နားထောင်မှုရဲ့ စွမ်းပကား | William Ury | TEDxSanDiego
-
0:14 - 0:20ဒဿနိကဆိုင်ရာ ရှေပြောရိုးစကား တခုထဲမှာ
မေးခွန်း ထုတ်ထားတာက- -
0:20 - 0:27"တောထဲမှာ သစ်ပင်တပင် လဲကျစဉ်၊
အဲဒီမှာ ကြားနိုင်မယ့်သူ မရှိဘူးဆိုရင်၊ -
0:28 - 0:30အဲဒီအပင်ကြောင့် အသံပေါ်ထွက်လာပါအုံးမလား?"
-
0:31 - 0:36သိပ္ပံရဲ့ ရှင်းပြချက်အရဆိုပါက၊ အပင်ဟာ
လေထဲမှာ လှိုင်းတွေကို ဖြစ်ပေါ်စေလို့ -
0:36 - 0:40အသံထွက်လာပေမဲ့ အဲဒါကို ကြားနိုင်မယ့်
နားရှိရန် လိုပါသေးတယ်။ -
0:40 - 0:42ကျွန်တော်မေးချင်တာက၊
ဥပမာဆိုပါစို့၊ လူတယောက်က -
0:42 - 0:48TED Talk ကိုလာပြီး တခုခု ပြောကြားနေတာကို
-
0:48 - 0:52ဘယ်သူမှာ နားမထောင်ရင် အဲဒါကို ဆက်သွယ်
ပြောကြားမှုလို့ တကယ် ခေါ်နိုင်ပါ့မလား? -
0:52 - 0:56နားထောင်မှုဟာ ဆက်သွယ်ပြောကြားမှုထဲက
ပျောက်နေတဲ့ တစ်ဝက်လို့ ယုံကြည်တယ်။ -
0:56 - 1:01အဲဒါဟာ လုံးဝကို လိုအပ်တာဖြစ်ပေမဲ့
မကြာခဏဆိုသလို ဂရုမစိုက်ကြပါဘူး။ -
1:02 - 1:05ကျွန်တော်တို့ နေထိုင်နေရတဲ့ ခေတ်ကို
ဆက်သွယ်ပြောကြားမှု ခေတ်ကြီးလို့ ခေါ်ရပါမယ်။ -
1:05 - 1:10ဆဲလ်ဖုန်းတွေ၊ စာတိုတွေ၊ တွီးတ်တွေ၊
အီးမေးလ်တတွေနဲ့ ဆိုတော့ -
1:10 - 1:12ပြောဆိုမှုတွေ တကယ့်ကို များလှပါတယ်။
-
1:12 - 1:15ဒီလောက်ကြီး အနှောင့်အယှက်တွေ၊
အာရုံလွှဲပြောင်းခံရမှုတွေ ရှိနေတော့ -
1:17 - 1:20တကယ့်ကို နားထောင်ဖြစ်တာ
ဘယ်လောက်များ ရှိနိုင်မလဲ? -
1:24 - 1:30နောက်ဆုံး နှစ်ပေါင်း ၃၀ အတွင်းမှာ ကျွန်တော်
စိတ်လိုက်မာန်ပါ ကြိုးပမ်းလာခဲ့တာက -
1:30 - 1:33သိပ်ကို ခက်တဲ့ ညှိနှိုင်းမှုတွေထဲမှာ
"ဟုတ်ကဲ့" ကို ရရှိဖို့ အတွက်ပါ။ -
1:33 - 1:38မိသားစု ရန်စတွေမှအစ ဘုတ်အဖွဲ့ပြဿနာတွေ၊
အလုပ်သမား သပိတ်၊ ပြည်သူ့စစ်ပွဲတွေ အဆုံးပဲ။ -
1:38 - 1:43ပြောဆိုမှုတွေကို အများကြီး ကြားရပေမဲ့၊
နားထောင်မှု အစစ်ကိုတော့ မကြားရသလောက်ပါပဲ။ -
1:43 - 1:46ညှိနှိုင်းဆွေးနွေးမှုကို စကားပြောဆိုမှုလို
ကျွန်တော်တို့ ထင်တတ်ကြတယ်။ -
1:47 - 1:50တကယ်တမ်းမှာကျတော့ အဲဒါဟာ
နားထောင်မှုနဲ့ ဆိုင်နေတယ်။ -
1:50 - 1:52အောင်မြင်တဲ့ ညှိနှိုင်းရေးသမားတွေရဲ့
ပြုမူပုံကို လေ့လာကြည့်ရင်၊ -
1:52 - 1:55သူတို့ဟာ ပြောတာထက် နားထောင်တာ
ပိုများတာကို တွေ့လာကြပါမယ်။ -
1:55 - 1:59ကျွန်တော်တို့ဆီမှာ နားနှစ်ခုရှိနေကာ ပါးစပ်
တပေါက်တည်း ရှိနေခြင်းက အဲဒါကို ပြနေတယ်လေ။ -
1:59 - 2:04ကျွန်တော်တို့ဟာ ကိုယ်က ပြောတာထက်
နှစ်ဆ ပိုနားထောင်ရန် လိုပါတယ်။ -
2:04 - 2:10နားထောင်မှုဟာ ဘာလို့ ဒီလောက် အရေးကြီးတာလဲ?
ပုံပြင်တခုကို ပြောပါရစေ။ -
2:10 - 2:16လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော်ဟာ
အစိုးရ နဲ့ အတိုက်အခံတွေ အကြားမှာ -
2:16 - 2:19ကြားဝင်ပေးသူအဖြစ် ဗီနီဇွဲလာ နိုင်ငံကို
ရောက်ရှိနေခဲ့တယ်၊ -
2:19 - 2:23ပဍိပက္ခအရှိန်မြင့်လာကာ ပြည်တွင်းစစ်
ဖြစ်လာမှာကို စိုးရိမ်နေခဲ့ရတဲ့ အချိန်ပါပဲ။ -
2:23 - 2:27ကျွန်တော့ လုပ်ဖက် Francisco Diaz နဲ့
ကျွန်တော်ဟာ -
2:27 - 2:31သမ္မတကြီး Hugo Chavez နဲ့ ည ၉ နာရီမှာ
သမ္မနန်းတော်မှာ တွေ့ဆုံရန် ရှိခဲ့တယ်။ -
2:31 - 2:33နောက်ဆုံး ညသန်းခေါင် အချိန်မှာ
-
2:33 - 2:35သမ္မတနဲ့ တွေ့ဆုံခွင့် ရခဲ့ကြရာ
-
2:35 - 2:38သူ့နောက်မှာ သူ့အစိုးရအဖွဲ့ တခုလုံး
နေရာယူထိုင်နေခဲ့ပါတယ်။ -
2:38 - 2:44သူက ကျွန်တော့ကို၊ "ကောင်းပြီ၊ ဒီကအခြေအနေနဲ့
ပတ်သက်ပြီး Ury ကော ဘယ်လိုထင်သလဲ?" -
2:44 - 2:50"သမ္မတကြီးခင်ဗျား၊ သမ္မတကြီးရဲ့ ဝန်ကြီးတွေ
အတိုက်အခံတွေနဲ့ ကျွန်တော် ဆွေးနွေးခဲ့တယ်။ -
2:50 - 2:52သမ္မတဆီမှာ တိုးတက်မှု
တချို့ ရှိတယ် ထင်ပါတယ်။" -
2:53 - 2:57"တိုးတက်မှုတဲ့လား? ခင်ဗျာရဲ့ တိုးတက်မှုက
ဘာများလဲ?" သူဟာ အော်ပြောလာတယ်။ -
2:58 - 2:59"ခင်ဗျား မျက်စိကန်းနေတယ်။
-
2:59 - 3:03သစ္စာဖောက်ကောင်တွေရဲ့ မရိုးသားတဲ့
လုပ်ကြံမှုတွေကို ခင်ဗျား မမြင်ဘူး။" -
3:03 - 3:07သူဟာ ကျွန်တော့မျက်နှာဆီ ကပ်လာပြီး
ဆက်ပြီး အော်ပြောနေခဲ့တယ်။ -
3:07 - 3:09ကျွန်တော်ဟာ ဘာများ လုပ်သင့်လဲ?
-
3:09 - 3:11ကျွန်တော့ ကိုယ်တစ်ပိုင်းဟာ
ကာကွယ်လိုချင်ခဲ့တာ အမှန်ပါပဲ။ -
3:11 - 3:13ဒါပေမဲ့၊ ဗီနီဇွဲလာ နိုင်ငံတော် သမ္မတကြီးနဲ့
-
3:13 - 3:16ငြင်းခုံနေမယ်ဆိုရင် ဘာကောင်းတာ ရှိနိုင်မလဲ?
-
3:16 - 3:17(ရယ်မောသံများ)
-
3:17 - 3:21အဲဒါက ဘယ်လို ငြိမ်းချမ်းမှုကို ယူပေးမလဲ?
ကျွန်တော်ဟာ ဆက်ပြီး နားထောင်နေခဲ့တယ်။ -
3:21 - 3:25ကျွန်တော် သူ့ကို ဂရုစိုက် နားထောင်ခဲ့တယ်။
သူ့ပြောဆိုတောကို နားထောင်နေခဲ့တယ်။ -
3:26 - 3:30သမ္မတကြီး Chavez ဟာ ၈ နာရီကြာအောင်
မိန့်ခွန်းပြောနိုင်လို့ နာမည်ကြီးသူပါ။ -
3:30 - 3:35ကျွန်တော် ခေါင်းညိတ်နေရင်၊ သူ့ကို နားထောင်
လာတာ မိနစ် ၃၀ နောက်မှာ၊ -
3:35 - 3:39သူ့ပခုံးတွေ အိကျလာတာ ကျွန်တော်တွေ့တယ်။
-
3:39 - 3:45သူဟာ ကျွန်တော့ကို စိတ်ကုန်စွာ ပြောလိုက်တာက၊
"ကောင်းပြီ၊ Ury၊ ကျွန်တော် ဘာလုပ်သင့်လဲ?" -
3:45 - 3:51အဲဒါက နားထောင်ဖို့ သူ့စိတ်ကို
ဖွင့်ပေးလိုက်တဲ့ အသံပါပဲ။ -
3:51 - 3:54ကျွန်တော်က၊ "သမ္မတကြီးခင်ဗျာ၊
အခု ခရစ္စမတ်ပွဲတော် ကျလာတော့မယ်။၊ -
3:54 - 3:57နိုင်ငံဟာ ခဏရပ်နားဖို့ လိုနေတယ်။
-
3:57 - 4:01မနှစ်တုန်းက ပွဲတော်အားလုံးနီးနီးကို
ပဍိပက္ခတွေကြောင့် ဖျက်သိမ်းခဲ့ရတယ်။ -
4:01 - 4:03ဒီတချီမှာ စစ်ပြေငြိမ်းမှုကို ကြေညာလိုက်ကာ
-
4:03 - 4:07ပွဲတော်နေ့ရက်တွေမှာ လူတွေကို မိသားစုတွေနဲ့
ပျော်ရွှင်ခံစားနိုင်ခွင့် ပေးလိုက်ရင်ကော? -
4:07 - 4:11အဲဒီနောက်မှာ လူတိုင်းဟာ နားထောင်နိုင်မယ့်
စိတ်ထားကောင်းမျိုး ရှိလာနိုင်ကြပါတယ်။" -
4:11 - 4:16သူက၊ "အဲဒါဟာ သိပ်ကောင်းတဲ့ စိတ်ကူးပဲ။
ကျွန်တော့မိန့်ခွန်းထဲမှာ အဲဒါကို ကြေညာမယ်။" -
4:16 - 4:18သူရဲ့ စိတ်အနေအထားဟာ
လုံးဝကို ပြောင်းလဲသွားတယ်။ -
4:18 - 4:22ဘယ်လိုကြောင်လဲ? နားထောင်မှုဆိုတာရဲ့
သာမန်စွမ်းပကားကြောင့်ပါ။ -
4:24 - 4:28ကျွန်တော်က သူ့ကို နားထောင်ခဲ့လို့ သူဟာ
ကျွန်တော့ကို နးထောင်ရန် အသင့်ရှိလာတယ်။ -
4:29 - 4:34ဘယ် ညှိနှိုင်မှု ဒါမှမဟုတ် ပဍိပက္ခထဲမှာမဆို
နားထောင်ရန် အရေးကြီးခြင်း အတွက် -
4:34 - 4:38အနည်းဆုံးအားဖြင့်
အကြောင်းရင်း သုံးခုရှိပါတယ်။ -
4:38 - 4:43ပထမက အဲဒါဟာ အခြားတဘက်ကို နားလည်လာအောင်
ကျွန်တော်တို့ကို ကူပေးလို့ပါ။ -
4:43 - 4:47ညှိနှိုင်းမှုဟာ၊ နောက်ဆုံးမှာတော့၊ ဩဇာ
လွှမ်းမိုးဖို့ ကြိုးပမ်းမှုပဲပါ။ -
4:47 - 4:51ကျွန်တော်တို့ဟာ တယောက်ယောက်ရဲ့
စိတ်ကို ပြောင်းလဲဖို့ ကြိုးစားနေခြင်းပါပဲ။ -
4:51 - 4:54တယောက်ယောက်ရဲ့ စိတ်
ဘယ်မှာရှိနေတာကို မသိဘဲနဲ့ -
4:54 - 4:57အဲဒီလူရဲ့ စိတ်ကို ဘယ်လိုလုပ်
ပြောင်းလဲပစ်နိုင်မလဲ? -
4:57 - 4:58နားထောင်မှုဟာ သော့ချက်အရေးကြီးဆုံးပါ။
-
4:58 - 5:01ဒုတိယ အကြောင်းရင်းဟာလည်း
အလားတူ အရေးကြီးလှတယ်။ -
5:01 - 5:05အဲဒါဟာ အခြားလူသားနဲ့ ချိတ်ဆက်ခွင့်ကို
ပေးပါတယ်။ -
5:05 - 5:09အပေါက်အလမ်းတည့်လာဖို့ ကူပေးတယ်၊
အလေးထားမှုကို ပြသတယ်။ -
5:11 - 5:13တကယ်တော့ လူတိုင်းက
သူ့ကို နားထောင်မှာကို လိုချင်ပါတယ်။ -
5:13 - 5:17တတိယ အကြောင်းရင်းမှာ၊ သမ္မဖြစ်တဲ့
President Chavez ကိစ္စမှာလို၊ -
5:17 - 5:21အဲဒါက အခြားပုဂ္ဂိုလ်က ကျွန်တော်တို့အား
နားထောင်လာဖို့ ကူပေးတာမို့လို့ပါ။ -
5:21 - 5:23ကျွန်တော်တို့အား "ဟုတ်ကဲ့"လို့
ပြောဖို့ကို ကူပေးတယ်။ -
5:24 - 5:27တိုတိုနဲ့ပြောရင်၊ နားထောင်မှုဟာ
ညှိနှိုင်းမှုထဲ ပြုလုပ်နိုင်တဲ့ -
5:27 - 5:29ကုန်ကျမှုအနည်းဆုံး အပေးအယူ လုပ်မှုပါပဲ
-
5:29 - 5:33အဲဒါ့အတွက် ကျွန်တော်တို့ ဘာမှ မကုန်ကျရဘဲ
ရလဒ်ကြီးတွေကို ယူဆောင်ပေးနိုင်လို့ပါ။ -
5:33 - 5:40နားထောင်မှုဟာ လူသားဆံဆံ ဆက်ဆံမှုတွေဆီကို
တံခါးဖွင့်ပေးတဲ့ ရွှေသော့ကြီး ဖြစ်နိုင်တယ်။ -
5:40 - 5:42ကျွန်တော်တို့ဟာ ဘယ်လို နားထောင်ကြရမှာလဲ?
-
5:44 - 5:48ကျွန်တော်တို့ဟာ နားထောင်မှုဆိုတာ
သဘာဝ ကျကာ အလွယ်လေးဆိုပြီး -
5:48 - 5:50မကြာခဏဆိုသလို ထင်တတ်ကြတာ တွေ့ရှိရတယ်။
-
5:50 - 5:55ဒါပေမဲ့ တကယ်တမ်းတွင်၊ ကျွန်တော့အတွေ့အကြုံ
အရဆိုရင် တကယ့်ကို နားထောင်မှုကို -
5:55 - 5:59နေ့စဉ်ဘဝထဲမှာ သင်ယူရန် နဲ့ လေ့ကျင့်နေဖို့
လိုအပ်လှပါတယ်။ -
5:59 - 6:03သာမန် နားထောင်မှုထဲတွင် ကျွန်တော်တို့ဟာ
စကားလုံးတွေကို ကြားကြရပါတယ်။ -
6:03 - 6:08မကြာခဏဆိုသလို ကျွန်တော်တို့က၊ "ငါသဘောတူတာက
ဘာလဲ? သဘောမတူတာက ဘာတွေလဲ? -
6:08 - 6:14ငါဟာ ဘယ်လိုများ ပြန်ဖြေမလဲ?" - စဉ်းစားတယ်။
တနည်းအားဖြင့်၊ အာရုံက ကိုယ့်အပေါ်မှာ။ -
6:15 - 6:20စစ်မှန်တဲ့ နားထောင်မှုထဲမှာ ကျတော့၊
အဓိကက အခြားတဘက်သားပါ။ -
6:22 - 6:26ကိုယ့်ကို သူတို့ရဲ့နေရာမှာ ထားကြည့်တယ်။
သူတို့ရဲ့ လှိုင်းနှုန်းဆီကို ညှိယူကြတယ်။ -
6:28 - 6:33ကိုယ့်ဘောင်ဖြင့် မဟုတ်ဘဲ သူတို့ခံယူထားတဲ့
ဘောင်ထဲကနေပြီး နားထောင်ကြပါတယ်။ -
6:33 - 6:35အဲဒါဟာ မလွယ်ပါဘူး။
-
6:35 - 6:39စစ်မှန်တဲ့ နားထောင်မှုထဲမှာ ကျွန်တော်တို့ဟာ
ပြောဖြစ်တာကိုသာမက၊ မပြောဖြစ်တာကိုပါ -
6:39 - 6:43နားထောင်တတ်ရန် လိုပါတယ်။
-
6:43 - 6:49စကားလုံးတွေကိုသာမက၊ စကားလုံးတွေရဲ့
နောက်မှာ ရှိနိုင်တာကိုပါ နားထောင်ကြတယ်။ -
6:49 - 6:54ဆက်စပ်နေတဲ့ စိတ်ထဲက လှုပ်ရှားမှုများ၊
ခံစားချက် နဲ့ လိုအပ်ချက်ကို နားစွင့်ကြတယ်။ -
6:56 - 6:59အဲဒီလူ တကယ်လိုအပ်နေတာ၊ လိုချင်တာကို
ကျွန်တော်တို့ နားထောင်ကြပါတယ်။. -
6:59 - 7:02ကျွန်တော် ခင်ဗျားတို့အတွက်
ဥပမာကို ပြပါရစေ။ -
7:02 - 7:07လွန်ခဲ့တဲ့ တစ်နှစ်ခွဲတုန်းက ဘရာဇီးလ်
စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် ဖြစ်သူ -
7:07 - 7:10Abilio Diniz က ကျွန်တော့ကို
ဖိတ်ခေါ်လာပါတယ်။ -
7:10 - 7:14သူဟာ သိပ်ကို စိတ်ညစ်စရာ ကောင်းတဲ့ တရားဝင်
အငြင်းပွားမှု ထောင်ချောက်ထဲမှာ မိနေခဲ့တယ်၊ -
7:14 - 7:20ဘရာဇီးလ် အကြီးဆုံး လက်လီဆိုင်ကြီးအား
ထိန်းချုပ်မှုထဲမှာ ပြင်သစ် စီးပွာဖက်နဲ့ -
7:21 - 7:23အငြင်းပွားနေခဲ့ရတယ်။
Financial Times အဲဒါကို -
7:23 - 7:29ခေတ်သစ်သမိုင်းထဲက ဘုတ်အဖွဲ့ဝင်အကြားက
အကြီးကျယ်ဆုံး အငြင်းပွားမှုလို့ ဆိုပါတယ်။ -
7:29 - 7:31အဲဒါဟာ နှစ်နှစ်ခွဲအထိကို ကြာနေခဲ့တာပါ။
-
7:31 - 7:34အဲဒါဟာ ဘက်နှစ်ဘက်တို့အတွက်သာမက၊
သူတို့ရဲ့ မိသားစုများ၊ -
7:34 - 7:37ပြီးတော့ ကုမ္ပဏီထဲက
လုပ်သား ၁၅၀၀၀၀ တို့အတွက်ပါ -
7:37 - 7:41အရမ်းကို အကုန်အကျများခဲ့တဲ့ အပြင်
ဖိစီးနှိပ်စက်နေခဲ့တာပါ။ -
7:41 - 7:46ကျွန်တော်ဟာ Abilio ရဲ့ နေအိမ်မှာ ထိုင်လျက်
သူပြောပြတာတွေကို နားထောင်နေခဲ့တယ်။ -
7:46 - 7:48အဲဒီနောက်မှာ ကျွန်တော်
မေးခွန်းတခုကို မေးလိုက်တယ်။ -
7:48 - 7:52"Abilio ခင်ဗျာ၊ ကျွန်တော် တခု နားလည်အောင်
ကူပေးစမ်းပါ၊ ခင်ဗျာ တကယ်လိုချင်တာက ဘာလဲ?" -
7:53 - 7:57သူက၊ "ကောင်းပြီ၊ ရှယ်ယာဈေးကို တနေရာရာမှာ
ရှိစေချင်တယ်၊ -
7:57 - 7:59ကျွန်တော်ဟာ
ကုမ္ပဏီရဲ့ ရုံးချုပ်တွေကို လိုချင်တယ်။ -
7:59 - 8:03ကျွန်တော် ပြိုင်ဆိုင်မှုမဆံခြင်းဆိုင်ရာ
ပုဒ်မကို ဖယ်ရှားပစ်ချင်တယ်။" -
8:03 - 8:08သူဟာ စာရင်းကို ချပြတယ်။ နားထောင်ရင်းနဲ့
ထုတ်မပြောခဲ့တာတွေ ရှိတာကို ခံစားမိတယ်။ -
8:08 - 8:12ဒါနဲ့ ကျွန်တော်က၊ "Abilio၊ ခင်ဗျားဟာ
အားလုံးရှိနေတဲ့ ပုဂ္ဂိုလ်ပဲ၊ -
8:12 - 8:15ဒီအရာတွေဟာ ခင်ဗျားကို ဘာတွေကို
တကယ်ပေးနိုင်ကြလို့လဲ? -
8:15 - 8:18ခင်ဗျားရဲ့ ဘဝထဲမှာ ခင်ဗျား အလိုလားဆုံးအရာက
ဘာများလဲ?" -
8:18 - 8:20သူဟာ ခဏကြာ ရပ်နေလျက်
အဲဒါကို စဉ်းစားနေခဲ့တယ်။ -
8:20 - 8:26နောက်ဆုံးမှာ သူပြောလိုက်တာက၊ "လွတ်လပ်မှုပဲ။
ကျွန်တော့ရဲ့ လွတ်လပ်မှုကို လိုချင်တယ်။ -
8:26 - 8:29စီးပွားရေးလုပ်ငန်းဆိုင်ရာ အိပ်မက်တွေကို
ရုပ်လုံးဖေါ်ဖို့ လွတ်လပ်သူဖြစ်ချင်တယ်။ -
8:29 - 8:34ကျွန်တော့မိသားစုနဲ့ အချိန်ဖြုန်းဖို့
လွတ်လပ်သူ ဖြစ်ချင်တယ်"တဲ့။ -
8:34 - 8:37ချံပီယံလုပ်ငန်းရှင်ကြီး မဟုတ်ဘဲ လူသား
တယောက်ရဲ့ ပြောစကားတွေကို -
8:37 - 8:39နားထောင်နေရတာကို နားလည်လိုက်တယ်။
-
8:39 - 8:44သူရဲ့ အနက်ရှိုင်းဆုံး လိုအပ်ချက်တွေကို
ကျွန်တော်တို့ သိလိုက်ရတာနဲ့၊ -
8:44 - 8:49ညှိနှိုင်းရတာ စိန်ခေါ်မှုကြီး ဖြစ်ခဲ့ပေမဲ့၊
တော်တော်လေး လွယ်လာခဲ့တယ်။ -
8:49 - 8:52လေးရက်တည်း အတွင်းမှာကို၊
ကျွန်တော်ဟာ လုပ်ဖေါ်များနဲ့အတူ -
8:52 - 8:55အခြားတဘက်ကို နားထောင်နိုင်ခဲ့ခြင်းဖြင့်၊
-
8:55 - 8:57အဲဒီ ဧရာမခက်ခဲခဲ့တဲ့ အငြင်းပွားမှုကို
ကိုယ်တွယ်နိုင်ခဲ့ကာ -
8:57 - 9:02ဘက်နှစ်ဘက်စလုံး သိပ်ကို ကျေနပ်ခဲ့ကြတဲ့
အဖြေကို ရှာကြံပေးနိုင်ခဲ့ကြတယ်။ -
9:02 - 9:06မိတ်ဆွေဖြစ်တဲ့ Abilio ဟာ နောက်ပိုင်းတွင်
ကျွန်တော့ကို ပြောခဲ့တာက၊ -
9:06 - 9:11"ကျွန်တော်လိုချင်ခဲ့တဲ့ အရာတိုင်း ရခဲ့တယ်။
အရေးကြီးဆုံးက ကိုယ့်ဘဝကို ပြန်ရခဲ့တယ်။" -
9:11 - 9:17အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်ခဲ့တာလဲ?
နားထောင်မှုရဲ့ စွမ်းပကားကြောင့်ပါ။ -
9:20 - 9:27နားထောင်မှုက အဲဒီလို အသုံးဝင်တယ်ဆိုရင်၊
လူတိုင်းက ဘာဖြစ်လို့ မကျင့်သုံးကြတာလဲ? -
9:30 - 9:33အမှန်ကို ပြောရရင်၊ အဲဒါဟာ သိပ်မလွယ်လှပါ။
-
9:33 - 9:36ကျွန်တော်ကိုယ်တိုင်ရဲ့ အတွေ့အကြုံကို
ခဏစဉ်းစားကြည့်မိရင်၊ -
9:36 - 9:40ကျွန်တော်ဟာ အလုပ်ထဲမှာ လူတွေကို အတော်ကလေး
ကောင်းမွန်စွာ နားထောင်တယ်လို့ ထင်ပေမဲ့၊ -
9:40 - 9:47အိမ်ကို ရောက်တော့ ဇနီးကို သိပ်ကောင်းမွန်စွာ
နားမထောင်တာကို တွေ့မိတတ်ပါတယ်။ -
9:47 - 9:50အဲဒါဟာ စိတ်ဓာတ်ကျစရာပဲလို့ ပြောချင်ပါတယ်။
-
9:50 - 9:54နားထောင်မှုကို ခက်ခဲစေနေတဲ့ တကယ့်ပြဿနာက
-
9:54 - 9:58ကျွန်တော်တို့ စိတ်ထဲမှာ ဖြစ်ပျက်နေတာတွေ
သိပ်များနေလို့ပါ။ -
9:58 - 10:01ဆူညံသံတွေ၊ အာရုံကို လွှဲပြောင်းနိုင်ကြတဲ့
အရာတွေ သိပ်ကိုများလွန်းလို့၊ -
10:02 - 10:05အခြားသူတဦးကို တကယ့်ကို နားထောင်ဖို့အတွက်
ကျွန်တော်တို့ဆီမှာ -
10:05 - 10:09စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုဆိုင်ရာ
အားအင်တွေ မရှိလို့ပါ။ -
10:09 - 10:11ကျွန်တော်တို့ဟာ ကျွန်တော်တို့ စိတ်တွေကို
ဘယ်လို ရှင်းပစ်မလဲ? -
10:12 - 10:17မဖြစ်နိုင်ဘူးလို့ ထင်စရာရှိပေမဲ့၊
လျှို့ဝှက်ချက်က၊ -
10:17 - 10:20တဘက်သားကို
ကျွန်တော်တို့ နားထောင်စေချင်ကြရင်၊ -
10:20 - 10:23ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် နားထောင်
တတ်အောင် ဦးစွာ သင်ယူရပါမယ်။ -
10:25 - 10:28ကျွန်တော်ဟာ သမ္မတ Chavez နဲ့အတူ
ထိုင်နေစဉ်တုန်းက၊ -
10:28 - 10:31ကျွန်တော့ကို တကယ်ကူညီခဲ့တာက၊
အဲဒီမတိုင်မီလေးတင်မှာ -
10:31 - 10:35ကျွန်တော်ဟာ အချိန်အနည်းငယ် ယူခဲ့ကာ
-
10:35 - 10:37ကျွန်တော် ကိုယ်တိုင်ထဲ ဖြစ်ပျက်နေတာကို
အာရုံစိုက်ကြည့်ခဲ့လို့ပါ။ -
10:37 - 10:41ကျွန်တော်ဟာ ကိုယ့်စိတ်ကို ငြိမ်သွားစေဖို့
ကိုယ့်ကိုယ်ကို နားထောင်ကြည့်ခဲ့ပါတယ်။ -
10:41 - 10:44သူက အော်ပြီး စကားပြောလာတော့၊
ကျွန်တော်ဟာ အသင့်ရှိနေပါပြီ။ -
10:44 - 10:48ကျွန်တော့ပါးတွေ နီမြန်းလာတာကို ကျွန်တော်
သတိထားမိပါတယ်၊ -
10:48 - 10:52ကျွန်တော် အံကြိတ်မိခဲ့ပါတယ်။
-
10:52 - 10:54ကျွန်တော်ဟာ ကြောက်မိခဲ့ကာ
နဲနဲလေး စိုးရိမ်မိခဲ့တယ်။ -
10:54 - 10:57ကျွန်တော်ဟာ အဲဒီလို ခံစားချက်တွေကို
သတိထားမိခြင်းဖြင့် -
10:57 - 11:00အဲဒါတွေကို လွတ်ထွက်သွားစေလိုက်လို့၊
-
11:00 - 11:04သမ္မတ Chavez ကို စစ်မှန်စွာ
နားထောင်နိုင်ခဲ့တာပါ။ -
11:04 - 11:10တကယ်လို့များ၊ အရေးကြီးတဲ့၊ သိမ်မွေ့တဲ့၊
အရေးပါတဲ့ ဆွေးနွေးပွဲ တခုမတိုင်မီမှာ -
11:10 - 11:16ကျွန်တော်တို့ဟာ ခဏတိတ်ဆိတ်နေလျက် ကိုယ့်ကို
နားစွင့်ကြည့်မယ်ဆိုရင် ဘယ်လိုများနေမလဲ? -
11:16 - 11:21ကျွန်တော်တို့က အဲဒီလို လုပ်ကြမယ်၊ ကိုယ့်ကို
ဦးစွာ နားထောင်ကြည့်ကြမယ်ဆိုရင်၊ -
11:21 - 11:24အခြားသူတွေကို နားထောင်ရတာ များစွာမှ
လွယ်ကူလာတာကို တွေ့လာကြရမှာပါ။ -
11:26 - 11:31နောက်ဆုံးမေးစရာက၊ ကျွန်တော်တို့က တိုးတိုး
နားထောင်လာကြမယ်ဆိုရင်၊ -
11:31 - 11:35ကမ္ဘာကြီးကို
ဘယ်လိုများ ပြောင်းလဲသွားစေမှာလဲ? -
11:35 - 11:38အဲဒါဟာ အကြီးအကျယ် ပြောင်းလဲပစ်မှာကို
ကျွန်တော် ယုံကြည်ပါတယ်။ -
11:38 - 11:42ကျွန်တော်က ပြေလည်မှုရရှိအောင် အားထုတ်
လုပ်ကိုင်ရာတွင်၊ -
11:42 - 11:46ပဍိပက္ခတွေ၊ ပျက်ပျားသွားတဲ့ ဆက်ဆံမှုတွေ၊
မိသားစုတွေ၊ -
11:46 - 11:52တင်းမာမှုရှိနေတဲ့ လုပ်ငန်းခွင်တွေ၊ စိတ်ကုန်
လက်ကျ ဖြစ်ရတဲ့ တရားရင်ဆိုင်မှုတွေ၊ -
11:52 - 11:56အဓိပ္ပါယ်မရှိတဲ့ စက်မက်တွေကြောင့်
များစွာနစ်နာ ကုန်ကျရတာတွေကို မြင်ခဲ့ရပါတယ်။ -
11:56 - 12:01ကျွန်တော် အစဉ်ပဲ အံ့အားသင့်မိတာက အဲဒီလို
ပဍိမက္ခတွေ မစတင်မီမှာကို -
12:01 - 12:06အဲဒါတွေကို လ က်တွေ့ တားဆီးပေးနိုင်မယ့်
တကယ့်အခွင့်အလမ်း ရှိနေခြင်းကိုပါပဲ။ -
12:06 - 12:08အဲဒါကို ဘယ်လို လုပ်နိုင်မလဲ?
-
12:10 - 12:14အဲဒါဟာ လွယ်တာ မဟုတ်ပေမဲ့၊ ခြေလှမ်း
ရိုးရိုးလေး တခုဖြင့် စတင်ရန် လိုပါတယ်။ -
12:14 - 12:18နားထောင်ကြရန်ပါပဲ။ ကျွန်တော့
မက်နေတဲ့ အိပ်မက်ပါ။ -
12:19 - 12:24လက်ရှိ ဆက်သွယ်ပြောကြားရေး ခေတ်ကြီးကို
နားထောင်ရေး ခေတ်ကြီးအဖြစ်ကို ပြောင်းလဲမယ့် -
12:24 - 12:28နားထောင်ရေး တော်လှန်ရေးကိုပါ။
-
12:29 - 12:32ဒါကို နောက်တမျိုးပြောရပါက၊ တကယ့်ကို
စစ်မှန်တဲ့ ဆက်သွယ်ရေး ခေတ်ဆီကိုပါ။ -
12:34 - 12:36ကလေးတိုင်းဟာ ငယ်စဉ်ကတည်းကိုက
-
12:36 - 12:40နားထောင်တတ်မှုကို သင်ယူမယ့် ကမ္ဘာကြီးကို
ခင်ဗျားတို့ စိတ်ကူးကြည့်ကြစမ်းပါ။ -
12:42 - 12:46ကျွန်တော်တုို့ဟာ စာရေးစာဖတ်ကို
သင်ပေးကြသလိုပဲ -
12:46 - 12:50ကျောင်းမှာ နားထောင်တတ်မှုကို
သင်ပေးကြမယ် ဆိုရင်ကော? -
12:50 - 12:52တကယ့်တကယ်ကျတော့ နားထောင်မှု ဆိုတာဟာ
လူတွေကို ဖတ်ရှုမှုပဲ မဟုတ်လား။ -
12:54 - 12:59မိဘတွေက သူတို့ ကလေးတွေကို နားထောင်ကြမယ့်
ကမ္ဘာကြီးကို စိတ်ကူးကြည့်ကြစမ်းပါ။ -
13:00 - 13:04ကျွန်တော်တို့ ကလေးတွေကို ကျွန်တော်တို့အား
နားထောင်ဖို့ အတွက်သူတို့ကို ကျွန်တော်တို့က -
13:04 - 13:07နားထောင်ကြခြင်းထက်ကို ပိုကောင်းတဲ့
နည်းလမ်း ရှိနိုင်ပါ့မလား? -
13:07 - 13:11ကျွန်တော်တို့ရဲ့ ကလေးတွေ ကျွန်တော်တို့အတွက်
အရေးကြီးတာကို ပြတဲ့ အကောင်းဆုံးနည်းပါပဲ။ -
13:11 - 13:15ကျွန်တော်တို့ရဲ့ အချစ်မေတ္တာ ပြဖို့အတွက်
ပိုကောင်းတဲ့ နည်းလမ်း ရှိနိုင်ပါ့မလား? -
13:15 - 13:16အဲဒါရဲ့ ဆုလာဘ်အဖြစ်
-
13:16 - 13:21ဇနီးမောင်နှံတွေဟာ တဦးကိုတဦး
နားထောင်လာတတ်ကြမယ်ဆိုရင် -
13:21 - 13:24လင်မယား ကွာရှင်းမှုတွေ နည်းလာမှာပါ။
-
13:24 - 13:29ခေါင်းဆောင်တွေက သူတို့ပြည်သူတွေကို
နားထောင်နိုင်ကြမယ့် ကမ္ဘာကို စိတ်ကူးကြည့်ပါ။ -
13:30 - 13:36ခေါင်းဆောင်တွေကို သူတို့ရဲ့ စကားပြောမှုသာမက
နားထောင်တတ်မှုကို ကြည့်ရွေးမယ်ဆိုရင်ကော? -
13:37 - 13:41ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းများအတွက်
နားထောင်မှုဟာ -
13:41 - 13:43ချွင်းချက်မဟုတ်ဘဲ ပုံမှန်ကိစ္စ
ဖြစ်လာမယ်ဆိုရင်ကော? -
13:44 - 13:46ရေဒီယို နဲ့ တီဗွီ မှာ
-
13:46 - 13:49အပြောရှိုးပွဲတွေသာမက၊ နားထောင်ရေး
ရှိုးပွဲတွေပါ ရှိလာမယ်ဆိုရင်ကော? -
13:49 - 13:51(ရယ်မောသံများ)
-
13:53 - 13:57ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသာမက
ငြိမ်းချမ်းရေး နားထောင်မှုတွေပါ ရှိလာရင်ကော? -
13:59 - 14:03ကျွန်တော်တို့ဟာ 'ဟုတ်ကဲ့'ဆိုတာကို ပိုပြီး
မကြာခဏ ကြားလာရမှာ သေချာပါတယ်။ -
14:04 - 14:07ကျွန်တော်တို့ဟာ ပဍိပက္ခတွေအားလုံးကို
ဖယ်ရှားနိုင်ချင်မှ နိုင်ကြမှာ ဟုတ်ပေမဲ့၊ -
14:07 - 14:11တိုက်ပွဲ နဲ့ စစ်မက် အများအပြားကို
ရှောင်ရှားနိုင်မှာကတော့ သေချာတယ်။ -
14:11 - 14:15လူတိုင်းဟာ များစွာမှ အကျိုးဖြစ်မှာပါ။
-
14:15 - 14:18ကျွန်တော်ဟာ၊ ဝမ်းသာစွာနဲ့ပဲ၊
အလုပ်လက်မဲ့ ဖြစ်သွားဖို့များပါတယ်။ -
14:19 - 14:21အဲဒါဟာ ကျွန်တော့ စိတ်ကူးပါ။
-
14:21 - 14:26သိပ်ကို ရဲတင်းပေမဲ့၊
သိပ်အခက်ကြီးလည်း မဟုတ်ပါ။ -
14:26 - 14:29နားထောင်မှုဟာ ဆင့်ကဲသဘောကို ဆောင်နိုင်ကာ၊
-
14:29 - 14:34တကယ့်ကို စစ်မှန်စွာ နားထောင်ခံလိုက်ရသူဟာ
-
14:34 - 14:38သူအလှည့်ရောက်ရင် အခြားသူကို
နားထောင်လိုချင်စိတ်နဲ့ ပြည့်နေမှာပါ။ -
14:39 - 14:41နားထောင်မှု ကူးစက်လွယ်နိုင်ပါတယ်။
-
14:43 - 14:47အဲဒီလို ဆင့်ကဲဖြစ်ပွားမှုကို ဒီနေ့မှာကို
အခုချက်ချင်း စတင်ကြပါရန် -
14:47 - 14:51ခင်ဗျားတို့အားလုံးကို
ကျွန်တော် တိုက်တွန်းချင်ပါတယ်။ -
14:52 - 14:56ခင်ဗျားတို့ဟာ လုပ်ဖေါ်တဦး၊ ဖောက်သည်၊
စီးပွားဖေါ်၊ ဒါမှမဟုတ် ကလေးငယ်၊ -
14:56 - 15:01မိတ်ဆွေ၊ လူစိမ်းနဲ့ နောက်တခါ ဆွေးနွေးစဉ်၊
-
15:01 - 15:05သူတို့ကို အာရုံအပြည့်အဝဖြင့် နားထောင်ကြပါ။
-
15:05 - 15:09စကားလုံးတွေရဲ့ နောက်ကွယ်က လူသားဆိုတာကို
နားထောင်ကြည့်ကြပါ။ -
15:09 - 15:16လူတယောက်ကို ကျွန်တော်တို့ ပေးနိုင်တဲ့
ဆုလာဘ်ကြီးမှာ နားထောင်ခံရမှု ဆုလာဘ်ပါ။ -
15:17 - 15:22ကျွန်တော်တို့ရဲ့ နားထောင်မှုဆိုတဲ့
စွမ်းပကားရိုးရိုးလေးဖြင့် -
15:22 - 15:25ကျွန်တော်တို့ဟာ
ကျွန်တော်တို့ရဲ့ ဆက်ဆံမှုများကို၊ -
15:25 - 15:32မိသားစုများ နဲ့ တကမ္ဘာလုံးကို နားမှတဆင့်
ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ -
15:32 - 15:35နားထောင်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
-
15:35 - 15:36(လက်ခုပ်သံများ)
- Title:
- နားထောင်မှုရဲ့ စွမ်းပကား | William Ury | TEDxSanDiego
- Description:
-
ဒီဟောပြောချက်ကို ဒေသန္တရ TEDx ဖြစ်ရပ် အဖြစ် ပြုလုပ်ခဲ့ကာ TED တွေ့ဆုံပွဲများမှ သီးခြား စီစဉ်ခဲ့ခြင်း ဖြစ်သည်။
William Ury က နားထောင်မှု ဘယ်လောက်ပဲ အရေးပါပေမယ့် မကြာခဏဆိုသလို လူတွေက ဆက်သွယ် စကားပြောဆိုမှု မှန်သမျှရဲ့ တဝက်ဖြစ်တဲ့ နားထောင်မှုကို ဂရုမစိုက်ကြတာကို ရှင်းပြထားပါတယ်။ သမ္မတများ နဲ့ လုပ်ငန်းရှင် ခေါင်းဆောင်များနဲ့ တဲ့တိုးကြီး ပြုလုပ်ခဲ့တဲ့ သူ့ဖြစ်ရပ်တွေက ကျွန်တော်တို့အတွက် သင်ယူစရာ သင်ခန်းစာတွေ ဖြစ်ကြကာ လူသားရဲ့ အသိစိတ်ကို ဖွင့်ပေးမှုရဲ့ စွမ်းပကားကို နားလည်လာစေပါတယ်။ ကျွန်တော်တို့ အားလုံးကို နားထောင်မှု တော်လှန်ရေးကြီးထဲမှာ လက်တွဲပါဝင်ရန် သူက လှုံ့ဆော်ထားပြီး ကျွန်တော်တို့က နဲနဲနလေး ပိုပြီး နားထောင်ကြမယ်ဆိုရင်ကိုပဲ ကျွန်တော်တို့ဟာ ဘယ်ဆက်ဆံမှုကိုမဆို ပုံစံပြောင်းလဲနိုင်မယ်လို့ ကတိပြုထားပါတယ်။Harvard’s Program on Negotiation ကို ကိုယ်တိုင် ထူထောင်ခဲ့သူ William Ury ဟာ ဒီနေ့ ကမ္ဘာကြီးပေါ်က ညှိနှိုင်းဆွေးနွေးရေး ပါရဂူကြီး တဦးအဖြစ် ထင်ရှားတယ်။ ကမ္ဘာမှာ ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ အရောင်းရသွင်ဆုံး စာအုပ် Getting to Yes ကို ရေးသားခဲ့သူဖြစ်ကာ လူတွေ ထောင်ချီတို့ကို ဆွေးနွေးညှိနှိုင်းမှု ပညာအကြောင်းကို သင်ကြားပေးခဲ့ပြီး Fortune 500 ကုမ္ပဏီများထဲက ဒါဇင်ချီတို့ကို တိုင်ပင်ပေးခဲ့သူပါ။ အိမ်ဖြူတော် အကြံပေးလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာမှာ လာဟောဖို့ မရမက ဖိတ်ကြားခံရတဲ့ သူဟာ အခြားစာအုပ် ခုနစ်အုပ်ကိုပါ ရေးသားခဲ့သေးရာ၊ New York Times က အရောင်းရသွင်ဆုံး ဆိုပြီး ဖေါ်ပြခဲ့တဲ့ စာအုပ်နှစ်အုပ်၊ Getting Past No နဲ့ The Power of a Positive No လည်း ပါဝင်ကြပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDxTalks
- Duration:
- 15:41
![]() |
Myo Aung edited Burmese subtitles for The power of listening | William Ury | TEDxSanDiego | |
![]() |
Myo Aung edited Burmese subtitles for The power of listening | William Ury | TEDxSanDiego | |
![]() |
Myo Aung edited Burmese subtitles for The power of listening | William Ury | TEDxSanDiego | |
![]() |
Myo Aung approved Burmese subtitles for The power of listening | William Ury | TEDxSanDiego | |
![]() |
sann tint accepted Burmese subtitles for The power of listening | William Ury | TEDxSanDiego | |
![]() |
sann tint edited Burmese subtitles for The power of listening | William Ury | TEDxSanDiego | |
![]() |
sann tint edited Burmese subtitles for The power of listening | William Ury | TEDxSanDiego | |
![]() |
Myo Aung edited Burmese subtitles for The power of listening | William Ury | TEDxSanDiego |