တစ်ပဲနိက သန်းကြွယ်သူဌေးလို ခံစားရဖို့ လုပ်ပေးပုံ။
-
0:01 - 0:05ကျွန်မ ၅ နှစ်သမီးပါ၊
အရမ်းကို ဂုဏ်ယူမိတာပေါ့ရှင်။ -
0:05 - 0:08ယူကရိန်းက ကျွန်မတို့ရွာလေးမှာ အဖေက
-
0:08 - 0:10အကောင်းဆုံးအိမ်သာကို ဆောက်လုပ်ပြီးစပေါ့။
-
0:10 - 0:12အထဲမှာတော့ မြေကြီးထဲမှာ
ဟောင်းလောင်းပွင့်နေတဲ့ -
0:12 - 0:14နံစော်နေတဲ့ ကျင်းတစ်ခုပါ။
-
0:14 - 0:16ဒါပေမဲ့ အပြင်ဘက်ကျတော့ ပုလဲလို
-
0:16 - 0:18ဖြူဖွေးနေတဲ့ ဖော်မီကာနဲ့
-
0:18 - 0:21နေရောင်ထဲမှာ တကယ့်ကို
ဖိတ်ဖိတ်တောက်နေတာပေါ့။ -
0:21 - 0:23ဒါက ကျွန်မက အရမ်းကို ဂုဏ်ယူ၊
-
0:23 - 0:25အရမ်းကို အရေးပါတယ်လို့ ခံစားမိစေပြီး
-
0:25 - 0:27ကျွန်မတို့ သူငယ်ချင်းအဖွဲ့လေးမှာ
-
0:27 - 0:29ကိုယ့်ကိုကိုယ် ခေါင်းဆောင်လုပ်ပြီး၊
-
0:29 - 0:30ကျွန်မတို့အတွက် အထူးတာဝန်တွေကို
ကျွန်မစီစဉ်တယ်။ -
0:30 - 0:32ဒီတော့ ကျွန်မတို့တွေ တစ်အိမ်ဆင်း၊
-
0:32 - 0:34တစ်အိမ်တက် သွားလာချောင်းမြောင်းပြီး
-
0:34 - 0:37ပင့်ကူအိမ်တွေမှာ ဖမ်းမိနေတဲ့ ယင်ကောင်တွေကို
-
0:37 - 0:40ရှာပြီး၊ လွှတ်ပေးကြတယ်။
-
0:40 - 0:42ဒါမတိုင်မီ၄နှစ်ကကျွန်မက ၁နှစ်သမီးပါ၊
-
0:42 - 0:43ချာနိုဗွိုင်း မတော်တဆဖြစ်အပြီးမှာ
-
0:43 - 0:46မိုးမည်းမည်းတွေရွာတော့
-
0:46 - 0:48ကျွန်မအစ်မဆံပင်တွေ အစုလိုက်ကျွတ်ကျပြီး
-
0:48 - 0:50ကျွန်မက ဆေးရုံမှာ ၉ လလောက်နေခဲ့ရတယ်။
-
0:50 - 0:52ဘယ်ဧည့်သည်မှ လာလို့မရတော့ အမေက
-
0:52 - 0:56ဆေးရုံလုပ်သား တစ်ယောက်ကို
လာဘ်ထိုးခဲ့တာပေါ့။ -
0:56 - 0:59သူမက သူနာပြုဝတ်စုံဝတ်ပြီး၊ ညတိုင်း
-
0:59 - 1:03ကျွန်မနားမှာထိုင်ဖို့ ခိုးဝင်ခဲ့တယ်။
-
1:03 - 1:05ငါးနှစ်အကြာမှာတော့ မမျှော်လင့်တဲ့
ကံကောင်းမှုပါ၊ -
1:05 - 1:08ချာနိုဗွိုင်းကျေးဇူးကြောင့် ကျွန်မတို့
-
1:08 - 1:10အမေရိကားမှာ နိူင်ငံရေးခိုလှုံခွင့်ရခဲ့တယ်လေ။
-
1:10 - 1:14ကျွန်မ၆နှစ်သမီးပါ။ အိမ်ကထွက်ပြီး
အမေရိကကိုလာတော့ -
1:14 - 1:15ကျွှန်မမငိုပါဘူး။
-
1:15 - 1:18အကြောင်းကတော့ ကျွန်မက ဒါကို ငှက်ပျောသီးနဲ့
-
1:18 - 1:21ချောကလက် Bazooka ကပ်စေးနဲပူဖောင်းတွေလို
-
1:21 - 1:23ရှားပါးပြီးအံ့ဩစရာကောင်းတာတွေနဲ့
-
1:23 - 1:26ပြည့်နှက်နေတဲ့ နေရာလို့မျှော့်လင့်ခဲ့တာကိုး။
-
1:26 - 1:28အတွင်းဘက်မှာ ကာတွန်းရုပ်လေးတွေပါတဲ့
-
1:28 - 1:30ထုတ်ပိုးစက္ကူတွေနဲ့ Bazooka
ကပ်စေးနဲပူဖောင်းပေါ့။ -
1:30 - 1:33ယူကရိန်းမှာဆို Bazooka က
တစ်နှစ်မှတစ်ခါပဲရပြီးတော့ -
1:33 - 1:37တစ်ခုကို သီတင်းပတ်တစ်ခုလုံး
ဝါးနေရမှာလေ။ -
1:37 - 1:39ဒီတော့ New York ကိုရောက်တဲ့ ပထမနေ့မှာ
-
1:39 - 1:41ကျွန်မတို့နေတဲ့ အိုးအိမ်မဲ့ဂေဟာက
ကြမ်းပြင်မှာ -
1:41 - 1:43အဖွားနဲ့ ကျွန်မ ပဲနိတစ်စေ့ကို
တွေ့လိုက်တယ်။ -
1:43 - 1:45ဒါပေမဲ့ ဒါဟာ အိုးအိမ်မဲ့ ဂေဟာလို့
-
1:45 - 1:46ကျွန်မတို့ မသိတာပါ။ ဒါကို
-
1:46 - 1:48ဟိုတယ်တစ်ခုလို့ထင်နေတာ
-
1:48 - 1:50ကြွက်တွေအများကြီးနဲ့ ဟိုတယ်တစ်ခုပေါ့။
-
1:50 - 1:52ဒါကို ကြမ်းပြင်ထဲမှာ ရုပ်ကြွင်းဖြစ်နေတဲ့
-
1:52 - 1:54ပဲနိပဲလို့မြင်မိတယ်၊၊
-
1:54 - 1:55အရမ်းကို ချမ်းသာတဲ့လူတစ်ယောက်ကျ
-
1:55 - 1:57ကျန်ခဲ့တာပဲဖြစ်ရမယ်လို့ထင်မိတာပေါ့၊
-
1:57 - 1:58ဘာဖြစ်လို့လဲဆိုတော့ သာမန်လူတွေက
-
1:58 - 2:00ပိုက်ဆံမပျောက်သလောက်ကို ဖြစ်နေတာကိုး။
-
2:00 - 2:02ဒီပဲနိကို လက်ဖဝါးထဲမှာ
ဆုပ်ထားလိုက်တယ်၊ ပြီးတော့ -
2:02 - 2:05ဒါက စေးကပ်ပြီး သံချေးတက်နေပေမဲ့ ကျွန်မကို
-
2:05 - 2:06ငွေအပုံလိုက်ကို ကိုင်ထားရသလိုမျိုး
ခံစားမှုပေးတယ်။ -
2:06 - 2:08ကျွန်မကိုယ်ပိုင် Bazooka ကပ်စေးနဲပူဖောင်းတွေ
-
2:08 - 2:10ဝယ်လိုက်တော့မယ်လို့
-
2:10 - 2:12ဆုံးဖြတ်လိုက်တာပေါ့။
-
2:12 - 2:14အဲဒီ တဒင်္ဂမှာတော့ ကျွန်မဟာ သန်းကြွယ်သူဌေး
-
2:14 - 2:16တစ်ယောက်လိုမျိုး ခံစားမိတာပေါ့ရှင်။
-
2:16 - 2:18တစ်နှစ်လောက်ကြာအပြီး ရုပ်လုံးသွင်းထားတဲ့
-
2:18 - 2:19တိရိစ္ဆာန်တွေအပြည့်ပါတဲ့ အိတ်တစ်အိတ်ကို
-
2:19 - 2:21အမှိုက်ပုံထဲမှာတွေ့တော့
ဒီလိုမျိုးတစ်ခါခံစားမိပြီး -
2:21 - 2:23ရုတ်ချည်းပဲ ကျွန်မတစ်သက်လုံး
ပိုင်ဆိုင်ခဲ့တဲ့ -
2:23 - 2:24အရုပ်တွေထက် ပိုများသွားတယ်လေ။
-
2:24 - 2:26ဒါနဲ့နောက်တစ်ခါ ဒီခံစားချက်မျိုး
-
2:26 - 2:27ရရှိခဲ့တာကတော့ ဘရွတ်ကလင်းက
-
2:27 - 2:28ကျွန်မတို့တိုက်ခန်းကို
-
2:28 - 2:30တံခါးလာခေါက်တဲ့အခါမှာပေါ့ရှင်၊
-
2:30 - 2:31ကျွန်မနဲ့ အမတို့ တွေ့လိုက်ရတာက
-
2:31 - 2:32ပစ္စည်းပို့သမား တစ်ယောက်၊
-
2:32 - 2:34ကျွန်မတို့မှာမထားတဲ့ ပီဇာတစ်ဘူးနဲ့လေ၊
-
2:34 - 2:36ဒီတော့ ပီဇာကို ကျွန်မတို့ယူလိုက်တယ်၊
-
2:36 - 2:38ကျွန်မတို့ရဲ့ ပထမဆုံးပီဇာပေါ့၊
-
2:38 - 2:39နောက်ပြီး ပီဇာကို တစ်ချပ်ပြီးတစ်ချပ်
-
2:39 - 2:41အငမ်းမရစားတော့တာပေါ့၊
-
2:41 - 2:42ပစ္စည်းပို့သမားကတော့
-
2:42 - 2:44တံခါးဝကနေ ရပ်ပြီး
ကြည့်နေတာပေါ့ရှင်။ -
2:44 - 2:46ပြီးတော့ သူက ကျွန်မတို့ကို
ပိုက်ဆံရှင်းခိုင်းတယ် -
2:46 - 2:47ဒါပေမဲ့ ကျွန်မတို့က
အင်္ဂလိပ်လိုမတတ်ဘူးလေ။ -
2:47 - 2:50အမေထွက်လာတော့ အမေ့ဆီက
ပိုက်ဆံတောင်းတယ်၊ -
2:50 - 2:51ဒါပေမဲ့ သူမှာက မလောက်ဘူး။
-
2:51 - 2:54အမေဟာနေ့တိုင်း. ဘတ်စ်ကားခ
မကုန်အောင် ဘလောက် ၅၀ လောက် -
2:54 - 2:57အခေါက်ခေါက်အခါခါ အလုပ်ကို
လမ်းလျှောက် သွားတယ်လေ။ -
2:57 - 2:59ဒီနောက် အိမ်နီးနားခြင်းက ခေါင်းပြူထွက်လာပြီး
-
2:59 - 3:01ဒီအောက်ထပ်က အခြေစိုက်
ဝင်လာသူတွေဟာ ဘာမသိညာမသိနဲ့ -
3:01 - 3:04သူ့ပီဇာတွေကို ယူထားလိုက်ကြတယ်
ဆိုတာသိသွားတော့ -
3:04 - 3:08သူမျက်နှာက ဒေါသနဲ့ နီမြန်းသွားတော့တာပေါ့။
-
3:08 - 3:09လူတိုင်းအတွက် စိတ်ပျက်စရာပါ၊
-
3:09 - 3:13ဒါပေမဲ့ ပီဇာကတော့ အရသာရှိလိုက်တာရှင်။
-
3:13 - 3:16ကျွန်မတို့ ဘယ်လိုနွမ်းပါးခဲ့တယ် ဆိုတာက
-
3:16 - 3:19နှစ်တွေကြာလာတဲ့အထိ ထိခိုက်ခြင်းမရှိပါဘူး။
-
3:19 - 3:21ကျွန်မတို့ အမေရိကမှရှိတာ ၁၀နှစ်မြောက်မှာတော့
-
3:21 - 3:22အမေရိကကို ရောက်တုန်းကကျွန်မတို့
-
3:22 - 3:23ပထမနေထိုင်တဲ့ ဟိုတယ်က
-
3:23 - 3:25အခန်းတစ်ခန်းကို ကြိုမှာပြီး
အခမ်းအနားလုပ်ဖို့ -
3:25 - 3:26ဆုံးဖြတ်လိုက်ပါတယ်။
-
3:26 - 3:28ဧည့်ကြိုစားပွဲကလူက ရယ်ပြီးပြောလိုက်တာက
-
3:28 - 3:30"ဒီမှာ အခန်းကြိုမှာလို့မရဘူးဗျ၊
-
3:30 - 3:32ဒါကအိမ်ယာမဲ့ဂေဟာလေဗျာ။"
-
3:32 - 3:34ဒီတော့ ကျွန်မတို့ လန့်သွားတာပေါ့ရှင်။
-
3:34 - 3:36ကျွန်မအမျိုးသား Brian ကလည်း
-
3:36 - 3:38ကလေးတုန်းက အိမ်ယာမဲ့ တစ်ယောက်ပါ။
-
3:38 - 3:41သူ့မိသားစုဟာ အရာရာဆုံးရှုံးခဲ့တာပါ၊
-
3:41 - 3:44၁၁နှစ်သားမှာ သူအဖေနဲ့
မိုတယ်တွေမှာနေထိုင်ခဲ့တယ်၊ -
3:44 - 3:47မိုတယ်တွေဆိုတာက
သူတို့ပိုက်ဆံမရှင်းနိူင်မချင်း -
3:47 - 3:50သူတို့အစားအသောက်တွေ အားလုံးကိုစုပြီး
သိမ်းဝှက်ထားတာလေ။ -
3:50 - 3:52တစ်ခါမှာတော့ သူ့ရဲ့
သကြားမုန့်ချပ်ဘူးကိုပြန်ရတော့ -
3:52 - 3:56ဒါကပိုးဟပ်တွေ အုံခဲနေတော့တာပေါ့။
-
3:56 - 3:58ဒါပေမဲ့ တစ်ခုတော့သူ့မှာရှိတယ်။
-
3:58 - 4:00သူနေရာတိုင်းမှာသယ်သွားတဲ့
-
4:00 - 4:03ကာတွန်းစာအုပ် ၉ အုပ်ပါတဲ့ ဒီဖိနပ်ဘူးပါ။
-
4:03 - 4:06Spider-Man နဲ့တူအောင်ဆွဲထားတဲ့
G.I. Joes ၂ အုပ်ရယ်၊ -
4:06 - 4:09Gobots ၅ အုပ်ရယ်ပေါ့။
-
4:09 - 4:11ဒါက သူ့ရဲ့ ရတနာသိုက်ပဲလေ။
-
4:11 - 4:13သူ့ကို မူးယစ်ဆေး၊ လူဆိုးဂိုဏ်းတွေနဲ့
-
4:13 - 4:15သူ့အိပ်မက်တွေကို စွန့်လွှတ်ခြင်းကနေ
-
4:15 - 4:17ကာကွယ်ပေးတဲ့ သူပိုင်တဲ့သူရဲကောင်း
အဖွဲ့အစည်းပေါ့။ -
4:17 - 4:18ကျွန်မတို့မိသားစုရဲ့
အိမ်ယာမဲ့အဖွဲ့ဝင်ဟောင်း -
4:18 - 4:21နောက်တစ်ယောက် အကြောင်းပြောဦးမှာပါ။
-
4:21 - 4:23သူကတော့ Scarlett ပါ။
-
4:23 - 4:24Scarlett ဟာ တစ်ခါတုန်းကတော့
ခွေးတိုက်ပွဲတွေမှာ -
4:24 - 4:26မျှားစာ အဖြစ်အသုံးခံခဲ့ရသူပေါ့။
-
4:26 - 4:28သူ့ကို ကြိုးတုပ်ပြီး တစ်ခြားတွေတိုက်ခိုက်ဖို့
-
4:28 - 4:30ကွင်းထဲကိုပစ်ချလိုက်တော့ ခွေးတွေဟာ
-
4:30 - 4:32မတိုက်ခင် ပိုပြီးရန်လိုလာကြတာပေါ့။
-
4:32 - 4:34အခုအချိန်မှာတော့ သူမဟာ
-
4:34 - 4:37သဘာဝ မြေဩဇာသုံး အစားအစာတွေစားပြီး
-
4:37 - 4:39သူ့မနာမည်ပါတဲ့ အရိုးကုတဲ့ကုတင်
ပေါ်မှာအိပ်ပါတယ်၊ -
4:39 - 4:44ဒါပေမဲ့ သူ့ကိုဇလုံထဲမှာထည့်ပြီး
ရေလောင်းတဲ့အခါမှာတော့ -
4:44 - 4:46မော့ကြည့်ပြီး ကျေးဇူးတင်ကြောင်းကို
အမြီးလေးနန့်ပြတုန်းပါ။ -
4:46 - 4:48တစ်ခါတစ်လေကျတော့Brian နဲ့
ကျွန်မ Scarlett နဲ့အတူ -
4:48 - 4:51ပန်းခြံထဲဖြတ်လျှောက်ကြပါတယ်။
-
4:51 - 4:53သူမက မြက်ခင်းထဲ လူးလှိမ့်ပါတယ်၊
-
4:53 - 4:56ကျွန်မတို့က သူမကိုကြည့်၊
-
4:56 - 4:57ပြီးတော့ တစ်ဦးကိုတစ်ဦးကြည့်နဲ့၊
-
4:57 - 5:01ကျေးဇူးတင်မှုကို ခံစားမိတာပေါ့။
-
5:01 - 5:05ကျွန်မတို့ရဲ့ အလယ်အလတ်တန်းစား စိတ်ပျက်စရာ၊
-
5:05 - 5:07စိတ်ထိခိုက်စရာတွေအားလုံး မေ့ပျောက်ပြီး
-
5:07 - 5:10သန်ကြွယ်သူဌေးတွေလိုမျိုး ခံစားရတာပေါ့ရှင်။
-
5:10 - 5:11ကျေးဇူးတင်ပါတယ်ရှင်။
-
5:11 - 5:15(လက်ခုပ်သံများ))
- Title:
- တစ်ပဲနိက သန်းကြွယ်သူဌေးလို ခံစားရဖို့ လုပ်ပေးပုံ။
- Speaker:
- Tania Luna
- Description:
-
ကလေးမလေး တစ်ယောက်အနေနဲ့ ယူကရိန်းက ချာနိူဗွိုင်း အလွန်ကာလက Tania Luna ဟာ နေရပ်ဒေသကို စွန့်ခွာပြီး အမေရိကမှာ နိူင်ငံရေးခိုလှုံခွင့်တောင်းယူခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမနဲ့ သူမမိသားစု ခိုလှုံနေတဲ့ အိုးအိမ်မဲ့ဂေဟာရဲ့ ကြမ်းပြင်မှာ ပဲနိတစ်စေ့ကိုတွေ့လိုက်မိပါတယ်။ ဒီလိုချမ်းသာမှုမျိုး တစ်ခါမှ မခံစားခဲ့ဖူးဘူးလေ။ ကြည်နူးဖွယ်၊ ကြေကွဲဖွယ် ရောပြွမ်းနေတဲ့ ကလေးဘဝရဲ့ ပီတိလေးတွေအပေါ်မှာ အလေးအနက် ဆင်ခြင်မှု ကလေးတစ်ခုပါ၊ ဒါတွေကို စိတ်ထဲမှာ ဘယ်လိုများ ဆုပ်ကိုင်ထားသလဲဆိုတာပေါ့။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 05:31
Myo Aung approved Burmese subtitles for How a penny made me feel like a millionaire | ||
Myo Aung edited Burmese subtitles for How a penny made me feel like a millionaire | ||
Myo Aung edited Burmese subtitles for How a penny made me feel like a millionaire | ||
Myo Aung edited Burmese subtitles for How a penny made me feel like a millionaire | ||
Myo Aung accepted Burmese subtitles for How a penny made me feel like a millionaire | ||
Myo Aung edited Burmese subtitles for How a penny made me feel like a millionaire | ||
Myo Aung edited Burmese subtitles for How a penny made me feel like a millionaire | ||
sann tint edited Burmese subtitles for How a penny made me feel like a millionaire |