0:00:16.667,0:00:22.293 ဒီနေ့ခေတ်မှာ အရင်နဲ့စာရင် လူကြီးဖြစ်ဖို့[br]ပိုကြာတာကို အားလုံး သဘောတူကြမှာပါ။ 0:00:22.295,0:00:25.362 အဲဒီအချက်က ဘယ်လိုမှ ငြင်းကွယ်စရာ[br]မရှိဘူးလို့ ထင်ရကာ၊ 0:00:25.363,0:00:28.042 အချက်အလက်တွေ တသီးကြီးက [br]ထောက်ခံကြပါတယ်။ 0:00:28.043,0:00:31.822 ကျွန်တော်တို့ရဲ့ အခြေခံ နှစ်အဖြစ်[br]၁၉၆၀ ကို ယူကြည့်မယ်ဆိုရင်၊ 0:00:33.082,0:00:36.899 လူတွေဟာ အထက်တန်းကျောင်းကို[br]ပြီးကြတောင်မှ 0:00:36.900,0:00:39.371 အထက်တန်းကျောင်း အထက်မှာ ပညာသင်နိုင်ခဲ့သူ[br]နည်းခဲ့ပါတယ်။ 0:00:39.372,0:00:42.151 ပြည်သူထဲက ၄၀% တို့ဟာ[br]အထက်တန်းကျောင်းကိုတောင် မပြီးနိုင်ခဲ့ကြပါ။ 0:00:43.621,0:00:49.156 ၁၉၆၀ ခုနှစ်မှာ ပျမ်းမျှ လက်ထပ်နှစ်ဟာ [br]အမျိုးသမီး -၂၀၊ အမျိုးသား -၂၃ နှစ် ဖြစ်ခဲ့တယ်။ 0:00:50.676,0:00:56.432 အခုဆိုရင် အဲဒါဟာ အမျိုးသမီးအတွက် ၂၇ နဲ့[br]အမျိုးသားအတွက် ၂၉ နှစ် ဖြစ်တယ်။ 0:00:56.433,0:00:57.804 ဒီတော့ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ 0:00:57.805,0:01:00.981 လူငယ်တွေရဲ့ ဘဝဟာ တော်တော်များများ[br]ပြောင်းလဲလာခဲ့ပါပြီ။ 0:01:00.982,0:01:03.845 ဘယ်လောက်တောင် ပြောင်းလဲလာခဲ့သလဲ[br]ဆိုတော့၊ ကျွန်တော်အထင်၊ 0:01:03.846,0:01:08.479 ဆယ်ကျော်သက်ဘဝ နဲ့ သက်ကြီးလူငယ်ဘဝ[br]အကြားမှာ ရှိတဲ့ 0:01:08.480,0:01:12.579 အဲဒါဟာ ဘဝအဆင့်သစ် တခုဖြစ်တယ်လို့[br]ယူဆသင့်ပါတယ်။ 0:01:12.580,0:01:16.470 ထားပါစို့၊ ဒီနေ့မှာ အရင်နှစ်များနဲ့စာရင်[br]လူကြီးဖြစ်လာဖို့ 0:01:16.471,0:01:18.180 ဘာဖြစ်လို့ ပိုပြီးကြာလာရတာလဲ? 0:01:18.181,0:01:21.765 ဘာဖြစ်လို့ ထွန်းသစ်စ သက်ကြီးဘဝဆိုတဲ့[br]အဆင့် ဘာဖြစ်လို့ ပေါ်လာရတာလဲ? 0:01:22.645,0:01:28.390 ဒီနေ့မယ် ကျွန်တော်တို့ မြင်နေကြရတဲ့[br]လူ့အဖွဲ့အစည်းကို၊ ထွန်းသစ်စ သက်ကြီးဘဝ 0:01:28.391,0:01:33.051 အပါအဝင်ကို၊ ဖြစ်ပေါ်လာစေခဲ့ကြတဲ့[br]တော်လှန်ရေး လေးခုတို့ဟာ 0:01:33.052,0:01:36.664 လွန်ခဲ့တဲ့ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်များ[br]အတွင်းမှာဖြစ်ပွားခဲ့ကြပါတယ်။ 0:01:36.665,0:01:39.893 အဲဒီ တော်လှန်ရေး လေးခုကို ဖေါ်ပြရရင်[br]နည်းပညာ တော်လှန်ရေး၊ 0:01:39.894,0:01:41.768 ကျားမဆက်ဆံမှု တော်လှန်ရေး၊ 0:01:41.769,0:01:45.737 အမျိုးသမီးများရဲ့ လှုပ်ရှားမှု[br]နဲ့ လူငယ် လှုပ်ရှားမှုတွေပါပဲ။ 0:01:45.738,0:01:48.033 ပထမ ဖြစ်တဲ့ နည်းပညာ[br]တော်လှန်ရေးကို ယူကြည့်ကြမယ်။ 0:01:48.034,0:01:52.379 နည်းပညာ တော်လှန်ရေးဆိုတာ[br]iPhone နဲ့ iPad တွေသာ မကပါ၊ 0:01:52.380,0:01:55.293 ဒါမှမဟုတ် လက်တော့ နဲ့ အင်တာနက်တင်င မကပါ။ 0:01:55.294,0:01:59.794 နောက်ဆုံး နှစ် ၅၀ အတွက် ထုတ်လုပ်ရေး[br]စီးပွားရေးမှနေပြီး 0:01:59.795,0:02:04.759 အသိပညာ စီးပွားရေးဆီကို ပြောင်းလဲမှုဟာလည်း[br]ကြီးမားတဲ့ ပြောင်းလဲမှုကြီးပါ။ 0:02:05.709,0:02:09.398 ကျွန်တော်တို့ဟာ စက်တွေကို သုံးပြီး[br]ပစ္စည်းထုတ်လုပ်ရာတွင် သိပ်တော်လာကြလို့ 0:02:09.399,0:02:12.534 အဲဒါတွေကို ထုတ်လုပ်ဖို့ လူနည်းနည်းပဲ[br]လိုပါတော့တယ်။ 0:02:13.854,0:02:15.830 ပြီးတော့ ထုတ်လုပ်ရေး လုပ်ငန်း အများအပြားတို့ကို 0:02:15.831,0:02:19.410 တခြားနိုင်ငံများဆီ ရွှေ့ပြောင်းခဲ့တာကိုလည်း[br]ကျွန်တော်တို့ သိကြပါတယ်။ 0:02:19.411,0:02:20.973 အဲဒါနဲ့တင် မပြီးသေးပါဘူး။ 0:02:20.974,0:02:24.599 ကျွန်တော်တို့ဟာ ထုတ်လုပ်မှုအား[br]အခုဆိုရင် ၁၉၅၀ ပြည့်နှစ်များနဲ့ စာပါက 0:02:24.600,0:02:26.595 ခြောက်ဆ ပိုကြီးထွားလာပါတယ်။ 0:02:26.596,0:02:29.961 ပြီးတော့ အဲဒါကို လူတဝက်ကိုသာ သုံးပြီး[br]ထုတ်လုပ်လာနိုင်ကြပါသေးတယ်။ 0:02:29.962,0:02:31.952 အဲဒါကြောင့်မို့လို့ လူငယ်တယောက်ဟာ 0:02:31.953,0:02:37.239 ကားစက်ရုံ ဒါမှမဟတ် သံမဏိစက်ရုံကို[br]သွားပြီး အလုပ်ရှာပြီး 0:02:37.240,0:02:41.125 သူသာမက သူ့မိသားစုကိုပါ ထောက်ပံ့နိုင်တဲ့ [br]ငွေကြေးကို ရှာနိုင်တဲ့ ခေတ် ကုန်သွားပါပြီ။ 0:02:41.865,0:02:45.358 အသိပညာ စီးပွားရေး ခေတ်ထဲမှာ အလုပ်သစ်တွေဟာ 0:02:45.359,0:02:48.948 အချက်အလက်များ နဲ့ နည်းပညာ နဲ့[br]ဝန်ဆောင်မှုများထဲမှာ ရှိနေကြပါတယ်။ 0:02:48.949,0:02:53.588 အဲဒါတွေ အားလုံးက အထက်တန်းကျောင်း ထက်[br]ကျော်လွန်တဲ့ ပညာရေးကို လိုအပ်ပါတယ်။ 0:02:54.398,0:02:58.340 အဲဒီလို လူတွေသာလျှင် အသိပညာ[br]စီးပွားရေထဲမှာ အလုပ် ရနိုင်ကြပါတယ်။ 0:02:58.341,0:03:02.162 ကျွန်တော်တို့ဟာ အထက်တန်းကျောင်းထက်[br]ပိုမြင့်တဲ့ ပညာရေး တခုခု ရှိရပါမယ်။ 0:03:02.163,0:03:07.398 အဲဒီတော့ အရင်နဲ့စာရင် လူအများတို့ဟာ[br]ပညာရေးကို ပိုပြီးကြာအောင် သင်လာရပါတယ်။ 0:03:08.298,0:03:10.467 အဲဒီအကြောင်းကပဲ[br]တခြားအကျိုးဆက်တွေကို ဖြစ်ပွားလာစေတယ်၊ 0:03:10.468,0:03:13.529 လူအများစုတို့ဟာ သူတို့ရဲ့[br]ပညာရေး ပြီးသွားလို့ နှစ်အတော်ကြာအထိကို 0:03:13.530,0:03:17.766 မြဲတဲ့ ရေရှည် အလုပ်ကို မရနိုင်ကြသေးလို့၊ 0:03:17.767,0:03:21.304 လူအများစုတို့က မြဲတဲ့ အလုပ်ကို မရမချင်း[br]လက်ထပ်ရန် နဲ့ မိဘဖြစ်ရန်ကို 0:03:21.305,0:03:23.535 မလောဘဲ အချိန်ဆွဲနေကြရပါတယ်။ 0:03:24.635,0:03:27.154 ဒုတိယက ကျားမဆက်ဆံမှု တော်လှန်ရေးပါ။ 0:03:28.164,0:03:31.277 ၁၉၆၄ ခုနှစ် ကလေးမရရေး[br]ဆေးလုံးကို တီထွင်နိုင်ခဲ့ခြင်းနဲ့ 0:03:31.278,0:03:34.317 သန္ဓေတားရေး ထိရောက်တဲ့[br]နည်းပညာတွေ ပေါ်လာခြင်းနဲ့အတူ၊ 0:03:34.318,0:03:38.640 ကျားမဆက်ဆံမှု နဲ့ မျိုးပွားမှု အကြား ရှိခဲ့တဲ့[br]အသက်ဆိုင်ရာ ဆက်စပ်မှုကို ရိုက်ချိုးပစ်တယ်။ 0:03:39.660,0:03:40.666 အဲဒီနောက်မှာ၊ 0:03:40.667,0:03:45.826 ကျားမဆက်ဆံမှု နဲ့ လက်ထပ်မှု အကြား ဆက်စပ်မှု[br]ဟာ ပထမဦးဆုံး အကြိမ် ရိုက်ချိုးခံခဲ့ရတယ်။ 0:03:45.827,0:03:49.400 အဲဒါနဲ့ လက်ထပ်ကြတဲ့ အသက်ဟာ[br]မှန်မှန်ဆိုသလို ကြီးမြင့်လာတော့တယ်၊ 0:03:49.401,0:03:53.870 ပထမအကြိမ် ကျားမဆက်ဆံမှု[br]အသက်ကျတော့ ကျဆင်းလာတာတောင်မှပါ။ 0:03:53.871,0:03:59.728 ဒီနေ့ဆိုရင်၊ လူငယ်တွေ သူတို့ရဲ့ ဆယ်ကျော်သက်[br]နောက်ပိုင်းနှစ်များမှာ ကျားမဆက်ဆံလာကြတယ်၊ 0:03:59.729,0:04:03.950 သူတို့ဟာ လက်ထပ်လျက် မိဘဖြစ်လာတဲ့ [br]နှစ်ထက် ဆယ်နှစ်၊ ဆယ်နှစ်မက စောနေပါတယ်။ 0:04:04.920,0:04:08.178 အဲဒါကြောင့်မို့လို့ ဆယ်ကျော်သက် အရွယ်ဟာ[br]၂၀ ပြည့်သူနဲ့လည်း ဆိုင်လာပါတယ်။ 0:04:08.179,0:04:11.488 လက်ထပ်လျက် မိဘဖြစ်ဖို့ကို ကတိတွေ[br]ပေးမယ့်အစား၊ 0:04:11.489,0:04:15.248 လူတွေဟာ အခုတော့ ဆယ်နှစ်[br]ဒါမှမဟုတ် ပိုကြာတဲ့အထိကို 0:04:15.249,0:04:18.208 မိသားစု ဘဝပုံစံမျိုးဖြင့်[br]အခိုင်အမာနေကြမယ့် အစား 0:04:18.209,0:04:21.380 သူတို့ အကြားက ဆက်ဆံမှုတွေကို ရပ်တန့်လျက်[br]အချိန်ဆွဲလာကြပါတယ်။ 0:04:22.871,0:04:25.357 နံပါတ် သုံးက အမျိူးသမီး လှုပ်ရှားမှုပါ။ 0:04:26.657,0:04:29.636 ၁၉၆၀ ပြည့်နှစ်တုန်းက ကောလိပ်ကို [br]တက်နိုင်ခဲ့တဲ့ လူတွေ မများပါဘူး၊ 0:04:29.637,0:04:34.638 ဒါပေမဲ့၊ ကောလိပ်တွေထဲက အမျိုးသားတွေရဲ့[br]ဦးရေဟာ အမျိုးသမီးတွေထက် နှစ်ဆပိုခဲ့တယ်။ 0:04:34.639,0:04:39.993 ဒီနေ့ဆိုရင်၊ ဘွဲ့ယူလိုကြသူ ၅၈% ဟာ [br]အမျိုးသမီးတွေ၊ အမျိုးသား - ၄၂% မျှပါ။ 0:04:39.994,0:04:42.946 ပြီးတော့ ဆေးတက္ကသိုလ်၊ ဥပဒေ တက္ကသိုလ်၊[br]စီးပွားရေး တက္ကသိုလ်တွေမှာလည်း 0:04:42.947,0:04:46.806 တဝက်က အမျိုးသမီးတွေ ဖြစ်နေကြပါတယ်။ 0:04:46.807,0:04:49.526 အဲဒါကလည်း တကယ့်ကို တော်လှန်ရေးကြီးပါပဲ။ 0:04:49.527,0:04:53.762 အဲဒီအချက်က လူငယ် အမျိုးသမီးတွေရဲ့ ဘဝ နဲ့ [br]သူတို့ အသက်ဆိုင်ရာ အမြင်ကို ပြောင်းပစ်တယ်။ 0:04:53.763,0:04:56.114 ၁၉၆၀ ပြည့်နှစ်များတုန်းက[br]လူငယ်အမျိုးသမီး တယောက်အနေနဲ့ 0:04:56.115,0:05:01.430 ယောက်ျား ရှာဖွေရေးဆိုတဲ့ ဒဏ်ရဲ့[br]ဖိစီးမှုကို ဒီနေ့ ခန်းမှန်းဖို့ မလွယ်ပါ။ 0:05:01.900,0:05:03.309 ယောက်ျား မရလိုက်တဲ့ အမျိုးသမီးဟာ 0:05:03.310,0:05:05.877 သူ့ဘဝထဲမှာ ဘယ်လိုလုပ် ရပ်တည်နိုင်ခဲ့မှာလဲ? 0:05:05.878,0:05:09.273 အဲဒီတုန်းက သက်မွေး လုပ်ငန်းတွေဆိုလို့[br]အမျိုးသမီးများအတွက် မရှိခဲ့သလောက်ပါ။ 0:05:09.274,0:05:12.886 ဒါကြောင့်မို့လို့ သူတို့ လုပ်နိုင်ခဲ့တာ[br]မရှိသလောက် ဖြစ်နေခဲ့လို့ 0:05:12.887,0:05:14.686 အဲဒီဆီကိုသာ အာရုံစိုက်နေခဲ့ကြရတာပါ။ 0:05:14.687,0:05:16.089 သူတို့ဟာလည်း၊ လူငယ် အမျိုးသားတွေလိုပဲ၊ 0:05:16.090,0:05:20.417 သူတို့ရဲ့ ၂၀ ဝန်းကျင် ဘဝကို[br]ပညာရေးထဲမှာ သူတို့ရဲ့ လုပ်သက်အတွက်၊ 0:05:20.418,0:05:23.417 တိုးတက်ရာတိုးတက်ကြောင်း သုံးလိုခဲ့ကြပါတယ်။ 0:05:23.418,0:05:26.391 အဲဒါကြောင့်မို့လို့ ၂၀ ကျော် လူငယ်တို့ရဲ့[br]ဘဝဟာ 0:05:26.392,0:05:29.251 လူငယ် အမျိုးသားများရော လူငယ် အမျိုးသမီးများ[br]အတွက်ပါ သိသိသာသာ ပြောင်းလဲသွားတယ်။ 0:05:29.252,0:05:32.072 နောက်ဆုံး ဖြစ်တဲ့ လူငယ် [br]လှုပ်ရှားမှုကို ကြည့်မယ်။ 0:05:32.882,0:05:37.330 သက်ကြီးဘဝဟာ ကောင်းမွန်တဲ့ အချက်[br]အများအပြားတို့နဲ့ ဆက်စပ်နေခဲ့ပါတယ်၊ 0:05:37.331,0:05:40.327 လူမှုရေး အခြေအနေ နဲ့ လုပ်ကိုင်နိုင်တဲ့ [br]အာဏာတို့လို ဟာမျိုးပေါ့လေ။ 0:05:40.328,0:05:43.861 အဲဒါတွေဟာ ဒီနေ့တွင်လည်း ရှိနေသေးပေမဲ့၊[br]အရင်နဲ့ မတူတော့ပါ။ 0:05:43.862,0:05:48.179 ၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေထဲမှာ အဲဒါဟာ [br]လူငယ် လှုပ်ရှားမှုနဲ့ အတူ ပြောင်းသွားတယ်။ 0:05:48.180,0:05:50.940 "ကျွန်တော်ဟာ အိုမလာခင် [br]သေမယ်လို့ မျှော်လင့်တယ်။" 0:05:50.941,0:05:53.311 ခင်ဗျးတို့ထဲက အဲဒါကို မှတ်မိလောက်အောင်[br]အသက်ကြီးတဲ့သူများ ရှိကြသေးလား? 0:05:53.312,0:05:56.635 ဒါမှမဟုတ် "အသက် ၃၀ ကျော်သူကို [br]ဘယ်တော့မှ မယုံနဲ့။" 0:05:56.636,0:06:00.520 အဲဒီလို နောက်ပြောင်ရင်း ပြောဆိုခဲ့ကြတယ်[br]လို့ ဆိုနိုင်ပါတယ်။ 0:06:00.521,0:06:02.524 အဲဒါတွေကို အလေးပေး ထောက်ပြနေကြတဲ့[br]အမှန်တရားတွေပါ။ 0:06:02.525,0:06:07.345 အခုကျတော့ သက်ကြီးအရွယ် နဲ့ အသက်ဆိုတာ[br]ဆက်စပ်မှု လျော့ရဲလာပါတယ်၊ 0:06:07.346,0:06:10.125 လူငယ်ဘဝကို ပိုပြီး ကိုင်းရှိုင်းလာကြပါတယ်။ 0:06:10.126,0:06:14.816 အဲဒါကြောင့်မို့လို့ လူငယ်တို့ဟာ[br]သက်ကြီးဘဝထဲ ခြေချရေးကို သိပ်မလောကြတော့ပါ။ 0:06:14.817,0:06:17.977 သူတို့ဟာ သူတို့ရဲ့ လူငယ်ဘဝကို[br]အတတ်နိုင်ဆုံး ကြာအောင် အချိန်ဆွဲလာကြကာ 0:06:17.978,0:06:20.310 အဲဒီနှစ်တွေကို အရသာခံ နေထိုင်နေကြပါတယ်။ 0:06:21.420,0:06:24.871 ဒီတော့၊ ခုနက ပြောခဲ့တဲ့ အပြောင်းအလဲ[br]လေးခုတို့ရဲ့ စုပေါင်း ရလဒ်အဖြစ် 0:06:24.872,0:06:27.871 ထွန်းသစ်စ အသက်ကြီးဘဝ ဆိုတဲ့[br]ဘဝအဆင့်သစ်ကို ဖန်တီးပေးလိုက်ပါတယ်။ 0:06:27.872,0:06:32.797 ကျွန်တော်တို့ဟာ သက်ကြီးဘဝဆိုတဲ့[br]အခြေတကျ ဘဝဆိုတာ 0:06:32.798,0:06:34.977 အသက် 20 ဝန်းကျင်မှာ [br]ပေါ်လာတတ်လို့ ယူဆကြပေမဲ့၊ 0:06:34.978,0:06:37.906 အခုတော့ ဒီခေတ်ထဲက အသက် ၃၀ ဟာ[br]၂၀ အသစ် ဖြစ်လာပါတယ်။ 0:06:37.907,0:06:41.017 တကယ်တော့ အဲဒီလို သုံးနှုန်းပြောလာခြင်းဆီမှာ[br]အကြောင်းရင်း ရှိပါတယ်။ 0:06:41.018,0:06:44.648 အရင်တုန်းက အသက် ၂၀ ဝန်းကျင်မှာ [br]ဖြစ်ပျက်တတ်ခဲ့တဲ့ အပြောင်းအလဲတွေဟာ 0:06:44.649,0:06:47.742 လူအများစုအတွက် အသက် ၃၀ ဝန်းကျင်မှာ[br]ဖြစ်ပျက်လာနေကြလို့ပါ။ 0:06:47.743,0:06:51.438 ဆယ်ကျော်သက် ဘဝမှနေပြီး လူငယ်သက်ကြီး[br]ဘဝထဲကို အသက် ၂၀ ဝန်းကျင်မှာ ဝင်မယ့်အစား၊ 0:06:51.459,0:06:55.450 ဆယ်ကျော်သက် ဘဝရဲ့ နောက်မှာ စခါစ[br]သက်ကြီးဘဝဟာ ၂၀ ပြည့်နှစ် အကုန်နီးပါး အထိပါ၊ 0:06:55.451,0:06:59.995 အဲဒီနောက်ကျမှသာ တည်ငြိမ်တဲ့ [br]လူငယ် သက်ကြီးပိုင်း စတင်ပါတယ်။ 0:07:02.215,0:07:08.545 ဒီလို အစပိုင်း သက်ကြီးဘဝ ဆိုတဲ့ အဆင့်သစ်ကို[br]လူတိုင်း သဘောကျကြတာ မဟုတ်ပါဘူး။ 0:07:08.546,0:07:10.165 ပြီးတော့ လူကြီးဖြစ်လာဖို့ အရင်နဲ့စာရင် 0:07:10.166,0:07:13.131 နှစ်တွေ ပိုကြာလာခြင်းကိုလည်း[br]လူတိုင်း ဝမ်းသာကြတာ မဟုတ်ပါ။ 0:07:13.132,0:07:16.599 ပြောင်းပြန်တောင် ဖြစ်လျက်၊ လူတော်တော်[br]များများက အဲဒါကို စိတ်ပျက်မိကြပါတယ်။ 0:07:16.600,0:07:20.780 လူတော်တော်များများက လူငယ်တွေ[br]ပုံမှန်သက်ကြီးဘဝဆီ 0:07:20.781,0:07:23.970 ကူးပြောင်းမှုက[br]အတိတ်နှစ်များနဲ့စာရင် နောက်ကျနေခြင်းကို 0:07:23.971,0:07:26.872 သူတို့ထဲမှာ တခုခု မှားယွင်းနေပြီလို့[br]ယူဆချင်ကြပါတယ်။ 0:07:27.452,0:07:31.986 သူတို့မိဘတွေ နဲ့ ဘိုးဘွားတွေဟာ[br]သူတို့ ကလေးတွေ နဲ့ မြေးတွေ 0:07:31.987,0:07:35.206 အသက် ၂၀ ရှိနေပေမဲ့ သက်ကြီးဘဝဆီ[br]တက်လှမ်းရေးကို မလိုလားကြတာကို 0:07:35.207,0:07:40.636 ဒါမှမဟုတ် အချိန်ဆွဲချင်နေကြတာကို[br]မြင်ကြတဲ့ အခါမှာ၊ 0:07:40.637,0:07:42.314 "ငါ မင်းတို့ အရွယ်တုန်းကဆိုရင်..."[br]ပြောဆိုချင်ကြမှာပါ။ 0:07:43.544,0:07:49.644 တကယ်တော့ အချိန်ဇယားဟာ[br]တကယ့်ကို ပြောင်းလဲသွားပြီ ဖြစ်တာမို့လို့ 0:07:49.645,0:07:53.975 ခင်ဗျားတို့ကပါ ဒီနေ့ အဲဒီလို ထင်နေကြရင်၊[br]တမျိုး စဉ်းစားဖို့ တိုက်တွန်းချင်တယ်။ 0:07:56.375,0:07:59.554 အဲဒီလူငယ်တွေထဲမှာ မှားယွင်းနေတာ[br]ဘာမှ မရှိပါဘူး။ 0:07:59.994,0:08:03.923 အသိပညာ စီးပွားရေးထဲမှာ[br]ကိုယ့်ကိုကိုယ် ပြင်ဆင်ရတာ ပိုအချိန်ကြာတယ်၊ 0:08:03.924,0:08:08.264 ပထမ အချက်အနေနဲ့ ထုတ်လုပ်ရေး[br]စီးပွားရေးနဲ့ နှိုင်းယှဉ်ကြည့်ရင်ပါ။ 0:08:08.265,0:08:10.743 ဒီတော့ အဲဒါဟာ သူတို့ အပြစ် မဟုတ်ပါ။ 0:08:10.744,0:08:15.003 သူတို့ဟာ သူတို့ရဲ့ ကမ္ဘာကြီးအတွက်[br]အပတ်တကုပ် အားထုတ်နေကြကာ 0:08:15.004,0:08:18.477 သိပ်ကို ရှုပ်ထွေးလှတဲ့ စီးပွားရေးထဲတွင်[br]သူတို့ရဲ့ နေရာကို ရှာရန် ကြိုးစာနေကြပါတယ်။ 0:08:20.127,0:08:24.013 ဒုတိယ အချက်အနေနဲ့၊ အမျိုးသမီးတွေရဲ့ [br]လှုပ်ရှားမှုဟာ လူငယ် အမျိုးသမီးများအတွက် 0:08:24.014,0:08:27.163 ဧရာမ အခွင့်အလမ်းတွေ တသီကြီးကို[br]ဖွင့်ပေးလိုက်ပါတယ်။ 0:08:27.164,0:08:28.754 အဲဒါဟာ မဆိုးပါဘူး။ 0:08:28.755,0:08:32.625 ကျွန်တော်တို့ထဲက တချို့တို့ကသာ[br]အဲဒါကို အနှတ်လက္ခဏာလို မြင်ကြမယ် ထင်တယ်။ 0:08:32.626,0:08:35.331 အဲဒါဟာ ကောင်းပါတယ်။ တကယ့်ကို ကောင်းပါတယ်။ 0:08:35.332,0:08:38.820 ဒီတော့ ထွန်းသစ်စ သက်ကြီးဘဝ ဆိုတဲ့[br]ဘဝအဆင့် ပေါ်လာတဲ့အခါမှာ 0:08:38.821,0:08:44.104 လူငယ် အမျိုးသားတွေရော အမျိုးသမီးတွေပါ[br]အလုပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို ရယူနိုင်တယ်။ 0:08:46.954,0:08:51.523 အဲဒါ့အပြင် အိမ်ထောင်ပြုမယ့်သူကို 0:08:52.373,0:08:55.122 အသက် ၁၉၊ သို့မဟုတ် ၂၀ သို့မဟုတ် [br]၂၁ နှစ်မှာ ရွေးမယ့်အစား 0:08:55.123,0:09:00.624 အသက် ၂၈၊ ၂၉ ဒါမှမဟုတ် ၃၀ မှာ ရွေးရင်[br]ပိုမကောင်းပေဘူးလား? 0:09:01.964,0:09:04.909 ကျွန်တော်တို့ဟာ အသက် ၂၀ ဒါမှမဟုတ် [br]၂၁ နှစ်မှာ မိဘ ဖြစ်လာမှာနဲ့စာရင် 0:09:04.910,0:09:10.249 အသက် ၃၀ ဒါမှမဟုတ် ၃၁ နှစ်မှ စတင်ရင်[br]ပိုကောင်းမယ် မဟုတ်ပါလား? 0:09:10.250,0:09:12.883 အဲဒါနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ[br]မရှိနိုင်ဘူး ထင်ပါတယ်။ 0:09:12.884,0:09:14.772 ထည့်စဉ်းစားစရာ ရှိပါသေးတယ်။ 0:09:16.262,0:09:19.314 သက်ကြီးဘဝထဲ ခြေချဝင်ဖို့ ဒီလို အချိန်ကာလ[br]ရှိနေခြင်းဟာ 0:09:19.315,0:09:24.321 လူငယ်တွေအတွက် နှိုင်းမရနိုင်တဲ့[br]မကြုံစဖူး လွတ်လပ်တဲ့ အချိန်ကို ပေးပါတယ်။ 0:09:25.061,0:09:27.324 အဲဒါဟာ ကလေးအဖြစ် လုပ်နိုင်တဲ့[br]အရာတွေကို လုပ်နိုင်တဲ့ အချိန်၊ 0:09:27.325,0:09:30.324 နောက်ပိုင်းမှာ ဘယ်လိုမှာမှ[br]လုပ်လို့ ရနိုင်မှာ မဟုတ်တဲ့ 0:09:30.325,0:09:33.372 အချိန်ကာလမျိုး ဖြစ်ပါတယ်။ 0:09:34.122,0:09:37.665 ဒီတော့ တယောက်ယောက်ဟာ[br]စွန့်စားချင်သူ ဖြစ်တယ်ဆိုရင်၊ 0:09:37.666,0:09:40.767 နိုင်ငံ့ထဲက အခြား တနေရာမှာ[br]ဒါမှမဟုတ် ကမ္ဘာ့ တနေရာမှာ 0:09:40.768,0:09:43.751 စမ်းပြီး နေထိုင်ချင်တဲ့ စိတ်ရှိတဲ့ [br]သူများအတွက်၊ 0:09:43.752,0:09:46.109 ပြီးတော့ ဝန်ဆောင်ပေးရေး [br]ပရိုဂျက် တခုခု ရှိနေရင်၊ 0:09:46.110,0:09:48.069 ဒါဟာ လုပ်ကိုင်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ 0:09:48.070,0:09:51.752 ဒါမှမဟုတ် တဦးဦးဟာ ရေရှည်[br]အသက်မွေး လုပ်ငန်းကို စမ်းကြည့်ချင်တယ်၊ 0:09:51.753,0:09:56.042 အနုပညာရှင်၊ ဂီတပညာရှင်၊ ဒါမှမဟုတ်[br]အလားတူ အနုပညာဆိုင်ရာ စမ်းကြည့်ချင်တယ်၊ 0:09:56.043,0:09:58.469 ဆိုရင်လည်း အဲဒါ အကောင်းဆုံး [br]လုပ်ဖို့ အချိန်ပါ။ 0:09:58.470,0:10:00.668 နောက်ပိုင်းမှာ အဲဒါဟာ များစွာမှကို[br]ပိုပြီး ခက်ခဲလာမှာမို့လို့ပါ၊ 0:10:00.669,0:10:02.739 ကိုယ့်ရှေ့မှာ ထမ်းဆောင်ရမယ့် ကတိကဝတ်တွေ[br]ရှိလာမှာမို့လို့ပါ။ 0:10:02.740,0:10:07.798 သက်ကြီးဘဝထဲ စပြီးခြေချဝင်စဉ်[br]ဘာတခုကမှ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါ။ 0:10:07.799,0:10:10.790 အဲဒါဟာ အဲဒီကာလရဲ့[br]လုံးဝမတူတဲ့ ထူးခြားချက်ပါပဲ။ 0:10:10.791,0:10:13.274 တနေ့နေ့မှာ လူတွေဟာ [br]ခင်ဗျားကို မှီခိုလာကြရမှာပါ။ 0:10:13.275,0:10:15.673 အဲဒီလိုဆိုရင် ကျွန်တော်တို့ရဲ့[br]ရွေးချယ်စရာ ဘောင်စာ ကြုံ့လာမှာပါ။ 0:10:15.674,0:10:17.516 သက်ကြီးဘဝကို ခြေချဝင်ရေး[br]ကာလအတွင်းမှာ၊ 0:10:18.186,0:10:22.361 ကျွန်တော်တို့ဆီမှာ ရှားရှားပါးပါး လွတ်လပ်မှု[br]နဲ့ သိပ်မကြာတဲ့ လွတ်လပ်မှုကို ရနိုင်တယ်၊ 0:10:22.362,0:10:24.232 ကျွန်တော်တို့ဟာ အဲဒါကို အကောင်းဆုံး[br]အသုံးချနိုင်ရန် လိုပါတယ်။ 0:10:27.052,0:10:30.202 နိဂုံးချုပ်ရင်းနဲ့ ကျွန်တော်ဟာ[br]သက်ကြီးဘဝထဲကို ခြေချဝင်ကြတော့မယ့် 0:10:30.203,0:10:35.372 ဒါမှမဟုတ် သက်ကြီးဖြစ်ကြတော့မယ့်[br]လူငယ်များကို ပြောချင်တာက: 0:10:35.373,0:10:40.493 ခင်ဗျားတို့ကိုယ်တိုင် အသင့် မဖြစ်မီမှာ[br]သူများတွေ ပြောလို့ သက်ကြီးဘဝထဲ မဝင်မိပါနဲ့။ 0:10:40.494,0:10:44.186 သက်ကြီးဘဝဟာ ခင်ဗျား အသင့်ဖြစ်လာမှာကို[br]စောင့်လျက် ရှိနေမှာပါ။ 0:10:44.187,0:10:49.168 စေတနာကောင်း လူအများတို့က ခင်ဗျားတို့ကို [br]အဲဒီကို အမြန်ဆုံး ရောက်စေလိုချင်ကြမှာပါ။ 0:10:49.169,0:10:51.397 ဒါမေပမဲ့ အဲဒါဟာ သတို့ရဲ့ ဘဝ မဟုတ်ပါ။ 0:10:51.398,0:10:53.286 အဲဒါက ခင်ဗျားတို့ရဲ့ ဘဝပါ။ 0:10:53.287,0:10:56.747 လိုအပ်ရင် အဲဒါကို ခင်ဗျား ကိုယ်တိုင်က[br]သူတို့ကို သတိပေးသင့်ပါတယ်။ 0:10:56.748,0:11:01.669 သက်ကြီးဘဝထဲကို လူတိုင်းလိုလို[br]မရှေးမနှောင်း ခြေချဝင်လာကြရမှာပါ။ 0:11:01.670,0:11:06.133 ပြီးတော့ အဲဒီ နယ်မြေထဲကို တကြိမ် [br]ခြေချဝင်သွားရင် ပြန်လမ်း မရှိပါ။ 0:11:06.883,0:11:10.721 ဒီတော့ သက်ကြီးဘဝထဲ ခြေချဝင်ရေး ကာလရဲ့[br]လွတ်လပ်မှုကို အတတ်နိုင်ဆုံး 0:11:10.722,0:11:12.371 အဲဒီကာလ မကုန်မီ အသုံးချသွားကြပါ။ 0:11:12.372,0:11:13.695 ကျေးဇူးတင်ပါတယ်။ 0:11:13.696,0:11:15.046 (လက်ခုပ်သံများ)