1 00:00:07,595 --> 00:00:10,575 အဲဒါဟာ ချောင်းဆိုးမှုနဲ့ 2 00:00:10,575 --> 00:00:12,051 ဒါမှမဟုတ် ချွဲသံနဲ့ စတတ်ပါတယ်။ 3 00:00:12,051 --> 00:00:14,374 မကြာခင်မှာပဲ ကိုယ့်ရင်ဘတ် ပြည့်ကျပ်လာတယ်။ 4 00:00:14,374 --> 00:00:17,216 ကိုယ့်အသက်ရှူမှု မြန်လာလျက် အပြည့်ရှုမရဘဲ 5 00:00:17,216 --> 00:00:19,594 အသက်ရှုရတာ မလောက်ပါဘူး။ 6 00:00:19,594 --> 00:00:23,385 အဲဒါ ပန်းနာရင်ကျပ်ရဲ့ သာမန်လက္ခဏာတွေပါ။ 7 00:00:23,385 --> 00:00:27,746 တကမ္ဘာလုံးမှာ လူသန်း ၃၀၀ ကျော်တို့ဟာ ပန်းနာရောဂါ ရှိနေကြပြီး၊ 8 00:00:27,746 --> 00:00:32,423 နှစ်စဉ် လူ ၂၅၀၀၀၀ ခန့်တို့ဟာ အဲဒီရောဂါနဲ့ သေဆုံးကြပါတယ်။ 9 00:00:32,423 --> 00:00:37,627 ဒါနဲ့ လူတွေ ပန်းနာ ဖြစ်လာကြတာ ဘာကြောင့်လဲ ပြီးတော့ အဲဒီလို သေဆုံးကြရတာ ဘာကြောင့်လဲ။ 10 00:00:37,627 --> 00:00:39,904 ပန်းနာဟာ အသက်ရှူမှု စနစ်ကို ထိခိုက်စေပါတယ်၊ 11 00:00:39,904 --> 00:00:42,378 အထူးသဖြင့် လေရှူရာ လမ်းကြောင်းကလေးတွေပါ၊ 12 00:00:42,378 --> 00:00:45,415 ထိုကဲ့သို့သော အသက်ရှူရေး လေပြွန်နဲ့အဲဒါရဲ့အဖျားတွေပါ။ 13 00:00:45,415 --> 00:00:48,816 အဲဒီအသက်ရှူရာ လမ်းကြောင်းတွေမှာ mucosa ခေါ် အတွင်းပိုင်းအလွှာ ရှိပြီး 14 00:00:48,816 --> 00:00:52,436 ၎င်းကို ချောမွေ့နေတဲ့ ကြွက်သားတွေ ဝန်းရံထားပါတယ်။ 15 00:00:52,436 --> 00:00:56,366 ပန်းနာရှိသူတွေမှာ အဲဒီလမ်းကြောင်းတွေဟာ နာတာရှည် ရောင်ရမ်းနေတတ်လို့ 16 00:00:56,366 --> 00:01:00,097 သူတို့ဟာ တချို့ ဆွပေးတဲ့ အရာတွေကို သိပ်ကို ပြင်းထန်စွာ တုံ့ပြန်တတ်ကြတယ်။ 17 00:01:00,097 --> 00:01:03,297 ပန်းနာကို ထိုးဆွပေးနိုင်တဲ့ အရာတွေ ထဲက တချို့တို့မှာ ဆေးရွက်မီးခိုး၊ 18 00:01:03,297 --> 00:01:04,425 ဝတ်မှုန်၊ 19 00:01:04,425 --> 00:01:05,212 ဖုန်မှုန့်၊ 20 00:01:05,212 --> 00:01:06,137 အမွှေးနံ့သာ၊ 21 00:01:06,137 --> 00:01:07,066 လေ့ကျင့်ခန်း၊ 22 00:01:07,066 --> 00:01:08,096 အေးလွန်းတဲ့ရာသီဥတု၊ 23 00:01:08,096 --> 00:01:09,698 စိတ်ဖိစီးမှု၊ 24 00:01:09,698 --> 00:01:11,476 ရိုးရိုး အအေးမိမှု ဖြစ်ပါတယ်။ 25 00:01:11,476 --> 00:01:14,917 ပန်းနာရင်ရှိသူ တစ်ယောက် အဲဒါမျိုး တစ်ခုခုကို ရင်ဆိုင်ရရက်၊ 26 00:01:14,917 --> 00:01:19,537 ပန်းနာရင်ကျပ်တာ ပေါ်ပေါက်လာခြင်း ဒါမှမဟုတ် အခြေအနေဆိုးလာတတ်ပါတယ်။ 27 00:01:19,537 --> 00:01:24,608 ဒါပေမဲ့ ခုနက ပြောတဲ့ အချက်တွေက ပန်းနာရင်ကျပ်အောင် ဘယ်လိုလုပ်ပစ်တာလဲ။ 28 00:01:24,608 --> 00:01:26,997 ပန်းနာရှိသူဟာ ထိုးဆွပေးတဲ့ အချက်နဲ့ တွေ့မိရင်၊ 29 00:01:26,997 --> 00:01:30,967 သူတို့အဆုတ်ထဲက အသက်ရှူလမ်းကြောင်းလေးထဲ ရစ်ပတ်ထားတဲ့ ကြွက်သားဟာ 30 00:01:30,967 --> 00:01:33,748 ကျုံ့လာပြီး ကျဉ်းမြောင်းလာတတ်တယ်။ 31 00:01:33,748 --> 00:01:36,928 တချိန်တည်းမှာ ဆွပေးတဲ့ အရာကြောင့် ရောင်ရမ်းမှုဟာ ပိုဆိုးလာတယ်၊ 32 00:01:36,928 --> 00:01:40,047 ခုနက mucosa အလွှာကို ပိုပြီး ရောင်လာစေပြီး 33 00:01:40,047 --> 00:01:42,697 ချွဲပိုပြီး ထွက်စေတယ်။ 34 00:01:42,697 --> 00:01:44,188 သာမန်အခြေအနေမျိုးမှာ၊ 35 00:01:44,188 --> 00:01:49,498 ခန္ဓာကိုယ်က ချွဲဖြင့် ဝတ်မှုန် ဒါမှမဟုတ် ဖုန်မှုန့်လို အပိုင်းတွေကို ဖမ်းယူတတ်ပေမဲ့ 36 00:01:49,498 --> 00:01:51,233 ပန်းနာရင်ကျပ်ချိန်မှာ ကျတော့၊ 37 00:01:51,233 --> 00:01:57,528 ကျဉ်းနေတဲ့ အသက်ရှူလမ်းတွေကို ပိတ်ဆို့လျက် အသက်ရှူမှုကို ပိုလို့ ခက်လာစေပါတယ်။ 38 00:01:57,528 --> 00:02:00,639 အဲဒီလို အကြောင်းအရာတွေကမှ ပန်းနာရင်ကျပ်မှုကို ဖြစ်ပေါ်လာစေကြတာပါ။ 39 00:02:00,639 --> 00:02:04,969 ချောမွေ့ရမယ့် ကြွက်သားတွေ တင်းကျပ်လာရင် ရင်ဘတ်ထဲ ပြည့်ကျပ်သလို ခံစားရပါတယ်။ 40 00:02:04,969 --> 00:02:08,639 ချွဲများလာပြီး ပိုပြီး ရောင်ရမ်း လာမှုကြောင့် ချောင်းဆိုးလာနိုင်ပါတယ်။ 41 00:02:08,639 --> 00:02:10,050 တဝီဝီအသံမြည်တာ ကျတော့ကော။ 42 00:02:10,050 --> 00:02:12,579 အသက်ရှူရာ လမ်းကြောင်းတွေ ကျဉ်းလာလို့ 43 00:02:12,579 --> 00:02:18,469 လေက အဲဒီလို ကျဉ်းနေတဲ့ နေရာတွေကို ဖြတ်သွားချိန်မှာ မြည်လာတာပါ။ 44 00:02:18,469 --> 00:02:22,189 ဒီလို ရောဂါလက္ခဏာတွေကြောင့် လူနာဟာ အသက်ရှူရန် လေမရှိသလို ခံစားရနိုင်ပါတယ်။ 45 00:02:22,189 --> 00:02:25,277 ပိုဆိုးဝါးတဲ့ တိုက်ဆိုင်မှု တစ်ခုကြောင့် ပန်းနာရင်ကျပ်ချိန်မှာ၊ 46 00:02:25,277 --> 00:02:29,459 ရောင်ရမ်းမှုဟာ အသက်ရှူထုတ်မှုကို အသက်ရှူသွင်းမှုထက် ပိုပြီး ခက်ခဲလာစေတယ်။ 47 00:02:29,459 --> 00:02:33,589 အချိန်ကြာတော့ အဲဒါကြောင့် အဆုတ်ထဲမှာ ကျန်နေတဲ့ လေဟာ ပိုလျှံလာလျက်၊ 48 00:02:33,589 --> 00:02:36,339 ဖွေင်းပွမှုမျိုးကို ဖြစ်ပေါ်လာစေတတ်ပါတယ်။ 49 00:02:36,339 --> 00:02:40,531 အဆုတ်ထဲတွင် လေပိတ်နေမှုကြောင့် ခန္ဓာကိုယ်ဟာ လေကို ရှူသွင်းရန်၊ ထုတ်ရန် 50 00:02:40,531 --> 00:02:43,283 ပိုပြီး ပင်ပန်းစွာ လုပ်ကိုင်ရပါတယ်။ 51 00:02:43,283 --> 00:02:49,353 အဲဒါကြာလာရင် ခန္ဓာကိုယ်ရဲ့ အင်္ဂါများနဲ့ တစ်ရှူးများမှာ အောက်စီဂျင် နည်းလာတတ်ပါတယ်။ 52 00:02:49,353 --> 00:02:52,670 တစ်ခါတစ်ရံမှာ ပြင်းထန်တဲ့ ပန်းနာကို ကုသမပေးခဲ့လျှင်၊ 53 00:02:52,670 --> 00:02:54,529 ကိုယ်ခန္ဓာဟာ ဆက်မခံနိုင်တော့ဘဲ 54 00:02:54,529 --> 00:02:58,099 အောက်စီဂျင် မလုံလောက်မှုကြောင့် သေဆုံးသွားတာမျိုး ကြုံရနိုင်ပါတယ်။ 55 00:02:58,099 --> 00:03:01,880 ဒီတော့ ပန်းနာရှိကြသူတွေဆီမှာ အဲဒီလို စိုးရိမ်ဖွယ်ရာ သေနိုင်တဲ့ ရင်ကျပ်မှုကို 56 00:03:01,880 --> 00:03:04,029 ဟန့်တားရန် ကျွန်ုပ်တို့ ဘာတွေ လုပ်ပေးရမလဲ။ 57 00:03:04,029 --> 00:03:07,388 ပထမတနည်းက ရောဂါဆွပေးတဲ့ အရာတွေကို နည်းလာစေရန် ဖြစ်တယ်။ 58 00:03:07,388 --> 00:03:10,353 ကျွန်ုပ်တို့ ကမ္ဘာကြီးဟာ ကြိုတင် ခန့်မှန်းရန် မလွယ်တဲ့ နေရာမို့ 59 00:03:10,353 --> 00:03:13,893 ရောဂါဆွပေးတဲ့ အရာတွေနဲ့ မတွေ့မိရေးကို အမြဲတမ်း ထိန်းချုပ်မရနိုင်ပါ။ 60 00:03:13,893 --> 00:03:18,717 အဲဒီလို အခြေအနေမျိုးမှာ ရှူဆေးဘူးတွေ ဝင်ကူပေးကြရပါတယ်။ 61 00:03:18,717 --> 00:03:23,690 အဲဒီဆေးတွေဟာ ပန်းနာသမားတွေကို ပန်းနာ ရောဂါ လက္ခဏာတွေကို ထိန်းချုပ်ခွင့် ပေးနိုင်တယ်။ 62 00:03:23,690 --> 00:03:27,419 ရှူဆေးတွေဟာ ထိခိုက်ထားတဲ့ အသက်ရှူလမ်းကြောင်းတွေကို ကုသပေးပါတယ်၊ 63 00:03:27,419 --> 00:03:33,071 အရည်မှုန်တွေ ဒါမှမဟုတ် ဆေးမှုန်တွေက ပြဿနာရဲ့ ဇာတ်မြစ်တွင် ကုပေးနိုင်တယ်။ 64 00:03:33,071 --> 00:03:35,018 အဲဒီဆေးတွေ ပုံစံနှစ်မျိုးဖြင့် လာကြတယ်။ 65 00:03:35,018 --> 00:03:36,754 ရောဂါ သက်သာစေတဲ့ ဆေးတွေရှိပါတယ်၊ 66 00:03:36,754 --> 00:03:40,802 ရောဂါလက္ခဏာတွေကို ချက်ချင်း ကုသပေးတဲ့ beta-agonist တွေ ပါတတ်တယ်။ 67 00:03:40,802 --> 00:03:43,911 beta-agonist တွေဟာ မာကျောနေတဲ့ ကြွက်သွားတွေကို ပြေလျော့လာစေလို့ 68 00:03:43,911 --> 00:03:50,132 အသက်ရှူ လမ်းကြောင်းကို ချဲ့ပေးခြင်းဖြင့် အဆုတ်ထဲ လေဝင်ထွက်မှုကို ခွင့်ပြုပေးပါတယ်။ 69 00:03:50,132 --> 00:03:53,609 နောက် ရှူဆေးဘူးတွေက ကြိုတင်ကာကွယ်ရေး ဆေးပုံစံမျိုးပါ။ 70 00:03:53,609 --> 00:03:56,363 ပန်းနာရဲ့ ရောဂါလက္ခဏာတွေကို ရေရှည် ကုသပေးမှု ဖြစ်ပြီး 71 00:03:56,363 --> 00:03:58,572 corticosteroidတွေ ပါဝင်တတ်ပါတယ်။ 72 00:03:58,572 --> 00:04:02,943 Corticosteroid တွေဟာ အသက်ရှူ လေကြောင်းရဲ့ အာရုံခံနိုင်စွမ်းကို လျှော့ချပေးလျက် 73 00:04:02,943 --> 00:04:05,763 ပန်းနာရင်ကျပ်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ 74 00:04:05,763 --> 00:04:08,544 ပြီးတော့ နာတတာရှည် ပန်းနာကြောင့် အသက်ရှူ လမ်းကြောင်းမှာ 75 00:04:08,544 --> 00:04:10,090 အနာရွတ်တွေ ပေါ်လာတတ်ကြတာကို 76 00:04:10,090 --> 00:04:12,272 ကုသပေးရာတွင်လည်း ၎င်းတို့ဟာ အရေးပါကြပါတယ်။ 77 00:04:12,272 --> 00:04:14,334 ရှူဆေးဘူးတွေဟာ တော်တော့ကို ထိရောက်ကြပါတယ်၊ 78 00:04:14,334 --> 00:04:17,923 လူများစွာတို့ရဲ့ အသက်ရှင် နေထိုင်မှုကို ပိုကောင်းအောင် ကူပေးခဲ့ကြပါတယ်။ 79 00:04:17,923 --> 00:04:20,581 ကျွန်ုပ်တို့က ပန်းနာရို ကုသလာခဲ့ကြပုံနဲ့ ပန်းနာရောဂါကို 80 00:04:20,581 --> 00:04:22,563 စူးစမ်းဖေါ်ထုတ်ရာတွင် 81 00:04:22,563 --> 00:04:25,650 အတော်လေး တိုးတက်လာခဲ့ကြပေမဲ့ ၎င်းရဲ့ အကြောင်းရင်းကို မသိကြသေးပါ။ 82 00:04:25,650 --> 00:04:29,402 လောလောဆယ်တွင် ကျွန်ုပ်တို့ဟာ မျိုးဗီဇနှင့် ပတ်ဝန်းကျင် အချက်တွေ ပေါင်းဆုံလျက် 83 00:04:29,402 --> 00:04:30,681 အထူးသဖြင့် ကလေးဘဝတွင် 84 00:04:30,681 --> 00:04:33,715 အဲဒီလို အကျိုးသက်ရောက်ခဲ့တယ်လို့ ယူဆကြပါတယ်။ 85 00:04:33,715 --> 00:04:37,734 မကြာမီက သုတေသနတွေက ပန်းနာရောဂါဟာ ဆင်းရဲ မွဲတေမှုနှင့် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ 86 00:04:37,734 --> 00:04:39,185 တကယ်တော့ 87 00:04:39,185 --> 00:04:43,139 ညစ်ညမ်းပစ္စည်းများနဲ့ ပိုထိတွေ့ရမှုများနဲ့ ပတ်ဝန်းကျင်ထဲက ဆိုးဝါးစေတဲ့ အရာများနဲ့ 88 00:04:43,139 --> 00:04:46,975 ကျန်းမာရေး စောင့်ရှောက်မှု ဒါမှမဟုတ် ကုသမှု အလားအလာနည်းမှုနဲ့ ဆက်စပ်နိုင်ပါတယ်။ 89 00:04:46,975 --> 00:04:49,935 ပန်းနာဆိုင်ရာ ကျွန်တော်တို့သိရှိတာ တိုးတက်ကောင်းမွန်လာနေလို့ 90 00:04:49,935 --> 00:04:55,083 လူတွေရဲ့ အသက်ရှူလမ်းတွေ ပျော်ရွှင် ကျန်းမာ စေမယ့် နည်းကောင်းကို ရှာတွေ့လာနိုင်မှာပါ။