< Return to Video

ဘဝမှာ ပျော်ရွှင်ခြင်းထက် ပိုတာရှိပါတယ်။

  • 0:01 - 0:02
    ဘဝ ရည်ရွယ်ချက် တစ်ခုလုံးက
  • 0:02 - 0:06
    ပျော်ရွှင်မှု နောက်လိုက်ခြင်းလို့
    ကျွန်မ တွေးခဲ့ဖူးတယ်။
  • 0:07 - 0:10
    လူတိုင်းပြောတာက ပျော်ရွှင်မှုဆီ
    လမ်းကြောင်းက အောင်မြင်မှုဆိုတော့
  • 0:10 - 0:13
    ကျွန်မ အကြိုက်ဆုံး အလုပ်၊
  • 0:13 - 0:16
    အဆင်ပြေဆုံး ရည်းစား
    လှပတဲ့ တိုက်ခန်းကို ရှာခဲ့တယ်။
  • 0:17 - 0:20
    ဒါပေမဲ့ ခံစားမှုကို ဖြည့်ဆည်းပေးတာထက်
  • 0:20 - 0:23
    ကျွန်မ ပူပန်မိ၊ ရေစုန်မျောမိတာပါ။
  • 0:23 - 0:27
    ကျွန်မ တဦးတည်းမဟုတ်ဘူး၊ မိတ်ဆွေတွေလည်း
    ဒါနဲ့ ရုန်းကန်ခဲ့ရတယ်။
  • 0:29 - 0:33
    နောက်ဆုံးမှာ ဘာကလူတေွကို အစစ်အမှန်
    ပျော်ရွှင်အောင် လုပ်ပေးတာ သင်ယူဖို့
  • 0:33 - 0:36
    အပြုသဘော စိတ်ပညာအတွက်
    ဘွဲ့လွန်သင်တန်းတက်ဖို့ ဆုံးဖြတ်ခဲ့တယ်။
  • 0:37 - 0:40
    ဒါပေမဲ့ အဲဒီမှာ တွေ့ရှိရတာက
    ကျွန်မ ဘဝကို ပြောင်းလိုက်တယ်
  • 0:40 - 0:45
    ပျော်ရွှင်မှုနောက် လိုက်ခြင်းဟာ လူတွေကို
    မပျော်ရွှင်စေဘူးလို့ ဒေတာက ပြတယ်။
  • 0:46 - 0:48
    ကျွန်မကို တကယ် အံ့ဩစေတာက
  • 0:49 - 0:52
    ကမ္ဘာတစ်လွှားမှာ သတ်သေမှုနှုန်းဟာ
    မြင့်တက်လာနေပြီး
  • 0:52 - 0:55
    မကြာခင်က အမေရိကမှာ
    နှစ် ၃၀ တွင်း အမြင့်ဆုံး ဖြစ်ခဲ့တာပါ။
  • 0:56 - 0:59
    စိတ်ကူးလို့ရသမျှတိုင်းနီးပါး အ
    ဆင့်အတန်းနဲ့ ဘဝဟာ
  • 0:59 - 1:01
    အရှိကိုအရှိအတိုင်း
    ပိုကောင်းမွန်လာတာတောင်
  • 1:01 - 1:03
    ပိုများတဲ့ လူတွေဟာ မျှော်လင့်ချက်မဲ့တာ၊
  • 1:03 - 1:06
    စိတ်ဓာတ်ကျတာနဲ့ အထီကျန်တာ ခံစားနေရတယ်။
  • 1:06 - 1:09
    လူတွေမှာ တစိမ့်စိမ့် ကိုက်ဝါးနေတဲ့
    လစ်ဟမှု တစ်ခုရှိပြီး
  • 1:09 - 1:12
    ဒါကို သတိပြုမိဖို့ ခံစားချက်ကင်းကင်းနဲ့
    စိတ်ဓာတ်ကျစရာမလိုဘူး။
  • 1:12 - 1:15
    အနှေးနဲ့ အမြန်ပဲ ကျွန်မတို့အားလုံး
    ဝေခွဲမရဘူးလို့ ထင်တာက
  • 1:16 - 1:18
    ရှိတာ ဒါ အကုန်လုံးပဲလား။
  • 1:19 - 1:22
    သုတေသနအရ
    ဒီစိတ်ပျက်မှုကို တွက်ဆတာက
  • 1:22 - 1:24
    ပျော်ရွှင်မှု ကင်းမဲ့လို့ မဟုတ်ပဲ
  • 1:24 - 1:26
    အြခားအရာ တစ်ခုခု ကင်းမဲ့တာ၊
  • 1:27 - 1:30
    ဘဝမှာ အဓိပ္ပါယ် ကင်းမဲ့နေတာပါ။
  • 1:31 - 1:33
    ဒါပေမဲ့ ဒါက ကျွန်မကို မေးခွန်းတွေ
    ဖြစ်စေတယ်။
  • 1:34 - 1:36
    ပျော်ရွှင်မှုထက် ပိုတာ ဘဝမှာရှိလား။
  • 1:37 - 1:40
    ပျော်ရွှင်မှုနဲ့
    ဘဝမှာ အဓိပ္ပါယ်ရှိခြင်းကြားက
  • 1:40 - 1:42
    ကွာခြားမှုက ဘာလဲ။
  • 1:42 - 1:47
    စိတ်ပညာရှင်အများက ပျော်ရွှင်မှုကို
    နှစ်သိမ့်မှုနဲ့ သက်သာမှုရဲ့ အခြေအနေတစ်ခု၊
  • 1:47 - 1:49
    တဒဂင်္မှာ နေလို့ကောင်းတာလို့
    အနက်ဖွင့်တယ်
  • 1:50 - 1:52
    ဒါပေမဲ့ အဓိပ္ပါယ်က ပိုနက်နဲပါတယ်။
  • 1:52 - 1:55
    ကျော်ကြားတဲ့ စိတ်ပညာရှင်
    Martin Seligman ပြောတာက
  • 1:55 - 2:00
    အနက်က ပတ်သက်မှုနဲ့ မိမိကိုယ်ကို လွန်တဲ့
    တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်းနဲ့
  • 2:00 - 2:02
    ကိုယ်တွင်းကို အကောင်းဆုံး
    ဖွံ့ဖြိုးစေခြင်းကနေ လာတာတဲ့။
  • 2:04 - 2:06
    ကျွန်မတို့ယဉ်ကျေးမှုက ပျော်ရွှင်မှုကို
    ဥပါဒါန်ဖြစ်နေတယ်
  • 2:06 - 2:10
    ဒါပေမဲ့ အဓိပ္ပါယ်ရှာခြင်းက ပိုဖြည့်ဆည်း
    ပေးတဲ့ လမ်းကြောင်းလို့ နားလည်ခဲ့တယ်။
  • 2:10 - 2:13
    လေ့လာမှုတွေကပြဆိုတာက ဘဝမှာ
    အဓိပ္ပါယ်ရှိသူတွေဟာ
  • 2:13 - 2:15
    ပိုပြီး ဒဏ်ခံနိုင်ကြတယ်၊
  • 2:15 - 2:17
    ကျောင်းမှာ၊ အလုပ်မှာ ပိုတော်ကြပြီး
  • 2:17 - 2:19
    အသက်တောင် ပိုရှည်ကြပါတယ်တဲ့။
  • 2:20 - 2:22
    ဒီတော့ ဒါအားလုံးက ကျွန်မကို
    အံ့ဩမိစေတယ်။
  • 2:22 - 2:25
    တစ်ဦးစီဟာ ဘယ်လို
    အဓိပ္ပါယ်ရှိရှိ ရှင်သန်နိုင်လဲ။
  • 2:26 - 2:30
    တွေ့ရှိဖို့ ငါးနှစ်တာ ရာနဲ့ချီတဲ့
    လူတွေကို တွေ့ဆုံမေးမြန်းပြီး
  • 2:30 - 2:33
    စိတ်ပညာ၊ အာရုံကြောသိပ္ပံ၊
    ဒဿနိကဗေဒအကြောင်း
  • 2:33 - 2:35
    ထောင်နဲ့ချီတဲ့ စာမျက်နှာတွေကို ဖတ်ခဲ့တယ်။
  • 2:35 - 2:37
    ဒါအားလုံးကို စုစည်းလိုက်တော့
  • 2:37 - 2:43
    တွေ့ရှိရတာက ကျွန်မခေါ်တဲ့ အဓိပ္ပါယ်ရှိတဲ့
    ဘဝရဲ့ မဏ္ဍိုင်ကြီး လေးတိုင်ရှိတာပါ။
  • 2:43 - 2:45
    ကျွန်တို့ဘဝမှာ ဒီ မဏ္ဍိုင်ကြီးတွေထဲက
    တစ်ချို့
  • 2:45 - 2:48
    (သို့) အားလုံးကို တည်ဆောက်ရင်း
    အဓိပ္ပါယ်ရှိတဲ့ ဘဝတွေ ဖန်တီးနိုင်တာပါ။
  • 2:49 - 2:52
    ပထမ မဏ္ဍိုင်က သက်ဆိုင်ခြင်းပါ၊
  • 2:52 - 2:55
    ပတ်သက်မှုက သံယောဇဉ်တွေက လာပါတယ်၊
  • 2:55 - 2:57
    သင့်ကို ပင်ကိုယ်အတိုင်း တန်ဖိုးထားခံရတဲ့
  • 2:57 - 3:00
    သင်ကလည်း သူတစ်ပါးကို တန်ဖိုးထားတဲ့ နေရာပါ။
  • 3:00 - 3:05
    ဒါပေမဲ့ တစ်ချို့ အစုတွေ သံယောဇဉ်တွေက
    ပတ်သက်မှုရဲ့ စျေးပေါတဲ့ ပုံစံ ပို့ပေးတယ်။
  • 3:05 - 3:07
    သင်ယုံတာအတွက်၊ သင်မုန်းတာအတွက်
  • 3:07 - 3:08
    တန်ဖိုထားခံရတယ်၊
  • 3:08 - 3:10
    သင်ဘယ်သူဆိုတာအတွက် မဟုတ်ဘူး။
  • 3:10 - 3:13
    တကယ် ပတ်သက်မှုတွေက
    မေတ္တာကနေ ပေါက်ဖွားတယ်။
  • 3:13 - 3:16
    တစ်ဦးချင်းအကြားက တဒင်္ဂတွေမှာ
    တည်ရှိကာ
  • 3:16 - 3:20
    ဒါက ရွေးချယ်မှုပါ၊ အခြားသူတွေနဲ့
    ပတ်သက်မှု ပျိုးထောင်ဖို့ သင်ရွေးနိုင်တယ်။
  • 3:21 - 3:22
    ဒီမှာ နမူနာတစ်ခုပါ။
  • 3:22 - 3:26
    မနက်တိုင်း ကျွန်မမိတ်ဆွေ Jonathan ဟာ
    New York က လက်ပွေ့စျေးသည်
  • 3:26 - 3:28
    တစ်ဦးတည်းဆီကပဲ သတင်းစာတစ်စောင်ဝယ်တယ်။
  • 3:29 - 3:31
    ဒါပေမဲ့ သူတို့ဟာ အရောင်းအဝယ်
    သက်သက်မဟုတ်ပါဘူး။
  • 3:31 - 3:33
    အရှိန်လျှောချဖို့ စကားပြောဖို့
    အချိန်ခဏ ယူကာ
  • 3:34 - 3:35
    အချင်းချင်း လူသားတွေလို
    ဆက်ဆံကြတာပါ။
  • 3:36 - 3:39
    ဒါပေမဲ့ တစ်ကြိမ်မှာ Jonathan မှာ
    အကြွေမရှိတော့
  • 3:39 - 3:41
    စျေးသည်က ပြောတာက
  • 3:41 - 3:42
    "ကိစ္စမရှိပါဘူးဗျာ"တဲ့။
  • 3:42 - 3:45
    ဒါပေမဲ့ Jonathan ကတော့
    အတင်းပေးနေတယ်၊
  • 3:45 - 3:48
    ဒီတော့ အကြွေရဖို့ စတိုးဆိုင်ကိုသွားပြီး
    မလိုတာ တစ်ခုခု
  • 3:48 - 3:49
    ဝယ်လိုက်တယ်၊
  • 3:50 - 3:53
    ဒါပေမဲ့ သူက စျေးသည်ကို
    ပိုက်ဆံပြန်ပေးတော့
  • 3:53 - 3:54
    စျေးသည်က နောက်ဆုတ်လိုက်တယ်၊
  • 3:55 - 3:56
    သူ နာကျင်သွားတာပေါ့။
  • 3:57 - 3:59
    ကြင်နာစိတ်ရှိတာ
    လုပ်ဖို့ကြိုးစားပေမဲ့
  • 3:59 - 4:01
    Jonathan က သူကို့ ငြင်းလိုက်တာလေ။
  • 4:02 - 4:06
    ကျွန်မတို့အားလုံး ဒါကိုမသိပဲနဲ့ နည်းလမ်း
    လေးတွေနဲ့ လူတွေကို ငြင်းပယ်ကြတယ်ထင်တယ်။
  • 4:06 - 4:07
    ကျွန်မတော့ လုပ်တယ်။
  • 4:08 - 4:11
    ကိုယ်သိတဲ့ တစ်ယောက်ကို
    ဖြတ်လျှောက်ပြီး အသိအမှတ်ပြုရုံ ပြုတယ်။
  • 4:11 - 4:13
    တစ်ယောက်က ကိုယ်ကို စကားပြောနေရင်
    ကိုယ်ဖုန်းကို ကြည့်တယ်။
  • 4:14 - 4:16
    ဒီလုပ်ဆောင်မှုတွေက အခြာသူတွေကို
    နှိမ်တာပါ
  • 4:16 - 4:18
    သူတို့ကို ဖျောက်ပစ်ကာ တန်ဖိုးမရှိဘူးလို့
    ခံစားမိစေတယ်။
  • 4:19 - 4:22
    ဒါပေမဲ့ မေတ္တာနဲ့ ဦးဆောင်တော့
    အချင်းချင်းကို မြှင့်တင်တဲ့
  • 4:22 - 4:24
    သံယောဇဉ်ကို သင်ဖန်တီးတာပါ။
  • 4:25 - 4:29
    လူများစွာအတွက် ပတ်သက်မှုဟာ အဓိပ္ပါယ်
    ရှိခြင်းရဲ့ အလိုအပ်ဆုံး အရင်းအမြစ်ပါ၊
  • 4:29 - 4:31
    မိသားစုနဲ့ မိတ်ဆွေတွေအတွက် သံယောဇဉ်တွေပါ။
  • 4:31 - 4:35
    အခြားသူတွေအတွက်တော့ အဓိပ္ပါယ်ရှိခြင်းရဲ့
    သော့ချက်က ဒုတိယ မဏ္ဍိုင်က ရည်ရွယ်ချက်ပါ။
  • 4:36 - 4:39
    သင့်ရည်ရွယ်ချက်ကို ရှာဖွေခြင်းနဲ့
    သင့်ကို ပျော်စေတဲ့ အလုပ်ကို
  • 4:39 - 4:41
    ရှာဖွေခြင်းက တူတဲ့အရာ မဟုတ်ပါဘူး။
  • 4:42 - 4:45
    ရည်ရွယ်ချက်ဆိုတာက သင်ပေးတယ်ဆိုတာထက်
    လိုချင်တာ ပိုနည်းပါတယ်။
  • 4:45 - 4:49
    ဆေးရုံ စောင့်ရှောက်သူက ပြောတာက သူမ
    ရည်ရွယ်ချက်က နေမကောင်းသူတွေကို ကုသခြင်းတဲ့
  • 4:50 - 4:51
    မိဘအတော်များများ ပြောကြတာက
  • 4:51 - 4:53
    "ရည်ရွယ်ချက်က ကလေးတွေကို ပျိုးထောင်တာပါ"
  • 4:54 - 4:58
    ရည်ရွယ်ချက်ရဲ့ သော့ချက်က အခြားသူတွေကို
    ဖြည့်ဆည်းဖို့ မိမိခွန်အားကို သုံးခြင်းပါ။
  • 4:58 - 5:02
    တကယ်က ကျွန်မတို့အတော်များများအတွက်
    ဒါက အလုပ်ကနေ ဖြစ်လာတယ်။
  • 5:02 - 5:05
    ဒါကို ကျွန်မတို့ ပံ့ပိုးပေးပုံ၊
    လိုအပ်တယ်လို့ ခံစားရပုံပါ
  • 5:05 - 5:09
    ဒါပေမဲ့ အလုပ်မှာ လွတ်ကင်းအောင်နေတာလို
    အကြောင်းရပ်လို့လည်း ဆိုလိုပါတယ်၊
  • 5:09 - 5:10
    အလုပ်အကိုင်မဲ့မှု၊
  • 5:10 - 5:12
    လုပ်အားပါဝင်မှု နိမ့်ကျမှုတွေပါ၊
  • 5:12 - 5:16
    ဒါတွေက စီးပွားရေး ပြဿနာတွေသာမဟုတ်ပဲ
    လူ့ဘဝနဲ့လည်းဆိုင်တာတွေပါ။
  • 5:17 - 5:19
    လုပ်သင့်လုပ်ထိုက်တာ တစ်ခုခုမရှိရင်
  • 5:19 - 5:20
    လူတွေဟာ စမ်းတဝါးဝါးဖြစ်တယ်။
  • 5:21 - 5:24
    တကယ်တော့ ရည်ရွယ်ချက်ကို အလုပ်မှာ
    ရှာဖို့မလိုပဲ
  • 5:24 - 5:27
    ရည်ရွယ်ချက်က သင့်ကို
    ရှင်သန်ဖို့အတွက် တစ်ခုခုပေးတာပါ၊
  • 5:27 - 5:29
    "ဘာလို့" ဆိုတာက သင့်ကို
    ရှေ့ဆက် မောင်းတာပါ။
  • 5:31 - 5:34
    အဓိပ္ပါယ်ရှိခြင်းရဲ့ တတိယ မဏ္ဍိုင်ကလည်း
    သင်ကိုယ်တိုင်ရဲ့ အလွန်ကို
  • 5:34 - 5:36
    လှမ်းတာဆိုပေမဲ့ လုံးဝ မတူတဲ့ နည်းနဲ့ပါ
  • 5:36 - 5:38
    သမထသဘောပါ၊
  • 5:38 - 5:40
    သမထ အခြေအနေတွေဟာ
    ပျားပန်းခပ်နေတဲ့ နေ့စဉ်ဘဝအထက်ကို
  • 5:40 - 5:44
    သင်မြင့်တက်တဲ့သွားတဲ့အခါ
    ရှားပါးတဲ့ တဒဂလေးတွေပါ။
  • 5:44 - 5:45
    သင့်အတ္တ သဘောဟာ မှေးမှိန်ကာ
  • 5:46 - 5:48
    ပိုမြင့်မားတဲ့ ဒိဌဖြစ်ရပ်တစ်ခုဆီ
    ဆက်သွယ်မိတာ ခံစားရတယ်။
  • 5:49 - 5:53
    ကျွန်မ စကားပြောခဲ့တဲ့ ပုဂ္ဂိုလ်ကတော့
    အနုပညာကို ကြည့်ရင်းက သမထရတာပါ
  • 5:53 - 5:55
    နောက် ပုဂ္ဂိုလ်ကတော့ ဘုရားကျောင်းမှာပါ။
  • 5:55 - 5:59
    ကျွန်မအအတွက် စာရေးဆရာမဖြစ်ပြီး
    စာရေးခြင်းကနေ ရတာပါ။
  • 5:59 - 6:04
    အချိန်နဲ့ နေရာသဘောအားလုံး ပျောက်ဆုံးတဲ့
    နယ်ထဲ တစ်ခါတစ်လေ ရောက်တယ်။
  • 6:05 - 6:08
    ဒီသမထ အတွေ့အကြုံတွေဟာ
    သင့်ကို ပြောင်းလဲနိုင်တယ်။
  • 6:08 - 6:12
    လေ့လာမှုတစ်ခုမှာ ကျောင်းသားတွေဟာ
    ပေ ၂၀၀ ရှိတဲ့ ယူကလစ်ပင်ကို
  • 6:12 - 6:14
    ငါးမိနစ်ကြာ မော့ကြည့်တယ်၊
  • 6:14 - 6:16
    ဒါပေမဲ့ နောက်တော့
    အတ္တ ဗဟိုပြုတာ ပိုနည်းလာပြီး
  • 6:16 - 6:18
    တစ်ဦးဦးကို ကူညီဖို့
    အခွင့်ပေါ်တဲ့အခါ
  • 6:18 - 6:20
    ပိုပြီး ရက်ရက်ရောရောတောင် ပြုမူခဲ့ကြတယ်။
  • 6:22 - 6:25
    ပတ်သက်မှု၊ ရည်ရွယ်ချက်၊ သမထသဘောပါ။
  • 6:26 - 6:29
    ကဲ အဓိပ္ပါယ်ရှိခြင်းရဲ့
    စတုတ္ထ မဏ္ဍိုင်ကတော့
  • 6:29 - 6:31
    တွေ့ရှိတာက
    လူတွေကို အံ့ဩစေတတ်တာပါ။
  • 6:31 - 6:34
    စတုတ္ထ မဏ္ဍိုင်က ပုံပြောခြင်းပါ၊
  • 6:34 - 6:37
    သင့်အကြောင်း သင်ကိုယ်တိုင်ပြောတဲ့
    ဇာတ်လမ်းပါ။
  • 6:38 - 6:42
    သင့်ဘဝ ဖြစ်ရပ်တွေကနေ ဇာတ်လမ်းတစ်ပုဒ်
    ဖန်းတီးခြင်းက ကြည်လင်မှုကို ယူလာပေးတယ်။
  • 6:42 - 6:45
    သင်ဖြစ်လာပုံကို နားလည်ဖို့
    သင့်ကို ကူညီပေးတယ်။
  • 6:46 - 6:49
    ဒါပေမဲ့ ကျွန်မတို့ဟာ ကိုယ်ဟာ
    ကိုယ့်ဇာတ်လမ်းရဲ့ စာရေးဆရာတွေဆိုတာ၊
  • 6:49 - 6:51
    ဒါတွေ ပြောပုံ ပြောင်းလဲနိုင်တာ
    အမြဲ နားမလည်ဘူး
  • 6:51 - 6:53
    သင့်ဘဝဟာ အဖြစ်အပျက်တွေရဲ့
    စာရင်းတစ်ခုပဲမဟုတ်ဘူး။
  • 6:53 - 6:57
    သင့်ဇာတ်လမ်းကို တည်းဖြတ်၊
    အဓိပ္ပာယ်ကောက် သင်ပြန်ပြောနိုင်တယ်၊
  • 6:57 - 6:59
    အချက်အလက်တွေနဲ့
    ကန့်သတ်ခံရတာတောင်ပါ။
  • 7:00 - 7:04
    Emeka လို့ခေါ်တဲ့ လူငယ်တစ်ဦးနဲ့ ဆုံခဲ့တယ်။
    ဘောလုံးကစားရင်း အကြောသေသွားသူပါ
  • 7:05 - 7:07
    ဒဏ်ရာပျောက်တော့ Emeka သူ့ကိုယ်သူ ပြောတာက
  • 7:07 - 7:10
    "ကျွန်တော့ ဘဝက တကယ့်ကို
    ဘောလုံးကစားခြင်းပါ။
  • 7:10 - 7:12
    အခု ကျွန်တော့ကို ကြည့်ပါဦး။"
  • 7:14 - 7:16
    ကျွန်မကို ဒီလို ဇာတ်လမ်းတွေ ပြောသူတွေ
  • 7:16 - 7:19
    " ဘဝက ကောင်းခဲ့တယ်၊
    အခုတော့ ဆိုးတယ်"ဆိုသူတွေဟာ
  • 7:19 - 7:22
    ပိုပြီး စိတ်ပူ၊ ပိုစိတ်ဓာတ်ကျတတ်ပါတယ်။
  • 7:22 - 7:24
    ဒါက Emeka အတွက် ခဏတာပါ။
  • 7:25 - 7:28
    ဒါပေမဲ့ အချိန်နဲ့အတူ မတူညီတဲ့
    ဇာတ်လမ်းတစ်ပုဒ် စတင်ဖွဲ့ခဲ့တယ်။
  • 7:28 - 7:30
    သူ့ဇာတ်လမ်းအသစ်က
  • 7:30 - 7:33
    "ဒဏ်ရာမရခင်က
    ကျွန်တော့ဘဝက ရည်ရွယ်ချက်မဲ့ခဲ့တယ်။
  • 7:33 - 7:37
    ပါတီတွေအများကြီး တက်ခဲ့ပြီး
    တော်တော် တစ်ကိုယ်ကောင်းဆန်တဲ့ကောင်ပါ။
  • 7:37 - 7:40
    ဒါပေမဲ့ ကျွန်တော့ဒဏ်ရာက ပိုကောင်းတဲ့သူ
    ဖြစ်ဖို့ ကျွန်တော့ကို သိနားလည်စေခဲ့တယ်။"
  • 7:41 - 7:45
    ဒါက သူ့ရဲ့ ဇာတ်လမ်းကို တည်းဖြတ်ပြီး
    Emeka ရဲ့ ဘဝကို ပြောင်းလဲစေတယ်။
  • 7:45 - 7:47
    သူ့ကိုယ်သူ ဇာတ်လမ်းသစ်တစ်ပုဒ် ပြောအပြီး
  • 7:48 - 7:49
    Emeka ဟာ ကလေးတွေ စတင် သင်ကြားပေးတယ်၊
  • 7:49 - 7:52
    သူ့ရဲ့ ရည်ရွယ်ချက်က ဘာဆိုတာ
    ရှာဖွေတွေ့ရှိသွားတယ်။
  • 7:52 - 7:53
    သူတစ်ပါးကို အကျိုးဆောင်တာပါ။
  • 7:54 - 7:57
    စိတ်ပညာရှင် Dan McAdams က
    ဒါကို "အဖတ်ဆယ်တဲ့ ဇာတ်လမ်း"လို့ခေါ်ပါတယ်၊
  • 7:58 - 8:00
    အဆိုးကို အကောင်းနဲ့ ပြန်ထေတာပါ။
  • 8:01 - 8:03
    သူမြင်တာက အဓိပ္ပါယ်ရှိတဲ့ ဘဝတွေနဲ့
    နေသူတွေဟာ
  • 8:03 - 8:05
    အဖတ်ဆယ်မှု၊ ဖြစ်ထွန်းမှုနဲ့
    မေတ္တာကနေ
  • 8:05 - 8:08
    ပြဌာန်းတဲ့ သူတို့ဘဝအကြောင်း
    ဇာတ်လမ်းတွေကို ပြောတတ်ကြတယ်။
  • 8:09 - 8:11
    လူတွေကို သူတို့ရဲ့ဇာတ်လမ်းတွေ
    ပြောင်းလဲစေတာက တာလဲ။
  • 8:12 - 8:14
    တစ်ချို့လူတွေက အထူးကုဆီက အကူအညီယူပေမဲ့
  • 8:14 - 8:15
    သင်ကိုယ်တိုင်လည်း သင့်ဘဝကို
    အလေးအနက်
  • 8:16 - 8:18
    ဆင်ခြင်ရုံနဲ့တင် လုပ်လို့ရပါတယ်၊
  • 8:18 - 8:20
    ပြဌာန်း အတွေ့အကြုံတွေက
    သင့်ကို ပုံသွင်းပုံ
  • 8:20 - 8:22
    သင်ဆုံးရှုံးတာ၊ သင်ရရှိတာတွေပါ။
  • 8:23 - 8:24
    ဒါက Emeka လုပ်ခဲ့တာပါ။
  • 8:25 - 8:27
    ဇာတ်လမ်းက ညတွင်းချင်း
    သင်ပြောင်းမှာ မဟုတ်ပဲ
  • 8:27 - 8:29
    နှစ်ချီကြာနိုင်ပြီး နာကျင်နိုင်ပါတယ်။
  • 8:29 - 8:32
    အဆုံးမှာ အားလုံး ဒုက္ခခံခဲ့ရတယ်၊
    အားလုံး ရုန်းကန်ကြတာပါ။
  • 8:33 - 8:37
    ဒါပေမဲ့ ဒီနာကျင်စရာ အမှတ်ရမှုတွေကို
    လက်ခံယုံကြည်ခြင်းက သင့်ကို အားဖြည့်တဲ့
  • 8:37 - 8:40
    ကောင်းတာ ရှာဖွေဖို့ ထိုးထွင်းအမြင်သစ်နဲ့
    ဉာဏ်ပညာဖြစ်စေတယ်။
  • 8:43 - 8:47
    ပတ်သက်မှု၊ ရည်ရွယ်ချက်၊
    သမထသဘော၊ ပုံပြောခြင်း
  • 8:48 - 8:51
    ဒါတွေဟာ အဓိပ္ပါယ်ရှိခြင်းရဲ့
    မဏ္ဍိုင်လေးတိုင်ပါ။
  • 8:52 - 8:53
    ကျွန်မ ငယ်ငယ်တုန်းက
  • 8:53 - 8:57
    ဒီမဏ္ဍိုင်အားလုံးနဲ့ ဝန်းရံတာ
    ခံရလောက်အောင် ကံကောင်းခဲ့ပါတယ်။
  • 8:57 - 9:02
    မိဘတွက Montreal က ကျွန်မတို့ အိမ်ကနေ
    Sufi စည်းဝေးဆောင် ဖွင့်ခဲ့တယ်။
  • 9:03 - 9:07
    Sufism ဟာ ချာချာလည် ဘာသာရေးအက
    အဖွဲ့ဝင်တွေနဲ့ ကဗျာဆရာ Rumi ပတ်သက်တဲ့
  • 9:07 - 9:09
    ဘာသာရေးဆိုင်ရာ အကျင့်တစ်ခုပါ။
  • 9:09 - 9:12
    နှစ်ပတ် တစ်ကြိမ် Sufis တွေ
    ကမ္မဋ္ဌာန်းထိုင်ဖို့၊
  • 9:12 - 9:16
    ပါးရှန်း လက်ဖက်ရည်သောက်ဖို့၊
    ပုံပြင်တွေမျှဝေဖို့ အိမ်ကိုလာကြတယ်။
  • 9:16 - 9:19
    သူတို့ အကျင့်ဟာ မေတ္တာရဲ့
    လုပ်ဆောင်မှုလေးတွေကနေ ဖန်တီးမှု
  • 9:19 - 9:21
    အားလုံးကို ပေးပို့တာလည်း
    ပါဝင်ပါတယ်၊
  • 9:21 - 9:24
    ဆိုလိုတာက လူတွေက သင့်ကို
    အမှားပြုတာတောင် ကြင်နာစိတ်ရှိခြင်းပါေ
  • 9:24 - 9:28
    ဒါပေမဲ့ သူတို့ကို ရည်ရွယ်ချက်တစ်ခု
    ပေးတယ်၊ အတ္တထဲမှာ ထိန်းဖို့ပါ
  • 9:29 - 9:32
    နောက်ဆုံးမှာ ကျွန်မ အိမ်ကနေ
    ကောလိပ်ကိုသွားတော့
  • 9:32 - 9:35
    ကျွန်မဘဝထဲမှာ နေ့စဉ် အခြေခံသင်ကြားမှုမပါပဲ
  • 9:35 - 9:37
    ကြိုးလွတ်နေတယ်လို့ ခံစားမိတယ်
  • 9:37 - 9:40
    ဘဝကို ရှင်သန်ထိုက်အောင် ဖန်တီးပေးတဲ့
    ဒီအရာတွေကို စတင် ရှာဖွေခဲ့ပါတယ်။
  • 9:41 - 9:43
    ဒါက ကျွန်မကို ဒီခရီးပေါ် တင်ပေးလိုက်တာပါ။
  • 9:43 - 9:45
    ပြန်ကြည့်တော့ Sufi ဂေဟာဟာ
  • 9:45 - 9:48
    အဓိပ္ပါယ်ရှိခြင်းရဲ့ စစ်မှန်တဲ့
    ယဉ်ကျေးမှုတစ်ခုဆိုတာ သဘောပေါက်ခဲ့တယ်
  • 9:48 - 9:51
    ဒီမဏ္ဍိုင်တွေဟာ ဗိသုကာရဲ့ အပိုင်းဖြစ်ပြီး
  • 9:51 - 9:54
    မဏ္ဍိုင်တွေရှိတာဟာ အားလုံး
    ဘဝကို ပိုနက်ရှိုင်းစွာ နေဖို့ကူညီတယ်
  • 9:54 - 9:57
    တကယ်တမ်းက ဒီအလားတူ ဥပဒေသက
    အခြား အားကောင်းတဲ့
  • 9:57 - 9:59
    လူမှုအဖွဲ့တွေမှာလည်း
    အသုံးဝင်ပါတယ်၊
  • 9:59 - 10:01
    ကောင်းတာတွေ၊ ဆိုးတာတွေ၊
  • 10:02 - 10:04
    ဂိုဏ်းတွေ၊ ကိုးကွယ်မှုကျင့်စဉ်တွေ၊
  • 10:04 - 10:07
    ဒါတွေဟာ မဏ္ဍိုင်တွေကို သုံးပြီး
    လူတွေကို ရှင်သန်ဖိုနဲ့
  • 10:07 - 10:10
    သေဆုံးဖို့ တစ်ခုခုပေးတဲ့
    အဓိပ္ပါယ်ရှိခြင်းရဲ့ ယဉ်ကျေးမှုတွေပါ။
  • 10:10 - 10:13
    ဒါပေမဲ့ ကျွန်မတို့ဟာ လူမှုအဖွဲ့အစည်းအနေ
    နဲ့ ပိုကောင်းတဲ့
  • 10:13 - 10:15
    အပြောင်းအလဲတွေ
    ပေးရမှာ အတိအကျပါ။
  • 10:15 - 10:19
    ကျွန်မတို့ မိသားစုတွေ၊ အဖွဲ့အစည်းတွေ
    အတွင်းမှာ လူတွေ သူတို့အကောင်းဆုံးအတ္တတွေ
  • 10:19 - 10:21
    ဖြစ်လာအောင်ကူညီဖို့
    ဒီမဏ္ဍိုင်သုံးခု ဆောက်ဖို့ လိုတယ်။
  • 10:23 - 10:25
    ဒါပေမဲ့ အဓိပ္ပါယ်ရှိတဲ့ ဘဝနေထိုင်ခြင်းက
    အလုပ်လိုတယ်
  • 10:25 - 10:27
    ဒါက မရပ်မနား လုပ်ငန်းစဉ်ပါ။
  • 10:27 - 10:31
    တစ်နေ့ချင်း ဖြတ်သန်းခိုက်မှာ
    ကျွန်မတို့ဟာ ဘဝကို အဆက်မပြတ် ဖန်တီးနေပြီး
  • 10:31 - 10:32
    ကျွန်မတို့ ဇာတ်လမ်းကို ဖြည့်နေတယ်
  • 10:33 - 10:36
    တစ်ခါတစ်လေတော့ လမ်းကြောင်းကနေ
    လွဲနိုင်တယ်။
  • 10:36 - 10:38
    ဒါ ကျွန်မ ကြုံလာတော့
  • 10:38 - 10:42
    အဖေနဲ့အတူ ရရှိခဲ့တဲ့ စွမ်းအားကောင်းတဲ့
    အတွေ့အကြုံတစ်ခုကိုအမှတ်ရမိတယ်။
  • 10:44 - 10:46
    လများစွာအကြာမှာ
    ကျွန်မ ကောလိပ်က ဘွဲ့ရခဲ့တယ်၊
  • 10:46 - 10:50
    ကျွန်မ အဖေဟာ သူ့ကို သေစေလောက်မယ့်
    ကြီးမားတဲ့ နှလုံးရောဂါ ရခဲ့တယ်။
  • 10:51 - 10:54
    သူ အသက်ဆက်ရှင်ခဲ့တယ်၊ သူ သေခြင်းနဲ့
    ရင်ဆိုင်ရတုန်း စိတ်ထဲမှာ
  • 10:54 - 10:56
    ဘာတွေဖြစ်ခဲ့လဲလို့ သူကိုမေးတော့
  • 10:56 - 10:59
    ပြောတာက တွေးနိုင်တာဆိုလို့
    အကိုနဲ့ ကျွန်မအတွက်
  • 10:59 - 11:01
    သူရှိနိုင်ဖို့ အသက်ရှင်ဖို့လိုတာပဲဆိုတော့
  • 11:01 - 11:03
    ဒါကနေ အသက်အတွက် ရုန်းကန်ဖို့
    စိတ်စွမ်းအား ပေးခဲ့တယ်။
  • 11:04 - 11:07
    အရေးပေါ် ခွဲစိတ်မှုအတွက်
    မေ့ဆေးပေးခံရတဲ့အခါ
  • 11:07 - 11:10
    ၁၀ ကနေ နောက်ပြန် ရေတွက်တာအစား
  • 11:10 - 11:13
    ကျွန်မတို့ အမည်တွေကို ဂါထာလို
    အထပ်ထပ် ရွတ်ဆိုခဲ့တယ်။
  • 11:14 - 11:18
    သူသေသွားခဲ့ရင် ကျွန်မတို့ အမည်တွေကို
    ကမ္ဘာမြေပေါ်မှာ သူနောက်ဆုံးပြောခဲ့တဲ့
  • 11:18 - 11:19
    စကားလုံးတွေဖြစ်ချင်ခဲ့တယ်
  • 11:21 - 11:25
    ကျွန်မ အဖေက လက်သမားတစ်ဦး၊
    Sufi တစ်ဦးပါ။
  • 11:25 - 11:27
    ဒါက အညတရ ဘဝဆိုပေမဲ့
  • 11:27 - 11:28
    ကောင်းမွန်တဲ့ ဘဝတစ်ခုပါ။
  • 11:29 - 11:32
    အဲဒီမှာ လဲနေရင်း သေမင်းကို ရင်ဆိုင်ရင်း
    သူ့မှာ ရှင်သန်ဖို့ အကြောင်းရှိခဲ့တယ်။
  • 11:32 - 11:34
    ချစ်ခြင်းမေတ္တာပါ။
  • 11:34 - 11:36
    သူ့မိသားစုအတွင်းက ပတ်သက်မှု သဘော၊
  • 11:36 - 11:38
    ဖခင်တစ်ဦးအဖြစ် ရည်ရွယ်ချက်
  • 11:38 - 11:41
    သူ့ရဲ့ သမထ ကျင့်စဉ်
    ကျွန်မတို့ အမည်တွေကို အထပ်ထပ်ရွတ်ခြင်း
  • 11:41 - 11:44
    ဒါတွေက သူရှင်ကျန်ခဲ့ခြင်းရဲ့
    အကြောင်းရင်းတွေလို့ ပြောပါတယ်။
  • 11:44 - 11:46
    ဒါက သူကိုယ်တိုင် ပြောတဲ့ ဇာတ်လမ်းပါ။
  • 11:48 - 11:50
    ဒါက အဓိပ္ပါယ်ရှိခြင်းရဲ့ အစွမ်းပါ။
  • 11:51 - 11:53
    ပျော်ရွှင်မှုဆိုတာက ပေါ်လိုက်၊
    ပျောက်လိုက်ပါ။
  • 11:53 - 11:55
    ဒါပေမဲ့ ဘဝဟာ တကယ်ပဲ ကောင်းပြီး
  • 11:55 - 11:57
    အကြောင်းတရားတွေက တကယ်ဆိုးတဲ့အခါ
  • 11:57 - 12:00
    အဓိပ္ပါယ်ရှိခြင်းက သင့်ကို
    ဆုပ်ကိုင်စရာ တစ်ခုခု ပေးပါတယ်။
  • 12:00 - 12:02
    ကျေးဇူးတင်ပါတယ်။
  • 12:02 - 12:05
    (လက်ခုပ်သံများ)
Title:
ဘဝမှာ ပျော်ရွှင်ခြင်းထက် ပိုတာရှိပါတယ်။
Speaker:
Emily Esfahani Smith
Description:

"ကျွန်ုပ်တို့ ယဉ်ကျေးမှုဟာ ပျော်ရွှင်မှုကို ဥပါဒါန်ဖြစ်နေပါတယ်၊ ဒါပေမဲ့ ပိုပြီး စိတ်ချမ်းသာစေတဲ့ လမ်းကြောင်းတစ်ခု ရှိတယ်ဆိုရင်ရော။ ပျော်ရွှင်မှုဆိုတာက ပေါ်လိုက်၊ ပျောက်လိုက်ပါ။" လို့ စာရေးဆရာမ Emily Esfahani Smith က ဆိုပါတယ်။ ဒါပေမဲ့ ဘဝမှာ အဓိပ္ပါယ်ရှိခြင်း၊ မိမိကိုယ်တိုင်ကို လွန်ပြီးနေတဲ့ တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်းနဲ့ မိမိကိုယ်တွင်းကို အကောင်းဆုံး ဖွံ့ဖြိုးစေခြင်းဟာ သင့်ကို ဖက်တွယ်စရာ တစ်ခုခုပေးပါတယ်။ Esfahani Smith ကနေပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝရဲ့ မဏ္ဍိုင်ကြီး လေးတိုင်ကို ပေးဝေခိုက်မှာ ပျော်ရွှင်ခြင်းနဲ့ အဓိပ္ပါယ်ရှိခြင်းကြားက ခြားနားချက်အကြောင်း ပိုမိုလေ့လာသင်ယူလိုက်ပါဦး။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
12:18

Burmese subtitles

Revisions