< Return to Video

ပန်းနာဖြစ်ပုံက ဘယ်လိုများလဲ။ - Christopher E. Gaw

  • 0:08 - 0:11
    အဲဒါဟာ ချောင်းဆိုးမှုနဲ့
  • 0:11 - 0:12
    ဒါမှမဟုတ် ချွဲသံနဲ့ စတတ်ပါတယ်။
  • 0:12 - 0:14
    မကြာခင်မှာပဲ ကိုယ့်ရင်ဘတ် ပြည့်ကျပ်လာတယ်။
  • 0:14 - 0:17
    ကိုယ့်အသက်ရှူမှု မြန်လာလျက်
    အပြည့်ရှုမရဘဲ
  • 0:17 - 0:20
    အသက်ရှုရတာ မလောက်ပါဘူး။
  • 0:20 - 0:23
    အဲဒါ ပန်းနာရင်ကျပ်ရဲ့
    သာမန်လက္ခဏာတွေပါ။
  • 0:23 - 0:28
    တကမ္ဘာလုံးမှာ လူသန်း ၃၀၀ ကျော်တို့ဟာ
    ပန်းနာရောဂါ ရှိနေကြပြီး၊
  • 0:28 - 0:32
    နှစ်စဉ် လူ ၂၅၀၀၀၀ ခန့်တို့ဟာ
    အဲဒီရောဂါနဲ့ သေဆုံးကြပါတယ်။
  • 0:32 - 0:38
    ဒါနဲ့ လူတွေ ပန်းနာ ဖြစ်လာကြတာ ဘာကြောင့်လဲ
    ပြီးတော့ အဲဒီလို သေဆုံးကြရတာ ဘာကြောင့်လဲ။
  • 0:38 - 0:40
    ပန်းနာဟာ အသက်ရှူမှု စနစ်ကို
    ထိခိုက်စေပါတယ်၊
  • 0:40 - 0:42
    အထူးသဖြင့် လေရှူရာ
    လမ်းကြောင်းကလေးတွေပါ၊
  • 0:42 - 0:45
    ထိုကဲ့သို့သော အသက်ရှူရေး
    လေပြွန်နဲ့အဲဒါရဲ့အဖျားတွေပါ။
  • 0:45 - 0:49
    အဲဒီအသက်ရှူရာ လမ်းကြောင်းတွေမှာ
    mucosa ခေါ် အတွင်းပိုင်းအလွှာ ရှိပြီး
  • 0:49 - 0:52
    ၎င်းကို ချောမွေ့နေတဲ့
    ကြွက်သားတွေ ဝန်းရံထားပါတယ်။
  • 0:52 - 0:56
    ပန်းနာရှိသူတွေမှာ အဲဒီလမ်းကြောင်းတွေဟာ
    နာတာရှည် ရောင်ရမ်းနေတတ်လို့
  • 0:56 - 1:00
    သူတို့ဟာ တချို့ ဆွပေးတဲ့ အရာတွေကို
    သိပ်ကို ပြင်းထန်စွာ တုံ့ပြန်တတ်ကြတယ်။
  • 1:00 - 1:03
    ပန်းနာကို ထိုးဆွပေးနိုင်တဲ့ အရာတွေ
    ထဲက တချို့တို့မှာ ဆေးရွက်မီးခိုး၊
  • 1:03 - 1:04
    ဝတ်မှုန်၊
  • 1:04 - 1:05
    ဖုန်မှုန့်၊
  • 1:05 - 1:06
    အမွှေးနံ့သာ၊
  • 1:06 - 1:07
    လေ့ကျင့်ခန်း၊
  • 1:07 - 1:08
    အေးလွန်းတဲ့ရာသီဥတု၊
  • 1:08 - 1:10
    စိတ်ဖိစီးမှု၊
  • 1:10 - 1:11
    ရိုးရိုး အအေးမိမှု ဖြစ်ပါတယ်။
  • 1:11 - 1:15
    ပန်းနာရင်ရှိသူ တစ်ယောက် အဲဒါမျိုး
    တစ်ခုခုကို ရင်ဆိုင်ရရက်၊
  • 1:15 - 1:20
    ပန်းနာရင်ကျပ်တာ ပေါ်ပေါက်လာခြင်း
    ဒါမှမဟုတ် အခြေအနေဆိုးလာတတ်ပါတယ်။
  • 1:20 - 1:25
    ဒါပေမဲ့ ခုနက ပြောတဲ့ အချက်တွေက
    ပန်းနာရင်ကျပ်အောင် ဘယ်လိုလုပ်ပစ်တာလဲ။
  • 1:25 - 1:27
    ပန်းနာရှိသူဟာ
    ထိုးဆွပေးတဲ့ အချက်နဲ့ တွေ့မိရင်၊
  • 1:27 - 1:31
    သူတို့အဆုတ်ထဲက အသက်ရှူလမ်းကြောင်းလေးထဲ
    ရစ်ပတ်ထားတဲ့ ကြွက်သားဟာ
  • 1:31 - 1:34
    ကျုံ့လာပြီး ကျဉ်းမြောင်းလာတတ်တယ်။
  • 1:34 - 1:37
    တချိန်တည်းမှာ ဆွပေးတဲ့ အရာကြောင့်
    ရောင်ရမ်းမှုဟာ ပိုဆိုးလာတယ်၊
  • 1:37 - 1:40
    ခုနက mucosa အလွှာကို ပိုပြီး ရောင်လာစေပြီး
  • 1:40 - 1:43
    ချွဲပိုပြီး ထွက်စေတယ်။
  • 1:43 - 1:44
    သာမန်အခြေအနေမျိုးမှာ၊
  • 1:44 - 1:49
    ခန္ဓာကိုယ်က ချွဲဖြင့် ဝတ်မှုန် ဒါမှမဟုတ်
    ဖုန်မှုန့်လို အပိုင်းတွေကို ဖမ်းယူတတ်ပေမဲ့
  • 1:49 - 1:51
    ပန်းနာရင်ကျပ်ချိန်မှာ ကျတော့၊
  • 1:51 - 1:58
    ကျဉ်းနေတဲ့ အသက်ရှူလမ်းတွေကို ပိတ်ဆို့လျက်
    အသက်ရှူမှုကို ပိုလို့ ခက်လာစေပါတယ်။
  • 1:58 - 2:01
    အဲဒီလို အကြောင်းအရာတွေကမှ
    ပန်းနာရင်ကျပ်မှုကို ဖြစ်ပေါ်လာစေကြတာပါ။
  • 2:01 - 2:05
    ချောမွေ့ရမယ့် ကြွက်သားတွေ တင်းကျပ်လာရင်
    ရင်ဘတ်ထဲ ပြည့်ကျပ်သလို ခံစားရပါတယ်။
  • 2:05 - 2:09
    ချွဲများလာပြီး ပိုပြီး ရောင်ရမ်း
    လာမှုကြောင့် ချောင်းဆိုးလာနိုင်ပါတယ်။
  • 2:09 - 2:10
    တဝီဝီအသံမြည်တာ ကျတော့ကော။
  • 2:10 - 2:13
    အသက်ရှူရာ လမ်းကြောင်းတွေ
    ကျဉ်းလာလို့
  • 2:13 - 2:18
    လေက အဲဒီလို ကျဉ်းနေတဲ့ နေရာတွေကို
    ဖြတ်သွားချိန်မှာ မြည်လာတာပါ။
  • 2:18 - 2:22
    ဒီလို ရောဂါလက္ခဏာတွေကြောင့် လူနာဟာ
    အသက်ရှူရန် လေမရှိသလို ခံစားရနိုင်ပါတယ်။
  • 2:22 - 2:25
    ပိုဆိုးဝါးတဲ့ တိုက်ဆိုင်မှု တစ်ခုကြောင့်
    ပန်းနာရင်ကျပ်ချိန်မှာ၊
  • 2:25 - 2:29
    ရောင်ရမ်းမှုဟာ အသက်ရှူထုတ်မှုကို
    အသက်ရှူသွင်းမှုထက် ပိုပြီး ခက်ခဲလာစေတယ်။
  • 2:29 - 2:34
    အချိန်ကြာတော့ အဲဒါကြောင့် အဆုတ်ထဲမှာ
    ကျန်နေတဲ့ လေဟာ ပိုလျှံလာလျက်၊
  • 2:34 - 2:36
    ဖွေင်းပွမှုမျိုးကို ဖြစ်ပေါ်လာစေတတ်ပါတယ်။
  • 2:36 - 2:41
    အဆုတ်ထဲတွင် လေပိတ်နေမှုကြောင့်
    ခန္ဓာကိုယ်ဟာ လေကို ရှူသွင်းရန်၊ ထုတ်ရန်
  • 2:41 - 2:43
    ပိုပြီး ပင်ပန်းစွာ လုပ်ကိုင်ရပါတယ်။
  • 2:43 - 2:49
    အဲဒါကြာလာရင် ခန္ဓာကိုယ်ရဲ့ အင်္ဂါများနဲ့
    တစ်ရှူးများမှာ အောက်စီဂျင် နည်းလာတတ်ပါတယ်။
  • 2:49 - 2:53
    တစ်ခါတစ်ရံမှာ ပြင်းထန်တဲ့ ပန်းနာကို
    ကုသမပေးခဲ့လျှင်၊
  • 2:53 - 2:55
    ကိုယ်ခန္ဓာဟာ ဆက်မခံနိုင်တော့ဘဲ
  • 2:55 - 2:58
    အောက်စီဂျင် မလုံလောက်မှုကြောင့်
    သေဆုံးသွားတာမျိုး ကြုံရနိုင်ပါတယ်။
  • 2:58 - 3:02
    ဒီတော့ ပန်းနာရှိကြသူတွေဆီမှာ အဲဒီလို
    စိုးရိမ်ဖွယ်ရာ သေနိုင်တဲ့ ရင်ကျပ်မှုကို
  • 3:02 - 3:04
    ဟန့်တားရန် ကျွန်ုပ်တို့ ဘာတွေ လုပ်ပေးရမလဲ။
  • 3:04 - 3:07
    ပထမတနည်းက ရောဂါဆွပေးတဲ့
    အရာတွေကို နည်းလာစေရန် ဖြစ်တယ်။
  • 3:07 - 3:10
    ကျွန်ုပ်တို့ ကမ္ဘာကြီးဟာ ကြိုတင်
    ခန့်မှန်းရန် မလွယ်တဲ့ နေရာမို့
  • 3:10 - 3:14
    ရောဂါဆွပေးတဲ့ အရာတွေနဲ့ မတွေ့မိရေးကို
    အမြဲတမ်း ထိန်းချုပ်မရနိုင်ပါ။
  • 3:14 - 3:19
    အဲဒီလို အခြေအနေမျိုးမှာ ရှူဆေးဘူးတွေ
    ဝင်ကူပေးကြရပါတယ်။
  • 3:19 - 3:24
    အဲဒီဆေးတွေဟာ ပန်းနာသမားတွေကို ပန်းနာ ရောဂါ
    လက္ခဏာတွေကို ထိန်းချုပ်ခွင့် ပေးနိုင်တယ်။
  • 3:24 - 3:27
    ရှူဆေးတွေဟာ ထိခိုက်ထားတဲ့
    အသက်ရှူလမ်းကြောင်းတွေကို ကုသပေးပါတယ်၊
  • 3:27 - 3:33
    အရည်မှုန်တွေ ဒါမှမဟုတ် ဆေးမှုန်တွေက
    ပြဿနာရဲ့ ဇာတ်မြစ်တွင် ကုပေးနိုင်တယ်။
  • 3:33 - 3:35
    အဲဒီဆေးတွေ ပုံစံနှစ်မျိုးဖြင့် လာကြတယ်။
  • 3:35 - 3:37
    ရောဂါ သက်သာစေတဲ့ ဆေးတွေရှိပါတယ်၊
  • 3:37 - 3:41
    ရောဂါလက္ခဏာတွေကို ချက်ချင်း ကုသပေးတဲ့
    beta-agonist တွေ ပါတတ်တယ်။
  • 3:41 - 3:44
    beta-agonist တွေဟာ မာကျောနေတဲ့
    ကြွက်သွားတွေကို ပြေလျော့လာစေလို့
  • 3:44 - 3:50
    အသက်ရှူ လမ်းကြောင်းကို ချဲ့ပေးခြင်းဖြင့်
    အဆုတ်ထဲ လေဝင်ထွက်မှုကို ခွင့်ပြုပေးပါတယ်။
  • 3:50 - 3:54
    နောက် ရှူဆေးဘူးတွေက ကြိုတင်ကာကွယ်ရေး
    ဆေးပုံစံမျိုးပါ။
  • 3:54 - 3:56
    ပန်းနာရဲ့ ရောဂါလက္ခဏာတွေကို
    ရေရှည် ကုသပေးမှု ဖြစ်ပြီး
  • 3:56 - 3:59
    corticosteroidတွေ ပါဝင်တတ်ပါတယ်။
  • 3:59 - 4:03
    Corticosteroid တွေဟာ အသက်ရှူ လေကြောင်းရဲ့
    အာရုံခံနိုင်စွမ်းကို လျှော့ချပေးလျက်
  • 4:03 - 4:06
    ပန်းနာရင်ကျပ်မှုကို
    ထိန်းချုပ်ပေးနိုင်ပါတယ်။
  • 4:06 - 4:09
    ပြီးတော့ နာတတာရှည် ပန်းနာကြောင့်
    အသက်ရှူ လမ်းကြောင်းမှာ
  • 4:09 - 4:10
    အနာရွတ်တွေ ပေါ်လာတတ်ကြတာကို
  • 4:10 - 4:12
    ကုသပေးရာတွင်လည်း ၎င်းတို့ဟာ အရေးပါကြပါတယ်။
  • 4:12 - 4:14
    ရှူဆေးဘူးတွေဟာ တော်တော့ကို ထိရောက်ကြပါတယ်၊
  • 4:14 - 4:18
    လူများစွာတို့ရဲ့ အသက်ရှင် နေထိုင်မှုကို
    ပိုကောင်းအောင် ကူပေးခဲ့ကြပါတယ်။
  • 4:18 - 4:21
    ကျွန်ုပ်တို့က ပန်းနာရို ကုသလာခဲ့ကြပုံနဲ့
    ပန်းနာရောဂါကို
  • 4:21 - 4:23
    စူးစမ်းဖေါ်ထုတ်ရာတွင်
  • 4:23 - 4:26
    အတော်လေး တိုးတက်လာခဲ့ကြပေမဲ့
    ၎င်းရဲ့ အကြောင်းရင်းကို မသိကြသေးပါ။
  • 4:26 - 4:29
    လောလောဆယ်တွင် ကျွန်ုပ်တို့ဟာ မျိုးဗီဇနှင့်
    ပတ်ဝန်းကျင် အချက်တွေ ပေါင်းဆုံလျက်
  • 4:29 - 4:31
    အထူးသဖြင့် ကလေးဘဝတွင်
  • 4:31 - 4:34
    အဲဒီလို အကျိုးသက်ရောက်ခဲ့တယ်လို့
    ယူဆကြပါတယ်။
  • 4:34 - 4:38
    မကြာမီက သုတေသနတွေက ပန်းနာရောဂါဟာ ဆင်းရဲ
    မွဲတေမှုနှင့် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
  • 4:38 - 4:39
    တကယ်တော့
  • 4:39 - 4:43
    ညစ်ညမ်းပစ္စည်းများနဲ့ ပိုထိတွေ့ရမှုများနဲ့
    ပတ်ဝန်းကျင်ထဲက ဆိုးဝါးစေတဲ့ အရာများနဲ့
  • 4:43 - 4:47
    ကျန်းမာရေး စောင့်ရှောက်မှု ဒါမှမဟုတ်
    ကုသမှု အလားအလာနည်းမှုနဲ့ ဆက်စပ်နိုင်ပါတယ်။
  • 4:47 - 4:50
    ပန်းနာဆိုင်ရာ ကျွန်တော်တို့သိရှိတာ
    တိုးတက်ကောင်းမွန်လာနေလို့
  • 4:50 - 4:55
    လူတွေရဲ့ အသက်ရှူလမ်းတွေ ပျော်ရွှင် ကျန်းမာ
    စေမယ့် နည်းကောင်းကို ရှာတွေ့လာနိုင်မှာပါ။
Title:
ပန်းနာဖြစ်ပုံက ဘယ်လိုများလဲ။ - Christopher E. Gaw
Description:

သင်ခန်းစာ အပြည့်အစုံကို ကြည့်ရန်မှာ- http://ed.ted.com/lessons/how-does-asthma-work-christopher-e-gaw

တကမ္ဘာလုံးမှာ လူသန်း ၃၀၀ ကျော်တို့ဟာ ပန်းနာရောဂါ ရှိနေကြပြီး၊ နှစ်စဉ် လူ ၂၅၀၀၀၀ ခန့်တို့ဟာ
အဲဒီရောဂါနဲ့ သေဆုံးကြရပါတယ်။ ဒါနဲ့ လူတွေ ပန်းနာ ဖြစ်လာကြတာ ဘာ​ကြောင့်လဲ။ ပြီးတော့ အဲဒီလို သေဆုံးကြရတာ ဘာ​ကြောင့်လဲ။ Christopher E. Gaw က ပန်းနာရဲ့ အဓိကအကျဆုံး ရောဂါလက္ခဏာများနဲ့ ကုသနည်းတွေ အကြောင်းကို တင်ပြထားပါတယ်။

Christopher E. Gaw ရဲ့ သင်ခန်းစာကို Zedem Media မှ လှုပ်ရှားပုံများဖြင့် တင်ဆက်ပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:10

Burmese subtitles

Revisions