1 00:00:00,904 --> 00:00:02,183 ဘဝ ရည်ရွယ်ချက် တစ်ခုလုံးက 2 00:00:02,207 --> 00:00:05,941 ပျော်ရွှင်မှု နောက်လိုက်ခြင်းလို့ ကျွန်မ တွေးခဲ့ဖူးတယ်။ 3 00:00:06,680 --> 00:00:10,064 လူတိုင်းပြောတာက ပျော်ရွှင်မှုဆီ လမ်းကြောင်းက အောင်မြင်မှုဆိုတော့ 4 00:00:10,088 --> 00:00:12,586 ကျွန်မ အကြိုက်ဆုံး အလုပ်၊ 5 00:00:12,610 --> 00:00:15,641 အဆင်ပြေဆုံး ရည်းစား လှပတဲ့ တိုက်ခန်းကို ရှာခဲ့တယ်။ 6 00:00:16,998 --> 00:00:19,996 ဒါပေမဲ့ ခံစားမှုကို ဖြည့်ဆည်းပေးတာထက် 7 00:00:20,020 --> 00:00:22,624 ကျွန်မ ပူပန်မိ၊ ရေစုန်မျောမိတာပါ။ 8 00:00:23,195 --> 00:00:27,204 ကျွန်မ တဦးတည်းမဟုတ်ဘူး၊ မိတ်ဆွေတွေလည်း ဒါနဲ့ ရုန်းကန်ခဲ့ရတယ်။ 9 00:00:28,720 --> 00:00:32,989 နောက်ဆုံးမှာ ဘာကလူတေွကို အစစ်အမှန် ပျော်ရွှင်အောင် လုပ်ပေးတာ သင်ယူဖို့ 10 00:00:33,013 --> 00:00:36,233 အပြုသဘော စိတ်ပညာအတွက် ဘွဲ့လွန်သင်တန်းတက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ 11 00:00:36,971 --> 00:00:39,627 ဒါပေမဲ့ အဲဒီမှာ တွေ့ရှိရတာက ကျွန်မ ဘဝကို ပြောင်းလိုက်တယ် 12 00:00:40,452 --> 00:00:45,062 ပျော်ရွှင်မှုနောက် လိုက်ခြင်းဟာ လူတွေကို မပျော်ရွှင်စေဘူးလို့ ဒေတာက ပြတယ်။ 13 00:00:45,967 --> 00:00:48,224 ကျွန်မကို တကယ် အံ့ဩစေတာက 14 00:00:49,058 --> 00:00:51,845 ကမ္ဘာတစ်လွှားမှာ သတ်သေမှုနှုန်းဟာ မြင့်တက်လာနေပြီး 15 00:00:51,869 --> 00:00:54,960 မကြာခင်က အမေရိကမှာ နှစ် ၃၀ တွင်း အမြင့်ဆုံး ဖြစ်ခဲ့တာပါ။ 16 00:00:55,753 --> 00:00:58,516 စိတ်ကူးလို့ရသမျှတိုင်းနီးပါး အ ဆင့်အတန်းနဲ့ ဘဝဟာ 17 00:00:58,540 --> 00:01:01,230 အရှိကိုအရှိအတိုင်း ပိုကောင်းမွန်လာတာတောင် 18 00:01:01,254 --> 00:01:03,453 ပိုများတဲ့ လူတွေဟာ မျှော်လင့်ချက်မဲ့တာ၊ 19 00:01:03,477 --> 00:01:05,602 စိတ်ဓာတ်ကျတာနဲ့ အထီကျန်တာ ခံစားနေရတယ်။ 20 00:01:06,214 --> 00:01:09,027 လူတွေမှာ တစိမ့်စိမ့် ကိုက်ဝါးနေတဲ့ လစ်ဟမှု တစ်ခုရှိပြီး 21 00:01:09,051 --> 00:01:12,321 ဒါကို သတိပြုမိဖို့ ခံစားချက်ကင်းကင်းနဲ့ စိတ်ဓာတ်ကျစရာမလိုဘူး။ 22 00:01:12,345 --> 00:01:15,245 အနှေးနဲ့ အမြန်ပဲ ကျွန်မတို့အားလုံး ဝေခွဲမရဘူးလို့ ထင်တာက 23 00:01:15,784 --> 00:01:18,016 ရှိတာ ဒါ အကုန်လုံးပဲလား။ 24 00:01:19,167 --> 00:01:22,373 သုတေသနအရ ဒီစိတ်ပျက်မှုကို တွက်ဆတာက 25 00:01:22,397 --> 00:01:24,224 ပျော်ရွှင်မှု ကင်းမဲ့လို့ မဟုတ်ပဲ 26 00:01:24,248 --> 00:01:26,090 အြခားအရာ တစ်ခုခု ကင်းမဲ့တာ၊ 27 00:01:26,817 --> 00:01:29,755 ဘဝမှာ အဓိပ္ပါယ် ကင်းမဲ့နေတာပါ။ 28 00:01:30,962 --> 00:01:33,355 ဒါပေမဲ့ ဒါက ကျွန်မကို မေးခွန်းတွေ ဖြစ်စေတယ်။ 29 00:01:33,855 --> 00:01:36,454 ပျော်ရွှင်မှုထက် ပိုတာ ဘဝမှာရှိလား။ 30 00:01:37,216 --> 00:01:39,639 ပျော်ရွှင်မှုနဲ့ ဘဝမှာ အဓိပ္ပါယ်ရှိခြင်းကြားက 31 00:01:39,663 --> 00:01:41,554 ကွာခြားမှုက ဘာလဲ။ 32 00:01:42,329 --> 00:01:47,033 စိတ်ပညာရှင်အများက ပျော်ရွှင်မှုကို နှစ်သိမ့်မှုနဲ့ သက်သာမှုရဲ့ အခြေအနေတစ်ခု၊ 33 00:01:47,033 --> 00:01:49,392 တဒဂင်္မှာ နေလို့ကောင်းတာလို့ အနက်ဖွင့်တယ် 34 00:01:50,098 --> 00:01:51,756 ဒါပေမဲ့ အဓိပ္ပါယ်က ပိုနက်နဲပါတယ်။ 35 00:01:52,278 --> 00:01:54,842 ကျော်ကြားတဲ့ စိတ်ပညာရှင် Martin Seligman ပြောတာက 36 00:01:54,866 --> 00:01:59,513 အနက်က ပတ်သက်မှုနဲ့ မိမိကိုယ်ကို လွန်တဲ့ တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်းနဲ့ 37 00:01:59,537 --> 00:02:02,220 ကိုယ်တွင်းကို အကောင်းဆုံး ဖွံ့ဖြိုးစေခြင်းကနေ လာတာတဲ့။ 38 00:02:03,617 --> 00:02:06,212 ကျွန်မတို့ယဉ်ကျေးမှုက ပျော်ရွှင်မှုကို ဥပါဒါန်ဖြစ်နေတယ် 39 00:02:06,236 --> 00:02:10,343 ဒါပေမဲ့ အဓိပ္ပါယ်ရှာခြင်းက ပိုဖြည့်ဆည်း ပေးတဲ့ လမ်းကြောင်းလို့ နားလည်ခဲ့တယ်။ 40 00:02:10,367 --> 00:02:13,296 လေ့လာမှုတွေကပြဆိုတာက ဘဝမှာ အဓိပ္ပါယ်ရှိသူတွေဟာ 41 00:02:13,320 --> 00:02:14,730 ပိုပြီး ဒဏ်ခံနိုင်ကြတယ်၊ 42 00:02:14,754 --> 00:02:17,311 ကျောင်းမှာ၊ အလုပ်မှာ ပိုတော်ကြပြီး 43 00:02:17,335 --> 00:02:18,942 အသက်တောင် ပိုရှည်ကြပါတယ်တဲ့။ 44 00:02:19,985 --> 00:02:22,006 ဒီတော့ ဒါအားလုံးက ကျွန်မကို အံ့ဩမိစေတယ်။ 45 00:02:22,030 --> 00:02:24,504 တစ်ဦးစီဟာ ဘယ်လို အဓိပ္ပါယ်ရှိရှိ ရှင်သန်နိုင်လဲ။ 46 00:02:25,980 --> 00:02:29,658 တွေ့ရှိဖို့ ငါးနှစ်တာ ရာနဲ့ချီတဲ့ လူတွေကို တွေ့ဆုံမေးမြန်းပြီး 47 00:02:29,682 --> 00:02:32,583 စိတ်ပညာ၊ အာရုံကြောသိပ္ပံ၊ ဒဿနိကဗေဒအကြောင်း 48 00:02:32,607 --> 00:02:34,708 ထောင်နဲ့ချီတဲ့ စာမျက်နှာတွေကို ဖတ်ခဲ့တယ်။ 49 00:02:35,366 --> 00:02:37,155 ဒါအားလုံးကို စုစည်းလိုက်တော့ 50 00:02:37,179 --> 00:02:42,520 တွေ့ရှိရတာက ကျွန်မခေါ်တဲ့ အဓိပ္ပါယ်ရှိတဲ့ ဘဝရဲ့ မဏ္ဍိုင်ကြီး လေးတိုင်ရှိတာပါ။ 51 00:02:42,544 --> 00:02:44,978 ကျွန်တို့ဘဝမှာ ဒီ မဏ္ဍိုင်ကြီးတွေထဲက တစ်ချို့ 52 00:02:45,002 --> 00:02:48,351 (သို့) အားလုံးကို တည်ဆောက်ရင်း အဓိပ္ပါယ်ရှိတဲ့ ဘဝတွေ ဖန်တီးနိုင်တာပါ။ 53 00:02:49,428 --> 00:02:51,616 ပထမ မဏ္ဍိုင်က သက်ဆိုင်ခြင်းပါ၊ 54 00:02:52,378 --> 00:02:54,685 ပတ်သက်မှုက သံယောဇဉ်တွေက လာပါတယ်၊ 55 00:02:54,709 --> 00:02:57,414 သင့်ကို ပင်ကိုယ်အတိုင်း တန်ဖိုးထားခံရတဲ့ 56 00:02:57,438 --> 00:02:59,551 သင်ကလည်း သူတစ်ပါးကို တန်ဖိုးထားတဲ့ နေရာပါ။ 57 00:03:00,218 --> 00:03:04,908 ဒါပေမဲ့ တစ်ချို့ အစုတွေ သံယောဇဉ်တွေက ပတ်သက်မှုရဲ့ စျေးပေါတဲ့ ပုံစံ ပို့ပေးတယ်။ 58 00:03:04,932 --> 00:03:06,825 သင်ယုံတာအတွက်၊ သင်မုန်းတာအတွက် 59 00:03:06,849 --> 00:03:08,095 တန်ဖိုထားခံရတယ်၊ 60 00:03:08,119 --> 00:03:09,664 သင်ဘယ်သူဆိုတာအတွက် မဟုတ်ဘူး။ 61 00:03:10,420 --> 00:03:13,203 တကယ် ပတ်သက်မှုတွေက မေတ္တာကနေ ပေါက်ဖွားတယ်။ 62 00:03:13,227 --> 00:03:16,212 တစ်ဦးချင်းအကြားက တဒင်္ဂတွေမှာ တည်ရှိကာ 63 00:03:16,236 --> 00:03:20,081 ဒါက ရွေးချယ်မှုပါ၊ အခြားသူတွေနဲ့ ပတ်သက်မှု ပျိုးထောင်ဖို့ သင်ရွေးနိုင်တယ်။ 64 00:03:20,661 --> 00:03:22,268 ဒီမှာ နမူနာတစ်ခုပါ။ 65 00:03:22,292 --> 00:03:25,847 မနက်တိုင်း ကျွန်မမိတ်ဆွေ Jonathan ဟာ New York က လက်ပွေ့စျေးသည် 66 00:03:25,871 --> 00:03:28,089 တစ်ဦးတည်းဆီကပဲ သတင်းစာတစ်စောင်ဝယ်တယ်။ 67 00:03:28,502 --> 00:03:30,782 ဒါပေမဲ့ သူတို့ဟာ အရောင်းအဝယ် သက်သက်မဟုတ်ပါဘူး။ 68 00:03:30,806 --> 00:03:33,489 အရှိန်လျှောချဖို့ စကားပြောဖို့ အချိန်ခဏ ယူကာ 69 00:03:33,513 --> 00:03:35,419 အချင်းချင်း လူသားတွေလို ဆက်ဆံကြတာပါ။ 70 00:03:36,038 --> 00:03:39,432 ဒါပေမဲ့ တစ်ကြိမ်မှာ Jonathan မှာ အကြွေမရှိတော့ 71 00:03:39,456 --> 00:03:40,676 စျေးသည်က ပြောတာက 72 00:03:40,700 --> 00:03:42,220 "ကိစ္စမရှိပါဘူးဗျာ"တဲ့။ 73 00:03:42,244 --> 00:03:44,731 ဒါပေမဲ့ Jonathan ကတော့ အတင်းပေးနေတယ်၊ 74 00:03:44,755 --> 00:03:47,767 ဒီတော့ အကြွေရဖို့ စတိုးဆိုင်ကိုသွားပြီး မလိုတာ တစ်ခုခု 75 00:03:47,791 --> 00:03:49,252 ဝယ်လိုက်တယ်၊ 76 00:03:49,992 --> 00:03:52,615 ဒါပေမဲ့ သူက စျေးသည်ကို ပိုက်ဆံပြန်ပေးတော့ 77 00:03:52,639 --> 00:03:54,161 စျေးသည်က နောက်ဆုတ်လိုက်တယ်၊ 78 00:03:54,820 --> 00:03:56,098 သူ နာကျင်သွားတာပေါ့။ 79 00:03:56,715 --> 00:03:58,564 ကြင်နာစိတ်ရှိတာ လုပ်ဖို့ကြိုးစားပေမဲ့ 80 00:03:58,588 --> 00:04:00,835 Jonathan က သူကို့ ငြင်းလိုက်တာလေ။ 81 00:04:02,113 --> 00:04:06,264 ကျွန်မတို့အားလုံး ဒါကိုမသိပဲနဲ့ နည်းလမ်း လေးတွေနဲ့ လူတွေကို ငြင်းပယ်ကြတယ်ထင်တယ်။ 82 00:04:06,288 --> 00:04:07,486 ကျွန်မတော့ လုပ်တယ်။ 83 00:04:07,510 --> 00:04:10,573 ကိုယ်သိတဲ့ တစ်ယောက်ကို ဖြတ်လျှောက်ပြီး အသိအမှတ်ပြုရုံ ပြုတယ်။ 84 00:04:10,597 --> 00:04:13,244 တစ်ယောက်က ကိုယ်ကို စကားပြောနေရင် ကိုယ်ဖုန်းကို ကြည့်တယ်။ 85 00:04:13,678 --> 00:04:15,607 ဒီလုပ်ဆောင်မှုတွေက အခြာသူတွေကို နှိမ်တာပါ 86 00:04:15,631 --> 00:04:18,384 သူတို့ကို ဖျောက်ပစ်ကာ တန်ဖိုးမရှိဘူးလို့ ခံစားမိစေတယ်။ 87 00:04:19,130 --> 00:04:21,882 ဒါပေမဲ့ မေတ္တာနဲ့ ဦးဆောင်တော့ အချင်းချင်းကို မြှင့်တင်တဲ့ 88 00:04:21,906 --> 00:04:23,578 သံယောဇဉ်ကို သင်ဖန်တီးတာပါ။ 89 00:04:25,030 --> 00:04:28,658 လူများစွာအတွက် ပတ်သက်မှုဟာ အဓိပ္ပါယ် ရှိခြင်းရဲ့ အလိုအပ်ဆုံး အရင်းအမြစ်ပါ၊ 90 00:04:28,682 --> 00:04:30,680 မိသားစုနဲ့ မိတ်ဆွေတွေအတွက် သံယောဇဉ်တွေပါ။ 91 00:04:31,176 --> 00:04:35,181 အခြားသူတွေအတွက်တော့ အဓိပ္ပါယ်ရှိခြင်းရဲ့ သော့ချက်က ဒုတိယ မဏ္ဍိုင်က ရည်ရွယ်ချက်ပါ။ 92 00:04:35,844 --> 00:04:38,759 သင့်ရည်ရွယ်ချက်ကို ရှာဖွေခြင်းနဲ့ သင့်ကို ပျော်စေတဲ့ အလုပ်ကို 93 00:04:38,783 --> 00:04:41,031 ရှာဖွေခြင်းက တူတဲ့အရာ မဟုတ်ပါဘူး။ 94 00:04:41,520 --> 00:04:44,979 ရည်ရွယ်ချက်ဆိုတာက သင်ပေးတယ်ဆိုတာထက် လိုချင်တာ ပိုနည်းပါတယ်။ 95 00:04:45,003 --> 00:04:49,491 ဆေးရုံ စောင့်ရှောက်သူက ပြောတာက သူမ ရည်ရွယ်ချက်က နေမကောင်းသူတွေကို ကုသခြင်းတဲ့ 96 00:04:49,515 --> 00:04:51,226 မိဘအတော်များများ ပြောကြတာက 97 00:04:51,250 --> 00:04:53,186 "ရည်ရွယ်ချက်က ကလေးတွေကို ပျိုးထောင်တာပါ" 98 00:04:53,527 --> 00:04:57,571 ရည်ရွယ်ချက်ရဲ့ သော့ချက်က အခြားသူတွေကို ဖြည့်ဆည်းဖို့ မိမိခွန်အားကို သုံးခြင်းပါ။ 99 00:04:58,381 --> 00:05:01,889 တကယ်က ကျွန်မတို့အတော်များများအတွက် ဒါက အလုပ်ကနေ ဖြစ်လာတယ်။ 100 00:05:01,913 --> 00:05:04,892 ဒါကို ကျွန်မတို့ ပံ့ပိုးပေးပုံ၊ လိုအပ်တယ်လို့ ခံစားရပုံပါ 101 00:05:04,916 --> 00:05:08,776 ဒါပေမဲ့ အလုပ်မှာ လွတ်ကင်းအောင်နေတာလို အကြောင်းရပ်လို့လည်း ဆိုလိုပါတယ်၊ 102 00:05:08,800 --> 00:05:10,213 အလုပ်အကိုင်မဲ့မှု၊ 103 00:05:10,237 --> 00:05:12,464 လုပ်အားပါဝင်မှု နိမ့်ကျမှုတွေပါ၊ 104 00:05:12,488 --> 00:05:16,179 ဒါတွေက စီးပွားရေး ပြဿနာတွေသာမဟုတ်ပဲ လူ့ဘဝနဲ့လည်းဆိုင်တာတွေပါ။ 105 00:05:16,821 --> 00:05:19,034 လုပ်သင့်လုပ်ထိုက်တာ တစ်ခုခုမရှိရင် 106 00:05:19,058 --> 00:05:20,359 လူတွေဟာ စမ်းတဝါးဝါးဖြစ်တယ်။ 107 00:05:21,493 --> 00:05:24,109 တကယ်တော့ ရည်ရွယ်ချက်ကို အလုပ်မှာ ရှာဖို့မလိုပဲ 108 00:05:24,133 --> 00:05:26,862 ရည်ရွယ်ချက်က သင့်ကို ရှင်သန်ဖို့အတွက် တစ်ခုခုပေးတာပါ၊ 109 00:05:26,886 --> 00:05:28,966 "ဘာလို့" ဆိုတာက သင့်ကို ရှေ့ဆက် မောင်းတာပါ။ 110 00:05:31,147 --> 00:05:34,447 အဓိပ္ပါယ်ရှိခြင်းရဲ့ တတိယ မဏ္ဍိုင်ကလည်း သင်ကိုယ်တိုင်ရဲ့ အလွန်ကို 111 00:05:34,471 --> 00:05:36,313 လှမ်းတာဆိုပေမဲ့ လုံးဝ မတူတဲ့ နည်းနဲ့ပါ 112 00:05:36,337 --> 00:05:37,924 သမထသဘောပါ၊ 113 00:05:37,948 --> 00:05:40,325 သမထ အခြေအနေတွေဟာ ပျားပန်းခပ်နေတဲ့ နေ့စဉ်ဘဝအထက်ကို 114 00:05:40,349 --> 00:05:43,761 သင်မြင့်တက်တဲ့သွားတဲ့အခါ ရှားပါးတဲ့ တဒဂလေးတွေပါ။ 115 00:05:43,785 --> 00:05:45,490 သင့်အတ္တ သဘောဟာ မှေးမှိန်ကာ 116 00:05:45,514 --> 00:05:48,288 ပိုမြင့်မားတဲ့ ဒိဌဖြစ်ရပ်တစ်ခုဆီ ဆက်သွယ်မိတာ ခံစားရတယ်။ 117 00:05:49,214 --> 00:05:52,904 ကျွန်မ စကားပြောခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ အနုပညာကို ကြည့်ရင်းက သမထရတာပါ 118 00:05:52,928 --> 00:05:55,458 နောက် ပုဂ္ဂိုလ်ကတော့ ဘုရားကျောင်းမှာပါ။ 119 00:05:55,482 --> 00:05:59,036 ကျွန်မအအတွက် စာရေးဆရာမဖြစ်ပြီး စာရေးခြင်းကနေ ရတာပါ။ 120 00:05:59,060 --> 00:06:04,130 အချိန်နဲ့ နေရာသဘောအားလုံး ပျောက်ဆုံးတဲ့ နယ်ထဲ တစ်ခါတစ်လေ ရောက်တယ်။ 121 00:06:04,757 --> 00:06:07,903 ဒီသမထ အတွေ့အကြုံတွေဟာ သင့်ကို ပြောင်းလဲနိုင်တယ်။ 122 00:06:07,927 --> 00:06:12,451 လေ့လာမှုတစ်ခုမှာ ကျောင်းသားတွေဟာ ပေ ၂၀၀ ရှိတဲ့ ယူကလစ်ပင်ကို 123 00:06:12,475 --> 00:06:13,676 ငါးမိနစ်ကြာ မော့ကြည့်တယ်၊ 124 00:06:14,263 --> 00:06:16,417 ဒါပေမဲ့ နောက်တော့ အတ္တ ဗဟိုပြုတာ ပိုနည်းလာပြီး 125 00:06:16,441 --> 00:06:18,385 တစ်ဦးဦးကို ကူညီဖို့ အခွင့်ပေါ်တဲ့အခါ 126 00:06:18,409 --> 00:06:20,479 ပိုပြီး ရက်ရက်ရောရောတောင် ပြုမူခဲ့ကြတယ်။ 127 00:06:21,582 --> 00:06:25,302 ပတ်သက်မှု၊ ရည်ရွယ်ချက်၊ သမထသဘောပါ။ 128 00:06:26,374 --> 00:06:29,097 ကဲ အဓိပ္ပါယ်ရှိခြင်းရဲ့ စတုတ္ထ မဏ္ဍိုင်ကတော့ 129 00:06:29,121 --> 00:06:30,876 တွေ့ရှိတာက လူတွေကို အံ့ဩစေတတ်တာပါ။ 130 00:06:31,366 --> 00:06:34,100 စတုတ္ထ မဏ္ဍိုင်က ပုံပြောခြင်းပါ၊ 131 00:06:34,124 --> 00:06:36,989 သင့်အကြောင်း သင်ကိုယ်တိုင်ပြောတဲ့ ဇာတ်လမ်းပါ။ 132 00:06:37,616 --> 00:06:41,760 သင့်ဘဝ ဖြစ်ရပ်တွေကနေ ဇာတ်လမ်းတစ်ပုဒ် ဖန်းတီးခြင်းက ကြည်လင်မှုကို ယူလာပေးတယ်။ 133 00:06:41,784 --> 00:06:44,820 သင်ဖြစ်လာပုံကို နားလည်ဖို့ သင့်ကို ကူညီပေးတယ်။ 134 00:06:45,669 --> 00:06:48,765 ဒါပေမဲ့ ကျွန်မတို့ဟာ ကိုယ်ဟာ ကိုယ့်ဇာတ်လမ်းရဲ့ စာရေးဆရာတွေဆိုတာ၊ 135 00:06:48,789 --> 00:06:50,952 ဒါတွေ ပြောပုံ ပြောင်းလဲနိုင်တာ အမြဲ နားမလည်ဘူး 136 00:06:50,976 --> 00:06:53,467 သင့်ဘဝဟာ အဖြစ်အပျက်တွေရဲ့ စာရင်းတစ်ခုပဲမဟုတ်ဘူး။ 137 00:06:53,491 --> 00:06:56,707 သင့်ဇာတ်လမ်းကို တည်းဖြတ်၊ အဓိပ္ပာယ်ကောက် သင်ပြန်ပြောနိုင်တယ်၊ 138 00:06:56,731 --> 00:06:58,951 အချက်အလက်တွေနဲ့ ကန့်သတ်ခံရတာတောင်ပါ။ 139 00:06:59,681 --> 00:07:04,309 Emeka လို့ခေါ်တဲ့ လူငယ်တစ်ဦးနဲ့ ဆုံခဲ့တယ်။ ဘောလုံးကစားရင်း အကြောသေသွားသူပါ 140 00:07:04,920 --> 00:07:07,379 ဒဏ်ရာပျောက်တော့ Emeka သူ့ကိုယ်သူ ပြောတာက 141 00:07:07,403 --> 00:07:10,108 "ကျွန်တော့ ဘဝက တကယ့်ကို ဘောလုံးကစားခြင်းပါ။ 142 00:07:10,132 --> 00:07:12,256 အခု ကျွန်တော့ကို ကြည့်ပါဦး။" 143 00:07:14,002 --> 00:07:16,294 ကျွန်မကို ဒီလို ဇာတ်လမ်းတွေ ပြောသူတွေ 144 00:07:16,318 --> 00:07:18,842 " ဘဝက ကောင်းခဲ့တယ်၊ အခုတော့ ဆိုးတယ်"ဆိုသူတွေဟာ 145 00:07:18,866 --> 00:07:21,688 ပိုပြီး စိတ်ပူ၊ ပိုစိတ်ဓာတ်ကျတတ်ပါတယ်။ 146 00:07:21,712 --> 00:07:24,041 ဒါက Emeka အတွက် ခဏတာပါ။ 147 00:07:24,573 --> 00:07:27,964 ဒါပေမဲ့ အချိန်နဲ့အတူ မတူညီတဲ့ ဇာတ်လမ်းတစ်ပုဒ် စတင်ဖွဲ့ခဲ့တယ်။ 148 00:07:28,415 --> 00:07:30,148 သူ့ဇာတ်လမ်းအသစ်က 149 00:07:30,172 --> 00:07:33,439 "ဒဏ်ရာမရခင်က ကျွန်တော့ဘဝက ရည်ရွယ်ချက်မဲ့ခဲ့တယ်။ 150 00:07:33,463 --> 00:07:36,716 ပါတီတွေအများကြီး တက်ခဲ့ပြီး တော်တော် တစ်ကိုယ်ကောင်းဆန်တဲ့ကောင်ပါ။ 151 00:07:36,740 --> 00:07:40,448 ဒါပေမဲ့ ကျွန်တော့ဒဏ်ရာက ပိုကောင်းတဲ့သူ ဖြစ်ဖို့ ကျွန်တော့ကို သိနားလည်စေခဲ့တယ်။" 152 00:07:41,488 --> 00:07:45,029 ဒါက သူ့ရဲ့ ဇာတ်လမ်းကို တည်းဖြတ်ပြီး Emeka ရဲ့ ဘဝကို ပြောင်းလဲစေတယ်။ 153 00:07:45,053 --> 00:07:47,484 သူ့ကိုယ်သူ ဇာတ်လမ်းသစ်တစ်ပုဒ် ပြောအပြီး 154 00:07:47,508 --> 00:07:49,430 Emeka ဟာ ကလေးတွေ စတင် သင်ကြားပေးတယ်၊ 155 00:07:49,454 --> 00:07:51,820 သူ့ရဲ့ ရည်ရွယ်ချက်က ဘာဆိုတာ ရှာဖွေတွေ့ရှိသွားတယ်။ 156 00:07:51,844 --> 00:07:53,234 သူတစ်ပါးကို အကျိုးဆောင်တာပါ။ 157 00:07:54,101 --> 00:07:57,479 စိတ်ပညာရှင် Dan McAdams က ဒါကို "အဖတ်ဆယ်တဲ့ ဇာတ်လမ်း"လို့ခေါ်ပါတယ်၊ 158 00:07:57,503 --> 00:07:59,786 အဆိုးကို အကောင်းနဲ့ ပြန်ထေတာပါ။ 159 00:08:00,627 --> 00:08:02,810 သူမြင်တာက အဓိပ္ပါယ်ရှိတဲ့ ဘဝတွေနဲ့ နေသူတွေဟာ 160 00:08:02,834 --> 00:08:04,765 အဖတ်ဆယ်မှု၊ ဖြစ်ထွန်းမှုနဲ့ မေတ္တာကနေ 161 00:08:04,789 --> 00:08:07,811 ပြဌာန်းတဲ့ သူတို့ဘဝအကြောင်း ဇာတ်လမ်းတွေကို ပြောတတ်ကြတယ်။ 162 00:08:08,723 --> 00:08:11,185 လူတွေကို သူတို့ရဲ့ဇာတ်လမ်းတွေ ပြောင်းလဲစေတာက တာလဲ။ 163 00:08:11,725 --> 00:08:13,653 တစ်ချို့လူတွေက အထူးကုဆီက အကူအညီယူပေမဲ့ 164 00:08:13,677 --> 00:08:15,487 သင်ကိုယ်တိုင်လည်း သင့်ဘဝကို အလေးအနက် 165 00:08:15,511 --> 00:08:18,271 ဆင်ခြင်ရုံနဲ့တင် လုပ်လို့ရပါတယ်၊ 166 00:08:18,295 --> 00:08:20,382 ပြဌာန်း အတွေ့အကြုံတွေက သင့်ကို ပုံသွင်းပုံ 167 00:08:20,406 --> 00:08:22,143 သင်ဆုံးရှုံးတာ၊ သင်ရရှိတာတွေပါ။ 168 00:08:22,589 --> 00:08:24,123 ဒါက Emeka လုပ်ခဲ့တာပါ။ 169 00:08:25,012 --> 00:08:27,058 ဇာတ်လမ်းက ညတွင်းချင်း သင်ပြောင်းမှာ မဟုတ်ပဲ 170 00:08:27,082 --> 00:08:29,427 နှစ်ချီကြာနိုင်ပြီး နာကျင်နိုင်ပါတယ်။ 171 00:08:29,451 --> 00:08:32,385 အဆုံးမှာ အားလုံး ဒုက္ခခံခဲ့ရတယ်၊ အားလုံး ရုန်းကန်ကြတာပါ။ 172 00:08:32,957 --> 00:08:37,296 ဒါပေမဲ့ ဒီနာကျင်စရာ အမှတ်ရမှုတွေကို လက်ခံယုံကြည်ခြင်းက သင့်ကို အားဖြည့်တဲ့ 173 00:08:37,320 --> 00:08:40,385 ကောင်းတာ ရှာဖွေဖို့ ထိုးထွင်းအမြင်သစ်နဲ့ ဉာဏ်ပညာဖြစ်စေတယ်။ 174 00:08:42,584 --> 00:08:47,117 ပတ်သက်မှု၊ ရည်ရွယ်ချက်၊ သမထသဘော၊ ပုံပြောခြင်း 175 00:08:47,863 --> 00:08:50,594 ဒါတွေဟာ အဓိပ္ပါယ်ရှိခြင်းရဲ့ မဏ္ဍိုင်လေးတိုင်ပါ။ 176 00:08:51,626 --> 00:08:53,232 ကျွန်မ ငယ်ငယ်တုန်းက 177 00:08:53,256 --> 00:08:56,894 ဒီမဏ္ဍိုင်အားလုံးနဲ့ ဝန်းရံတာ ခံရလောက်အောင် ကံကောင်းခဲ့ပါတယ်။ 178 00:08:57,381 --> 00:09:01,921 မိဘတွက Montreal က ကျွန်မတို့ အိမ်ကနေ Sufi စည်းဝေးဆောင် ဖွင့်ခဲ့တယ်။ 179 00:09:02,686 --> 00:09:07,169 Sufism ဟာ ချာချာလည် ဘာသာရေးအက အဖွဲ့ဝင်တွေနဲ့ ကဗျာဆရာ Rumi ပတ်သက်တဲ့ 180 00:09:07,193 --> 00:09:08,586 ဘာသာရေးဆိုင်ရာ အကျင့်တစ်ခုပါ။ 181 00:09:09,430 --> 00:09:12,005 နှစ်ပတ် တစ်ကြိမ် Sufis တွေ ကမ္မဋ္ဌာန်းထိုင်ဖို့၊ 182 00:09:12,029 --> 00:09:15,789 ပါးရှန်း လက်ဖက်ရည်သောက်ဖို့၊ ပုံပြင်တွေမျှဝေဖို့ အိမ်ကိုလာကြတယ်။ 183 00:09:16,209 --> 00:09:19,166 သူတို့ အကျင့်ဟာ မေတ္တာရဲ့ လုပ်ဆောင်မှုလေးတွေကနေ ဖန်တီးမှု 184 00:09:19,190 --> 00:09:21,000 အားလုံးကို ပေးပို့တာလည်း ပါဝင်ပါတယ်၊ 185 00:09:21,024 --> 00:09:24,365 ဆိုလိုတာက လူတွေက သင့်ကို အမှားပြုတာတောင် ကြင်နာစိတ်ရှိခြင်းပါေ 186 00:09:24,389 --> 00:09:27,543 ဒါပေမဲ့ သူတို့ကို ရည်ရွယ်ချက်တစ်ခု ပေးတယ်၊ အတ္တထဲမှာ ထိန်းဖို့ပါ 187 00:09:28,912 --> 00:09:31,528 နောက်ဆုံးမှာ ကျွန်မ အိမ်ကနေ ကောလိပ်ကိုသွားတော့ 188 00:09:31,552 --> 00:09:35,254 ကျွန်မဘဝထဲမှာ နေ့စဉ် အခြေခံသင်ကြားမှုမပါပဲ 189 00:09:35,278 --> 00:09:36,866 ကြိုးလွတ်နေတယ်လို့ ခံစားမိတယ် 190 00:09:36,890 --> 00:09:40,478 ဘဝကို ရှင်သန်ထိုက်အောင် ဖန်တီးပေးတဲ့ ဒီအရာတွေကို စတင် ရှာဖွေခဲ့ပါတယ်။ 191 00:09:40,502 --> 00:09:42,615 ဒါက ကျွန်မကို ဒီခရီးပေါ် တင်ပေးလိုက်တာပါ။ 192 00:09:43,012 --> 00:09:44,769 ပြန်ကြည့်တော့ Sufi ဂေဟာဟာ 193 00:09:44,793 --> 00:09:48,035 အဓိပ္ပါယ်ရှိခြင်းရဲ့ စစ်မှန်တဲ့ ယဉ်ကျေးမှုတစ်ခုဆိုတာ သဘောပေါက်ခဲ့တယ် 194 00:09:48,059 --> 00:09:50,565 ဒီမဏ္ဍိုင်တွေဟာ ဗိသုကာရဲ့ အပိုင်းဖြစ်ပြီး 195 00:09:50,589 --> 00:09:53,815 မဏ္ဍိုင်တွေရှိတာဟာ အားလုံး ဘဝကို ပိုနက်ရှိုင်းစွာ နေဖို့ကူညီတယ် 196 00:09:54,414 --> 00:09:56,735 တကယ်တမ်းက ဒီအလားတူ ဥပဒေသက အခြား အားကောင်းတဲ့ 197 00:09:56,759 --> 00:09:58,960 လူမှုအဖွဲ့တွေမှာလည်း အသုံးဝင်ပါတယ်၊ 198 00:09:58,984 --> 00:10:01,006 ကောင်းတာတွေ၊ ဆိုးတာတွေ၊ 199 00:10:01,556 --> 00:10:03,585 ဂိုဏ်းတွေ၊ ကိုးကွယ်မှုကျင့်စဉ်တွေ၊ 200 00:10:03,609 --> 00:10:06,622 ဒါတွေဟာ မဏ္ဍိုင်တွေကို သုံးပြီး လူတွေကို ရှင်သန်ဖိုနဲ့ 201 00:10:06,646 --> 00:10:10,024 သေဆုံးဖို့ တစ်ခုခုပေးတဲ့ အဓိပ္ပါယ်ရှိခြင်းရဲ့ ယဉ်ကျေးမှုတွေပါ။ 202 00:10:10,048 --> 00:10:12,915 ဒါပေမဲ့ ကျွန်မတို့ဟာ လူမှုအဖွဲ့အစည်းအနေ နဲ့ ပိုကောင်းတဲ့ 203 00:10:12,939 --> 00:10:15,048 အပြောင်းအလဲတွေ ပေးရမှာ အတိအကျပါ။ 204 00:10:15,072 --> 00:10:18,823 ကျွန်မတို့ မိသားစုတွေ၊ အဖွဲ့အစည်းတွေ အတွင်းမှာ လူတွေ သူတို့အကောင်းဆုံးအတ္တတွေ 205 00:10:18,847 --> 00:10:21,429 ဖြစ်လာအောင်ကူညီဖို့ ဒီမဏ္ဍိုင်သုံးခု ဆောက်ဖို့ လိုတယ်။ 206 00:10:22,524 --> 00:10:25,110 ဒါပေမဲ့ အဓိပ္ပါယ်ရှိတဲ့ ဘဝနေထိုင်ခြင်းက အလုပ်လိုတယ် 207 00:10:25,134 --> 00:10:27,009 ဒါက မရပ်မနား လုပ်ငန်းစဉ်ပါ။ 208 00:10:27,033 --> 00:10:30,762 တစ်နေ့ချင်း ဖြတ်သန်းခိုက်မှာ ကျွန်မတို့ဟာ ဘဝကို အဆက်မပြတ် ဖန်တီးနေပြီး 209 00:10:30,786 --> 00:10:32,355 ကျွန်မတို့ ဇာတ်လမ်းကို ဖြည့်နေတယ် 210 00:10:32,831 --> 00:10:35,580 တစ်ခါတစ်လေတော့ လမ်းကြောင်းကနေ လွဲနိုင်တယ်။ 211 00:10:36,362 --> 00:10:38,273 ဒါ ကျွန်မ ကြုံလာတော့ 212 00:10:38,297 --> 00:10:41,686 အဖေနဲ့အတူ ရရှိခဲ့တဲ့ စွမ်းအားကောင်းတဲ့ အတွေ့အကြုံတစ်ခုကိုအမှတ်ရမိတယ်။ 213 00:10:43,821 --> 00:10:46,468 လများစွာအကြာမှာ ကျွန်မ ကောလိပ်က ဘွဲ့ရခဲ့တယ်၊ 214 00:10:46,492 --> 00:10:50,350 ကျွန်မ အဖေဟာ သူ့ကို သေစေလောက်မယ့် ကြီးမားတဲ့ နှလုံးရောဂါ ရခဲ့တယ်။ 215 00:10:51,033 --> 00:10:54,247 သူ အသက်ဆက်ရှင်ခဲ့တယ်၊ သူ သေခြင်းနဲ့ ရင်ဆိုင်ရတုန်း စိတ်ထဲမှာ 216 00:10:54,271 --> 00:10:55,893 ဘာတွေဖြစ်ခဲ့လဲလို့ သူကိုမေးတော့ 217 00:10:55,917 --> 00:10:58,600 ပြောတာက တွေးနိုင်တာဆိုလို့ အကိုနဲ့ ကျွန်မအတွက် 218 00:10:58,624 --> 00:11:00,762 သူရှိနိုင်ဖို့ အသက်ရှင်ဖို့လိုတာပဲဆိုတော့ 219 00:11:00,786 --> 00:11:03,375 ဒါကနေ အသက်အတွက် ရုန်းကန်ဖို့ စိတ်စွမ်းအား ပေးခဲ့တယ်။ 220 00:11:04,063 --> 00:11:07,361 အရေးပေါ် ခွဲစိတ်မှုအတွက် မေ့ဆေးပေးခံရတဲ့အခါ 221 00:11:07,385 --> 00:11:09,715 ၁၀ ကနေ နောက်ပြန် ရေတွက်တာအစား 222 00:11:09,739 --> 00:11:12,909 ကျွန်မတို့ အမည်တွေကို ဂါထာလို အထပ်ထပ် ရွတ်ဆိုခဲ့တယ်။ 223 00:11:13,790 --> 00:11:17,601 သူသေသွားခဲ့ရင် ကျွန်မတို့ အမည်တွေကို ကမ္ဘာမြေပေါ်မှာ သူနောက်ဆုံးပြောခဲ့တဲ့ 224 00:11:17,625 --> 00:11:18,850 စကားလုံးတွေဖြစ်ချင်ခဲ့တယ် 225 00:11:21,033 --> 00:11:24,645 ကျွန်မ အဖေက လက်သမားတစ်ဦး၊ Sufi တစ်ဦးပါ။ 226 00:11:25,185 --> 00:11:26,732 ဒါက အညတရ ဘဝဆိုပေမဲ့ 227 00:11:26,756 --> 00:11:28,025 ကောင်းမွန်တဲ့ ဘဝတစ်ခုပါ။ 228 00:11:28,564 --> 00:11:32,476 အဲဒီမှာ လဲနေရင်း သေမင်းကို ရင်ဆိုင်ရင်း သူ့မှာ ရှင်သန်ဖို့ အကြောင်းရှိခဲ့တယ်။ 229 00:11:32,500 --> 00:11:33,908 ချစ်ခြင်းမေတ္တာပါ။ 230 00:11:33,932 --> 00:11:36,383 သူ့မိသားစုအတွင်းက ပတ်သက်မှု သဘော၊ 231 00:11:36,407 --> 00:11:38,136 ဖခင်တစ်ဦးအဖြစ် ရည်ရွယ်ချက် 232 00:11:38,160 --> 00:11:41,174 သူ့ရဲ့ သမထ ကျင့်စဉ် ကျွန်မတို့ အမည်တွေကို အထပ်ထပ်ရွတ်ခြင်း 233 00:11:41,198 --> 00:11:43,979 ဒါတွေက သူရှင်ကျန်ခဲ့ခြင်းရဲ့ အကြောင်းရင်းတွေလို့ ပြောပါတယ်။ 234 00:11:44,003 --> 00:11:46,442 ဒါက သူကိုယ်တိုင် ပြောတဲ့ ဇာတ်လမ်းပါ။ 235 00:11:47,747 --> 00:11:49,897 ဒါက အဓိပ္ပါယ်ရှိခြင်းရဲ့ အစွမ်းပါ။ 236 00:11:50,643 --> 00:11:53,435 ပျော်ရွှင်မှုဆိုတာက ပေါ်လိုက်၊ ပျောက်လိုက်ပါ။ 237 00:11:53,459 --> 00:11:55,308 ဒါပေမဲ့ ဘဝဟာ တကယ်ပဲ ကောင်းပြီး 238 00:11:55,332 --> 00:11:57,221 အကြောင်းတရားတွေက တကယ်ဆိုးတဲ့အခါ 239 00:11:57,241 --> 00:12:00,294 အဓိပ္ပါယ်ရှိခြင်းက သင့်ကို ဆုပ်ကိုင်စရာ တစ်ခုခု ပေးပါတယ်။ 240 00:12:00,322 --> 00:12:01,546 ကျေးဇူးတင်ပါတယ်။ 241 00:12:01,570 --> 00:12:05,152 (လက်ခုပ်သံများ)