ကျွန်မ ၅ နှစ်သမီးပါ၊ အရမ်းကို ဂုဏ်ယူမိတာပေါ့ရှင်။ ယူကရိန်းက ကျွန်မတို့ရွာလေးမှာ အဖေက အကောင်းဆုံးအိမ်သာကို ဆောက်လုပ်ပြီးစပေါ့။ အထဲမှာတော့ မြေကြီးထဲမှာ ဟောင်းလောင်းပွင့်နေတဲ့ နံစော်နေတဲ့ ကျင်းတစ်ခုပါ။ ဒါပေမဲ့ အပြင်ဘက်ကျတော့ ပုလဲလို ဖြူဖွေးနေတဲ့ ဖော်မီကာနဲ့ နေရောင်ထဲမှာ တကယ့်ကို ဖိတ်ဖိတ်တောက်နေတာပေါ့။ ဒါက ကျွန်မက အရမ်းကို ဂုဏ်ယူ၊ အရမ်းကို အရေးပါတယ်လို့ ခံစားမိစေပြီး ကျွန်မတို့ သူငယ်ချင်းအဖွဲ့လေးမှာ ကိုယ့်ကိုကိုယ် ခေါင်းဆောင်လုပ်ပြီး၊ ကျွန်မတို့အတွက် အထူးတာဝန်တွေကို ကျွန်မစီစဉ်တယ်။ ဒီတော့ ကျွန်မတို့တွေ တစ်အိမ်ဆင်း၊ တစ်အိမ်တက် သွားလာချောင်းမြောင်းပြီး ပင့်ကူအိမ်တွေမှာ ဖမ်းမိနေတဲ့ ယင်ကောင်တွေကို ရှာပြီး၊ လွှတ်ပေးကြတယ်။ ဒါမတိုင်မီ၄နှစ်ကကျွန်မက ၁နှစ်သမီးပါ၊ ချာနိုဗွိုင်း မတော်တဆဖြစ်အပြီးမှာ မိုးမည်းမည်းတွေရွာတော့ ကျွန်မအစ်မဆံပင်တွေ အစုလိုက်ကျွတ်ကျပြီး ကျွန်မက ဆေးရုံမှာ ၉ လလောက်နေခဲ့ရတယ်။ ဘယ်ဧည့်သည်မှ လာလို့မရတော့ အမေက ဆေးရုံလုပ်သား တစ်ယောက်ကို လာဘ်ထိုးခဲ့တာပေါ့။ သူမက သူနာပြုဝတ်စုံဝတ်ပြီး၊ ညတိုင်း ကျွန်မနားမှာထိုင်ဖို့ ခိုးဝင်ခဲ့တယ်။ ငါးနှစ်အကြာမှာတော့ မမျှော်လင့်တဲ့ ကံကောင်းမှုပါ၊ ချာနိုဗွိုင်းကျေးဇူးကြောင့် ကျွန်မတို့ အမေရိကားမှာ နိူင်ငံရေးခိုလှုံခွင့်ရခဲ့တယ်လေ။ ကျွန်မ၆နှစ်သမီးပါ။ အိမ်ကထွက်ပြီး အမေရိကကိုလာတော့ ကျွှန်မမငိုပါဘူး။ အကြောင်းကတော့ ကျွန်မက ဒါကို ငှက်ပျောသီးနဲ့ ချောကလက် Bazooka ကပ်စေးနဲပူဖောင်းတွေလို ရှားပါးပြီးအံ့ဩစရာကောင်းတာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလို့မျှော့်လင့်ခဲ့တာကိုး။ အတွင်းဘက်မှာ ကာတွန်းရုပ်လေးတွေပါတဲ့ ထုတ်ပိုးစက္ကူတွေနဲ့ Bazooka ကပ်စေးနဲပူဖောင်းပေါ့။ ယူကရိန်းမှာဆို Bazooka က တစ်နှစ်မှတစ်ခါပဲရပြီးတော့ တစ်ခုကို သီတင်းပတ်တစ်ခုလုံး ဝါးနေရမှာလေ။ ဒီတော့ New York ကိုရောက်တဲ့ ပထမနေ့မှာ ကျွန်မတို့နေတဲ့ အိုးအိမ်မဲ့ဂေဟာက ကြမ်းပြင်မှာ အဖွားနဲ့ ကျွန်မ ပဲနိတစ်စေ့ကို တွေ့လိုက်တယ်။ ဒါပေမဲ့ ဒါဟာ အိုးအိမ်မဲ့ ဂေဟာလို့ ကျွန်မတို့ မသိတာပါ။ ဒါကို ဟိုတယ်တစ်ခုလို့ထင်နေတာ ကြွက်တွေအများကြီးနဲ့ ဟိုတယ်တစ်ခုပေါ့။ ဒါကို ကြမ်းပြင်ထဲမှာ ရုပ်ကြွင်းဖြစ်နေတဲ့ ပဲနိပဲလို့မြင်မိတယ်၊၊ အရမ်းကို ချမ်းသာတဲ့လူတစ်ယောက်ကျ ကျန်ခဲ့တာပဲဖြစ်ရမယ်လို့ထင်မိတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ သာမန်လူတွေက ပိုက်ဆံမပျောက်သလောက်ကို ဖြစ်နေတာကိုး။ ဒီပဲနိကို လက်ဖဝါးထဲမှာ ဆုပ်ထားလိုက်တယ်၊ ပြီးတော့ ဒါက စေးကပ်ပြီး သံချေးတက်နေပေမဲ့ ကျွန်မကို ငွေအပုံလိုက်ကို ကိုင်ထားရသလိုမျိုး ခံစားမှုပေးတယ်။ ကျွန်မကိုယ်ပိုင် Bazooka ကပ်စေးနဲပူဖောင်းတွေ ဝယ်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တာပေါ့။ အဲဒီ တဒင်္ဂမှာတော့ ကျွန်မဟာ သန်းကြွယ်သူဌေး တစ်ယောက်လိုမျိုး ခံစားမိတာပေါ့ရှင်။ တစ်နှစ်လောက်ကြာအပြီး ရုပ်လုံးသွင်းထားတဲ့ တိရိစ္ဆာန်တွေအပြည့်ပါတဲ့ အိတ်တစ်အိတ်ကို အမှိုက်ပုံထဲမှာတွေ့တော့ ဒီလိုမျိုးတစ်ခါခံစားမိပြီး ရုတ်ချည်းပဲ ကျွန်မတစ်သက်လုံး ပိုင်ဆိုင်ခဲ့တဲ့ အရုပ်တွေထက် ပိုများသွားတယ်လေ။ ဒါနဲ့နောက်တစ်ခါ ဒီခံစားချက်မျိုး ရရှိခဲ့တာကတော့ ဘရွတ်ကလင်းက ကျွန်မတို့တိုက်ခန်းကို တံခါးလာခေါက်တဲ့အခါမှာပေါ့ရှင်၊ ကျွန်မနဲ့ အမတို့ တွေ့လိုက်ရတာက ပစ္စည်းပို့သမား တစ်ယောက်၊ ကျွန်မတို့မှာမထားတဲ့ ပီဇာတစ်ဘူးနဲ့လေ၊ ဒီတော့ ပီဇာကို ကျွန်မတို့ယူလိုက်တယ်၊ ကျွန်မတို့ရဲ့ ပထမဆုံးပီဇာပေါ့၊ နောက်ပြီး ပီဇာကို တစ်ချပ်ပြီးတစ်ချပ် အငမ်းမရစားတော့တာပေါ့၊ ပစ္စည်းပို့သမားကတော့ တံခါးဝကနေ ရပ်ပြီး ကြည့်နေတာပေါ့ရှင်။ ပြီးတော့ သူက ကျွန်မတို့ကို ပိုက်ဆံရှင်းခိုင်းတယ် ဒါပေမဲ့ ကျွန်မတို့က အင်္ဂလိပ်လိုမတတ်ဘူးလေ။ အမေထွက်လာတော့ အမေ့ဆီက ပိုက်ဆံတောင်းတယ်၊ ဒါပေမဲ့ သူမှာက မလောက်ဘူး။ အမေဟာနေ့တိုင်း. ဘတ်စ်ကားခ မကုန်အောင် ဘလောက် ၅၀ လောက် အခေါက်ခေါက်အခါခါ အလုပ်ကို လမ်းလျှောက် သွားတယ်လေ။ ဒီနောက် အိမ်နီးနားခြင်းက ခေါင်းပြူထွက်လာပြီး ဒီအောက်ထပ်က အခြေစိုက် ဝင်လာသူတွေဟာ ဘာမသိညာမသိနဲ့ သူ့ပီဇာတွေကို ယူထားလိုက်ကြတယ် ဆိုတာသိသွားတော့ သူမျက်နှာက ဒေါသနဲ့ နီမြန်းသွားတော့တာပေါ့။ လူတိုင်းအတွက် စိတ်ပျက်စရာပါ၊ ဒါပေမဲ့ ပီဇာကတော့ အရသာရှိလိုက်တာရှင်။ ကျွန်မတို့ ဘယ်လိုနွမ်းပါးခဲ့တယ် ဆိုတာက နှစ်တွေကြာလာတဲ့အထိ ထိခိုက်ခြင်းမရှိပါဘူး။ ကျွန်မတို့ အမေရိကမှရှိတာ ၁၀နှစ်မြောက်မှာတော့ အမေရိကကို ရောက်တုန်းကကျွန်မတို့ ပထမနေထိုင်တဲ့ ဟိုတယ်က အခန်းတစ်ခန်းကို ကြိုမှာပြီး အခမ်းအနားလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဧည့်ကြိုစားပွဲကလူက ရယ်ပြီးပြောလိုက်တာက "ဒီမှာ အခန်းကြိုမှာလို့မရဘူးဗျ၊ ဒါကအိမ်ယာမဲ့ဂေဟာလေဗျာ။" ဒီတော့ ကျွန်မတို့ လန့်သွားတာပေါ့ရှင်။ ကျွန်မအမျိုးသား Brian ကလည်း ကလေးတုန်းက အိမ်ယာမဲ့ တစ်ယောက်ပါ။ သူ့မိသားစုဟာ အရာရာဆုံးရှုံးခဲ့တာပါ၊ ၁၁နှစ်သားမှာ သူအဖေနဲ့ မိုတယ်တွေမှာနေထိုင်ခဲ့တယ်၊ မိုတယ်တွေဆိုတာက သူတို့ပိုက်ဆံမရှင်းနိူင်မချင်း သူတို့အစားအသောက်တွေ အားလုံးကိုစုပြီး သိမ်းဝှက်ထားတာလေ။ တစ်ခါမှာတော့ သူ့ရဲ့ သကြားမုန့်ချပ်ဘူးကိုပြန်ရတော့ ဒါကပိုးဟပ်တွေ အုံခဲနေတော့တာပေါ့။ ဒါပေမဲ့ တစ်ခုတော့သူ့မှာရှိတယ်။ သူနေရာတိုင်းမှာသယ်သွားတဲ့ ကာတွန်းစာအုပ် ၉ အုပ်ပါတဲ့ ဒီဖိနပ်ဘူးပါ။ Spider-Man နဲ့တူအောင်ဆွဲထားတဲ့ G.I. Joes ၂ အုပ်ရယ်၊ Gobots ၅ အုပ်ရယ်ပေါ့။ ဒါက သူ့ရဲ့ ရတနာသိုက်ပဲလေ။ သူ့ကို မူးယစ်ဆေး၊ လူဆိုးဂိုဏ်းတွေနဲ့ သူ့အိပ်မက်တွေကို စွန့်လွှတ်ခြင်းကနေ ကာကွယ်ပေးတဲ့ သူပိုင်တဲ့သူရဲကောင်း အဖွဲ့အစည်းပေါ့။ ကျွန်မတို့မိသားစုရဲ့ အိမ်ယာမဲ့အဖွဲ့ဝင်ဟောင်း နောက်တစ်ယောက် အကြောင်းပြောဦးမှာပါ။ သူကတော့ Scarlett ပါ။ Scarlett ဟာ တစ်ခါတုန်းကတော့ ခွေးတိုက်ပွဲတွေမှာ မျှားစာ အဖြစ်အသုံးခံခဲ့ရသူပေါ့။ သူ့ကို ကြိုးတုပ်ပြီး တစ်ခြားတွေတိုက်ခိုက်ဖို့ ကွင်းထဲကိုပစ်ချလိုက်တော့ ခွေးတွေဟာ မတိုက်ခင် ပိုပြီးရန်လိုလာကြတာပေါ့။ အခုအချိန်မှာတော့ သူမဟာ သဘာဝ မြေဩဇာသုံး အစားအစာတွေစားပြီး သူ့မနာမည်ပါတဲ့ အရိုးကုတဲ့ကုတင် ပေါ်မှာအိပ်ပါတယ်၊ ဒါပေမဲ့ သူ့ကိုဇလုံထဲမှာထည့်ပြီး ရေလောင်းတဲ့အခါမှာတော့ မော့ကြည့်ပြီး ကျေးဇူးတင်ကြောင်းကို အမြီးလေးနန့်ပြတုန်းပါ။ တစ်ခါတစ်လေကျတော့Brian နဲ့ ကျွန်မ Scarlett နဲ့အတူ ပန်းခြံထဲဖြတ်လျှောက်ကြပါတယ်။ သူမက မြက်ခင်းထဲ လူးလှိမ့်ပါတယ်၊ ကျွန်မတို့က သူမကိုကြည့်၊ ပြီးတော့ တစ်ဦးကိုတစ်ဦးကြည့်နဲ့၊ ကျေးဇူးတင်မှုကို ခံစားမိတာပေါ့။ ကျွန်မတို့ရဲ့ အလယ်အလတ်တန်းစား စိတ်ပျက်စရာ၊ စိတ်ထိခိုက်စရာတွေအားလုံး မေ့ပျောက်ပြီး သန်ကြွယ်သူဌေးတွေလိုမျိုး ခံစားရတာပေါ့ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ (လက်ခုပ်သံများ))