WEBVTT 00:00:14.459 --> 00:00:19.830 ဒဿနိကဆိုင်ရာ ရှေပြောရိုးစကား တခုထဲမှာ မေးခွန်း ထုတ်ထားတာက- 00:00:19.831 --> 00:00:26.871 "တောထဲမှာ သစ်ပင်တပင် လဲကျစဉ်၊ အဲဒီမှာ ကြားနိုင်မယ့်သူ မရှိဘူးဆိုရင်၊ 00:00:27.746 --> 00:00:29.886 အဲဒီအပင်ကြောင့် အသံပေါ်ထွက်လာပါအုံးမလား?" 00:00:31.398 --> 00:00:36.413 သိပ္ပံရဲ့ ရှင်းပြချက်အရဆိုပါက၊ အပင်ဟာ လေထဲမှာ လှိုင်းတွေကို ဖြစ်ပေါ်စေလို့ 00:00:36.414 --> 00:00:40.300 အသံထွက်လာပေမဲ့ အဲဒါကို ကြားနိုင်မယ့် နားရှိရန် လိုပါသေးတယ်။ 00:00:40.301 --> 00:00:42.097 ကျွန်တော်မေးချင်တာက၊ ဥပမာဆိုပါစို့၊ လူတယောက်က 00:00:42.098 --> 00:00:47.517 TED Talk ကိုလာပြီး တခုခု ပြောကြားနေတာကို 00:00:47.518 --> 00:00:51.703 ဘယ်သူမှာ နားမထောင်ရင် အဲဒါကို ဆက်သွယ် ပြောကြားမှုလို့ တကယ် ခေါ်နိုင်ပါ့မလား? 00:00:51.704 --> 00:00:56.452 နားထောင်မှုဟာ ဆက်သွယ်ပြောကြားမှုထဲက ပျောက်နေတဲ့ တစ်ဝက်လို့ ယုံကြည်တယ်။ 00:00:56.453 --> 00:01:00.715 အဲဒါဟာ လုံးဝကို လိုအပ်တာဖြစ်ပေမဲ့ မကြာခဏဆိုသလို ဂရုမစိုက်ကြပါဘူး။ 00:01:02.095 --> 00:01:05.358 ကျွန်တော်တို့ နေထိုင်နေရတဲ့ ခေတ်ကို ဆက်သွယ်ပြောကြားမှု ခေတ်ကြီးလို့ ခေါ်ရပါမယ်။ 00:01:05.358 --> 00:01:10.004 ဆဲလ်ဖုန်းတွေ၊ စာတိုတွေ၊ တွီးတ်တွေ၊ အီးမေးလ်တတွေနဲ့ ဆိုတော့ 00:01:10.005 --> 00:01:12.221 ပြောဆိုမှုတွေ တကယ့်ကို များလှပါတယ်။ 00:01:12.222 --> 00:01:15.256 ဒီလောက်ကြီး အနှောင့်အယှက်တွေ၊ အာရုံလွှဲပြောင်းခံရမှုတွေ ရှိနေတော့ 00:01:17.176 --> 00:01:20.210 တကယ့်ကို နားထောင်ဖြစ်တာ ဘယ်လောက်များ ရှိနိုင်မလဲ? 00:01:24.167 --> 00:01:30.241 နောက်ဆုံး နှစ်ပေါင်း ၃၀ အတွင်းမှာ ကျွန်တော် စိတ်လိုက်မာန်ပါ ကြိုးပမ်းလာခဲ့တာက 00:01:30.242 --> 00:01:32.989 သိပ်ကို ခက်တဲ့ ညှိနှိုင်းမှုတွေထဲမှာ "ဟုတ်ကဲ့" ကို ရရှိဖို့ အတွက်ပါ။ 00:01:32.990 --> 00:01:37.724 မိသားစု ရန်စတွေမှအစ ဘုတ်အဖွဲ့ပြဿနာတွေ၊ အလုပ်သမား သပိတ်၊ ပြည်သူ့စစ်ပွဲတွေ အဆုံးပဲ။ 00:01:37.725 --> 00:01:43.099 ပြောဆိုမှုတွေကို အများကြီး ကြားရပေမဲ့၊ နားထောင်မှု အစစ်ကိုတော့ မကြားရသလောက်ပါပဲ။ 00:01:43.100 --> 00:01:45.871 ညှိနှိုင်းဆွေးနွေးမှုကို စကားပြောဆိုမှုလို ကျွန်တော်တို့ ထင်တတ်ကြတယ်။ 00:01:47.121 --> 00:01:49.544 တကယ်တမ်းမှာကျတော့ အဲဒါဟာ နားထောင်မှုနဲ့ ဆိုင်နေတယ်။ 00:01:49.545 --> 00:01:52.357 အောင်မြင်တဲ့ ညှိနှိုင်းရေးသမားတွေရဲ့ ပြုမူပုံကို လေ့လာကြည့်ရင်၊ 00:01:52.358 --> 00:01:55.421 သူတို့ဟာ ပြောတာထက် နားထောင်တာ ပိုများတာကို တွေ့လာကြပါမယ်။ 00:01:55.422 --> 00:01:59.399 ကျွန်တော်တို့ဆီမှာ နားနှစ်ခုရှိနေကာ ပါးစပ် တပေါက်တည်း ရှိနေခြင်းက အဲဒါကို ပြနေတယ်လေ။ 00:01:59.400 --> 00:02:03.902 ကျွန်တော်တို့ဟာ ကိုယ်က ပြောတာထက် နှစ်ဆ ပိုနားထောင်ရန် လိုပါတယ်။ 00:02:03.903 --> 00:02:09.815 နားထောင်မှုဟာ ဘာလို့ ဒီလောက် အရေးကြီးတာလဲ? ပုံပြင်တခုကို ပြောပါရစေ။ 00:02:09.816 --> 00:02:15.658 လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော်ဟာ အစိုးရ နဲ့ အတိုက်အခံတွေ အကြားမှာ 00:02:15.659 --> 00:02:18.517 ကြားဝင်ပေးသူအဖြစ် ဗီနီဇွဲလာ နိုင်ငံကို ရောက်ရှိနေခဲ့တယ်၊ 00:02:18.518 --> 00:02:23.405 ပဍိပက္ခအရှိန်မြင့်လာကာ ပြည်တွင်းစစ် ဖြစ်လာမှာကို စိုးရိမ်နေခဲ့ရတဲ့ အချိန်ပါပဲ။ 00:02:23.406 --> 00:02:26.936 ကျွန်တော့ လုပ်ဖက် Francisco Diaz နဲ့ ကျွန်တော်ဟာ 00:02:26.937 --> 00:02:31.478 သမ္မတကြီး Hugo Chavez နဲ့ ည ၉ နာရီမှာ သမ္မနန်းတော်မှာ တွေ့ဆုံရန် ရှိခဲ့တယ်။ 00:02:31.479 --> 00:02:33.191 နောက်ဆုံး ညသန်းခေါင် အချိန်မှာ 00:02:33.192 --> 00:02:35.129 သမ္မတနဲ့ တွေ့ဆုံခွင့် ရခဲ့ကြရာ 00:02:35.130 --> 00:02:38.331 သူ့နောက်မှာ သူ့အစိုးရအဖွဲ့ တခုလုံး နေရာယူထိုင်နေခဲ့ပါတယ်။ 00:02:38.334 --> 00:02:43.868 သူက ကျွန်တော့ကို၊ "ကောင်းပြီ၊ ဒီကအခြေအနေနဲ့ ပတ်သက်ပြီး Ury ကော ဘယ်လိုထင်သလဲ?" 00:02:43.869 --> 00:02:49.876 "သမ္မတကြီးခင်ဗျား၊ သမ္မတကြီးရဲ့ ဝန်ကြီးတွေ အတိုက်အခံတွေနဲ့ ကျွန်တော် ဆွေးနွေးခဲ့တယ်။ 00:02:49.877 --> 00:02:52.442 သမ္မတဆီမှာ တိုးတက်မှု တချို့ ရှိတယ် ထင်ပါတယ်။" 00:02:53.352 --> 00:02:56.714 "တိုးတက်မှုတဲ့လား? ခင်ဗျာရဲ့ တိုးတက်မှုက ဘာများလဲ?" သူဟာ အော်ပြောလာတယ်။ 00:02:57.614 --> 00:02:58.953 "ခင်ဗျား မျက်စိကန်းနေတယ်။ 00:02:58.954 --> 00:03:02.503 သစ္စာဖောက်ကောင်တွေရဲ့ မရိုးသားတဲ့ လုပ်ကြံမှုတွေကို ခင်ဗျား မမြင်ဘူး။" 00:03:02.504 --> 00:03:06.523 သူဟာ ကျွန်တော့မျက်နှာဆီ ကပ်လာပြီး ဆက်ပြီး အော်ပြောနေခဲ့တယ်။ 00:03:06.524 --> 00:03:08.531 ကျွန်တော်ဟာ ဘာများ လုပ်သင့်လဲ? 00:03:08.532 --> 00:03:10.856 ကျွန်တော့ ကိုယ်တစ်ပိုင်းဟာ ကာကွယ်လိုချင်ခဲ့တာ အမှန်ပါပဲ။ 00:03:10.857 --> 00:03:12.797 ဒါပေမဲ့၊ ဗီနီဇွဲလာ နိုင်ငံတော် သမ္မတကြီးနဲ့ 00:03:12.798 --> 00:03:15.517 ငြင်းခုံနေမယ်ဆိုရင် ဘာကောင်းတာ ရှိနိုင်မလဲ? 00:03:15.518 --> 00:03:16.789 (ရယ်မောသံများ) 00:03:16.790 --> 00:03:21.201 အဲဒါက ဘယ်လို ငြိမ်းချမ်းမှုကို ယူပေးမလဲ? ကျွန်တော်ဟာ ဆက်ပြီး နားထောင်နေခဲ့တယ်။ 00:03:21.202 --> 00:03:24.641 ကျွန်တော် သူ့ကို ဂရုစိုက် နားထောင်ခဲ့တယ်။ သူ့ပြောဆိုတောကို နားထောင်နေခဲ့တယ်။ 00:03:25.731 --> 00:03:29.703 သမ္မတကြီး Chavez ဟာ ၈ နာရီကြာအောင် မိန့်ခွန်းပြောနိုင်လို့ နာမည်ကြီးသူပါ။ 00:03:29.704 --> 00:03:34.867 ကျွန်တော် ခေါင်းညိတ်နေရင်၊ သူ့ကို နားထောင် လာတာ မိနစ် ၃၀ နောက်မှာ၊ 00:03:34.868 --> 00:03:38.787 သူ့ပခုံးတွေ အိကျလာတာ ကျွန်တော်တွေ့တယ်။ 00:03:38.788 --> 00:03:44.517 သူဟာ ကျွန်တော့ကို စိတ်ကုန်စွာ ပြောလိုက်တာက၊ "ကောင်းပြီ၊ Ury၊ ကျွန်တော် ဘာလုပ်သင့်လဲ?" 00:03:44.518 --> 00:03:51.158 အဲဒါက နားထောင်ဖို့ သူ့စိတ်ကို ဖွင့်ပေးလိုက်တဲ့ အသံပါပဲ။ 00:03:51.159 --> 00:03:53.964 ကျွန်တော်က၊ "သမ္မတကြီးခင်ဗျာ၊ အခု ခရစ္စမတ်ပွဲတော် ကျလာတော့မယ်။၊ 00:03:53.965 --> 00:03:56.558 နိုင်ငံဟာ ခဏရပ်နားဖို့ လိုနေတယ်။ 00:03:56.559 --> 00:04:00.621 မနှစ်တုန်းက ပွဲတော်အားလုံးနီးနီးကို ပဍိပက္ခတွေကြောင့် ဖျက်သိမ်းခဲ့ရတယ်။ 00:04:00.622 --> 00:04:03.387 ဒီတချီမှာ စစ်ပြေငြိမ်းမှုကို ကြေညာလိုက်ကာ 00:04:03.388 --> 00:04:06.709 ပွဲတော်နေ့ရက်တွေမှာ လူတွေကို မိသားစုတွေနဲ့ ပျော်ရွှင်ခံစားနိုင်ခွင့် ပေးလိုက်ရင်ကော? 00:04:06.710 --> 00:04:11.443 အဲဒီနောက်မှာ လူတိုင်းဟာ နားထောင်နိုင်မယ့် စိတ်ထားကောင်းမျိုး ရှိလာနိုင်ကြပါတယ်။" 00:04:11.444 --> 00:04:15.874 သူက၊ "အဲဒါဟာ သိပ်ကောင်းတဲ့ စိတ်ကူးပဲ။ ကျွန်တော့မိန့်ခွန်းထဲမှာ အဲဒါကို ကြေညာမယ်။" 00:04:15.875 --> 00:04:17.987 သူရဲ့ စိတ်အနေအထားဟာ လုံးဝကို ပြောင်းလဲသွားတယ်။ 00:04:17.988 --> 00:04:21.581 ဘယ်လိုကြောင်လဲ? နားထောင်မှုဆိုတာရဲ့ သာမန်စွမ်းပကားကြောင့်ပါ။ 00:04:24.031 --> 00:04:27.812 ကျွန်တော်က သူ့ကို နားထောင်ခဲ့လို့ သူဟာ ကျွန်တော့ကို နးထောင်ရန် အသင့်ရှိလာတယ်။ 00:04:28.832 --> 00:04:33.565 ဘယ် ညှိနှိုင်မှု ဒါမှမဟုတ် ပဍိပက္ခထဲမှာမဆို နားထောင်ရန် အရေးကြီးခြင်း အတွက် 00:04:33.566 --> 00:04:38.491 အနည်းဆုံးအားဖြင့် အကြောင်းရင်း သုံးခုရှိပါတယ်။ 00:04:38.492 --> 00:04:43.302 ပထမက အဲဒါဟာ အခြားတဘက်ကို နားလည်လာအောင် ကျွန်တော်တို့ကို ကူပေးလို့ပါ။ 00:04:43.303 --> 00:04:46.566 ညှိနှိုင်းမှုဟာ၊ နောက်ဆုံးမှာတော့၊ ဩဇာ လွှမ်းမိုးဖို့ ကြိုးပမ်းမှုပဲပါ။ 00:04:47.417 --> 00:04:50.663 ကျွန်တော်တို့ဟာ တယောက်ယောက်ရဲ့ စိတ်ကို ပြောင်းလဲဖို့ ကြိုးစားနေခြင်းပါပဲ။ 00:04:50.664 --> 00:04:53.665 တယောက်ယောက်ရဲ့ စိတ် ဘယ်မှာရှိနေတာကို မသိဘဲနဲ့ 00:04:53.666 --> 00:04:56.717 အဲဒီလူရဲ့ စိတ်ကို ဘယ်လိုလုပ် ပြောင်းလဲပစ်နိုင်မလဲ? 00:04:56.718 --> 00:04:58.494 နားထောင်မှုဟာ သော့ချက်အရေးကြီးဆုံးပါ။ 00:04:58.495 --> 00:05:01.216 ဒုတိယ အကြောင်းရင်းဟာလည်း အလားတူ အရေးကြီးလှတယ်။ 00:05:01.217 --> 00:05:04.507 အဲဒါဟာ အခြားလူသားနဲ့ ချိတ်ဆက်ခွင့်ကို ပေးပါတယ်။ 00:05:04.508 --> 00:05:09.306 အပေါက်အလမ်းတည့်လာဖို့ ကူပေးတယ်၊ အလေးထားမှုကို ပြသတယ်။ 00:05:10.606 --> 00:05:13.417 တကယ်တော့ လူတိုင်းက သူ့ကို နားထောင်မှာကို လိုချင်ပါတယ်။ 00:05:13.418 --> 00:05:16.629 တတိယ အကြောင်းရင်းမှာ၊ သမ္မဖြစ်တဲ့ President Chavez ကိစ္စမှာလို၊ 00:05:16.630 --> 00:05:20.845 အဲဒါက အခြားပုဂ္ဂိုလ်က ကျွန်တော်တို့အား နားထောင်လာဖို့ ကူပေးတာမို့လို့ပါ။ 00:05:20.846 --> 00:05:23.243 ကျွန်တော်တို့အား "ဟုတ်ကဲ့"လို့ ပြောဖို့ကို ကူပေးတယ်။ 00:05:24.333 --> 00:05:27.284 တိုတိုနဲ့ပြောရင်၊ နားထောင်မှုဟာ ညှိနှိုင်းမှုထဲ ပြုလုပ်နိုင်တဲ့ 00:05:27.285 --> 00:05:29.397 ကုန်ကျမှုအနည်းဆုံး အပေးအယူ လုပ်မှုပါပဲ 00:05:29.398 --> 00:05:33.217 အဲဒါ့အတွက် ကျွန်တော်တို့ ဘာမှ မကုန်ကျရဘဲ ရလဒ်ကြီးတွေကို ယူဆောင်ပေးနိုင်လို့ပါ။ 00:05:33.218 --> 00:05:39.789 နားထောင်မှုဟာ လူသားဆံဆံ ဆက်ဆံမှုတွေဆီကို တံခါးဖွင့်ပေးတဲ့ ရွှေသော့ကြီး ဖြစ်နိုင်တယ်။ 00:05:39.790 --> 00:05:41.815 ကျွန်တော်တို့ဟာ ဘယ်လို နားထောင်ကြရမှာလဲ? 00:05:43.715 --> 00:05:47.899 ကျွန်တော်တို့ဟာ နားထောင်မှုဆိုတာ သဘာဝ ကျကာ အလွယ်လေးဆိုပြီး 00:05:47.900 --> 00:05:50.157 မကြာခဏဆိုသလို ထင်တတ်ကြတာ တွေ့ရှိရတယ်။ 00:05:50.158 --> 00:05:55.416 ဒါပေမဲ့ တကယ်တမ်းတွင်၊ ကျွန်တော့အတွေ့အကြုံ အရဆိုရင် တကယ့်ကို နားထောင်မှုကို 00:05:55.417 --> 00:05:59.088 နေ့စဉ်ဘဝထဲမှာ သင်ယူရန် နဲ့ လေ့ကျင့်နေဖို့ လိုအပ်လှပါတယ်။ 00:05:59.089 --> 00:06:02.929 သာမန် နားထောင်မှုထဲတွင် ကျွန်တော်တို့ဟာ စကားလုံးတွေကို ကြားကြရပါတယ်။ 00:06:02.930 --> 00:06:08.239 မကြာခဏဆိုသလို ကျွန်တော်တို့က၊ "ငါသဘောတူတာက ဘာလဲ? သဘောမတူတာက ဘာတွေလဲ? 00:06:08.240 --> 00:06:13.842 ငါဟာ ဘယ်လိုများ ပြန်ဖြေမလဲ?" - စဉ်းစားတယ်။ တနည်းအားဖြင့်၊ အာရုံက ကိုယ့်အပေါ်မှာ။ 00:06:14.912 --> 00:06:20.304 စစ်မှန်တဲ့ နားထောင်မှုထဲမှာ ကျတော့၊ အဓိကက အခြားတဘက်သားပါ။ 00:06:21.854 --> 00:06:26.288 ကိုယ့်ကို သူတို့ရဲ့နေရာမှာ ထားကြည့်တယ်။ သူတို့ရဲ့ လှိုင်းနှုန်းဆီကို ညှိယူကြတယ်။ 00:06:27.898 --> 00:06:32.911 ကိုယ့်ဘောင်ဖြင့် မဟုတ်ဘဲ သူတို့ခံယူထားတဲ့ ဘောင်ထဲကနေပြီး နားထောင်ကြပါတယ်။ 00:06:32.912 --> 00:06:35.357 အဲဒါဟာ မလွယ်ပါဘူး။ 00:06:35.358 --> 00:06:39.327 စစ်မှန်တဲ့ နားထောင်မှုထဲမှာ ကျွန်တော်တို့ဟာ ပြောဖြစ်တာကိုသာမက၊ မပြောဖြစ်တာကိုပါ 00:06:39.328 --> 00:06:43.017 နားထောင်တတ်ရန် လိုပါတယ်။ 00:06:43.018 --> 00:06:48.809 စကားလုံးတွေကိုသာမက၊ စကားလုံးတွေရဲ့ နောက်မှာ ရှိနိုင်တာကိုပါ နားထောင်ကြတယ်။ 00:06:48.810 --> 00:06:54.184 ဆက်စပ်နေတဲ့ စိတ်ထဲက လှုပ်ရှားမှုများ၊ ခံစားချက် နဲ့ လိုအပ်ချက်ကို နားစွင့်ကြတယ်။ 00:06:55.824 --> 00:06:59.397 အဲဒီလူ တကယ်လိုအပ်နေတာ၊ လိုချင်တာကို ကျွန်တော်တို့ နားထောင်ကြပါတယ်။. 00:06:59.398 --> 00:07:01.892 ကျွန်တော် ခင်ဗျားတို့အတွက် ဥပမာကို ပြပါရစေ။ 00:07:01.893 --> 00:07:07.231 လွန်ခဲ့တဲ့ တစ်နှစ်ခွဲတုန်းက ဘရာဇီးလ် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် ဖြစ်သူ 00:07:07.250 --> 00:07:09.584 Abilio Diniz က ကျွန်တော့ကို ဖိတ်ခေါ်လာပါတယ်။ 00:07:09.584 --> 00:07:13.793 သူဟာ သိပ်ကို စိတ်ညစ်စရာ ကောင်းတဲ့ တရားဝင် အငြင်းပွားမှု ထောင်ချောက်ထဲမှာ မိနေခဲ့တယ်၊ 00:07:13.802 --> 00:07:19.731 ဘရာဇီးလ် အကြီးဆုံး လက်လီဆိုင်ကြီးအား ထိန်းချုပ်မှုထဲမှာ ပြင်သစ် စီးပွာဖက်နဲ့ 00:07:20.655 --> 00:07:22.642 အငြင်းပွားနေခဲ့ရတယ်။ Financial Times အဲဒါကို 00:07:22.643 --> 00:07:29.029 ခေတ်သစ်သမိုင်းထဲက ဘုတ်အဖွဲ့ဝင်အကြားက အကြီးကျယ်ဆုံး အငြင်းပွားမှုလို့ ဆိုပါတယ်။ 00:07:29.030 --> 00:07:30.974 အဲဒါဟာ နှစ်နှစ်ခွဲအထိကို ကြာနေခဲ့တာပါ။ 00:07:30.975 --> 00:07:34.234 အဲဒါဟာ ဘက်နှစ်ဘက်တို့အတွက်သာမက၊ သူတို့ရဲ့ မိသားစုများ၊ 00:07:34.235 --> 00:07:36.982 ပြီးတော့ ကုမ္ပဏီထဲက လုပ်သား ၁၅၀၀၀၀ တို့အတွက်ပါ 00:07:36.983 --> 00:07:40.688 အရမ်းကို အကုန်အကျများခဲ့တဲ့ အပြင် ဖိစီးနှိပ်စက်နေခဲ့တာပါ။ 00:07:40.689 --> 00:07:45.638 ကျွန်တော်ဟာ Abilio ရဲ့ နေအိမ်မှာ ထိုင်လျက် သူပြောပြတာတွေကို နားထောင်နေခဲ့တယ်။ 00:07:45.639 --> 00:07:47.668 အဲဒီနောက်မှာ ကျွန်တော် မေးခွန်းတခုကို မေးလိုက်တယ်။ 00:07:47.669 --> 00:07:52.262 "Abilio ခင်ဗျာ၊ ကျွန်တော် တခု နားလည်အောင် ကူပေးစမ်းပါ၊ ခင်ဗျာ တကယ်လိုချင်တာက ဘာလဲ?" 00:07:53.322 --> 00:07:56.517 သူက၊ "ကောင်းပြီ၊ ရှယ်ယာဈေးကို တနေရာရာမှာ ရှိစေချင်တယ်၊ 00:07:56.518 --> 00:07:59.342 ကျွန်တော်ဟာ ကုမ္ပဏီရဲ့ ရုံးချုပ်တွေကို လိုချင်တယ်။ 00:07:59.343 --> 00:08:03.042 ကျွန်တော် ပြိုင်ဆိုင်မှုမဆံခြင်းဆိုင်ရာ ပုဒ်မကို ဖယ်ရှားပစ်ချင်တယ်။" 00:08:03.043 --> 00:08:08.434 သူဟာ စာရင်းကို ချပြတယ်။ နားထောင်ရင်းနဲ့ ထုတ်မပြောခဲ့တာတွေ ရှိတာကို ခံစားမိတယ်။ 00:08:08.435 --> 00:08:12.377 ဒါနဲ့ ကျွန်တော်က၊ "Abilio၊ ခင်ဗျားဟာ အားလုံးရှိနေတဲ့ ပုဂ္ဂိုလ်ပဲ၊ 00:08:12.378 --> 00:08:15.004 ဒီအရာတွေဟာ ခင်ဗျားကို ဘာတွေကို တကယ်ပေးနိုင်ကြလို့လဲ? 00:08:15.005 --> 00:08:17.848 ခင်ဗျားရဲ့ ဘဝထဲမှာ ခင်ဗျား အလိုလားဆုံးအရာက ဘာများလဲ?" 00:08:17.849 --> 00:08:20.221 သူဟာ ခဏကြာ ရပ်နေလျက် အဲဒါကို စဉ်းစားနေခဲ့တယ်။ 00:08:20.222 --> 00:08:25.633 နောက်ဆုံးမှာ သူပြောလိုက်တာက၊ "လွတ်လပ်မှုပဲ။ ကျွန်တော့ရဲ့ လွတ်လပ်မှုကို လိုချင်တယ်။ 00:08:25.634 --> 00:08:28.964 စီးပွားရေးလုပ်ငန်းဆိုင်ရာ အိပ်မက်တွေကို ရုပ်လုံးဖေါ်ဖို့ လွတ်လပ်သူဖြစ်ချင်တယ်။ 00:08:28.965 --> 00:08:33.529 ကျွန်တော့မိသားစုနဲ့ အချိန်ဖြုန်းဖို့ လွတ်လပ်သူ ဖြစ်ချင်တယ်"တဲ့။ 00:08:33.530 --> 00:08:36.505 ချံပီယံလုပ်ငန်းရှင်ကြီး မဟုတ်ဘဲ လူသား တယောက်ရဲ့ ပြောစကားတွေကို 00:08:36.506 --> 00:08:39.441 နားထောင်နေရတာကို နားလည်လိုက်တယ်။ 00:08:39.442 --> 00:08:43.913 သူရဲ့ အနက်ရှိုင်းဆုံး လိုအပ်ချက်တွေကို ကျွန်တော်တို့ သိလိုက်ရတာနဲ့၊ 00:08:43.914 --> 00:08:49.098 ညှိနှိုင်းရတာ စိန်ခေါ်မှုကြီး ဖြစ်ခဲ့ပေမဲ့၊ တော်တော်လေး လွယ်လာခဲ့တယ်။ 00:08:49.099 --> 00:08:52.350 လေးရက်တည်း အတွင်းမှာကို၊ ကျွန်တော်ဟာ လုပ်ဖေါ်များနဲ့အတူ 00:08:52.351 --> 00:08:54.880 အခြားတဘက်ကို နားထောင်နိုင်ခဲ့ခြင်းဖြင့်၊ 00:08:54.881 --> 00:08:57.315 အဲဒီ ဧရာမခက်ခဲခဲ့တဲ့ အငြင်းပွားမှုကို ကိုယ်တွယ်နိုင်ခဲ့ကာ 00:08:57.316 --> 00:09:02.417 ဘက်နှစ်ဘက်စလုံး သိပ်ကို ကျေနပ်ခဲ့ကြတဲ့ အဖြေကို ရှာကြံပေးနိုင်ခဲ့ကြတယ်။ 00:09:02.418 --> 00:09:05.804 မိတ်ဆွေဖြစ်တဲ့ Abilio ဟာ နောက်ပိုင်းတွင် ကျွန်တော့ကို ပြောခဲ့တာက၊ 00:09:05.805 --> 00:09:11.043 "ကျွန်တော်လိုချင်ခဲ့တဲ့ အရာတိုင်း ရခဲ့တယ်။ အရေးကြီးဆုံးက ကိုယ့်ဘဝကို ပြန်ရခဲ့တယ်။" 00:09:11.044 --> 00:09:16.801 အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်ခဲ့တာလဲ? နားထောင်မှုရဲ့ စွမ်းပကားကြောင့်ပါ။ 00:09:19.771 --> 00:09:26.669 နားထောင်မှုက အဲဒီလို အသုံးဝင်တယ်ဆိုရင်၊ လူတိုင်းက ဘာဖြစ်လို့ မကျင့်သုံးကြတာလဲ? 00:09:29.659 --> 00:09:32.998 အမှန်ကို ပြောရရင်၊ အဲဒါဟာ သိပ်မလွယ်လှပါ။ 00:09:32.999 --> 00:09:35.572 ကျွန်တော်ကိုယ်တိုင်ရဲ့ အတွေ့အကြုံကို ခဏစဉ်းစားကြည့်မိရင်၊ 00:09:35.573 --> 00:09:40.233 ကျွန်တော်ဟာ အလုပ်ထဲမှာ လူတွေကို အတော်ကလေး ကောင်းမွန်စွာ နားထောင်တယ်လို့ ထင်ပေမဲ့၊ 00:09:40.234 --> 00:09:46.715 အိမ်ကို ရောက်တော့ ဇနီးကို သိပ်ကောင်းမွန်စွာ နားမထောင်တာကို တွေ့မိတတ်ပါတယ်။ 00:09:46.716 --> 00:09:49.750 အဲဒါဟာ စိတ်ဓာတ်ကျစရာပဲလို့ ပြောချင်ပါတယ်။ 00:09:49.751 --> 00:09:54.115 နားထောင်မှုကို ခက်ခဲစေနေတဲ့ တကယ့်ပြဿနာက 00:09:54.116 --> 00:09:57.865 ကျွန်တော်တို့ စိတ်ထဲမှာ ဖြစ်ပျက်နေတာတွေ သိပ်များနေလို့ပါ။ 00:09:57.866 --> 00:10:01.048 ဆူညံသံတွေ၊ အာရုံကို လွှဲပြောင်းနိုင်ကြတဲ့ အရာတွေ သိပ်ကိုများလွန်းလို့၊ 00:10:02.328 --> 00:10:05.341 အခြားသူတဦးကို တကယ့်ကို နားထောင်ဖို့အတွက် ကျွန်တော်တို့ဆီမှာ 00:10:05.342 --> 00:10:08.817 စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုဆိုင်ရာ အားအင်တွေ မရှိလို့ပါ။ 00:10:08.818 --> 00:10:11.215 ကျွန်တော်တို့ဟာ ကျွန်တော်တို့ စိတ်တွေကို ဘယ်လို ရှင်းပစ်မလဲ? 00:10:12.435 --> 00:10:16.505 မဖြစ်နိုင်ဘူးလို့ ထင်စရာရှိပေမဲ့၊ လျှို့ဝှက်ချက်က၊ 00:10:16.506 --> 00:10:20.305 တဘက်သားကို ကျွန်တော်တို့ နားထောင်စေချင်ကြရင်၊ 00:10:20.306 --> 00:10:23.331 ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် နားထောင် တတ်အောင် ဦးစွာ သင်ယူရပါမယ်။ 00:10:24.701 --> 00:10:27.557 ကျွန်တော်ဟာ သမ္မတ Chavez နဲ့အတူ ထိုင်နေစဉ်တုန်းက၊ 00:10:27.558 --> 00:10:31.480 ကျွန်တော့ကို တကယ်ကူညီခဲ့တာက၊ အဲဒီမတိုင်မီလေးတင်မှာ 00:10:31.481 --> 00:10:34.666 ကျွန်တော်ဟာ အချိန်အနည်းငယ် ယူခဲ့ကာ 00:10:34.667 --> 00:10:37.442 ကျွန်တော် ကိုယ်တိုင်ထဲ ဖြစ်ပျက်နေတာကို အာရုံစိုက်ကြည့်ခဲ့လို့ပါ။ 00:10:37.443 --> 00:10:41.107 ကျွန်တော်ဟာ ကိုယ့်စိတ်ကို ငြိမ်သွားစေဖို့ ကိုယ့်ကိုယ်ကို နားထောင်ကြည့်ခဲ့ပါတယ်။ 00:10:41.108 --> 00:10:44.452 သူက အော်ပြီး စကားပြောလာတော့၊ ကျွန်တော်ဟာ အသင့်ရှိနေပါပြီ။ 00:10:44.453 --> 00:10:47.653 ကျွန်တော့ပါးတွေ နီမြန်းလာတာကို ကျွန်တော် သတိထားမိပါတယ်၊ 00:10:47.654 --> 00:10:51.653 ကျွန်တော် အံကြိတ်မိခဲ့ပါတယ်။ 00:10:51.654 --> 00:10:54.495 ကျွန်တော်ဟာ ကြောက်မိခဲ့ကာ နဲနဲလေး စိုးရိမ်မိခဲ့တယ်။ 00:10:54.496 --> 00:10:57.375 ကျွန်တော်ဟာ အဲဒီလို ခံစားချက်တွေကို သတိထားမိခြင်းဖြင့် 00:10:57.376 --> 00:10:59.575 အဲဒါတွေကို လွတ်ထွက်သွားစေလိုက်လို့၊ 00:10:59.576 --> 00:11:04.145 သမ္မတ Chavez ကို စစ်မှန်စွာ နားထောင်နိုင်ခဲ့တာပါ။ 00:11:04.146 --> 00:11:10.295 တကယ်လို့များ၊ အရေးကြီးတဲ့၊ သိမ်မွေ့တဲ့၊ အရေးပါတဲ့ ဆွေးနွေးပွဲ တခုမတိုင်မီမှာ 00:11:10.296 --> 00:11:16.497 ကျွန်တော်တို့ဟာ ခဏတိတ်ဆိတ်နေလျက် ကိုယ့်ကို နားစွင့်ကြည့်မယ်ဆိုရင် ဘယ်လိုများနေမလဲ? 00:11:16.498 --> 00:11:21.145 ကျွန်တော်တို့က အဲဒီလို လုပ်ကြမယ်၊ ကိုယ့်ကို ဦးစွာ နားထောင်ကြည့်ကြမယ်ဆိုရင်၊ 00:11:21.146 --> 00:11:24.290 အခြားသူတွေကို နားထောင်ရတာ များစွာမှ လွယ်ကူလာတာကို တွေ့လာကြရမှာပါ။ 00:11:25.720 --> 00:11:31.000 နောက်ဆုံးမေးစရာက၊ ကျွန်တော်တို့က တိုးတိုး နားထောင်လာကြမယ်ဆိုရင်၊ 00:11:31.001 --> 00:11:34.760 ကမ္ဘာကြီးကို ဘယ်လိုများ ပြောင်းလဲသွားစေမှာလဲ? 00:11:34.761 --> 00:11:38.214 အဲဒါဟာ အကြီးအကျယ် ပြောင်းလဲပစ်မှာကို ကျွန်တော် ယုံကြည်ပါတယ်။ 00:11:38.215 --> 00:11:41.535 ကျွန်တော်က ပြေလည်မှုရရှိအောင် အားထုတ် လုပ်ကိုင်ရာတွင်၊ 00:11:41.536 --> 00:11:45.689 ပဍိပက္ခတွေ၊ ပျက်ပျားသွားတဲ့ ဆက်ဆံမှုတွေ၊ မိသားစုတွေ၊ 00:11:45.690 --> 00:11:51.875 တင်းမာမှုရှိနေတဲ့ လုပ်ငန်းခွင်တွေ၊ စိတ်ကုန် လက်ကျ ဖြစ်ရတဲ့ တရားရင်ဆိုင်မှုတွေ၊ 00:11:51.876 --> 00:11:56.217 အဓိပ္ပါယ်မရှိတဲ့ စက်မက်တွေကြောင့် များစွာနစ်နာ ကုန်ကျရတာတွေကို မြင်ခဲ့ရပါတယ်။ 00:11:56.218 --> 00:12:01.187 ကျွန်တော် အစဉ်ပဲ အံ့အားသင့်မိတာက အဲဒီလို ပဍိမက္ခတွေ မစတင်မီမှာကို 00:12:01.188 --> 00:12:06.242 အဲဒါတွေကို လ က်တွေ့ တားဆီးပေးနိုင်မယ့် တကယ့်အခွင့်အလမ်း ရှိနေခြင်းကိုပါပဲ။ 00:12:06.243 --> 00:12:07.824 အဲဒါကို ဘယ်လို လုပ်နိုင်မလဲ? 00:12:09.694 --> 00:12:13.704 အဲဒါဟာ လွယ်တာ မဟုတ်ပေမဲ့၊ ခြေလှမ်း ရိုးရိုးလေး တခုဖြင့် စတင်ရန် လိုပါတယ်။ 00:12:13.705 --> 00:12:17.561 နားထောင်ကြရန်ပါပဲ။ ကျွန်တော့ မက်နေတဲ့ အိပ်မက်ပါ။ 00:12:19.411 --> 00:12:23.645 လက်ရှိ ဆက်သွယ်ပြောကြားရေး ခေတ်ကြီးကို နားထောင်ရေး ခေတ်ကြီးအဖြစ်ကို ပြောင်းလဲမယ့် 00:12:23.646 --> 00:12:28.166 နားထောင်ရေး တော်လှန်ရေးကိုပါ။ 00:12:29.096 --> 00:12:32.201 ဒါကို နောက်တမျိုးပြောရပါက၊ တကယ့်ကို စစ်မှန်တဲ့ ဆက်သွယ်ရေး ခေတ်ဆီကိုပါ။ 00:12:33.661 --> 00:12:36.118 ကလေးတိုင်းဟာ ငယ်စဉ်ကတည်းကိုက 00:12:36.119 --> 00:12:40.051 နားထောင်တတ်မှုကို သင်ယူမယ့် ကမ္ဘာကြီးကို ခင်ဗျားတို့ စိတ်ကူးကြည့်ကြစမ်းပါ။ 00:12:41.551 --> 00:12:46.202 ကျွန်တော်တုို့ဟာ စာရေးစာဖတ်ကို သင်ပေးကြသလိုပဲ 00:12:46.211 --> 00:12:49.640 ကျောင်းမှာ နားထောင်တတ်မှုကို သင်ပေးကြမယ် ဆိုရင်ကော? 00:12:49.641 --> 00:12:52.281 တကယ့်တကယ်ကျတော့ နားထောင်မှု ဆိုတာဟာ လူတွေကို ဖတ်ရှုမှုပဲ မဟုတ်လား။ 00:12:53.871 --> 00:12:58.701 မိဘတွေက သူတို့ ကလေးတွေကို နားထောင်ကြမယ့် ကမ္ဘာကြီးကို စိတ်ကူးကြည့်ကြစမ်းပါ။ 00:12:59.681 --> 00:13:04.407 ကျွန်တော်တို့ ကလေးတွေကို ကျွန်တော်တို့အား နားထောင်ဖို့ အတွက်သူတို့ကို ကျွန်တော်တို့က 00:13:04.408 --> 00:13:07.036 နားထောင်ကြခြင်းထက်ကို ပိုကောင်းတဲ့ နည်းလမ်း ရှိနိုင်ပါ့မလား? 00:13:07.037 --> 00:13:11.390 ကျွန်တော်တို့ရဲ့ ကလေးတွေ ကျွန်တော်တို့အတွက် အရေးကြီးတာကို ပြတဲ့ အကောင်းဆုံးနည်းပါပဲ။ 00:13:11.391 --> 00:13:14.660 ကျွန်တော်တို့ရဲ့ အချစ်မေတ္တာ ပြဖို့အတွက် ပိုကောင်းတဲ့ နည်းလမ်း ရှိနိုင်ပါ့မလား? 00:13:14.661 --> 00:13:16.322 အဲဒါရဲ့ ဆုလာဘ်အဖြစ် 00:13:16.323 --> 00:13:20.737 ဇနီးမောင်နှံတွေဟာ တဦးကိုတဦး နားထောင်လာတတ်ကြမယ်ဆိုရင် 00:13:20.738 --> 00:13:23.889 လင်မယား ကွာရှင်းမှုတွေ နည်းလာမှာပါ။ 00:13:23.890 --> 00:13:28.608 ခေါင်းဆောင်တွေက သူတို့ပြည်သူတွေကို နားထောင်နိုင်ကြမယ့် ကမ္ဘာကို စိတ်ကူးကြည့်ပါ။ 00:13:29.578 --> 00:13:36.070 ခေါင်းဆောင်တွေကို သူတို့ရဲ့ စကားပြောမှုသာမက နားထောင်တတ်မှုကို ကြည့်ရွေးမယ်ဆိုရင်ကော? 00:13:36.830 --> 00:13:40.870 ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းများအတွက် နားထောင်မှုဟာ 00:13:40.871 --> 00:13:42.671 ချွင်းချက်မဟုတ်ဘဲ ပုံမှန်ကိစ္စ ဖြစ်လာမယ်ဆိုရင်ကော? 00:13:43.871 --> 00:13:45.938 ရေဒီယို နဲ့ တီဗွီ မှာ 00:13:45.939 --> 00:13:49.429 အပြောရှိုးပွဲတွေသာမက၊ နားထောင်ရေး ရှိုးပွဲတွေပါ ရှိလာမယ်ဆိုရင်ကော? 00:13:49.430 --> 00:13:51.000 (ရယ်မောသံများ) 00:13:52.670 --> 00:13:57.305 ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသာမက ငြိမ်းချမ်းရေး နားထောင်မှုတွေပါ ရှိလာရင်ကော? 00:13:58.975 --> 00:14:02.917 ကျွန်တော်တို့ဟာ 'ဟုတ်ကဲ့'ဆိုတာကို ပိုပြီး မကြာခဏ ကြားလာရမှာ သေချာပါတယ်။ 00:14:04.167 --> 00:14:07.249 ကျွန်တော်တို့ဟာ ပဍိပက္ခတွေအားလုံးကို ဖယ်ရှားနိုင်ချင်မှ နိုင်ကြမှာ ဟုတ်ပေမဲ့၊ 00:14:07.250 --> 00:14:11.257 တိုက်ပွဲ နဲ့ စစ်မက် အများအပြားကို ရှောင်ရှားနိုင်မှာကတော့ သေချာတယ်။ 00:14:11.258 --> 00:14:14.910 လူတိုင်းဟာ များစွာမှ အကျိုးဖြစ်မှာပါ။ 00:14:14.911 --> 00:14:17.898 ကျွန်တော်ဟာ၊ ဝမ်းသာစွာနဲ့ပဲ၊ အလုပ်လက်မဲ့ ဖြစ်သွားဖို့များပါတယ်။ 00:14:19.398 --> 00:14:21.317 အဲဒါဟာ ကျွန်တော့ စိတ်ကူးပါ။ 00:14:21.318 --> 00:14:26.330 သိပ်ကို ရဲတင်းပေမဲ့၊ သိပ်အခက်ကြီးလည်း မဟုတ်ပါ။ 00:14:26.331 --> 00:14:29.490 နားထောင်မှုဟာ ဆင့်ကဲသဘောကို ဆောင်နိုင်ကာ၊ 00:14:29.491 --> 00:14:34.163 တကယ့်ကို စစ်မှန်စွာ နားထောင်ခံလိုက်ရသူဟာ 00:14:34.164 --> 00:14:38.354 သူအလှည့်ရောက်ရင် အခြားသူကို နားထောင်လိုချင်စိတ်နဲ့ ပြည့်နေမှာပါ။ 00:14:39.354 --> 00:14:41.090 နားထောင်မှု ကူးစက်လွယ်နိုင်ပါတယ်။ 00:14:42.940 --> 00:14:46.684 အဲဒီလို ဆင့်ကဲဖြစ်ပွားမှုကို ဒီနေ့မှာကို အခုချက်ချင်း စတင်ကြပါရန် 00:14:46.685 --> 00:14:50.942 ခင်ဗျားတို့အားလုံးကို ကျွန်တော် တိုက်တွန်းချင်ပါတယ်။ 00:14:52.032 --> 00:14:55.520 ခင်ဗျားတို့ဟာ လုပ်ဖေါ်တဦး၊ ဖောက်သည်၊ စီးပွားဖေါ်၊ ဒါမှမဟုတ် ကလေးငယ်၊ 00:14:55.521 --> 00:15:01.470 မိတ်ဆွေ၊ လူစိမ်းနဲ့ နောက်တခါ ဆွေးနွေးစဉ်၊ 00:15:01.471 --> 00:15:05.466 သူတို့ကို အာရုံအပြည့်အဝဖြင့် နားထောင်ကြပါ။ 00:15:05.467 --> 00:15:09.326 စကားလုံးတွေရဲ့ နောက်ကွယ်က လူသားဆိုတာကို နားထောင်ကြည့်ကြပါ။ 00:15:09.327 --> 00:15:16.138 လူတယောက်ကို ကျွန်တော်တို့ ပေးနိုင်တဲ့ ဆုလာဘ်ကြီးမှာ နားထောင်ခံရမှု ဆုလာဘ်ပါ။ 00:15:17.098 --> 00:15:21.591 ကျွန်တော်တို့ရဲ့ နားထောင်မှုဆိုတဲ့ စွမ်းပကားရိုးရိုးလေးဖြင့် 00:15:21.592 --> 00:15:25.141 ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဆက်ဆံမှုများကို၊ 00:15:25.142 --> 00:15:31.799 မိသားစုများ နဲ့ တကမ္ဘာလုံးကို နားမှတဆင့် ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ 00:15:31.800 --> 00:15:34.548 နားထောင်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 00:15:34.549 --> 00:15:36.149 (လက်ခုပ်သံများ)