< Return to Video

တစ်ပဲနိက သန်းကြွယ်သူဌေးလို ခံစားရဖို့ လုပ်ပေးပုံ။

  • 0:01 - 0:05
    ကျွန်မ ၅ နှစ်သမီးပါ၊
    အရမ်းကို ဂုဏ်ယူမိတာပေါ့ရှင်။
  • 0:05 - 0:08
    ယူကရိန်းက ကျွန်မတို့ရွာလေးမှာ အဖေက
  • 0:08 - 0:10
    အကောင်းဆုံးအိမ်သာကို ဆောက်လုပ်ပြီးစပေါ့။
  • 0:10 - 0:12
    အထဲမှာတော့ မြေကြီးထဲမှာ
    ဟောင်းလောင်းပွင့်နေတဲ့
  • 0:12 - 0:14
    နံစော်နေတဲ့ ကျင်းတစ်ခုပါ။
  • 0:14 - 0:16
    ဒါပေမဲ့ အပြင်ဘက်ကျတော့ ပုလဲလို
  • 0:16 - 0:18
    ဖြူဖွေးနေတဲ့ ဖော်မီကာနဲ့
  • 0:18 - 0:21
    နေရောင်ထဲမှာ တကယ့်ကို
    ဖိတ်ဖိတ်တောက်နေတာပေါ့။
  • 0:21 - 0:23
    ဒါက ကျွန်မက အရမ်းကို ဂုဏ်ယူ၊
  • 0:23 - 0:25
    အရမ်းကို အရေးပါတယ်လို့ ခံစားမိစေပြီး
  • 0:25 - 0:27
    ကျွန်မတို့ သူငယ်ချင်းအဖွဲ့လေးမှာ
  • 0:27 - 0:29
    ကိုယ့်ကိုကိုယ် ခေါင်းဆောင်လုပ်ပြီး၊
  • 0:29 - 0:30
    ကျွန်မတို့အတွက် အထူးတာဝန်တွေကို
    ကျွန်မစီစဉ်တယ်။
  • 0:30 - 0:32
    ဒီတော့ ကျွန်မတို့တွေ တစ်အိမ်ဆင်း၊
  • 0:32 - 0:34
    တစ်အိမ်တက် သွားလာချောင်းမြောင်းပြီး
  • 0:34 - 0:37
    ပင့်ကူအိမ်တွေမှာ ဖမ်းမိနေတဲ့ ယင်ကောင်တွေကို
  • 0:37 - 0:40
    ရှာပြီး၊ လွှတ်ပေးကြတယ်။
  • 0:40 - 0:42
    ဒါမတိုင်မီ၄နှစ်ကကျွန်မက ၁နှစ်သမီးပါ၊
  • 0:42 - 0:43
    ချာနိုဗွိုင်း မတော်တဆဖြစ်အပြီးမှာ
  • 0:43 - 0:46
    မိုးမည်းမည်းတွေရွာတော့
  • 0:46 - 0:48
    ကျွန်မအစ်မဆံပင်တွေ အစုလိုက်ကျွတ်ကျပြီး
  • 0:48 - 0:50
    ကျွန်မက ဆေးရုံမှာ ၉ လလောက်နေခဲ့ရတယ်။
  • 0:50 - 0:52
    ဘယ်ဧည့်သည်မှ လာလို့မရတော့ အမေက
  • 0:52 - 0:56
    ဆေးရုံလုပ်သား တစ်ယောက်ကို
    လာဘ်ထိုးခဲ့တာပေါ့။
  • 0:56 - 0:59
    သူမက သူနာပြုဝတ်စုံဝတ်ပြီး၊ ညတိုင်း
  • 0:59 - 1:03
    ကျွန်မနားမှာထိုင်ဖို့ ခိုးဝင်ခဲ့တယ်။
  • 1:03 - 1:05
    ငါးနှစ်အကြာမှာတော့ မမျှော်လင့်တဲ့
    ကံကောင်းမှုပါ၊
  • 1:05 - 1:08
    ချာနိုဗွိုင်းကျေးဇူးကြောင့် ကျွန်မတို့
  • 1:08 - 1:10
    အမေရိကားမှာ နိူင်ငံရေးခိုလှုံခွင့်ရခဲ့တယ်လေ။
  • 1:10 - 1:14
    ကျွန်မ၆နှစ်သမီးပါ။ အိမ်ကထွက်ပြီး
    အမေရိကကိုလာတော့
  • 1:14 - 1:15
    ကျွှန်မမငိုပါဘူး။
  • 1:15 - 1:18
    အကြောင်းကတော့ ကျွန်မက ဒါကို ငှက်ပျောသီးနဲ့
  • 1:18 - 1:21
    ချောကလက် Bazooka ကပ်စေးနဲပူဖောင်းတွေလို
  • 1:21 - 1:23
    ရှားပါးပြီးအံ့ဩစရာကောင်းတာတွေနဲ့
  • 1:23 - 1:26
    ပြည့်နှက်နေတဲ့ နေရာလို့မျှော့်လင့်ခဲ့တာကိုး။
  • 1:26 - 1:28
    အတွင်းဘက်မှာ ကာတွန်းရုပ်လေးတွေပါတဲ့
  • 1:28 - 1:30
    ထုတ်ပိုးစက္ကူတွေနဲ့ Bazooka
    ကပ်စေးနဲပူဖောင်းပေါ့။
  • 1:30 - 1:33
    ယူကရိန်းမှာဆို Bazooka က
    တစ်နှစ်မှတစ်ခါပဲရပြီးတော့
  • 1:33 - 1:37
    တစ်ခုကို သီတင်းပတ်တစ်ခုလုံး
    ဝါးနေရမှာလေ။
  • 1:37 - 1:39
    ဒီတော့ New York ကိုရောက်တဲ့ ပထမနေ့မှာ
  • 1:39 - 1:41
    ကျွန်မတို့နေတဲ့ အိုးအိမ်မဲ့ဂေဟာက
    ကြမ်းပြင်မှာ
  • 1:41 - 1:43
    အဖွားနဲ့ ကျွန်မ ပဲနိတစ်စေ့ကို
    တွေ့လိုက်တယ်။
  • 1:43 - 1:45
    ဒါပေမဲ့ ဒါဟာ အိုးအိမ်မဲ့ ဂေဟာလို့
  • 1:45 - 1:46
    ကျွန်မတို့ မသိတာပါ။ ဒါကို
  • 1:46 - 1:48
    ဟိုတယ်တစ်ခုလို့ထင်နေတာ
  • 1:48 - 1:50
    ကြွက်တွေအများကြီးနဲ့ ဟိုတယ်တစ်ခုပေါ့။
  • 1:50 - 1:52
    ဒါကို ကြမ်းပြင်ထဲမှာ ရုပ်ကြွင်းဖြစ်နေတဲ့
  • 1:52 - 1:54
    ပဲနိပဲလို့မြင်မိတယ်၊၊
  • 1:54 - 1:55
    အရမ်းကို ချမ်းသာတဲ့လူတစ်ယောက်ကျ
  • 1:55 - 1:57
    ကျန်ခဲ့တာပဲဖြစ်ရမယ်လို့ထင်မိတာပေါ့၊
  • 1:57 - 1:58
    ဘာဖြစ်လို့လဲဆိုတော့ သာမန်လူတွေက
  • 1:58 - 2:00
    ပိုက်ဆံမပျောက်သလောက်ကို ဖြစ်နေတာကိုး။
  • 2:00 - 2:02
    ဒီပဲနိကို လက်ဖဝါးထဲမှာ
    ဆုပ်ထားလိုက်တယ်၊ ပြီးတော့
  • 2:02 - 2:05
    ဒါက စေးကပ်ပြီး သံချေးတက်နေပေမဲ့ ကျွန်မကို
  • 2:05 - 2:06
    ငွေအပုံလိုက်ကို ကိုင်ထားရသလိုမျိုး
    ခံစားမှုပေးတယ်။
  • 2:06 - 2:08
    ကျွန်မကိုယ်ပိုင် Bazooka ကပ်စေးနဲပူဖောင်းတွေ
  • 2:08 - 2:10
    ဝယ်လိုက်တော့မယ်လို့
  • 2:10 - 2:12
    ဆုံးဖြတ်လိုက်တာပေါ့။
  • 2:12 - 2:14
    အဲဒီ တဒင်္ဂမှာတော့ ကျွန်မဟာ သန်းကြွယ်သူဌေး
  • 2:14 - 2:16
    တစ်ယောက်လိုမျိုး ခံစားမိတာပေါ့ရှင်။
  • 2:16 - 2:18
    တစ်နှစ်လောက်ကြာအပြီး ရုပ်လုံးသွင်းထားတဲ့
  • 2:18 - 2:19
    တိရိစ္ဆာန်တွေအပြည့်ပါတဲ့ အိတ်တစ်အိတ်ကို
  • 2:19 - 2:21
    အမှိုက်ပုံထဲမှာတွေ့တော့
    ဒီလိုမျိုးတစ်ခါခံစားမိပြီး
  • 2:21 - 2:23
    ရုတ်ချည်းပဲ ကျွန်မတစ်သက်လုံး
    ပိုင်ဆိုင်ခဲ့တဲ့
  • 2:23 - 2:24
    အရုပ်တွေထက် ပိုများသွားတယ်လေ။
  • 2:24 - 2:26
    ဒါနဲ့နောက်တစ်ခါ ဒီခံစားချက်မျိုး
  • 2:26 - 2:27
    ရရှိခဲ့တာကတော့ ဘရွတ်ကလင်းက
  • 2:27 - 2:28
    ကျွန်မတို့တိုက်ခန်းကို
  • 2:28 - 2:30
    တံခါးလာခေါက်တဲ့အခါမှာပေါ့ရှင်၊
  • 2:30 - 2:31
    ကျွန်မနဲ့ အမတို့ တွေ့လိုက်ရတာက
  • 2:31 - 2:32
    ပစ္စည်းပို့သမား တစ်ယောက်၊
  • 2:32 - 2:34
    ကျွန်မတို့မှာမထားတဲ့ ပီဇာတစ်ဘူးနဲ့လေ၊
  • 2:34 - 2:36
    ဒီတော့ ပီဇာကို ကျွန်မတို့ယူလိုက်တယ်၊
  • 2:36 - 2:38
    ကျွန်မတို့ရဲ့ ပထမဆုံးပီဇာပေါ့၊
  • 2:38 - 2:39
    နောက်ပြီး ပီဇာကို တစ်ချပ်ပြီးတစ်ချပ်
  • 2:39 - 2:41
    အငမ်းမရစားတော့တာပေါ့၊
  • 2:41 - 2:42
    ပစ္စည်းပို့သမားကတော့
  • 2:42 - 2:44
    တံခါးဝကနေ ရပ်ပြီး
    ကြည့်နေတာပေါ့ရှင်။
  • 2:44 - 2:46
    ပြီးတော့ သူက ကျွန်မတို့ကို
    ပိုက်ဆံရှင်းခိုင်းတယ်
  • 2:46 - 2:47
    ဒါပေမဲ့ ကျွန်မတို့က
    အင်္ဂလိပ်လိုမတတ်ဘူးလေ။
  • 2:47 - 2:50
    အမေထွက်လာတော့ အမေ့ဆီက
    ပိုက်ဆံတောင်းတယ်၊
  • 2:50 - 2:51
    ဒါပေမဲ့ သူမှာက မလောက်ဘူး။
  • 2:51 - 2:54
    အမေဟာနေ့တိုင်း. ဘတ်စ်ကားခ
    မကုန်အောင် ဘလောက် ၅၀ လောက်
  • 2:54 - 2:57
    အခေါက်ခေါက်အခါခါ အလုပ်ကို
    လမ်းလျှောက် သွားတယ်လေ။
  • 2:57 - 2:59
    ဒီနောက် အိမ်နီးနားခြင်းက ခေါင်းပြူထွက်လာပြီး
  • 2:59 - 3:01
    ဒီအောက်ထပ်က အခြေစိုက်
    ဝင်လာသူတွေဟာ ဘာမသိညာမသိနဲ့
  • 3:01 - 3:04
    သူ့ပီဇာတွေကို ယူထားလိုက်ကြတယ်
    ဆိုတာသိသွားတော့
  • 3:04 - 3:08
    သူမျက်နှာက ဒေါသနဲ့ နီမြန်းသွားတော့တာပေါ့။
  • 3:08 - 3:09
    လူတိုင်းအတွက် စိတ်ပျက်စရာပါ၊
  • 3:09 - 3:13
    ဒါပေမဲ့ ပီဇာကတော့ အရသာရှိလိုက်တာရှင်။
  • 3:13 - 3:16
    ကျွန်မတို့ ဘယ်လိုနွမ်းပါးခဲ့တယ် ဆိုတာက
  • 3:16 - 3:19
    နှစ်တွေကြာလာတဲ့အထိ ထိခိုက်ခြင်းမရှိပါဘူး။
  • 3:19 - 3:21
    ကျွန်မတို့ အမေရိကမှရှိတာ ၁၀နှစ်မြောက်မှာတော့
  • 3:21 - 3:22
    အမေရိကကို ရောက်တုန်းကကျွန်မတို့
  • 3:22 - 3:23
    ပထမနေထိုင်တဲ့ ဟိုတယ်က
  • 3:23 - 3:25
    အခန်းတစ်ခန်းကို ကြိုမှာပြီး
    အခမ်းအနားလုပ်ဖို့
  • 3:25 - 3:26
    ဆုံးဖြတ်လိုက်ပါတယ်။
  • 3:26 - 3:28
    ဧည့်ကြိုစားပွဲကလူက ရယ်ပြီးပြောလိုက်တာက
  • 3:28 - 3:30
    "ဒီမှာ အခန်းကြိုမှာလို့မရဘူးဗျ၊
  • 3:30 - 3:32
    ဒါကအိမ်ယာမဲ့ဂေဟာလေဗျာ။"
  • 3:32 - 3:34
    ဒီတော့ ကျွန်မတို့ လန့်သွားတာပေါ့ရှင်။
  • 3:34 - 3:36
    ကျွန်မအမျိုးသား Brian ကလည်း
  • 3:36 - 3:38
    ကလေးတုန်းက အိမ်ယာမဲ့ တစ်ယောက်ပါ။
  • 3:38 - 3:41
    သူ့မိသားစုဟာ အရာရာဆုံးရှုံးခဲ့တာပါ၊
  • 3:41 - 3:44
    ၁၁နှစ်သားမှာ သူအဖေနဲ့
    မိုတယ်တွေမှာနေထိုင်ခဲ့တယ်၊
  • 3:44 - 3:47
    မိုတယ်တွေဆိုတာက
    သူတို့ပိုက်ဆံမရှင်းနိူင်မချင်း
  • 3:47 - 3:50
    သူတို့အစားအသောက်တွေ အားလုံးကိုစုပြီး
    သိမ်းဝှက်ထားတာလေ။
  • 3:50 - 3:52
    တစ်ခါမှာတော့ သူ့ရဲ့
    သကြားမုန့်ချပ်ဘူးကိုပြန်ရတော့
  • 3:52 - 3:56
    ဒါကပိုးဟပ်တွေ အုံခဲနေတော့တာပေါ့။
  • 3:56 - 3:58
    ဒါပေမဲ့ တစ်ခုတော့သူ့မှာရှိတယ်။
  • 3:58 - 4:00
    သူနေရာတိုင်းမှာသယ်သွားတဲ့
  • 4:00 - 4:03
    ကာတွန်းစာအုပ် ၉ အုပ်ပါတဲ့ ဒီဖိနပ်ဘူးပါ။
  • 4:03 - 4:06
    Spider-Man နဲ့တူအောင်ဆွဲထားတဲ့
    G.I. Joes ၂ အုပ်ရယ်၊
  • 4:06 - 4:09
    Gobots ၅ အုပ်ရယ်ပေါ့။
  • 4:09 - 4:11
    ဒါက သူ့ရဲ့ ရတနာသိုက်ပဲလေ။
  • 4:11 - 4:13
    သူ့ကို မူးယစ်ဆေး၊ လူဆိုးဂိုဏ်းတွေနဲ့
  • 4:13 - 4:15
    သူ့အိပ်မက်တွေကို စွန့်လွှတ်ခြင်းကနေ
  • 4:15 - 4:17
    ကာကွယ်ပေးတဲ့ သူပိုင်တဲ့သူရဲကောင်း
    အဖွဲ့အစည်းပေါ့။
  • 4:17 - 4:18
    ကျွန်မတို့မိသားစုရဲ့
    အိမ်ယာမဲ့အဖွဲ့ဝင်ဟောင်း
  • 4:18 - 4:21
    နောက်တစ်ယောက် အကြောင်းပြောဦးမှာပါ။
  • 4:21 - 4:23
    သူကတော့ Scarlett ပါ။
  • 4:23 - 4:24
    Scarlett ဟာ တစ်ခါတုန်းကတော့
    ခွေးတိုက်ပွဲတွေမှာ
  • 4:24 - 4:26
    မျှားစာ အဖြစ်အသုံးခံခဲ့ရသူပေါ့။
  • 4:26 - 4:28
    သူ့ကို ကြိုးတုပ်ပြီး တစ်ခြားတွေတိုက်ခိုက်ဖို့
  • 4:28 - 4:30
    ကွင်းထဲကိုပစ်ချလိုက်တော့ ခွေးတွေဟာ
  • 4:30 - 4:32
    မတိုက်ခင် ပိုပြီးရန်လိုလာကြတာပေါ့။
  • 4:32 - 4:34
    အခုအချိန်မှာတော့ သူမဟာ
  • 4:34 - 4:37
    သဘာဝ မြေဩဇာသုံး အစားအစာတွေစားပြီး
  • 4:37 - 4:39
    သူ့မနာမည်ပါတဲ့ အရိုးကုတဲ့ကုတင်
    ပေါ်မှာအိပ်ပါတယ်၊
  • 4:39 - 4:44
    ဒါပေမဲ့ သူ့ကိုဇလုံထဲမှာထည့်ပြီး
    ရေလောင်းတဲ့အခါမှာတော့
  • 4:44 - 4:46
    မော့ကြည့်ပြီး ကျေးဇူးတင်ကြောင်းကို
    အမြီးလေးနန့်ပြတုန်းပါ။
  • 4:46 - 4:48
    တစ်ခါတစ်လေကျတော့Brian နဲ့
    ကျွန်မ Scarlett နဲ့အတူ
  • 4:48 - 4:51
    ပန်းခြံထဲဖြတ်လျှောက်ကြပါတယ်။
  • 4:51 - 4:53
    သူမက မြက်ခင်းထဲ လူးလှိမ့်ပါတယ်၊
  • 4:53 - 4:56
    ကျွန်မတို့က သူမကိုကြည့်၊
  • 4:56 - 4:57
    ပြီးတော့ တစ်ဦးကိုတစ်ဦးကြည့်နဲ့၊
  • 4:57 - 5:01
    ကျေးဇူးတင်မှုကို ခံစားမိတာပေါ့။
  • 5:01 - 5:05
    ကျွန်မတို့ရဲ့ အလယ်အလတ်တန်းစား စိတ်ပျက်စရာ၊
  • 5:05 - 5:07
    စိတ်ထိခိုက်စရာတွေအားလုံး မေ့ပျောက်ပြီး
  • 5:07 - 5:10
    သန်ကြွယ်သူဌေးတွေလိုမျိုး ခံစားရတာပေါ့ရှင်။
  • 5:10 - 5:11
    ကျေးဇူးတင်ပါတယ်ရှင်။
  • 5:11 - 5:15
    (လက်ခုပ်သံများ))
Title:
တစ်ပဲနိက သန်းကြွယ်သူဌေးလို ခံစားရဖို့ လုပ်ပေးပုံ။
Speaker:
Tania Luna
Description:

ကလေးမလေး တစ်ယောက်အနေနဲ့ ယူကရိန်းက ချာနိူဗွိုင်း အလွန်ကာလက Tania Luna ဟာ နေရပ်ဒေသကို စွန့်ခွာပြီး အမေရိကမှာ နိူင်ငံရေးခိုလှုံခွင့်တောင်းယူခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမနဲ့ သူမမိသားစု ခိုလှုံနေတဲ့ အိုးအိမ်မဲ့ဂေဟာရဲ့ ကြမ်းပြင်မှာ ပဲနိတစ်စေ့ကိုတွေ့လိုက်မိပါတယ်။ ဒီလိုချမ်းသာမှုမျိုး တစ်ခါမှ မခံစားခဲ့ဖူးဘူးလေ။ ကြည်နူးဖွယ်၊ ကြေကွဲဖွယ်​ ရောပြွမ်းနေတဲ့ ကလေးဘဝရဲ့ ပီတိလေးတွေအပေါ်မှာ အလေးအနက် ဆင်ခြင်မှု ကလေးတစ်ခုပါ၊ ဒါတွေကို စိတ်ထဲမှာ ဘယ်လိုများ ဆုပ်ကိုင်ထားသလဲဆိုတာပေါ့။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
05:31

Burmese subtitles

Revisions