ယနေ့ ဒီခေတ်မှာ လူကြီးဖြစ်လာဖို့ ဘာလို သိပ်ကြာလာရတာလဲ? | Jeffrey Jensen Arnett | TEDxPSU
-
0:17 - 0:22ဒီနေ့ခေတ်မှာ အရင်နဲ့စာရင် လူကြီးဖြစ်ဖို့
ပိုကြာတာကို အားလုံး သဘောတူကြမှာပါ။ -
0:22 - 0:25အဲဒီအချက်က ဘယ်လိုမှ ငြင်းကွယ်စရာ
မရှိဘူးလို့ ထင်ရကာ၊ -
0:25 - 0:28အချက်အလက်တွေ တသီးကြီးက
ထောက်ခံကြပါတယ်။ -
0:28 - 0:32ကျွန်တော်တို့ရဲ့ အခြေခံ နှစ်အဖြစ်
၁၉၆၀ ကို ယူကြည့်မယ်ဆိုရင်၊ -
0:33 - 0:37လူတွေဟာ အထက်တန်းကျောင်းကို
ပြီးကြတောင်မှ -
0:37 - 0:39အထက်တန်းကျောင်း အထက်မှာ ပညာသင်နိုင်ခဲ့သူ
နည်းခဲ့ပါတယ်။ -
0:39 - 0:42ပြည်သူထဲက ၄၀% တို့ဟာ
အထက်တန်းကျောင်းကိုတောင် မပြီးနိုင်ခဲ့ကြပါ။ -
0:44 - 0:49၁၉၆၀ ခုနှစ်မှာ ပျမ်းမျှ လက်ထပ်နှစ်ဟာ
အမျိုးသမီး -၂၀၊ အမျိုးသား -၂၃ နှစ် ဖြစ်ခဲ့တယ်။ -
0:51 - 0:56အခုဆိုရင် အဲဒါဟာ အမျိုးသမီးအတွက် ၂၇ နဲ့
အမျိုးသားအတွက် ၂၉ နှစ် ဖြစ်တယ်။ -
0:56 - 0:58ဒီတော့ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ
-
0:58 - 1:01လူငယ်တွေရဲ့ ဘဝဟာ တော်တော်များများ
ပြောင်းလဲလာခဲ့ပါပြီ။ -
1:01 - 1:04ဘယ်လောက်တောင် ပြောင်းလဲလာခဲ့သလဲ
ဆိုတော့၊ ကျွန်တော်အထင်၊ -
1:04 - 1:08ဆယ်ကျော်သက်ဘဝ နဲ့ သက်ကြီးလူငယ်ဘဝ
အကြားမှာ ရှိတဲ့ -
1:08 - 1:13အဲဒါဟာ ဘဝအဆင့်သစ် တခုဖြစ်တယ်လို့
ယူဆသင့်ပါတယ်။ -
1:13 - 1:16ထားပါစို့၊ ဒီနေ့မှာ အရင်နှစ်များနဲ့စာရင်
လူကြီးဖြစ်လာဖို့ -
1:16 - 1:18ဘာဖြစ်လို့ ပိုပြီးကြာလာရတာလဲ?
-
1:18 - 1:22ဘာဖြစ်လို့ ထွန်းသစ်စ သက်ကြီးဘဝဆိုတဲ့
အဆင့် ဘာဖြစ်လို့ ပေါ်လာရတာလဲ? -
1:23 - 1:28ဒီနေ့မယ် ကျွန်တော်တို့ မြင်နေကြရတဲ့
လူ့အဖွဲ့အစည်းကို၊ ထွန်းသစ်စ သက်ကြီးဘဝ -
1:28 - 1:33အပါအဝင်ကို၊ ဖြစ်ပေါ်လာစေခဲ့ကြတဲ့
တော်လှန်ရေး လေးခုတို့ဟာ -
1:33 - 1:37လွန်ခဲ့တဲ့ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်များ
အတွင်းမှာဖြစ်ပွားခဲ့ကြပါတယ်။ -
1:37 - 1:40အဲဒီ တော်လှန်ရေး လေးခုကို ဖေါ်ပြရရင်
နည်းပညာ တော်လှန်ရေး၊ -
1:40 - 1:42ကျားမဆက်ဆံမှု တော်လှန်ရေး၊
-
1:42 - 1:46အမျိုးသမီးများရဲ့ လှုပ်ရှားမှု
နဲ့ လူငယ် လှုပ်ရှားမှုတွေပါပဲ။ -
1:46 - 1:48ပထမ ဖြစ်တဲ့ နည်းပညာ
တော်လှန်ရေးကို ယူကြည့်ကြမယ်။ -
1:48 - 1:52နည်းပညာ တော်လှန်ရေးဆိုတာ
iPhone နဲ့ iPad တွေသာ မကပါ၊ -
1:52 - 1:55ဒါမှမဟုတ် လက်တော့ နဲ့ အင်တာနက်တင်င မကပါ။
-
1:55 - 2:00နောက်ဆုံး နှစ် ၅၀ အတွက် ထုတ်လုပ်ရေး
စီးပွားရေးမှနေပြီး -
2:00 - 2:05အသိပညာ စီးပွားရေးဆီကို ပြောင်းလဲမှုဟာလည်း
ကြီးမားတဲ့ ပြောင်းလဲမှုကြီးပါ။ -
2:06 - 2:09ကျွန်တော်တို့ဟာ စက်တွေကို သုံးပြီး
ပစ္စည်းထုတ်လုပ်ရာတွင် သိပ်တော်လာကြလို့ -
2:09 - 2:13အဲဒါတွေကို ထုတ်လုပ်ဖို့ လူနည်းနည်းပဲ
လိုပါတော့တယ်။ -
2:14 - 2:16ပြီးတော့ ထုတ်လုပ်ရေး လုပ်ငန်း အများအပြားတို့ကို
-
2:16 - 2:19တခြားနိုင်ငံများဆီ ရွှေ့ပြောင်းခဲ့တာကိုလည်း
ကျွန်တော်တို့ သိကြပါတယ်။ -
2:19 - 2:21အဲဒါနဲ့တင် မပြီးသေးပါဘူး။
-
2:21 - 2:25ကျွန်တော်တို့ဟာ ထုတ်လုပ်မှုအား
အခုဆိုရင် ၁၉၅၀ ပြည့်နှစ်များနဲ့ စာပါက -
2:25 - 2:27ခြောက်ဆ ပိုကြီးထွားလာပါတယ်။
-
2:27 - 2:30ပြီးတော့ အဲဒါကို လူတဝက်ကိုသာ သုံးပြီး
ထုတ်လုပ်လာနိုင်ကြပါသေးတယ်။ -
2:30 - 2:32အဲဒါကြောင့်မို့လို့ လူငယ်တယောက်ဟာ
-
2:32 - 2:37ကားစက်ရုံ ဒါမှမဟတ် သံမဏိစက်ရုံကို
သွားပြီး အလုပ်ရှာပြီး -
2:37 - 2:41သူသာမက သူ့မိသားစုကိုပါ ထောက်ပံ့နိုင်တဲ့
ငွေကြေးကို ရှာနိုင်တဲ့ ခေတ် ကုန်သွားပါပြီ။ -
2:42 - 2:45အသိပညာ စီးပွားရေး ခေတ်ထဲမှာ အလုပ်သစ်တွေဟာ
-
2:45 - 2:49အချက်အလက်များ နဲ့ နည်းပညာ နဲ့
ဝန်ဆောင်မှုများထဲမှာ ရှိနေကြပါတယ်။ -
2:49 - 2:54အဲဒါတွေ အားလုံးက အထက်တန်းကျောင်း ထက်
ကျော်လွန်တဲ့ ပညာရေးကို လိုအပ်ပါတယ်။ -
2:54 - 2:58အဲဒီလို လူတွေသာလျှင် အသိပညာ
စီးပွားရေထဲမှာ အလုပ် ရနိုင်ကြပါတယ်။ -
2:58 - 3:02ကျွန်တော်တို့ဟာ အထက်တန်းကျောင်းထက်
ပိုမြင့်တဲ့ ပညာရေး တခုခု ရှိရပါမယ်။ -
3:02 - 3:07အဲဒီတော့ အရင်နဲ့စာရင် လူအများတို့ဟာ
ပညာရေးကို ပိုပြီးကြာအောင် သင်လာရပါတယ်။ -
3:08 - 3:10အဲဒီအကြောင်းကပဲ
တခြားအကျိုးဆက်တွေကို ဖြစ်ပွားလာစေတယ်၊ -
3:10 - 3:14လူအများစုတို့ဟာ သူတို့ရဲ့
ပညာရေး ပြီးသွားလို့ နှစ်အတော်ကြာအထိကို -
3:14 - 3:18မြဲတဲ့ ရေရှည် အလုပ်ကို မရနိုင်ကြသေးလို့၊
-
3:18 - 3:21လူအများစုတို့က မြဲတဲ့ အလုပ်ကို မရမချင်း
လက်ထပ်ရန် နဲ့ မိဘဖြစ်ရန်ကို -
3:21 - 3:24မလောဘဲ အချိန်ဆွဲနေကြရပါတယ်။
-
3:25 - 3:27ဒုတိယက ကျားမဆက်ဆံမှု တော်လှန်ရေးပါ။
-
3:28 - 3:31၁၉၆၄ ခုနှစ် ကလေးမရရေး
ဆေးလုံးကို တီထွင်နိုင်ခဲ့ခြင်းနဲ့ -
3:31 - 3:34သန္ဓေတားရေး ထိရောက်တဲ့
နည်းပညာတွေ ပေါ်လာခြင်းနဲ့အတူ၊ -
3:34 - 3:39ကျားမဆက်ဆံမှု နဲ့ မျိုးပွားမှု အကြား ရှိခဲ့တဲ့
အသက်ဆိုင်ရာ ဆက်စပ်မှုကို ရိုက်ချိုးပစ်တယ်။ -
3:40 - 3:41အဲဒီနောက်မှာ၊
-
3:41 - 3:46ကျားမဆက်ဆံမှု နဲ့ လက်ထပ်မှု အကြား ဆက်စပ်မှု
ဟာ ပထမဦးဆုံး အကြိမ် ရိုက်ချိုးခံခဲ့ရတယ်။ -
3:46 - 3:49အဲဒါနဲ့ လက်ထပ်ကြတဲ့ အသက်ဟာ
မှန်မှန်ဆိုသလို ကြီးမြင့်လာတော့တယ်၊ -
3:49 - 3:54ပထမအကြိမ် ကျားမဆက်ဆံမှု
အသက်ကျတော့ ကျဆင်းလာတာတောင်မှပါ။ -
3:54 - 4:00ဒီနေ့ဆိုရင်၊ လူငယ်တွေ သူတို့ရဲ့ ဆယ်ကျော်သက်
နောက်ပိုင်းနှစ်များမှာ ကျားမဆက်ဆံလာကြတယ်၊ -
4:00 - 4:04သူတို့ဟာ လက်ထပ်လျက် မိဘဖြစ်လာတဲ့
နှစ်ထက် ဆယ်နှစ်၊ ဆယ်နှစ်မက စောနေပါတယ်။ -
4:05 - 4:08အဲဒါကြောင့်မို့လို့ ဆယ်ကျော်သက် အရွယ်ဟာ
၂၀ ပြည့်သူနဲ့လည်း ဆိုင်လာပါတယ်။ -
4:08 - 4:11လက်ထပ်လျက် မိဘဖြစ်ဖို့ကို ကတိတွေ
ပေးမယ့်အစား၊ -
4:11 - 4:15လူတွေဟာ အခုတော့ ဆယ်နှစ်
ဒါမှမဟုတ် ပိုကြာတဲ့အထိကို -
4:15 - 4:18မိသားစု ဘဝပုံစံမျိုးဖြင့်
အခိုင်အမာနေကြမယ့် အစား -
4:18 - 4:21သူတို့ အကြားက ဆက်ဆံမှုတွေကို ရပ်တန့်လျက်
အချိန်ဆွဲလာကြပါတယ်။ -
4:23 - 4:25နံပါတ် သုံးက အမျိူးသမီး လှုပ်ရှားမှုပါ။
-
4:27 - 4:30၁၉၆၀ ပြည့်နှစ်တုန်းက ကောလိပ်ကို
တက်နိုင်ခဲ့တဲ့ လူတွေ မများပါဘူး၊ -
4:30 - 4:35ဒါပေမဲ့၊ ကောလိပ်တွေထဲက အမျိုးသားတွေရဲ့
ဦးရေဟာ အမျိုးသမီးတွေထက် နှစ်ဆပိုခဲ့တယ်။ -
4:35 - 4:40ဒီနေ့ဆိုရင်၊ ဘွဲ့ယူလိုကြသူ ၅၈% ဟာ
အမျိုးသမီးတွေ၊ အမျိုးသား - ၄၂% မျှပါ။ -
4:40 - 4:43ပြီးတော့ ဆေးတက္ကသိုလ်၊ ဥပဒေ တက္ကသိုလ်၊
စီးပွားရေး တက္ကသိုလ်တွေမှာလည်း -
4:43 - 4:47တဝက်က အမျိုးသမီးတွေ ဖြစ်နေကြပါတယ်။
-
4:47 - 4:50အဲဒါကလည်း တကယ့်ကို တော်လှန်ရေးကြီးပါပဲ။
-
4:50 - 4:54အဲဒီအချက်က လူငယ် အမျိုးသမီးတွေရဲ့ ဘဝ နဲ့
သူတို့ အသက်ဆိုင်ရာ အမြင်ကို ပြောင်းပစ်တယ်။ -
4:54 - 4:56၁၉၆၀ ပြည့်နှစ်များတုန်းက
လူငယ်အမျိုးသမီး တယောက်အနေနဲ့ -
4:56 - 5:01ယောက်ျား ရှာဖွေရေးဆိုတဲ့ ဒဏ်ရဲ့
ဖိစီးမှုကို ဒီနေ့ ခန်းမှန်းဖို့ မလွယ်ပါ။ -
5:02 - 5:03ယောက်ျား မရလိုက်တဲ့ အမျိုးသမီးဟာ
-
5:03 - 5:06သူ့ဘဝထဲမှာ ဘယ်လိုလုပ် ရပ်တည်နိုင်ခဲ့မှာလဲ?
-
5:06 - 5:09အဲဒီတုန်းက သက်မွေး လုပ်ငန်းတွေဆိုလို့
အမျိုးသမီးများအတွက် မရှိခဲ့သလောက်ပါ။ -
5:09 - 5:13ဒါကြောင့်မို့လို့ သူတို့ လုပ်နိုင်ခဲ့တာ
မရှိသလောက် ဖြစ်နေခဲ့လို့ -
5:13 - 5:15အဲဒီဆီကိုသာ အာရုံစိုက်နေခဲ့ကြရတာပါ။
-
5:15 - 5:16သူတို့ဟာလည်း၊ လူငယ် အမျိုးသားတွေလိုပဲ၊
-
5:16 - 5:20သူတို့ရဲ့ ၂၀ ဝန်းကျင် ဘဝကို
ပညာရေးထဲမှာ သူတို့ရဲ့ လုပ်သက်အတွက်၊ -
5:20 - 5:23တိုးတက်ရာတိုးတက်ကြောင်း သုံးလိုခဲ့ကြပါတယ်။
-
5:23 - 5:26အဲဒါကြောင့်မို့လို့ ၂၀ ကျော် လူငယ်တို့ရဲ့
ဘဝဟာ -
5:26 - 5:29လူငယ် အမျိုးသားများရော လူငယ် အမျိုးသမီးများ
အတွက်ပါ သိသိသာသာ ပြောင်းလဲသွားတယ်။ -
5:29 - 5:32နောက်ဆုံး ဖြစ်တဲ့ လူငယ်
လှုပ်ရှားမှုကို ကြည့်မယ်။ -
5:33 - 5:37သက်ကြီးဘဝဟာ ကောင်းမွန်တဲ့ အချက်
အများအပြားတို့နဲ့ ဆက်စပ်နေခဲ့ပါတယ်၊ -
5:37 - 5:40လူမှုရေး အခြေအနေ နဲ့ လုပ်ကိုင်နိုင်တဲ့
အာဏာတို့လို ဟာမျိုးပေါ့လေ။ -
5:40 - 5:44အဲဒါတွေဟာ ဒီနေ့တွင်လည်း ရှိနေသေးပေမဲ့၊
အရင်နဲ့ မတူတော့ပါ။ -
5:44 - 5:48၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေထဲမှာ အဲဒါဟာ
လူငယ် လှုပ်ရှားမှုနဲ့ အတူ ပြောင်းသွားတယ်။ -
5:48 - 5:51"ကျွန်တော်ဟာ အိုမလာခင်
သေမယ်လို့ မျှော်လင့်တယ်။" -
5:51 - 5:53ခင်ဗျးတို့ထဲက အဲဒါကို မှတ်မိလောက်အောင်
အသက်ကြီးတဲ့သူများ ရှိကြသေးလား? -
5:53 - 5:57ဒါမှမဟုတ် "အသက် ၃၀ ကျော်သူကို
ဘယ်တော့မှ မယုံနဲ့။" -
5:57 - 6:01အဲဒီလို နောက်ပြောင်ရင်း ပြောဆိုခဲ့ကြတယ်
လို့ ဆိုနိုင်ပါတယ်။ -
6:01 - 6:03အဲဒါတွေကို အလေးပေး ထောက်ပြနေကြတဲ့
အမှန်တရားတွေပါ။ -
6:03 - 6:07အခုကျတော့ သက်ကြီးအရွယ် နဲ့ အသက်ဆိုတာ
ဆက်စပ်မှု လျော့ရဲလာပါတယ်၊ -
6:07 - 6:10လူငယ်ဘဝကို ပိုပြီး ကိုင်းရှိုင်းလာကြပါတယ်။
-
6:10 - 6:15အဲဒါကြောင့်မို့လို့ လူငယ်တို့ဟာ
သက်ကြီးဘဝထဲ ခြေချရေးကို သိပ်မလောကြတော့ပါ။ -
6:15 - 6:18သူတို့ဟာ သူတို့ရဲ့ လူငယ်ဘဝကို
အတတ်နိုင်ဆုံး ကြာအောင် အချိန်ဆွဲလာကြကာ -
6:18 - 6:20အဲဒီနှစ်တွေကို အရသာခံ နေထိုင်နေကြပါတယ်။
-
6:21 - 6:25ဒီတော့၊ ခုနက ပြောခဲ့တဲ့ အပြောင်းအလဲ
လေးခုတို့ရဲ့ စုပေါင်း ရလဒ်အဖြစ် -
6:25 - 6:28ထွန်းသစ်စ အသက်ကြီးဘဝ ဆိုတဲ့
ဘဝအဆင့်သစ်ကို ဖန်တီးပေးလိုက်ပါတယ်။ -
6:28 - 6:33ကျွန်တော်တို့ဟာ သက်ကြီးဘဝဆိုတဲ့
အခြေတကျ ဘဝဆိုတာ -
6:33 - 6:35အသက် 20 ဝန်းကျင်မှာ
ပေါ်လာတတ်လို့ ယူဆကြပေမဲ့၊ -
6:35 - 6:38အခုတော့ ဒီခေတ်ထဲက အသက် ၃၀ ဟာ
၂၀ အသစ် ဖြစ်လာပါတယ်။ -
6:38 - 6:41တကယ်တော့ အဲဒီလို သုံးနှုန်းပြောလာခြင်းဆီမှာ
အကြောင်းရင်း ရှိပါတယ်။ -
6:41 - 6:45အရင်တုန်းက အသက် ၂၀ ဝန်းကျင်မှာ
ဖြစ်ပျက်တတ်ခဲ့တဲ့ အပြောင်းအလဲတွေဟာ -
6:45 - 6:48လူအများစုအတွက် အသက် ၃၀ ဝန်းကျင်မှာ
ဖြစ်ပျက်လာနေကြလို့ပါ။ -
6:48 - 6:51ဆယ်ကျော်သက် ဘဝမှနေပြီး လူငယ်သက်ကြီး
ဘဝထဲကို အသက် ၂၀ ဝန်းကျင်မှာ ဝင်မယ့်အစား၊ -
6:51 - 6:55ဆယ်ကျော်သက် ဘဝရဲ့ နောက်မှာ စခါစ
သက်ကြီးဘဝဟာ ၂၀ ပြည့်နှစ် အကုန်နီးပါး အထိပါ၊ -
6:55 - 7:00အဲဒီနောက်ကျမှသာ တည်ငြိမ်တဲ့
လူငယ် သက်ကြီးပိုင်း စတင်ပါတယ်။ -
7:02 - 7:09ဒီလို အစပိုင်း သက်ကြီးဘဝ ဆိုတဲ့ အဆင့်သစ်ကို
လူတိုင်း သဘောကျကြတာ မဟုတ်ပါဘူး။ -
7:09 - 7:10ပြီးတော့ လူကြီးဖြစ်လာဖို့ အရင်နဲ့စာရင်
-
7:10 - 7:13နှစ်တွေ ပိုကြာလာခြင်းကိုလည်း
လူတိုင်း ဝမ်းသာကြတာ မဟုတ်ပါ။ -
7:13 - 7:17ပြောင်းပြန်တောင် ဖြစ်လျက်၊ လူတော်တော်
များများက အဲဒါကို စိတ်ပျက်မိကြပါတယ်။ -
7:17 - 7:21လူတော်တော်များများက လူငယ်တွေ
ပုံမှန်သက်ကြီးဘဝဆီ -
7:21 - 7:24ကူးပြောင်းမှုက
အတိတ်နှစ်များနဲ့စာရင် နောက်ကျနေခြင်းကို -
7:24 - 7:27သူတို့ထဲမှာ တခုခု မှားယွင်းနေပြီလို့
ယူဆချင်ကြပါတယ်။ -
7:27 - 7:32သူတို့မိဘတွေ နဲ့ ဘိုးဘွားတွေဟာ
သူတို့ ကလေးတွေ နဲ့ မြေးတွေ -
7:32 - 7:35အသက် ၂၀ ရှိနေပေမဲ့ သက်ကြီးဘဝဆီ
တက်လှမ်းရေးကို မလိုလားကြတာကို -
7:35 - 7:41ဒါမှမဟုတ် အချိန်ဆွဲချင်နေကြတာကို
မြင်ကြတဲ့ အခါမှာ၊ -
7:41 - 7:42"ငါ မင်းတို့ အရွယ်တုန်းကဆိုရင်..."
ပြောဆိုချင်ကြမှာပါ။ -
7:44 - 7:50တကယ်တော့ အချိန်ဇယားဟာ
တကယ့်ကို ပြောင်းလဲသွားပြီ ဖြစ်တာမို့လို့ -
7:50 - 7:54ခင်ဗျားတို့ကပါ ဒီနေ့ အဲဒီလို ထင်နေကြရင်၊
တမျိုး စဉ်းစားဖို့ တိုက်တွန်းချင်တယ်။ -
7:56 - 8:00အဲဒီလူငယ်တွေထဲမှာ မှားယွင်းနေတာ
ဘာမှ မရှိပါဘူး။ -
8:00 - 8:04အသိပညာ စီးပွားရေးထဲမှာ
ကိုယ့်ကိုကိုယ် ပြင်ဆင်ရတာ ပိုအချိန်ကြာတယ်၊ -
8:04 - 8:08ပထမ အချက်အနေနဲ့ ထုတ်လုပ်ရေး
စီးပွားရေးနဲ့ နှိုင်းယှဉ်ကြည့်ရင်ပါ။ -
8:08 - 8:11ဒီတော့ အဲဒါဟာ သူတို့ အပြစ် မဟုတ်ပါ။
-
8:11 - 8:15သူတို့ဟာ သူတို့ရဲ့ ကမ္ဘာကြီးအတွက်
အပတ်တကုပ် အားထုတ်နေကြကာ -
8:15 - 8:18သိပ်ကို ရှုပ်ထွေးလှတဲ့ စီးပွားရေးထဲတွင်
သူတို့ရဲ့ နေရာကို ရှာရန် ကြိုးစာနေကြပါတယ်။ -
8:20 - 8:24ဒုတိယ အချက်အနေနဲ့၊ အမျိုးသမီးတွေရဲ့
လှုပ်ရှားမှုဟာ လူငယ် အမျိုးသမီးများအတွက် -
8:24 - 8:27ဧရာမ အခွင့်အလမ်းတွေ တသီကြီးကို
ဖွင့်ပေးလိုက်ပါတယ်။ -
8:27 - 8:29အဲဒါဟာ မဆိုးပါဘူး။
-
8:29 - 8:33ကျွန်တော်တို့ထဲက တချို့တို့ကသာ
အဲဒါကို အနှတ်လက္ခဏာလို မြင်ကြမယ် ထင်တယ်။ -
8:33 - 8:35အဲဒါဟာ ကောင်းပါတယ်။ တကယ့်ကို ကောင်းပါတယ်။
-
8:35 - 8:39ဒီတော့ ထွန်းသစ်စ သက်ကြီးဘဝ ဆိုတဲ့
ဘဝအဆင့် ပေါ်လာတဲ့အခါမှာ -
8:39 - 8:44လူငယ် အမျိုးသားတွေရော အမျိုးသမီးတွေပါ
အလုပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို ရယူနိုင်တယ်။ -
8:47 - 8:52အဲဒါ့အပြင် အိမ်ထောင်ပြုမယ့်သူကို
-
8:52 - 8:55အသက် ၁၉၊ သို့မဟုတ် ၂၀ သို့မဟုတ်
၂၁ နှစ်မှာ ရွေးမယ့်အစား -
8:55 - 9:01အသက် ၂၈၊ ၂၉ ဒါမှမဟုတ် ၃၀ မှာ ရွေးရင်
ပိုမကောင်းပေဘူးလား? -
9:02 - 9:05ကျွန်တော်တို့ဟာ အသက် ၂၀ ဒါမှမဟုတ်
၂၁ နှစ်မှာ မိဘ ဖြစ်လာမှာနဲ့စာရင် -
9:05 - 9:10အသက် ၃၀ ဒါမှမဟုတ် ၃၁ နှစ်မှ စတင်ရင်
ပိုကောင်းမယ် မဟုတ်ပါလား? -
9:10 - 9:13အဲဒါနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ
မရှိနိုင်ဘူး ထင်ပါတယ်။ -
9:13 - 9:15ထည့်စဉ်းစားစရာ ရှိပါသေးတယ်။
-
9:16 - 9:19သက်ကြီးဘဝထဲ ခြေချဝင်ဖို့ ဒီလို အချိန်ကာလ
ရှိနေခြင်းဟာ -
9:19 - 9:24လူငယ်တွေအတွက် နှိုင်းမရနိုင်တဲ့
မကြုံစဖူး လွတ်လပ်တဲ့ အချိန်ကို ပေးပါတယ်။ -
9:25 - 9:27အဲဒါဟာ ကလေးအဖြစ် လုပ်နိုင်တဲ့
အရာတွေကို လုပ်နိုင်တဲ့ အချိန်၊ -
9:27 - 9:30နောက်ပိုင်းမှာ ဘယ်လိုမှာမှ
လုပ်လို့ ရနိုင်မှာ မဟုတ်တဲ့ -
9:30 - 9:33အချိန်ကာလမျိုး ဖြစ်ပါတယ်။
-
9:34 - 9:38ဒီတော့ တယောက်ယောက်ဟာ
စွန့်စားချင်သူ ဖြစ်တယ်ဆိုရင်၊ -
9:38 - 9:41နိုင်ငံ့ထဲက အခြား တနေရာမှာ
ဒါမှမဟုတ် ကမ္ဘာ့ တနေရာမှာ -
9:41 - 9:44စမ်းပြီး နေထိုင်ချင်တဲ့ စိတ်ရှိတဲ့
သူများအတွက်၊ -
9:44 - 9:46ပြီးတော့ ဝန်ဆောင်ပေးရေး
ပရိုဂျက် တခုခု ရှိနေရင်၊ -
9:46 - 9:48ဒါဟာ လုပ်ကိုင်ဖို့ အကောင်းဆုံး အချိန်ပါပဲ။
-
9:48 - 9:52ဒါမှမဟုတ် တဦးဦးဟာ ရေရှည်
အသက်မွေး လုပ်ငန်းကို စမ်းကြည့်ချင်တယ်၊ -
9:52 - 9:56အနုပညာရှင်၊ ဂီတပညာရှင်၊ ဒါမှမဟုတ်
အလားတူ အနုပညာဆိုင်ရာ စမ်းကြည့်ချင်တယ်၊ -
9:56 - 9:58ဆိုရင်လည်း အဲဒါ အကောင်းဆုံး
လုပ်ဖို့ အချိန်ပါ။ -
9:58 - 10:01နောက်ပိုင်းမှာ အဲဒါဟာ များစွာမှကို
ပိုပြီး ခက်ခဲလာမှာမို့လို့ပါ၊ -
10:01 - 10:03ကိုယ့်ရှေ့မှာ ထမ်းဆောင်ရမယ့် ကတိကဝတ်တွေ
ရှိလာမှာမို့လို့ပါ။ -
10:03 - 10:08သက်ကြီးဘဝထဲ စပြီးခြေချဝင်စဉ်
ဘာတခုကမှ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါ။ -
10:08 - 10:11အဲဒါဟာ အဲဒီကာလရဲ့
လုံးဝမတူတဲ့ ထူးခြားချက်ပါပဲ။ -
10:11 - 10:13တနေ့နေ့မှာ လူတွေဟာ
ခင်ဗျားကို မှီခိုလာကြရမှာပါ။ -
10:13 - 10:16အဲဒီလိုဆိုရင် ကျွန်တော်တို့ရဲ့
ရွေးချယ်စရာ ဘောင်စာ ကြုံ့လာမှာပါ။ -
10:16 - 10:18သက်ကြီးဘဝကို ခြေချဝင်ရေး
ကာလအတွင်းမှာ၊ -
10:18 - 10:22ကျွန်တော်တို့ဆီမှာ ရှားရှားပါးပါး လွတ်လပ်မှု
နဲ့ သိပ်မကြာတဲ့ လွတ်လပ်မှုကို ရနိုင်တယ်၊ -
10:22 - 10:24ကျွန်တော်တို့ဟာ အဲဒါကို အကောင်းဆုံး
အသုံးချနိုင်ရန် လိုပါတယ်။ -
10:27 - 10:30နိဂုံးချုပ်ရင်းနဲ့ ကျွန်တော်ဟာ
သက်ကြီးဘဝထဲကို ခြေချဝင်ကြတော့မယ့် -
10:30 - 10:35ဒါမှမဟုတ် သက်ကြီးဖြစ်ကြတော့မယ့်
လူငယ်များကို ပြောချင်တာက: -
10:35 - 10:40ခင်ဗျားတို့ကိုယ်တိုင် အသင့် မဖြစ်မီမှာ
သူများတွေ ပြောလို့ သက်ကြီးဘဝထဲ မဝင်မိပါနဲ့။ -
10:40 - 10:44သက်ကြီးဘဝဟာ ခင်ဗျား အသင့်ဖြစ်လာမှာကို
စောင့်လျက် ရှိနေမှာပါ။ -
10:44 - 10:49စေတနာကောင်း လူအများတို့က ခင်ဗျားတို့ကို
အဲဒီကို အမြန်ဆုံး ရောက်စေလိုချင်ကြမှာပါ။ -
10:49 - 10:51ဒါမေပမဲ့ အဲဒါဟာ သတို့ရဲ့ ဘဝ မဟုတ်ပါ။
-
10:51 - 10:53အဲဒါက ခင်ဗျားတို့ရဲ့ ဘဝပါ။
-
10:53 - 10:57လိုအပ်ရင် အဲဒါကို ခင်ဗျား ကိုယ်တိုင်က
သူတို့ကို သတိပေးသင့်ပါတယ်။ -
10:57 - 11:02သက်ကြီးဘဝထဲကို လူတိုင်းလိုလို
မရှေးမနှောင်း ခြေချဝင်လာကြရမှာပါ။ -
11:02 - 11:06ပြီးတော့ အဲဒီ နယ်မြေထဲကို တကြိမ်
ခြေချဝင်သွားရင် ပြန်လမ်း မရှိပါ။ -
11:07 - 11:11ဒီတော့ သက်ကြီးဘဝထဲ ခြေချဝင်ရေး ကာလရဲ့
လွတ်လပ်မှုကို အတတ်နိုင်ဆုံး -
11:11 - 11:12အဲဒီကာလ မကုန်မီ အသုံးချသွားကြပါ။
-
11:12 - 11:14ကျေးဇူးတင်ပါတယ်။
-
11:14 - 11:15(လက်ခုပ်သံများ)
- Title:
- ယနေ့ ဒီခေတ်မှာ လူကြီးဖြစ်လာဖို့ ဘာလို သိပ်ကြာလာရတာလဲ? | Jeffrey Jensen Arnett | TEDxPSU
- Description:
-
ဒီဟောပြောချက်ကို ဒေသန္တရ TEDx ဖြစ်ရပ် အဖြစ် ပြုလုပ်ခဲ့ကာ TED တွေ့ဆုံပွဲများမှ တသီးတခြား စီစဉ်ခဲ့ခြင်း ဖြစ်တယ်။
ယနေ့ခေတ်တွင်၊ ပညာသင်ဖို့၊ အလုပ်ရှာဖို့၊ အိမ်ထောင်ပြုဖို့၊ တနည်း လူကြီးဖြစ်လာဖို့ အချိန် အများကြီး ကြာလာနေလို့ ကလေးဘဝ နဲ့ သက်ကြီးဘဝ အကြားမှာ သက်ကြီးဘဝထဲ ခြေချဝင်မှု ဆိုတဲ့ ဘဝ အဆင့်သစ် ပေါ်လာခဲ့ပြီလို့ ပြောစရာ ဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲ မေးစရာရှိပါတယ်။ ၁၉၆၀ နှင့် ၇၀ ပြည့်လွန်နှစ်များတုန်းက တော်လှန်ရေး လေးခု၊ နည်းပညာ တော်လှန်ရေးက စီးပွားရေးပုံစံကို ပြောင်းလဲပစ်လိုက်ကာ အရင်နဲ့စာရင် ပညာရေးအတွက် နှစ်တွေ ပိုပြီး ပေးလာရပါတယ်၊ လိင်ဆက်ဆံမှု တော်လှန်ရေး ကျတော့ လက်မထပ်ဘဲနဲ့ လိင်ဆက်ဆံမှုကို ခွင့်ပြုပေးလာပါတယ်၊ အမျိုးသမီးမျာရဲ့ လှုပ်ရှားမှုကျတော့ အလုပ်နေရာ အခိုင်အမာ မရှိခင်အထိ လက်ထပ်မှုကို အချိန်ရွှေ့ဆိုင်းပေးလိုက်တယ်၊ လူငယ် လှုပ်ရှားမှု ကျတော့ သက်ကြီးဘဝကို နာမည်ဆိုး တပ်ပေးလိုက်ပါတယ်။ အသက်ကြီးရင့်ကြသူတို့က ဒီနေ့တွင် လူကြီး ဖြစ်လာဖို့ အချိန် သိပ်ကြာလွန်းတယ်လို့ ညည်းကြပါတယ်၊ ဒါပေမဲ့၊ လူငယ်အများစုတို့ဟာ ပိုကြာအောင် စောင့်ကြမယ်ဆိုရင် ပိုကောင်းတဲ့ ဇနီးမောင်နှံတွေ ဖြစ်လာကြမှာပါ။ ဒီတော့ အသက် ၂၀ အလွန်ပိုင်းကာလထဲတွင်၊ ထပ်ပြီး ဘယ်လိုမှ လုပ်လို့ရမှာ မဟုတ်တဲ့ အရာများအတွက် အသုံးချဖို့ မကောင်းပေးဘူးလား?
- Video Language:
- English
- Team:
- closed TED
- Project:
- TEDxTalks
- Duration:
- 11:19
Myo Aung approved Burmese subtitles for Why does it take so long to grow up today? | Jeffrey Jensen Arnett | TEDxPSU | ||
Myo Aung edited Burmese subtitles for Why does it take so long to grow up today? | Jeffrey Jensen Arnett | TEDxPSU | ||
Myo Aung edited Burmese subtitles for Why does it take so long to grow up today? | Jeffrey Jensen Arnett | TEDxPSU | ||
Myo Aung edited Burmese subtitles for Why does it take so long to grow up today? | Jeffrey Jensen Arnett | TEDxPSU | ||
sann tint accepted Burmese subtitles for Why does it take so long to grow up today? | Jeffrey Jensen Arnett | TEDxPSU | ||
sann tint edited Burmese subtitles for Why does it take so long to grow up today? | Jeffrey Jensen Arnett | TEDxPSU | ||
sann tint edited Burmese subtitles for Why does it take so long to grow up today? | Jeffrey Jensen Arnett | TEDxPSU | ||
Myo Aung edited Burmese subtitles for Why does it take so long to grow up today? | Jeffrey Jensen Arnett | TEDxPSU |