WEBVTT 00:00:07.595 --> 00:00:10.575 အဲဒါဟာ ချောင်းဆိုးမှုနဲ့ 00:00:10.575 --> 00:00:12.051 ဒါမှမဟုတ် ချွဲသံနဲ့ စတတ်ပါတယ်။ 00:00:12.051 --> 00:00:14.374 မကြာခင်မှာပဲ ကိုယ့်ရင်ဘတ် ပြည့်ကျပ်လာတယ်။ 00:00:14.374 --> 00:00:17.216 ကိုယ့်အသက်ရှူမှု မြန်လာလျက် အပြည့်ရှုမရဘဲ 00:00:17.216 --> 00:00:19.594 အသက်ရှုရတာ မလောက်ပါဘူး။ 00:00:19.594 --> 00:00:23.385 အဲဒါ ပန်းနာရင်ကျပ်ရဲ့ သာမန်လက္ခဏာတွေပါ။ 00:00:23.385 --> 00:00:27.746 တကမ္ဘာလုံးမှာ လူသန်း ၃၀၀ ကျော်တို့ဟာ ပန်းနာရောဂါ ရှိနေကြပြီး၊ 00:00:27.746 --> 00:00:32.423 နှစ်စဉ် လူ ၂၅၀၀၀၀ ခန့်တို့ဟာ အဲဒီရောဂါနဲ့ သေဆုံးကြပါတယ်။ 00:00:32.423 --> 00:00:37.627 ဒါနဲ့ လူတွေ ပန်းနာ ဖြစ်လာကြတာ ဘာကြောင့်လဲ ပြီးတော့ အဲဒီလို သေဆုံးကြရတာ ဘာကြောင့်လဲ။ 00:00:37.627 --> 00:00:39.904 ပန်းနာဟာ အသက်ရှူမှု စနစ်ကို ထိခိုက်စေပါတယ်၊ 00:00:39.904 --> 00:00:42.378 အထူးသဖြင့် လေရှူရာ လမ်းကြောင်းကလေးတွေပါ၊ 00:00:42.378 --> 00:00:45.415 ထိုကဲ့သို့သော အသက်ရှူရေး လေပြွန်နဲ့အဲဒါရဲ့အဖျားတွေပါ။ 00:00:45.415 --> 00:00:48.816 အဲဒီအသက်ရှူရာ လမ်းကြောင်းတွေမှာ mucosa ခေါ် အတွင်းပိုင်းအလွှာ ရှိပြီး 00:00:48.816 --> 00:00:52.436 ၎င်းကို ချောမွေ့နေတဲ့ ကြွက်သားတွေ ဝန်းရံထားပါတယ်။ 00:00:52.436 --> 00:00:56.366 ပန်းနာရှိသူတွေမှာ အဲဒီလမ်းကြောင်းတွေဟာ နာတာရှည် ရောင်ရမ်းနေတတ်လို့ 00:00:56.366 --> 00:01:00.097 သူတို့ဟာ တချို့ ဆွပေးတဲ့ အရာတွေကို သိပ်ကို ပြင်းထန်စွာ တုံ့ပြန်တတ်ကြတယ်။ 00:01:00.097 --> 00:01:03.297 ပန်းနာကို ထိုးဆွပေးနိုင်တဲ့ အရာတွေ ထဲက တချို့တို့မှာ ဆေးရွက်မီးခိုး၊ 00:01:03.297 --> 00:01:04.425 ဝတ်မှုန်၊ 00:01:04.425 --> 00:01:05.212 ဖုန်မှုန့်၊ 00:01:05.212 --> 00:01:06.137 အမွှေးနံ့သာ၊ 00:01:06.137 --> 00:01:07.066 လေ့ကျင့်ခန်း၊ 00:01:07.066 --> 00:01:08.096 အေးလွန်းတဲ့ရာသီဥတု၊ 00:01:08.096 --> 00:01:09.698 စိတ်ဖိစီးမှု၊ 00:01:09.698 --> 00:01:11.476 ရိုးရိုး အအေးမိမှု ဖြစ်ပါတယ်။ 00:01:11.476 --> 00:01:14.917 ပန်းနာရင်ရှိသူ တစ်ယောက် အဲဒါမျိုး တစ်ခုခုကို ရင်ဆိုင်ရရက်၊ 00:01:14.917 --> 00:01:19.537 ပန်းနာရင်ကျပ်တာ ပေါ်ပေါက်လာခြင်း ဒါမှမဟုတ် အခြေအနေဆိုးလာတတ်ပါတယ်။ 00:01:19.537 --> 00:01:24.608 ဒါပေမဲ့ ခုနက ပြောတဲ့ အချက်တွေက ပန်းနာရင်ကျပ်အောင် ဘယ်လိုလုပ်ပစ်တာလဲ။ 00:01:24.608 --> 00:01:26.997 ပန်းနာရှိသူဟာ ထိုးဆွပေးတဲ့ အချက်နဲ့ တွေ့မိရင်၊ 00:01:26.997 --> 00:01:30.967 သူတို့အဆုတ်ထဲက အသက်ရှူလမ်းကြောင်းလေးထဲ ရစ်ပတ်ထားတဲ့ ကြွက်သားဟာ 00:01:30.967 --> 00:01:33.748 ကျုံ့လာပြီး ကျဉ်းမြောင်းလာတတ်တယ်။ 00:01:33.748 --> 00:01:36.928 တချိန်တည်းမှာ ဆွပေးတဲ့ အရာကြောင့် ရောင်ရမ်းမှုဟာ ပိုဆိုးလာတယ်၊ 00:01:36.928 --> 00:01:40.047 ခုနက mucosa အလွှာကို ပိုပြီး ရောင်လာစေပြီး 00:01:40.047 --> 00:01:42.697 ချွဲပိုပြီး ထွက်စေတယ်။ 00:01:42.697 --> 00:01:44.188 သာမန်အခြေအနေမျိုးမှာ၊ 00:01:44.188 --> 00:01:49.498 ခန္ဓာကိုယ်က ချွဲဖြင့် ဝတ်မှုန် ဒါမှမဟုတ် ဖုန်မှုန့်လို အပိုင်းတွေကို ဖမ်းယူတတ်ပေမဲ့ 00:01:49.498 --> 00:01:51.233 ပန်းနာရင်ကျပ်ချိန်မှာ ကျတော့၊ 00:01:51.233 --> 00:01:57.528 ကျဉ်းနေတဲ့ အသက်ရှူလမ်းတွေကို ပိတ်ဆို့လျက် အသက်ရှူမှုကို ပိုလို့ ခက်လာစေပါတယ်။ 00:01:57.528 --> 00:02:00.639 အဲဒီလို အကြောင်းအရာတွေကမှ ပန်းနာရင်ကျပ်မှုကို ဖြစ်ပေါ်လာစေကြတာပါ။ 00:02:00.639 --> 00:02:04.969 ချောမွေ့ရမယ့် ကြွက်သားတွေ တင်းကျပ်လာရင် ရင်ဘတ်ထဲ ပြည့်ကျပ်သလို ခံစားရပါတယ်။ 00:02:04.969 --> 00:02:08.639 ချွဲများလာပြီး ပိုပြီး ရောင်ရမ်း လာမှုကြောင့် ချောင်းဆိုးလာနိုင်ပါတယ်။ 00:02:08.639 --> 00:02:10.050 တဝီဝီအသံမြည်တာ ကျတော့ကော။ 00:02:10.050 --> 00:02:12.579 အသက်ရှူရာ လမ်းကြောင်းတွေ ကျဉ်းလာလို့ 00:02:12.579 --> 00:02:18.469 လေက အဲဒီလို ကျဉ်းနေတဲ့ နေရာတွေကို ဖြတ်သွားချိန်မှာ မြည်လာတာပါ။ 00:02:18.469 --> 00:02:22.189 ဒီလို ရောဂါလက္ခဏာတွေကြောင့် လူနာဟာ အသက်ရှူရန် လေမရှိသလို ခံစားရနိုင်ပါတယ်။ 00:02:22.189 --> 00:02:25.277 ပိုဆိုးဝါးတဲ့ တိုက်ဆိုင်မှု တစ်ခုကြောင့် ပန်းနာရင်ကျပ်ချိန်မှာ၊ 00:02:25.277 --> 00:02:29.459 ရောင်ရမ်းမှုဟာ အသက်ရှူထုတ်မှုကို အသက်ရှူသွင်းမှုထက် ပိုပြီး ခက်ခဲလာစေတယ်။ 00:02:29.459 --> 00:02:33.589 အချိန်ကြာတော့ အဲဒါကြောင့် အဆုတ်ထဲမှာ ကျန်နေတဲ့ လေဟာ ပိုလျှံလာလျက်၊ 00:02:33.589 --> 00:02:36.339 ဖွေင်းပွမှုမျိုးကို ဖြစ်ပေါ်လာစေတတ်ပါတယ်။ 00:02:36.339 --> 00:02:40.531 အဆုတ်ထဲတွင် လေပိတ်နေမှုကြောင့် ခန္ဓာကိုယ်ဟာ လေကို ရှူသွင်းရန်၊ ထုတ်ရန် 00:02:40.531 --> 00:02:43.283 ပိုပြီး ပင်ပန်းစွာ လုပ်ကိုင်ရပါတယ်။ 00:02:43.283 --> 00:02:49.353 အဲဒါကြာလာရင် ခန္ဓာကိုယ်ရဲ့ အင်္ဂါများနဲ့ တစ်ရှူးများမှာ အောက်စီဂျင် နည်းလာတတ်ပါတယ်။ 00:02:49.353 --> 00:02:52.670 တစ်ခါတစ်ရံမှာ ပြင်းထန်တဲ့ ပန်းနာကို ကုသမပေးခဲ့လျှင်၊ 00:02:52.670 --> 00:02:54.529 ကိုယ်ခန္ဓာဟာ ဆက်မခံနိုင်တော့ဘဲ 00:02:54.529 --> 00:02:58.099 အောက်စီဂျင် မလုံလောက်မှုကြောင့် သေဆုံးသွားတာမျိုး ကြုံရနိုင်ပါတယ်။ 00:02:58.099 --> 00:03:01.880 ဒီတော့ ပန်းနာရှိကြသူတွေဆီမှာ အဲဒီလို စိုးရိမ်ဖွယ်ရာ သေနိုင်တဲ့ ရင်ကျပ်မှုကို 00:03:01.880 --> 00:03:04.029 ဟန့်တားရန် ကျွန်ုပ်တို့ ဘာတွေ လုပ်ပေးရမလဲ။ 00:03:04.029 --> 00:03:07.388 ပထမတနည်းက ရောဂါဆွပေးတဲ့ အရာတွေကို နည်းလာစေရန် ဖြစ်တယ်။ 00:03:07.388 --> 00:03:10.353 ကျွန်ုပ်တို့ ကမ္ဘာကြီးဟာ ကြိုတင် ခန့်မှန်းရန် မလွယ်တဲ့ နေရာမို့ 00:03:10.353 --> 00:03:13.893 ရောဂါဆွပေးတဲ့ အရာတွေနဲ့ မတွေ့မိရေးကို အမြဲတမ်း ထိန်းချုပ်မရနိုင်ပါ။ 00:03:13.893 --> 00:03:18.717 အဲဒီလို အခြေအနေမျိုးမှာ ရှူဆေးဘူးတွေ ဝင်ကူပေးကြရပါတယ်။ 00:03:18.717 --> 00:03:23.690 အဲဒီဆေးတွေဟာ ပန်းနာသမားတွေကို ပန်းနာ ရောဂါ လက္ခဏာတွေကို ထိန်းချုပ်ခွင့် ပေးနိုင်တယ်။ 00:03:23.690 --> 00:03:27.419 ရှူဆေးတွေဟာ ထိခိုက်ထားတဲ့ အသက်ရှူလမ်းကြောင်းတွေကို ကုသပေးပါတယ်၊ 00:03:27.419 --> 00:03:33.071 အရည်မှုန်တွေ ဒါမှမဟုတ် ဆေးမှုန်တွေက ပြဿနာရဲ့ ဇာတ်မြစ်တွင် ကုပေးနိုင်တယ်။ 00:03:33.071 --> 00:03:35.018 အဲဒီဆေးတွေ ပုံစံနှစ်မျိုးဖြင့် လာကြတယ်။ 00:03:35.018 --> 00:03:36.754 ရောဂါ သက်သာစေတဲ့ ဆေးတွေရှိပါတယ်၊ 00:03:36.754 --> 00:03:40.802 ရောဂါလက္ခဏာတွေကို ချက်ချင်း ကုသပေးတဲ့ beta-agonist တွေ ပါတတ်တယ်။ 00:03:40.802 --> 00:03:43.911 beta-agonist တွေဟာ မာကျောနေတဲ့ ကြွက်သွားတွေကို ပြေလျော့လာစေလို့ 00:03:43.911 --> 00:03:50.132 အသက်ရှူ လမ်းကြောင်းကို ချဲ့ပေးခြင်းဖြင့် အဆုတ်ထဲ လေဝင်ထွက်မှုကို ခွင့်ပြုပေးပါတယ်။ 00:03:50.132 --> 00:03:53.609 နောက် ရှူဆေးဘူးတွေက ကြိုတင်ကာကွယ်ရေး ဆေးပုံစံမျိုးပါ။ 00:03:53.609 --> 00:03:56.363 ပန်းနာရဲ့ ရောဂါလက္ခဏာတွေကို ရေရှည် ကုသပေးမှု ဖြစ်ပြီး 00:03:56.363 --> 00:03:58.572 corticosteroidတွေ ပါဝင်တတ်ပါတယ်။ 00:03:58.572 --> 00:04:02.943 Corticosteroid တွေဟာ အသက်ရှူ လေကြောင်းရဲ့ အာရုံခံနိုင်စွမ်းကို လျှော့ချပေးလျက် 00:04:02.943 --> 00:04:05.763 ပန်းနာရင်ကျပ်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ 00:04:05.763 --> 00:04:08.544 ပြီးတော့ နာတတာရှည် ပန်းနာကြောင့် အသက်ရှူ လမ်းကြောင်းမှာ 00:04:08.544 --> 00:04:10.090 အနာရွတ်တွေ ပေါ်လာတတ်ကြတာကို 00:04:10.090 --> 00:04:12.272 ကုသပေးရာတွင်လည်း ၎င်းတို့ဟာ အရေးပါကြပါတယ်။ 00:04:12.272 --> 00:04:14.334 ရှူဆေးဘူးတွေဟာ တော်တော့ကို ထိရောက်ကြပါတယ်၊ 00:04:14.334 --> 00:04:17.923 လူများစွာတို့ရဲ့ အသက်ရှင် နေထိုင်မှုကို ပိုကောင်းအောင် ကူပေးခဲ့ကြပါတယ်။ 00:04:17.923 --> 00:04:20.581 ကျွန်ုပ်တို့က ပန်းနာရို ကုသလာခဲ့ကြပုံနဲ့ ပန်းနာရောဂါကို 00:04:20.581 --> 00:04:22.563 စူးစမ်းဖေါ်ထုတ်ရာတွင် 00:04:22.563 --> 00:04:25.650 အတော်လေး တိုးတက်လာခဲ့ကြပေမဲ့ ၎င်းရဲ့ အကြောင်းရင်းကို မသိကြသေးပါ။ 00:04:25.650 --> 00:04:29.402 လောလောဆယ်တွင် ကျွန်ုပ်တို့ဟာ မျိုးဗီဇနှင့် ပတ်ဝန်းကျင် အချက်တွေ ပေါင်းဆုံလျက် 00:04:29.402 --> 00:04:30.681 အထူးသဖြင့် ကလေးဘဝတွင် 00:04:30.681 --> 00:04:33.715 အဲဒီလို အကျိုးသက်ရောက်ခဲ့တယ်လို့ ယူဆကြပါတယ်။ 00:04:33.715 --> 00:04:37.734 မကြာမီက သုတေသနတွေက ပန်းနာရောဂါဟာ ဆင်းရဲ မွဲတေမှုနှင့် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ 00:04:37.734 --> 00:04:39.185 တကယ်တော့ 00:04:39.185 --> 00:04:43.139 ညစ်ညမ်းပစ္စည်းများနဲ့ ပိုထိတွေ့ရမှုများနဲ့ ပတ်ဝန်းကျင်ထဲက ဆိုးဝါးစေတဲ့ အရာများနဲ့ 00:04:43.139 --> 00:04:46.975 ကျန်းမာရေး စောင့်ရှောက်မှု ဒါမှမဟုတ် ကုသမှု အလားအလာနည်းမှုနဲ့ ဆက်စပ်နိုင်ပါတယ်။ 00:04:46.975 --> 00:04:49.935 ပန်းနာဆိုင်ရာ ကျွန်တော်တို့သိရှိတာ တိုးတက်ကောင်းမွန်လာနေလို့ 00:04:49.935 --> 00:04:55.083 လူတွေရဲ့ အသက်ရှူလမ်းတွေ ပျော်ရွှင် ကျန်းမာ စေမယ့် နည်းကောင်းကို ရှာတွေ့လာနိုင်မှာပါ။