ဒီနေ့ခေတ်မှာ အရင်နဲ့စာရင် လူကြီးဖြစ်ဖို့
ပိုကြာတာကို အားလုံး သဘောတူကြမှာပါ။
အဲဒီအချက်က ဘယ်လိုမှ ငြင်းကွယ်စရာ
မရှိဘူးလို့ ထင်ရကာ၊
အချက်အလက်တွေ တသီးကြီးက
ထောက်ခံကြပါတယ်။
ကျွန်တော်တို့ရဲ့ အခြေခံ နှစ်အဖြစ်
၁၉၆၀ ကို ယူကြည့်မယ်ဆိုရင်၊
လူတွေဟာ အထက်တန်းကျောင်းကို
ပြီးကြတောင်မှ
အထက်တန်းကျောင်း အထက်မှာ ပညာသင်နိုင်ခဲ့သူ
နည်းခဲ့ပါတယ်။
ပြည်သူထဲက ၄၀% တို့ဟာ
အထက်တန်းကျောင်းကိုတောင် မပြီးနိုင်ခဲ့ကြပါ။
၁၉၆၀ ခုနှစ်မှာ ပျမ်းမျှ လက်ထပ်နှစ်ဟာ
အမျိုးသမီး -၂၀၊ အမျိုးသား -၂၃ နှစ် ဖြစ်ခဲ့တယ်။
အခုဆိုရင် အဲဒါဟာ အမျိုးသမီးအတွက် ၂၇ နဲ့
အမျိုးသားအတွက် ၂၉ နှစ် ဖြစ်တယ်။
ဒီတော့ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ
လူငယ်တွေရဲ့ ဘဝဟာ တော်တော်များများ
ပြောင်းလဲလာခဲ့ပါပြီ။
ဘယ်လောက်တောင် ပြောင်းလဲလာခဲ့သလဲ
ဆိုတော့၊ ကျွန်တော်အထင်၊
ဆယ်ကျော်သက်ဘဝ နဲ့ သက်ကြီးလူငယ်ဘဝ
အကြားမှာ ရှိတဲ့
အဲဒါဟာ ဘဝအဆင့်သစ် တခုဖြစ်တယ်လို့
ယူဆသင့်ပါတယ်။
ထားပါစို့၊ ဒီနေ့မှာ အရင်နှစ်များနဲ့စာရင်
လူကြီးဖြစ်လာဖို့
ဘာဖြစ်လို့ ပိုပြီးကြာလာရတာလဲ?
ဘာဖြစ်လို့ ထွန်းသစ်စ သက်ကြီးဘဝဆိုတဲ့
အဆင့် ဘာဖြစ်လို့ ပေါ်လာရတာလဲ?
ဒီနေ့မယ် ကျွန်တော်တို့ မြင်နေကြရတဲ့
လူ့အဖွဲ့အစည်းကို၊ ထွန်းသစ်စ သက်ကြီးဘဝ
အပါအဝင်ကို၊ ဖြစ်ပေါ်လာစေခဲ့ကြတဲ့
တော်လှန်ရေး လေးခုတို့ဟာ
လွန်ခဲ့တဲ့ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်များ
အတွင်းမှာဖြစ်ပွားခဲ့ကြပါတယ်။
အဲဒီ တော်လှန်ရေး လေးခုကို ဖေါ်ပြရရင်
နည်းပညာ တော်လှန်ရေး၊
ကျားမဆက်ဆံမှု တော်လှန်ရေး၊
အမျိုးသမီးများရဲ့ လှုပ်ရှားမှု
နဲ့ လူငယ် လှုပ်ရှားမှုတွေပါပဲ။
ပထမ ဖြစ်တဲ့ နည်းပညာ
တော်လှန်ရေးကို ယူကြည့်ကြမယ်။
နည်းပညာ တော်လှန်ရေးဆိုတာ
iPhone နဲ့ iPad တွေသာ မကပါ၊
ဒါမှမဟုတ် လက်တော့ နဲ့ အင်တာနက်တင်င မကပါ။
နောက်ဆုံး နှစ် ၅၀ အတွက် ထုတ်လုပ်ရေး
စီးပွားရေးမှနေပြီး
အသိပညာ စီးပွားရေးဆီကို ပြောင်းလဲမှုဟာလည်း
ကြီးမားတဲ့ ပြောင်းလဲမှုကြီးပါ။
ကျွန်တော်တို့ဟာ စက်တွေကို သုံးပြီး
ပစ္စည်းထုတ်လုပ်ရာတွင် သိပ်တော်လာကြလို့
အဲဒါတွေကို ထုတ်လုပ်ဖို့ လူနည်းနည်းပဲ
လိုပါတော့တယ်။
ပြီးတော့ ထုတ်လုပ်ရေး လုပ်ငန်း အများအပြားတို့ကို
တခြားနိုင်ငံများဆီ ရွှေ့ပြောင်းခဲ့တာကိုလည်း
ကျွန်တော်တို့ သိကြပါတယ်။
အဲဒါနဲ့တင် မပြီးသေးပါဘူး။
ကျွန်တော်တို့ဟာ ထုတ်လုပ်မှုအား
အခုဆိုရင် ၁၉၅၀ ပြည့်နှစ်များနဲ့ စာပါက
ခြောက်ဆ ပိုကြီးထွားလာပါတယ်။
ပြီးတော့ အဲဒါကို လူတဝက်ကိုသာ သုံးပြီး
ထုတ်လုပ်လာနိုင်ကြပါသေးတယ်။
အဲဒါကြောင့်မို့လို့ လူငယ်တယောက်ဟာ
ကားစက်ရုံ ဒါမှမဟတ် သံမဏိစက်ရုံကို
သွားပြီး အလုပ်ရှာပြီး
သူသာမက သူ့မိသားစုကိုပါ ထောက်ပံ့နိုင်တဲ့
ငွေကြေးကို ရှာနိုင်တဲ့ ခေတ် ကုန်သွားပါပြီ။
အသိပညာ စီးပွားရေး ခေတ်ထဲမှာ အလုပ်သစ်တွေဟာ
အချက်အလက်များ နဲ့ နည်းပညာ နဲ့
ဝန်ဆောင်မှုများထဲမှာ ရှိနေကြပါတယ်။
အဲဒါတွေ အားလုံးက အထက်တန်းကျောင်း ထက်
ကျော်လွန်တဲ့ ပညာရေးကို လိုအပ်ပါတယ်။
အဲဒီလို လူတွေသာလျှင် အသိပညာ
စီးပွားရေထဲမှာ အလုပ် ရနိုင်ကြပါတယ်။
ကျွန်တော်တို့ဟာ အထက်တန်းကျောင်းထက်
ပိုမြင့်တဲ့ ပညာရေး တခုခု ရှိရပါမယ်။
အဲဒီတော့ အရင်နဲ့စာရင် လူအများတို့ဟာ
ပညာရေးကို ပိုပြီးကြာအောင် သင်လာရပါတယ်။
အဲဒီအကြောင်းကပဲ
တခြားအကျိုးဆက်တွေကို ဖြစ်ပွားလာစေတယ်၊
လူအများစုတို့ဟာ သူတို့ရဲ့
ပညာရေး ပြီးသွားလို့ နှစ်အတော်ကြာအထိကို
မြဲတဲ့ ရေရှည် အလုပ်ကို မရနိုင်ကြသေးလို့၊
လူအများစုတို့က မြဲတဲ့ အလုပ်ကို မရမချင်း
လက်ထပ်ရန် နဲ့ မိဘဖြစ်ရန်ကို
မလောဘဲ အချိန်ဆွဲနေကြရပါတယ်။
ဒုတိယက ကျားမဆက်ဆံမှု တော်လှန်ရေးပါ။
၁၉၆၄ ခုနှစ် ကလေးမရရေး
ဆေးလုံးကို တီထွင်နိုင်ခဲ့ခြင်းနဲ့
သန္ဓေတားရေး ထိရောက်တဲ့
နည်းပညာတွေ ပေါ်လာခြင်းနဲ့အတူ၊
ကျားမဆက်ဆံမှု နဲ့ မျိုးပွားမှု အကြား ရှိခဲ့တဲ့
အသက်ဆိုင်ရာ ဆက်စပ်မှုကို ရိုက်ချိုးပစ်တယ်။
အဲဒီနောက်မှာ၊
ကျားမဆက်ဆံမှု နဲ့ လက်ထပ်မှု အကြား ဆက်စပ်မှု
ဟာ ပထမဦးဆုံး အကြိမ် ရိုက်ချိုးခံခဲ့ရတယ်။
အဲဒါနဲ့ လက်ထပ်ကြတဲ့ အသက်ဟာ
မှန်မှန်ဆိုသလို ကြီးမြင့်လာတော့တယ်၊
ပထမအကြိမ် ကျားမဆက်ဆံမှု
အသက်ကျတော့ ကျဆင်းလာတာတောင်မှပါ။
ဒီနေ့ဆိုရင်၊ လူငယ်တွေ သူတို့ရဲ့ ဆယ်ကျော်သက်
နောက်ပိုင်းနှစ်များမှာ ကျားမဆက်ဆံလာကြတယ်၊
သူတို့ဟာ လက်ထပ်လျက် မိဘဖြစ်လာတဲ့
နှစ်ထက် ဆယ်နှစ်၊ ဆယ်နှစ်မက စောနေပါတယ်။
အဲဒါကြောင့်မို့လို့ ဆယ်ကျော်သက် အရွယ်ဟာ
၂၀ ပြည့်သူနဲ့လည်း ဆိုင်လာပါတယ်။
လက်ထပ်လျက် မိဘဖြစ်ဖို့ကို ကတိတွေ
ပေးမယ့်အစား၊
လူတွေဟာ အခုတော့ ဆယ်နှစ်
ဒါမှမဟုတ် ပိုကြာတဲ့အထိကို
မိသားစု ဘဝပုံစံမျိုးဖြင့်
အခိုင်အမာနေကြမယ့် အစား
သူတို့ အကြားက ဆက်ဆံမှုတွေကို ရပ်တန့်လျက်
အချိန်ဆွဲလာကြပါတယ်။
နံပါတ် သုံးက အမျိူးသမီး လှုပ်ရှားမှုပါ။
၁၉၆၀ ပြည့်နှစ်တုန်းက ကောလိပ်ကို
တက်နိုင်ခဲ့တဲ့ လူတွေ မများပါဘူး၊
ဒါပေမဲ့၊ ကောလိပ်တွေထဲက အမျိုးသားတွေရဲ့
ဦးရေဟာ အမျိုးသမီးတွေထက် နှစ်ဆပိုခဲ့တယ်။
ဒီနေ့ဆိုရင်၊ ဘွဲ့ယူလိုကြသူ ၅၈% ဟာ
အမျိုးသမီးတွေ၊ အမျိုးသား - ၄၂% မျှပါ။
ပြီးတော့ ဆေးတက္ကသိုလ်၊ ဥပဒေ တက္ကသိုလ်၊
စီးပွားရေး တက္ကသိုလ်တွေမှာလည်း
တဝက်က အမျိုးသမီးတွေ ဖြစ်နေကြပါတယ်။
အဲဒါကလည်း တကယ့်ကို တော်လှန်ရေးကြီးပါပဲ။
အဲဒီအချက်က လူငယ် အမျိုးသမီးတွေရဲ့ ဘဝ နဲ့
သူတို့ အသက်ဆိုင်ရာ အမြင်ကို ပြောင်းပစ်တယ်။
၁၉၆၀ ပြည့်နှစ်များတုန်းက
လူငယ်အမျိုးသမီး တယောက်အနေနဲ့
ယောက်ျား ရှာဖွေရေးဆိုတဲ့ ဒဏ်ရဲ့
ဖိစီးမှုကို ဒီနေ့ ခန်းမှန်းဖို့ မလွယ်ပါ။
ယောက်ျား မရလိုက်တဲ့ အမျိုးသမီးဟာ
သူ့ဘဝထဲမှာ ဘယ်လိုလုပ် ရပ်တည်နိုင်ခဲ့မှာလဲ?
အဲဒီတုန်းက သက်မွေး လုပ်ငန်းတွေဆိုလို့
အမျိုးသမီးများအတွက် မရှိခဲ့သလောက်ပါ။
ဒါကြောင့်မို့လို့ သူတို့ လုပ်နိုင်ခဲ့တာ
မရှိသလောက် ဖြစ်နေခဲ့လို့
အဲဒီဆီကိုသာ အာရုံစိုက်နေခဲ့ကြရတာပါ။
သူတို့ဟာလည်း၊ လူငယ် အမျိုးသားတွေလိုပဲ၊
သူတို့ရဲ့ ၂၀ ဝန်းကျင် ဘဝကို
ပညာရေးထဲမှာ သူတို့ရဲ့ လုပ်သက်အတွက်၊
တိုးတက်ရာတိုးတက်ကြောင်း သုံးလိုခဲ့ကြပါတယ်။
အဲဒါကြောင့်မို့လို့ ၂၀ ကျော် လူငယ်တို့ရဲ့
ဘဝဟာ
လူငယ် အမျိုးသားများရော လူငယ် အမျိုးသမီးများ
အတွက်ပါ သိသိသာသာ ပြောင်းလဲသွားတယ်။
နောက်ဆုံး ဖြစ်တဲ့ လူငယ်
လှုပ်ရှားမှုကို ကြည့်မယ်။
သက်ကြီးဘဝဟာ ကောင်းမွန်တဲ့ အချက်
အများအပြားတို့နဲ့ ဆက်စပ်နေခဲ့ပါတယ်၊
လူမှုရေး အခြေအနေ နဲ့ လုပ်ကိုင်နိုင်တဲ့
အာဏာတို့လို ဟာမျိုးပေါ့လေ။
အဲဒါတွေဟာ ဒီနေ့တွင်လည်း ရှိနေသေးပေမဲ့၊
အရင်နဲ့ မတူတော့ပါ။
၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေထဲမှာ အဲဒါဟာ
လူငယ် လှုပ်ရှားမှုနဲ့ အတူ ပြောင်းသွားတယ်။
"ကျွန်တော်ဟာ အိုမလာခင်
သေမယ်လို့ မျှော်လင့်တယ်။"
ခင်ဗျးတို့ထဲက အဲဒါကို မှတ်မိလောက်အောင်
အသက်ကြီးတဲ့သူများ ရှိကြသေးလား?
ဒါမှမဟုတ် "အသက် ၃၀ ကျော်သူကို
ဘယ်တော့မှ မယုံနဲ့။"
အဲဒီလို နောက်ပြောင်ရင်း ပြောဆိုခဲ့ကြတယ်
လို့ ဆိုနိုင်ပါတယ်။
အဲဒါတွေကို အလေးပေး ထောက်ပြနေကြတဲ့
အမှန်တရားတွေပါ။
အခုကျတော့ သက်ကြီးအရွယ် နဲ့ အသက်ဆိုတာ
ဆက်စပ်မှု လျော့ရဲလာပါတယ်၊
လူငယ်ဘဝကို ပိုပြီး ကိုင်းရှိုင်းလာကြပါတယ်။
အဲဒါကြောင့်မို့လို့ လူငယ်တို့ဟာ
သက်ကြီးဘဝထဲ ခြေချရေးကို သိပ်မလောကြတော့ပါ။
သူတို့ဟာ သူတို့ရဲ့ လူငယ်ဘဝကို
အတတ်နိုင်ဆုံး ကြာအောင် အချိန်ဆွဲလာကြကာ
အဲဒီနှစ်တွေကို အရသာခံ နေထိုင်နေကြပါတယ်။
ဒီတော့၊ ခုနက ပြောခဲ့တဲ့ အပြောင်းအလဲ
လေးခုတို့ရဲ့ စုပေါင်း ရလဒ်အဖြစ်
ထွန်းသစ်စ အသက်ကြီးဘဝ ဆိုတဲ့
ဘဝအဆင့်သစ်ကို ဖန်တီးပေးလိုက်ပါတယ်။
ကျွန်တော်တို့ဟာ သက်ကြီးဘဝဆိုတဲ့
အခြေတကျ ဘဝဆိုတာ
အသက် 20 ဝန်းကျင်မှာ
ပေါ်လာတတ်လို့ ယူဆကြပေမဲ့၊
အခုတော့ ဒီခေတ်ထဲက အသက် ၃၀ ဟာ
၂၀ အသစ် ဖြစ်လာပါတယ်။
တကယ်တော့ အဲဒီလို သုံးနှုန်းပြောလာခြင်းဆီမှာ
အကြောင်းရင်း ရှိပါတယ်။
အရင်တုန်းက အသက် ၂၀ ဝန်းကျင်မှာ
ဖြစ်ပျက်တတ်ခဲ့တဲ့ အပြောင်းအလဲတွေဟာ
လူအများစုအတွက် အသက် ၃၀ ဝန်းကျင်မှာ
ဖြစ်ပျက်လာနေကြလို့ပါ။
ဆယ်ကျော်သက် ဘဝမှနေပြီး လူငယ်သက်ကြီး
ဘဝထဲကို အသက် ၂၀ ဝန်းကျင်မှာ ဝင်မယ့်အစား၊
ဆယ်ကျော်သက် ဘဝရဲ့ နောက်မှာ စခါစ
သက်ကြီးဘဝဟာ ၂၀ ပြည့်နှစ် အကုန်နီးပါး အထိပါ၊
အဲဒီနောက်ကျမှသာ တည်ငြိမ်တဲ့
လူငယ် သက်ကြီးပိုင်း စတင်ပါတယ်။
ဒီလို အစပိုင်း သက်ကြီးဘဝ ဆိုတဲ့ အဆင့်သစ်ကို
လူတိုင်း သဘောကျကြတာ မဟုတ်ပါဘူး။
ပြီးတော့ လူကြီးဖြစ်လာဖို့ အရင်နဲ့စာရင်
နှစ်တွေ ပိုကြာလာခြင်းကိုလည်း
လူတိုင်း ဝမ်းသာကြတာ မဟုတ်ပါ။
ပြောင်းပြန်တောင် ဖြစ်လျက်၊ လူတော်တော်
များများက အဲဒါကို စိတ်ပျက်မိကြပါတယ်။
လူတော်တော်များများက လူငယ်တွေ
ပုံမှန်သက်ကြီးဘဝဆီ
ကူးပြောင်းမှုက
အတိတ်နှစ်များနဲ့စာရင် နောက်ကျနေခြင်းကို
သူတို့ထဲမှာ တခုခု မှားယွင်းနေပြီလို့
ယူဆချင်ကြပါတယ်။
သူတို့မိဘတွေ နဲ့ ဘိုးဘွားတွေဟာ
သူတို့ ကလေးတွေ နဲ့ မြေးတွေ
အသက် ၂၀ ရှိနေပေမဲ့ သက်ကြီးဘဝဆီ
တက်လှမ်းရေးကို မလိုလားကြတာကို
ဒါမှမဟုတ် အချိန်ဆွဲချင်နေကြတာကို
မြင်ကြတဲ့ အခါမှာ၊
"ငါ မင်းတို့ အရွယ်တုန်းကဆိုရင်..."
ပြောဆိုချင်ကြမှာပါ။
တကယ်တော့ အချိန်ဇယားဟာ
တကယ့်ကို ပြောင်းလဲသွားပြီ ဖြစ်တာမို့လို့
ခင်ဗျားတို့ကပါ ဒီနေ့ အဲဒီလို ထင်နေကြရင်၊
တမျိုး စဉ်းစားဖို့ တိုက်တွန်းချင်တယ်။
အဲဒီလူငယ်တွေထဲမှာ မှားယွင်းနေတာ
ဘာမှ မရှိပါဘူး။
အသိပညာ စီးပွားရေးထဲမှာ
ကိုယ့်ကိုကိုယ် ပြင်ဆင်ရတာ ပိုအချိန်ကြာတယ်၊
ပထမ အချက်အနေနဲ့ ထုတ်လုပ်ရေး
စီးပွားရေးနဲ့ နှိုင်းယှဉ်ကြည့်ရင်ပါ။
ဒီတော့ အဲဒါဟာ သူတို့ အပြစ် မဟုတ်ပါ။
သူတို့ဟာ သူတို့ရဲ့ ကမ္ဘာကြီးအတွက်
အပတ်တကုပ် အားထုတ်နေကြကာ
သိပ်ကို ရှုပ်ထွေးလှတဲ့ စီးပွားရေးထဲတွင်
သူတို့ရဲ့ နေရာကို ရှာရန် ကြိုးစာနေကြပါတယ်။
ဒုတိယ အချက်အနေနဲ့၊ အမျိုးသမီးတွေရဲ့
လှုပ်ရှားမှုဟာ လူငယ် အမျိုးသမီးများအတွက်
ဧရာမ အခွင့်အလမ်းတွေ တသီကြီးကို
ဖွင့်ပေးလိုက်ပါတယ်။
အဲဒါဟာ မဆိုးပါဘူး။
ကျွန်တော်တို့ထဲက တချို့တို့ကသာ
အဲဒါကို အနှတ်လက္ခဏာလို မြင်ကြမယ် ထင်တယ်။
အဲဒါဟာ ကောင်းပါတယ်။ တကယ့်ကို ကောင်းပါတယ်။
ဒီတော့ ထွန်းသစ်စ သက်ကြီးဘဝ ဆိုတဲ့
ဘဝအဆင့် ပေါ်လာတဲ့အခါမှာ
လူငယ် အမျိုးသားတွေရော အမျိုးသမီးတွေပါ
အလုပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို ရယူနိုင်တယ်။
အဲဒါ့အပြင် အိမ်ထောင်ပြုမယ့်သူကို
အသက် ၁၉၊ သို့မဟုတ် ၂၀ သို့မဟုတ်
၂၁ နှစ်မှာ ရွေးမယ့်အစား
အသက် ၂၈၊ ၂၉ ဒါမှမဟုတ် ၃၀ မှာ ရွေးရင်
ပိုမကောင်းပေဘူးလား?
ကျွန်တော်တို့ဟာ အသက် ၂၀ ဒါမှမဟုတ်
၂၁ နှစ်မှာ မိဘ ဖြစ်လာမှာနဲ့စာရင်
အသက် ၃၀ ဒါမှမဟုတ် ၃၁ နှစ်မှ စတင်ရင်
ပိုကောင်းမယ် မဟုတ်ပါလား?
အဲဒါနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ
မရှိနိုင်ဘူး ထင်ပါတယ်။
ထည့်စဉ်းစားစရာ ရှိပါသေးတယ်။
သက်ကြီးဘဝထဲ ခြေချဝင်ဖို့ ဒီလို အချိန်ကာလ
ရှိနေခြင်းဟာ
လူငယ်တွေအတွက် နှိုင်းမရနိုင်တဲ့
မကြုံစဖူး လွတ်လပ်တဲ့ အချိန်ကို ပေးပါတယ်။
အဲဒါဟာ ကလေးအဖြစ် လုပ်နိုင်တဲ့
အရာတွေကို လုပ်နိုင်တဲ့ အချိန်၊
နောက်ပိုင်းမှာ ဘယ်လိုမှာမှ
လုပ်လို့ ရနိုင်မှာ မဟုတ်တဲ့
အချိန်ကာလမျိုး ဖြစ်ပါတယ်။
ဒီတော့ တယောက်ယောက်ဟာ
စွန့်စားချင်သူ ဖြစ်တယ်ဆိုရင်၊
နိုင်ငံ့ထဲက အခြား တနေရာမှာ
ဒါမှမဟုတ် ကမ္ဘာ့ တနေရာမှာ
စမ်းပြီး နေထိုင်ချင်တဲ့ စိတ်ရှိတဲ့
သူများအတွက်၊
ပြီးတော့ ဝန်ဆောင်ပေးရေး
ပရိုဂျက် တခုခု ရှိနေရင်၊
ဒါဟာ လုပ်ကိုင်ဖို့ အကောင်းဆုံး အချိန်ပါပဲ။
ဒါမှမဟုတ် တဦးဦးဟာ ရေရှည်
အသက်မွေး လုပ်ငန်းကို စမ်းကြည့်ချင်တယ်၊
အနုပညာရှင်၊ ဂီတပညာရှင်၊ ဒါမှမဟုတ်
အလားတူ အနုပညာဆိုင်ရာ စမ်းကြည့်ချင်တယ်၊
ဆိုရင်လည်း အဲဒါ အကောင်းဆုံး
လုပ်ဖို့ အချိန်ပါ။
နောက်ပိုင်းမှာ အဲဒါဟာ များစွာမှကို
ပိုပြီး ခက်ခဲလာမှာမို့လို့ပါ၊
ကိုယ့်ရှေ့မှာ ထမ်းဆောင်ရမယ့် ကတိကဝတ်တွေ
ရှိလာမှာမို့လို့ပါ။
သက်ကြီးဘဝထဲ စပြီးခြေချဝင်စဉ်
ဘာတခုကမှ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါ။
အဲဒါဟာ အဲဒီကာလရဲ့
လုံးဝမတူတဲ့ ထူးခြားချက်ပါပဲ။
တနေ့နေ့မှာ လူတွေဟာ
ခင်ဗျားကို မှီခိုလာကြရမှာပါ။
အဲဒီလိုဆိုရင် ကျွန်တော်တို့ရဲ့
ရွေးချယ်စရာ ဘောင်စာ ကြုံ့လာမှာပါ။
သက်ကြီးဘဝကို ခြေချဝင်ရေး
ကာလအတွင်းမှာ၊
ကျွန်တော်တို့ဆီမှာ ရှားရှားပါးပါး လွတ်လပ်မှု
နဲ့ သိပ်မကြာတဲ့ လွတ်လပ်မှုကို ရနိုင်တယ်၊
ကျွန်တော်တို့ဟာ အဲဒါကို အကောင်းဆုံး
အသုံးချနိုင်ရန် လိုပါတယ်။
နိဂုံးချုပ်ရင်းနဲ့ ကျွန်တော်ဟာ
သက်ကြီးဘဝထဲကို ခြေချဝင်ကြတော့မယ့်
ဒါမှမဟုတ် သက်ကြီးဖြစ်ကြတော့မယ့်
လူငယ်များကို ပြောချင်တာက:
ခင်ဗျားတို့ကိုယ်တိုင် အသင့် မဖြစ်မီမှာ
သူများတွေ ပြောလို့ သက်ကြီးဘဝထဲ မဝင်မိပါနဲ့။
သက်ကြီးဘဝဟာ ခင်ဗျား အသင့်ဖြစ်လာမှာကို
စောင့်လျက် ရှိနေမှာပါ။
စေတနာကောင်း လူအများတို့က ခင်ဗျားတို့ကို
အဲဒီကို အမြန်ဆုံး ရောက်စေလိုချင်ကြမှာပါ။
ဒါမေပမဲ့ အဲဒါဟာ သတို့ရဲ့ ဘဝ မဟုတ်ပါ။
အဲဒါက ခင်ဗျားတို့ရဲ့ ဘဝပါ။
လိုအပ်ရင် အဲဒါကို ခင်ဗျား ကိုယ်တိုင်က
သူတို့ကို သတိပေးသင့်ပါတယ်။
သက်ကြီးဘဝထဲကို လူတိုင်းလိုလို
မရှေးမနှောင်း ခြေချဝင်လာကြရမှာပါ။
ပြီးတော့ အဲဒီ နယ်မြေထဲကို တကြိမ်
ခြေချဝင်သွားရင် ပြန်လမ်း မရှိပါ။
ဒီတော့ သက်ကြီးဘဝထဲ ခြေချဝင်ရေး ကာလရဲ့
လွတ်လပ်မှုကို အတတ်နိုင်ဆုံး
အဲဒီကာလ မကုန်မီ အသုံးချသွားကြပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)