ဇာတ်လမ်းတွေ ပြောပြတဲ့ ဓာတ်ပုံတွေဖန်တီးဖို့
စိတ်ထက်သန်မှု သက်သက်ရဲ့
လှုံဆော်တာခံလိုက်ရတယ်။
ဓာတ်ပုံပညာဟာ အချိန်ရဲ့ အပိုင်းအခြားလေး
အတွင်းမှာ ရပ်တန့်နေတဲ့ တဒင်္ဂရဲ့
ဖမ်းယူချက်အဖြစ် သရုပ်ဖော်နိုင်တယ်။
တဒင်္ဂ(သို့) ဓာတ်ပုံတိုင်းဟာ အချိန်လွန်
သွားခိုက် ကျွန်တော်တို့ မှတ်မိခြင်းတွေရဲ့
အထည်ဒြပ်ရှိတဲ့ အပိုင်းအစ
တစ်ခုကို ကိုယ်စားပြုပါတယ်။
ဒါပေမဲ့ ဓာတ်ပုံတစ်ပုံထဲမှာ ကာလတစ်ခုထက်
ပိုပြီး ရိုက်ယူနိုင်မယ်ဆိုရင်ရော။
ဓာတ်ပုံတစ်ပုံဟာ တကယ်ပဲ
အချိန်ကို ခေါက်သိမ်းပြီး
နေ့နဲ့ညရဲ့ အကောင်းဆုံး ကာလတွေကို
ရုပ်ပုံတစ်ပုံတည်းအဖြစ်
စပ်ကြောင်းမရှိပဲ ချုံ့နိုင်တယ်ဆိုရင်ရော။
"Day to Night" ဆိုတဲ့ စိတ်ကူး
တစ်ခုကို ဖန်တီးခဲ့ပြီး
ဒါဟာ ကမ္ဘာကြီးအားရှုမြင်ပုံကို
ပြောင်းပစ်မယ်လို့ ယုံကြည်တယ်။
ကိုယ်အတွက် ဟုတ်တာသိတယ်။
လုပ်ငန်းစဉ်က အထင်ကရနေရာတွေကို
ဓာတ်ပုံရိုက်ခြင်းနဲ့ စပါတယ်။
စုပေါင်း မှတ်ဉာဏ်လို့ ခေါ်တဲ့
အစိတ်အပိုင်း နေရာတွေပါ။
ပုံသေရှိနေတဲ့ အပေါ်စီးကနေ ဓာတ်ပုံ
ရိုက်ယူပြီး လုံးဝကို မရွှေ့ခဲ့ဘူး။
အချိန် ကုန်လွန်ခိုက် လူသားနဲ့ အလင်းရဲ့
လျှပ်တစ်ပြက် ကာလတွေကို ရိုက်ယူတယ်။
ဓာတ်ပုံရိုက်တာဟာ နေရာတိုင်း
အတွက် ၁၅ ကနေ နာရီ ၃၀ထိ
ပုံပေါင်း ၁၅၀၀ ကျော် ရိုက်ယူပါတယ်။
နောက် နေ့နဲ့ညရဲ့ အကောင်းဆုံး
ကာလတွေကို ရွေးချယ်ပါတယ်။
အချိန်ကို လမ်းညွှန်လိုသုံးကာ
အကောင်းဆုံးကာလတွေကို ဓာတ်ပုံတစ်ပုံတည်း
အဖြစ် အချိန်နဲ့အတူ နိုးကြားတဲ့ ခရီးကို
မြင်ယောင်ရင်း စပ်ကြောင်းမဲ့
ပေါင်းစပ်ပါတယ်။
Tournelle Bridge က ရှုခင်းအတွက်
ပဲရစ်ကို ခေါ်သွားနိုင်တယ်။
Seine မြစ်ကမ်းတစ်လျှောက်က မနက်စောစော
လှေထိုးသားတွေကို ပြနိုင်တယ်
တစ်ပြိုင်နက်မှာ
ညမှာ တောက်ပနေတဲ့
Notre Dame ကို ပြနိုင်ပါတယ်။
ဒီအတွင်းမှာ City of Light ရဲ့
ကြည်နူးဖွယ်ရာကို ပြနိုင်ပါသေးတယ်။
အခြေခံအားဖြင့် ကျွန်တော်က လေထဲ
ပေ ၅၀ အမြင့်က လမ်းပေါ်က ဓာတ်ပုံသမား၊
ဒီပုံမှာ မြင်ရတဲ့ အရာတိုင်းဟာ
ဒီနေ့မှာ တကယ်ကို ဖြစ်ပျက်ခဲ့တာပါ။
"Day to Night" ဟာ
ကမ္ဘာအနှံ့ ပရောဂျက်ဖြစ်ပြီး
ကျွန်တော့ လက်ရာက
အမြဲတမ်း သမိုင်းအကြောင်းပါ။
Venice လိုတစ်နေရာကို သွားပြီး သီးသန့်
ပွဲတစ်ခု အတွင်းမှာ တကယ်ပဲ
မြင်လိုက်ရတဲ့ စိတ်ကူးကို အရမ်း
စိတ်ဝင်စားမိတယ်။
ဒါနဲ့ သမိုင်းဝင် လှေပြိုင်ပွဲကို
ကြည့်ချင်တာကို ဆုံးဖြတ်လိုက်တယ်၊
တကယ်က ၁၄၉၈ ခုနှစ်ကတည်းက
ကျင်းပနေတဲ့ ပွဲတစ်ခုပါ။
လှေတွေနဲ့ အခမ်းအနား ဝတ်စုံတွေက
အဲဒီတုန်းကအတိုင်း တစ်ထပ်တည်းပါ။
ကိုယ့်လူတို့ကို နားလည်စေချင်တဲ့
အရေးပါတဲ့ အစိတ်အပိုင်းက
ဒါက အချိန်ခြားထားတာမဟုတ်ဘူး၊
ဒါဟာ နေ့နဲ့ည တောက်လျှောက်
ကျွန်တော်ရိုက်ထားတာပါ။
ကျွန်တော်ဟာ မှော်ဆန်တဲ့ ကာလတွေကို
မရပ်မနား စုစောင်းသူပါ။
ကျွန်တော့ကို စေ့ဆော်တာက ဒီထဲက တစ်ခု
လောက်ကို လွတ်သွားမှာ ကြောက်တဲ့စိတ်ပါ။
ဒီစိတ်ကူးတစ်ခုလုံးဟာ ၁၉၉၆ ခုနှစ်
လောက်မှာ ဖြစ်ခဲ့တယ်။
Life မဂ္ဂဇင်းကြီးက Baz Luhmann ရဲ့
ရုပ်ရှင် Romeo+ Juliet ရဲ့ သရုပ်ဆောင်နဲ့
ဝန်ထမ်းအဖွဲ့ကို မြင်ကွင်းကျယ် ဖန်တီးဖို့
ကျွန်တော့ကို တာဝန်ပေးတယ်။
ကျွန်တော် စလုပ်လိုက်တော့ သဘောပေါက်
သွားတယ်၊ ဒါက လေးထောင့်ပုံပါ။
မြင်ကွင်းကျယ်တစ်ခု ဖန်တီးနိုင်တဲ့ တစ်ခု
တည်းသော နည်းလမ်းက တစ်ပုံချင်းစီ
၂၅၀ ပါတဲ့ ဖြတ်ညှပ်ကပ်တစ်ခု ရိုက်ဖို့ပါ။
ဒါနဲ့ DiCaprio နဲ့ Calire Danes ကို
ပွေ့ဖက်ခိုင်းလိုက်တယ်။
ကင်မရာကို ညာဘက်ကို ဆွဲရိုက်တဲ့အခိုက်မှာ
နံရံမှာ မှန်တစ်ချပ်ရှိတာ သတိထားမိပြီး
သူတို့ဟာ တကယ်ကို ရောင်ပြန်ဟပ်
နေတာ တွေ့လိုက်တယ်။
ဒီတဒင်္ဂတာလေးမှာ ဒီပုံတစ်ပုံအတွက်
"မင်းတို့ ဒီပုံအတွက် နမ်းလိုက်မလား"
လို့ သူတို့ကို မေးလိုက်တယ်။
နောက်တော့ New York က
စတူဒီယိုကို ပြန်လာခဲ့ပြီး
ဒီပုံ ၂၅၀ ကို ပြိုင်တူ လက်နဲ့
ကော်ကပ်လိုက်တယ်။
ပြန်ရပ်ပြီး "အိုး၊ မိုက်လှချည်လား၊
ငါဟာဓာတ်ပုံတစ်ပုံမှာ
အချိန်ပြောင်းနေတာပဲ" လို့ဖြစ်သွားတယ်။
နောက်ဆုံး နည်းပညာက ကျွန်တော့
အိမ်မက်တွေကို မမီခင်အထိ
၁၃ နှစ်တာ ဒီစိတ်ကူး ကျွန်တော်နဲ့ရှိခဲ့တယ်။
ဒါက Santa Monica ဆိပ်ခံတံတားရဲ့
Day to Night ကို ဖန်တီးတဲ့ ပုံပါ။
ဒီပုံတွေ ရိုက်တဲ့ခါ ကျွန်တော်နဲ့
ရှိခဲ့တာ ဘယ်လိုဆိုတာ စိတ်ကူးကြည့်နိုင်တဲ့
ဗီဒီယိုလေး တစ်ခုပြပါ့မယ်။
အစအနေနဲ့ ဒီလို ရှုခင်းတွေရဖို့ဆိုတာ
နားလည်ဖို့လိုပါတယ်၊
အချိန်အများစုက အမြင့်မှာ
ကုန်ဆုံးပြီး များသောအားဖြင့်တော့
ကရိန်းထဲမှာပါ။
ဒီတော့ ဒါက ဖြစ်နေကျ တစ်နေ့ပါ၊
၁၂ က ၁၈ နာရီ မရပ်မနား
ဖြန့်ထားတဲ့ တစ်နေ့လုံးကို ရိုက်ယူရင်းပေါ့။
ထူးကဲတာတစ်ခုက လူတွေကို
စောင့်ကြည့်တာကို နှစ်သက်တာပါ။
ကျွန်တော်ပြောတဲ့အခါ ယုံပါ၊
ဒါဟာ အိမ်ထဲမှာ ရှိရမယ့်
အကောင်းဆုံး ထိုင်ခုံပါ။
ဒါပေမဲ့ ဒါက ဒီပုံတွေဖန်တီးရာမှာ
ကျွန်တော် လျှောက်သွားပုံပါ။
မြင်ကွင်းနဲ့ နေရာကို ဆုံးဖြတ်ပြီးတာနဲ့
ဘယ်မှာ နေ့စပြီး ညဆုံးမှာကို
ဆုံးဖြတ်ရပါတယ်။
ဒါက ကျွန်တော့အခေါ် အချိန် လားရာပါ။
Einstein က အချိန်ကို
ရက်ထည်အဖြစ် ဖေါ်ပြခဲ့တယ်။
ကျွမ်းထိုးဖျင်ချပ်ရဲ့ မျက်နှာပြင်ကို
တွေးကြည့်ပါ။
ဒါက ကမ္ဘာ့ဆွဲအားနဲ့
ထွေးပတ်ပြီး ဆန့်ထုတ်တယ်။
ကျွန်တော်လည်း အချိန်ကို
ရက်ထည်လို့ မြင်ပါတယ်။
ဒီရက်ထည်ကို ပြားချပ်ကာ ပြင်တစ်ခုတည်းမှာ
ဖိသိပ်တာက လွဲရင်ပေါ့လေ။
ဒီအလုပ်ရဲ့ ထူးခြားတဲ့ ရှုထောင်တစ်ခုကလည်း
ပုံအားလုံးကို ကြည့်လိုက်ရင်
အချိန် လားရာက ပြောင်းနေတယ်၊
တစ်ခါတစ်လေ ဘယ်က ညာကိုသွားမယ်၊
တစ်ခါတစ်လေ ရှေ့က နောက်၊ အပေါ် (သို့)
အောက်၊ ထောင့်ဖြတ်တောင် သွားတယ်။
နှစ်ဘက်မြင် ရုပ်ငြိမ်တွင်းအတွင်းက
အာကာသ-ကာလ
ဖြစ်စဉ်ကို စူးစမ်းနေတာပါ။
ကဲ ဒီပုံတွေလုပ်တုန်းက ပြောရရင်
ကိုယ့်စိတ်ထဲမှာ ဆက်ဖြစ်နေတဲ့
အချိန်ကိုက် ပဟေဠိကွက်လိုပါ။
အချိန်ကို အခြေခံတဲ့ ဓာတ်ပုံ
တစ်ပုံ တည်ဆောက်တယ်၊
ဒါက ကျွန်တော်ခေါ်တဲ့ မူရင်း အောက်ခံပြားပါ။
ပြီးစီးဖို့ လအတော်ကြာ အချိန်ယူရနိုင်တယ်။
ဒီအလုပ်ရဲ့ ပျော်စရာက
သတ်မှတ်ထားတဲ့ နေ့မှာ ဒီမှာရောက်ပြီး
ဓာတ်ပုံတွေရိုက်တဲ့အခါ
ကျွန်တော်ဟာ လုံးဝကို
အထိန်းအချုပ်မဲ့ သွားတာပါ။
ဒီတော့ ပုံထဲမှာ ဘယ်သူပါသွားမှာ
လုံးလုံးမသိဘူး။
ခမ်းနားတဲ့ နေထွက်ချိန် (သို့)
နေဝင်ချိန် ဖြစ်မယ်၊ အထိန်းမဲ့ပါ၊
ဒါက လုပ်ငန်းစဉ် အဆုံးမှာပါ။
တကယ့်ကို ကြီးကျယ်တဲ့ တစ်နေ့ရှိခဲ့ရင်
အရာရာဟာ ထပ်တူဖြစ်ပြီး
နောက်မှာမှ ဘယ်သူဝင်၊
ဘယ်သူထွက်ကို ဆုံးဖြတ်ပါတယ်၊
အားလုံးဟာ အချိန်ကို မူတည်တာပါ။
တစ်လကျော်ကြာ တည်းဖြတ်ခြင်းရဲ့
ဒီအကောင်းဆုံး ကာလတွေကို ယူမှာဖြစ်ပြီး
ဒါတွေဟာ မူရင်းအောက်ခံပြားမှာ
စပ်ကြောင်းမဲ့ ပေါင်းစပ်သွားပါတယ်။
ကျွန်တော် မြင်ခဲ့သလို နေ့နဲ့ညကို
ချုံ့နေပါတယ်၊
ဝိရောဓိဖြစ်လွန်းတဲ့ လောကနှစ်ခုကြားမှာ
ထူးခြားတဲ့ သဟဇာတကို ဖန်တီးရင်းပေါ့။
ကျွန်တော့လက်ရာ အားလုံးမှာ ပန်းချီင်္
ဟာ အမြဲကို အရေးပါတဲ့ လွမ်းမိုးမှုပါ၊
ကျွန်တော်ဟာ Hudson River School
ပန်းချီဆရာကြီး
Albert Bierstadt ရဲ့ အမာခံ ပရိတ်သတ်ပါ။
သူက National Parks မှာ လုပ်ခဲ့တဲ့
တစ်လောက အတွဲတွေမှာ စေ့ဆော်ပေးတယ်။
ဒါက Bierstadt ရဲ့ Yosemite Valley ပါ။
ဒါက ကျွန်တော်ဖန်တီးခဲ့တဲ့
Yosemite ဓါတ်ပုံပါ။
ဒါက တကယ်တော့ ၂၀၁၆ ထုတ်
National Geographic မဂ္ဂဇင်းရဲ့
မျက်နှာဖုံး ဆောင်းပါးပါ။
ဒီပုံကို နာရီ ၃၀ ကျော်ကြာ ရိုက်ခဲ့တယ်။
တကယ့်ကို ကျွန်တော်ဟာ ချောက်ကမ်းပါး
ဘေးကနေပြီး ကြယ်တွေ၊ ကူးပြောင်းဆဲ
လရောင် ၊ El Capitan ကို
လရောင်ဖြာကျတာကို ရိုက်ယူနေခဲ့တာပါ။
နောက်ပြီး ရှုခင်းတစ်လျှောက်လုံးက အချိန်
ကူးပြောင်းတာကိုလည်း ရိုက်ခဲ့ပါတယ်။
အကောင်းဆုံး အပိုင်းက လူ့လောကရဲ့
မှော်ဆန်တဲ့ ကာလတွေကို နေ့ကနေ ည
ပြောင်းတဲ့ အချိန်အတိုင်း
သိသာစွာ မြင်ရခြင်းပါ။
ကိုယ်ရေးကိုယ်တာ မှတ်စုမှာတော့
တကယ်ပဲ Bierstadt ရဲ့ ပန်းချီ မိတ္တူတစ်ခု
အိတ်ကပ်မှာ ထည့်ထားပါတယ်။
တောင်ကြားမှာ နေစတင် ထွက်လာတော့
ကျွန်တော် စိတ်လှုပ်ရှားကာ
တကယ်ကို တုန်မိတယ်၊
အကြောင်းက ပန်းချီကားကို
ကြည့်ပြီး ပြောမိတာက
"ဘုရားရေ၊ ငါတော့ အရင် နှစ် ၁၀၀ က
Bierstadt ရဲ့ ထပ်တူကျတဲ့
အလင်းရောင် ရတော့မယ်ဟ" လို့ပါ။
"Day to Night" ဟာ အရာအားလုံး အကြောင်းပါ။
ဓါတ်ပုံပညာရဲ့ ကြားခံအကြောင်း
ကိုယ်မြတ်နိုးတာ
အားလုံးကို စုစည်းထားမှု တစ်ခုလိုပါ။
ဒါက ရှုခင်းအကြောင်းပါ။
လမ်းပေါ်က ဓါတ်ပုံပညာ အကြောင်းပါ။
အရောင်၊ ဗိသုကာ၊ အမြင်၊ စကေးနဲ့
အထူးသဖြင့် သမိုင်း အကြောင်းပါ။
ဒါက ကျွန်တော် ဓာတ်ပုံရိုက်နိုင်တာတွေထဲက
သမိုင်းအဝင်ဆုံး ကာလတစ်ခုပါ။
Barrack Obama ရဲ့ ၂၀၁၃ ခု
သမ္မတရာထူး အပ်နှင်းတဲ့ပွဲပါ။
ဒီပုံကို အနီးကပ် ကြည့်လိုက်ရင်
ပြောင်းနေတဲ့ အချိန်ကို
တကယ် တွေ့နိုင်ပါတယ်။
ဒီ ရုပ်မြင်သံကြားကြီးတွေထဲမှာ
ကလေးတွေနဲ့အတူ စောင့်နေတဲ့
Michelle ကို မြင်နိုင်ပါတယ်။
အခု သမ္မတက လူစုကို နှုတ်ဆက်တယ်၊
သူ့ သစ္စာပြုပြီး
အခု လူတွေကို စကားပြောနေပါတယ်။
ဒီပုံမျိုး ဖန်တီးတဲ့အခါ စိန်ခေါ်တဲ့
ကဏ္ဍတွေ အများကြီးရှိပါတယ်။
ဒီထူးခြားတဲ့ ဓာတ်ပုံအတွက်
ကျွန်တော် လေထဲက ပေ ၅၀
ကတ်ကြေးခွ ပင့်စက်ထဲမှာ ရှိနေပြီး
ဒယီးဒယိုင်နဲ့ပါ။
ဒီတော့ ကျွန်တော့အကူနဲ့ ကျွန်တော်တို့
ဝန်ချိန်ပြောင်းတိုင်း
အလျားလိုက်လိုင်းဟာ ပြောင်းပါတယ်။
တွေ့ရတဲ့ ပုံတိုင်းပါ ပြောင်းတယ်၊
ဒီပုံမှာ ၁၈၀၀ လောက်ရှိပြီး
ရှပ်တာကို နှိပ်တိုင်း ကျွန်တော်တို့
နှစ်ယောက်လုံးရဲ့
ခြေထောက်တွေကို နေရာမှာ တိပ်ပတ်ထားရတယ်။
(လက်ခုပ်သံများ)
ဒီအလုပ်လုပ်ရင်း ထူးခြားတဲ့
အရာများစွာကို သိမြင်လာခဲ့တယ်။
ကျွန်တော့အထင် အရေးကြီးဆုံး
နှစ်ခုက စိတ်ရှည်ခြင်းနဲ့
မြင်တတ်ခြင်းရဲ့ စွမ်းအားပါ။
New York လို့ မြို့တစ်မြို့ကို
အပေါ်စီးကနေ ရိုက်တဲ့အခါ
တွေ့ရှိခဲ့တာက ကျွန်တော်တို့ နေ့စဉ်
အတူနေသလိုမျိုးဖြစ်တဲ့ ကားတွေထဲက လူတွေဟာ
ကားတွေထဲက လူတွေနဲ့ မတူတော့တာပါ။
သူတို့ဟာ ဧရာမ ငါးအုပ်တစ်အုပ်လိုခံစားရတယ်၊
ဒါက ပေါ်ထွန်းစ အပြုအမူ ပုံစံတစ်ခုပါ။
လူတွေ New York ရဲ့ စွမ်းအင်ကို
သရုပ်ဖော်တဲ့အခါ
ဒီဓာတ်ပုံက ဒါကို တကယ် စတင်
ဖမ်းယူတယ်လို့ ထင်တယ်။
လက်ရာထဲကို ပိုအနီးကပ်ပြီး ကြည့်ရင်
ဆက်ဖြစ်နေတဲ့ ဇာတ်လမ်းတွေ
ရှိတာ တွေ့နိုင်ပါတယ်။
Times Square ဟာ ချောက်ကြီးတစ်ခု
ဆိုတာ သင် သဘောပေါက်မိတယ်။
ဒါဟာ အရိပ်နဲ့ ဒါဟာ နေရောင်ပါ။
ဒီတော့ ဒီဓာတ်ပုံမှာ အချိန်ကို ကျားကွက်
ချမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ဒီတော့ အရိပ်ကျရာတိုင်းမှာ ညဘက်ဖြစ်ပြီး
နေရှိရာတိုင်းဟာ တကယ့် နေ့ဘက်ပါ။
အချိန်ဆိုတာက ကျွန်တော်တို့
ခေါင်းတွေ ပတ်လည်မှာ
ဘယ်တော့မှ ပတ်ထားလို့
မရနိုင်တဲ့ ထူးဆန်းတဲ့အရာပါ။
ဒါပေမဲ့ သိပ်ထူးခြားတဲ့ နည်းတစ်ခုမှာတော့
ဒီဓာတ်ပုတွေဟာ အချိန်ပေါ်မှာ မျက်နှာတစ်ခု
စတပ်နိုင်တယ်လို့ ယုံကြည်ပါတယ်။
သူတို့ဟာ သဘာဝဖြစ်တည်မှု အမြင်ပိုင်း
ဒိဋ္ဌဖြစ်ရပ်သစ် တစ်ခုကို ပုံဖော်ပါတယ်။
နေရာတစ်ခုကို ၁၅ နာရီ
အချိန်ကုန်ခံ ကြည့်တဲ့အခါ
သင် (သို့) ကျွန်တော်ဟာ ကင်မရာနဲ့ ကပ်သွားကာ
ဓာတ်ပုံရိုက်ပြီး ထွက်သွားလိုက်တာထက်
အရာတွေကို အနည်းငယ် ခြားနားစွာ မြင်ရမှာပါ။
ဒါကတော့ အကောင်းဆုံး ဥပမာပါ။
ဒါကို "Sacré-Coeur Selfie" လို့ခေါ်တယ်
Sacré- Coeur ကိုတောင် မကြည့်ပဲ
လူတွေကို ၁၅ နာရီကျော် စောင့်ကြည့်ခဲ့တယ်။
ဒါကို နောက်ခံကားအဖြစ်
သုံးဖို့ ပိုစိတ်ဝင်စားကြတယ်။
သူတို့တွေ ကပ်သွားပြီး ဓာတ်ပုံရိုက်ကာ
နောက်တော့ ထွက်သွားကြတယ်။
ဒါကို လုံးဝ ထူးခြားတဲ့ ဥပမာတစ်ခု
အဖြစ် ကျွန်တော် မြင်မိတယ်။
လူ့အတွေ့အကြုံလို့ ထင်မိတာနဲ့ အပြိုင်
လူ့အတွေ့အကြုံ ပြောင်းလဲဖြစ်ပေါ်ခြင်း
အကြားက အားကောင်းလှတဲ့ အဆက်အစပ် မကျမှုပါ။
မျှဝေခြင်းရဲ့ လုပ်ဆောင်မှုဟာ
အတွေ့အကြုံသက်သက်ထက်
ရုတ်တရက် ပိုအရေးကြီးလာတာပါ။
(လက်ခုပ်သံများ)
နောက်ဆုံးအနေနဲ့ ကျွန်တော့အတွက်
ပုဂ္ဂိုလ်ရေးအရသိပ်ထူးခြားတဲ့
အဓိပ္ပါယ်ရှိတဲ့ အသစ်ဆုံးပုံပါ။
ဒါက Tanzania က Serengeti National Park ပါ။
ဒါက Seronera ရဲ့အလယ်မှာ ရိုက်ခဲ့တာပါ။
ဒါက သီးသန့်မြေ မဟုတ်ပါဘူး။
ထွေပြားတဲ့ တိရိစ္ဆာန်အစုံလင်ဆုံးကို
ရိုက်ဖို့ မျှော်လင့်ပြီး
အမြင့်ဆုံး ပြောင်းရွေ့တဲ့ကာလအတွင်း
အသေအချာကို သွားခဲ့တာပါ။
ကံဆိုးချင်တော့ အဲဒီကို ရောက်ရော
အမြင့်ဆုံး ပြောင်းရွေ့တဲ့ကာလအတွင်း
မိုးခေါင်နေပါလေရော၊
ငါးပတ်တာ မိုးခေါင်မှုပါ။
ဒီတော့ တိရိစ္ဆာန်တွေအားလုံး
ရေရှိရာသွားကြတာပေါ့။
ဒီရေထွက်ပေါက်တစ်ပေါက်ကို တွေ့ပြီး
အရာရာဟာ ဒီအတိုင်း ပြုမူနေတယ်ဆိုရင်
ထူးခြားတဲ့ တစ်ခုခုကို ရိုက်ယူဖို့
တကယ့် အခွင့်အလမ်း
ရလိမ့်မယ်လို့ ခံစားမိလိုက်တယ်။
သုံးရက် အချိန်ကုန်ခံ လေ့လာခဲ့တယ်၊
ရိုက်တဲ့နေ့အတွင်း ကိုယ် ဒိဋ္ဌမြင်
လိုက်ရတာအတွက် ဘာမှ မပြင်ဆင်နိုင်ခဲ့ဘူး။
လေထဲက ၁၈ ပေအမြင့်က အလုံပိတ်စင်ထဲမှာ
၂၆ နာရီဲကြာ ဓာတ်ပုံရိုက်ခဲ့တယ်။
တွေ့မြင်လိုက်ရတာက မတွေးတတ်အောင်ကိုပါ။
ပြောရရင် သမ္မာကျမ်းလာပဲ။
၂၆ နာရီလုံးလုံး ဒီနိုင်လိုစိတ်ပြင်းတဲ့
မျိုးစိတ်အားလုံး ရေလို့ခေါ်တဲ့ တစ်ခု
တည်းသော အရင်းအမြစ်ကို မျှသောက်ကြတယ်။
ဒီအလားတူ အရင်းအမြစ်အတွက်ပဲ
နောင်နှစ် ၅၀ အတွင်းမှာ လူ့လောကမှာ
စစ်ပွဲရှိလာမယ်လို့ ဆိုကြတယ်။
တိရိစ္ဆာန်တွေဟာ အချင်းချင်း
ညည်းတောင် မညည်းကြပါဘူး။
ကျွန်တော်တို့ လူသားတွေ နားမလည်တဲ့
တစ်ခုခုကို နားလည်နေပုံရပါတယ်။
ဒီ ရေလို့ဆိုတဲ့ အဖိုးတန်
ရင်းမြစ်ဟာ ကျွန်တော်တို့
အားလုံး မျှဝေဖို့လိုတယ်ဆိုတာပါ။
ဒီပုံကို ဖန်တီးတော့
သဘောပေါက်မိတာက Day to Night ဟာ
တကယ့် ရှုမြင်နည်း အသစ်ပါ၊
အချိန်ကို ချုံ့ရင်း
ဓာတ်ပုံတစ်ပုံအတွင်းမှာ အာကာသ
ကာလဖြစ်စဉ်ကြီးကို စူးစမ်းခြင်းပါ။
ဓာတ်ပုံပညာနှင့်အတူ
နည်းပညာ ပြောင်းလဲလာတော့
ဓာတ်ပုံတွေဟာ အချိန်နဲ့ မှတ်မိမှုရဲ့ ပိုနက်
ရှိုင်းတဲ့ အဓိပ္ပါယ်ကို ဆက်သွယ်ဖိုသာမက
လူမသိသေးတဲ့ ဇာတ်လမ်းတွေရဲ့
ပုံပြင်သစ်တွေကို သီကုံးပါလိမ့်မယ်၊
ကျွန်တော်တို့ ကမ္ဘာအတွက် ထာဝရ
ပြတင်းပေါက်တစ်ပေါက် ဖန်တီးရင်းပေါ့။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)