သင့်မှာရှိတဲ့ရောဂါကို ဆရာဝန်တွေ ဖေါ်ထုတ်မပေးနိုင်တဲ့အခါ ဘာဖြစ်တတ်လဲ။
-
0:05 - 0:07မင်္ဂလာပါရှင်၊
-
0:08 - 0:09ကျေးဇူးတင်ပါတယ်။
-
0:09 - 0:11(Jennifer Bread က အသံဒဏ်မခံနိုင်ပါ။
-
0:11 - 0:14ပရိတ်သတ်ကို ASL ပုံစံဖြင့်
တိတ်ဆိတ်စွာ လက်ခုပ်တီးခိုင်းသည်။) -
0:14 - 0:17ကဲ ဒါက လွန်ခဲ့တဲ့ ငါးနှစ်က ကျွန်မပါ။
-
0:18 - 0:20Harvard မှာ ပါရဂူ ကျောင်းသူဖြစ်ပြီး
-
0:20 - 0:22ခရီးထွက်ရတာ နှစ်သက်ခဲ့ပါတယ်။
-
0:22 - 0:26တစ်သက်တာ အချစ်နဲ့ စေ့စပ်ပြီးကာစ၊
-
0:27 - 0:31ကျွန်မအသက်က ၂၈ နှစ်ဆိုတော့ ရှင်တို့များလို
ကျန်မားရေး ကောင်းခဲ့ကြတာပေါ့။ -
0:31 - 0:33နိုင်သူမရှိနိုင်ဘူးလို့ ခံစားမိခဲ့တာပေါ့။
-
0:34 - 0:38ဒါနဲ့ တစ်နေ့မှာ ၁၀၄.၇ ဒီဂရီရှိတဲ့
အဖျားတက်ခဲ့တယ်။ -
0:39 - 0:41ဆရာဝန်ဆီသွာဖို့ သင့်ပေမဲ့
-
0:41 - 0:43ဘဝမှာ တစ်ခါမှ မဖျားခဲ့ဖူးတော့
-
0:43 - 0:46သိလိုက်တာက ဒါဖြစ်နေကျပဲ၊ ဗိုင်းရပ်စ်ရှိရင်
-
0:46 - 0:49အိမ်မှာနေ၊ ကြက်စွပ်ပြုတ်လေးပြုတ်
-
0:49 - 0:51ရက်အတန်ကြာရင် အားလုံး အဆင်ပြေသွားမယ်ပေါ့။
-
0:52 - 0:54ဒါပေမဲ့ ဒီတစ်ကြိမ်က အဆင်မပြေခဲ့ဘူး။
-
0:56 - 0:57အဖျားဖြစ်ပြီးနောက်မှာ
-
0:57 - 1:01သုံးပတ်ကြာ အရမ်း ခေါင်းမူးတယ်၊
အိမ်က မထွက်နိုင်ခဲ့ဘူး။ -
1:01 - 1:04တံခါးဘောင်တွေဆီ တည့်တည့်လျှောက်၊
-
1:04 - 1:07ရေချိုးခန်းရောက်ဖို့ နံရံတွေကို
ဖက်ထားရတယ်။ -
1:09 - 1:11အဲဒီနွေဦးက တစ်ခုပြီးတစ်ခု
ရောဂါကူးစက်နေခဲ့ပြီး -
1:12 - 1:14ဆရာဝန်ဆီသွားတိုင်း
-
1:14 - 1:16လုံးဝကို ဘာမှမဖြစ်ဘူးလို့
သူကပြောတယ်။ -
1:18 - 1:19သူ စမ်းသပ်ခန်း စစ်ဆေးမှုတွေလုပ်တယ်
-
1:19 - 1:21ဒါက အမြဲတမ်း ပုံမှန်ဆိုပြီး ပြန်လာတယ်။
-
1:22 - 1:24ကျွန်မမှာ ရှိတဲ့ ရောဂါလက္ခဏာတွေက
-
1:24 - 1:26ကိုယ်ပဲ ပြောနိုင်ပြီး
-
1:26 - 1:28ဘယ်သူမှ မမြင်နိုင်တာတွေပါ။
-
1:29 - 1:31ဒါ ပေါက်ကရနိုင်တာ သိပေမဲ့
-
1:31 - 1:34ဒါမျိုးကို ကိုယ့်ကိုယ်ကို ရှင်းပြဖို့
နည်းလမ်းတစ်ခု ရှာဖို့လိုတယ်လေ။ -
1:34 - 1:38ဒီတော့ တွေးမိတာက ကိုယ်အသက်ကြီးရင့်
လာတာဖြစ်နိုင်တယ်ပေါ့။ -
1:38 - 1:42ဒါဟာ ၂၅ နှစ်ရဲ့ အြခားဘက်မှာ
ရှိတာမျိုး ဖြစ်လောက်တယ်ပေါ့။ -
1:42 - 1:44(ရယ်သံများ)
-
1:45 - 1:47ဒီနောက် အာရုံကြောဆိုင်ရာ
လက္ခဏာတွေ စလာတယ်။ -
1:48 - 1:51တစ်ခါတစ်ရံ သိရတာက စက်ဝိုင်းရဲ့
ညာဘက်ကို မဆွဲနိုင်ဘူး၊ -
1:52 - 1:56အခြားအချိန်တွေကျတော့ စကားပြောတာ
(သို့) လှုပ်ရှားဖို့ လုံးဝ လုပ်မရဘူး။ -
1:58 - 2:00အထူးကုအစုံကို ပြခဲ့တယ်၊
-
2:00 - 2:03ကူးစက်ရောဂါ ဆရာဝန်တွေ၊ အရေပြား
အထူးကု၊ဟိုမုန်းဆိုငိရာ အထူးကုတွေ၊ -
2:03 - 2:04နှလုံးအထူးကုတွေပါ။
-
2:05 - 2:07စိတ်ရောဂါအထူးကုနဲ့တောင် ပြခဲ့ပါတယ်။
-
2:08 - 2:11ကျွန်မရဲ့ စိတ်ရောဂါအထူးကု ပြောတာက
"မင်းဖျားနေတာ ရှင်းပါတယ်၊ -
2:11 - 2:13စိတ်ရောနဲ့ ဘာမှမဆိုင်ပါဘူး။
-
2:14 - 2:17မင်းဖြစ်တာကို သူတို့ရှာတွေ့နိုင်ပါစေလို့
မျှော်လင့်ပါတယ်။" -
2:18 - 2:22နောက်နေ့မှာ အာရုံကြော အထူးကုက ကျွန်မမှာ
စိတ်ပိုင်းဖောက်ပြန်နေတာကို တွေ့ရှိခဲ့တယ်။ -
2:23 - 2:25သူပြောတာက အကုန်လုံးပါ၊
-
2:25 - 2:28ဖျားတာတွေ၊ လည်ချောင်းရောင်တာ၊
ဦးခေါင်းခွံ လေလမ်းကြောင်ကူးစက်မှု -
2:29 - 2:32အစာအိမ်အူလမ်းကြောင်း၊အာရုံကြောနဲ့
နှလုံးပိုင်း လက္ခဏာအားလုံးဟာ -
2:33 - 2:35ကျွန်မ မမှတ်မိနိုင်တဲ့
ကွာလှမ်းတဲ့ စိတ်ပိုင်းဆိုင်ရာ -
2:35 - 2:37ဒဏ်ရာကြောင့် ဖြစ်နေတာတဲ့။
-
2:38 - 2:40သူပြောတာက ရောဂါလက္ခဏာတွေက
တကယ်ဆိုပေမဲ့ -
2:41 - 2:43ဇီဝဆိုင်ရာ အကြောင်းရင်းတော့
မရှိဘူးတဲ့။ -
2:45 - 2:47ကျွန်မက လူမှုဆိုင်ရာ သိပ္ပံပညာရှင်ဖြစ်ဖို့
သင်ယူနေတာ -
2:47 - 2:50စာရင်းအင်း၊ ဖြစ်နိုင်ခြေ သီအိုရီ
သင်္ချာပုံစံငယ်၊ -
2:50 - 2:53စမ်းသပ်မှုဆိုင်ရာ
ဒီဇိုင်းတွေကို လေ့လာခဲ့ပါတယ်။ -
2:55 - 2:59အာရုံကြောပညာရှင်ရဲ့ရောဂါစစ်တမ်းကို
မပယ်ချနိုင်သလို ခံစားမိပါတယ်။ -
3:00 - 3:01ဒါ မှန်တယ်လို့ မခံစားရပေမဲ့
-
3:01 - 3:05ကျွန်မရဲ့ လေ့ကျင့်မှုကနေ သိခဲ့တာက
အမှန်တရားဟာ မကြာခဏ ထင်တာနဲ့ -
3:05 - 3:08တခြားစီဆိုတော့
ယုံကြည်ချင်တာနဲ့ အလွယ် ဖုံးသွားပါတယ်။ -
3:09 - 3:11ဒီတော့ သူမှန်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို
စဉ်းစားရတော့တာပေါ့။ -
3:14 - 3:16အဲဒီနေ့က အသေးစား စမ်းသပ်မှု
တစ်ခုလုပ်ခဲ့တယ်။ -
3:17 - 3:20အာရုံကြောအထူးကုခန်းကနေ
အိမ်အထိ နှစ်မိုင် ပြန်လျှောက်ခဲ့တယ်။ -
3:21 - 3:25ကျွန်မ ခြေထောက်တွေဟာ ဒီထူးဆန်းတဲ့
လျှပ်စစ်လို နာကျင်မှုမျိုးနဲ့ ပတ်နေတယ်။ -
3:26 - 3:28နာကျင်မှုအပေါ် တရားမှတ်လိုက်တယ်။
-
3:28 - 3:32ကျွန်မစိတ်ဟာ ဒါအားလုံးကို ဘယ်လို
ထုတ်ပေးတာကို အထပ်ထပ်ရှုရင်းပေါ့။ -
3:33 - 3:35တံခါးမကို ဖြတ်လျှောက်လျှောက်ချင်းပဲ
-
3:35 - 3:36ကျွန်မ ပုံကျသွားတယ်။
-
3:37 - 3:40ကျွန်မ ဦးနှောက်နဲ့ အာရုံကြောဟာ
ပူလောင်နေတယ်။ -
3:41 - 3:44လည်ပင်းက တောင့်လွန်းတော့
မေးစေ့ကို ရင်ဘတ်နဲ့ မထိနိုင်ခဲ့ဘူး၊ -
3:45 - 3:47အသံသေးသေးလေး၊
-
3:47 - 3:49အိပ်ရာခင်းတွေ ရှပ်တိုက်သံ၊
-
3:49 - 3:51ခင်ပွန်း ခြေဗလာနဲ့
တစ်ဖက်ခန်းကို ဖြတ်လျှောက်တာ -
3:52 - 3:54အင်မတန်ကို နာကျင်စေပါတယ်။
-
3:56 - 3:58နောက်နှစ်နှစ် အချိန်အများစုဟာ
အိပ်ယာထဲမှာ ကုန်ခဲ့တယ်။ -
3:59 - 4:02ကျွန်မဆရာဝန်က ဘယ်လိုဖြစ်ပြီး
မှားနိုင်မှာလဲ။ -
4:03 - 4:05ထင်ခဲ့တာက ဆရာဝန်တွေ တစ်ခါမှ
-
4:05 - 4:07မမြင်ဖူးတဲ့ ရှားပါး ရောဂါတစ်ခုရခဲ့တယ်ပေါ့
-
4:08 - 4:09ဒါနဲ့ အွန်လိုင်းတက်တော့
-
4:09 - 4:12အလားတူရောဂါ လက္ခဏာတွေနဲ့
ရှင်သန်နေတဲ့ ကမ္ဘာတစ်လွှား -
4:12 - 4:14ထောင်ချီတဲ့ လူတွေကို တွေ့ရတယ်။
-
4:14 - 4:16အလားတူ အထီးကျန်နေ၊
-
4:16 - 4:17အလားတူ အယုံအကြည်မဲ့နေတာပါ။
-
4:18 - 4:19တစ်ချို့အလုပ်လုပ်နိုင်တုန်း
-
4:19 - 4:22ဒါပေမဲ့ ညနေခင်းတွေ၊ ပိတ်ရက်တွေမှာ
အိပ်ရာထဲ ကုန်ဆုံး၊ -
4:22 - 4:24ဒါမှ နောက်တနင်္လာမှာ အလုပ်ဆင်းနိုင်မှာလေ။
-
4:24 - 4:26အခြားနယ်ပယ်မှာကျတော့
-
4:26 - 4:28အရမ်း နေမကောင်းဖြစ်တော့
-
4:28 - 4:31လုံးဝကို မှောင်တဲ့အထဲမှာ
နေထိုင်ကြရတယ်၊ -
4:31 - 4:34လူစကားပြောသံတွေ (သို့)
ချစ်ခင်သူတွေရဲ့ အထိအတွေ့ကို -
4:34 - 4:36ခံနိုင်စွမ်းမရှိကြဘူး။
-
4:37 - 4:41ကျွန်မက ဦးနှောက် ရောင်ရမ်းပြီး
ကြွက်သားနာကျင်မှုဖြစ်တာပါ။ -
4:43 - 4:46ဒါကို နာတာရှည် ပင်ပန်းမှု ရောဂါလက္ခဏာ
လို့ခေါ်တာ ကြာဖူးနိုင်လောက်တယ်။ -
4:47 - 4:49ဆယ်စုနှစ်တွေကြာ ဒါဟာ ဒီလောက်
-
4:49 - 4:51ပြင်းထန်တာဖြစ်နိုင်တဲ့
-
4:52 - 4:53ရောဂါတစ်ခုရဲ့ ထင်ရှားတဲ့
-
4:53 - 4:56ပုံရိပ်တစ်ခုဖြစ်ခဲ့တယ်လို့
ဆိုလို့ အမည်တစ်ခုပါ။ -
4:57 - 4:59အားလုံးမှာ တူညီတဲ့ အဓိက လက္ခဏာက
-
4:59 - 5:03ရုပ်ပိုင်း၊ စိတ်ပိုင်း အားထုတ်တဲ့အခါတိုင်း
-
5:03 - 5:05အပြင်းအထန် ဒုက္ခရောက်တာပါ။
-
5:06 - 5:09ကျွန်မ ခင်ပွန်း အပြေးကျင့်ရင်
တစ်ရက်၊ နှစ်ရက်လောက် ရောင်နိုင်တယ်၊ -
5:09 - 5:13ကျွန်မ ဘလောက်ဝက်လောက် လမ်းလျှောက်ရင်
အိပ်ရာထဲ တစ်ပတ်လောက် လဲနေလောက်တယ်။ -
5:13 - 5:16ဒါက ထုံးစံဖြစ်နေတဲ့ အကျဉ်းထောင်တစ်ခုပါ။
-
5:16 - 5:19မကနိုင်တဲ့ ဘဲလေးကချေသည်တွေ၊
-
5:19 - 5:21မပေါင်းနိုင်တဲ့ စာရင်းကိုင်တွေ၊
-
5:21 - 5:24ဘယ်တော့မှ ဆရာဝန်ဖြစ်မလာတဲ့
ဆေးကျောင်းသားတွေကို သိတယ်။ -
5:24 - 5:27တစ်ခါတုန်းက ဖြစ်ခဲ့တာက
ဘာမှ အရေးမပါဘူး၊ -
5:27 - 5:29ဒါကို သင်မှမလုပ်နိုင်တော့တာလေ။
-
5:29 - 5:31လေးနှစ်ကြာပြီဖြစ်ပြီး
-
5:31 - 5:34ကျွန်မလည်း အရင်ကလို မရောက်သေးပါဘူး၊
-
5:34 - 5:37အာရုံကြော အထူးကုဆေးခန်းကနေ
အိမ်ကို လမ်းလျှောက်မပြန်ခင်က မိနစ်ကိုပါ။ -
5:39 - 5:42ကမ္ဘာတစ်ဝှမ်းမှာ ဒီရောဂါရှိသူ
၁၅ သန်းကနေ သန်း ၃၀ လောက် -
5:42 - 5:43ရှိမယ် ခန့်မှန်းရတယ်။
-
5:44 - 5:47ကျွန်မလာခဲ့တဲ့ US မှာ
လူတစ်သန်းလောက် ရှိပါတယ်။ -
5:47 - 5:51အဖြစ်များတဲ့ မပြောနိုင်၊ မလှုပ်ရှားနိုင်
ရောဂါ အကြမ်းဖျင်း နှစ်ဆဖြစ်စေတယ်။ -
5:52 - 5:55လူနာတွေဟာ နှလုံးသွေးကြော
ရပ်သွားသူရဲ့ ရုပ်ပိုင်း -
5:55 - 5:57လုပ်ဆောင်မှုနဲ့ ဆယ်စုနှစ်ချီ ရှင်နိုင်တယ်။
-
5:57 - 6:00ကျွန်မတို့ ၂၅ % က အိမ်မှာ ခြေချုပ်မိတာ
(သို့) အိပ်ယာထဲလဲနေပြီး -
6:01 - 6:05၇၅ က ၈၅ % ထိကတော့
အချိန်ပိုင်းအလုပ်တောင် မလုပ်နိုင်ပါဘူး။ -
6:05 - 6:07ကျွန်မတို့ကို ဆရာဝန်တွေကမကု၊
-
6:08 - 6:10သိပ္ပံပညာကလည်း မလေ့လာသေးပါဘူး။
-
6:11 - 6:15ဘယ်လိုဖြစ်ပြီး ဒီရောဂါက အဖြစ်များပြီး
ဒီပျက်စီးမှုကို -
6:15 - 6:17ဆေးပညာက မေ့ထားရတာလဲ။
-
6:19 - 6:22ဆရာဝန်က ကျွန်မမှာ စိတ်ပိုင်း
ဖောက်ပြန်တာကို တွေ့တော့ -
6:22 - 6:24နှစ် ၂၅၀၀ ကျော်ရှိတဲ့
အမျိုးသမီးတွေရဲ့ ခန္ဓာတွေအကြာင်း -
6:25 - 6:27အယူအဆတွေရဲ့ မျိုးနွယ်ကို မှီငြမ်းနေပါတယ်။
-
6:27 - 6:29ရိုမန် သမားတော် Galen တွေးခဲ့တာက
-
6:29 - 6:32စိတ်ကစဉ့်ကလျားရောဂါဟာ အထူးသဖြင့်
ရမ္မက်ကြီးတဲ့ အမျိုးသမီးတွေမှာ -
6:32 - 6:34လိင် ခံစားခွင့် မရတာကြောင့်ဖြစ်တာတဲ့။
-
6:35 - 6:38ဂရိတွေ တွေးတာက ပြောရရင်
သားအိမ်ဟာ ခြောက်သွားပြီး -
6:38 - 6:40ကိုယ်တွင်း အဂါတွေကို ဖိရင်း
စိုထိုင်းမှုရှာဖို့ -
6:40 - 6:42ကိုယ်ခန္ဓာထဲ လှည့်လည်သွားတော့
-
6:42 - 6:43ဟုတ်တယ်၊
-
6:45 - 6:47လွန်ကဲတဲ့ စိတ်ခံစားမှုတွေကနေ
မူးဝေမှုနဲ့ သွက်ချာပါဒ -
6:47 - 6:50ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတယ်။
-
6:51 - 6:53ကုသမှုကတော့ လက်ထပ်ပြီး
မိခင်ဘဝဖြစ်ခြင်းပါ။ -
6:55 - 6:59ဒီအယူအဆတွေက ထောင်စုနှစ်တွေကနေ အာရုံကြော
ပညာရှင်တွေ စိတ်ကစဉ့်ကလျားသီအိုရီခေတ်မီဖို့ -
6:59 - 7:03ကြိုးစားတဲ့ ၁၈၈၀ နှစ်လွန်တွေတိုင်
အများကြီး မပြောင်းလဲသွားခဲ့ဘူး။ -
7:04 - 7:05Sigmund Freud ကနေပြီး
-
7:05 - 7:08သိစိတ်ကဖြေရှင်းဖို့ နာကျင်လှတဲ့
အမှတ်တရတွေ၊ ခံစားမှုတွေကို -
7:08 - 7:10ရင်ဆိုင်တော့ မသိစိတ်က ရုပ်ပိုင်းလက္ခဏာတွေ
-
7:10 - 7:13ထုတ်ပေးနိုင်တယ်လို့
သီအိုရီကို ထွင်ခဲ့တယ်။ -
7:13 - 7:16စိတ်ခံစားမှုတွေကို ရုပ်ရောဂါ
လက္ခဏာတွေအဖြစ် ပြောင်းလဲခဲ့တယ်။ -
7:17 - 7:20ဆိုတာက အမျိုးသားတွေ
စိတ်ကစဉ့်ကလျား ရနိုင်ပေမဲ့ -
7:20 - 7:22တကယ်က အမျိုးသမီးတွေဟာ
စိတ်ထိခိုက်မှု အများဆုံးဖြစ်တယ် -
7:23 - 7:27ကျွန်မ ကိုယ်တိုင်ရဲ့ ရောဂါရဲ့ သမိုင်းကို
စတင်စူးစမ်းတော့ -
7:27 - 7:30ဒီအယူအဆတွေ နက်ရှိုင်းစွာ
စီးဝင်ဆဲဆိုတာတွေ့ဖို့ အံ့သြမိခဲ့တယ်။ -
7:31 - 7:32၁၉၃၄ မှာ
-
7:32 - 7:37Los Angeles County အထွေထွေကု ဆေးရုံက
ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဝန်ထမ်း ၁၉၈ ဦး -
7:37 - 7:39အသည်းအသန် နေမကောင်းဖြစ်ခဲ့တယ်။
-
7:39 - 7:43ကြွက်သား အားနည်းမှု၊ လည်ပင်းနဲ့ ကျောမှာ
တောင့်တင်းမှု၊ အဖျားရောဂါတွေ -
7:43 - 7:46ကျွန်မ ပထမဆုံး ရောတွေ့ရစဉ်က ရခဲ့တဲ့
ရောဂါလက္ခဏာတွေနဲ့ အားလုံးအတူတူပဲ။ -
7:47 - 7:49ဆရာဝန်တွေက ပိုလီယို
ပုံစံသစ်လို့ ထင်ခဲ့တယ်။ -
7:50 - 7:53ဒီကတည်းက တစ်ကမ္ဘာလုံးမှာ
ဖြစ်ပွားမှု ၇၀ ကျော် -
7:53 - 7:54မှတ်တမ်းတင်ထားတာရှိတယ်။
-
7:54 - 7:57မှတ်သားလောက်အောင်
တူတဲ့ နောက်မှကူးစက်တဲ့ ရောဂါပါ။ -
7:57 - 8:01ဒီဖြစ်ပွားမှု အားလုံးဟာ အမျိုးသမီးတွေကို
အချိုးမကျ ထိခိုက်စေတတ်ပြီး -
8:01 - 8:05အနှေးနဲ့အြမန် ဆရာဝန်တွေဟာ ဒီရောဂါရဲ့
အကြောင်းရင်းကိုရှာဖို့ ပျက်ကွက်တော့ -
8:05 - 8:09ဒီဖြစ်ပွားမှုတွေဟာ အစုလိုက်
စိတ်ခချာက်ချားတာလို့ ထင်ခဲ့ကြတယ်။ -
8:09 - 8:12ဘာလို့ ဒီအယူအဆက ဒီလောက်
ခံနိုင်ရည်ရှိရတာလဲ။ -
8:14 - 8:15လိင်ခွဲခြားတာနဲ့ ဆိုင်တယ်လို့ထင်ပေမဲ့
-
8:15 - 8:19အခြေခံအားဖြင့် ဆရုဝန်တွေက
ကူညီချင်တယ်လို့လည်း ထင်မိတယ်။ -
8:19 - 8:21သူတို့ဟာ အဖြေကို သိချင်ပြီး
-
8:21 - 8:26ဒီအမျိုးအစားက ဆရာဝန်တွေကို
အခြားနည်းနဲ့ ကုမရနိုင်တာကို ကုသဖို့ -
8:26 - 8:28ရှင်းလင်းချက် မရှိတဲ့ ရောဂါကို
ရှင်းလင်းဖို့ ဖြစ်စေခဲ့တယ်။ -
8:29 - 8:32ပြဿနာက ဒါဟာ တကယ့်
ဘေးအန္တရာယ်ဖြစ်နိုင်တာပါ။ -
8:32 - 8:36၁၉၅၀ လွန်နှစ်တွေမှာ Eliot Slater
လို့ခေါ်တဲ့ စိတ်ကုပညာရှင်က -
8:36 - 8:40စိတ်ကစဉ့်ကလျားရောဂါတွေ့ထားတဲ့ လူနာစု
၈၅ ဦးကို လေ့လာခဲ့တယ်။ -
8:41 - 8:45ကိုးနှစ်အကြာမှာ ၎င်းတို့ထဲက ၁၂ ယောက်က
သေဆုံးပြီး ၃၀ က မသန်မစွမ်းဖြစ်လာခဲ့တယ်။ -
8:45 - 8:48အများအြပားဟာ အာရုံကြော ချွတ်ယွင်းတာ၊
ဝက်ရူးပြန်၊ ဦးနှောက်အကျိတ်ရောဂါမျိူး -
8:48 - 8:50မပေါ်တဲ့ အခြေအနေမှာပါ။
-
8:51 - 8:55၁၉၈၀ မှာ စိတ်ကစဉ့်ကလျားဖြစ်တာကို စိတ်ဖောက်
ပြန်မှုလို့ တရားဝင် ပြောင်းခဲ့တယ်။ -
8:56 - 8:59အာရုံကြောပညာရှင်က ၂၀၁၂ မှာ
ကျွန်မကို ရောဂါစစ်တော့ -
8:59 - 9:02သူက Freud ရဲ့ စကားလုံး မှတ်တမ်းကို
သံယောင်လိုက်နေခဲ့ပြီး -
9:02 - 9:03ယနေ့တိုင်အောင်
-
9:03 - 9:07အမျိုးသမီးတွေဟာ ၂ ကြိမ်က ၁၀ ကြိမ်ထိ
ဒီရောဂါစစ်ဆေးမှု ရဖို့ အလားအလာပိုများတယ် -
9:08 - 9:12စိတ်ကစဉ့်ကလျားရောဂါ သီအိုရီ (သို့)
စိတ်ကြောင့်ဖြစ်တဲ့ ရောဂါရဲ့ပြဿနာက -
9:13 - 9:15ဘယ်တော့မှ သက်သေပြလို့ မရတာပါ။
-
9:15 - 9:17အဓိပ္ပါယ်အရတော့
သက်သေခံ ကင်းမဲ့ခြင်းနဲ့ -
9:18 - 9:20ME ဖြစ်ခဲ့လျှင်
-
9:20 - 9:24စိတ်ပညာဆိုင်ရာ ရှင်းလင်းချက်တွေက
ဇီဝဆိုင်ရာ သုတေသနကို ချုပ်ထားတယ်။ -
9:24 - 9:27တစ်ကမ္ဘာလုံးမှာ ME က ထောက်ပံ့မှု
အနည်းဆုံးရောဂါတွေထဲက တစ်ခုပါ။ -
9:27 - 9:34US မှာ AIDS လူနာတစ်ဦးကို တစ်နှစ်
အကြမ်းဖျင်း ၂၅၀၀ ဒေါ်လာ၊ -
9:35 - 9:38MS လူနာတစ်ဦးကို ဒေါ်လာ ၂၅၀ သုံးပြီး
ME လူနာကျတော့ -
9:38 - 9:41တစ်နှစ်ကို ၅ ဒေါ်လာပဲ သုံးပါတယ်။
-
9:42 - 9:44ဒါက လျှပ်လက်ခြင်းပဲမဟုတ်ဘူး။
-
9:44 - 9:46ကျွန်မ ကံမကောင်းတာပဲမဟုတ်ဘူး။
-
9:46 - 9:50ကျွန်မ ရောဂါကို ဝန်းရံနေတဲ့
မသိမှုမှာ ရွေးချယ်စရာတစ်ခု ရှိဖူးတယ်။ -
9:50 - 9:54ကျွန်မတို့ကို ကာကွယ်သင့်တဲ့
အဖွဲ့ကြီးတွေက လုပ်တဲ့ ရွေးချယ်မှုပါ။ -
9:56 - 9:58ဘာကြောင့် ME ဟာ မျိုးရိုးလိုက်တာ
-
9:58 - 10:01ဘာကြောင့် အန်တီရိုဗိုင်းရပ်ကနေ၊
Epstein-Barr ၊ -
10:01 - 10:05Q အဖျားထိ ကူးစက်မှုတိုင်း
နီးပါးနောက်မှာ ကျွန်မတို့ရနိုင်တာ (သို့) -
10:05 - 10:08ဘာကြောင့် အမျိုးသမီးတွေဟာ အမျိုးသား
တွေထက် ၂ဆ၊ ၃ဆ ပိုကူးစက်တာ မသိဘူး။ -
10:09 - 10:12ဒီပြဿနာက ကျွန်မ ရောဂါထက်
အများကြီး ပိုကြီးတယ်။ -
10:12 - 10:14ပထမ ကျွန်မဖျားတုန်းက
-
10:14 - 10:16မိတ်ဆွေဟောင်းတွေ ကျွန်မဆီ
ရောက်လာတယ်။ -
10:16 - 10:19မကြာခင် ကိုယ်တွေ တစ်စစီပြုတ်နေတဲ့
နှစ်ဆယ်နှောင်း အမျိုးသမီးစုရဲ့ -
10:19 - 10:21အစိတ်အပိုင်း ဖြစ်ခဲ့တာ သိလိုက်ရတယ်၊
-
10:22 - 10:25ထူးခြားတာက ကျွန်မတို့မှာရှိနေတဲ့
ဒုက္ခကို အရေးတကြီး -
10:25 - 10:26ဆောင်ရွက်တာကိုပါ။
-
10:27 - 10:29အသားမျှင်ခက်မာနေတဲ့ အမျိုးသမီးဆီက သိရတာပါ
-
10:29 - 10:31တစ်ရှူးဆက်နေတဲ့ရောဂါတစ်ခု၊
-
10:31 - 10:33ဒါ သူ့ခေါင်းထဲမှာရှိနေတယ်လို့
နှစ်များစွာ အပြောခံရသူပါ။ -
10:33 - 10:36ရောဂါဖြစ်တာနဲ့ စစ်ဆေးတာကြားမှာ
-
10:36 - 10:38သူမရဲ့ အစာပြွန်ဟာ အတော်ကြီးကို
ပျက်စီးခဲ့တာဆိုတော့ -
10:38 - 10:41ဘယ်တော့မှ ပြန်စားနိုင်တော့မှာ မဟုတ်ဘူး။
-
10:41 - 10:43သားအိမ်ကင်ဆာနဲ့ အခြားအမျိုးသမီးဟာ
-
10:43 - 10:46စောစောပဲ သွေးဆုံးခဲ့တယ်လို့
နှစ်များစွာ ပြောခံရသူပါ။ -
10:47 - 10:49ကောလိပ်က သူငယ်ချင်းတစ်ဦး
-
10:49 - 10:53ဦးနှောက်အကျိတ်ကို ပူပန်မှုအဖြစ်နဲ့
နှစ်ချီပြီး မှားယွင်း စစ်ဆေးခံရတယ်။ -
10:54 - 10:56ကျွန်မ ပူပန်တာက ဟောဒါကြောင့်ပါ။
-
10:57 - 11:01၁၉၅၀ နှစ်လွန်တွေကတည်းက များစွာသော
တစ်ရှူးဆက်တဲ့ ရောဂါတွေရဲ့နှုန်းတွေဟာ -
11:01 - 11:02နှစ်ဆကနေ သုံးဆတက်လာတယ်။
-
11:03 - 11:06အဆုံးမှာ အသိအမှတ်ပြုထားတဲ့
တစ်ရှူးဆက်တဲ့ရောဂါ တွေ့ရှိရသူ -
11:06 - 11:08လူနာ လေးဆယ့်ငါး ရာနှုန်းဟာ
-
11:08 - 11:10အစက သောကလွန်ကဲတဲ့
ရောဂါသည်တွေလို့ အပြောခံရသူတွေပါ။ -
11:11 - 11:14ဇရာကြောင့် စိတ်ချောက်ချားတာလိုပဲ
ဒါက လိင်၊ ကျွန်မတို့ ယုံကြည့်တဲ့ -
11:14 - 11:16ဇာတ်လမ်းတွေနဲ့
အရာရာ ပတ်သက်နေပါတယ်။ -
11:17 - 11:21တစ်ရှူးဆက်တဲ့ရောဂါ လူနာ ခုနှစ်ဆယ့်ငါး
ရာနှုန်းက အမျိုးသမီးတွေဖြစ်ပြီး -
11:21 - 11:24တစ်ချို့ရောဂါတွေမှာ ၉၀% ထိ
မြင့်မားပါတယ်။ -
11:25 - 11:28ဒီရောဂါတွေဟာ အမျိုးသမီးတွေကို
အချိုးမကျ ကူးစက်တာတောင်မှ -
11:28 - 11:30အမျိုးသမီးရောဂါတွေ မဟုတ်ဘူး။
-
11:30 - 11:33ME ဟာ ကလေးတွေကို၊
သန်းချီတဲ့ အမျိုးသားတွေကို ကူးစက်ပါတယ်။ -
11:33 - 11:35လူနာတစ်ယောက်ပြောတာက
-
11:35 - 11:37ဒါကို အသွား၊အပြန် ရတာတဲ့။
-
11:37 - 11:40မိန်းမတစ်ယောက်ဖြစ်ရင် သင်ဟာ ရောဂါ
လက္ခဏာတွေကို ချဲ့ကားတယ်လို့ အပြောခံရပေမဲ့ -
11:40 - 11:44ကောင်လေးဆိုရင်တော့ အားတက်ဖို့
သန်စွမ်းတယ်လို့ အပြောခံရတယ်။ -
11:45 - 11:49ရောဂါအစစ်ခံတဲ့အခါ အမျိုးသားတွေဟာ
ပိုခက်ခဲတဲ့ အချိန်တောင်ရှိနိုင်ပါတယ်။ -
11:57 - 12:00ကျွန်မရဲ့ ဦးနှောက်က အရင်အတိုင်း
မဟုတ်တော့ဘူး။ -
12:14 - 12:15ဒီမှာ ကောင်းတဲ့အပိုင်းက
-
12:17 - 12:19ဘာပဲဖြစ်ဖြစ် ကျွန်မ မျှော်လင့်နိုင်သေးတယ်၊
-
12:20 - 12:24၎င်းတို့ရဲ့ နည်းလမ်းတွေကို
သိပ္ပံပညာက မဖော်ထုတ်ခင်အထိ -
12:24 - 12:27စိတ်ပိုင်းဆိုင်ရာလို့ တစ်ခါက
ထင်ခဲ့တဲ့ ရောဂါများစွာရှိခဲ့တယ်။ -
12:27 - 12:30ဦးနှောက်ထဲက လျှပ်စစ်ပိုင်းလုပ်ဆောင်မှုကို
EEG က မတိုင်းတာနိုင်ခင်က -
12:30 - 12:35ဝက်ရူးပြန်ရောဂါနဲ့ လူနာတွေဟာ
အတင်းအကျပ် ဆေးရုံပို့ခံရတယ်။ -
12:36 - 12:40CAT စကင်နဲ့ MRI တွေက ဦးနှောက် ဒဏ်ရာတွေကို
မတွေ့ရှိခင်က အသားမျှင်ခက်မာတာကို -
12:40 - 12:43ကယောင်ချောက်ချား
သွက်ချာပါဒလို့ မှားယွင်းစစ်ဆေးခဲ့တယ်။ -
12:44 - 12:45ပြီးတော့ မကြာခင်က H အူသိမ်ဝဟာ
-
12:45 - 12:48လက်သည်လို့ မရှာတွေ့ခင်အထိ
-
12:48 - 12:52ဝမ်းဗိုက် ပြည်တည်နာဟာ စိတ်ဖိစီးမှု
ကြောင့်ဖြစ်တာလို့ တွေးထင်ခဲ့ဖူးတယ်။ -
12:53 - 12:56ME ဟာ အခြားရောဂါတွေရတဲ့
အကျိုးကျေးဇူး ဒီသိပ္ပံပညာမျိုးကနေ -
12:56 - 12:58ဘယ်တုန်းကမှ မရခဲ့ပေမဲ့
-
12:58 - 13:00ဒါက ပြောင်းလဲဖို စနေပါတယ်။
-
13:01 - 13:04ဂျာမဏီမှာ သိပ္ပံပညာရှင်တွေဟာ တစ်ရှူးဆက်
ရောဂါရဲ့ သက်သေခံနဲ့ ရှာဖို့ စနေပြီး -
13:04 - 13:07ဂျပန်မှာ ဦးနှောက် ရောင်ရမ်းခြင်းရဲ့ဟာပါ၊
-
13:07 - 13:10US မှာ Stanford က သိပ္ပံပညာရှင်တွေဟာ
သာမန်ကနေ -
13:10 - 13:12စံသွေဖည်မှု ၁၆ ခုရှိတဲ့
-
13:12 - 13:16စွမ်းအင် ကိုယ်တွင်းဇီဝဖြစ်စဉ်ထဲက
မူမမှန်မှုတွေကို ရှာဖွေနေပါတယ်။ -
13:17 - 13:21ပြီးတော့ နော်ဝေးမှာ သုတေသီတွေဟာ
လူနာတစ်ချို့ကို ပကတိ သက်သာစေတဲ့ -
13:21 - 13:24ကင်ဆာဆေးဝါးတစ်ခုကို အဆင့် ၁ ကုသမှု
စစ်ဆေးတာကို လုပ်ဆောင်နေပါတယ်။ -
13:26 - 13:27ကျွန်မကို မျှော်လင့်ချက် ပေးသေးတာက
-
13:28 - 13:30လူနာတွေရဲ့ ဒဏ်ခံနိုင်မှုပါ။
-
13:32 - 13:34ကျွန်မတို့ အွန်လိုင်းမှာ စုပြီး
-
13:34 - 13:36ကိုယ့်အဖြစ်တွေကို မျှဝေကြတယ်
-
13:37 - 13:40ရှိနေတဲ့ သုတေသနကို အငမ်းမရ ဖတ်တယ်၊
-
13:41 - 13:43မိမိကိုယ်ကို စမ်းသပ်ခဲ့ကြတယ်။
-
13:43 - 13:46ကိုယ်တိုင် သိပ္ပံပညာရှင်တွေ၊
ဆရာဝန်တွေဖြစ်လာခဲ့တယ် -
13:46 - 13:47ဖြစ်ဖို့လည်း လိုတာကြောင့်ပါ။
-
13:48 - 13:52တဖြည်းဖြည်းနဲ့ ဒီမှာ ငါးရာခိုင်နှုန်း
ဟိုမှာ ငါးရာခိုင်နှုန်း ထပ်ဖြည့်လိုက်တာ -
13:52 - 13:54နောက်ဆုံး အိမ်ကနေထွက်နိုင်ခဲ့တဲ့
-
13:54 - 13:56နေ့ကောင်းတစ်နေ့မတိုင်ခင်ထိပေါ့။
-
13:58 - 14:00အဓိပ္ပါယ်မရှိတဲ့ ရွေးချယ်မှုတွေ
လုပ်နေရဆဲပါ။ -
14:01 - 14:04ဥယျဉ်ထဲမှာ ၁၅ မိနစ်ထိုင်မလား၊
(သို့) ဒီနေ့ ခေါင်းလျှော်မလားပေါ့။ -
14:05 - 14:07ဒါက ကျွန်မကို ကုလို့ရတယ်လို့
မျှော်လင့်ချက်ပေးတယ်။ -
14:08 - 14:10ကျန်မမှာ မကျန်းမာတဲ့ ခန္ဓာ
ရှိခဲ့တယ်၊ ဒါပဲလေ။ -
14:11 - 14:15မှန်ကန်တဲ့ ကူညီမှုမျိုးနဲ့ဆိုရင် တစ်နေ့မှာ
ကျွန်မ သက်သာလာနိုင်လောက်တယ်။ -
14:16 - 14:19ကမ္ဘာတစ်လွှားက လူနာတွေနဲ့ အတူစုပြီး
-
14:19 - 14:21ကျွန်မတို့ စတင် တိုက်ပွဲဝင်ခဲ့တယ်။
-
14:22 - 14:25ကျွန်မတို့မှာ ဟာကွက်ကို အံ့သြစရာ
တစ်ခုနဲ့ ဖြည့်ထားပေမဲ့ -
14:26 - 14:27မလုံလောက်သေးပါဘူး။
-
14:29 - 14:33ကျွန်မ ပြန်ပြေးနိုင်မလား၊ အကွာအဝေးတစ်ခုထိ
လမ်းလျှောက်နိုင် ဒါမှမဟုတ် -
14:33 - 14:35ကျွန်မ အခု အိပ်မက်တွေထဲမှာသာလုပ်တဲ့
-
14:35 - 14:39ရွေ့လျားတဲ့ အရာတွေကိုလုပ်နိုင်ဦးမလား
ဆိုတာ မသိသေးပါဘူး။ -
14:39 - 14:42ဒါပေမဲ့ ကျွန်မလာခဲ့တဲ့ခရီးအတွက်
အရမ်းကျေးဇူးတင်မိပါတယ်။ -
14:44 - 14:45တိုးတက်မှုက နှေးတယ်၊
-
14:45 - 14:47အတက်ရှိတယ်၊
-
14:47 - 14:49အကျရှိတယ်၊
-
14:49 - 14:52ဒါပေမဲ့ ကျွန်မ နေ့တိုင်း
နည်းနည်းချင်း ပိုကောင်းလာနေတယ်။ -
14:54 - 14:58ကျွန်မ အိပ်ခန်းထဲမှာ ပိတ်မိခဲ့တုန်းက
ဘယ်လိုဆိုတာ အမှတ်ရနေတယ်၊ -
14:59 - 15:01လတွေနဲ့ချီပြီး နေကို မမြင်ခဲ့ရတာပါ၊
-
15:03 - 15:05အဲဒီမှာပဲ သေသွားမလားလို့ ထင်ခဲ့တာပါ။
-
15:07 - 15:09ဒါပေမဲ့ ဒီနေ့ ကျွန်မ ဒီမှာ
-
15:09 - 15:11ရှင်တို့နဲ့အတူ ရှိနေတယ်၊
-
15:12 - 15:14ဒါ အံ့ဖွယ်သရဲ တစ်ခုပါ။
-
15:17 - 15:20ကျွန်မဟာ ကံကောင်းတဲ့သူတစ်ယောက်
မဟုတ်ခဲ့ရင်၊ အင်တာနက်မတိုင်ခင်က -
15:20 - 15:23နေမကောင်းဖြစ်ခဲ့ရင်
ကျွန်မ လူစုကို မတွေ့ခဲ့ရင် -
15:23 - 15:25ဘာဖြစ်ခဲ့မှန်းကို ကျွန်မ မသိနိုင်ခဲ့ဘူး။
-
15:26 - 15:29ဖြစ်နိုင်တာက များစွာသော အခြားသူတွေလိုပဲ
-
15:29 - 15:31ကိုယ့်ကိုယ်ကို သတ်သေမိလောက်ပါပြီ။
-
15:32 - 15:35မှန်တဲ့အတိုင်း မေးခဲ့တယ်ဆိုရင်
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက -
15:36 - 15:38ဘယ်နှစ်ဘဝလောက် ကယ်တင်နိုင်ခဲ့ပြီလဲ။
-
15:39 - 15:41စစ်မှန်တဲ့ အစပြုဖို့ ဆုံးဖြတ်တယ်ဆိုရင်
-
15:42 - 15:44ဒီနေ့မှာ ဘယ်နှစ်ဘဝလောက် ကယ်တင်နိုင်မလဲ။
-
15:45 - 15:48ကျွန်မ ရောဂါရဲ့ အကြောင်းရင်းမှန်ကို
ဖော်ထုတ်တာနဲ့တင် -
15:49 - 15:52ကျွန်မတို့ရဲ့ အဖွဲ့အစည်းတွေနဲ့
ယဉ်ကျေးမှုကို မပြောင်းလဲရင် -
15:52 - 15:55ဒါကို နောက်ရောဂါတစ်ခုမှာ
ဆက်လုပ်ကြမှာပါ။ -
15:56 - 15:58ဒီမကျန်းမာမှုနဲ့ ရှင်သန်မှုက သင်ပေးခဲ့တာက
-
15:58 - 16:01သိပ္ပံနဲ့ ဆေးပညာဟာ လေးနက်လှတဲ့ လူသား
ကြိုးပမ်းမှုတွေဆိုတာပါ။ -
16:01 - 16:04ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေ၊
မူဝါဒ ချမှတ်သူတွေဟာ -
16:04 - 16:07ကျွန်မတို့အားလုံးကို ထိခိုက်စေတဲ့
တူညီတဲ့ ဘက်လိုက်မှုတွေကို -
16:08 - 16:09ခံနိုင်ရည်မရှိပါဘူး။
-
16:11 - 16:14အမျိုးသမီးကျန်းမာရေးကို
ပိုကွဲပြားတဲ့နည်းတွေနဲ့ တွေးဖို့လိုတယ်။ -
16:15 - 16:19ကျွန်မတို့ရဲ့ ကိုယ်ခံအားစနစ်တွေဟာ
စစ်တလင်းတစ်ခုနဲ့ညီမျှတဲ့ ခန္ဓာကိုယ်ရဲ့ -
16:19 - 16:21ကျန်တဲ့အပိုင်းလောက် များပါတယ်။
-
16:21 - 16:24လူနာတွေရဲ့ အဖြစ်တွေကို နားထောင်ဖို့လိုပြီး
-
16:25 - 16:27"မသိဘူးလို့" ပြောဖို့ စိတ်ဆန္ဒရှိရပါမယ်။
-
16:28 - 16:30"မသိဘူး" ဆိုတာဟာ လှပတဲ့အရာပါ။
-
16:31 - 16:34"မသိဘူး" ဆိုတာဟာ ရှာဖွေမှု စတင်ရာပါ။
-
16:35 - 16:37ဒါကို လုပ်နိုင်တယ်ဆိုရင်
-
16:37 - 16:41ကျွန်မတို့ မသိသမျှအားလုံးရဲ့
မဟာ ကျယ်ပြောမှုဆီ ချဉ်းကပ်နိုင်ရင် -
16:41 - 16:43မသေချာမှုကို ကြောက်တာထက်
-
16:43 - 16:46ဒါကို အံ့သြမှု သဘောနဲ့
နှုတ်ဆက်နိုင်လောက်ပါတယ်ရှင်။ -
16:46 - 16:48ကျေးဇူးတင်ပါတယ်။
-
16:52 - 16:53ကျေးဇူးပါရှင်။
- Title:
- သင့်မှာရှိတဲ့ရောဂါကို ဆရာဝန်တွေ ဖေါ်ထုတ်မပေးနိုင်တဲ့အခါ ဘာဖြစ်တတ်လဲ။
- Speaker:
- Jen Brea
- Description:
-
more » « less
လွန်ခဲ့တဲ့ ငါးနှစ်က TED ဝိုင်းတော်သား Jen Brea ဟာ နာတာရှည် ပင်ပန်းမှု ရောဂါလက္ခဏာစုလို့ သိကြတဲ့ ဦးနှောက် ရောင်ရမ်းခြင်းဆိုင်ရာ ကြွက်သားနာကျင်မှုနဲ့ အဆင့်ဆင့် နာမကျန်းဖြစ်လာခဲ့ပါတယ်။ သာမန် လုပ်ဆောင်မှုတွေကို ပြင်းထန်စွာ အဟန့်အတားဖြစ်စေတဲ့ အားအင်ကုန်ခမ်းစေတဲ့ နာမကျန်းမှုဖြစ်ပြီး ဆိုးဝါးတဲ့ နေ့တွေမှာ အိပ်ရာခင်းတွေရဲ့ ရှပ်တိုက်တာကိုတောင် မခံမရပ်ဖြစ်အောင်လုပ်တာပါ။။ ဒီ ဂရုဏာ သက်လောက်အောင် ထိမိတဲ့ ဟောပြာချက်မှာ Brea ကနေပြီး သူမရဲ့ အခြေအနေအတွက် ကုသမှုကိုရှာရင်း သူမကြုံတွေ့ရတဲ့ အခက်အခဲအတားအဆီးတွေကို တင်ပြထားပါတယ်။ ၎င်းရဲ့ ရင်းမြစ် အကြောင်းရင်းတွေနဲ့ ကျွန်ုပ်တို့ အပြည့်အဝ နားလည်နိုင်စွမ်းမရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေနဲ့ ဆေးဝါးကုသဖို့ ရုန်းကန်ရတဲ့ လူနာတွေရဲ့ ဘဝတွေကို ရုပ်ရှင်ကနေ မှတ်တမ်းတင်ဖို့ သူမရဲ့ အထူးတာဝန်ပါဝင်ပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 17:43
|
sann tint approved Burmese subtitles for What happens when you have a disease doctors can't diagnose | |
|
sann tint edited Burmese subtitles for What happens when you have a disease doctors can't diagnose | |
|
Myo Aung accepted Burmese subtitles for What happens when you have a disease doctors can't diagnose | |
|
Myo Aung edited Burmese subtitles for What happens when you have a disease doctors can't diagnose | |
|
sann tint edited Burmese subtitles for What happens when you have a disease doctors can't diagnose | |
|
sann tint edited Burmese subtitles for What happens when you have a disease doctors can't diagnose | |
|
sann tint edited Burmese subtitles for What happens when you have a disease doctors can't diagnose | |
|
sann tint edited Burmese subtitles for What happens when you have a disease doctors can't diagnose |

