံးခုက ခင်ဗျားတို့ဘဝထဲ အောင်မြင်အောင် ကူပေးမှာပါ။ 00:04:33.546 --> 00:04:37.104 ပထမအချက်က စာအုပ်တွေ များများ ဖတ်ပေးပါ။ 00:04:37.105 --> 00:04:42.474 ကမ္ဘာမှာ ရှိတဲ့ ပြဿနာတွေကို ကမ္ဘာပေါ်မှာ ရှိကြတဲ့ စာအုပ်တွေက ဖြေရှင်းပေးနိုင်ပါတယ်။ 00:04:42.475 --> 00:04:46.313 တချိန်တည်းမှာ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ စာအုပ်အားလုံးကို ဖတ်ရန် မလိုပါ။ 00:04:46.314 --> 00:04:49.218 ကမ္ဘာကြီးရဲ့ ပြဿနာတွေ အားလုံး ကျွန်တော်တို့မှာ မရှိလို့ပါ။ 00:04:49.219 --> 00:04:53.585 ဒါပေမဲ့၊ ကျွန်တော်တို့ ပြဿနာတွေကို ဖြေရှင်းပေးမဲ့ စာအုပ်တွေကိုတော့ ဖတ်ရပါမယ်။ 00:04:53.586 --> 00:04:56.431 ဥပမာ၊ ခင်ဗျားတို့ဟာ ငွေကြေးအကြောင်း သင်ယူလိုတယ်ဆိုပါစို့၊ 00:04:56.432 --> 00:05:00.413 ငွေကြေးအကြောင်း ပြောပြထားတဲ့ စာအုပ်တွေကို ဖတ်ရန် လိုပါမယ်။ 00:05:00.414 --> 00:05:03.554 ဒါမှမဟုတ် ခင်ဗျားက ကိုယ့်ဆက်ဆံမှုတွေကို မြှင့်တင်ဖို့ သင်ယူချင်လား၊ 00:05:03.555 --> 00:05:07.018 ဒါမှမဟုတ် ပိုကောင်းတဲ့ ဆက်သွယ်ပြောဆိုသူ ဖြစ်လာချင်သလား။ 00:05:07.019 --> 00:05:08.761 ကျွန်တော် အဓိက ပြောချင်တာက၊ 00:05:08.762 --> 00:05:13.998 ရွှေပြားတွေနဲ့ ခင်းထားတဲ့ စာကြည့်တိုက်တွေ ရှိကြတယ်၊ အခမဲ့ ဝင်ခွင့်ရှိတယ်။ 00:05:13.999 --> 00:05:19.340 ခင်ဗျားတို့ရဲ့ အသိစိတ်ရဲ့ ကောင်းကင်ဘုံကို ဖွင့်ပေးမယ့် ကိရိယာက စာအုပ်တွေပါ။ 00:05:19.341 --> 00:05:21.478 ခေါင်းဆောင်တွေ အားလုံး စာဖတ်သူတွေပါ။ 00:05:21.479 --> 00:05:24.704 ခင်ဗျားတို့ အောင်မြင်ချင်ရင် စဖတ်ဖို့ လိုအပ်တယ်။ 00:05:24.705 --> 00:05:28.794 ကမ္ဘာပေါ်က လူအများစုဟာ တစ်နှစ်ကို စာအုပ် တစ်အုပ် ဖတ်ကြတယ်၊ 00:05:28.795 --> 00:05:31.865 ပြီးတော့ အဲဒီစာအုပ်ကလည်း Facebook ဘဲ ဖြစ်ပါလိမ့်မယ်။ 00:05:33.175 --> 00:05:36.185 လူတွေဟာ အိပ်ရာမှ မထခင်၊ ဘာမှ မလုပ်ခင်၊ 00:05:36.186 --> 00:05:40.329 သူတို့ ကော်ဖီ မသောက်ခင်၊ သတင်းစာ မဖတ်ခင်၊ သူတို့ဟာ Facebook ကို ဖတ်ကြတယ်။ 00:05:40.330 --> 00:05:43.978 ဒါပေမဲ့ အမှန်တရားက ဘာလဲ ဆိုတော့ ကိုယ်က ကိစ္စအမျိုးမျိုးကို လုပ်မယ်ဆိုရင်၊ 00:05:43.979 --> 00:05:46.156 ရမယ့် ရလဒ်တွေဟာလည်း အမျိုးမျိုး ရှိမယ်။ 00:05:46.157 --> 00:05:47.968 ကိုယ်လေ့လာမယ်ဟာ ကိုယ်ြဖစ်လာမှာပါ။ 00:05:47.969 --> 00:05:51.214 ကိုယ် လေ့လာနေတာ ဘာလဲ၊ အဲဒါကို ကိုယ့်ကို ဘယ်ဆီခေါ်သွားမလဲ။ 00:05:51.215 --> 00:05:53.278 လူတွေ ကျွန်တော့ဆီကို လာလျက် ပြောကြတာက၊ 00:05:53.279 --> 00:05:58.003 "Daniel၊ စာဖတ်ဖို့ အချိန် မရှိဘူး၊ ကလေးတွေနဲ့၊ အလုပ်တွေနဲ့ ကျောင်းသားပဲဗျာ။ 00:05:58.004 --> 00:06:02.739 အခုကို ဖတ်စရာ ကျောင်းစာအုပ်တွေ တသီကြီး၊ အလုပ်တွေ များလွန်းလို့ မအားပါဘူး။" 00:06:03.179 --> 00:06:05.302 ကိုယ့်ဆီမှာ တစ်နေ့ အချိန် ၁၀ မိနစ်မရှိရင်၊ 00:06:05.303 --> 00:06:07.905 တကယ်တမ်း ခင်ဗျားဆီမှာ ဘဝ မရှိတာကို ပြောခြင်းပါပဲ။ 00:06:07.906 --> 00:06:09.621 အားလုံးမှာ စာဖတ်ဖို့ အချိန် ရှိတယ်၊ 00:06:09.622 --> 00:06:11.844 အားလုံးမှာ စာအုပ်ကောင်း ရွေးပြီး သင်ယူနိုင်ဖို့ 00:06:11.845 --> 00:06:13.955 ကိုယ့်ဘာသာဖတ်ဖို့ အချိန်ရှိတယ်။ 00:06:13.956 --> 00:06:18.129 ကောင်းပြီ၊ တစ်နေ့ကို ၁၀ မိနစ်နှုန်း ဆက်တိုက် ရက် ၃၀ ဖတ်မယ်ဆိုရင်၊ 00:06:18.130 --> 00:06:19.950 တစ်လကို စာအုပ်တစ်အုပ် ဖြစ်တယ်။ 00:06:19.951 --> 00:06:23.100 တစ်လတစ်အုပ်၊ ၁၂ လမှာ၊ တစ်နှစ်မှာ စာအုပ် ၁၂ အုပ် ပါ။ 00:06:23.101 --> 00:06:27.088 လူအများစုက ငါးနှစ်အတွင်း လုပ်နိုင်ကြတာကို ခင်ဗျားတို့က တစ်နှစ်နဲ့ လုပ်နိုင်တယ်။ 00:06:27.089 --> 00:06:29.441 အချိန်မရှိတဲ့ အကြောင်း မပြောပါနဲ့။ 00:06:29.442 --> 00:06:31.197 အားလုံးဆီမှာ ဖတ်ဖို့ အချိန်ရှိတယ်။ 00:06:31.198 --> 00:06:33.254 ဖတ်သူတွေ ခေါင်းဆောင်တွေ ဖြစ်တာ မမေ့နဲ့လေ။ 00:06:33.255 --> 00:06:37.257 အောင်မြင်ရန် တစ်ခုတည်းသော နည်းမှာ ဖတ်ရန်ပါပဲ။ 00:06:37.258 --> 00:06:38.968 ကျွန်တော်ရဲ့ ဒုတိယ အကြံပေးချက်က 00:06:38.969 --> 00:06:42.180 ကိုယ်ရှာနိုင်သမျှ အထဲက အကောင်းဆုံး လူတွေနဲ့ တွေ့ဆုံပါ။ 00:06:42.181 --> 00:06:45.249 ကျွန်တော်တို့ အများဆုံး ဆက်ဆံကြသူတွေဟာ 00:06:45.250 --> 00:06:47.569 ကျွန်တော်တို့ ဝန်းကျင်က လူစုစုပေါင်း ငါးယောက်ပါ။ 00:06:47.570 --> 00:06:50.352 ကျွန်တော်တို့ ဝင်ငွေ တူတယ်၊ သွားတဲ့ နေရာတွေလည်း တူတယ်၊ 00:06:50.353 --> 00:06:52.779 လုပ်တဲ့ အရာတွေလည်း တူတယ်၊ တွေးကြပုံလည်း အတူတူပါပဲ။ 00:06:52.780 --> 00:06:55.442 ကိုယ့် အခင်ဆုံး မိတ်ဆွေ ငါးဦးကို လေ့လာကြည့်ရင်း၊ 00:06:55.443 --> 00:06:58.442 ကိုယ့်ကိုကိုယ် ထုတ်မေးရမယ့် တစ်ခုတည်းသော မေးခွန်းက၊ 00:06:58.443 --> 00:07:02.650 "ကျွန်တော့ ခေါင်းဆောင်တွေက ဘယ်သူတွေလဲ သူတို့ ငါ့ကို ဘယ်ဆီ ခေါ်သွားကြမှာလဲ။” 00:07:03.290 --> 00:07:04.567 နောက်တစ်မျိုး ပြောရရင်၊ 00:07:04.568 --> 00:07:09.198 "ကျွန်တော့ ခေါင်းဆောင်တွေ ခေါ်သွားကြမှာက ကျွန်တော် အလိုချင်ဆုံး နေရာလား။" 00:07:10.018 --> 00:07:13.634 အဖြေက မဟုတ်ဘူးဆိုရင် ခင်ဗျားတို့ဟာ ခေါင်းဆောင် အသစ်တွေ လိုနေပြီ။ 00:07:13.635 --> 00:07:16.583 ခင်ဗျားတို့ကို လှုံ့ဆော်ပေးမယ့် သူတွေ၊ ကူပေးမယ့် သူတွေ လိုတယ်။ 00:07:16.584 --> 00:07:22.496 ခင်ဗျားတို့ရဲ့ အစွမ်းအစတွေ၊ တွေးခေါ်ပုံထက် သာလွန်တဲ့ ပန်းတိုင်ဆီကို ပို့ပေးနိုင်မယ်။ 00:07:22.497 --> 00:07:24.347 ကိုယ့်ပန်းတိုင်တွေကို ရယူရန် လိုတယ်၊ 00:07:24.348 --> 00:07:27.382 ပတ်ဝန်းကျင်မှာ မှန်ကန်တဲ့လူတွေ ရှိရင် ခင်ဗျားတို့ လုပ်နိုင်တယ်။ 00:07:27.383 --> 00:07:30.667 တော်တော်များများထံတွင် “အလိုလိုဖြစ်လာတဲ့ မိတ်ဆွေများ” ရှိကြတယ်။ 00:07:30.709 --> 00:07:35.927 ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေ၊ ကုန်ဆုံဆိုင်က လူတွေ၊ 00:07:35.928 --> 00:07:40.255 အားကစား လေ့ကျင့်ခန်း၊ ဆိုင်တန်း၊ ဘုရားရှိခိုးကျောင်း၊ အလုပ်၊ သွားနေကျ နေရာက 00:07:40.256 --> 00:07:41.831 လူတွဟာ အဲဒီလို မိတ်ဆွေတွေပါ။ 00:07:41.832 --> 00:07:43.963 အဲဒီလိုသူတွေ သဘာဝကျတဲ့ မိတ်ဆွေတွေပါ၊ 00:07:43.964 --> 00:07:46.940 သူတို့ဟာ ကျွန်တော်တို့ကို ယုံကြည်ကြကာ လက်ခံကြပါတယ်။ 00:07:46.941 --> 00:07:51.047 အဲဒီမှာ ဖြစ်တတ်တာက၊ ခင်ဗျားတို့ဟာ သိပ်ကို အကြံကြီးမားသူ ဟုတ်ရင်၊ 00:07:51.048 --> 00:07:53.308 တကယ့်ကို မြင့်မားတဲ့ ပန်းတိုင်တွေ ရှိရင်၊ 00:07:53.309 --> 00:07:57.416 အဲဒီထဲက လူအများအပြားတို့က ခင်ဗျားရဲ့ ပန်းတိုင်ကို လက်လှမ်းမှီရန် ကူနိုင်ကြတယ်။ 00:07:57.417 --> 00:08:00.439 ဒါကြောင့်မို့လို့ ခင်ဗျားတို့ဟာ အပြင်မှာ လူတွေကို ရှာကြည့်ရမယ်။ 00:08:00.440 --> 00:08:02.000 ဥပမာ တစ်ခုကို ပြပါရစေ။ 00:08:02.001 --> 00:08:05.093 ကျွန်တော့ဆီမှာ John ဆိုတဲ့ မိတ်ဆွေ တစ်ယောက်ရှိခဲ့ရာ ရေပိုက်သမားပါ၊ 00:08:05.094 --> 00:08:08.105 သူ့ဖခင်နဲ့သူဟာ အတော်ကလေး အောင်မြင်တဲ့ လုပ်ငန်း ရှိနေခဲ့တယ်၊ 00:08:08.106 --> 00:08:09.659 အဲဒီလို ထင်ခဲ့ရတာပဲလေ။ 00:08:09.660 --> 00:08:10.931 အဲဒါနဲ့ John ကို မေးတယ် 00:08:10.932 --> 00:08:14.560 "ကျွန်တော် လုပ်ငန်းတစ်ခု စချင်တယ်၊ ငါဘာလုပ်သင့်တယ်လို့ ထင်သလဲ။" 00:08:14.561 --> 00:08:16.700 John ဟာ ကျွန်တော့ကို ဘေးကို ခေါ်သွားပြီး၊ 00:08:16.701 --> 00:08:19.371 "Daniel ရယ်၊ မင်း လုပ်ငန်း မစသင့်ဘူး ထင်တယ်၊ 00:08:19.372 --> 00:08:24.357 လုပ်ငန်း 98% ဟာ သုံးနှစ်အတွင်းမှာကို ကျဆုံးကြတယ်။" 00:08:24.358 --> 00:08:28.135 အဲဒီနောက်မှာ သူက ဆက်ပြီး လုပ်ငန်း လုပ်မရနိုင်တာကို၊ အဲဒါ အလုပ် 00:08:28.136 --> 00:08:29.917 မဖြစ်မှာကို ပြောပါသေးတယ်။ 00:08:29.918 --> 00:08:33.739 အပတ်စဉ် နာရီ ၁၀၀ ကျော် အလုပ်လုပ်ရတာ အရမ်းကို ခက်တဲ့ အကြောင်း၊ 00:08:33.740 --> 00:08:35.804 လုပ်သားတွေကို လစာထုတ်ပေးရတာ သိပ်ခဲယဉ်းတာ၊ 00:08:35.806 --> 00:08:40.820 စီးပွားရေးကျလာလို့ ဖောက်သည်အသစ် ရှာရတာ ခဲယဉ်းတာတွေကို ပြောပါတယ်။ 00:08:40.821 --> 00:08:44.148 သူအဲဒီလို ပြောလာတော့ ကျွန်တော် စိတ်ဓာတ် ကျလာကာ စိတ်ပျက်မိတယ်၊ 00:08:44.149 --> 00:08:46.779 အိမ်ကို ပြန်လာတော့ အဲဒီအကြောင်း စဉ်းစားတယ်။ 00:08:46.780 --> 00:08:49.795 ကျွန်တော့ ဒိုင်ယာရီထဲမှာ ရေးမှတ်လိုက်တာက၊ 00:08:49.796 --> 00:08:54.743 "စာရင်းအင်းဆိုတာ ၉၈% က လုပ်ကြံထားတာတွေပါ။" 00:08:54.744 --> 00:08:56.326 ခုနက ပြောခဲ့တဲ့ဟာလည်း အလားတူပါပဲ။ 00:08:58.176 --> 00:09:04.345 ခင်ဗျားတို့ နားလည်ရမှာက အခြားတစ်ယောက်ရဲ့ အမြင်မျိုး ခင်ဗျား ဖြစ်မလာနိုင်တာကိုပါ။ 00:09:05.425 --> 00:09:09.317 ကိုယ့်ဖြစ်နေတာကို ပြောင်းချင်ရင် ကိုယ်ရဲ့ တွေးခေါ်ပုံကို ပြောင်းရမယ်။ 00:09:09.318 --> 00:09:11.890 ပြီးတော့ ခင်ဗျားကို ဝန်းရံနေတဲ့သူတွေကို ပြောင်းရမယ်။ 00:09:11.891 --> 00:09:14.577 ခင်ဗျားကို ကူပေးနိုင်ကြသူကို ကိုယ့်ဘာသာကိုယ် ရှာရမယ်။ 00:09:14.578 --> 00:09:17.997 ကိုယ့်ထက် တော်သူတွေ၊ ကိုယ့်ထက် ရှေ့ကို တက်လှမ်းနိုင်ခဲ့သူတွေ လိုပါတယ်၊ 00:09:17.998 --> 00:09:21.712 နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ ဘာလုပ်ရမှာကို သိသူတွေ လိုပါတယ်။ 00:09:21.713 --> 00:09:24.964 တကယ်ကျတော့ ကိုယ်က ရှာနေတဲ့ လူတွေကလည်း 00:09:24.965 --> 00:09:28.982 ခင်ဗျားကို ရှာနေကြတာပါ၊ ဒါပေမဲ့ သူတို့ကို ကိုယ်က ရှာရန်လိုပါတယ်။ 00:09:28.983 --> 00:09:33.030 မကြာခဏဆိုသလို ကျွန်တော်တို့ကို လူစိမ်းတွေ၊ မိသားစုဝင်တွေ ဝန်းရံနေတတ်တယ် 00:09:33.031 --> 00:09:35.954 ဘာမလုပ်ရဘူးဆိုတာ သူတို့ပြောကြပြီး ကျွန်တော်တို့ကို ကန့်သတ်တယ်။ 00:09:35.955 --> 00:09:38.026 လူတွေ အများအပြားဟာ ရည်ရွယ်ချက် မှန်ကြတယ်၊၊ 00:09:38.027 --> 00:09:42.047 ဒါပေမဲ့ မကြာခဏဆိုသလို သူတို့ဟာ မှားရာသို့ လမ်းညွှန်ပေးကြပါတယ်။ 00:09:42.048 --> 00:09:46.055 သူတို့ဟာ ကျွန်တော်တို့ကို ကူပေးလိုကြပေမဲ့၊ ဘယ်လို ကူရမှန်း မသိကြတာပါ။ 00:09:46.056 --> 00:09:48.300 အဲဒါကို လုပ်တတ်သူတွေကို ရှာကြပါ။ 00:09:48.301 --> 00:09:51.294 လူအများက မေးကြတယ်- "Daniel ရာ၊ အဲဒီလူတွေကို ဘယ်လို ရှာလဲ။" 00:09:51.295 --> 00:09:52.233 အလွယ်လေးပါ။ 00:09:52.234 --> 00:09:55.237 ခင်ဗျားတို့က အဆင့်တစ်ကို လုပ်ခဲ့ရင်၊ စာအုပ်တွေ ဖတ်ခဲ့တယ် ဆိုရင်၊ 00:09:55.238 --> 00:09:59.130 စာအုပ်ရဲ့ နောက်ကျောမှာ "စာရေးသူ အကြောင်း" ဆိုတဲ့ အပိုင်းပါပါတယ်။ 00:09:59.131 --> 00:10:02.299 ကျွန်တော်ဟာ စာရေးသူတွေကို ဆက်သွယ်ဖို့ ကြိုးစားပါတယ်။ 00:10:02.300 --> 00:10:04.395 ကျွန်တော်တို့ ထောင်စုနှစ်သစ်ထဲ နေရတာ 00:10:04.396 --> 00:10:07.795 ကံကောင်းတယ်၊ သူတို့ရဲ့ လူမှုရေး မီဒီယာ၊ ဝဘ်ဆိုက်ကို ရှာတွေ့နိုင်ပါတယ်၊ 00:10:07.796 --> 00:10:09.989 သူတို့နဲ့ ဆက်သွယ် ဆွေးနွေးခွင့် ရှိနေပါတယ်။ 00:10:09.990 --> 00:10:14.323 သူတို့ ပို့ချလိုတာက ဘာလဲ ဆိုတာကို တကယ့်ကို နားလည်ရင် ကျွန်တော်တို့ ပြောင်းလာနိုင်တယ်။ 00:10:14.324 --> 00:10:18.920 ကျွန်တော်တို့က မေးခွန်းတွေကို မေးတတ်ရင်၊ ကိုယ့်ဘဝကို အကြီးအကျယ် မြှင့်တင်နိုင်မယ်။ 00:10:18.921 --> 00:10:22.125 ခုနကပြောခဲ့သလို ကိုယ်ရှာနေတဲ့ သူတွေကလည်း ကိုယ့်ကို ရှာနေတာမမေ့ပါနဲ့၊ 00:10:22.126 --> 00:10:24.314 ဒီတော့ ကိုယ်က သူတို့နားကို ရောက်ဖို့ လိုပါတယ်။ 00:10:24.315 --> 00:10:28.024 ကျွန်တော့ရဲ့ နောက်ဆုံး အကြံပေးချက်က ပိုမြင့်တဲ့ ပန်းတိုင်တွေ ချမှတ်ဖို့ပါပဲ၊ 00:10:28.025 --> 00:10:29.990 ခင်ဗျားတို့ကို မြှင့်တင်ပေးဖို့ပါ၊ 00:10:29.991 --> 00:10:32.990 ၎င်းတို့က ခင်ဗျားတို့ရဲ့ အလားအလာတွေကို ပိုဖြစ်ထွန်းလာစေပါမယ်။ 00:10:32.991 --> 00:10:34.866 လိုက်နာစရာတွေ များပြားလွန်းလို့ လူတွေက 00:10:34.867 --> 00:10:37.796 ပန်းတိုင်တွေကို ဘယ်လို ချမှတ်ရမှန်း မသိကြဘူး။ 00:10:37.797 --> 00:10:40.428 သူတို့ဟာ အဲဒီလို လုပ်ငန်းစဉ်ကို စိတ်ရှုပ်ကြရပါတယ်။ 00:10:40.429 --> 00:10:44.313 လူတော်တော်များများက နှစ်သစ်ကူး ဆုံးဖြတ်ချက်တွေကို သုံးကြတယ်၊ 00:10:44.314 --> 00:10:46.550 ဒါပေမဲ့ နှစ်သစ်ကူး ဆုံးဖြတ်ချက်တွေရဲ့ ပြဿနာက 00:10:46.551 --> 00:10:50.335 ထိုသူဟာ များလှတာတွေကို သိပ်ကို မြန်ဆန်စွာ လုပ်လိုခြင်းပါပဲ။ 00:10:50.336 --> 00:10:52.470 ဥပမာ Doug က ဆေးလိပ် ဖြတ်ချင်တယ်ဆိုပါစို့။ 00:10:52.471 --> 00:10:55.073 ဒီဇင်ဘာ ၃၁ ရက်နေ့မှာ၊ သူက "ငါ ဆုံးဖြတ်လိုက်ပြီ။" 00:10:55.074 --> 00:10:58.964 ဇန်ဝါရီ ၁ ရက်ကျတော့၊ "ငါ ဖြတ်လိုက်ပြီ၊ သေချာတယ်။" 00:10:58.965 --> 00:11:03.225 သူဟာ သူ့ပန်းတိုင်တွေကို လက်လှမ်းမှီရန် စီမံကိန်းကို မပြုစုခဲ့ပါဘူး၊ 00:11:03.226 --> 00:11:05.516 အဲဒါကြောင့် လက်တွေ့မကျပါ။ 00:11:05.517 --> 00:11:08.073 တချို့သူတွေက မသေခင် လုပ်ချင်တာကို စာရင်း လုပ်ကြပါတယ်၊ 00:11:08.074 --> 00:11:10.353 မသေခင် လုပ်မယ့်စာရင်းဆိုတာ အများအားဖြင့်၊ 00:11:10.354 --> 00:11:12.872 သူတို့ဟာ ကိုယ့်ကိုကိုယ် ပေးတဲ့ အချိန်ဟာ များလွန်းတယ်။ 00:11:12.873 --> 00:11:17.215 အရေးတကြီး လုပ်ရန်မလို၊ အများစုက သူတို့ရဲ့ ပန်းတိုင်တွေကို ချတောင်မရေးကြပါ။ 00:11:17.216 --> 00:11:19.061 ဒီတော့၊ "ခင်ဗျားက ဘာအကြံပေးချင်လဲ။" 00:11:19.062 --> 00:11:20.480 မေးတာကို ဝမ်းသာပါတယ်။ 00:11:20.481 --> 00:11:23.982 ခင်ဗျားတို့ရဲ့ ပန်းတိုင်တွေကို ချရေးကြပါရန် အကြံပေးလိုပါတယ်။ 00:11:23.983 --> 00:11:27.181 ခဲတံနဲ့ ချရေးလိုက်ရင် ထက်မြက်တဲ့ ဦးနှောက်ထက် ပိုကောင်းမှာ သေချာတယ်၊ 00:11:27.182 --> 00:11:31.318 ကိုယ့်မသိစိတ်ကိုပါ လှုံ့ဆော်ပေးနိုင်ဖို့ ကိုယ့် ပန်းတိုင်တွေကို စာနဲ့ချရေးလိုက်ပါ၊ 00:11:31.319 --> 00:11:34.623 စာရင်းက သင်တို့ ဖြစ်နိုင်ရာသို့ မှန်မှန်ကြီး ခေါ်ဆောင်သွားမှာပါ။ 00:11:34.624 --> 00:11:37.143 တစ်ကမ္ဘာလုံး ပို့ချလာခဲ့တဲ့ ကျွန်တော့ နည်းရှိတယ်၊ 00:11:37.144 --> 00:11:39.044 "စိတ်ကူး ၂၀ နည်း"လို့ ခေါ်ပါတယ်။ 00:11:39.045 --> 00:11:40.784 တကယ်တမ်းတွင်၊ ကိုယ်လုပ်ရမှာက၊ 00:11:40.785 --> 00:11:44.539 ကိုယ်က ရုပ်လုံးဖေါ်လိုတဲ့ အထွတ်အထိပ်ကျဆုံး ပန်းတိုင် တစ်ခုကို ရွေးလိုက်ပါ၊ 00:11:44.540 --> 00:11:48.995 အဲဒီပန်းတိုင်နဲ့ ဆက်စပ်နေကြတဲ့ စိတ်ပူး ၂၀ ကို ဆန်းစစ်ပါ။ 00:11:48.996 --> 00:11:53.216 ဥပမာ တစ်ခုအဖြစ်၊ ခင်ဗျားဟာ ပိုကောင်းတဲ့ ဟောပြောသူ ဖြစ်ချင်တယ်ဆိုပါစို့။ 00:11:53.217 --> 00:11:55.065 လုပ်နိုင်တဲ့ အချက် အချို့ကို ဆန်းစစ်ပါ။ 00:11:55.066 --> 00:11:57.600 ကောင်းပြီ၊ ခင်ဗျားတို့ TED talks ကို ကြည့်နိုင်တယ်၊ 00:11:57.601 --> 00:12:02.117 ကြည့်မှန်ရှေ့မှာ ရပ်နေလျက် မိန့်ခွန်း ပြောပုံကို လေ့ကျင့်နိုင်ပါတယ်၊ 00:12:02.118 --> 00:12:04.300 ဒါမှမဟုတ် အဘိဓာန်ကို နေ့စဉ် ဖတ်နိုင်ပါတယ်။ 00:12:04.301 --> 00:12:08.795 ကိုယ်လုပ်နိုင်တဲ့ အရာတွေ များပြားလှပါတယ်၊ ဒါပေမဲ့ စိတ်ကူး ၂၀ ကို ရှာနိုင်ပါသလား။ 00:12:08.796 --> 00:12:12.657 "ရတာပေါ့၊ လိုအပ်ရင် ၁၀၀ ကိုတောင် ရှာလို့ ရမှာပါ။" 00:12:12.658 --> 00:12:15.873 ဘဝဆိုင်ရာ မျက်နှာစာတိုင်းမှာ အဲဒီလို လုပ်ခဲ့မှာ စိတ်ကူးကြည့်ပါ၊ 00:12:15.874 --> 00:12:19.221 ဘဏ္ဍာရေးထဲမှာ၊ ရာထူးတက်ရေးအတွက်၊ ကိုယ့်မိသားစုအတွက် စသဖြင့်၊ 00:12:19.222 --> 00:12:22.023 နေ့စဉ် ကိုယ့်ပန်းတိုင်တွေကို ချရေးခဲ့မှာကို။ 00:12:22.024 --> 00:12:25.274 ခင်ဗျားတို့ဟာ ဘဝထဲမှာ အရာတွေ အများကြီးကို ပြုလုပ်နိုင်ခဲ့ကြမှာပါ။ 00:12:25.275 --> 00:12:28.579 အောင်မြင်ဖို့အတွက် လိုသမျှ အားလုံး ကျွန်တော်တို့ဆီမှာ ရှိပါတယ်၊ 00:12:28.580 --> 00:12:32.557 ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တာကို ပိုပြီး ရယူနိုင်ရန် ရှိနေတဲ့ အရာတွေကို ယူရပါမယ်၊ 00:12:32.558 --> 00:12:35.803 ကျွန်တော်တို့ မောင်းနေကြတဲ့ ကားတွေ၊ ကျွန်တော်တို့ရဲ့ အဝတ်အစားမှ အစ၊ 00:12:35.804 --> 00:12:38.768 ကျွန်တော်တို့ စားကြတဲ့ အစားအစာ၊ တွေ့ကြတဲ့ လူတွေ အဆုံးမှ ယူရမယ်။ 00:12:38.769 --> 00:12:45.368 အဲဒီလို များမြောင်းလှတဲ့ အရာတွေထဲတွင် အောင်မြင်ရန်အတွက် လိုတာ အားလုံး ရှိပါတယ်၊ 00:12:45.369 --> 00:12:47.188 ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်ရပါမယ်။ 00:12:47.189 --> 00:12:49.039 ကိုယ့်ကိုယ်ကို ယုံကြည်တယ်ဆိုရင်၊ 00:12:49.040 --> 00:12:52.256 ကမ္ဘာပေါ်မှာ ရှိကြသမျှလူတွေက ခင်ဗျားကို ယုံကြည်ကြတာကို တွေ့ရမှာပါ။ 00:12:52.257 --> 00:12:54.340 ခင်ဗျားတို့ ကြီးမားစွာ စဉ်းစားရပါမယ်။ 00:12:54.341 --> 00:12:57.132 စဉ်းစားတာ ကြီးရင်၊ လုပ်တာ ကြီးမယ်၊ အောင်မြင်မှု ကြီးမယ်။ 00:12:57.133 --> 00:13:00.783 တကယ်တော့၊ B-I-G စာ ကျွန်တော် ဒီနေ့ မျှဝေချင်တဲ့ စိတ်ကူး ၃ ခုပါပဲ- 00:13:00.792 --> 00:13:02.459 B -- ဖတ်ရမယ့် စာအုပ်တွေပါ၊ 00:13:02.460 --> 00:13:04.958 I -- တွေ့ကြရမယ့် individuals လူတွေပါ၊ 00:13:04.959 --> 00:13:07.828 နောက်ဆုံး G -- ကိုယ် ချမှတ်တဲ့ goals ပန်းတိုင်တွေပါ။ 00:13:07.829 --> 00:13:12.080 Books၊ individuals နှင့် goals - အောင်မြင်ဖို့အတွက် လိုတာက အဲဒါတွေပါပဲ၊ 00:13:12.081 --> 00:13:14.351 ကိုယ် စဉ်းစားတာ ကြီးမားရင်၊ ရလဒ်ကလည်း ကြီးပါမယ်။ 00:13:14.352 --> 00:13:17.203 မိတ်ဆွေတို့ အားလုံးပါ ကြီးမားစွာ အောင်မြင်ကြမှာပါ။ 00:13:17.204 --> 00:13:18.068 ကျေးဇူးတင်ပါတယ်။ 00:13:18.069 --> 00:13:19.001 (လက်ခုပ်တီးသံများ)