မင်္ဂလာပါရှင်၊
ကျေးဇူးတင်ပါတယ်။
(Jennifer Bread က အသံဒဏ်မခံနိုင်ပါ။
ပရိတ်သတ်ကို ASL ပုံစံဖြင့်
တိတ်ဆိတ်စွာ လက်ခုပ်တီးခိုင်းသည်။)
ကဲ ဒါက လွန်ခဲ့တဲ့ ငါးနှစ်က ကျွန်မပါ။
Harvard မှာ ပါရဂူ ကျောင်းသူဖြစ်ပြီး
ခရီးထွက်ရတာ နှစ်သက်ခဲ့ပါတယ်။
တစ်သက်တာ အချစ်နဲ့ စေ့စပ်ပြီးကာစ၊
ကျွန်မအသက်က ၂၈ နှစ်ဆိုတော့ ရှင်တို့များလို
ကျန်မားရေး ကောင်းခဲ့ကြတာပေါ့။
နိုင်သူမရှိနိုင်ဘူးလို့ ခံစားမိခဲ့တာပေါ့။
ဒါနဲ့ တစ်နေ့မှာ ၁၀၄.၇ ဒီဂရီရှိတဲ့
အဖျားတက်ခဲ့တယ်။
ဆရာဝန်ဆီသွာဖို့ သင့်ပေမဲ့
ဘဝမှာ တစ်ခါမှ မဖျားခဲ့ဖူးတော့
သိလိုက်တာက ဒါဖြစ်နေကျပဲ၊ ဗိုင်းရပ်စ်ရှိရင်
အိမ်မှာနေ၊ ကြက်စွပ်ပြုတ်လေးပြုတ်
ရက်အတန်ကြာရင် အားလုံး အဆင်ပြေသွားမယ်ပေါ့။
ဒါပေမဲ့ ဒီတစ်ကြိမ်က အဆင်မပြေခဲ့ဘူး။
အဖျားဖြစ်ပြီးနောက်မှာ
သုံးပတ်ကြာ အရမ်း ခေါင်းမူးတယ်၊
အိမ်က မထွက်နိုင်ခဲ့ဘူး။
တံခါးဘောင်တွေဆီ တည့်တည့်လျှောက်၊
ရေချိုးခန်းရောက်ဖို့ နံရံတွေကို
ဖက်ထားရတယ်။
အဲဒီနွေဦးက တစ်ခုပြီးတစ်ခု
ရောဂါကူးစက်နေခဲ့ပြီး
ဆရာဝန်ဆီသွားတိုင်း
လုံးဝကို ဘာမှမဖြစ်ဘူးလို့
သူကပြောတယ်။
သူ စမ်းသပ်ခန်း စစ်ဆေးမှုတွေလုပ်တယ်
ဒါက အမြဲတမ်း ပုံမှန်ဆိုပြီး ပြန်လာတယ်။
ကျွန်မမှာ ရှိတဲ့ ရောဂါလက္ခဏာတွေက
ကိုယ်ပဲ ပြောနိုင်ပြီး
ဘယ်သူမှ မမြင်နိုင်တာတွေပါ။
ဒါ ပေါက်ကရနိုင်တာ သိပေမဲ့
ဒါမျိုးကို ကိုယ့်ကိုယ်ကို ရှင်းပြဖို့
နည်းလမ်းတစ်ခု ရှာဖို့လိုတယ်လေ။
ဒီတော့ တွေးမိတာက ကိုယ်အသက်ကြီးရင့်
လာတာဖြစ်နိုင်တယ်ပေါ့။
ဒါဟာ ၂၅ နှစ်ရဲ့ အြခားဘက်မှာ
ရှိတာမျိုး ဖြစ်လောက်တယ်ပေါ့။
(ရယ်သံများ)
ဒီနောက် အာရုံကြောဆိုင်ရာ
လက္ခဏာတွေ စလာတယ်။
တစ်ခါတစ်ရံ သိရတာက စက်ဝိုင်းရဲ့
ညာဘက်ကို မဆွဲနိုင်ဘူး၊
အခြားအချိန်တွေကျတော့ စကားပြောတာ
(သို့) လှုပ်ရှားဖို့ လုံးဝ လုပ်မရဘူး။
အထူးကုအစုံကို ပြခဲ့တယ်၊
ကူးစက်ရောဂါ ဆရာဝန်တွေ၊ အရေပြား
အထူးကု၊ဟိုမုန်းဆိုငိရာ အထူးကုတွေ၊
နှလုံးအထူးကုတွေပါ။
စိတ်ရောဂါအထူးကုနဲ့တောင် ပြခဲ့ပါတယ်။
ကျွန်မရဲ့ စိတ်ရောဂါအထူးကု ပြောတာက
"မင်းဖျားနေတာ ရှင်းပါတယ်၊
စိတ်ရောနဲ့ ဘာမှမဆိုင်ပါဘူး။
မင်းဖြစ်တာကို သူတို့ရှာတွေ့နိုင်ပါစေလို့
မျှော်လင့်ပါတယ်။"
နောက်နေ့မှာ အာရုံကြော အထူးကုက ကျွန်မမှာ
စိတ်ပိုင်းဖောက်ပြန်နေတာကို တွေ့ရှိခဲ့တယ်။
သူပြောတာက အကုန်လုံးပါ၊
ဖျားတာတွေ၊ လည်ချောင်းရောင်တာ၊
ဦးခေါင်းခွံ လေလမ်းကြောင်ကူးစက်မှု
အစာအိမ်အူလမ်းကြောင်း၊အာရုံကြောနဲ့
နှလုံးပိုင်း လက္ခဏာအားလုံးဟာ
ကျွန်မ မမှတ်မိနိုင်တဲ့
ကွာလှမ်းတဲ့ စိတ်ပိုင်းဆိုင်ရာ
ဒဏ်ရာကြောင့် ဖြစ်နေတာတဲ့။
သူပြောတာက ရောဂါလက္ခဏာတွေက
တကယ်ဆိုပေမဲ့
ဇီဝဆိုင်ရာ အကြောင်းရင်းတော့
မရှိဘူးတဲ့။
ကျွန်မက လူမှုဆိုင်ရာ သိပ္ပံပညာရှင်ဖြစ်ဖို့
သင်ယူနေတာ
စာရင်းအင်း၊ ဖြစ်နိုင်ခြေ သီအိုရီ
သင်္ချာပုံစံငယ်၊
စမ်းသပ်မှုဆိုင်ရာ
ဒီဇိုင်းတွေကို လေ့လာခဲ့ပါတယ်။
အာရုံကြောပညာရှင်ရဲ့ရောဂါစစ်တမ်းကို
မပယ်ချနိုင်သလို ခံစားမိပါတယ်။
ဒါ မှန်တယ်လို့ မခံစားရပေမဲ့
ကျွန်မရဲ့ လေ့ကျင့်မှုကနေ သိခဲ့တာက
အမှန်တရားဟာ မကြာခဏ ထင်တာနဲ့
တခြားစီဆိုတော့
ယုံကြည်ချင်တာနဲ့ အလွယ် ဖုံးသွားပါတယ်။
ဒီတော့ သူမှန်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို
စဉ်းစားရတော့တာပေါ့။
အဲဒီနေ့က အသေးစား စမ်းသပ်မှု
တစ်ခုလုပ်ခဲ့တယ်။
အာရုံကြောအထူးကုခန်းကနေ
အိမ်အထိ နှစ်မိုင် ပြန်လျှောက်ခဲ့တယ်။
ကျွန်မ ခြေထောက်တွေဟာ ဒီထူးဆန်းတဲ့
လျှပ်စစ်လို နာကျင်မှုမျိုးနဲ့ ပတ်နေတယ်။
နာကျင်မှုအပေါ် တရားမှတ်လိုက်တယ်။
ကျွန်မစိတ်ဟာ ဒါအားလုံးကို ဘယ်လို
ထုတ်ပေးတာကို အထပ်ထပ်ရှုရင်းပေါ့။
တံခါးမကို ဖြတ်လျှောက်လျှောက်ချင်းပဲ
ကျွန်မ ပုံကျသွားတယ်။
ကျွန်မ ဦးနှောက်နဲ့ အာရုံကြောဟာ
ပူလောင်နေတယ်။
လည်ပင်းက တောင့်လွန်းတော့
မေးစေ့ကို ရင်ဘတ်နဲ့ မထိနိုင်ခဲ့ဘူး၊
အသံသေးသေးလေး၊
အိပ်ရာခင်းတွေ ရှပ်တိုက်သံ၊
ခင်ပွန်း ခြေဗလာနဲ့
တစ်ဖက်ခန်းကို ဖြတ်လျှောက်တာ
အင်မတန်ကို နာကျင်စေပါတယ်။
နောက်နှစ်နှစ် အချိန်အများစုဟာ
အိပ်ယာထဲမှာ ကုန်ခဲ့တယ်။
ကျွန်မဆရာဝန်က ဘယ်လိုဖြစ်ပြီး
မှားနိုင်မှာလဲ။
ထင်ခဲ့တာက ဆရာဝန်တွေ တစ်ခါမှ
မမြင်ဖူးတဲ့ ရှားပါး ရောဂါတစ်ခုရခဲ့တယ်ပေါ့
ဒါနဲ့ အွန်လိုင်းတက်တော့
အလားတူရောဂါ လက္ခဏာတွေနဲ့
ရှင်သန်နေတဲ့ ကမ္ဘာတစ်လွှား
ထောင်ချီတဲ့ လူတွေကို တွေ့ရတယ်။
အလားတူ အထီးကျန်နေ၊
အလားတူ အယုံအကြည်မဲ့နေတာပါ။
တစ်ချို့အလုပ်လုပ်နိုင်တုန်း
ဒါပေမဲ့ ညနေခင်းတွေ၊ ပိတ်ရက်တွေမှာ
အိပ်ရာထဲ ကုန်ဆုံး၊
ဒါမှ နောက်တနင်္လာမှာ အလုပ်ဆင်းနိုင်မှာလေ။
အခြားနယ်ပယ်မှာကျတော့
အရမ်း နေမကောင်းဖြစ်တော့
လုံးဝကို မှောင်တဲ့အထဲမှာ
နေထိုင်ကြရတယ်၊
လူစကားပြောသံတွေ (သို့)
ချစ်ခင်သူတွေရဲ့ အထိအတွေ့ကို
ခံနိုင်စွမ်းမရှိကြဘူး။
ကျွန်မက ဦးနှောက် ရောင်ရမ်းပြီး
ကြွက်သားနာကျင်မှုဖြစ်တာပါ။
ဒါကို နာတာရှည် ပင်ပန်းမှု ရောဂါလက္ခဏာ
လို့ခေါ်တာ ကြာဖူးနိုင်လောက်တယ်။
ဆယ်စုနှစ်တွေကြာ ဒါဟာ ဒီလောက်
ပြင်းထန်တာဖြစ်နိုင်တဲ့
ရောဂါတစ်ခုရဲ့ ထင်ရှားတဲ့
ပုံရိပ်တစ်ခုဖြစ်ခဲ့တယ်လို့
ဆိုလို့ အမည်တစ်ခုပါ။
အားလုံးမှာ တူညီတဲ့ အဓိက လက္ခဏာက
ရုပ်ပိုင်း၊ စိတ်ပိုင်း အားထုတ်တဲ့အခါတိုင်း
အပြင်းအထန် ဒုက္ခရောက်တာပါ။
ကျွန်မ ခင်ပွန်း အပြေးကျင့်ရင်
တစ်ရက်၊ နှစ်ရက်လောက် ရောင်နိုင်တယ်၊
ကျွန်မ ဘလောက်ဝက်လောက် လမ်းလျှောက်ရင်
အိပ်ရာထဲ တစ်ပတ်လောက် လဲနေလောက်တယ်။
ဒါက ထုံးစံဖြစ်နေတဲ့ အကျဉ်းထောင်တစ်ခုပါ။
မကနိုင်တဲ့ ဘဲလေးကချေသည်တွေ၊
မပေါင်းနိုင်တဲ့ စာရင်းကိုင်တွေ၊
ဘယ်တော့မှ ဆရာဝန်ဖြစ်မလာတဲ့
ဆေးကျောင်းသားတွေကို သိတယ်။
တစ်ခါတုန်းက ဖြစ်ခဲ့တာက
ဘာမှ အရေးမပါဘူး၊
ဒါကို သင်မှမလုပ်နိုင်တော့တာလေ။
လေးနှစ်ကြာပြီဖြစ်ပြီး
ကျွန်မလည်း အရင်ကလို မရောက်သေးပါဘူး၊
အာရုံကြော အထူးကုဆေးခန်းကနေ
အိမ်ကို လမ်းလျှောက်မပြန်ခင်က မိနစ်ကိုပါ။
ကမ္ဘာတစ်ဝှမ်းမှာ ဒီရောဂါရှိသူ
၁၅ သန်းကနေ သန်း ၃၀ လောက်
ရှိမယ် ခန့်မှန်းရတယ်။
ကျွန်မလာခဲ့တဲ့ US မှာ
လူတစ်သန်းလောက် ရှိပါတယ်။
အဖြစ်များတဲ့ မပြောနိုင်၊ မလှုပ်ရှားနိုင်
ရောဂါ အကြမ်းဖျင်း နှစ်ဆဖြစ်စေတယ်။
လူနာတွေဟာ နှလုံးသွေးကြော
ရပ်သွားသူရဲ့ ရုပ်ပိုင်း
လုပ်ဆောင်မှုနဲ့ ဆယ်စုနှစ်ချီ ရှင်နိုင်တယ်။
ကျွန်မတို့ ၂၅ % က အိမ်မှာ ခြေချုပ်မိတာ
(သို့) အိပ်ယာထဲလဲနေပြီး
၇၅ က ၈၅ % ထိကတော့
အချိန်ပိုင်းအလုပ်တောင် မလုပ်နိုင်ပါဘူး။
ကျွန်မတို့ကို ဆရာဝန်တွေကမကု၊
သိပ္ပံပညာကလည်း မလေ့လာသေးပါဘူး။
ဘယ်လိုဖြစ်ပြီး ဒီရောဂါက အဖြစ်များပြီး
ဒီပျက်စီးမှုကို
ဆေးပညာက မေ့ထားရတာလဲ။
ဆရာဝန်က ကျွန်မမှာ စိတ်ပိုင်း
ဖောက်ပြန်တာကို တွေ့တော့
နှစ် ၂၅၀၀ ကျော်ရှိတဲ့
အမျိုးသမီးတွေရဲ့ ခန္ဓာတွေအကြာင်း
အယူအဆတွေရဲ့ မျိုးနွယ်ကို မှီငြမ်းနေပါတယ်။
ရိုမန် သမားတော် Galen တွေးခဲ့တာက
စိတ်ကစဉ့်ကလျားရောဂါဟာ အထူးသဖြင့်
ရမ္မက်ကြီးတဲ့ အမျိုးသမီးတွေမှာ
လိင် ခံစားခွင့် မရတာကြောင့်ဖြစ်တာတဲ့။
ဂရိတွေ တွေးတာက ပြောရရင်
သားအိမ်ဟာ ခြောက်သွားပြီး
ကိုယ်တွင်း အဂါတွေကို ဖိရင်း
စိုထိုင်းမှုရှာဖို့
ကိုယ်ခန္ဓာထဲ လှည့်လည်သွားတော့
ဟုတ်တယ်၊
လွန်ကဲတဲ့ စိတ်ခံစားမှုတွေကနေ
မူးဝေမှုနဲ့ သွက်ချာပါဒ
ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတယ်။
ကုသမှုကတော့ လက်ထပ်ပြီး
မိခင်ဘဝဖြစ်ခြင်းပါ။
ဒီအယူအဆတွေက ထောင်စုနှစ်တွေကနေ အာရုံကြော
ပညာရှင်တွေ စိတ်ကစဉ့်ကလျားသီအိုရီခေတ်မီဖို့
ကြိုးစားတဲ့ ၁၈၈၀ နှစ်လွန်တွေတိုင်
အများကြီး မပြောင်းလဲသွားခဲ့ဘူး။
Sigmund Freud ကနေပြီး
သိစိတ်ကဖြေရှင်းဖို့ နာကျင်လှတဲ့
အမှတ်တရတွေ၊ ခံစားမှုတွေကို
ရင်ဆိုင်တော့ မသိစိတ်က ရုပ်ပိုင်းလက္ခဏာတွေ
ထုတ်ပေးနိုင်တယ်လို့
သီအိုရီကို ထွင်ခဲ့တယ်။
စိတ်ခံစားမှုတွေကို ရုပ်ရောဂါ
လက္ခဏာတွေအဖြစ် ပြောင်းလဲခဲ့တယ်။
ဆိုတာက အမျိုးသားတွေ
စိတ်ကစဉ့်ကလျား ရနိုင်ပေမဲ့
တကယ်က အမျိုးသမီးတွေဟာ
စိတ်ထိခိုက်မှု အများဆုံးဖြစ်တယ်
ကျွန်မ ကိုယ်တိုင်ရဲ့ ရောဂါရဲ့ သမိုင်းကို
စတင်စူးစမ်းတော့
ဒီအယူအဆတွေ နက်ရှိုင်းစွာ
စီးဝင်ဆဲဆိုတာတွေ့ဖို့ အံ့သြမိခဲ့တယ်။
၁၉၃၄ မှာ
Los Angeles County အထွေထွေကု ဆေးရုံက
ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဝန်ထမ်း ၁၉၈ ဦး
အသည်းအသန် နေမကောင်းဖြစ်ခဲ့တယ်။
ကြွက်သား အားနည်းမှု၊ လည်ပင်းနဲ့ ကျောမှာ
တောင့်တင်းမှု၊ အဖျားရောဂါတွေ
ကျွန်မ ပထမဆုံး ရောတွေ့ရစဉ်က ရခဲ့တဲ့
ရောဂါလက္ခဏာတွေနဲ့ အားလုံးအတူတူပဲ။
ဆရာဝန်တွေက ပိုလီယို
ပုံစံသစ်လို့ ထင်ခဲ့တယ်။
ဒီကတည်းက တစ်ကမ္ဘာလုံးမှာ
ဖြစ်ပွားမှု ၇၀ ကျော်
မှတ်တမ်းတင်ထားတာရှိတယ်။
မှတ်သားလောက်အောင်
တူတဲ့ နောက်မှကူးစက်တဲ့ ရောဂါပါ။
ဒီဖြစ်ပွားမှု အားလုံးဟာ အမျိုးသမီးတွေကို
အချိုးမကျ ထိခိုက်စေတတ်ပြီး
အနှေးနဲ့အြမန် ဆရာဝန်တွေဟာ ဒီရောဂါရဲ့
အကြောင်းရင်းကိုရှာဖို့ ပျက်ကွက်တော့
ဒီဖြစ်ပွားမှုတွေဟာ အစုလိုက်
စိတ်ခချာက်ချားတာလို့ ထင်ခဲ့ကြတယ်။
ဘာလို့ ဒီအယူအဆက ဒီလောက်
ခံနိုင်ရည်ရှိရတာလဲ။
လိင်ခွဲခြားတာနဲ့ ဆိုင်တယ်လို့ထင်ပေမဲ့
အခြေခံအားဖြင့် ဆရုဝန်တွေက
ကူညီချင်တယ်လို့လည်း ထင်မိတယ်။
သူတို့ဟာ အဖြေကို သိချင်ပြီး
ဒီအမျိုးအစားက ဆရာဝန်တွေကို
အခြားနည်းနဲ့ ကုမရနိုင်တာကို ကုသဖို့
ရှင်းလင်းချက် မရှိတဲ့ ရောဂါကို
ရှင်းလင်းဖို့ ဖြစ်စေခဲ့တယ်။
ပြဿနာက ဒါဟာ တကယ့်
ဘေးအန္တရာယ်ဖြစ်နိုင်တာပါ။
၁၉၅၀ လွန်နှစ်တွေမှာ Eliot Slater
လို့ခေါ်တဲ့ စိတ်ကုပညာရှင်က
စိတ်ကစဉ့်ကလျားရောဂါတွေ့ထားတဲ့ လူနာစု
၈၅ ဦးကို လေ့လာခဲ့တယ်။
ကိုးနှစ်အကြာမှာ ၎င်းတို့ထဲက ၁၂ ယောက်က
သေဆုံးပြီး ၃၀ က မသန်မစွမ်းဖြစ်လာခဲ့တယ်။
အများအြပားဟာ အာရုံကြော ချွတ်ယွင်းတာ၊
ဝက်ရူးပြန်၊ ဦးနှောက်အကျိတ်ရောဂါမျိူး
မပေါ်တဲ့ အခြေအနေမှာပါ။
၁၉၈၀ မှာ စိတ်ကစဉ့်ကလျားဖြစ်တာကို စိတ်ဖောက်
ပြန်မှုလို့ တရားဝင် ပြောင်းခဲ့တယ်။
အာရုံကြောပညာရှင်က ၂၀၁၂ မှာ
ကျွန်မကို ရောဂါစစ်တော့
သူက Freud ရဲ့ စကားလုံး မှတ်တမ်းကို
သံယောင်လိုက်နေခဲ့ပြီး
ယနေ့တိုင်အောင်
အမျိုးသမီးတွေဟာ ၂ ကြိမ်က ၁၀ ကြိမ်ထိ
ဒီရောဂါစစ်ဆေးမှု ရဖို့ အလားအလာပိုများတယ်
စိတ်ကစဉ့်ကလျားရောဂါ သီအိုရီ (သို့)
စိတ်ကြောင့်ဖြစ်တဲ့ ရောဂါရဲ့ပြဿနာက
ဘယ်တော့မှ သက်သေပြလို့ မရတာပါ။
အဓိပ္ပါယ်အရတော့
သက်သေခံ ကင်းမဲ့ခြင်းနဲ့
ME ဖြစ်ခဲ့လျှင်
စိတ်ပညာဆိုင်ရာ ရှင်းလင်းချက်တွေက
ဇီဝဆိုင်ရာ သုတေသနကို ချုပ်ထားတယ်။
တစ်ကမ္ဘာလုံးမှာ ME က ထောက်ပံ့မှု
အနည်းဆုံးရောဂါတွေထဲက တစ်ခုပါ။
US မှာ AIDS လူနာတစ်ဦးကို တစ်နှစ်
အကြမ်းဖျင်း ၂၅၀၀ ဒေါ်လာ၊
MS လူနာတစ်ဦးကို ဒေါ်လာ ၂၅၀ သုံးပြီး
ME လူနာကျတော့
တစ်နှစ်ကို ၅ ဒေါ်လာပဲ သုံးပါတယ်။
ဒါက လျှပ်လက်ခြင်းပဲမဟုတ်ဘူး။
ကျွန်မ ကံမကောင်းတာပဲမဟုတ်ဘူး။
ကျွန်မ ရောဂါကို ဝန်းရံနေတဲ့
မသိမှုမှာ ရွေးချယ်စရာတစ်ခု ရှိဖူးတယ်။
ကျွန်မတို့ကို ကာကွယ်သင့်တဲ့
အဖွဲ့ကြီးတွေက လုပ်တဲ့ ရွေးချယ်မှုပါ။
ဘာကြောင့် ME ဟာ မျိုးရိုးလိုက်တာ
ဘာကြောင့် အန်တီရိုဗိုင်းရပ်ကနေ၊
Epstein-Barr ၊
Q အဖျားထိ ကူးစက်မှုတိုင်း
နီးပါးနောက်မှာ ကျွန်မတို့ရနိုင်တာ (သို့)
ဘာကြောင့် အမျိုးသမီးတွေဟာ အမျိုးသား
တွေထက် ၂ဆ၊ ၃ဆ ပိုကူးစက်တာ မသိဘူး။
ဒီပြဿနာက ကျွန်မ ရောဂါထက်
အများကြီး ပိုကြီးတယ်။
ပထမ ကျွန်မဖျားတုန်းက
မိတ်ဆွေဟောင်းတွေ ကျွန်မဆီ
ရောက်လာတယ်။
မကြာခင် ကိုယ်တွေ တစ်စစီပြုတ်နေတဲ့
နှစ်ဆယ်နှောင်း အမျိုးသမီးစုရဲ့
အစိတ်အပိုင်း ဖြစ်ခဲ့တာ သိလိုက်ရတယ်၊
ထူးခြားတာက ကျွန်မတို့မှာရှိနေတဲ့
ဒုက္ခကို အရေးတကြီး
ဆောင်ရွက်တာကိုပါ။
အသားမျှင်ခက်မာနေတဲ့ အမျိုးသမီးဆီက သိရတာပါ
တစ်ရှူးဆက်နေတဲ့ရောဂါတစ်ခု၊
ဒါ သူ့ခေါင်းထဲမှာရှိနေတယ်လို့
နှစ်များစွာ အပြောခံရသူပါ။
ရောဂါဖြစ်တာနဲ့ စစ်ဆေးတာကြားမှာ
သူမရဲ့ အစာပြွန်ဟာ အတော်ကြီးကို
ပျက်စီးခဲ့တာဆိုတော့
ဘယ်တော့မှ ပြန်စားနိုင်တော့မှာ မဟုတ်ဘူး။
သားအိမ်ကင်ဆာနဲ့ အခြားအမျိုးသမီးဟာ
စောစောပဲ သွေးဆုံးခဲ့တယ်လို့
နှစ်များစွာ ပြောခံရသူပါ။
ကောလိပ်က သူငယ်ချင်းတစ်ဦး
ဦးနှောက်အကျိတ်ကို ပူပန်မှုအဖြစ်နဲ့
နှစ်ချီပြီး မှားယွင်း စစ်ဆေးခံရတယ်။
ကျွန်မ ပူပန်တာက ဟောဒါကြောင့်ပါ။
၁၉၅၀ နှစ်လွန်တွေကတည်းက များစွာသော
တစ်ရှူးဆက်တဲ့ ရောဂါတွေရဲ့နှုန်းတွေဟာ
နှစ်ဆကနေ သုံးဆတက်လာတယ်။
အဆုံးမှာ အသိအမှတ်ပြုထားတဲ့
တစ်ရှူးဆက်တဲ့ရောဂါ တွေ့ရှိရသူ
လူနာ လေးဆယ့်ငါး ရာနှုန်းဟာ
အစက သောကလွန်ကဲတဲ့
ရောဂါသည်တွေလို့ အပြောခံရသူတွေပါ။
ဇရာကြောင့် စိတ်ချောက်ချားတာလိုပဲ
ဒါက လိင်၊ ကျွန်မတို့ ယုံကြည့်တဲ့
ဇာတ်လမ်းတွေနဲ့
အရာရာ ပတ်သက်နေပါတယ်။
တစ်ရှူးဆက်တဲ့ရောဂါ လူနာ ခုနှစ်ဆယ့်ငါး
ရာနှုန်းက အမျိုးသမီးတွေဖြစ်ပြီး
တစ်ချို့ရောဂါတွေမှာ ၉၀% ထိ
မြင့်မားပါတယ်။
ဒီရောဂါတွေဟာ အမျိုးသမီးတွေကို
အချိုးမကျ ကူးစက်တာတောင်မှ
အမျိုးသမီးရောဂါတွေ မဟုတ်ဘူး။
ME ဟာ ကလေးတွေကို၊
သန်းချီတဲ့ အမျိုးသားတွေကို ကူးစက်ပါတယ်။
လူနာတစ်ယောက်ပြောတာက
ဒါကို အသွား၊အပြန် ရတာတဲ့။
မိန်းမတစ်ယောက်ဖြစ်ရင် သင်ဟာ ရောဂါ
လက္ခဏာတွေကို ချဲ့ကားတယ်လို့ အပြောခံရပေမဲ့
ကောင်လေးဆိုရင်တော့ အားတက်ဖို့
သန်စွမ်းတယ်လို့ အပြောခံရတယ်။
ရောဂါအစစ်ခံတဲ့အခါ အမျိုးသားတွေဟာ
ပိုခက်ခဲတဲ့ အချိန်တောင်ရှိနိုင်ပါတယ်။
ကျွန်မရဲ့ ဦးနှောက်က အရင်အတိုင်း
မဟုတ်တော့ဘူး။
ဒီမှာ ကောင်းတဲ့အပိုင်းက
ဘာပဲဖြစ်ဖြစ် ကျွန်မ မျှော်လင့်နိုင်သေးတယ်၊
၎င်းတို့ရဲ့ နည်းလမ်းတွေကို
သိပ္ပံပညာက မဖော်ထုတ်ခင်အထိ
စိတ်ပိုင်းဆိုင်ရာလို့ တစ်ခါက
ထင်ခဲ့တဲ့ ရောဂါများစွာရှိခဲ့တယ်။
ဦးနှောက်ထဲက လျှပ်စစ်ပိုင်းလုပ်ဆောင်မှုကို
EEG က မတိုင်းတာနိုင်ခင်က
ဝက်ရူးပြန်ရောဂါနဲ့ လူနာတွေဟာ
အတင်းအကျပ် ဆေးရုံပို့ခံရတယ်။
CAT စကင်နဲ့ MRI တွေက ဦးနှောက် ဒဏ်ရာတွေကို
မတွေ့ရှိခင်က အသားမျှင်ခက်မာတာကို
ကယောင်ချောက်ချား
သွက်ချာပါဒလို့ မှားယွင်းစစ်ဆေးခဲ့တယ်။
ပြီးတော့ မကြာခင်က H အူသိမ်ဝဟာ
လက်သည်လို့ မရှာတွေ့ခင်အထိ
ဝမ်းဗိုက် ပြည်တည်နာဟာ စိတ်ဖိစီးမှု
ကြောင့်ဖြစ်တာလို့ တွေးထင်ခဲ့ဖူးတယ်။
ME ဟာ အခြားရောဂါတွေရတဲ့
အကျိုးကျေးဇူး ဒီသိပ္ပံပညာမျိုးကနေ
ဘယ်တုန်းကမှ မရခဲ့ပေမဲ့
ဒါက ပြောင်းလဲဖို စနေပါတယ်။
ဂျာမဏီမှာ သိပ္ပံပညာရှင်တွေဟာ တစ်ရှူးဆက်
ရောဂါရဲ့ သက်သေခံနဲ့ ရှာဖို့ စနေပြီး
ဂျပန်မှာ ဦးနှောက် ရောင်ရမ်းခြင်းရဲ့ဟာပါ၊
US မှာ Stanford က သိပ္ပံပညာရှင်တွေဟာ
သာမန်ကနေ
စံသွေဖည်မှု ၁၆ ခုရှိတဲ့
စွမ်းအင် ကိုယ်တွင်းဇီဝဖြစ်စဉ်ထဲက
မူမမှန်မှုတွေကို ရှာဖွေနေပါတယ်။
ပြီးတော့ နော်ဝေးမှာ သုတေသီတွေဟာ
လူနာတစ်ချို့ကို ပကတိ သက်သာစေတဲ့
ကင်ဆာဆေးဝါးတစ်ခုကို အဆင့် ၁ ကုသမှု
စစ်ဆေးတာကို လုပ်ဆောင်နေပါတယ်။
ကျွန်မကို မျှော်လင့်ချက် ပေးသေးတာက
လူနာတွေရဲ့ ဒဏ်ခံနိုင်မှုပါ။
ကျွန်မတို့ အွန်လိုင်းမှာ စုပြီး
ကိုယ့်အဖြစ်တွေကို မျှဝေကြတယ်
ရှိနေတဲ့ သုတေသနကို အငမ်းမရ ဖတ်တယ်၊
မိမိကိုယ်ကို စမ်းသပ်ခဲ့ကြတယ်။
ကိုယ်တိုင် သိပ္ပံပညာရှင်တွေ၊
ဆရာဝန်တွေဖြစ်လာခဲ့တယ်
ဖြစ်ဖို့လည်း လိုတာကြောင့်ပါ။
တဖြည်းဖြည်းနဲ့ ဒီမှာ ငါးရာခိုင်နှုန်း
ဟိုမှာ ငါးရာခိုင်နှုန်း ထပ်ဖြည့်လိုက်တာ
နောက်ဆုံး အိမ်ကနေထွက်နိုင်ခဲ့တဲ့
နေ့ကောင်းတစ်နေ့မတိုင်ခင်ထိပေါ့။
အဓိပ္ပါယ်မရှိတဲ့ ရွေးချယ်မှုတွေ
လုပ်နေရဆဲပါ။
ဥယျဉ်ထဲမှာ ၁၅ မိနစ်ထိုင်မလား၊
(သို့) ဒီနေ့ ခေါင်းလျှော်မလားပေါ့။
ဒါက ကျွန်မကို ကုလို့ရတယ်လို့
မျှော်လင့်ချက်ပေးတယ်။
ကျန်မမှာ မကျန်းမာတဲ့ ခန္ဓာ
ရှိခဲ့တယ်၊ ဒါပဲလေ။
မှန်ကန်တဲ့ ကူညီမှုမျိုးနဲ့ဆိုရင် တစ်နေ့မှာ
ကျွန်မ သက်သာလာနိုင်လောက်တယ်။
ကမ္ဘာတစ်လွှားက လူနာတွေနဲ့ အတူစုပြီး
ကျွန်မတို့ စတင် တိုက်ပွဲဝင်ခဲ့တယ်။
ကျွန်မတို့မှာ ဟာကွက်ကို အံ့သြစရာ
တစ်ခုနဲ့ ဖြည့်ထားပေမဲ့
မလုံလောက်သေးပါဘူး။
ကျွန်မ ပြန်ပြေးနိုင်မလား၊ အကွာအဝေးတစ်ခုထိ
လမ်းလျှောက်နိုင် ဒါမှမဟုတ်
ကျွန်မ အခု အိပ်မက်တွေထဲမှာသာလုပ်တဲ့
ရွေ့လျားတဲ့ အရာတွေကိုလုပ်နိုင်ဦးမလား
ဆိုတာ မသိသေးပါဘူး။
ဒါပေမဲ့ ကျွန်မလာခဲ့တဲ့ခရီးအတွက်
အရမ်းကျေးဇူးတင်မိပါတယ်။
တိုးတက်မှုက နှေးတယ်၊
အတက်ရှိတယ်၊
အကျရှိတယ်၊
ဒါပေမဲ့ ကျွန်မ နေ့တိုင်း
နည်းနည်းချင်း ပိုကောင်းလာနေတယ်။
ကျွန်မ အိပ်ခန်းထဲမှာ ပိတ်မိခဲ့တုန်းက
ဘယ်လိုဆိုတာ အမှတ်ရနေတယ်၊
လတွေနဲ့ချီပြီး နေကို မမြင်ခဲ့ရတာပါ၊
အဲဒီမှာပဲ သေသွားမလားလို့ ထင်ခဲ့တာပါ။
ဒါပေမဲ့ ဒီနေ့ ကျွန်မ ဒီမှာ
ရှင်တို့နဲ့အတူ ရှိနေတယ်၊
ဒါ အံ့ဖွယ်သရဲ တစ်ခုပါ။
ကျွန်မဟာ ကံကောင်းတဲ့သူတစ်ယောက်
မဟုတ်ခဲ့ရင်၊ အင်တာနက်မတိုင်ခင်က
နေမကောင်းဖြစ်ခဲ့ရင်
ကျွန်မ လူစုကို မတွေ့ခဲ့ရင်
ဘာဖြစ်ခဲ့မှန်းကို ကျွန်မ မသိနိုင်ခဲ့ဘူး။
ဖြစ်နိုင်တာက များစွာသော အခြားသူတွေလိုပဲ
ကိုယ့်ကိုယ်ကို သတ်သေမိလောက်ပါပြီ။
မှန်တဲ့အတိုင်း မေးခဲ့တယ်ဆိုရင်
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက
ဘယ်နှစ်ဘဝလောက် ကယ်တင်နိုင်ခဲ့ပြီလဲ။
စစ်မှန်တဲ့ အစပြုဖို့ ဆုံးဖြတ်တယ်ဆိုရင်
ဒီနေ့မှာ ဘယ်နှစ်ဘဝလောက် ကယ်တင်နိုင်မလဲ။
ကျွန်မ ရောဂါရဲ့ အကြောင်းရင်းမှန်ကို
ဖော်ထုတ်တာနဲ့တင်
ကျွန်မတို့ရဲ့ အဖွဲ့အစည်းတွေနဲ့
ယဉ်ကျေးမှုကို မပြောင်းလဲရင်
ဒါကို နောက်ရောဂါတစ်ခုမှာ
ဆက်လုပ်ကြမှာပါ။
ဒီမကျန်းမာမှုနဲ့ ရှင်သန်မှုက သင်ပေးခဲ့တာက
သိပ္ပံနဲ့ ဆေးပညာဟာ လေးနက်လှတဲ့ လူသား
ကြိုးပမ်းမှုတွေဆိုတာပါ။
ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေ၊
မူဝါဒ ချမှတ်သူတွေဟာ
ကျွန်မတို့အားလုံးကို ထိခိုက်စေတဲ့
တူညီတဲ့ ဘက်လိုက်မှုတွေကို
ခံနိုင်ရည်မရှိပါဘူး။
အမျိုးသမီးကျန်းမာရေးကို
ပိုကွဲပြားတဲ့နည်းတွေနဲ့ တွေးဖို့လိုတယ်။
ကျွန်မတို့ရဲ့ ကိုယ်ခံအားစနစ်တွေဟာ
စစ်တလင်းတစ်ခုနဲ့ညီမျှတဲ့ ခန္ဓာကိုယ်ရဲ့
ကျန်တဲ့အပိုင်းလောက် များပါတယ်။
လူနာတွေရဲ့ အဖြစ်တွေကို နားထောင်ဖို့လိုပြီး
"မသိဘူးလို့" ပြောဖို့ စိတ်ဆန္ဒရှိရပါမယ်။
"မသိဘူး" ဆိုတာဟာ လှပတဲ့အရာပါ။
"မသိဘူး" ဆိုတာဟာ ရှာဖွေမှု စတင်ရာပါ။
ဒါကို လုပ်နိုင်တယ်ဆိုရင်
ကျွန်မတို့ မသိသမျှအားလုံးရဲ့
မဟာ ကျယ်ပြောမှုဆီ ချဉ်းကပ်နိုင်ရင်
မသေချာမှုကို ကြောက်တာထက်
ဒါကို အံ့သြမှု သဘောနဲ့
နှုတ်ဆက်နိုင်လောက်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။
ကျေးဇူးပါရှင်။