< Return to Video

နားထောင်မှုရဲ့ စွမ်းပကား | William Ury | TEDxSanDiego

  • 0:14 - 0:20
    ဒဿနိကဆိုင်ရာ ရှေပြောရိုးစကား တခုထဲမှာ
    မေးခွန်း ထုတ်ထားတာက-
  • 0:20 - 0:27
    "တောထဲမှာ သစ်ပင်တပင် လဲကျစဉ်၊
    အဲဒီမှာ ကြားနိုင်မယ့်သူ မရှိဘူးဆိုရင်၊
  • 0:28 - 0:30
    အဲဒီအပင်ကြောင့် အသံပေါ်ထွက်လာပါအုံးမလား?"
  • 0:31 - 0:36
    သိပ္ပံရဲ့ ရှင်းပြချက်အရဆိုပါက၊ အပင်ဟာ
    လေထဲမှာ လှိုင်းတွေကို ဖြစ်ပေါ်စေလို့
  • 0:36 - 0:40
    အသံထွက်လာပေမဲ့ အဲဒါကို ကြားနိုင်မယ့်
    နားရှိရန် လိုပါသေးတယ်။
  • 0:40 - 0:42
    ကျွန်တော်မေးချင်တာက၊
    ဥပမာဆိုပါစို့၊ လူတယောက်က
  • 0:42 - 0:48
    TED Talk ကိုလာပြီး တခုခု ပြောကြားနေတာကို
  • 0:48 - 0:52
    ဘယ်သူမှာ နားမထောင်ရင် အဲဒါကို ဆက်သွယ်
    ပြောကြားမှုလို့ တကယ် ခေါ်နိုင်ပါ့မလား?
  • 0:52 - 0:56
    နားထောင်မှုဟာ ဆက်သွယ်ပြောကြားမှုထဲက
    ပျောက်နေတဲ့ တစ်ဝက်လို့ ယုံကြည်တယ်။
  • 0:56 - 1:01
    အဲဒါဟာ လုံးဝကို လိုအပ်တာဖြစ်ပေမဲ့
    မကြာခဏဆိုသလို ဂရုမစိုက်ကြပါဘူး။
  • 1:02 - 1:05
    ကျွန်တော်တို့ နေထိုင်နေရတဲ့ ခေတ်ကို
    ဆက်သွယ်ပြောကြားမှု ခေတ်ကြီးလို့ ခေါ်ရပါမယ်။
  • 1:05 - 1:10
    ဆဲလ်ဖုန်းတွေ၊ စာတိုတွေ၊ တွီးတ်တွေ၊
    အီးမေးလ်တတွေနဲ့ ဆိုတော့
  • 1:10 - 1:12
    ပြောဆိုမှုတွေ တကယ့်ကို များလှပါတယ်။
  • 1:12 - 1:15
    ဒီလောက်ကြီး အနှောင့်အယှက်တွေ၊
    အာရုံလွှဲပြောင်းခံရမှုတွေ ရှိနေတော့
  • 1:17 - 1:20
    တကယ့်ကို နားထောင်ဖြစ်တာ
    ဘယ်လောက်များ ရှိနိုင်မလဲ?
  • 1:24 - 1:30
    နောက်ဆုံး နှစ်ပေါင်း ၃၀ အတွင်းမှာ ကျွန်တော်
    စိတ်လိုက်မာန်ပါ ကြိုးပမ်းလာခဲ့တာက
  • 1:30 - 1:33
    သိပ်ကို ခက်တဲ့ ညှိနှိုင်းမှုတွေထဲမှာ
    "ဟုတ်ကဲ့" ကို ရရှိဖို့ အတွက်ပါ။
  • 1:33 - 1:38
    မိသားစု ရန်စတွေမှအစ ဘုတ်အဖွဲ့ပြဿနာတွေ၊
    အလုပ်သမား သပိတ်၊ ပြည်သူ့စစ်ပွဲတွေ အဆုံးပဲ။
  • 1:38 - 1:43
    ပြောဆိုမှုတွေကို အများကြီး ကြားရပေမဲ့၊
    နားထောင်မှု အစစ်ကိုတော့ မကြားရသလောက်ပါပဲ။
  • 1:43 - 1:46
    ညှိနှိုင်းဆွေးနွေးမှုကို စကားပြောဆိုမှုလို
    ကျွန်တော်တို့ ထင်တတ်ကြတယ်။
  • 1:47 - 1:50
    တကယ်တမ်းမှာကျတော့ အဲဒါဟာ
    နားထောင်မှုနဲ့ ဆိုင်နေတယ်။
  • 1:50 - 1:52
    အောင်မြင်တဲ့ ညှိနှိုင်းရေးသမားတွေရဲ့
    ပြုမူပုံကို လေ့လာကြည့်ရင်၊
  • 1:52 - 1:55
    သူတို့ဟာ ပြောတာထက် နားထောင်တာ
    ပိုများတာကို တွေ့လာကြပါမယ်။
  • 1:55 - 1:59
    ကျွန်တော်တို့ဆီမှာ နားနှစ်ခုရှိနေကာ ပါးစပ်
    တပေါက်တည်း ရှိနေခြင်းက အဲဒါကို ပြနေတယ်လေ။
  • 1:59 - 2:04
    ကျွန်တော်တို့ဟာ ကိုယ်က ပြောတာထက်
    နှစ်ဆ ပိုနားထောင်ရန် လိုပါတယ်။
  • 2:04 - 2:10
    နားထောင်မှုဟာ ဘာလို့ ဒီလောက် အရေးကြီးတာလဲ?
    ပုံပြင်တခုကို ပြောပါရစေ။
  • 2:10 - 2:16
    လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော်ဟာ
    အစိုးရ နဲ့ အတိုက်အခံတွေ အကြားမှာ
  • 2:16 - 2:19
    ကြားဝင်ပေးသူအဖြစ် ဗီနီဇွဲလာ နိုင်ငံကို
    ရောက်ရှိနေခဲ့တယ်၊
  • 2:19 - 2:23
    ပဍိပက္ခအရှိန်မြင့်လာကာ ပြည်တွင်းစစ်
    ဖြစ်လာမှာကို စိုးရိမ်နေခဲ့ရတဲ့ အချိန်ပါပဲ။
  • 2:23 - 2:27
    ကျွန်တော့ လုပ်ဖက် Francisco Diaz နဲ့
    ကျွန်တော်ဟာ
  • 2:27 - 2:31
    သမ္မတကြီး Hugo Chavez နဲ့ ည ၉ နာရီမှာ
    သမ္မနန်းတော်မှာ တွေ့ဆုံရန် ရှိခဲ့တယ်။
  • 2:31 - 2:33
    နောက်ဆုံး ညသန်းခေါင် အချိန်မှာ
  • 2:33 - 2:35
    သမ္မတနဲ့ တွေ့ဆုံခွင့် ရခဲ့ကြရာ
  • 2:35 - 2:38
    သူ့နောက်မှာ သူ့အစိုးရအဖွဲ့ တခုလုံး
    နေရာယူထိုင်နေခဲ့ပါတယ်။
  • 2:38 - 2:44
    သူက ကျွန်တော့ကို၊ "ကောင်းပြီ၊ ဒီကအခြေအနေနဲ့
    ပတ်သက်ပြီး Ury ကော ဘယ်လိုထင်သလဲ?"
  • 2:44 - 2:50
    "သမ္မတကြီးခင်ဗျား၊ သမ္မတကြီးရဲ့ ဝန်ကြီးတွေ
    အတိုက်အခံတွေနဲ့ ကျွန်တော် ဆွေးနွေးခဲ့တယ်။
  • 2:50 - 2:52
    သမ္မတဆီမှာ တိုးတက်မှု
    တချို့ ရှိတယ် ထင်ပါတယ်။"
  • 2:53 - 2:57
    "တိုးတက်မှုတဲ့လား? ခင်ဗျာရဲ့ တိုးတက်မှုက
    ဘာများလဲ?" သူဟာ အော်ပြောလာတယ်။
  • 2:58 - 2:59
    "ခင်ဗျား မျက်စိကန်းနေတယ်။
  • 2:59 - 3:03
    သစ္စာဖောက်ကောင်တွေရဲ့ မရိုးသားတဲ့
    လုပ်ကြံမှုတွေကို ခင်ဗျား မမြင်ဘူး။"
  • 3:03 - 3:07
    သူဟာ ကျွန်တော့မျက်နှာဆီ ကပ်လာပြီး
    ဆက်ပြီး အော်ပြောနေခဲ့တယ်။
  • 3:07 - 3:09
    ကျွန်တော်ဟာ ဘာများ လုပ်သင့်လဲ?
  • 3:09 - 3:11
    ကျွန်တော့ ကိုယ်တစ်ပိုင်းဟာ
    ကာကွယ်လိုချင်ခဲ့တာ အမှန်ပါပဲ။
  • 3:11 - 3:13
    ဒါပေမဲ့၊ ဗီနီဇွဲလာ နိုင်ငံတော် သမ္မတကြီးနဲ့
  • 3:13 - 3:16
    ငြင်းခုံနေမယ်ဆိုရင် ဘာကောင်းတာ ရှိနိုင်မလဲ?
  • 3:16 - 3:17
    (ရယ်မောသံများ)
  • 3:17 - 3:21
    အဲဒါက ဘယ်လို ငြိမ်းချမ်းမှုကို ယူပေးမလဲ?
    ကျွန်တော်ဟာ ဆက်ပြီး နားထောင်နေခဲ့တယ်။
  • 3:21 - 3:25
    ကျွန်တော် သူ့ကို ဂရုစိုက် နားထောင်ခဲ့တယ်။
    သူ့ပြောဆိုတောကို နားထောင်နေခဲ့တယ်။
  • 3:26 - 3:30
    သမ္မတကြီး Chavez ဟာ ၈ နာရီကြာအောင်
    မိန့်ခွန်းပြောနိုင်လို့ နာမည်ကြီးသူပါ။
  • 3:30 - 3:35
    ကျွန်တော် ခေါင်းညိတ်နေရင်၊ သူ့ကို နားထောင်
    လာတာ မိနစ် ၃၀ နောက်မှာ၊
  • 3:35 - 3:39
    သူ့ပခုံးတွေ အိကျလာတာ ကျွန်တော်တွေ့တယ်။
  • 3:39 - 3:45
    သူဟာ ကျွန်တော့ကို စိတ်ကုန်စွာ ပြောလိုက်တာက၊
    "ကောင်းပြီ၊ Ury၊ ကျွန်တော် ဘာလုပ်သင့်လဲ?"
  • 3:45 - 3:51
    အဲဒါက နားထောင်ဖို့ သူ့စိတ်ကို
    ဖွင့်ပေးလိုက်တဲ့ အသံပါပဲ။
  • 3:51 - 3:54
    ကျွန်တော်က၊ "သမ္မတကြီးခင်ဗျာ၊
    အခု ခရစ္စမတ်ပွဲတော် ကျလာတော့မယ်။၊
  • 3:54 - 3:57
    နိုင်ငံဟာ ခဏရပ်နားဖို့ လိုနေတယ်။
  • 3:57 - 4:01
    မနှစ်တုန်းက ပွဲတော်အားလုံးနီးနီးကို
    ပဍိပက္ခတွေကြောင့် ဖျက်သိမ်းခဲ့ရတယ်။
  • 4:01 - 4:03
    ဒီတချီမှာ စစ်ပြေငြိမ်းမှုကို ကြေညာလိုက်ကာ
  • 4:03 - 4:07
    ပွဲတော်နေ့ရက်တွေမှာ လူတွေကို မိသားစုတွေနဲ့
    ပျော်ရွှင်ခံစားနိုင်ခွင့် ပေးလိုက်ရင်ကော?
  • 4:07 - 4:11
    အဲဒီနောက်မှာ လူတိုင်းဟာ နားထောင်နိုင်မယ့်
    စိတ်ထားကောင်းမျိုး ရှိလာနိုင်ကြပါတယ်။"
  • 4:11 - 4:16
    သူက၊ "အဲဒါဟာ သိပ်ကောင်းတဲ့ စိတ်ကူးပဲ။
    ကျွန်တော့မိန့်ခွန်းထဲမှာ အဲဒါကို ကြေညာမယ်။"
  • 4:16 - 4:18
    သူရဲ့ စိတ်အနေအထားဟာ
    လုံးဝကို ပြောင်းလဲသွားတယ်။
  • 4:18 - 4:22
    ဘယ်လိုကြောင်လဲ? နားထောင်မှုဆိုတာရဲ့
    သာမန်စွမ်းပကားကြောင့်ပါ။
  • 4:24 - 4:28
    ကျွန်တော်က သူ့ကို နားထောင်ခဲ့လို့ သူဟာ
    ကျွန်တော့ကို နးထောင်ရန် အသင့်ရှိလာတယ်။
  • 4:29 - 4:34
    ဘယ် ညှိနှိုင်မှု ဒါမှမဟုတ် ပဍိပက္ခထဲမှာမဆို
    နားထောင်ရန် အရေးကြီးခြင်း အတွက်
  • 4:34 - 4:38
    အနည်းဆုံးအားဖြင့်
    အကြောင်းရင်း သုံးခုရှိပါတယ်။
  • 4:38 - 4:43
    ပထမက အဲဒါဟာ အခြားတဘက်ကို နားလည်လာအောင်
    ကျွန်တော်တို့ကို ကူပေးလို့ပါ။
  • 4:43 - 4:47
    ညှိနှိုင်းမှုဟာ၊ နောက်ဆုံးမှာတော့၊ ဩဇာ
    လွှမ်းမိုးဖို့ ကြိုးပမ်းမှုပဲပါ။
  • 4:47 - 4:51
    ကျွန်တော်တို့ဟာ တယောက်ယောက်ရဲ့
    စိတ်ကို ပြောင်းလဲဖို့ ကြိုးစားနေခြင်းပါပဲ။
  • 4:51 - 4:54
    တယောက်ယောက်ရဲ့ စိတ်
    ဘယ်မှာရှိနေတာကို မသိဘဲနဲ့
  • 4:54 - 4:57
    အဲဒီလူရဲ့ စိတ်ကို ဘယ်လိုလုပ်
    ပြောင်းလဲပစ်နိုင်မလဲ?
  • 4:57 - 4:58
    နားထောင်မှုဟာ သော့ချက်အရေးကြီးဆုံးပါ။
  • 4:58 - 5:01
    ဒုတိယ အကြောင်းရင်းဟာလည်း
    အလားတူ အရေးကြီးလှတယ်။
  • 5:01 - 5:05
    အဲဒါဟာ အခြားလူသားနဲ့ ချိတ်ဆက်ခွင့်ကို
    ပေးပါတယ်။
  • 5:05 - 5:09
    အပေါက်အလမ်းတည့်လာဖို့ ကူပေးတယ်၊
    အလေးထားမှုကို ပြသတယ်။
  • 5:11 - 5:13
    တကယ်တော့ လူတိုင်းက
    သူ့ကို နားထောင်မှာကို လိုချင်ပါတယ်။
  • 5:13 - 5:17
    တတိယ အကြောင်းရင်းမှာ၊ သမ္မဖြစ်တဲ့
    President Chavez ကိစ္စမှာလို၊
  • 5:17 - 5:21
    အဲဒါက အခြားပုဂ္ဂိုလ်က ကျွန်တော်တို့အား
    နားထောင်လာဖို့ ကူပေးတာမို့လို့ပါ။
  • 5:21 - 5:23
    ကျွန်တော်တို့အား "ဟုတ်ကဲ့"လို့
    ပြောဖို့ကို ကူပေးတယ်။
  • 5:24 - 5:27
    တိုတိုနဲ့ပြောရင်၊ နားထောင်မှုဟာ
    ညှိနှိုင်းမှုထဲ ပြုလုပ်နိုင်တဲ့
  • 5:27 - 5:29
    ကုန်ကျမှုအနည်းဆုံး အပေးအယူ လုပ်မှုပါပဲ
  • 5:29 - 5:33
    အဲဒါ့အတွက် ကျွန်တော်တို့ ဘာမှ မကုန်ကျရဘဲ
    ရလဒ်ကြီးတွေကို ယူဆောင်ပေးနိုင်လို့ပါ။
  • 5:33 - 5:40
    နားထောင်မှုဟာ လူသားဆံဆံ ဆက်ဆံမှုတွေဆီကို
    တံခါးဖွင့်ပေးတဲ့ ရွှေသော့ကြီး ဖြစ်နိုင်တယ်။
  • 5:40 - 5:42
    ကျွန်တော်တို့ဟာ ဘယ်လို နားထောင်ကြရမှာလဲ?
  • 5:44 - 5:48
    ကျွန်တော်တို့ဟာ နားထောင်မှုဆိုတာ
    သဘာဝ ကျကာ အလွယ်လေးဆိုပြီး
  • 5:48 - 5:50
    မကြာခဏဆိုသလို ထင်တတ်ကြတာ တွေ့ရှိရတယ်။
  • 5:50 - 5:55
    ဒါပေမဲ့ တကယ်တမ်းတွင်၊ ကျွန်တော့အတွေ့အကြုံ
    အရဆိုရင် တကယ့်ကို နားထောင်မှုကို
  • 5:55 - 5:59
    နေ့စဉ်ဘဝထဲမှာ သင်ယူရန် နဲ့ လေ့ကျင့်နေဖို့
    လိုအပ်လှပါတယ်။
  • 5:59 - 6:03
    သာမန် နားထောင်မှုထဲတွင် ကျွန်တော်တို့ဟာ
    စကားလုံးတွေကို ကြားကြရပါတယ်။
  • 6:03 - 6:08
    မကြာခဏဆိုသလို ကျွန်တော်တို့က၊ "ငါသဘောတူတာက
    ဘာလဲ? သဘောမတူတာက ဘာတွေလဲ?
  • 6:08 - 6:14
    ငါဟာ ဘယ်လိုများ ပြန်ဖြေမလဲ?" - စဉ်းစားတယ်။
    တနည်းအားဖြင့်၊ အာရုံက ကိုယ့်အပေါ်မှာ။
  • 6:15 - 6:20
    စစ်မှန်တဲ့ နားထောင်မှုထဲမှာ ကျတော့၊
    အဓိကက အခြားတဘက်သားပါ။
  • 6:22 - 6:26
    ကိုယ့်ကို သူတို့ရဲ့နေရာမှာ ထားကြည့်တယ်။
    သူတို့ရဲ့ လှိုင်းနှုန်းဆီကို ညှိယူကြတယ်။
  • 6:28 - 6:33
    ကိုယ့်ဘောင်ဖြင့် မဟုတ်ဘဲ သူတို့ခံယူထားတဲ့
    ဘောင်ထဲကနေပြီး နားထောင်ကြပါတယ်။
  • 6:33 - 6:35
    အဲဒါဟာ မလွယ်ပါဘူး။
  • 6:35 - 6:39
    စစ်မှန်တဲ့ နားထောင်မှုထဲမှာ ကျွန်တော်တို့ဟာ
    ပြောဖြစ်တာကိုသာမက၊ မပြောဖြစ်တာကိုပါ
  • 6:39 - 6:43
    နားထောင်တတ်ရန် လိုပါတယ်။
  • 6:43 - 6:49
    စကားလုံးတွေကိုသာမက၊ စကားလုံးတွေရဲ့
    နောက်မှာ ရှိနိုင်တာကိုပါ နားထောင်ကြတယ်။
  • 6:49 - 6:54
    ဆက်စပ်နေတဲ့ စိတ်ထဲက လှုပ်ရှားမှုများ၊
    ခံစားချက် နဲ့ လိုအပ်ချက်ကို နားစွင့်ကြတယ်။
  • 6:56 - 6:59
    အဲဒီလူ တကယ်လိုအပ်နေတာ၊ လိုချင်တာကို
    ကျွန်တော်တို့ နားထောင်ကြပါတယ်။.
  • 6:59 - 7:02
    ကျွန်တော် ခင်ဗျားတို့အတွက်
    ဥပမာကို ပြပါရစေ။
  • 7:02 - 7:07
    လွန်ခဲ့တဲ့ တစ်နှစ်ခွဲတုန်းက ဘရာဇီးလ်
    စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် ဖြစ်သူ
  • 7:07 - 7:10
    Abilio Diniz က ကျွန်တော့ကို
    ဖိတ်ခေါ်လာပါတယ်။
  • 7:10 - 7:14
    သူဟာ သိပ်ကို စိတ်ညစ်စရာ ကောင်းတဲ့ တရားဝင်
    အငြင်းပွားမှု ထောင်ချောက်ထဲမှာ မိနေခဲ့တယ်၊
  • 7:14 - 7:20
    ဘရာဇီးလ် အကြီးဆုံး လက်လီဆိုင်ကြီးအား
    ထိန်းချုပ်မှုထဲမှာ ပြင်သစ် စီးပွာဖက်နဲ့
  • 7:21 - 7:23
    အငြင်းပွားနေခဲ့ရတယ်။
    Financial Times အဲဒါကို
  • 7:23 - 7:29
    ခေတ်သစ်သမိုင်းထဲက ဘုတ်အဖွဲ့ဝင်အကြားက
    အကြီးကျယ်ဆုံး အငြင်းပွားမှုလို့ ဆိုပါတယ်။
  • 7:29 - 7:31
    အဲဒါဟာ နှစ်နှစ်ခွဲအထိကို ကြာနေခဲ့တာပါ။
  • 7:31 - 7:34
    အဲဒါဟာ ဘက်နှစ်ဘက်တို့အတွက်သာမက၊
    သူတို့ရဲ့ မိသားစုများ၊
  • 7:34 - 7:37
    ပြီးတော့ ကုမ္ပဏီထဲက
    လုပ်သား ၁၅၀၀၀၀ တို့အတွက်ပါ
  • 7:37 - 7:41
    အရမ်းကို အကုန်အကျများခဲ့တဲ့ အပြင်
    ဖိစီးနှိပ်စက်နေခဲ့တာပါ။
  • 7:41 - 7:46
    ကျွန်တော်ဟာ Abilio ရဲ့ နေအိမ်မှာ ထိုင်လျက်
    သူပြောပြတာတွေကို နားထောင်နေခဲ့တယ်။
  • 7:46 - 7:48
    အဲဒီနောက်မှာ ကျွန်တော်
    မေးခွန်းတခုကို မေးလိုက်တယ်။
  • 7:48 - 7:52
    "Abilio ခင်ဗျာ၊ ကျွန်တော် တခု နားလည်အောင်
    ကူပေးစမ်းပါ၊ ခင်ဗျာ တကယ်လိုချင်တာက ဘာလဲ?"
  • 7:53 - 7:57
    သူက၊ "ကောင်းပြီ၊ ရှယ်ယာဈေးကို တနေရာရာမှာ
    ရှိစေချင်တယ်၊
  • 7:57 - 7:59
    ကျွန်တော်ဟာ
    ကုမ္ပဏီရဲ့ ရုံးချုပ်တွေကို လိုချင်တယ်။
  • 7:59 - 8:03
    ကျွန်တော် ပြိုင်ဆိုင်မှုမဆံခြင်းဆိုင်ရာ
    ပုဒ်မကို ဖယ်ရှားပစ်ချင်တယ်။"
  • 8:03 - 8:08
    သူဟာ စာရင်းကို ချပြတယ်။ နားထောင်ရင်းနဲ့
    ထုတ်မပြောခဲ့တာတွေ ရှိတာကို ခံစားမိတယ်။
  • 8:08 - 8:12
    ဒါနဲ့ ကျွန်တော်က၊ "Abilio၊ ခင်ဗျားဟာ
    အားလုံးရှိနေတဲ့ ပုဂ္ဂိုလ်ပဲ၊
  • 8:12 - 8:15
    ဒီအရာတွေဟာ ခင်ဗျားကို ဘာတွေကို
    တကယ်ပေးနိုင်ကြလို့လဲ?
  • 8:15 - 8:18
    ခင်ဗျားရဲ့ ဘဝထဲမှာ ခင်ဗျား အလိုလားဆုံးအရာက
    ဘာများလဲ?"
  • 8:18 - 8:20
    သူဟာ ခဏကြာ ရပ်နေလျက်
    အဲဒါကို စဉ်းစားနေခဲ့တယ်။
  • 8:20 - 8:26
    နောက်ဆုံးမှာ သူပြောလိုက်တာက၊ "လွတ်လပ်မှုပဲ။
    ကျွန်တော့ရဲ့ လွတ်လပ်မှုကို လိုချင်တယ်။
  • 8:26 - 8:29
    စီးပွားရေးလုပ်ငန်းဆိုင်ရာ အိပ်မက်တွေကို
    ရုပ်လုံးဖေါ်ဖို့ လွတ်လပ်သူဖြစ်ချင်တယ်။
  • 8:29 - 8:34
    ကျွန်တော့မိသားစုနဲ့ အချိန်ဖြုန်းဖို့
    လွတ်လပ်သူ ဖြစ်ချင်တယ်"တဲ့။
  • 8:34 - 8:37
    ချံပီယံလုပ်ငန်းရှင်ကြီး မဟုတ်ဘဲ လူသား
    တယောက်ရဲ့ ပြောစကားတွေကို
  • 8:37 - 8:39
    နားထောင်နေရတာကို နားလည်လိုက်တယ်။
  • 8:39 - 8:44
    သူရဲ့ အနက်ရှိုင်းဆုံး လိုအပ်ချက်တွေကို
    ကျွန်တော်တို့ သိလိုက်ရတာနဲ့၊
  • 8:44 - 8:49
    ညှိနှိုင်းရတာ စိန်ခေါ်မှုကြီး ဖြစ်ခဲ့ပေမဲ့၊
    တော်တော်လေး လွယ်လာခဲ့တယ်။
  • 8:49 - 8:52
    လေးရက်တည်း အတွင်းမှာကို၊
    ကျွန်တော်ဟာ လုပ်ဖေါ်များနဲ့အတူ
  • 8:52 - 8:55
    အခြားတဘက်ကို နားထောင်နိုင်ခဲ့ခြင်းဖြင့်၊
  • 8:55 - 8:57
    အဲဒီ ဧရာမခက်ခဲခဲ့တဲ့ အငြင်းပွားမှုကို
    ကိုယ်တွယ်နိုင်ခဲ့ကာ
  • 8:57 - 9:02
    ဘက်နှစ်ဘက်စလုံး သိပ်ကို ကျေနပ်ခဲ့ကြတဲ့
    အဖြေကို ရှာကြံပေးနိုင်ခဲ့ကြတယ်။
  • 9:02 - 9:06
    မိတ်ဆွေဖြစ်တဲ့ Abilio ဟာ နောက်ပိုင်းတွင်
    ကျွန်တော့ကို ပြောခဲ့တာက၊
  • 9:06 - 9:11
    "ကျွန်တော်လိုချင်ခဲ့တဲ့ အရာတိုင်း ရခဲ့တယ်။
    အရေးကြီးဆုံးက ကိုယ့်ဘဝကို ပြန်ရခဲ့တယ်။"
  • 9:11 - 9:17
    အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်ခဲ့တာလဲ?
    နားထောင်မှုရဲ့ စွမ်းပကားကြောင့်ပါ။
  • 9:20 - 9:27
    နားထောင်မှုက အဲဒီလို အသုံးဝင်တယ်ဆိုရင်၊
    လူတိုင်းက ဘာဖြစ်လို့ မကျင့်သုံးကြတာလဲ?
  • 9:30 - 9:33
    အမှန်ကို ပြောရရင်၊ အဲဒါဟာ သိပ်မလွယ်လှပါ။
  • 9:33 - 9:36
    ကျွန်တော်ကိုယ်တိုင်ရဲ့ အတွေ့အကြုံကို
    ခဏစဉ်းစားကြည့်မိရင်၊
  • 9:36 - 9:40
    ကျွန်တော်ဟာ အလုပ်ထဲမှာ လူတွေကို အတော်ကလေး
    ကောင်းမွန်စွာ နားထောင်တယ်လို့ ထင်ပေမဲ့၊
  • 9:40 - 9:47
    အိမ်ကို ရောက်တော့ ဇနီးကို သိပ်ကောင်းမွန်စွာ
    နားမထောင်တာကို တွေ့မိတတ်ပါတယ်။
  • 9:47 - 9:50
    အဲဒါဟာ စိတ်ဓာတ်ကျစရာပဲလို့ ပြောချင်ပါတယ်။
  • 9:50 - 9:54
    နားထောင်မှုကို ခက်ခဲစေနေတဲ့ တကယ့်ပြဿနာက
  • 9:54 - 9:58
    ကျွန်တော်တို့ စိတ်ထဲမှာ ဖြစ်ပျက်နေတာတွေ
    သိပ်များနေလို့ပါ။
  • 9:58 - 10:01
    ဆူညံသံတွေ၊ အာရုံကို လွှဲပြောင်းနိုင်ကြတဲ့
    အရာတွေ သိပ်ကိုများလွန်းလို့၊
  • 10:02 - 10:05
    အခြားသူတဦးကို တကယ့်ကို နားထောင်ဖို့အတွက်
    ကျွန်တော်တို့ဆီမှာ
  • 10:05 - 10:09
    စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုဆိုင်ရာ
    အားအင်တွေ မရှိလို့ပါ။
  • 10:09 - 10:11
    ကျွန်တော်တို့ဟာ ကျွန်တော်တို့ စိတ်တွေကို
    ဘယ်လို ရှင်းပစ်မလဲ?
  • 10:12 - 10:17
    မဖြစ်နိုင်ဘူးလို့ ထင်စရာရှိပေမဲ့၊
    လျှို့ဝှက်ချက်က၊
  • 10:17 - 10:20
    တဘက်သားကို
    ကျွန်တော်တို့ နားထောင်စေချင်ကြရင်၊
  • 10:20 - 10:23
    ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် နားထောင်
    တတ်အောင် ဦးစွာ သင်ယူရပါမယ်။
  • 10:25 - 10:28
    ကျွန်တော်ဟာ သမ္မတ Chavez နဲ့အတူ
    ထိုင်နေစဉ်တုန်းက၊
  • 10:28 - 10:31
    ကျွန်တော့ကို တကယ်ကူညီခဲ့တာက၊
    အဲဒီမတိုင်မီလေးတင်မှာ
  • 10:31 - 10:35
    ကျွန်တော်ဟာ အချိန်အနည်းငယ် ယူခဲ့ကာ
  • 10:35 - 10:37
    ကျွန်တော် ကိုယ်တိုင်ထဲ ဖြစ်ပျက်နေတာကို
    အာရုံစိုက်ကြည့်ခဲ့လို့ပါ။
  • 10:37 - 10:41
    ကျွန်တော်ဟာ ကိုယ့်စိတ်ကို ငြိမ်သွားစေဖို့
    ကိုယ့်ကိုယ်ကို နားထောင်ကြည့်ခဲ့ပါတယ်။
  • 10:41 - 10:44
    သူက အော်ပြီး စကားပြောလာတော့၊
    ကျွန်တော်ဟာ အသင့်ရှိနေပါပြီ။
  • 10:44 - 10:48
    ကျွန်တော့ပါးတွေ နီမြန်းလာတာကို ကျွန်တော်
    သတိထားမိပါတယ်၊
  • 10:48 - 10:52
    ကျွန်တော် အံကြိတ်မိခဲ့ပါတယ်။
  • 10:52 - 10:54
    ကျွန်တော်ဟာ ကြောက်မိခဲ့ကာ
    နဲနဲလေး စိုးရိမ်မိခဲ့တယ်။
  • 10:54 - 10:57
    ကျွန်တော်ဟာ အဲဒီလို ခံစားချက်တွေကို
    သတိထားမိခြင်းဖြင့်
  • 10:57 - 11:00
    အဲဒါတွေကို လွတ်ထွက်သွားစေလိုက်လို့၊
  • 11:00 - 11:04
    သမ္မတ Chavez ကို စစ်မှန်စွာ
    နားထောင်နိုင်ခဲ့တာပါ။
  • 11:04 - 11:10
    တကယ်လို့များ၊ အရေးကြီးတဲ့၊ သိမ်မွေ့တဲ့၊
    အရေးပါတဲ့ ဆွေးနွေးပွဲ တခုမတိုင်မီမှာ
  • 11:10 - 11:16
    ကျွန်တော်တို့ဟာ ခဏတိတ်ဆိတ်နေလျက် ကိုယ့်ကို
    နားစွင့်ကြည့်မယ်ဆိုရင် ဘယ်လိုများနေမလဲ?
  • 11:16 - 11:21
    ကျွန်တော်တို့က အဲဒီလို လုပ်ကြမယ်၊ ကိုယ့်ကို
    ဦးစွာ နားထောင်ကြည့်ကြမယ်ဆိုရင်၊
  • 11:21 - 11:24
    အခြားသူတွေကို နားထောင်ရတာ များစွာမှ
    လွယ်ကူလာတာကို တွေ့လာကြရမှာပါ။
  • 11:26 - 11:31
    နောက်ဆုံးမေးစရာက၊ ကျွန်တော်တို့က တိုးတိုး
    နားထောင်လာကြမယ်ဆိုရင်၊
  • 11:31 - 11:35
    ကမ္ဘာကြီးကို
    ဘယ်လိုများ ပြောင်းလဲသွားစေမှာလဲ?
  • 11:35 - 11:38
    အဲဒါဟာ အကြီးအကျယ် ပြောင်းလဲပစ်မှာကို
    ကျွန်တော် ယုံကြည်ပါတယ်။
  • 11:38 - 11:42
    ကျွန်တော်က ပြေလည်မှုရရှိအောင် အားထုတ်
    လုပ်ကိုင်ရာတွင်၊
  • 11:42 - 11:46
    ပဍိပက္ခတွေ၊ ပျက်ပျားသွားတဲ့ ဆက်ဆံမှုတွေ၊
    မိသားစုတွေ၊
  • 11:46 - 11:52
    တင်းမာမှုရှိနေတဲ့ လုပ်ငန်းခွင်တွေ၊ စိတ်ကုန်
    လက်ကျ ဖြစ်ရတဲ့ တရားရင်ဆိုင်မှုတွေ၊
  • 11:52 - 11:56
    အဓိပ္ပါယ်မရှိတဲ့ စက်မက်တွေကြောင့်
    များစွာနစ်နာ ကုန်ကျရတာတွေကို မြင်ခဲ့ရပါတယ်။
  • 11:56 - 12:01
    ကျွန်တော် အစဉ်ပဲ အံ့အားသင့်မိတာက အဲဒီလို
    ပဍိမက္ခတွေ မစတင်မီမှာကို
  • 12:01 - 12:06
    အဲဒါတွေကို လ က်တွေ့ တားဆီးပေးနိုင်မယ့်
    တကယ့်အခွင့်အလမ်း ရှိနေခြင်းကိုပါပဲ။
  • 12:06 - 12:08
    အဲဒါကို ဘယ်လို လုပ်နိုင်မလဲ?
  • 12:10 - 12:14
    အဲဒါဟာ လွယ်တာ မဟုတ်ပေမဲ့၊ ခြေလှမ်း
    ရိုးရိုးလေး တခုဖြင့် စတင်ရန် လိုပါတယ်။
  • 12:14 - 12:18
    နားထောင်ကြရန်ပါပဲ။ ကျွန်တော့
    မက်နေတဲ့ အိပ်မက်ပါ။
  • 12:19 - 12:24
    လက်ရှိ ဆက်သွယ်ပြောကြားရေး ခေတ်ကြီးကို
    နားထောင်ရေး ခေတ်ကြီးအဖြစ်ကို ပြောင်းလဲမယ့်
  • 12:24 - 12:28
    နားထောင်ရေး တော်လှန်ရေးကိုပါ။
  • 12:29 - 12:32
    ဒါကို နောက်တမျိုးပြောရပါက၊ တကယ့်ကို
    စစ်မှန်တဲ့ ဆက်သွယ်ရေး ခေတ်ဆီကိုပါ။
  • 12:34 - 12:36
    ကလေးတိုင်းဟာ ငယ်စဉ်ကတည်းကိုက
  • 12:36 - 12:40
    နားထောင်တတ်မှုကို သင်ယူမယ့် ကမ္ဘာကြီးကို
    ခင်ဗျားတို့ စိတ်ကူးကြည့်ကြစမ်းပါ။
  • 12:42 - 12:46
    ကျွန်တော်တုို့ဟာ စာရေးစာဖတ်ကို
    သင်ပေးကြသလိုပဲ
  • 12:46 - 12:50
    ကျောင်းမှာ နားထောင်တတ်မှုကို
    သင်ပေးကြမယ် ဆိုရင်ကော?
  • 12:50 - 12:52
    တကယ့်တကယ်ကျတော့ နားထောင်မှု ဆိုတာဟာ
    လူတွေကို ဖတ်ရှုမှုပဲ မဟုတ်လား။
  • 12:54 - 12:59
    မိဘတွေက သူတို့ ကလေးတွေကို နားထောင်ကြမယ့်
    ကမ္ဘာကြီးကို စိတ်ကူးကြည့်ကြစမ်းပါ။
  • 13:00 - 13:04
    ကျွန်တော်တို့ ကလေးတွေကို ကျွန်တော်တို့အား
    နားထောင်ဖို့ အတွက်သူတို့ကို ကျွန်တော်တို့က
  • 13:04 - 13:07
    နားထောင်ကြခြင်းထက်ကို ပိုကောင်းတဲ့
    နည်းလမ်း ရှိနိုင်ပါ့မလား?
  • 13:07 - 13:11
    ကျွန်တော်တို့ရဲ့ ကလေးတွေ ကျွန်တော်တို့အတွက်
    အရေးကြီးတာကို ပြတဲ့ အကောင်းဆုံးနည်းပါပဲ။
  • 13:11 - 13:15
    ကျွန်တော်တို့ရဲ့ အချစ်မေတ္တာ ပြဖို့အတွက်
    ပိုကောင်းတဲ့ နည်းလမ်း ရှိနိုင်ပါ့မလား?
  • 13:15 - 13:16
    အဲဒါရဲ့ ဆုလာဘ်အဖြစ်
  • 13:16 - 13:21
    ဇနီးမောင်နှံတွေဟာ တဦးကိုတဦး
    နားထောင်လာတတ်ကြမယ်ဆိုရင်
  • 13:21 - 13:24
    လင်မယား ကွာရှင်းမှုတွေ နည်းလာမှာပါ။
  • 13:24 - 13:29
    ခေါင်းဆောင်တွေက သူတို့ပြည်သူတွေကို
    နားထောင်နိုင်ကြမယ့် ကမ္ဘာကို စိတ်ကူးကြည့်ပါ။
  • 13:30 - 13:36
    ခေါင်းဆောင်တွေကို သူတို့ရဲ့ စကားပြောမှုသာမက
    နားထောင်တတ်မှုကို ကြည့်ရွေးမယ်ဆိုရင်ကော?
  • 13:37 - 13:41
    ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းများအတွက်
    နားထောင်မှုဟာ
  • 13:41 - 13:43
    ချွင်းချက်မဟုတ်ဘဲ ပုံမှန်ကိစ္စ
    ဖြစ်လာမယ်ဆိုရင်ကော?
  • 13:44 - 13:46
    ရေဒီယို နဲ့ တီဗွီ မှာ
  • 13:46 - 13:49
    အပြောရှိုးပွဲတွေသာမက၊ နားထောင်ရေး
    ရှိုးပွဲတွေပါ ရှိလာမယ်ဆိုရင်ကော?
  • 13:49 - 13:51
    (ရယ်မောသံများ)
  • 13:53 - 13:57
    ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသာမက
    ငြိမ်းချမ်းရေး နားထောင်မှုတွေပါ ရှိလာရင်ကော?
  • 13:59 - 14:03
    ကျွန်တော်တို့ဟာ 'ဟုတ်ကဲ့'ဆိုတာကို ပိုပြီး
    မကြာခဏ ကြားလာရမှာ သေချာပါတယ်။
  • 14:04 - 14:07
    ကျွန်တော်တို့ဟာ ပဍိပက္ခတွေအားလုံးကို
    ဖယ်ရှားနိုင်ချင်မှ နိုင်ကြမှာ ဟုတ်ပေမဲ့၊
  • 14:07 - 14:11
    တိုက်ပွဲ နဲ့ စစ်မက် အများအပြားကို
    ရှောင်ရှားနိုင်မှာကတော့ သေချာတယ်။
  • 14:11 - 14:15
    လူတိုင်းဟာ များစွာမှ အကျိုးဖြစ်မှာပါ။
  • 14:15 - 14:18
    ကျွန်တော်ဟာ၊ ဝမ်းသာစွာနဲ့ပဲ၊
    အလုပ်လက်မဲ့ ဖြစ်သွားဖို့များပါတယ်။
  • 14:19 - 14:21
    အဲဒါဟာ ကျွန်တော့ စိတ်ကူးပါ။
  • 14:21 - 14:26
    သိပ်ကို ရဲတင်းပေမဲ့၊
    သိပ်အခက်ကြီးလည်း မဟုတ်ပါ။
  • 14:26 - 14:29
    နားထောင်မှုဟာ ဆင့်ကဲသဘောကို ဆောင်နိုင်ကာ၊
  • 14:29 - 14:34
    တကယ့်ကို စစ်မှန်စွာ နားထောင်ခံလိုက်ရသူဟာ
  • 14:34 - 14:38
    သူအလှည့်ရောက်ရင် အခြားသူကို
    နားထောင်လိုချင်စိတ်နဲ့ ပြည့်နေမှာပါ။
  • 14:39 - 14:41
    နားထောင်မှု ကူးစက်လွယ်နိုင်ပါတယ်။
  • 14:43 - 14:47
    အဲဒီလို ဆင့်ကဲဖြစ်ပွားမှုကို ဒီနေ့မှာကို
    အခုချက်ချင်း စတင်ကြပါရန်
  • 14:47 - 14:51
    ခင်ဗျားတို့အားလုံးကို
    ကျွန်တော် တိုက်တွန်းချင်ပါတယ်။
  • 14:52 - 14:56
    ခင်ဗျားတို့ဟာ လုပ်ဖေါ်တဦး၊ ဖောက်သည်၊
    စီးပွားဖေါ်၊ ဒါမှမဟုတ် ကလေးငယ်၊
  • 14:56 - 15:01
    မိတ်ဆွေ၊ လူစိမ်းနဲ့ နောက်တခါ ဆွေးနွေးစဉ်၊
  • 15:01 - 15:05
    သူတို့ကို အာရုံအပြည့်အဝဖြင့် နားထောင်ကြပါ။
  • 15:05 - 15:09
    စကားလုံးတွေရဲ့ နောက်ကွယ်က လူသားဆိုတာကို
    နားထောင်ကြည့်ကြပါ။
  • 15:09 - 15:16
    လူတယောက်ကို ကျွန်တော်တို့ ပေးနိုင်တဲ့
    ဆုလာဘ်ကြီးမှာ နားထောင်ခံရမှု ဆုလာဘ်ပါ။
  • 15:17 - 15:22
    ကျွန်တော်တို့ရဲ့ နားထောင်မှုဆိုတဲ့
    စွမ်းပကားရိုးရိုးလေးဖြင့်
  • 15:22 - 15:25
    ကျွန်တော်တို့ဟာ
    ကျွန်တော်တို့ရဲ့ ဆက်ဆံမှုများကို၊
  • 15:25 - 15:32
    မိသားစုများ နဲ့ တကမ္ဘာလုံးကို နားမှတဆင့်
    ပိုကောင်းအောင် လုပ်နိုင်ပါတယ်။
  • 15:32 - 15:35
    နားထောင်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
  • 15:35 - 15:36
    (လက်ခုပ်သံများ)
Title:
နားထောင်မှုရဲ့ စွမ်းပကား | William Ury | TEDxSanDiego
Description:

ဒီဟောပြောချက်ကို ဒေသန္တရ TEDx ဖြစ်ရပ် အဖြစ် ပြုလုပ်ခဲ့ကာ TED တွေ့ဆုံပွဲများမှ သီးခြား စီစဉ်ခဲ့ခြင်း ဖြစ်သည်။
William Ury က နားထောင်မှု ဘယ်လောက်ပဲ အရေးပါပေမယ့် မကြာခဏဆိုသလို လူတွေက ဆက်သွယ် စကားပြောဆိုမှု မှန်သမျှရဲ့ တဝက်ဖြစ်တဲ့ နားထောင်မှုကို ဂရုမစိုက်ကြတာကို ရှင်းပြထားပါတယ်။ သမ္မတများ နဲ့ လုပ်ငန်းရှင် ခေါင်းဆောင်များနဲ့ တဲ့တိုးကြီး ပြုလုပ်ခဲ့တဲ့ သူ့ဖြစ်ရပ်တွေက ကျွန်တော်တို့အတွက် သင်ယူစရာ သင်ခန်းစာတွေ ဖြစ်ကြကာ လူသားရဲ့ အသိစိတ်ကို ဖွင့်ပေးမှုရဲ့ စွမ်းပကားကို နားလည်လာစေပါတယ်။ ကျွန်တော်တို့ အားလုံးကို နားထောင်မှု တော်လှန်ရေးကြီးထဲမှာ လက်တွဲပါဝင်ရန် သူက လှုံ့ဆော်ထားပြီး ကျွန်တော်တို့က နဲနဲနလေး ပိုပြီး နားထောင်ကြမယ်ဆိုရင်ကိုပဲ ကျွန်တော်တို့ဟာ ဘယ်ဆက်ဆံမှုကိုမဆို ပုံစံပြောင်းလဲနိုင်မယ်လို့ ကတိပြုထားပါတယ်။

Harvard’s Program on Negotiation ကို ကိုယ်တိုင် ထူထောင်ခဲ့သူ William Ury ဟာ ဒီနေ့ ကမ္ဘာကြီးပေါ်က ညှိနှိုင်းဆွေးနွေးရေး ပါရဂူကြီး တဦးအဖြစ် ထင်ရှားတယ်။ ကမ္ဘာမှာ ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ အရောင်းရသွင်ဆုံး စာအုပ် Getting to Yes ကို ရေးသားခဲ့သူဖြစ်ကာ လူတွေ ထောင်ချီတို့ကို ဆွေးနွေးညှိနှိုင်းမှု ပညာအကြောင်းကို သင်ကြားပေးခဲ့ပြီး Fortune 500 ကုမ္ပဏီများထဲက ဒါဇင်ချီတို့ကို တိုင်ပင်ပေးခဲ့သူပါ။ အိမ်ဖြူတော် အကြံပေးလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာမှာ လာဟောဖို့ မရမက ဖိတ်ကြားခံရတဲ့ သူဟာ အခြားစာအုပ် ခုနစ်အုပ်ကိုပါ ရေးသားခဲ့သေးရာ၊ New York Times က အရောင်းရသွင်ဆုံး ဆိုပြီး ဖေါ်ပြခဲ့တဲ့ စာအုပ်နှစ်အုပ်၊ Getting Past No နဲ့ The Power of a Positive No လည်း ပါဝင်ကြပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
15:41

Burmese subtitles

Revisions