WEBVTT 00:00:00.904 --> 00:00:02.183 ဘဝ ရည်ရွယ်ချက် တစ်ခုလုံးက 00:00:02.207 --> 00:00:05.941 ပျော်ရွှင်မှု နောက်လိုက်ခြင်းလို့ ကျွန်မ တွေးခဲ့ဖူးတယ်။ 00:00:06.680 --> 00:00:10.064 လူတိုင်းပြောတာက ပျော်ရွှင်မှုဆီ လမ်းကြောင်းက အောင်မြင်မှုဆိုတော့ 00:00:10.088 --> 00:00:12.586 ကျွန်မ အကြိုက်ဆုံး အလုပ်၊ 00:00:12.610 --> 00:00:15.641 အဆင်ပြေဆုံး ရည်းစား လှပတဲ့ တိုက်ခန်းကို ရှာခဲ့တယ်။ 00:00:16.998 --> 00:00:19.996 ဒါပေမဲ့ ခံစားမှုကို ဖြည့်ဆည်းပေးတာထက် 00:00:20.020 --> 00:00:22.624 ကျွန်မ ပူပန်မိ၊ ရေစုန်မျောမိတာပါ။ 00:00:23.195 --> 00:00:27.204 ကျွန်မ တဦးတည်းမဟုတ်ဘူး၊ မိတ်ဆွေတွေလည်း ဒါနဲ့ ရုန်းကန်ခဲ့ရတယ်။ NOTE Paragraph 00:00:28.720 --> 00:00:32.989 နောက်ဆုံးမှာ ဘာကလူတေွကို အစစ်အမှန် ပျော်ရွှင်အောင် လုပ်ပေးတာ သင်ယူဖို့ 00:00:33.013 --> 00:00:36.233 အပြုသဘော စိတ်ပညာအတွက် ဘွဲ့လွန်သင်တန်းတက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ 00:00:36.971 --> 00:00:39.627 ဒါပေမဲ့ အဲဒီမှာ တွေ့ရှိရတာက ကျွန်မ ဘဝကို ပြောင်းလိုက်တယ် 00:00:40.452 --> 00:00:45.062 ပျော်ရွှင်မှုနောက် လိုက်ခြင်းဟာ လူတွေကို မပျော်ရွှင်စေဘူးလို့ ဒေတာက ပြတယ်။ 00:00:45.967 --> 00:00:48.224 ကျွန်မကို တကယ် အံ့ဩစေတာက 00:00:49.058 --> 00:00:51.845 ကမ္ဘာတစ်လွှားမှာ သတ်သေမှုနှုန်းဟာ မြင့်တက်လာနေပြီး 00:00:51.869 --> 00:00:54.960 မကြာခင်က အမေရိကမှာ နှစ် ၃၀ တွင်း အမြင့်ဆုံး ဖြစ်ခဲ့တာပါ။ 00:00:55.753 --> 00:00:58.516 စိတ်ကူးလို့ရသမျှတိုင်းနီးပါး အ ဆင့်အတန်းနဲ့ ဘဝဟာ 00:00:58.540 --> 00:01:01.230 အရှိကိုအရှိအတိုင်း ပိုကောင်းမွန်လာတာတောင် 00:01:01.254 --> 00:01:03.453 ပိုများတဲ့ လူတွေဟာ မျှော်လင့်ချက်မဲ့တာ၊ 00:01:03.477 --> 00:01:05.602 စိတ်ဓာတ်ကျတာနဲ့ အထီကျန်တာ ခံစားနေရတယ်။ 00:01:06.214 --> 00:01:09.027 လူတွေမှာ တစိမ့်စိမ့် ကိုက်ဝါးနေတဲ့ လစ်ဟမှု တစ်ခုရှိပြီး 00:01:09.051 --> 00:01:12.321 ဒါကို သတိပြုမိဖို့ ခံစားချက်ကင်းကင်းနဲ့ စိတ်ဓာတ်ကျစရာမလိုဘူး။ 00:01:12.345 --> 00:01:15.245 အနှေးနဲ့ အမြန်ပဲ ကျွန်မတို့အားလုံး ဝေခွဲမရဘူးလို့ ထင်တာက 00:01:15.784 --> 00:01:18.016 ရှိတာ ဒါ အကုန်လုံးပဲလား။ 00:01:19.167 --> 00:01:22.373 သုတေသနအရ ဒီစိတ်ပျက်မှုကို တွက်ဆတာက 00:01:22.397 --> 00:01:24.224 ပျော်ရွှင်မှု ကင်းမဲ့လို့ မဟုတ်ပဲ 00:01:24.248 --> 00:01:26.090 အြခားအရာ တစ်ခုခု ကင်းမဲ့တာ၊ 00:01:26.817 --> 00:01:29.755 ဘဝမှာ အဓိပ္ပါယ် ကင်းမဲ့နေတာပါ။ NOTE Paragraph 00:01:30.962 --> 00:01:33.355 ဒါပေမဲ့ ဒါက ကျွန်မကို မေးခွန်းတွေ ဖြစ်စေတယ်။ 00:01:33.855 --> 00:01:36.454 ပျော်ရွှင်မှုထက် ပိုတာ ဘဝမှာရှိလား။ 00:01:37.216 --> 00:01:39.639 ပျော်ရွှင်မှုနဲ့ ဘဝမှာ အဓိပ္ပါယ်ရှိခြင်းကြားက 00:01:39.663 --> 00:01:41.554 ကွာခြားမှုက ဘာလဲ။ 00:01:42.329 --> 00:01:47.033 စိတ်ပညာရှင်အများက ပျော်ရွှင်မှုကို နှစ်သိမ့်မှုနဲ့ သက်သာမှုရဲ့ အခြေအနေတစ်ခု၊ 00:01:47.033 --> 00:01:49.392 တဒဂင်္မှာ နေလို့ကောင်းတာလို့ အနက်ဖွင့်တယ် 00:01:50.098 --> 00:01:51.756 ဒါပေမဲ့ အဓိပ္ပါယ်က ပိုနက်နဲပါတယ်။ 00:01:52.278 --> 00:01:54.842 ကျော်ကြားတဲ့ စိတ်ပညာရှင် Martin Seligman ပြောတာက 00:01:54.866 --> 00:01:59.513 အနက်က ပတ်သက်မှုနဲ့ မိမိကိုယ်ကို လွန်တဲ့ တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်းနဲ့ 00:01:59.537 --> 00:02:02.220 ကိုယ်တွင်းကို အကောင်းဆုံး ဖွံ့ဖြိုးစေခြင်းကနေ လာတာတဲ့။ 00:02:03.617 --> 00:02:06.212 ကျွန်မတို့ယဉ်ကျေးမှုက ပျော်ရွှင်မှုကို ဥပါဒါန်ဖြစ်နေတယ် 00:02:06.236 --> 00:02:10.343 ဒါပေမဲ့ အဓိပ္ပါယ်ရှာခြင်းက ပိုဖြည့်ဆည်း ပေးတဲ့ လမ်းကြောင်းလို့ နားလည်ခဲ့တယ်။ 00:02:10.367 --> 00:02:13.296 လေ့လာမှုတွေကပြဆိုတာက ဘဝမှာ အဓိပ္ပါယ်ရှိသူတွေဟာ 00:02:13.320 --> 00:02:14.730 ပိုပြီး ဒဏ်ခံနိုင်ကြတယ်၊ 00:02:14.754 --> 00:02:17.311 ကျောင်းမှာ၊ အလုပ်မှာ ပိုတော်ကြပြီး 00:02:17.335 --> 00:02:18.942 အသက်တောင် ပိုရှည်ကြပါတယ်တဲ့။ NOTE Paragraph 00:02:19.985 --> 00:02:22.006 ဒီတော့ ဒါအားလုံးက ကျွန်မကို အံ့ဩမိစေတယ်။ 00:02:22.030 --> 00:02:24.504 တစ်ဦးစီဟာ ဘယ်လို အဓိပ္ပါယ်ရှိရှိ ရှင်သန်နိုင်လဲ။ 00:02:25.980 --> 00:02:29.658 တွေ့ရှိဖို့ ငါးနှစ်တာ ရာနဲ့ချီတဲ့ လူတွေကို တွေ့ဆုံမေးမြန်းပြီး 00:02:29.682 --> 00:02:32.583 စိတ်ပညာ၊ အာရုံကြောသိပ္ပံ၊ ဒဿနိကဗေဒအကြောင်း 00:02:32.607 --> 00:02:34.708 ထောင်နဲ့ချီတဲ့ စာမျက်နှာတွေကို ဖတ်ခဲ့တယ်။ 00:02:35.366 --> 00:02:37.155 ဒါအားလုံးကို စုစည်းလိုက်တော့ 00:02:37.179 --> 00:02:42.520 တွေ့ရှိရတာက ကျွန်မခေါ်တဲ့ အဓိပ္ပါယ်ရှိတဲ့ ဘဝရဲ့ မဏ္ဍိုင်ကြီး လေးတိုင်ရှိတာပါ။ 00:02:42.544 --> 00:02:44.978 ကျွန်တို့ဘဝမှာ ဒီ မဏ္ဍိုင်ကြီးတွေထဲက တစ်ချို့ 00:02:45.002 --> 00:02:48.351 (သို့) အားလုံးကို တည်ဆောက်ရင်း အဓိပ္ပါယ်ရှိတဲ့ ဘဝတွေ ဖန်တီးနိုင်တာပါ။ NOTE Paragraph 00:02:49.428 --> 00:02:51.616 ပထမ မဏ္ဍိုင်က သက်ဆိုင်ခြင်းပါ၊ 00:02:52.378 --> 00:02:54.685 ပတ်သက်မှုက သံယောဇဉ်တွေက လာပါတယ်၊ 00:02:54.709 --> 00:02:57.414 သင့်ကို ပင်ကိုယ်အတိုင်း တန်ဖိုးထားခံရတဲ့ 00:02:57.438 --> 00:02:59.551 သင်ကလည်း သူတစ်ပါးကို တန်ဖိုးထားတဲ့ နေရာပါ။ 00:03:00.218 --> 00:03:04.908 ဒါပေမဲ့ တစ်ချို့ အစုတွေ သံယောဇဉ်တွေက ပတ်သက်မှုရဲ့ စျေးပေါတဲ့ ပုံစံ ပို့ပေးတယ်။ 00:03:04.932 --> 00:03:06.825 သင်ယုံတာအတွက်၊ သင်မုန်းတာအတွက် 00:03:06.849 --> 00:03:08.095 တန်ဖိုထားခံရတယ်၊ 00:03:08.119 --> 00:03:09.664 သင်ဘယ်သူဆိုတာအတွက် မဟုတ်ဘူး။ 00:03:10.420 --> 00:03:13.203 တကယ် ပတ်သက်မှုတွေက မေတ္တာကနေ ပေါက်ဖွားတယ်။ 00:03:13.227 --> 00:03:16.212 တစ်ဦးချင်းအကြားက တဒင်္ဂတွေမှာ တည်ရှိကာ 00:03:16.236 --> 00:03:20.081 ဒါက ရွေးချယ်မှုပါ၊ အခြားသူတွေနဲ့ ပတ်သက်မှု ပျိုးထောင်ဖို့ သင်ရွေးနိုင်တယ်။ NOTE Paragraph 00:03:20.661 --> 00:03:22.268 ဒီမှာ နမူနာတစ်ခုပါ။ 00:03:22.292 --> 00:03:25.847 မနက်တိုင်း ကျွန်မမိတ်ဆွေ Jonathan ဟာ New York က လက်ပွေ့စျေးသည် 00:03:25.871 --> 00:03:28.089 တစ်ဦးတည်းဆီကပဲ သတင်းစာတစ်စောင်ဝယ်တယ်။ 00:03:28.502 --> 00:03:30.782 ဒါပေမဲ့ သူတို့ဟာ အရောင်းအဝယ် သက်သက်မဟုတ်ပါဘူး။ 00:03:30.806 --> 00:03:33.489 အရှိန်လျှောချဖို့ စကားပြောဖို့ အချိန်ခဏ ယူကာ 00:03:33.513 --> 00:03:35.419 အချင်းချင်း လူသားတွေလို ဆက်ဆံကြတာပါ။ 00:03:36.038 --> 00:03:39.432 ဒါပေမဲ့ တစ်ကြိမ်မှာ Jonathan မှာ အကြွေမရှိတော့ 00:03:39.456 --> 00:03:40.676 စျေးသည်က ပြောတာက 00:03:40.700 --> 00:03:42.220 "ကိစ္စမရှိပါဘူးဗျာ"တဲ့။ 00:03:42.244 --> 00:03:44.731 ဒါပေမဲ့ Jonathan ကတော့ အတင်းပေးနေတယ်၊ 00:03:44.755 --> 00:03:47.767 ဒီတော့ အကြွေရဖို့ စတိုးဆိုင်ကိုသွားပြီး မလိုတာ တစ်ခုခု 00:03:47.791 --> 00:03:49.252 ဝယ်လိုက်တယ်၊ 00:03:49.992 --> 00:03:52.615 ဒါပေမဲ့ သူက စျေးသည်ကို ပိုက်ဆံပြန်ပေးတော့ 00:03:52.639 --> 00:03:54.161 စျေးသည်က နောက်ဆုတ်လိုက်တယ်၊ 00:03:54.820 --> 00:03:56.098 သူ နာကျင်သွားတာပေါ့။ 00:03:56.715 --> 00:03:58.564 ကြင်နာစိတ်ရှိတာ လုပ်ဖို့ကြိုးစားပေမဲ့ 00:03:58.588 --> 00:04:00.835 Jonathan က သူကို့ ငြင်းလိုက်တာလေ။ NOTE Paragraph 00:04:02.113 --> 00:04:06.264 ကျွန်မတို့အားလုံး ဒါကိုမသိပဲနဲ့ နည်းလမ်း လေးတွေနဲ့ လူတွေကို ငြင်းပယ်ကြတယ်ထင်တယ်။ 00:04:06.288 --> 00:04:07.486 ကျွန်မတော့ လုပ်တယ်။ 00:04:07.510 --> 00:04:10.573 ကိုယ်သိတဲ့ တစ်ယောက်ကို ဖြတ်လျှောက်ပြီး အသိအမှတ်ပြုရုံ ပြုတယ်။ 00:04:10.597 --> 00:04:13.244 တစ်ယောက်က ကိုယ်ကို စကားပြောနေရင် ကိုယ်ဖုန်းကို ကြည့်တယ်။ 00:04:13.678 --> 00:04:15.607 ဒီလုပ်ဆောင်မှုတွေက အခြာသူတွေကို နှိမ်တာပါ 00:04:15.631 --> 00:04:18.384 သူတို့ကို ဖျောက်ပစ်ကာ တန်ဖိုးမရှိဘူးလို့ ခံစားမိစေတယ်။ 00:04:19.130 --> 00:04:21.882 ဒါပေမဲ့ မေတ္တာနဲ့ ဦးဆောင်တော့ အချင်းချင်းကို မြှင့်တင်တဲ့ 00:04:21.906 --> 00:04:23.578 သံယောဇဉ်ကို သင်ဖန်တီးတာပါ။ NOTE Paragraph 00:04:25.030 --> 00:04:28.658 လူများစွာအတွက် ပတ်သက်မှုဟာ အဓိပ္ပါယ် ရှိခြင်းရဲ့ အလိုအပ်ဆုံး အရင်းအမြစ်ပါ၊ 00:04:28.682 --> 00:04:30.680 မိသားစုနဲ့ မိတ်ဆွေတွေအတွက် သံယောဇဉ်တွေပါ။ 00:04:31.176 --> 00:04:35.181 အခြားသူတွေအတွက်တော့ အဓိပ္ပါယ်ရှိခြင်းရဲ့ သော့ချက်က ဒုတိယ မဏ္ဍိုင်က ရည်ရွယ်ချက်ပါ။ 00:04:35.844 --> 00:04:38.759 သင့်ရည်ရွယ်ချက်ကို ရှာဖွေခြင်းနဲ့ သင့်ကို ပျော်စေတဲ့ အလုပ်ကို 00:04:38.783 --> 00:04:41.031 ရှာဖွေခြင်းက တူတဲ့အရာ မဟုတ်ပါဘူး။ 00:04:41.520 --> 00:04:44.979 ရည်ရွယ်ချက်ဆိုတာက သင်ပေးတယ်ဆိုတာထက် လိုချင်တာ ပိုနည်းပါတယ်။ 00:04:45.003 --> 00:04:49.491 ဆေးရုံ စောင့်ရှောက်သူက ပြောတာက သူမ ရည်ရွယ်ချက်က နေမကောင်းသူတွေကို ကုသခြင်းတဲ့ 00:04:49.515 --> 00:04:51.226 မိဘအတော်များများ ပြောကြတာက 00:04:51.250 --> 00:04:53.186 "ရည်ရွယ်ချက်က ကလေးတွေကို ပျိုးထောင်တာပါ" 00:04:53.527 --> 00:04:57.571 ရည်ရွယ်ချက်ရဲ့ သော့ချက်က အခြားသူတွေကို ဖြည့်ဆည်းဖို့ မိမိခွန်အားကို သုံးခြင်းပါ။ 00:04:58.381 --> 00:05:01.889 တကယ်က ကျွန်မတို့အတော်များများအတွက် ဒါက အလုပ်ကနေ ဖြစ်လာတယ်။ 00:05:01.913 --> 00:05:04.892 ဒါကို ကျွန်မတို့ ပံ့ပိုးပေးပုံ၊ လိုအပ်တယ်လို့ ခံစားရပုံပါ 00:05:04.916 --> 00:05:08.776 ဒါပေမဲ့ အလုပ်မှာ လွတ်ကင်းအောင်နေတာလို အကြောင်းရပ်လို့လည်း ဆိုလိုပါတယ်၊ 00:05:08.800 --> 00:05:10.213 အလုပ်အကိုင်မဲ့မှု၊ 00:05:10.237 --> 00:05:12.464 လုပ်အားပါဝင်မှု နိမ့်ကျမှုတွေပါ၊ 00:05:12.488 --> 00:05:16.179 ဒါတွေက စီးပွားရေး ပြဿနာတွေသာမဟုတ်ပဲ လူ့ဘဝနဲ့လည်းဆိုင်တာတွေပါ။ 00:05:16.821 --> 00:05:19.034 လုပ်သင့်လုပ်ထိုက်တာ တစ်ခုခုမရှိရင် 00:05:19.058 --> 00:05:20.359 လူတွေဟာ စမ်းတဝါးဝါးဖြစ်တယ်။ 00:05:21.493 --> 00:05:24.109 တကယ်တော့ ရည်ရွယ်ချက်ကို အလုပ်မှာ ရှာဖို့မလိုပဲ 00:05:24.133 --> 00:05:26.862 ရည်ရွယ်ချက်က သင့်ကို ရှင်သန်ဖို့အတွက် တစ်ခုခုပေးတာပါ၊ 00:05:26.886 --> 00:05:28.966 "ဘာလို့" ဆိုတာက သင့်ကို ရှေ့ဆက် မောင်းတာပါ။ NOTE Paragraph 00:05:31.147 --> 00:05:34.447 အဓိပ္ပါယ်ရှိခြင်းရဲ့ တတိယ မဏ္ဍိုင်ကလည်း သင်ကိုယ်တိုင်ရဲ့ အလွန်ကို 00:05:34.471 --> 00:05:36.313 လှမ်းတာဆိုပေမဲ့ လုံးဝ မတူတဲ့ နည်းနဲ့ပါ 00:05:36.337 --> 00:05:37.924 သမထသဘောပါ၊ 00:05:37.948 --> 00:05:40.325 သမထ အခြေအနေတွေဟာ ပျားပန်းခပ်နေတဲ့ နေ့စဉ်ဘဝအထက်ကို 00:05:40.349 --> 00:05:43.761 သင်မြင့်တက်တဲ့သွားတဲ့အခါ ရှားပါးတဲ့ တဒဂလေးတွေပါ။ 00:05:43.785 --> 00:05:45.490 သင့်အတ္တ သဘောဟာ မှေးမှိန်ကာ 00:05:45.514 --> 00:05:48.288 ပိုမြင့်မားတဲ့ ဒိဌဖြစ်ရပ်တစ်ခုဆီ ဆက်သွယ်မိတာ ခံစားရတယ်။ 00:05:49.214 --> 00:05:52.904 ကျွန်မ စကားပြောခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ အနုပညာကို ကြည့်ရင်းက သမထရတာပါ 00:05:52.928 --> 00:05:55.458 နောက် ပုဂ္ဂိုလ်ကတော့ ဘုရားကျောင်းမှာပါ။ 00:05:55.482 --> 00:05:59.036 ကျွန်မအအတွက် စာရေးဆရာမဖြစ်ပြီး စာရေးခြင်းကနေ ရတာပါ။ 00:05:59.060 --> 00:06:04.130 အချိန်နဲ့ နေရာသဘောအားလုံး ပျောက်ဆုံးတဲ့ နယ်ထဲ တစ်ခါတစ်လေ ရောက်တယ်။ 00:06:04.757 --> 00:06:07.903 ဒီသမထ အတွေ့အကြုံတွေဟာ သင့်ကို ပြောင်းလဲနိုင်တယ်။ 00:06:07.927 --> 00:06:12.451 လေ့လာမှုတစ်ခုမှာ ကျောင်းသားတွေဟာ ပေ ၂၀၀ ရှိတဲ့ ယူကလစ်ပင်ကို 00:06:12.475 --> 00:06:13.676 ငါးမိနစ်ကြာ မော့ကြည့်တယ်၊ 00:06:14.263 --> 00:06:16.417 ဒါပေမဲ့ နောက်တော့ အတ္တ ဗဟိုပြုတာ ပိုနည်းလာပြီး 00:06:16.441 --> 00:06:18.385 တစ်ဦးဦးကို ကူညီဖို့ အခွင့်ပေါ်တဲ့အခါ 00:06:18.409 --> 00:06:20.479 ပိုပြီး ရက်ရက်ရောရောတောင် ပြုမူခဲ့ကြတယ်။ NOTE Paragraph 00:06:21.582 --> 00:06:25.302 ပတ်သက်မှု၊ ရည်ရွယ်ချက်၊ သမထသဘောပါ။ 00:06:26.374 --> 00:06:29.097 ကဲ အဓိပ္ပါယ်ရှိခြင်းရဲ့ စတုတ္ထ မဏ္ဍိုင်ကတော့ 00:06:29.121 --> 00:06:30.876 တွေ့ရှိတာက လူတွေကို အံ့ဩစေတတ်တာပါ။ 00:06:31.366 --> 00:06:34.100 စတုတ္ထ မဏ္ဍိုင်က ပုံပြောခြင်းပါ၊ 00:06:34.124 --> 00:06:36.989 သင့်အကြောင်း သင်ကိုယ်တိုင်ပြောတဲ့ ဇာတ်လမ်းပါ။ 00:06:37.616 --> 00:06:41.760 သင့်ဘဝ ဖြစ်ရပ်တွေကနေ ဇာတ်လမ်းတစ်ပုဒ် ဖန်းတီးခြင်းက ကြည်လင်မှုကို ယူလာပေးတယ်။ 00:06:41.784 --> 00:06:44.820 သင်ဖြစ်လာပုံကို နားလည်ဖို့ သင့်ကို ကူညီပေးတယ်။ 00:06:45.669 --> 00:06:48.765 ဒါပေမဲ့ ကျွန်မတို့ဟာ ကိုယ်ဟာ ကိုယ့်ဇာတ်လမ်းရဲ့ စာရေးဆရာတွေဆိုတာ၊ 00:06:48.789 --> 00:06:50.952 ဒါတွေ ပြောပုံ ပြောင်းလဲနိုင်တာ အမြဲ နားမလည်ဘူး 00:06:50.976 --> 00:06:53.467 သင့်ဘဝဟာ အဖြစ်အပျက်တွေရဲ့ စာရင်းတစ်ခုပဲမဟုတ်ဘူး။ 00:06:53.491 --> 00:06:56.707 သင့်ဇာတ်လမ်းကို တည်းဖြတ်၊ အဓိပ္ပာယ်ကောက် သင်ပြန်ပြောနိုင်တယ်၊ 00:06:56.731 --> 00:06:58.951 အချက်အလက်တွေနဲ့ ကန့်သတ်ခံရတာတောင်ပါ။ NOTE Paragraph 00:06:59.681 --> 00:07:04.309 Emeka လို့ခေါ်တဲ့ လူငယ်တစ်ဦးနဲ့ ဆုံခဲ့တယ်။ ဘောလုံးကစားရင်း အကြောသေသွားသူပါ NOTE Paragraph 00:07:04.920 --> 00:07:07.379 ဒဏ်ရာပျောက်တော့ Emeka သူ့ကိုယ်သူ ပြောတာက 00:07:07.403 --> 00:07:10.108 "ကျွန်တော့ ဘဝက တကယ့်ကို ဘောလုံးကစားခြင်းပါ။ 00:07:10.132 --> 00:07:12.256 အခု ကျွန်တော့ကို ကြည့်ပါဦး။" 00:07:14.002 --> 00:07:16.294 ကျွန်မကို ဒီလို ဇာတ်လမ်းတွေ ပြောသူတွေ 00:07:16.318 --> 00:07:18.842 " ဘဝက ကောင်းခဲ့တယ်၊ အခုတော့ ဆိုးတယ်"ဆိုသူတွေဟာ 00:07:18.866 --> 00:07:21.688 ပိုပြီး စိတ်ပူ၊ ပိုစိတ်ဓာတ်ကျတတ်ပါတယ်။ 00:07:21.712 --> 00:07:24.041 ဒါက Emeka အတွက် ခဏတာပါ။ 00:07:24.573 --> 00:07:27.964 ဒါပေမဲ့ အချိန်နဲ့အတူ မတူညီတဲ့ ဇာတ်လမ်းတစ်ပုဒ် စတင်ဖွဲ့ခဲ့တယ်။ 00:07:28.415 --> 00:07:30.148 သူ့ဇာတ်လမ်းအသစ်က 00:07:30.172 --> 00:07:33.439 "ဒဏ်ရာမရခင်က ကျွန်တော့ဘဝက ရည်ရွယ်ချက်မဲ့ခဲ့တယ်။ 00:07:33.463 --> 00:07:36.716 ပါတီတွေအများကြီး တက်ခဲ့ပြီး တော်တော် တစ်ကိုယ်ကောင်းဆန်တဲ့ကောင်ပါ။ 00:07:36.740 --> 00:07:40.448 ဒါပေမဲ့ ကျွန်တော့ဒဏ်ရာက ပိုကောင်းတဲ့သူ ဖြစ်ဖို့ ကျွန်တော့ကို သိနားလည်စေခဲ့တယ်။" 00:07:41.488 --> 00:07:45.029 ဒါက သူ့ရဲ့ ဇာတ်လမ်းကို တည်းဖြတ်ပြီး Emeka ရဲ့ ဘဝကို ပြောင်းလဲစေတယ်။ 00:07:45.053 --> 00:07:47.484 သူ့ကိုယ်သူ ဇာတ်လမ်းသစ်တစ်ပုဒ် ပြောအပြီး 00:07:47.508 --> 00:07:49.430 Emeka ဟာ ကလေးတွေ စတင် သင်ကြားပေးတယ်၊ 00:07:49.454 --> 00:07:51.820 သူ့ရဲ့ ရည်ရွယ်ချက်က ဘာဆိုတာ ရှာဖွေတွေ့ရှိသွားတယ်။ 00:07:51.844 --> 00:07:53.234 သူတစ်ပါးကို အကျိုးဆောင်တာပါ။ NOTE Paragraph 00:07:54.101 --> 00:07:57.479 စိတ်ပညာရှင် Dan McAdams က ဒါကို "အဖတ်ဆယ်တဲ့ ဇာတ်လမ်း"လို့ခေါ်ပါတယ်၊ 00:07:57.503 --> 00:07:59.786 အဆိုးကို အကောင်းနဲ့ ပြန်ထေတာပါ။ 00:08:00.627 --> 00:08:02.810 သူမြင်တာက အဓိပ္ပါယ်ရှိတဲ့ ဘဝတွေနဲ့ နေသူတွေဟာ 00:08:02.834 --> 00:08:04.765 အဖတ်ဆယ်မှု၊ ဖြစ်ထွန်းမှုနဲ့ မေတ္တာကနေ 00:08:04.789 --> 00:08:07.811 ပြဌာန်းတဲ့ သူတို့ဘဝအကြောင်း ဇာတ်လမ်းတွေကို ပြောတတ်ကြတယ်။ NOTE Paragraph 00:08:08.723 --> 00:08:11.185 လူတွေကို သူတို့ရဲ့ဇာတ်လမ်းတွေ ပြောင်းလဲစေတာက တာလဲ။ 00:08:11.725 --> 00:08:13.653 တစ်ချို့လူတွေက အထူးကုဆီက အကူအညီယူပေမဲ့ 00:08:13.677 --> 00:08:15.487 သင်ကိုယ်တိုင်လည်း သင့်ဘဝကို အလေးအနက် 00:08:15.511 --> 00:08:18.271 ဆင်ခြင်ရုံနဲ့တင် လုပ်လို့ရပါတယ်၊ 00:08:18.295 --> 00:08:20.382 ပြဌာန်း အတွေ့အကြုံတွေက သင့်ကို ပုံသွင်းပုံ 00:08:20.406 --> 00:08:22.143 သင်ဆုံးရှုံးတာ၊ သင်ရရှိတာတွေပါ။ 00:08:22.589 --> 00:08:24.123 ဒါက Emeka လုပ်ခဲ့တာပါ။ 00:08:25.012 --> 00:08:27.058 ဇာတ်လမ်းက ညတွင်းချင်း သင်ပြောင်းမှာ မဟုတ်ပဲ 00:08:27.082 --> 00:08:29.427 နှစ်ချီကြာနိုင်ပြီး နာကျင်နိုင်ပါတယ်။ 00:08:29.451 --> 00:08:32.385 အဆုံးမှာ အားလုံး ဒုက္ခခံခဲ့ရတယ်၊ အားလုံး ရုန်းကန်ကြတာပါ။ 00:08:32.957 --> 00:08:37.296 ဒါပေမဲ့ ဒီနာကျင်စရာ အမှတ်ရမှုတွေကို လက်ခံယုံကြည်ခြင်းက သင့်ကို အားဖြည့်တဲ့ 00:08:37.320 --> 00:08:40.385 ကောင်းတာ ရှာဖွေဖို့ ထိုးထွင်းအမြင်သစ်နဲ့ ဉာဏ်ပညာဖြစ်စေတယ်။ NOTE Paragraph 00:08:42.584 --> 00:08:47.117 ပတ်သက်မှု၊ ရည်ရွယ်ချက်၊ သမထသဘော၊ ပုံပြောခြင်း 00:08:47.863 --> 00:08:50.594 ဒါတွေဟာ အဓိပ္ပါယ်ရှိခြင်းရဲ့ မဏ္ဍိုင်လေးတိုင်ပါ။ 00:08:51.626 --> 00:08:53.232 ကျွန်မ ငယ်ငယ်တုန်းက 00:08:53.256 --> 00:08:56.894 ဒီမဏ္ဍိုင်အားလုံးနဲ့ ဝန်းရံတာ ခံရလောက်အောင် ကံကောင်းခဲ့ပါတယ်။ 00:08:57.381 --> 00:09:01.921 မိဘတွက Montreal က ကျွန်မတို့ အိမ်ကနေ Sufi စည်းဝေးဆောင် ဖွင့်ခဲ့တယ်။ 00:09:02.686 --> 00:09:07.169 Sufism ဟာ ချာချာလည် ဘာသာရေးအက အဖွဲ့ဝင်တွေနဲ့ ကဗျာဆရာ Rumi ပတ်သက်တဲ့ 00:09:07.193 --> 00:09:08.586 ဘာသာရေးဆိုင်ရာ အကျင့်တစ်ခုပါ။ 00:09:09.430 --> 00:09:12.005 နှစ်ပတ် တစ်ကြိမ် Sufis တွေ ကမ္မဋ္ဌာန်းထိုင်ဖို့၊ 00:09:12.029 --> 00:09:15.789 ပါးရှန်း လက်ဖက်ရည်သောက်ဖို့၊ ပုံပြင်တွေမျှဝေဖို့ အိမ်ကိုလာကြတယ်။ 00:09:16.209 --> 00:09:19.166 သူတို့ အကျင့်ဟာ မေတ္တာရဲ့ လုပ်ဆောင်မှုလေးတွေကနေ ဖန်တီးမှု 00:09:19.190 --> 00:09:21.000 အားလုံးကို ပေးပို့တာလည်း ပါဝင်ပါတယ်၊ 00:09:21.024 --> 00:09:24.365 ဆိုလိုတာက လူတွေက သင့်ကို အမှားပြုတာတောင် ကြင်နာစိတ်ရှိခြင်းပါေ 00:09:24.389 --> 00:09:27.543 ဒါပေမဲ့ သူတို့ကို ရည်ရွယ်ချက်တစ်ခု ပေးတယ်၊ အတ္တထဲမှာ ထိန်းဖို့ပါ NOTE Paragraph 00:09:28.912 --> 00:09:31.528 နောက်ဆုံးမှာ ကျွန်မ အိမ်ကနေ ကောလိပ်ကိုသွားတော့ 00:09:31.552 --> 00:09:35.254 ကျွန်မဘဝထဲမှာ နေ့စဉ် အခြေခံသင်ကြားမှုမပါပဲ 00:09:35.278 --> 00:09:36.866 ကြိုးလွတ်နေတယ်လို့ ခံစားမိတယ် 00:09:36.890 --> 00:09:40.478 ဘဝကို ရှင်သန်ထိုက်အောင် ဖန်တီးပေးတဲ့ ဒီအရာတွေကို စတင် ရှာဖွေခဲ့ပါတယ်။ 00:09:40.502 --> 00:09:42.615 ဒါက ကျွန်မကို ဒီခရီးပေါ် တင်ပေးလိုက်တာပါ။ 00:09:43.012 --> 00:09:44.769 ပြန်ကြည့်တော့ Sufi ဂေဟာဟာ 00:09:44.793 --> 00:09:48.035 အဓိပ္ပါယ်ရှိခြင်းရဲ့ စစ်မှန်တဲ့ ယဉ်ကျေးမှုတစ်ခုဆိုတာ သဘောပေါက်ခဲ့တယ် 00:09:48.059 --> 00:09:50.565 ဒီမဏ္ဍိုင်တွေဟာ ဗိသုကာရဲ့ အပိုင်းဖြစ်ပြီး 00:09:50.589 --> 00:09:53.815 မဏ္ဍိုင်တွေရှိတာဟာ အားလုံး ဘဝကို ပိုနက်ရှိုင်းစွာ နေဖို့ကူညီတယ် NOTE Paragraph 00:09:54.414 --> 00:09:56.735 တကယ်တမ်းက ဒီအလားတူ ဥပဒေသက အခြား အားကောင်းတဲ့ 00:09:56.759 --> 00:09:58.960 လူမှုအဖွဲ့တွေမှာလည်း အသုံးဝင်ပါတယ်၊ 00:09:58.984 --> 00:10:01.006 ကောင်းတာတွေ၊ ဆိုးတာတွေ၊ 00:10:01.556 --> 00:10:03.585 ဂိုဏ်းတွေ၊ ကိုးကွယ်မှုကျင့်စဉ်တွေ၊ 00:10:03.609 --> 00:10:06.622 ဒါတွေဟာ မဏ္ဍိုင်တွေကို သုံးပြီး လူတွေကို ရှင်သန်ဖိုနဲ့ 00:10:06.646 --> 00:10:10.024 သေဆုံးဖို့ တစ်ခုခုပေးတဲ့ အဓိပ္ပါယ်ရှိခြင်းရဲ့ ယဉ်ကျေးမှုတွေပါ။ 00:10:10.048 --> 00:10:12.915 ဒါပေမဲ့ ကျွန်မတို့ဟာ လူမှုအဖွဲ့အစည်းအနေ နဲ့ ပိုကောင်းတဲ့ 00:10:12.939 --> 00:10:15.048 အပြောင်းအလဲတွေ ပေးရမှာ အတိအကျပါ။ 00:10:15.072 --> 00:10:18.823 ကျွန်မတို့ မိသားစုတွေ၊ အဖွဲ့အစည်းတွေ အတွင်းမှာ လူတွေ သူတို့အကောင်းဆုံးအတ္တတွေ 00:10:18.847 --> 00:10:21.429 ဖြစ်လာအောင်ကူညီဖို့ ဒီမဏ္ဍိုင်သုံးခု ဆောက်ဖို့ လိုတယ်။ 00:10:22.524 --> 00:10:25.110 ဒါပေမဲ့ အဓိပ္ပါယ်ရှိတဲ့ ဘဝနေထိုင်ခြင်းက အလုပ်လိုတယ် 00:10:25.134 --> 00:10:27.009 ဒါက မရပ်မနား လုပ်ငန်းစဉ်ပါ။ 00:10:27.033 --> 00:10:30.762 တစ်နေ့ချင်း ဖြတ်သန်းခိုက်မှာ ကျွန်မတို့ဟာ ဘဝကို အဆက်မပြတ် ဖန်တီးနေပြီး 00:10:30.786 --> 00:10:32.355 ကျွန်မတို့ ဇာတ်လမ်းကို ဖြည့်နေတယ် 00:10:32.831 --> 00:10:35.580 တစ်ခါတစ်လေတော့ လမ်းကြောင်းကနေ လွဲနိုင်တယ်။ NOTE Paragraph 00:10:36.362 --> 00:10:38.273 ဒါ ကျွန်မ ကြုံလာတော့ 00:10:38.297 --> 00:10:41.686 အဖေနဲ့အတူ ရရှိခဲ့တဲ့ စွမ်းအားကောင်းတဲ့ အတွေ့အကြုံတစ်ခုကိုအမှတ်ရမိတယ်။ 00:10:43.821 --> 00:10:46.468 လများစွာအကြာမှာ ကျွန်မ ကောလိပ်က ဘွဲ့ရခဲ့တယ်၊ 00:10:46.492 --> 00:10:50.350 ကျွန်မ အဖေဟာ သူ့ကို သေစေလောက်မယ့် ကြီးမားတဲ့ နှလုံးရောဂါ ရခဲ့တယ်။ 00:10:51.033 --> 00:10:54.247 သူ အသက်ဆက်ရှင်ခဲ့တယ်၊ သူ သေခြင်းနဲ့ ရင်ဆိုင်ရတုန်း စိတ်ထဲမှာ 00:10:54.271 --> 00:10:55.893 ဘာတွေဖြစ်ခဲ့လဲလို့ သူကိုမေးတော့ 00:10:55.917 --> 00:10:58.600 ပြောတာက တွေးနိုင်တာဆိုလို့ အကိုနဲ့ ကျွန်မအတွက် 00:10:58.624 --> 00:11:00.762 သူရှိနိုင်ဖို့ အသက်ရှင်ဖို့လိုတာပဲဆိုတော့ 00:11:00.786 --> 00:11:03.375 ဒါကနေ အသက်အတွက် ရုန်းကန်ဖို့ စိတ်စွမ်းအား ပေးခဲ့တယ်။ 00:11:04.063 --> 00:11:07.361 အရေးပေါ် ခွဲစိတ်မှုအတွက် မေ့ဆေးပေးခံရတဲ့အခါ 00:11:07.385 --> 00:11:09.715 ၁၀ ကနေ နောက်ပြန် ရေတွက်တာအစား 00:11:09.739 --> 00:11:12.909 ကျွန်မတို့ အမည်တွေကို ဂါထာလို အထပ်ထပ် ရွတ်ဆိုခဲ့တယ်။ 00:11:13.790 --> 00:11:17.601 သူသေသွားခဲ့ရင် ကျွန်မတို့ အမည်တွေကို ကမ္ဘာမြေပေါ်မှာ သူနောက်ဆုံးပြောခဲ့တဲ့ 00:11:17.625 --> 00:11:18.850 စကားလုံးတွေဖြစ်ချင်ခဲ့တယ် NOTE Paragraph 00:11:21.033 --> 00:11:24.645 ကျွန်မ အဖေက လက်သမားတစ်ဦး၊ Sufi တစ်ဦးပါ။ 00:11:25.185 --> 00:11:26.732 ဒါက အညတရ ဘဝဆိုပေမဲ့ 00:11:26.756 --> 00:11:28.025 ကောင်းမွန်တဲ့ ဘဝတစ်ခုပါ။ 00:11:28.564 --> 00:11:32.476 အဲဒီမှာ လဲနေရင်း သေမင်းကို ရင်ဆိုင်ရင်း သူ့မှာ ရှင်သန်ဖို့ အကြောင်းရှိခဲ့တယ်။ 00:11:32.500 --> 00:11:33.908 ချစ်ခြင်းမေတ္တာပါ။ 00:11:33.932 --> 00:11:36.383 သူ့မိသားစုအတွင်းက ပတ်သက်မှု သဘော၊ 00:11:36.407 --> 00:11:38.136 ဖခင်တစ်ဦးအဖြစ် ရည်ရွယ်ချက် 00:11:38.160 --> 00:11:41.174 သူ့ရဲ့ သမထ ကျင့်စဉ် ကျွန်မတို့ အမည်တွေကို အထပ်ထပ်ရွတ်ခြင်း 00:11:41.198 --> 00:11:43.979 ဒါတွေက သူရှင်ကျန်ခဲ့ခြင်းရဲ့ အကြောင်းရင်းတွေလို့ ပြောပါတယ်။ 00:11:44.003 --> 00:11:46.442 ဒါက သူကိုယ်တိုင် ပြောတဲ့ ဇာတ်လမ်းပါ။ NOTE Paragraph 00:11:47.747 --> 00:11:49.897 ဒါက အဓိပ္ပါယ်ရှိခြင်းရဲ့ အစွမ်းပါ။ 00:11:50.643 --> 00:11:53.435 ပျော်ရွှင်မှုဆိုတာက ပေါ်လိုက်၊ ပျောက်လိုက်ပါ။ 00:11:53.459 --> 00:11:55.308 ဒါပေမဲ့ ဘဝဟာ တကယ်ပဲ ကောင်းပြီး 00:11:55.332 --> 00:11:57.221 အကြောင်းတရားတွေက တကယ်ဆိုးတဲ့အခါ 00:11:57.241 --> 00:12:00.294 အဓိပ္ပါယ်ရှိခြင်းက သင့်ကို ဆုပ်ကိုင်စရာ တစ်ခုခု ပေးပါတယ်။ NOTE Paragraph 00:12:00.322 --> 00:12:01.546 ကျေးဇူးတင်ပါတယ်။ NOTE Paragraph 00:12:01.570 --> 00:12:05.152 (လက်ခုပ်သံများ)