1 00:00:16,667 --> 00:00:22,293 ဒီနေ့ခေတ်မှာ အရင်နဲ့စာရင် လူကြီးဖြစ်ဖို့ ပိုကြာတာကို အားလုံး သဘောတူကြမှာပါ။ 2 00:00:22,295 --> 00:00:25,362 အဲဒီအချက်က ဘယ်လိုမှ ငြင်းကွယ်စရာ မရှိဘူးလို့ ထင်ရကာ၊ 3 00:00:25,363 --> 00:00:28,042 အချက်အလက်တွေ တသီးကြီးက ထောက်ခံကြပါတယ်။ 4 00:00:28,043 --> 00:00:31,822 ကျွန်တော်တို့ရဲ့ အခြေခံ နှစ်အဖြစ် ၁၉၆၀ ကို ယူကြည့်မယ်ဆိုရင်၊ 5 00:00:33,082 --> 00:00:36,899 လူတွေဟာ အထက်တန်းကျောင်းကို ပြီးကြတောင်မှ 6 00:00:36,900 --> 00:00:39,371 အထက်တန်းကျောင်း အထက်မှာ ပညာသင်နိုင်ခဲ့သူ နည်းခဲ့ပါတယ်။ 7 00:00:39,372 --> 00:00:42,151 ပြည်သူထဲက ၄၀% တို့ဟာ အထက်တန်းကျောင်းကိုတောင် မပြီးနိုင်ခဲ့ကြပါ။ 8 00:00:43,621 --> 00:00:49,156 ၁၉၆၀ ခုနှစ်မှာ ပျမ်းမျှ လက်ထပ်နှစ်ဟာ အမျိုးသမီး -၂၀၊ အမျိုးသား -၂၃ နှစ် ဖြစ်ခဲ့တယ်။ 9 00:00:50,676 --> 00:00:56,432 အခုဆိုရင် အဲဒါဟာ အမျိုးသမီးအတွက် ၂၇ နဲ့ အမျိုးသားအတွက် ၂၉ နှစ် ဖြစ်တယ်။ 10 00:00:56,433 --> 00:00:57,804 ဒီတော့ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ 11 00:00:57,805 --> 00:01:00,981 လူငယ်တွေရဲ့ ဘဝဟာ တော်တော်များများ ပြောင်းလဲလာခဲ့ပါပြီ။ 12 00:01:00,982 --> 00:01:03,845 ဘယ်လောက်တောင် ပြောင်းလဲလာခဲ့သလဲ ဆိုတော့၊ ကျွန်တော်အထင်၊ 13 00:01:03,846 --> 00:01:08,479 ဆယ်ကျော်သက်ဘဝ နဲ့ သက်ကြီးလူငယ်ဘဝ အကြားမှာ ရှိတဲ့ 14 00:01:08,480 --> 00:01:12,579 အဲဒါဟာ ဘဝအဆင့်သစ် တခုဖြစ်တယ်လို့ ယူဆသင့်ပါတယ်။ 15 00:01:12,580 --> 00:01:16,470 ထားပါစို့၊ ဒီနေ့မှာ အရင်နှစ်များနဲ့စာရင် လူကြီးဖြစ်လာဖို့ 16 00:01:16,471 --> 00:01:18,180 ဘာဖြစ်လို့ ပိုပြီးကြာလာရတာလဲ? 17 00:01:18,181 --> 00:01:21,765 ဘာဖြစ်လို့ ထွန်းသစ်စ သက်ကြီးဘဝဆိုတဲ့ အဆင့် ဘာဖြစ်လို့ ပေါ်လာရတာလဲ? 18 00:01:22,645 --> 00:01:28,390 ဒီနေ့မယ် ကျွန်တော်တို့ မြင်နေကြရတဲ့ လူ့အဖွဲ့အစည်းကို၊ ထွန်းသစ်စ သက်ကြီးဘဝ 19 00:01:28,391 --> 00:01:33,051 အပါအဝင်ကို၊ ဖြစ်ပေါ်လာစေခဲ့ကြတဲ့ တော်လှန်ရေး လေးခုတို့ဟာ 20 00:01:33,052 --> 00:01:36,664 လွန်ခဲ့တဲ့ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်များ အတွင်းမှာဖြစ်ပွားခဲ့ကြပါတယ်။ 21 00:01:36,665 --> 00:01:39,893 အဲဒီ တော်လှန်ရေး လေးခုကို ဖေါ်ပြရရင် နည်းပညာ တော်လှန်ရေး၊ 22 00:01:39,894 --> 00:01:41,768 ကျားမဆက်ဆံမှု တော်လှန်ရေး၊ 23 00:01:41,769 --> 00:01:45,737 အမျိုးသမီးများရဲ့ လှုပ်ရှားမှု နဲ့ လူငယ် လှုပ်ရှားမှုတွေပါပဲ။ 24 00:01:45,738 --> 00:01:48,033 ပထမ ဖြစ်တဲ့ နည်းပညာ တော်လှန်ရေးကို ယူကြည့်ကြမယ်။ 25 00:01:48,034 --> 00:01:52,379 နည်းပညာ တော်လှန်ရေးဆိုတာ iPhone နဲ့ iPad တွေသာ မကပါ၊ 26 00:01:52,380 --> 00:01:55,293 ဒါမှမဟုတ် လက်တော့ နဲ့ အင်တာနက်တင်င မကပါ။ 27 00:01:55,294 --> 00:01:59,794 နောက်ဆုံး နှစ် ၅၀ အတွက် ထုတ်လုပ်ရေး စီးပွားရေးမှနေပြီး 28 00:01:59,795 --> 00:02:04,759 အသိပညာ စီးပွားရေးဆီကို ပြောင်းလဲမှုဟာလည်း ကြီးမားတဲ့ ပြောင်းလဲမှုကြီးပါ။ 29 00:02:05,709 --> 00:02:09,398 ကျွန်တော်တို့ဟာ စက်တွေကို သုံးပြီး ပစ္စည်းထုတ်လုပ်ရာတွင် သိပ်တော်လာကြလို့ 30 00:02:09,399 --> 00:02:12,534 အဲဒါတွေကို ထုတ်လုပ်ဖို့ လူနည်းနည်းပဲ လိုပါတော့တယ်။ 31 00:02:13,854 --> 00:02:15,830 ပြီးတော့ ထုတ်လုပ်ရေး လုပ်ငန်း အများအပြားတို့ကို 32 00:02:15,831 --> 00:02:19,410 တခြားနိုင်ငံများဆီ ရွှေ့ပြောင်းခဲ့တာကိုလည်း ကျွန်တော်တို့ သိကြပါတယ်။ 33 00:02:19,411 --> 00:02:20,973 အဲဒါနဲ့တင် မပြီးသေးပါဘူး။ 34 00:02:20,974 --> 00:02:24,599 ကျွန်တော်တို့ဟာ ထုတ်လုပ်မှုအား အခုဆိုရင် ၁၉၅၀ ပြည့်နှစ်များနဲ့ စာပါက 35 00:02:24,600 --> 00:02:26,595 ခြောက်ဆ ပိုကြီးထွားလာပါတယ်။ 36 00:02:26,596 --> 00:02:29,961 ပြီးတော့ အဲဒါကို လူတဝက်ကိုသာ သုံးပြီး ထုတ်လုပ်လာနိုင်ကြပါသေးတယ်။ 37 00:02:29,962 --> 00:02:31,952 အဲဒါကြောင့်မို့လို့ လူငယ်တယောက်ဟာ 38 00:02:31,953 --> 00:02:37,239 ကားစက်ရုံ ဒါမှမဟတ် သံမဏိစက်ရုံကို သွားပြီး အလုပ်ရှာပြီး 39 00:02:37,240 --> 00:02:41,125 သူသာမက သူ့မိသားစုကိုပါ ထောက်ပံ့နိုင်တဲ့ ငွေကြေးကို ရှာနိုင်တဲ့ ခေတ် ကုန်သွားပါပြီ။ 40 00:02:41,865 --> 00:02:45,358 အသိပညာ စီးပွားရေး ခေတ်ထဲမှာ အလုပ်သစ်တွေဟာ 41 00:02:45,359 --> 00:02:48,948 အချက်အလက်များ နဲ့ နည်းပညာ နဲ့ ဝန်ဆောင်မှုများထဲမှာ ရှိနေကြပါတယ်။ 42 00:02:48,949 --> 00:02:53,588 အဲဒါတွေ အားလုံးက အထက်တန်းကျောင်း ထက် ကျော်လွန်တဲ့ ပညာရေးကို လိုအပ်ပါတယ်။ 43 00:02:54,398 --> 00:02:58,340 အဲဒီလို လူတွေသာလျှင် အသိပညာ စီးပွားရေထဲမှာ အလုပ် ရနိုင်ကြပါတယ်။ 44 00:02:58,341 --> 00:03:02,162 ကျွန်တော်တို့ဟာ အထက်တန်းကျောင်းထက် ပိုမြင့်တဲ့ ပညာရေး တခုခု ရှိရပါမယ်။ 45 00:03:02,163 --> 00:03:07,398 အဲဒီတော့ အရင်နဲ့စာရင် လူအများတို့ဟာ ပညာရေးကို ပိုပြီးကြာအောင် သင်လာရပါတယ်။ 46 00:03:08,298 --> 00:03:10,467 အဲဒီအကြောင်းကပဲ တခြားအကျိုးဆက်တွေကို ဖြစ်ပွားလာစေတယ်၊ 47 00:03:10,468 --> 00:03:13,529 လူအများစုတို့ဟာ သူတို့ရဲ့ ပညာရေး ပြီးသွားလို့ နှစ်အတော်ကြာအထိကို 48 00:03:13,530 --> 00:03:17,766 မြဲတဲ့ ရေရှည် အလုပ်ကို မရနိုင်ကြသေးလို့၊ 49 00:03:17,767 --> 00:03:21,304 လူအများစုတို့က မြဲတဲ့ အလုပ်ကို မရမချင်း လက်ထပ်ရန် နဲ့ မိဘဖြစ်ရန်ကို 50 00:03:21,305 --> 00:03:23,535 မလောဘဲ အချိန်ဆွဲနေကြရပါတယ်။ 51 00:03:24,635 --> 00:03:27,154 ဒုတိယက ကျားမဆက်ဆံမှု တော်လှန်ရေးပါ။ 52 00:03:28,164 --> 00:03:31,277 ၁၉၆၄ ခုနှစ် ကလေးမရရေး ဆေးလုံးကို တီထွင်နိုင်ခဲ့ခြင်းနဲ့ 53 00:03:31,278 --> 00:03:34,317 သန္ဓေတားရေး ထိရောက်တဲ့ နည်းပညာတွေ ပေါ်လာခြင်းနဲ့အတူ၊ 54 00:03:34,318 --> 00:03:38,640 ကျားမဆက်ဆံမှု နဲ့ မျိုးပွားမှု အကြား ရှိခဲ့တဲ့ အသက်ဆိုင်ရာ ဆက်စပ်မှုကို ရိုက်ချိုးပစ်တယ်။ 55 00:03:39,660 --> 00:03:40,666 အဲဒီနောက်မှာ၊ 56 00:03:40,667 --> 00:03:45,826 ကျားမဆက်ဆံမှု နဲ့ လက်ထပ်မှု အကြား ဆက်စပ်မှု ဟာ ပထမဦးဆုံး အကြိမ် ရိုက်ချိုးခံခဲ့ရတယ်။ 57 00:03:45,827 --> 00:03:49,400 အဲဒါနဲ့ လက်ထပ်ကြတဲ့ အသက်ဟာ မှန်မှန်ဆိုသလို ကြီးမြင့်လာတော့တယ်၊ 58 00:03:49,401 --> 00:03:53,870 ပထမအကြိမ် ကျားမဆက်ဆံမှု အသက်ကျတော့ ကျဆင်းလာတာတောင်မှပါ။ 59 00:03:53,871 --> 00:03:59,728 ဒီနေ့ဆိုရင်၊ လူငယ်တွေ သူတို့ရဲ့ ဆယ်ကျော်သက် နောက်ပိုင်းနှစ်များမှာ ကျားမဆက်ဆံလာကြတယ်၊ 60 00:03:59,729 --> 00:04:03,950 သူတို့ဟာ လက်ထပ်လျက် မိဘဖြစ်လာတဲ့ နှစ်ထက် ဆယ်နှစ်၊ ဆယ်နှစ်မက စောနေပါတယ်။ 61 00:04:04,920 --> 00:04:08,178 အဲဒါကြောင့်မို့လို့ ဆယ်ကျော်သက် အရွယ်ဟာ ၂၀ ပြည့်သူနဲ့လည်း ဆိုင်လာပါတယ်။ 62 00:04:08,179 --> 00:04:11,488 လက်ထပ်လျက် မိဘဖြစ်ဖို့ကို ကတိတွေ ပေးမယ့်အစား၊ 63 00:04:11,489 --> 00:04:15,248 လူတွေဟာ အခုတော့ ဆယ်နှစ် ဒါမှမဟုတ် ပိုကြာတဲ့အထိကို 64 00:04:15,249 --> 00:04:18,208 မိသားစု ဘဝပုံစံမျိုးဖြင့် အခိုင်အမာနေကြမယ့် အစား 65 00:04:18,209 --> 00:04:21,380 သူတို့ အကြားက ဆက်ဆံမှုတွေကို ရပ်တန့်လျက် အချိန်ဆွဲလာကြပါတယ်။ 66 00:04:22,871 --> 00:04:25,357 နံပါတ် သုံးက အမျိူးသမီး လှုပ်ရှားမှုပါ။ 67 00:04:26,657 --> 00:04:29,636 ၁၉၆၀ ပြည့်နှစ်တုန်းက ကောလိပ်ကို တက်နိုင်ခဲ့တဲ့ လူတွေ မများပါဘူး၊ 68 00:04:29,637 --> 00:04:34,638 ဒါပေမဲ့၊ ကောလိပ်တွေထဲက အမျိုးသားတွေရဲ့ ဦးရေဟာ အမျိုးသမီးတွေထက် နှစ်ဆပိုခဲ့တယ်။ 69 00:04:34,639 --> 00:04:39,993 ဒီနေ့ဆိုရင်၊ ဘွဲ့ယူလိုကြသူ ၅၈% ဟာ အမျိုးသမီးတွေ၊ အမျိုးသား - ၄၂% မျှပါ။ 70 00:04:39,994 --> 00:04:42,946 ပြီးတော့ ဆေးတက္ကသိုလ်၊ ဥပဒေ တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်တွေမှာလည်း 71 00:04:42,947 --> 00:04:46,806 တဝက်က အမျိုးသမီးတွေ ဖြစ်နေကြပါတယ်။ 72 00:04:46,807 --> 00:04:49,526 အဲဒါကလည်း တကယ့်ကို တော်လှန်ရေးကြီးပါပဲ။ 73 00:04:49,527 --> 00:04:53,762 အဲဒီအချက်က လူငယ် အမျိုးသမီးတွေရဲ့ ဘဝ နဲ့ သူတို့ အသက်ဆိုင်ရာ အမြင်ကို ပြောင်းပစ်တယ်။ 74 00:04:53,763 --> 00:04:56,114 ၁၉၆၀ ပြည့်နှစ်များတုန်းက လူငယ်အမျိုးသမီး တယောက်အနေနဲ့ 75 00:04:56,115 --> 00:05:01,430 ယောက်ျား ရှာဖွေရေးဆိုတဲ့ ဒဏ်ရဲ့ ဖိစီးမှုကို ဒီနေ့ ခန်းမှန်းဖို့ မလွယ်ပါ။ 76 00:05:01,900 --> 00:05:03,309 ယောက်ျား မရလိုက်တဲ့ အမျိုးသမီးဟာ 77 00:05:03,310 --> 00:05:05,877 သူ့ဘဝထဲမှာ ဘယ်လိုလုပ် ရပ်တည်နိုင်ခဲ့မှာလဲ? 78 00:05:05,878 --> 00:05:09,273 အဲဒီတုန်းက သက်မွေး လုပ်ငန်းတွေဆိုလို့ အမျိုးသမီးများအတွက် မရှိခဲ့သလောက်ပါ။ 79 00:05:09,274 --> 00:05:12,886 ဒါကြောင့်မို့လို့ သူတို့ လုပ်နိုင်ခဲ့တာ မရှိသလောက် ဖြစ်နေခဲ့လို့ 80 00:05:12,887 --> 00:05:14,686 အဲဒီဆီကိုသာ အာရုံစိုက်နေခဲ့ကြရတာပါ။ 81 00:05:14,687 --> 00:05:16,089 သူတို့ဟာလည်း၊ လူငယ် အမျိုးသားတွေလိုပဲ၊ 82 00:05:16,090 --> 00:05:20,417 သူတို့ရဲ့ ၂၀ ဝန်းကျင် ဘဝကို ပညာရေးထဲမှာ သူတို့ရဲ့ လုပ်သက်အတွက်၊ 83 00:05:20,418 --> 00:05:23,417 တိုးတက်ရာတိုးတက်ကြောင်း သုံးလိုခဲ့ကြပါတယ်။ 84 00:05:23,418 --> 00:05:26,391 အဲဒါကြောင့်မို့လို့ ၂၀ ကျော် လူငယ်တို့ရဲ့ ဘဝဟာ 85 00:05:26,392 --> 00:05:29,251 လူငယ် အမျိုးသားများရော လူငယ် အမျိုးသမီးများ အတွက်ပါ သိသိသာသာ ပြောင်းလဲသွားတယ်။ 86 00:05:29,252 --> 00:05:32,072 နောက်ဆုံး ဖြစ်တဲ့ လူငယ် လှုပ်ရှားမှုကို ကြည့်မယ်။ 87 00:05:32,882 --> 00:05:37,330 သက်ကြီးဘဝဟာ ကောင်းမွန်တဲ့ အချက် အများအပြားတို့နဲ့ ဆက်စပ်နေခဲ့ပါတယ်၊ 88 00:05:37,331 --> 00:05:40,327 လူမှုရေး အခြေအနေ နဲ့ လုပ်ကိုင်နိုင်တဲ့ အာဏာတို့လို ဟာမျိုးပေါ့လေ။ 89 00:05:40,328 --> 00:05:43,861 အဲဒါတွေဟာ ဒီနေ့တွင်လည်း ရှိနေသေးပေမဲ့၊ အရင်နဲ့ မတူတော့ပါ။ 90 00:05:43,862 --> 00:05:48,179 ၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေထဲမှာ အဲဒါဟာ လူငယ် လှုပ်ရှားမှုနဲ့ အတူ ပြောင်းသွားတယ်။ 91 00:05:48,180 --> 00:05:50,940 "ကျွန်တော်ဟာ အိုမလာခင် သေမယ်လို့ မျှော်လင့်တယ်။" 92 00:05:50,941 --> 00:05:53,311 ခင်ဗျးတို့ထဲက အဲဒါကို မှတ်မိလောက်အောင် အသက်ကြီးတဲ့သူများ ရှိကြသေးလား? 93 00:05:53,312 --> 00:05:56,635 ဒါမှမဟုတ် "အသက် ၃၀ ကျော်သူကို ဘယ်တော့မှ မယုံနဲ့။" 94 00:05:56,636 --> 00:06:00,520 အဲဒီလို နောက်ပြောင်ရင်း ပြောဆိုခဲ့ကြတယ် လို့ ဆိုနိုင်ပါတယ်။ 95 00:06:00,521 --> 00:06:02,524 အဲဒါတွေကို အလေးပေး ထောက်ပြနေကြတဲ့ အမှန်တရားတွေပါ။ 96 00:06:02,525 --> 00:06:07,345 အခုကျတော့ သက်ကြီးအရွယ် နဲ့ အသက်ဆိုတာ ဆက်စပ်မှု လျော့ရဲလာပါတယ်၊ 97 00:06:07,346 --> 00:06:10,125 လူငယ်ဘဝကို ပိုပြီး ကိုင်းရှိုင်းလာကြပါတယ်။ 98 00:06:10,126 --> 00:06:14,816 အဲဒါကြောင့်မို့လို့ လူငယ်တို့ဟာ သက်ကြီးဘဝထဲ ခြေချရေးကို သိပ်မလောကြတော့ပါ။ 99 00:06:14,817 --> 00:06:17,977 သူတို့ဟာ သူတို့ရဲ့ လူငယ်ဘဝကို အတတ်နိုင်ဆုံး ကြာအောင် အချိန်ဆွဲလာကြကာ 100 00:06:17,978 --> 00:06:20,310 အဲဒီနှစ်တွေကို အရသာခံ နေထိုင်နေကြပါတယ်။ 101 00:06:21,420 --> 00:06:24,871 ဒီတော့၊ ခုနက ပြောခဲ့တဲ့ အပြောင်းအလဲ လေးခုတို့ရဲ့ စုပေါင်း ရလဒ်အဖြစ် 102 00:06:24,872 --> 00:06:27,871 ထွန်းသစ်စ အသက်ကြီးဘဝ ဆိုတဲ့ ဘဝအဆင့်သစ်ကို ဖန်တီးပေးလိုက်ပါတယ်။ 103 00:06:27,872 --> 00:06:32,797 ကျွန်တော်တို့ဟာ သက်ကြီးဘဝဆိုတဲ့ အခြေတကျ ဘဝဆိုတာ 104 00:06:32,798 --> 00:06:34,977 အသက် 20 ဝန်းကျင်မှာ ပေါ်လာတတ်လို့ ယူဆကြပေမဲ့၊ 105 00:06:34,978 --> 00:06:37,906 အခုတော့ ဒီခေတ်ထဲက အသက် ၃၀ ဟာ ၂၀ အသစ် ဖြစ်လာပါတယ်။ 106 00:06:37,907 --> 00:06:41,017 တကယ်တော့ အဲဒီလို သုံးနှုန်းပြောလာခြင်းဆီမှာ အကြောင်းရင်း ရှိပါတယ်။ 107 00:06:41,018 --> 00:06:44,648 အရင်တုန်းက အသက် ၂၀ ဝန်းကျင်မှာ ဖြစ်ပျက်တတ်ခဲ့တဲ့ အပြောင်းအလဲတွေဟာ 108 00:06:44,649 --> 00:06:47,742 လူအများစုအတွက် အသက် ၃၀ ဝန်းကျင်မှာ ဖြစ်ပျက်လာနေကြလို့ပါ။ 109 00:06:47,743 --> 00:06:51,438 ဆယ်ကျော်သက် ဘဝမှနေပြီး လူငယ်သက်ကြီး ဘဝထဲကို အသက် ၂၀ ဝန်းကျင်မှာ ဝင်မယ့်အစား၊ 110 00:06:51,459 --> 00:06:55,450 ဆယ်ကျော်သက် ဘဝရဲ့ နောက်မှာ စခါစ သက်ကြီးဘဝဟာ ၂၀ ပြည့်နှစ် အကုန်နီးပါး အထိပါ၊ 111 00:06:55,451 --> 00:06:59,995 အဲဒီနောက်ကျမှသာ တည်ငြိမ်တဲ့ လူငယ် သက်ကြီးပိုင်း စတင်ပါတယ်။ 112 00:07:02,215 --> 00:07:08,545 ဒီလို အစပိုင်း သက်ကြီးဘဝ ဆိုတဲ့ အဆင့်သစ်ကို လူတိုင်း သဘောကျကြတာ မဟုတ်ပါဘူး။ 113 00:07:08,546 --> 00:07:10,165 ပြီးတော့ လူကြီးဖြစ်လာဖို့ အရင်နဲ့စာရင် 114 00:07:10,166 --> 00:07:13,131 နှစ်တွေ ပိုကြာလာခြင်းကိုလည်း လူတိုင်း ဝမ်းသာကြတာ မဟုတ်ပါ။ 115 00:07:13,132 --> 00:07:16,599 ပြောင်းပြန်တောင် ဖြစ်လျက်၊ လူတော်တော် များများက အဲဒါကို စိတ်ပျက်မိကြပါတယ်။ 116 00:07:16,600 --> 00:07:20,780 လူတော်တော်များများက လူငယ်တွေ ပုံမှန်သက်ကြီးဘဝဆီ 117 00:07:20,781 --> 00:07:23,970 ကူးပြောင်းမှုက အတိတ်နှစ်များနဲ့စာရင် နောက်ကျနေခြင်းကို 118 00:07:23,971 --> 00:07:26,872 သူတို့ထဲမှာ တခုခု မှားယွင်းနေပြီလို့ ယူဆချင်ကြပါတယ်။ 119 00:07:27,452 --> 00:07:31,986 သူတို့မိဘတွေ နဲ့ ဘိုးဘွားတွေဟာ သူတို့ ကလေးတွေ နဲ့ မြေးတွေ 120 00:07:31,987 --> 00:07:35,206 အသက် ၂၀ ရှိနေပေမဲ့ သက်ကြီးဘဝဆီ တက်လှမ်းရေးကို မလိုလားကြတာကို 121 00:07:35,207 --> 00:07:40,636 ဒါမှမဟုတ် အချိန်ဆွဲချင်နေကြတာကို မြင်ကြတဲ့ အခါမှာ၊ 122 00:07:40,637 --> 00:07:42,314 "ငါ မင်းတို့ အရွယ်တုန်းကဆိုရင်..." ပြောဆိုချင်ကြမှာပါ။ 123 00:07:43,544 --> 00:07:49,644 တကယ်တော့ အချိန်ဇယားဟာ တကယ့်ကို ပြောင်းလဲသွားပြီ ဖြစ်တာမို့လို့ 124 00:07:49,645 --> 00:07:53,975 ခင်ဗျားတို့ကပါ ဒီနေ့ အဲဒီလို ထင်နေကြရင်၊ တမျိုး စဉ်းစားဖို့ တိုက်တွန်းချင်တယ်။ 125 00:07:56,375 --> 00:07:59,554 အဲဒီလူငယ်တွေထဲမှာ မှားယွင်းနေတာ ဘာမှ မရှိပါဘူး။ 126 00:07:59,994 --> 00:08:03,923 အသိပညာ စီးပွားရေးထဲမှာ ကိုယ့်ကိုကိုယ် ပြင်ဆင်ရတာ ပိုအချိန်ကြာတယ်၊ 127 00:08:03,924 --> 00:08:08,264 ပထမ အချက်အနေနဲ့ ထုတ်လုပ်ရေး စီးပွားရေးနဲ့ နှိုင်းယှဉ်ကြည့်ရင်ပါ။ 128 00:08:08,265 --> 00:08:10,743 ဒီတော့ အဲဒါဟာ သူတို့ အပြစ် မဟုတ်ပါ။ 129 00:08:10,744 --> 00:08:15,003 သူတို့ဟာ သူတို့ရဲ့ ကမ္ဘာကြီးအတွက် အပတ်တကုပ် အားထုတ်နေကြကာ 130 00:08:15,004 --> 00:08:18,477 သိပ်ကို ရှုပ်ထွေးလှတဲ့ စီးပွားရေးထဲတွင် သူတို့ရဲ့ နေရာကို ရှာရန် ကြိုးစာနေကြပါတယ်။ 131 00:08:20,127 --> 00:08:24,013 ဒုတိယ အချက်အနေနဲ့၊ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုဟာ လူငယ် အမျိုးသမီးများအတွက် 132 00:08:24,014 --> 00:08:27,163 ဧရာမ အခွင့်အလမ်းတွေ တသီကြီးကို ဖွင့်ပေးလိုက်ပါတယ်။ 133 00:08:27,164 --> 00:08:28,754 အဲဒါဟာ မဆိုးပါဘူး။ 134 00:08:28,755 --> 00:08:32,625 ကျွန်တော်တို့ထဲက တချို့တို့ကသာ အဲဒါကို အနှတ်လက္ခဏာလို မြင်ကြမယ် ထင်တယ်။ 135 00:08:32,626 --> 00:08:35,331 အဲဒါဟာ ကောင်းပါတယ်။ တကယ့်ကို ကောင်းပါတယ်။ 136 00:08:35,332 --> 00:08:38,820 ဒီတော့ ထွန်းသစ်စ သက်ကြီးဘဝ ဆိုတဲ့ ဘဝအဆင့် ပေါ်လာတဲ့အခါမှာ 137 00:08:38,821 --> 00:08:44,104 လူငယ် အမျိုးသားတွေရော အမျိုးသမီးတွေပါ အလုပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို ရယူနိုင်တယ်။ 138 00:08:46,954 --> 00:08:51,523 အဲဒါ့အပြင် အိမ်ထောင်ပြုမယ့်သူကို 139 00:08:52,373 --> 00:08:55,122 အသက် ၁၉၊ သို့မဟုတ် ၂၀ သို့မဟုတ် ၂၁ နှစ်မှာ ရွေးမယ့်အစား 140 00:08:55,123 --> 00:09:00,624 အသက် ၂၈၊ ၂၉ ဒါမှမဟုတ် ၃၀ မှာ ရွေးရင် ပိုမကောင်းပေဘူးလား? 141 00:09:01,964 --> 00:09:04,909 ကျွန်တော်တို့ဟာ အသက် ၂၀ ဒါမှမဟုတ် ၂၁ နှစ်မှာ မိဘ ဖြစ်လာမှာနဲ့စာရင် 142 00:09:04,910 --> 00:09:10,249 အသက် ၃၀ ဒါမှမဟုတ် ၃၁ နှစ်မှ စတင်ရင် ပိုကောင်းမယ် မဟုတ်ပါလား? 143 00:09:10,250 --> 00:09:12,883 အဲဒါနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ မရှိနိုင်ဘူး ထင်ပါတယ်။ 144 00:09:12,884 --> 00:09:14,772 ထည့်စဉ်းစားစရာ ရှိပါသေးတယ်။ 145 00:09:16,262 --> 00:09:19,314 သက်ကြီးဘဝထဲ ခြေချဝင်ဖို့ ဒီလို အချိန်ကာလ ရှိနေခြင်းဟာ 146 00:09:19,315 --> 00:09:24,321 လူငယ်တွေအတွက် နှိုင်းမရနိုင်တဲ့ မကြုံစဖူး လွတ်လပ်တဲ့ အချိန်ကို ပေးပါတယ်။ 147 00:09:25,061 --> 00:09:27,324 အဲဒါဟာ ကလေးအဖြစ် လုပ်နိုင်တဲ့ အရာတွေကို လုပ်နိုင်တဲ့ အချိန်၊ 148 00:09:27,325 --> 00:09:30,324 နောက်ပိုင်းမှာ ဘယ်လိုမှာမှ လုပ်လို့ ရနိုင်မှာ မဟုတ်တဲ့ 149 00:09:30,325 --> 00:09:33,372 အချိန်ကာလမျိုး ဖြစ်ပါတယ်။ 150 00:09:34,122 --> 00:09:37,665 ဒီတော့ တယောက်ယောက်ဟာ စွန့်စားချင်သူ ဖြစ်တယ်ဆိုရင်၊ 151 00:09:37,666 --> 00:09:40,767 နိုင်ငံ့ထဲက အခြား တနေရာမှာ ဒါမှမဟုတ် ကမ္ဘာ့ တနေရာမှာ 152 00:09:40,768 --> 00:09:43,751 စမ်းပြီး နေထိုင်ချင်တဲ့ စိတ်ရှိတဲ့ သူများအတွက်၊ 153 00:09:43,752 --> 00:09:46,109 ပြီးတော့ ဝန်ဆောင်ပေးရေး ပရိုဂျက် တခုခု ရှိနေရင်၊ 154 00:09:46,110 --> 00:09:48,069 ဒါဟာ လုပ်ကိုင်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ 155 00:09:48,070 --> 00:09:51,752 ဒါမှမဟုတ် တဦးဦးဟာ ရေရှည် အသက်မွေး လုပ်ငန်းကို စမ်းကြည့်ချင်တယ်၊ 156 00:09:51,753 --> 00:09:56,042 အနုပညာရှင်၊ ဂီတပညာရှင်၊ ဒါမှမဟုတ် အလားတူ အနုပညာဆိုင်ရာ စမ်းကြည့်ချင်တယ်၊ 157 00:09:56,043 --> 00:09:58,469 ဆိုရင်လည်း အဲဒါ အကောင်းဆုံး လုပ်ဖို့ အချိန်ပါ။ 158 00:09:58,470 --> 00:10:00,668 နောက်ပိုင်းမှာ အဲဒါဟာ များစွာမှကို ပိုပြီး ခက်ခဲလာမှာမို့လို့ပါ၊ 159 00:10:00,669 --> 00:10:02,739 ကိုယ့်ရှေ့မှာ ထမ်းဆောင်ရမယ့် ကတိကဝတ်တွေ ရှိလာမှာမို့လို့ပါ။ 160 00:10:02,740 --> 00:10:07,798 သက်ကြီးဘဝထဲ စပြီးခြေချဝင်စဉ် ဘာတခုကမှ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါ။ 161 00:10:07,799 --> 00:10:10,790 အဲဒါဟာ အဲဒီကာလရဲ့ လုံးဝမတူတဲ့ ထူးခြားချက်ပါပဲ။ 162 00:10:10,791 --> 00:10:13,274 တနေ့နေ့မှာ လူတွေဟာ ခင်ဗျားကို မှီခိုလာကြရမှာပါ။ 163 00:10:13,275 --> 00:10:15,673 အဲဒီလိုဆိုရင် ကျွန်တော်တို့ရဲ့ ရွေးချယ်စရာ ဘောင်စာ ကြုံ့လာမှာပါ။ 164 00:10:15,674 --> 00:10:17,516 သက်ကြီးဘဝကို ခြေချဝင်ရေး ကာလအတွင်းမှာ၊ 165 00:10:18,186 --> 00:10:22,361 ကျွန်တော်တို့ဆီမှာ ရှားရှားပါးပါး လွတ်လပ်မှု နဲ့ သိပ်မကြာတဲ့ လွတ်လပ်မှုကို ရနိုင်တယ်၊ 166 00:10:22,362 --> 00:10:24,232 ကျွန်တော်တို့ဟာ အဲဒါကို အကောင်းဆုံး အသုံးချနိုင်ရန် လိုပါတယ်။ 167 00:10:27,052 --> 00:10:30,202 နိဂုံးချုပ်ရင်းနဲ့ ကျွန်တော်ဟာ သက်ကြီးဘဝထဲကို ခြေချဝင်ကြတော့မယ့် 168 00:10:30,203 --> 00:10:35,372 ဒါမှမဟုတ် သက်ကြီးဖြစ်ကြတော့မယ့် လူငယ်များကို ပြောချင်တာက: 169 00:10:35,373 --> 00:10:40,493 ခင်ဗျားတို့ကိုယ်တိုင် အသင့် မဖြစ်မီမှာ သူများတွေ ပြောလို့ သက်ကြီးဘဝထဲ မဝင်မိပါနဲ့။ 170 00:10:40,494 --> 00:10:44,186 သက်ကြီးဘဝဟာ ခင်ဗျား အသင့်ဖြစ်လာမှာကို စောင့်လျက် ရှိနေမှာပါ။ 171 00:10:44,187 --> 00:10:49,168 စေတနာကောင်း လူအများတို့က ခင်ဗျားတို့ကို အဲဒီကို အမြန်ဆုံး ရောက်စေလိုချင်ကြမှာပါ။ 172 00:10:49,169 --> 00:10:51,397 ဒါမေပမဲ့ အဲဒါဟာ သတို့ရဲ့ ဘဝ မဟုတ်ပါ။ 173 00:10:51,398 --> 00:10:53,286 အဲဒါက ခင်ဗျားတို့ရဲ့ ဘဝပါ။ 174 00:10:53,287 --> 00:10:56,747 လိုအပ်ရင် အဲဒါကို ခင်ဗျား ကိုယ်တိုင်က သူတို့ကို သတိပေးသင့်ပါတယ်။ 175 00:10:56,748 --> 00:11:01,669 သက်ကြီးဘဝထဲကို လူတိုင်းလိုလို မရှေးမနှောင်း ခြေချဝင်လာကြရမှာပါ။ 176 00:11:01,670 --> 00:11:06,133 ပြီးတော့ အဲဒီ နယ်မြေထဲကို တကြိမ် ခြေချဝင်သွားရင် ပြန်လမ်း မရှိပါ။ 177 00:11:06,883 --> 00:11:10,721 ဒီတော့ သက်ကြီးဘဝထဲ ခြေချဝင်ရေး ကာလရဲ့ လွတ်လပ်မှုကို အတတ်နိုင်ဆုံး 178 00:11:10,722 --> 00:11:12,371 အဲဒီကာလ မကုန်မီ အသုံးချသွားကြပါ။ 179 00:11:12,372 --> 00:11:13,695 ကျေးဇူးတင်ပါတယ်။ 180 00:11:13,696 --> 00:11:15,046 (လက်ခုပ်သံများ)