ဘဝ ရည်ရွယ်ချက် တစ်ခုလုံးက ပျော်ရွှင်မှု နောက်လိုက်ခြင်းလို့ ကျွန်မ တွေးခဲ့ဖူးတယ်။ လူတိုင်းပြောတာက ပျော်ရွှင်မှုဆီ လမ်းကြောင်းက အောင်မြင်မှုဆိုတော့ ကျွန်မ အကြိုက်ဆုံး အလုပ်၊ အဆင်ပြေဆုံး ရည်းစား လှပတဲ့ တိုက်ခန်းကို ရှာခဲ့တယ်။ ဒါပေမဲ့ ခံစားမှုကို ဖြည့်ဆည်းပေးတာထက် ကျွန်မ ပူပန်မိ၊ ရေစုန်မျောမိတာပါ။ ကျွန်မ တဦးတည်းမဟုတ်ဘူး၊ မိတ်ဆွေတွေလည်း ဒါနဲ့ ရုန်းကန်ခဲ့ရတယ်။ နောက်ဆုံးမှာ ဘာကလူတေွကို အစစ်အမှန် ပျော်ရွှင်အောင် လုပ်ပေးတာ သင်ယူဖို့ အပြုသဘော စိတ်ပညာအတွက် ဘွဲ့လွန်သင်တန်းတက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ တွေ့ရှိရတာက ကျွန်မ ဘဝကို ပြောင်းလိုက်တယ် ပျော်ရွှင်မှုနောက် လိုက်ခြင်းဟာ လူတွေကို မပျော်ရွှင်စေဘူးလို့ ဒေတာက ပြတယ်။ ကျွန်မကို တကယ် အံ့ဩစေတာက ကမ္ဘာတစ်လွှားမှာ သတ်သေမှုနှုန်းဟာ မြင့်တက်လာနေပြီး မကြာခင်က အမေရိကမှာ နှစ် ၃၀ တွင်း အမြင့်ဆုံး ဖြစ်ခဲ့တာပါ။ စိတ်ကူးလို့ရသမျှတိုင်းနီးပါး အ ဆင့်အတန်းနဲ့ ဘဝဟာ အရှိကိုအရှိအတိုင်း ပိုကောင်းမွန်လာတာတောင် ပိုများတဲ့ လူတွေဟာ မျှော်လင့်ချက်မဲ့တာ၊ စိတ်ဓာတ်ကျတာနဲ့ အထီကျန်တာ ခံစားနေရတယ်။ လူတွေမှာ တစိမ့်စိမ့် ကိုက်ဝါးနေတဲ့ လစ်ဟမှု တစ်ခုရှိပြီး ဒါကို သတိပြုမိဖို့ ခံစားချက်ကင်းကင်းနဲ့ စိတ်ဓာတ်ကျစရာမလိုဘူး။ အနှေးနဲ့ အမြန်ပဲ ကျွန်မတို့အားလုံး ဝေခွဲမရဘူးလို့ ထင်တာက ရှိတာ ဒါ အကုန်လုံးပဲလား။ သုတေသနအရ ဒီစိတ်ပျက်မှုကို တွက်ဆတာက ပျော်ရွှင်မှု ကင်းမဲ့လို့ မဟုတ်ပဲ အြခားအရာ တစ်ခုခု ကင်းမဲ့တာ၊ ဘဝမှာ အဓိပ္ပါယ် ကင်းမဲ့နေတာပါ။ ဒါပေမဲ့ ဒါက ကျွန်မကို မေးခွန်းတွေ ဖြစ်စေတယ်။ ပျော်ရွှင်မှုထက် ပိုတာ ဘဝမှာရှိလား။ ပျော်ရွှင်မှုနဲ့ ဘဝမှာ အဓိပ္ပါယ်ရှိခြင်းကြားက ကွာခြားမှုက ဘာလဲ။ စိတ်ပညာရှင်အများက ပျော်ရွှင်မှုကို နှစ်သိမ့်မှုနဲ့ သက်သာမှုရဲ့ အခြေအနေတစ်ခု၊ တဒဂင်္မှာ နေလို့ကောင်းတာလို့ အနက်ဖွင့်တယ် ဒါပေမဲ့ အဓိပ္ပါယ်က ပိုနက်နဲပါတယ်။ ကျော်ကြားတဲ့ စိတ်ပညာရှင် Martin Seligman ပြောတာက အနက်က ပတ်သက်မှုနဲ့ မိမိကိုယ်ကို လွန်တဲ့ တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်းနဲ့ ကိုယ်တွင်းကို အကောင်းဆုံး ဖွံ့ဖြိုးစေခြင်းကနေ လာတာတဲ့။ ကျွန်မတို့ယဉ်ကျေးမှုက ပျော်ရွှင်မှုကို ဥပါဒါန်ဖြစ်နေတယ် ဒါပေမဲ့ အဓိပ္ပါယ်ရှာခြင်းက ပိုဖြည့်ဆည်း ပေးတဲ့ လမ်းကြောင်းလို့ နားလည်ခဲ့တယ်။ လေ့လာမှုတွေကပြဆိုတာက ဘဝမှာ အဓိပ္ပါယ်ရှိသူတွေဟာ ပိုပြီး ဒဏ်ခံနိုင်ကြတယ်၊ ကျောင်းမှာ၊ အလုပ်မှာ ပိုတော်ကြပြီး အသက်တောင် ပိုရှည်ကြပါတယ်တဲ့။ ဒီတော့ ဒါအားလုံးက ကျွန်မကို အံ့ဩမိစေတယ်။ တစ်ဦးစီဟာ ဘယ်လို အဓိပ္ပါယ်ရှိရှိ ရှင်သန်နိုင်လဲ။ တွေ့ရှိဖို့ ငါးနှစ်တာ ရာနဲ့ချီတဲ့ လူတွေကို တွေ့ဆုံမေးမြန်းပြီး စိတ်ပညာ၊ အာရုံကြောသိပ္ပံ၊ ဒဿနိကဗေဒအကြောင်း ထောင်နဲ့ချီတဲ့ စာမျက်နှာတွေကို ဖတ်ခဲ့တယ်။ ဒါအားလုံးကို စုစည်းလိုက်တော့ တွေ့ရှိရတာက ကျွန်မခေါ်တဲ့ အဓိပ္ပါယ်ရှိတဲ့ ဘဝရဲ့ မဏ္ဍိုင်ကြီး လေးတိုင်ရှိတာပါ။ ကျွန်တို့ဘဝမှာ ဒီ မဏ္ဍိုင်ကြီးတွေထဲက တစ်ချို့ (သို့) အားလုံးကို တည်ဆောက်ရင်း အဓိပ္ပါယ်ရှိတဲ့ ဘဝတွေ ဖန်တီးနိုင်တာပါ။ ပထမ မဏ္ဍိုင်က သက်ဆိုင်ခြင်းပါ၊ ပတ်သက်မှုက သံယောဇဉ်တွေက လာပါတယ်၊ သင့်ကို ပင်ကိုယ်အတိုင်း တန်ဖိုးထားခံရတဲ့ သင်ကလည်း သူတစ်ပါးကို တန်ဖိုးထားတဲ့ နေရာပါ။ ဒါပေမဲ့ တစ်ချို့ အစုတွေ သံယောဇဉ်တွေက ပတ်သက်မှုရဲ့ စျေးပေါတဲ့ ပုံစံ ပို့ပေးတယ်။ သင်ယုံတာအတွက်၊ သင်မုန်းတာအတွက် တန်ဖိုထားခံရတယ်၊ သင်ဘယ်သူဆိုတာအတွက် မဟုတ်ဘူး။ တကယ် ပတ်သက်မှုတွေက မေတ္တာကနေ ပေါက်ဖွားတယ်။ တစ်ဦးချင်းအကြားက တဒင်္ဂတွေမှာ တည်ရှိကာ ဒါက ရွေးချယ်မှုပါ၊ အခြားသူတွေနဲ့ ပတ်သက်မှု ပျိုးထောင်ဖို့ သင်ရွေးနိုင်တယ်။ ဒီမှာ နမူနာတစ်ခုပါ။ မနက်တိုင်း ကျွန်မမိတ်ဆွေ Jonathan ဟာ New York က လက်ပွေ့စျေးသည် တစ်ဦးတည်းဆီကပဲ သတင်းစာတစ်စောင်ဝယ်တယ်။ ဒါပေမဲ့ သူတို့ဟာ အရောင်းအဝယ် သက်သက်မဟုတ်ပါဘူး။ အရှိန်လျှောချဖို့ စကားပြောဖို့ အချိန်ခဏ ယူကာ အချင်းချင်း လူသားတွေလို ဆက်ဆံကြတာပါ။ ဒါပေမဲ့ တစ်ကြိမ်မှာ Jonathan မှာ အကြွေမရှိတော့ စျေးသည်က ပြောတာက "ကိစ္စမရှိပါဘူးဗျာ"တဲ့။ ဒါပေမဲ့ Jonathan ကတော့ အတင်းပေးနေတယ်၊ ဒီတော့ အကြွေရဖို့ စတိုးဆိုင်ကိုသွားပြီး မလိုတာ တစ်ခုခု ဝယ်လိုက်တယ်၊ ဒါပေမဲ့ သူက စျေးသည်ကို ပိုက်ဆံပြန်ပေးတော့ စျေးသည်က နောက်ဆုတ်လိုက်တယ်၊ သူ နာကျင်သွားတာပေါ့။ ကြင်နာစိတ်ရှိတာ လုပ်ဖို့ကြိုးစားပေမဲ့ Jonathan က သူကို့ ငြင်းလိုက်တာလေ။ ကျွန်မတို့အားလုံး ဒါကိုမသိပဲနဲ့ နည်းလမ်း လေးတွေနဲ့ လူတွေကို ငြင်းပယ်ကြတယ်ထင်တယ်။ ကျွန်မတော့ လုပ်တယ်။ ကိုယ်သိတဲ့ တစ်ယောက်ကို ဖြတ်လျှောက်ပြီး အသိအမှတ်ပြုရုံ ပြုတယ်။ တစ်ယောက်က ကိုယ်ကို စကားပြောနေရင် ကိုယ်ဖုန်းကို ကြည့်တယ်။ ဒီလုပ်ဆောင်မှုတွေက အခြာသူတွေကို နှိမ်တာပါ သူတို့ကို ဖျောက်ပစ်ကာ တန်ဖိုးမရှိဘူးလို့ ခံစားမိစေတယ်။ ဒါပေမဲ့ မေတ္တာနဲ့ ဦးဆောင်တော့ အချင်းချင်းကို မြှင့်တင်တဲ့ သံယောဇဉ်ကို သင်ဖန်တီးတာပါ။ လူများစွာအတွက် ပတ်သက်မှုဟာ အဓိပ္ပါယ် ရှိခြင်းရဲ့ အလိုအပ်ဆုံး အရင်းအမြစ်ပါ၊ မိသားစုနဲ့ မိတ်ဆွေတွေအတွက် သံယောဇဉ်တွေပါ။ အခြားသူတွေအတွက်တော့ အဓိပ္ပါယ်ရှိခြင်းရဲ့ သော့ချက်က ဒုတိယ မဏ္ဍိုင်က ရည်ရွယ်ချက်ပါ။ သင့်ရည်ရွယ်ချက်ကို ရှာဖွေခြင်းနဲ့ သင့်ကို ပျော်စေတဲ့ အလုပ်ကို ရှာဖွေခြင်းက တူတဲ့အရာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ဆိုတာက သင်ပေးတယ်ဆိုတာထက် လိုချင်တာ ပိုနည်းပါတယ်။ ဆေးရုံ စောင့်ရှောက်သူက ပြောတာက သူမ ရည်ရွယ်ချက်က နေမကောင်းသူတွေကို ကုသခြင်းတဲ့ မိဘအတော်များများ ပြောကြတာက "ရည်ရွယ်ချက်က ကလေးတွေကို ပျိုးထောင်တာပါ" ရည်ရွယ်ချက်ရဲ့ သော့ချက်က အခြားသူတွေကို ဖြည့်ဆည်းဖို့ မိမိခွန်အားကို သုံးခြင်းပါ။ တကယ်က ကျွန်မတို့အတော်များများအတွက် ဒါက အလုပ်ကနေ ဖြစ်လာတယ်။ ဒါကို ကျွန်မတို့ ပံ့ပိုးပေးပုံ၊ လိုအပ်တယ်လို့ ခံစားရပုံပါ ဒါပေမဲ့ အလုပ်မှာ လွတ်ကင်းအောင်နေတာလို အကြောင်းရပ်လို့လည်း ဆိုလိုပါတယ်၊ အလုပ်အကိုင်မဲ့မှု၊ လုပ်အားပါဝင်မှု နိမ့်ကျမှုတွေပါ၊ ဒါတွေက စီးပွားရေး ပြဿနာတွေသာမဟုတ်ပဲ လူ့ဘဝနဲ့လည်းဆိုင်တာတွေပါ။ လုပ်သင့်လုပ်ထိုက်တာ တစ်ခုခုမရှိရင် လူတွေဟာ စမ်းတဝါးဝါးဖြစ်တယ်။ တကယ်တော့ ရည်ရွယ်ချက်ကို အလုပ်မှာ ရှာဖို့မလိုပဲ ရည်ရွယ်ချက်က သင့်ကို ရှင်သန်ဖို့အတွက် တစ်ခုခုပေးတာပါ၊ "ဘာလို့" ဆိုတာက သင့်ကို ရှေ့ဆက် မောင်းတာပါ။ အဓိပ္ပါယ်ရှိခြင်းရဲ့ တတိယ မဏ္ဍိုင်ကလည်း သင်ကိုယ်တိုင်ရဲ့ အလွန်ကို လှမ်းတာဆိုပေမဲ့ လုံးဝ မတူတဲ့ နည်းနဲ့ပါ သမထသဘောပါ၊ သမထ အခြေအနေတွေဟာ ပျားပန်းခပ်နေတဲ့ နေ့စဉ်ဘဝအထက်ကို သင်မြင့်တက်တဲ့သွားတဲ့အခါ ရှားပါးတဲ့ တဒဂလေးတွေပါ။ သင့်အတ္တ သဘောဟာ မှေးမှိန်ကာ ပိုမြင့်မားတဲ့ ဒိဌဖြစ်ရပ်တစ်ခုဆီ ဆက်သွယ်မိတာ ခံစားရတယ်။ ကျွန်မ စကားပြောခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ အနုပညာကို ကြည့်ရင်းက သမထရတာပါ နောက် ပုဂ္ဂိုလ်ကတော့ ဘုရားကျောင်းမှာပါ။ ကျွန်မအအတွက် စာရေးဆရာမဖြစ်ပြီး စာရေးခြင်းကနေ ရတာပါ။ အချိန်နဲ့ နေရာသဘောအားလုံး ပျောက်ဆုံးတဲ့ နယ်ထဲ တစ်ခါတစ်လေ ရောက်တယ်။ ဒီသမထ အတွေ့အကြုံတွေဟာ သင့်ကို ပြောင်းလဲနိုင်တယ်။ လေ့လာမှုတစ်ခုမှာ ကျောင်းသားတွေဟာ ပေ ၂၀၀ ရှိတဲ့ ယူကလစ်ပင်ကို ငါးမိနစ်ကြာ မော့ကြည့်တယ်၊ ဒါပေမဲ့ နောက်တော့ အတ္တ ဗဟိုပြုတာ ပိုနည်းလာပြီး တစ်ဦးဦးကို ကူညီဖို့ အခွင့်ပေါ်တဲ့အခါ ပိုပြီး ရက်ရက်ရောရောတောင် ပြုမူခဲ့ကြတယ်။ ပတ်သက်မှု၊ ရည်ရွယ်ချက်၊ သမထသဘောပါ။ ကဲ အဓိပ္ပါယ်ရှိခြင်းရဲ့ စတုတ္ထ မဏ္ဍိုင်ကတော့ တွေ့ရှိတာက လူတွေကို အံ့ဩစေတတ်တာပါ။ စတုတ္ထ မဏ္ဍိုင်က ပုံပြောခြင်းပါ၊ သင့်အကြောင်း သင်ကိုယ်တိုင်ပြောတဲ့ ဇာတ်လမ်းပါ။ သင့်ဘဝ ဖြစ်ရပ်တွေကနေ ဇာတ်လမ်းတစ်ပုဒ် ဖန်းတီးခြင်းက ကြည်လင်မှုကို ယူလာပေးတယ်။ သင်ဖြစ်လာပုံကို နားလည်ဖို့ သင့်ကို ကူညီပေးတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ ကိုယ်ဟာ ကိုယ့်ဇာတ်လမ်းရဲ့ စာရေးဆရာတွေဆိုတာ၊ ဒါတွေ ပြောပုံ ပြောင်းလဲနိုင်တာ အမြဲ နားမလည်ဘူး သင့်ဘဝဟာ အဖြစ်အပျက်တွေရဲ့ စာရင်းတစ်ခုပဲမဟုတ်ဘူး။ သင့်ဇာတ်လမ်းကို တည်းဖြတ်၊ အဓိပ္ပာယ်ကောက် သင်ပြန်ပြောနိုင်တယ်၊ အချက်အလက်တွေနဲ့ ကန့်သတ်ခံရတာတောင်ပါ။ Emeka လို့ခေါ်တဲ့ လူငယ်တစ်ဦးနဲ့ ဆုံခဲ့တယ်။ ဘောလုံးကစားရင်း အကြောသေသွားသူပါ ဒဏ်ရာပျောက်တော့ Emeka သူ့ကိုယ်သူ ပြောတာက "ကျွန်တော့ ဘဝက တကယ့်ကို ဘောလုံးကစားခြင်းပါ။ အခု ကျွန်တော့ကို ကြည့်ပါဦး။" ကျွန်မကို ဒီလို ဇာတ်လမ်းတွေ ပြောသူတွေ " ဘဝက ကောင်းခဲ့တယ်၊ အခုတော့ ဆိုးတယ်"ဆိုသူတွေဟာ ပိုပြီး စိတ်ပူ၊ ပိုစိတ်ဓာတ်ကျတတ်ပါတယ်။ ဒါက Emeka အတွက် ခဏတာပါ။ ဒါပေမဲ့ အချိန်နဲ့အတူ မတူညီတဲ့ ဇာတ်လမ်းတစ်ပုဒ် စတင်ဖွဲ့ခဲ့တယ်။ သူ့ဇာတ်လမ်းအသစ်က "ဒဏ်ရာမရခင်က ကျွန်တော့ဘဝက ရည်ရွယ်ချက်မဲ့ခဲ့တယ်။ ပါတီတွေအများကြီး တက်ခဲ့ပြီး တော်တော် တစ်ကိုယ်ကောင်းဆန်တဲ့ကောင်ပါ။ ဒါပေမဲ့ ကျွန်တော့ဒဏ်ရာက ပိုကောင်းတဲ့သူ ဖြစ်ဖို့ ကျွန်တော့ကို သိနားလည်စေခဲ့တယ်။" ဒါက သူ့ရဲ့ ဇာတ်လမ်းကို တည်းဖြတ်ပြီး Emeka ရဲ့ ဘဝကို ပြောင်းလဲစေတယ်။ သူ့ကိုယ်သူ ဇာတ်လမ်းသစ်တစ်ပုဒ် ပြောအပြီး Emeka ဟာ ကလေးတွေ စတင် သင်ကြားပေးတယ်၊ သူ့ရဲ့ ရည်ရွယ်ချက်က ဘာဆိုတာ ရှာဖွေတွေ့ရှိသွားတယ်။ သူတစ်ပါးကို အကျိုးဆောင်တာပါ။ စိတ်ပညာရှင် Dan McAdams က ဒါကို "အဖတ်ဆယ်တဲ့ ဇာတ်လမ်း"လို့ခေါ်ပါတယ်၊ အဆိုးကို အကောင်းနဲ့ ပြန်ထေတာပါ။ သူမြင်တာက အဓိပ္ပါယ်ရှိတဲ့ ဘဝတွေနဲ့ နေသူတွေဟာ အဖတ်ဆယ်မှု၊ ဖြစ်ထွန်းမှုနဲ့ မေတ္တာကနေ ပြဌာန်းတဲ့ သူတို့ဘဝအကြောင်း ဇာတ်လမ်းတွေကို ပြောတတ်ကြတယ်။ လူတွေကို သူတို့ရဲ့ဇာတ်လမ်းတွေ ပြောင်းလဲစေတာက တာလဲ။ တစ်ချို့လူတွေက အထူးကုဆီက အကူအညီယူပေမဲ့ သင်ကိုယ်တိုင်လည်း သင့်ဘဝကို အလေးအနက် ဆင်ခြင်ရုံနဲ့တင် လုပ်လို့ရပါတယ်၊ ပြဌာန်း အတွေ့အကြုံတွေက သင့်ကို ပုံသွင်းပုံ သင်ဆုံးရှုံးတာ၊ သင်ရရှိတာတွေပါ။ ဒါက Emeka လုပ်ခဲ့တာပါ။ ဇာတ်လမ်းက ညတွင်းချင်း သင်ပြောင်းမှာ မဟုတ်ပဲ နှစ်ချီကြာနိုင်ပြီး နာကျင်နိုင်ပါတယ်။ အဆုံးမှာ အားလုံး ဒုက္ခခံခဲ့ရတယ်၊ အားလုံး ရုန်းကန်ကြတာပါ။ ဒါပေမဲ့ ဒီနာကျင်စရာ အမှတ်ရမှုတွေကို လက်ခံယုံကြည်ခြင်းက သင့်ကို အားဖြည့်တဲ့ ကောင်းတာ ရှာဖွေဖို့ ထိုးထွင်းအမြင်သစ်နဲ့ ဉာဏ်ပညာဖြစ်စေတယ်။ ပတ်သက်မှု၊ ရည်ရွယ်ချက်၊ သမထသဘော၊ ပုံပြောခြင်း ဒါတွေဟာ အဓိပ္ပါယ်ရှိခြင်းရဲ့ မဏ္ဍိုင်လေးတိုင်ပါ။ ကျွန်မ ငယ်ငယ်တုန်းက ဒီမဏ္ဍိုင်အားလုံးနဲ့ ဝန်းရံတာ ခံရလောက်အောင် ကံကောင်းခဲ့ပါတယ်။ မိဘတွက Montreal က ကျွန်မတို့ အိမ်ကနေ Sufi စည်းဝေးဆောင် ဖွင့်ခဲ့တယ်။ Sufism ဟာ ချာချာလည် ဘာသာရေးအက အဖွဲ့ဝင်တွေနဲ့ ကဗျာဆရာ Rumi ပတ်သက်တဲ့ ဘာသာရေးဆိုင်ရာ အကျင့်တစ်ခုပါ။ နှစ်ပတ် တစ်ကြိမ် Sufis တွေ ကမ္မဋ္ဌာန်းထိုင်ဖို့၊ ပါးရှန်း လက်ဖက်ရည်သောက်ဖို့၊ ပုံပြင်တွေမျှဝေဖို့ အိမ်ကိုလာကြတယ်။ သူတို့ အကျင့်ဟာ မေတ္တာရဲ့ လုပ်ဆောင်မှုလေးတွေကနေ ဖန်တီးမှု အားလုံးကို ပေးပို့တာလည်း ပါဝင်ပါတယ်၊ ဆိုလိုတာက လူတွေက သင့်ကို အမှားပြုတာတောင် ကြင်နာစိတ်ရှိခြင်းပါေ ဒါပေမဲ့ သူတို့ကို ရည်ရွယ်ချက်တစ်ခု ပေးတယ်၊ အတ္တထဲမှာ ထိန်းဖို့ပါ နောက်ဆုံးမှာ ကျွန်မ အိမ်ကနေ ကောလိပ်ကိုသွားတော့ ကျွန်မဘဝထဲမှာ နေ့စဉ် အခြေခံသင်ကြားမှုမပါပဲ ကြိုးလွတ်နေတယ်လို့ ခံစားမိတယ် ဘဝကို ရှင်သန်ထိုက်အောင် ဖန်တီးပေးတဲ့ ဒီအရာတွေကို စတင် ရှာဖွေခဲ့ပါတယ်။ ဒါက ကျွန်မကို ဒီခရီးပေါ် တင်ပေးလိုက်တာပါ။ ပြန်ကြည့်တော့ Sufi ဂေဟာဟာ အဓိပ္ပါယ်ရှိခြင်းရဲ့ စစ်မှန်တဲ့ ယဉ်ကျေးမှုတစ်ခုဆိုတာ သဘောပေါက်ခဲ့တယ် ဒီမဏ္ဍိုင်တွေဟာ ဗိသုကာရဲ့ အပိုင်းဖြစ်ပြီး မဏ္ဍိုင်တွေရှိတာဟာ အားလုံး ဘဝကို ပိုနက်ရှိုင်းစွာ နေဖို့ကူညီတယ် တကယ်တမ်းက ဒီအလားတူ ဥပဒေသက အခြား အားကောင်းတဲ့ လူမှုအဖွဲ့တွေမှာလည်း အသုံးဝင်ပါတယ်၊ ကောင်းတာတွေ၊ ဆိုးတာတွေ၊ ဂိုဏ်းတွေ၊ ကိုးကွယ်မှုကျင့်စဉ်တွေ၊ ဒါတွေဟာ မဏ္ဍိုင်တွေကို သုံးပြီး လူတွေကို ရှင်သန်ဖိုနဲ့ သေဆုံးဖို့ တစ်ခုခုပေးတဲ့ အဓိပ္ပါယ်ရှိခြင်းရဲ့ ယဉ်ကျေးမှုတွေပါ။ ဒါပေမဲ့ ကျွန်မတို့ဟာ လူမှုအဖွဲ့အစည်းအနေ နဲ့ ပိုကောင်းတဲ့ အပြောင်းအလဲတွေ ပေးရမှာ အတိအကျပါ။ ကျွန်မတို့ မိသားစုတွေ၊ အဖွဲ့အစည်းတွေ အတွင်းမှာ လူတွေ သူတို့အကောင်းဆုံးအတ္တတွေ ဖြစ်လာအောင်ကူညီဖို့ ဒီမဏ္ဍိုင်သုံးခု ဆောက်ဖို့ လိုတယ်။ ဒါပေမဲ့ အဓိပ္ပါယ်ရှိတဲ့ ဘဝနေထိုင်ခြင်းက အလုပ်လိုတယ် ဒါက မရပ်မနား လုပ်ငန်းစဉ်ပါ။ တစ်နေ့ချင်း ဖြတ်သန်းခိုက်မှာ ကျွန်မတို့ဟာ ဘဝကို အဆက်မပြတ် ဖန်တီးနေပြီး ကျွန်မတို့ ဇာတ်လမ်းကို ဖြည့်နေတယ် တစ်ခါတစ်လေတော့ လမ်းကြောင်းကနေ လွဲနိုင်တယ်။ ဒါ ကျွန်မ ကြုံလာတော့ အဖေနဲ့အတူ ရရှိခဲ့တဲ့ စွမ်းအားကောင်းတဲ့ အတွေ့အကြုံတစ်ခုကိုအမှတ်ရမိတယ်။ လများစွာအကြာမှာ ကျွန်မ ကောလိပ်က ဘွဲ့ရခဲ့တယ်၊ ကျွန်မ အဖေဟာ သူ့ကို သေစေလောက်မယ့် ကြီးမားတဲ့ နှလုံးရောဂါ ရခဲ့တယ်။ သူ အသက်ဆက်ရှင်ခဲ့တယ်၊ သူ သေခြင်းနဲ့ ရင်ဆိုင်ရတုန်း စိတ်ထဲမှာ ဘာတွေဖြစ်ခဲ့လဲလို့ သူကိုမေးတော့ ပြောတာက တွေးနိုင်တာဆိုလို့ အကိုနဲ့ ကျွန်မအတွက် သူရှိနိုင်ဖို့ အသက်ရှင်ဖို့လိုတာပဲဆိုတော့ ဒါကနေ အသက်အတွက် ရုန်းကန်ဖို့ စိတ်စွမ်းအား ပေးခဲ့တယ်။ အရေးပေါ် ခွဲစိတ်မှုအတွက် မေ့ဆေးပေးခံရတဲ့အခါ ၁၀ ကနေ နောက်ပြန် ရေတွက်တာအစား ကျွန်မတို့ အမည်တွေကို ဂါထာလို အထပ်ထပ် ရွတ်ဆိုခဲ့တယ်။ သူသေသွားခဲ့ရင် ကျွန်မတို့ အမည်တွေကို ကမ္ဘာမြေပေါ်မှာ သူနောက်ဆုံးပြောခဲ့တဲ့ စကားလုံးတွေဖြစ်ချင်ခဲ့တယ် ကျွန်မ အဖေက လက်သမားတစ်ဦး၊ Sufi တစ်ဦးပါ။ ဒါက အညတရ ဘဝဆိုပေမဲ့ ကောင်းမွန်တဲ့ ဘဝတစ်ခုပါ။ အဲဒီမှာ လဲနေရင်း သေမင်းကို ရင်ဆိုင်ရင်း သူ့မှာ ရှင်သန်ဖို့ အကြောင်းရှိခဲ့တယ်။ ချစ်ခြင်းမေတ္တာပါ။ သူ့မိသားစုအတွင်းက ပတ်သက်မှု သဘော၊ ဖခင်တစ်ဦးအဖြစ် ရည်ရွယ်ချက် သူ့ရဲ့ သမထ ကျင့်စဉ် ကျွန်မတို့ အမည်တွေကို အထပ်ထပ်ရွတ်ခြင်း ဒါတွေက သူရှင်ကျန်ခဲ့ခြင်းရဲ့ အကြောင်းရင်းတွေလို့ ပြောပါတယ်။ ဒါက သူကိုယ်တိုင် ပြောတဲ့ ဇာတ်လမ်းပါ။ ဒါက အဓိပ္ပါယ်ရှိခြင်းရဲ့ အစွမ်းပါ။ ပျော်ရွှင်မှုဆိုတာက ပေါ်လိုက်၊ ပျောက်လိုက်ပါ။ ဒါပေမဲ့ ဘဝဟာ တကယ်ပဲ ကောင်းပြီး အကြောင်းတရားတွေက တကယ်ဆိုးတဲ့အခါ အဓိပ္ပါယ်ရှိခြင်းက သင့်ကို ဆုပ်ကိုင်စရာ တစ်ခုခု ပေးပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)