ဓာတ်ပုံတစ်ပုံတည်းတွင် ဖမ်းယူထားတဲ့ အချိန်ကုန်လွန်ခြင်း။
-
0:01 - 0:03ဇာတ်လမ်းတွေ ပြောပြတဲ့ ဓာတ်ပုံတွေဖန်တီးဖို့
-
0:03 - 0:06စိတ်ထက်သန်မှု သက်သက်ရဲ့
လှုံဆော်တာခံလိုက်ရတယ်။ -
0:07 - 0:11ဓာတ်ပုံပညာဟာ အချိန်ရဲ့ အပိုင်းအခြားလေး
အတွင်းမှာ ရပ်တန့်နေတဲ့ တဒင်္ဂရဲ့ -
0:11 - 0:13ဖမ်းယူချက်အဖြစ် သရုပ်ဖော်နိုင်တယ်။
-
0:14 - 0:18တဒင်္ဂ(သို့) ဓာတ်ပုံတိုင်းဟာ အချိန်လွန်
သွားခိုက် ကျွန်တော်တို့ မှတ်မိခြင်းတွေရဲ့ -
0:18 - 0:21အထည်ဒြပ်ရှိတဲ့ အပိုင်းအစ
တစ်ခုကို ကိုယ်စားပြုပါတယ်။ -
0:22 - 0:25ဒါပေမဲ့ ဓာတ်ပုံတစ်ပုံထဲမှာ ကာလတစ်ခုထက်
ပိုပြီး ရိုက်ယူနိုင်မယ်ဆိုရင်ရော။ -
0:26 - 0:29ဓာတ်ပုံတစ်ပုံဟာ တကယ်ပဲ
အချိန်ကို ခေါက်သိမ်းပြီး -
0:29 - 0:32နေ့နဲ့ညရဲ့ အကောင်းဆုံး ကာလတွေကို
ရုပ်ပုံတစ်ပုံတည်းအဖြစ် -
0:32 - 0:35စပ်ကြောင်းမရှိပဲ ချုံ့နိုင်တယ်ဆိုရင်ရော။
-
0:35 - 0:38"Day to Night" ဆိုတဲ့ စိတ်ကူး
တစ်ခုကို ဖန်တီးခဲ့ပြီး -
0:38 - 0:40ဒါဟာ ကမ္ဘာကြီးအားရှုမြင်ပုံကို
-
0:40 - 0:41ပြောင်းပစ်မယ်လို့ ယုံကြည်တယ်။
-
0:41 - 0:42ကိုယ်အတွက် ဟုတ်တာသိတယ်။
-
0:43 - 0:48လုပ်ငန်းစဉ်က အထင်ကရနေရာတွေကို
ဓာတ်ပုံရိုက်ခြင်းနဲ့ စပါတယ်။ -
0:48 - 0:51စုပေါင်း မှတ်ဉာဏ်လို့ ခေါ်တဲ့
အစိတ်အပိုင်း နေရာတွေပါ။ -
0:52 - 0:55ပုံသေရှိနေတဲ့ အပေါ်စီးကနေ ဓာတ်ပုံ
ရိုက်ယူပြီး လုံးဝကို မရွှေ့ခဲ့ဘူး။ -
0:55 - 0:59အချိန် ကုန်လွန်ခိုက် လူသားနဲ့ အလင်းရဲ့
လျှပ်တစ်ပြက် ကာလတွေကို ရိုက်ယူတယ်။ -
1:00 - 1:03ဓာတ်ပုံရိုက်တာဟာ နေရာတိုင်း
အတွက် ၁၅ ကနေ နာရီ ၃၀ထိ -
1:03 - 1:05ပုံပေါင်း ၁၅၀၀ ကျော် ရိုက်ယူပါတယ်။
-
1:06 - 1:08နောက် နေ့နဲ့ညရဲ့ အကောင်းဆုံး
ကာလတွေကို ရွေးချယ်ပါတယ်။ -
1:10 - 1:11အချိန်ကို လမ်းညွှန်လိုသုံးကာ
-
1:11 - 1:15အကောင်းဆုံးကာလတွေကို ဓာတ်ပုံတစ်ပုံတည်း
အဖြစ် အချိန်နဲ့အတူ နိုးကြားတဲ့ ခရီးကို -
1:15 - 1:18မြင်ယောင်ရင်း စပ်ကြောင်းမဲ့
ပေါင်းစပ်ပါတယ်။ -
1:19 - 1:21Tournelle Bridge က ရှုခင်းအတွက်
-
1:21 - 1:23ပဲရစ်ကို ခေါ်သွားနိုင်တယ်။
-
1:24 - 1:26Seine မြစ်ကမ်းတစ်လျှောက်က မနက်စောစော
-
1:26 - 1:28လှေထိုးသားတွေကို ပြနိုင်တယ်
-
1:29 - 1:30တစ်ပြိုင်နက်မှာ
-
1:30 - 1:33ညမှာ တောက်ပနေတဲ့
Notre Dame ကို ပြနိုင်ပါတယ်။ -
1:34 - 1:38ဒီအတွင်းမှာ City of Light ရဲ့
ကြည်နူးဖွယ်ရာကို ပြနိုင်ပါသေးတယ်။ -
1:40 - 1:43အခြေခံအားဖြင့် ကျွန်တော်က လေထဲ
ပေ ၅၀ အမြင့်က လမ်းပေါ်က ဓာတ်ပုံသမား၊ -
1:43 - 1:46ဒီပုံမှာ မြင်ရတဲ့ အရာတိုင်းဟာ
-
1:46 - 1:47ဒီနေ့မှာ တကယ်ကို ဖြစ်ပျက်ခဲ့တာပါ။
-
1:51 - 1:53"Day to Night" ဟာ
ကမ္ဘာအနှံ့ ပရောဂျက်ဖြစ်ပြီး -
1:53 - 1:55ကျွန်တော့ လက်ရာက
အမြဲတမ်း သမိုင်းအကြောင်းပါ။ -
1:56 - 1:59Venice လိုတစ်နေရာကို သွားပြီး သီးသန့်
ပွဲတစ်ခု အတွင်းမှာ တကယ်ပဲ -
1:59 - 2:02မြင်လိုက်ရတဲ့ စိတ်ကူးကို အရမ်း
စိတ်ဝင်စားမိတယ်။ -
2:02 - 2:05ဒါနဲ့ သမိုင်းဝင် လှေပြိုင်ပွဲကို
ကြည့်ချင်တာကို ဆုံးဖြတ်လိုက်တယ်၊ -
2:05 - 2:09တကယ်က ၁၄၉၈ ခုနှစ်ကတည်းက
ကျင်းပနေတဲ့ ပွဲတစ်ခုပါ။ -
2:10 - 2:14လှေတွေနဲ့ အခမ်းအနား ဝတ်စုံတွေက
အဲဒီတုန်းကအတိုင်း တစ်ထပ်တည်းပါ။ -
2:15 - 2:18ကိုယ့်လူတို့ကို နားလည်စေချင်တဲ့
အရေးပါတဲ့ အစိတ်အပိုင်းက -
2:18 - 2:20ဒါက အချိန်ခြားထားတာမဟုတ်ဘူး၊
-
2:20 - 2:24ဒါဟာ နေ့နဲ့ည တောက်လျှောက်
ကျွန်တော်ရိုက်ထားတာပါ။ -
2:25 - 2:28ကျွန်တော်ဟာ မှော်ဆန်တဲ့ ကာလတွေကို
မရပ်မနား စုစောင်းသူပါ။ -
2:29 - 2:33ကျွန်တော့ကို စေ့ဆော်တာက ဒီထဲက တစ်ခု
လောက်ကို လွတ်သွားမှာ ကြောက်တဲ့စိတ်ပါ။ -
2:36 - 2:41ဒီစိတ်ကူးတစ်ခုလုံးဟာ ၁၉၉၆ ခုနှစ်
လောက်မှာ ဖြစ်ခဲ့တယ်။ -
2:41 - 2:45Life မဂ္ဂဇင်းကြီးက Baz Luhmann ရဲ့
ရုပ်ရှင် Romeo+ Juliet ရဲ့ သရုပ်ဆောင်နဲ့ -
2:45 - 2:50ဝန်ထမ်းအဖွဲ့ကို မြင်ကွင်းကျယ် ဖန်တီးဖို့
ကျွန်တော့ကို တာဝန်ပေးတယ်။ -
2:51 - 2:54ကျွန်တော် စလုပ်လိုက်တော့ သဘောပေါက်
သွားတယ်၊ ဒါက လေးထောင့်ပုံပါ။ -
2:54 - 2:59မြင်ကွင်းကျယ်တစ်ခု ဖန်တီးနိုင်တဲ့ တစ်ခု
တည်းသော နည်းလမ်းက တစ်ပုံချင်းစီ -
2:59 - 3:01၂၅၀ ပါတဲ့ ဖြတ်ညှပ်ကပ်တစ်ခု ရိုက်ဖို့ပါ။
-
3:01 - 3:05ဒါနဲ့ DiCaprio နဲ့ Calire Danes ကို
ပွေ့ဖက်ခိုင်းလိုက်တယ်။ -
3:05 - 3:08ကင်မရာကို ညာဘက်ကို ဆွဲရိုက်တဲ့အခိုက်မှာ
-
3:08 - 3:10နံရံမှာ မှန်တစ်ချပ်ရှိတာ သတိထားမိပြီး
-
3:10 - 3:13သူတို့ဟာ တကယ်ကို ရောင်ပြန်ဟပ်
နေတာ တွေ့လိုက်တယ်။ -
3:13 - 3:15ဒီတဒင်္ဂတာလေးမှာ ဒီပုံတစ်ပုံအတွက်
-
3:15 - 3:17"မင်းတို့ ဒီပုံအတွက် နမ်းလိုက်မလား"
-
3:17 - 3:18လို့ သူတို့ကို မေးလိုက်တယ်။
-
3:18 - 3:21နောက်တော့ New York က
စတူဒီယိုကို ပြန်လာခဲ့ပြီး -
3:21 - 3:25ဒီပုံ ၂၅၀ ကို ပြိုင်တူ လက်နဲ့
ကော်ကပ်လိုက်တယ်။ -
3:25 - 3:28ပြန်ရပ်ပြီး "အိုး၊ မိုက်လှချည်လား၊
ငါဟာဓာတ်ပုံတစ်ပုံမှာ -
3:28 - 3:30အချိန်ပြောင်းနေတာပဲ" လို့ဖြစ်သွားတယ်။
-
3:30 - 3:35နောက်ဆုံး နည်းပညာက ကျွန်တော့
အိမ်မက်တွေကို မမီခင်အထိ -
3:35 - 3:39၁၃ နှစ်တာ ဒီစိတ်ကူး ကျွန်တော်နဲ့ရှိခဲ့တယ်။
-
3:39 - 3:43ဒါက Santa Monica ဆိပ်ခံတံတားရဲ့
Day to Night ကို ဖန်တီးတဲ့ ပုံပါ။ -
3:43 - 3:45ဒီပုံတွေ ရိုက်တဲ့ခါ ကျွန်တော်နဲ့
-
3:45 - 3:47ရှိခဲ့တာ ဘယ်လိုဆိုတာ စိတ်ကူးကြည့်နိုင်တဲ့
-
3:47 - 3:49ဗီဒီယိုလေး တစ်ခုပြပါ့မယ်။
-
3:49 - 3:53အစအနေနဲ့ ဒီလို ရှုခင်းတွေရဖို့ဆိုတာ
နားလည်ဖို့လိုပါတယ်၊ -
3:53 - 3:57အချိန်အများစုက အမြင့်မှာ
ကုန်ဆုံးပြီး များသောအားဖြင့်တော့ -
3:57 - 3:58ကရိန်းထဲမှာပါ။
-
3:58 - 4:01ဒီတော့ ဒါက ဖြစ်နေကျ တစ်နေ့ပါ၊
၁၂ က ၁၈ နာရီ မရပ်မနား -
4:01 - 4:03ဖြန့်ထားတဲ့ တစ်နေ့လုံးကို ရိုက်ယူရင်းပေါ့။
-
4:04 - 4:07ထူးကဲတာတစ်ခုက လူတွေကို
စောင့်ကြည့်တာကို နှစ်သက်တာပါ။ -
4:07 - 4:09ကျွန်တော်ပြောတဲ့အခါ ယုံပါ၊
-
4:09 - 4:11ဒါဟာ အိမ်ထဲမှာ ရှိရမယ့်
အကောင်းဆုံး ထိုင်ခုံပါ။ -
4:12 - 4:15ဒါပေမဲ့ ဒါက ဒီပုံတွေဖန်တီးရာမှာ
ကျွန်တော် လျှောက်သွားပုံပါ။ -
4:16 - 4:19မြင်ကွင်းနဲ့ နေရာကို ဆုံးဖြတ်ပြီးတာနဲ့
-
4:20 - 4:23ဘယ်မှာ နေ့စပြီး ညဆုံးမှာကို
ဆုံးဖြတ်ရပါတယ်။ -
4:23 - 4:25ဒါက ကျွန်တော့အခေါ် အချိန် လားရာပါ။
-
4:25 - 4:29Einstein က အချိန်ကို
ရက်ထည်အဖြစ် ဖေါ်ပြခဲ့တယ်။ -
4:29 - 4:32ကျွမ်းထိုးဖျင်ချပ်ရဲ့ မျက်နှာပြင်ကို
တွေးကြည့်ပါ။ -
4:32 - 4:34ဒါက ကမ္ဘာ့ဆွဲအားနဲ့
ထွေးပတ်ပြီး ဆန့်ထုတ်တယ်။ -
4:35 - 4:38ကျွန်တော်လည်း အချိန်ကို
ရက်ထည်လို့ မြင်ပါတယ်။ -
4:38 - 4:43ဒီရက်ထည်ကို ပြားချပ်ကာ ပြင်တစ်ခုတည်းမှာ
ဖိသိပ်တာက လွဲရင်ပေါ့လေ။ -
4:43 - 4:45ဒီအလုပ်ရဲ့ ထူးခြားတဲ့ ရှုထောင်တစ်ခုကလည်း
-
4:45 - 4:47ပုံအားလုံးကို ကြည့်လိုက်ရင်
-
4:47 - 4:48အချိန် လားရာက ပြောင်းနေတယ်၊
-
4:48 - 4:50တစ်ခါတစ်လေ ဘယ်က ညာကိုသွားမယ်၊
-
4:50 - 4:54တစ်ခါတစ်လေ ရှေ့က နောက်၊ အပေါ် (သို့)
အောက်၊ ထောင့်ဖြတ်တောင် သွားတယ်။ -
4:55 - 4:58နှစ်ဘက်မြင် ရုပ်ငြိမ်တွင်းအတွင်းက
အာကာသ-ကာလ -
4:58 - 5:00ဖြစ်စဉ်ကို စူးစမ်းနေတာပါ။
-
5:01 - 5:03ကဲ ဒီပုံတွေလုပ်တုန်းက ပြောရရင်
-
5:03 - 5:06ကိုယ့်စိတ်ထဲမှာ ဆက်ဖြစ်နေတဲ့
အချိန်ကိုက် ပဟေဠိကွက်လိုပါ။ -
5:07 - 5:09အချိန်ကို အခြေခံတဲ့ ဓာတ်ပုံ
တစ်ပုံ တည်ဆောက်တယ်၊ -
5:09 - 5:11ဒါက ကျွန်တော်ခေါ်တဲ့ မူရင်း အောက်ခံပြားပါ။
-
5:12 - 5:15ပြီးစီးဖို့ လအတော်ကြာ အချိန်ယူရနိုင်တယ်။
-
5:15 - 5:17ဒီအလုပ်ရဲ့ ပျော်စရာက
-
5:17 - 5:21သတ်မှတ်ထားတဲ့ နေ့မှာ ဒီမှာရောက်ပြီး
ဓာတ်ပုံတွေရိုက်တဲ့အခါ -
5:21 - 5:23ကျွန်တော်ဟာ လုံးဝကို
အထိန်းအချုပ်မဲ့ သွားတာပါ။ -
5:23 - 5:26ဒီတော့ ပုံထဲမှာ ဘယ်သူပါသွားမှာ
လုံးလုံးမသိဘူး။ -
5:26 - 5:29ခမ်းနားတဲ့ နေထွက်ချိန် (သို့)
နေဝင်ချိန် ဖြစ်မယ်၊ အထိန်းမဲ့ပါ၊ -
5:29 - 5:30ဒါက လုပ်ငန်းစဉ် အဆုံးမှာပါ။
-
5:30 - 5:33တကယ့်ကို ကြီးကျယ်တဲ့ တစ်နေ့ရှိခဲ့ရင်
အရာရာဟာ ထပ်တူဖြစ်ပြီး -
5:33 - 5:36နောက်မှာမှ ဘယ်သူဝင်၊
ဘယ်သူထွက်ကို ဆုံးဖြတ်ပါတယ်၊ -
5:36 - 5:38အားလုံးဟာ အချိန်ကို မူတည်တာပါ။
-
5:38 - 5:41တစ်လကျော်ကြာ တည်းဖြတ်ခြင်းရဲ့
ဒီအကောင်းဆုံး ကာလတွေကို ယူမှာဖြစ်ပြီး -
5:41 - 5:45ဒါတွေဟာ မူရင်းအောက်ခံပြားမှာ
စပ်ကြောင်းမဲ့ ပေါင်းစပ်သွားပါတယ်။ -
5:46 - 5:48ကျွန်တော် မြင်ခဲ့သလို နေ့နဲ့ညကို
-
5:48 - 5:50ချုံ့နေပါတယ်၊
-
5:50 - 5:54ဝိရောဓိဖြစ်လွန်းတဲ့ လောကနှစ်ခုကြားမှာ
ထူးခြားတဲ့ သဟဇာတကို ဖန်တီးရင်းပေါ့။ -
5:55 - 5:59ကျွန်တော့လက်ရာ အားလုံးမှာ ပန်းချီင်္
ဟာ အမြဲကို အရေးပါတဲ့ လွမ်းမိုးမှုပါ၊ -
5:59 - 6:02ကျွန်တော်ဟာ Hudson River School
ပန်းချီဆရာကြီး -
6:02 - 6:04Albert Bierstadt ရဲ့ အမာခံ ပရိတ်သတ်ပါ။
-
6:04 - 6:07သူက National Parks မှာ လုပ်ခဲ့တဲ့
တစ်လောက အတွဲတွေမှာ စေ့ဆော်ပေးတယ်။ -
6:07 - 6:09ဒါက Bierstadt ရဲ့ Yosemite Valley ပါ။
-
6:10 - 6:13ဒါက ကျွန်တော်ဖန်တီးခဲ့တဲ့
Yosemite ဓါတ်ပုံပါ။ -
6:13 - 6:17ဒါက တကယ်တော့ ၂၀၁၆ ထုတ်
National Geographic မဂ္ဂဇင်းရဲ့ -
6:17 - 6:19မျက်နှာဖုံး ဆောင်းပါးပါ။
-
6:20 - 6:22ဒီပုံကို နာရီ ၃၀ ကျော်ကြာ ရိုက်ခဲ့တယ်။
-
6:22 - 6:24တကယ့်ကို ကျွန်တော်ဟာ ချောက်ကမ်းပါး
-
6:25 - 6:29ဘေးကနေပြီး ကြယ်တွေ၊ ကူးပြောင်းဆဲ
လရောင် ၊ El Capitan ကို -
6:29 - 6:31လရောင်ဖြာကျတာကို ရိုက်ယူနေခဲ့တာပါ။
-
6:31 - 6:35နောက်ပြီး ရှုခင်းတစ်လျှောက်လုံးက အချိန်
ကူးပြောင်းတာကိုလည်း ရိုက်ခဲ့ပါတယ်။ -
6:36 - 6:40အကောင်းဆုံး အပိုင်းက လူ့လောကရဲ့
မှော်ဆန်တဲ့ ကာလတွေကို နေ့ကနေ ည -
6:40 - 6:41ပြောင်းတဲ့ အချိန်အတိုင်း
-
6:43 - 6:44သိသာစွာ မြင်ရခြင်းပါ။
-
6:46 - 6:48ကိုယ်ရေးကိုယ်တာ မှတ်စုမှာတော့
-
6:48 - 6:52တကယ်ပဲ Bierstadt ရဲ့ ပန်းချီ မိတ္တူတစ်ခု
အိတ်ကပ်မှာ ထည့်ထားပါတယ်။ -
6:52 - 6:54တောင်ကြားမှာ နေစတင် ထွက်လာတော့
-
6:54 - 6:56ကျွန်တော် စိတ်လှုပ်ရှားကာ
တကယ်ကို တုန်မိတယ်၊ -
6:56 - 6:59အကြောင်းက ပန်းချီကားကို
ကြည့်ပြီး ပြောမိတာက -
6:59 - 7:02"ဘုရားရေ၊ ငါတော့ အရင် နှစ် ၁၀၀ က
Bierstadt ရဲ့ ထပ်တူကျတဲ့ -
7:02 - 7:04အလင်းရောင် ရတော့မယ်ဟ" လို့ပါ။
-
7:06 - 7:09"Day to Night" ဟာ အရာအားလုံး အကြောင်းပါ။
-
7:09 - 7:11ဓါတ်ပုံပညာရဲ့ ကြားခံအကြောင်း
ကိုယ်မြတ်နိုးတာ -
7:11 - 7:13အားလုံးကို စုစည်းထားမှု တစ်ခုလိုပါ။
-
7:13 - 7:15ဒါက ရှုခင်းအကြောင်းပါ။
-
7:15 - 7:16လမ်းပေါ်က ဓါတ်ပုံပညာ အကြောင်းပါ။
-
7:16 - 7:19အရောင်၊ ဗိသုကာ၊ အမြင်၊ စကေးနဲ့
-
7:19 - 7:22အထူးသဖြင့် သမိုင်း အကြောင်းပါ။
-
7:22 - 7:24ဒါက ကျွန်တော် ဓာတ်ပုံရိုက်နိုင်တာတွေထဲက
-
7:24 - 7:26သမိုင်းအဝင်ဆုံး ကာလတစ်ခုပါ။
-
7:26 - 7:29Barrack Obama ရဲ့ ၂၀၁၃ ခု
သမ္မတရာထူး အပ်နှင်းတဲ့ပွဲပါ။ -
7:30 - 7:32ဒီပုံကို အနီးကပ် ကြည့်လိုက်ရင်
-
7:32 - 7:34ပြောင်းနေတဲ့ အချိန်ကို
တကယ် တွေ့နိုင်ပါတယ်။ -
7:34 - 7:36ဒီ ရုပ်မြင်သံကြားကြီးတွေထဲမှာ
-
7:36 - 7:39ကလေးတွေနဲ့အတူ စောင့်နေတဲ့
Michelle ကို မြင်နိုင်ပါတယ်။ -
7:39 - 7:40အခု သမ္မတက လူစုကို နှုတ်ဆက်တယ်၊
-
7:40 - 7:42သူ့ သစ္စာပြုပြီး
-
7:42 - 7:44အခု လူတွေကို စကားပြောနေပါတယ်။
-
7:45 - 7:49ဒီပုံမျိုး ဖန်တီးတဲ့အခါ စိန်ခေါ်တဲ့
ကဏ္ဍတွေ အများကြီးရှိပါတယ်။ -
7:49 - 7:51ဒီထူးခြားတဲ့ ဓာတ်ပုံအတွက်
-
7:51 - 7:55ကျွန်တော် လေထဲက ပေ ၅၀
ကတ်ကြေးခွ ပင့်စက်ထဲမှာ ရှိနေပြီး -
7:55 - 7:56ဒယီးဒယိုင်နဲ့ပါ။
-
7:56 - 7:59ဒီတော့ ကျွန်တော့အကူနဲ့ ကျွန်တော်တို့
ဝန်ချိန်ပြောင်းတိုင်း -
7:59 - 8:01အလျားလိုက်လိုင်းဟာ ပြောင်းပါတယ်။
-
8:01 - 8:02တွေ့ရတဲ့ ပုံတိုင်းပါ ပြောင်းတယ်၊
-
8:02 - 8:05ဒီပုံမှာ ၁၈၀၀ လောက်ရှိပြီး
-
8:05 - 8:08ရှပ်တာကို နှိပ်တိုင်း ကျွန်တော်တို့
နှစ်ယောက်လုံးရဲ့ -
8:08 - 8:10ခြေထောက်တွေကို နေရာမှာ တိပ်ပတ်ထားရတယ်။
-
8:10 - 8:14(လက်ခုပ်သံများ)
-
8:14 - 8:18ဒီအလုပ်လုပ်ရင်း ထူးခြားတဲ့
အရာများစွာကို သိမြင်လာခဲ့တယ်။ -
8:19 - 8:22ကျွန်တော့အထင် အရေးကြီးဆုံး
နှစ်ခုက စိတ်ရှည်ခြင်းနဲ့ -
8:22 - 8:24မြင်တတ်ခြင်းရဲ့ စွမ်းအားပါ။
-
8:25 - 8:28New York လို့ မြို့တစ်မြို့ကို
အပေါ်စီးကနေ ရိုက်တဲ့အခါ -
8:28 - 8:30တွေ့ရှိခဲ့တာက ကျွန်တော်တို့ နေ့စဉ်
-
8:31 - 8:33အတူနေသလိုမျိုးဖြစ်တဲ့ ကားတွေထဲက လူတွေဟာ
-
8:33 - 8:35ကားတွေထဲက လူတွေနဲ့ မတူတော့တာပါ။
-
8:35 - 8:37သူတို့ဟာ ဧရာမ ငါးအုပ်တစ်အုပ်လိုခံစားရတယ်၊
-
8:37 - 8:39ဒါက ပေါ်ထွန်းစ အပြုအမူ ပုံစံတစ်ခုပါ။
-
8:40 - 8:43လူတွေ New York ရဲ့ စွမ်းအင်ကို
သရုပ်ဖော်တဲ့အခါ -
8:43 - 8:46ဒီဓာတ်ပုံက ဒါကို တကယ် စတင်
ဖမ်းယူတယ်လို့ ထင်တယ်။ -
8:46 - 8:48လက်ရာထဲကို ပိုအနီးကပ်ပြီး ကြည့်ရင်
-
8:48 - 8:50ဆက်ဖြစ်နေတဲ့ ဇာတ်လမ်းတွေ
ရှိတာ တွေ့နိုင်ပါတယ်။ -
8:50 - 8:53Times Square ဟာ ချောက်ကြီးတစ်ခု
ဆိုတာ သင် သဘောပေါက်မိတယ်။ -
8:53 - 8:55ဒါဟာ အရိပ်နဲ့ ဒါဟာ နေရောင်ပါ။
-
8:56 - 8:59ဒီတော့ ဒီဓာတ်ပုံမှာ အချိန်ကို ကျားကွက်
ချမယ်လို့ ဆုံးဖြတ်လိုက်တယ်။ -
8:59 - 9:01ဒီတော့ အရိပ်ကျရာတိုင်းမှာ ညဘက်ဖြစ်ပြီး
-
9:01 - 9:03နေရှိရာတိုင်းဟာ တကယ့် နေ့ဘက်ပါ။
-
9:04 - 9:07အချိန်ဆိုတာက ကျွန်တော်တို့
ခေါင်းတွေ ပတ်လည်မှာ -
9:07 - 9:09ဘယ်တော့မှ ပတ်ထားလို့
မရနိုင်တဲ့ ထူးဆန်းတဲ့အရာပါ။ -
9:10 - 9:12ဒါပေမဲ့ သိပ်ထူးခြားတဲ့ နည်းတစ်ခုမှာတော့
-
9:12 - 9:16ဒီဓာတ်ပုတွေဟာ အချိန်ပေါ်မှာ မျက်နှာတစ်ခု
စတပ်နိုင်တယ်လို့ ယုံကြည်ပါတယ်။ -
9:17 - 9:21သူတို့ဟာ သဘာဝဖြစ်တည်မှု အမြင်ပိုင်း
ဒိဋ္ဌဖြစ်ရပ်သစ် တစ်ခုကို ပုံဖော်ပါတယ်။ -
9:23 - 9:26နေရာတစ်ခုကို ၁၅ နာရီ
အချိန်ကုန်ခံ ကြည့်တဲ့အခါ -
9:27 - 9:29သင် (သို့) ကျွန်တော်ဟာ ကင်မရာနဲ့ ကပ်သွားကာ
-
9:29 - 9:31ဓာတ်ပုံရိုက်ပြီး ထွက်သွားလိုက်တာထက်
-
9:31 - 9:33အရာတွေကို အနည်းငယ် ခြားနားစွာ မြင်ရမှာပါ။
-
9:33 - 9:35ဒါကတော့ အကောင်းဆုံး ဥပမာပါ။
-
9:35 - 9:37ဒါကို "Sacré-Coeur Selfie" လို့ခေါ်တယ်
-
9:38 - 9:39Sacré- Coeur ကိုတောင် မကြည့်ပဲ
-
9:39 - 9:42လူတွေကို ၁၅ နာရီကျော် စောင့်ကြည့်ခဲ့တယ်။
-
9:42 - 9:45ဒါကို နောက်ခံကားအဖြစ်
သုံးဖို့ ပိုစိတ်ဝင်စားကြတယ်။ -
9:45 - 9:48သူတို့တွေ ကပ်သွားပြီး ဓာတ်ပုံရိုက်ကာ
-
9:48 - 9:50နောက်တော့ ထွက်သွားကြတယ်။
-
9:50 - 9:55ဒါကို လုံးဝ ထူးခြားတဲ့ ဥပမာတစ်ခု
အဖြစ် ကျွန်တော် မြင်မိတယ်။ -
9:55 - 9:59လူ့အတွေ့အကြုံလို့ ထင်မိတာနဲ့ အပြိုင်
လူ့အတွေ့အကြုံ ပြောင်းလဲဖြစ်ပေါ်ခြင်း -
10:00 - 10:03အကြားက အားကောင်းလှတဲ့ အဆက်အစပ် မကျမှုပါ။
-
10:04 - 10:09မျှဝေခြင်းရဲ့ လုပ်ဆောင်မှုဟာ
အတွေ့အကြုံသက်သက်ထက် -
10:09 - 10:11ရုတ်တရက် ပိုအရေးကြီးလာတာပါ။
-
10:11 - 10:15(လက်ခုပ်သံများ)
-
10:15 - 10:18နောက်ဆုံးအနေနဲ့ ကျွန်တော့အတွက်
-
10:18 - 10:21ပုဂ္ဂိုလ်ရေးအရသိပ်ထူးခြားတဲ့
အဓိပ္ပါယ်ရှိတဲ့ အသစ်ဆုံးပုံပါ။ -
10:21 - 10:25ဒါက Tanzania က Serengeti National Park ပါ။
-
10:25 - 10:27ဒါက Seronera ရဲ့အလယ်မှာ ရိုက်ခဲ့တာပါ။
-
10:28 - 10:29ဒါက သီးသန့်မြေ မဟုတ်ပါဘူး။
-
10:30 - 10:32ထွေပြားတဲ့ တိရိစ္ဆာန်အစုံလင်ဆုံးကို
ရိုက်ဖို့ မျှော်လင့်ပြီး -
10:32 - 10:36အမြင့်ဆုံး ပြောင်းရွေ့တဲ့ကာလအတွင်း
အသေအချာကို သွားခဲ့တာပါ။ -
10:37 - 10:38ကံဆိုးချင်တော့ အဲဒီကို ရောက်ရော
-
10:38 - 10:41အမြင့်ဆုံး ပြောင်းရွေ့တဲ့ကာလအတွင်း
မိုးခေါင်နေပါလေရော၊ -
10:41 - 10:42ငါးပတ်တာ မိုးခေါင်မှုပါ။
-
10:42 - 10:44ဒီတော့ တိရိစ္ဆာန်တွေအားလုံး
ရေရှိရာသွားကြတာပေါ့။ -
10:45 - 10:47ဒီရေထွက်ပေါက်တစ်ပေါက်ကို တွေ့ပြီး
-
10:47 - 10:51အရာရာဟာ ဒီအတိုင်း ပြုမူနေတယ်ဆိုရင်
ထူးခြားတဲ့ တစ်ခုခုကို ရိုက်ယူဖို့ -
10:51 - 10:54တကယ့် အခွင့်အလမ်း
ရလိမ့်မယ်လို့ ခံစားမိလိုက်တယ်။ -
10:54 - 10:56သုံးရက် အချိန်ကုန်ခံ လေ့လာခဲ့တယ်၊
-
10:56 - 10:58ရိုက်တဲ့နေ့အတွင်း ကိုယ် ဒိဋ္ဌမြင်
-
10:58 - 11:00လိုက်ရတာအတွက် ဘာမှ မပြင်ဆင်နိုင်ခဲ့ဘူး။
-
11:00 - 11:03လေထဲက ၁၈ ပေအမြင့်က အလုံပိတ်စင်ထဲမှာ
-
11:03 - 11:07၂၆ နာရီဲကြာ ဓာတ်ပုံရိုက်ခဲ့တယ်။
-
11:07 - 11:10တွေ့မြင်လိုက်ရတာက မတွေးတတ်အောင်ကိုပါ။
-
11:10 - 11:11ပြောရရင် သမ္မာကျမ်းလာပဲ။
-
11:11 - 11:14၂၆ နာရီလုံးလုံး ဒီနိုင်လိုစိတ်ပြင်းတဲ့
-
11:14 - 11:19မျိုးစိတ်အားလုံး ရေလို့ခေါ်တဲ့ တစ်ခု
တည်းသော အရင်းအမြစ်ကို မျှသောက်ကြတယ်။ -
11:19 - 11:23ဒီအလားတူ အရင်းအမြစ်အတွက်ပဲ
နောင်နှစ် ၅၀ အတွင်းမှာ လူ့လောကမှာ -
11:23 - 11:25စစ်ပွဲရှိလာမယ်လို့ ဆိုကြတယ်။
-
11:25 - 11:29တိရိစ္ဆာန်တွေဟာ အချင်းချင်း
ညည်းတောင် မညည်းကြပါဘူး။ -
11:30 - 11:33ကျွန်တော်တို့ လူသားတွေ နားမလည်တဲ့
တစ်ခုခုကို နားလည်နေပုံရပါတယ်။ -
11:34 - 11:36ဒီ ရေလို့ဆိုတဲ့ အဖိုးတန်
ရင်းမြစ်ဟာ ကျွန်တော်တို့ -
11:36 - 11:39အားလုံး မျှဝေဖို့လိုတယ်ဆိုတာပါ။
-
11:40 - 11:42ဒီပုံကို ဖန်တီးတော့
-
11:43 - 11:47သဘောပေါက်မိတာက Day to Night ဟာ
တကယ့် ရှုမြင်နည်း အသစ်ပါ၊ -
11:48 - 11:49အချိန်ကို ချုံ့ရင်း
-
11:50 - 11:54ဓာတ်ပုံတစ်ပုံအတွင်းမှာ အာကာသ
ကာလဖြစ်စဉ်ကြီးကို စူးစမ်းခြင်းပါ။ -
11:55 - 11:59ဓာတ်ပုံပညာနှင့်အတူ
နည်းပညာ ပြောင်းလဲလာတော့ -
11:59 - 12:03ဓာတ်ပုံတွေဟာ အချိန်နဲ့ မှတ်မိမှုရဲ့ ပိုနက်
ရှိုင်းတဲ့ အဓိပ္ပါယ်ကို ဆက်သွယ်ဖိုသာမက -
12:04 - 12:10လူမသိသေးတဲ့ ဇာတ်လမ်းတွေရဲ့
ပုံပြင်သစ်တွေကို သီကုံးပါလိမ့်မယ်၊ -
12:11 - 12:15ကျွန်တော်တို့ ကမ္ဘာအတွက် ထာဝရ
ပြတင်းပေါက်တစ်ပေါက် ဖန်တီးရင်းပေါ့။ -
12:15 - 12:16ကျေးဇူးတင်ပါတယ်။
-
12:16 - 12:23(လက်ခုပ်သံများ)
- Title:
- ဓာတ်ပုံတစ်ပုံတည်းတွင် ဖမ်းယူထားတဲ့ အချိန်ကုန်လွန်ခြင်း။
- Speaker:
- Stephen Wilkes
- Description:
-
ဓာတ်ပုံပညာရှင် Stephen Wilkes ကနေပြီး ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ ရှုမျှော်ခင်းတွေရဲ့ အခင်းအကျင်းတွေကို နေ့မှ ညသို့ အကူးအပြောင်းအလိုက် နှစ်ဘက်မြင် ရုပ်ငြိမ်ဓာတ်ပုံ တစ်ခုအတွင်းက အာကာသ ကာလဖြစ်စဉ်ကြီးကို စူးစမ်းရင်း ဖန်တီးထားပါတယ်။ သူနဲ့အတူရှိတဲ့ ခရီးစဉ်က Paris မှာရှိတဲ့ Tournelle Bridge ၊ Yosemite National Park က El Capitan နဲ့ သူ့ရဲ အနုပညာဖြစ်စဉ်ရဲ့ လည်ပတ်ခြင်းထဲက Serengeti ရဲ့ အလယ်ဗဟိုမှာရှိတဲ့ အသက်ဆက်ရှင်ခွင့်ပေးတဲ့ ရေထွက်ရာအပေါက်တို့လို စံပြုထိုက်တဲ့နေရာတွေပါ။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 12:36
sann tint approved Burmese subtitles for The passing of time, caught in a single photo | ||
sann tint edited Burmese subtitles for The passing of time, caught in a single photo | ||
sann tint edited Burmese subtitles for The passing of time, caught in a single photo | ||
sann tint edited Burmese subtitles for The passing of time, caught in a single photo | ||
Myo Aung accepted Burmese subtitles for The passing of time, caught in a single photo | ||
Myo Aung edited Burmese subtitles for The passing of time, caught in a single photo | ||
sann tint edited Burmese subtitles for The passing of time, caught in a single photo | ||
sann tint edited Burmese subtitles for The passing of time, caught in a single photo |