ဉာဏ်ရည်ထူးသူ မာရီကျူရီ -Shohini Ghose
-
0:07 - 0:11မာရီကျူရီရဲ့ လက်မူရေးမူတွေကို
ခင်ဗျားအနေနဲ့ တစေ့တစောင်းကြည့်ချင်ရင် -
0:11 - 0:13ခွင့်ပြုချက်မှာ လတ်မှတ်ထိုးဖို့နဲ့
ဓါတ်ရောင်ခြည်သင့်မှုတွေက -
0:13 - 0:17ကာကွယ်ဖို့ အကာအကွယ်တွေ
ဝတ်ဖို့ လိုပါလိမ့်မယ်။ -
0:17 - 0:21ခဲအုပ်ထားတဲ့ ခေါင်းတလားထဲမှာ မဒမ်ကျူရီရဲ့
ရုပ်ကြွင်းကို မြှုပ်နှံထားတာကလည်း -
0:21 - 0:24သူမရဲ့ ပင်မသုတေသနဖြစ်ပြီး
သေဆုံးရတဲ့ အကြောင်းရင်းဖြစ်နိုင်တဲ့ -
0:24 - 0:28ဓါတ်ရောင်ခြည်တွေကို
သေချာထိန်းထားနိုင်ဖို့ဖြစ်ပါတယ်။ -
0:28 - 0:31ရုရှားနယ်ထဲက ပိုလန်ပြည်
ဝါဆောမြို့မှာ ကြီးပြင်းလာသူ -
0:31 - 0:35အမည်ရင်း Maria Sklodowska ခေါ်
သူငယ်မလေး မာရီဟာ ထက်မြက်တဲ့ -
0:35 - 0:39ကျောင်းသူတစ်ဦးဖြစ်ပေမဲ့ စိန်ခေါ်ဖွယ်ရာ
အတားအဆီးအချို့နဲ့ ကြုံတွေ့ခဲ့ရတယ်။ -
0:39 - 0:42အမျိုးသမီးတစ်ယောက်ဖြစ်လို့
အထက်တန်းပညာဆည်းပူးခွင့် -
0:42 - 0:45ပိတ်ပင်ခြင်းခံရတာကို
အာခံဖီဆန်တဲ့အနေနဲ့ -
0:45 - 0:47ပိုလန် လူငယ်ထုရဲ့ ပညာရေးကို
နောက်ကွယ်မှ အားပေးတဲ့ -
0:47 - 0:53လျှို့ဝှက် အဖွဲ့တစ်ခုရဲ့
Floating University မှာ ကျောင်းအပ်ခဲ့တယ်။ -
0:53 - 0:56မူကြိုဆရာမ အလုပ်ကို လုပ်ကိုင်ရင်း၊
ငွေစုဆောင်းခြင်းဖြင့် -
0:56 - 1:01အဆုံးမှာ နာမည်ကြီး Sorbonne မှာ ပညာသင်ဖို့
ပါရီမြို့ဆီ အရောက်သွားနိုင်ခဲ့တယ်။ -
1:01 - 1:04အဲဒီမှာ ရူပဗေဒနဲ့ သင်္ချာ ဘွဲ့တွေကို
ရရှိခဲ့တဲ့ မာရီဟာ -
1:04 - 1:06ပေါင်မုန့်၊လက်ဖက်ရည်တို့နဲ့ပဲ
အသက်ဆက်ခဲ့ပြီး -
1:06 - 1:09တခါတရံ အဟာရပြတ်လုနီးနီးဖြစ်လို့
မူးလဲတဲ့အထိပါပဲ။ -
1:09 - 1:12ပါရီမှာ စမ်းသပ်ခန်းနဲ့
နှလုံးသားအား ဝေမျှသူ -
1:12 - 1:15ရူပဗေဒပညာရှင် Pierre Curie နဲ့
ဖူးစာဆုံခဲ့ပါတယ်။ -
1:15 - 1:18ဒါပေမဲ့ ပိုလန်ကိုပြန်ဖို့
လွမ်းနေခဲ့ပါတယ်။ -
1:18 - 1:19ဝါဆောမြို့ကို ပြန်သွားခဲ့ချိန်မှာ
-
1:19 - 1:22အမျိုးသမီးအဖြစ် ပညာရှင်ရာထူးမှာ
ရပ်တည်ဖို့ အာမခံချက်က -
1:22 - 1:24စိန်ခေါ်မှုဖြစ်ဆဲဆိုတာ သိသွားပါတယ်။
-
1:24 - 1:25မျှော်လင့်ချက်တော့
ရှိပါသေးတယ် -
1:25 - 1:27လွမ်းနာကျနေတဲ့ Pierre ဆီ
ပါရီကိုပဲ ပြန်ကာ -
1:27 - 1:31မြန်မြန်လေး လက်ထပ်လိုက်ပြီး
အားကျစရာ သိပ္ပံမောင်နှံ ဖြစ်သွားပါတော့တယ်။ -
1:31 - 1:35အခြား ရူပ ပညာရှင် တစ်ဦးရဲ့ အလုပ်က
မာရီရဲ့ စိတ်ဝင်စားမှုကို နှိုးဆွလိုက်ပါတယ် -
1:35 - 1:41၁၈၉၆ ခုနှစ်မှာ Henri Becquerel က ဓာတ်ပုံ
ဖလင်ပြားပေါ် သက်ရောက်နိုင်တဲ့ X-ray လို -
1:41 - 1:47ထူးဆန်းတဲ့ ရောင်ခြည်တစ်မျိုးကို uranium က
သဘာဝအလျောက်ထုတ်လွှတ်ကြောင်း တွေ့ရှိခဲ့တယ်။ -
1:47 - 1:52အလားတူရောင်ခြည်ကို thorium ကလည်းထုတ်လွှတ်
ကြောင်းကို ကျူရီ မကြာမီပင် ရှာတွေ့ခဲ့တယ်။ -
1:52 - 1:55အရေးအကြီးဆုံးအနေနဲ့၊
ရောင်ခြည်ပြင်းအားဟာ ဒြပ်စင်ရဲ့ -
1:55 - 1:57ပမာဏပေါ် လုံးလုံးမူတည်ပြီး
ရုပ် သို့မဟုတ် -
1:57 - 2:01ဓာတ်သဘော ပြောင်းလဲမှုကြောင့်
အာနိသင်မပြောင်းနိုင်ဘူး ဆိုတဲ့အချက်ပါ။ -
2:01 - 2:04ဒီအချက်အရ ရောင်ခြည်ဟာ ဒြပ်စင်တစ်ခုစီရဲ့
အက်တမ်အတွင်းပိုင်းရှိ အခြေခံကျတဲ့ -
2:04 - 2:07တစုံတခုမှလာကြောင်း ကောက်ချက်ချဖို့
ဖြစ်လာပါတော့တယ်။ -
2:07 - 2:09ဒီစိတ်ကူးက အခြေခံကျပြီး
-
2:09 - 2:14အမြဲယူဆလာကြတဲ့ အက်တမ်ဟာပိုင်းခြားမရကြောင်း
အဆိုဟာ မမှန်ကြောင်း သက်သေပြနိုင်ခဲ့တယ်။ -
2:14 - 2:18နောက်ပြီး Pitchblende ခေါ် ထူးကဲ
ရေဒီယိုသတ္တုရိုင်း ကို လေ့လာခြင်းဖြင့် -
2:18 - 2:24ရောင်ခြည်အားလုံးကို ယူရေနီယမ်ချည်းသက်သက်
မဖန်တီးနိုင်တာ ကျူရီမောင်နှံ သိသွားပါတယ်။ -
2:24 - 2:29ဒီတော့ ရေဒီယိုသတ္တိပြရာမှာ ပါဝင်ကြတဲ့
အခြား ဒြပ်စင်တွေက ဘယ်မှာလဲ။ -
2:29 - 2:32၁၈၉၈မှာ သူတို့က
ဒြပ်စင် အသစ် နှစ်ခုဖြစ်တဲ့ -
2:32 - 2:35မာရီရဲ့ ဇာတိ ပိုလန် အမည်ဖြင့် ပေးထားတဲ့
ပိုလိုနီယမ်နဲ့ -
2:35 - 2:38လက်တင်စကားအရ ရောင်ခြည်ဟု အဓိပ္ပါယ်ရတဲ့
ရေဒီယမ်တို့ကိုတင်ပြခဲ့တယ် -
2:38 - 2:42Radioactivity ဝေါဟာရကိုလည်း
သူတို့ပဲ လုပ်ရင်းကိုင်ရင်း စထွင်ခဲ့ကြပါတယ် -
2:42 - 2:49၁၉၀၂ မှာ ကျူရီမောင်နှံဟာ radium chloride
ဆား သန့်သန့် ၁/၁၀ ဂရမ်ကို -
2:49 - 2:51Pitchblende တန်ချိန်များစွာထဲမှ
သန့်စင်ထုတ်ယူခဲ့ပြီး -
2:51 - 2:54ထိုကာလရဲ့ အလွန့် အလွန်ထူးကဲတဲ့
အောင်ပွဲတစ်ခုပါ။ -
2:54 - 2:56အဲ့ဒီနှစ်နောက်ပိုင်းမှာ Pierre Curieနဲ့
Henri Becquerel ကို -
2:56 - 2:59ရူပဗေဒ နိုဘယ်လ်ဆုအတွက်
အမည်တင်သွင်းခဲ့ပေမဲ့ -
2:59 - 3:01မာရီကို လျစ်လျူရှုခဲ့ကြပါတယ်
-
3:01 - 3:05သူ့ ဇနီးဟာ အသိအမှတ်ပြုဖို့ လုံး၀ထိုက်တန်
ကြောင်း Pierre က ရပ်တည်ခဲ့ပါတယ်။ -
3:05 - 3:11ဒီတော့ ၁၉၀၃ရဲ့ နိုဘယ်လ်ဆုကို ကျူရီမောင်နှံ
နဲ့ ဘက္ကရယ်တို့ ပူးတွဲယူလိုက်ခြင်းက -
3:11 - 3:16မာရီကျူရီကို ပထမဆုံးသော အမျိုးသမီး
နိုဘယ်လ်ဆုရှင် ဖြစ်သွားစေပါတော့တယ်။ -
3:16 - 3:20ငွေကြေးအထောက်အပံ့၊ လေးစားခံရခြင်းတွေနဲ့အတူ
ကျူရီမောင်နှံ အောင်ပန်းဆင်ခဲ့ကြတယ်။ -
3:20 - 3:24ဒါပေမဲ့ ၁၉၀၆မှာ Pierre က ရှုပ်ထွေးတဲ့
လမ်းဆုံကို ဖြတ်ကူးရင်း မြင်းရထားနင်းခံရတဲ့ -
3:24 - 3:27ကြေကွဲစရာဖြစ်ရပ် ဖြစ်ပေါ်ခဲ့တယ်။
-
3:27 - 3:30ယူကျုံးမရဖြစ်ရတဲ့ မာရီက
သူ့ရဲ့သုတေသနထဲ ဘဝကိုမြှုပ်နှံပစ်ပြီး -
3:30 - 3:33Sorbonne က Pierreရဲ့ သင်ကြားရေး
ရာထူးကို လွှဲပြောင်းယူလိုက်ကာ -
3:33 - 3:36ကျောင်းရဲ့ ပထမဆုံးသော
အမျိုးသမီးပါမောက္ခ ဖြစ်လာပါတော့တယ်။ -
3:36 - 3:38သူမရဲ့ တကိုယ်တော် လုပ်ဆောင်ချက်က
အောင်မြင်ပါတယ်။ -
3:38 - 3:41၁၉၁၁ မှာ အခြားနိုဘယ်လ်ဆုတစ်ခု
သူမ ထပ်ရခဲ့ပါသေးတယ်။ -
3:41 - 3:45ဒီတကြိမ်မှာ ရေဒီယမ်နဲ့ ပိုလိုနီယမ်ကို
ဦးစွာတွေ့ရှိမှုအတွက်နဲ့၊ -
3:45 - 3:49ရေဒီယမ်သန့်သန့်နဲ့ ယင်း၏ဒြပ်ပေါင်းကို
စိစစ်ခွဲထုတ်ခြင်းအတွက် ဓာတုဗေဒနဲ့ရခဲ့တာပါ။ -
3:49 - 3:52ဒါက သူမကို ယနေ့ထိ
မတူညီတဲ့ သိပ္ပံပညာရပ် ၂ခုမှာ -
3:52 - 3:56နိုဘယ်လ်ဆုကို ဦးဆုံးနဲ့ တစ်ဦးတည်း
ဆွတ်ခူးတဲ့သူ ဖြစ်သွားစေပါတယ်။ -
3:56 - 3:59ပါမောက္ခကျူရီက သူ့တွေ့ရှိမှု
တွေကို လက်တွေ့အသုံးချလျှက် -
3:59 - 4:02ဆေးသုတေသနနဲ့ ကုထုံးတွေရဲ့အမြင်ကို
ပြောင်းလဲစေခဲ့ပါတယ်။ -
4:02 - 4:05ပထမကမ္ဘာစစ်အတွင်းမှာ နယ်လှည့်
ဓာတ်ရောင်ခြည်ခန်းတွေ ဖွင့်လှစ်ပြီး -
4:05 - 4:09အကြိတ်တွေအပေါ် ဓာတ်ရောင်ခြည်တွေရဲ့
သက်ရောက်မှု ကို သုတေသနပြုခဲ့ပါတယ်။ -
4:09 - 4:13လူသားထုကို အကျိုးပြုသော်လည်း
ပြန်ပေးဆပ်ရတဲ့ စရိတ်ကကြီးမားပါတယ်။ -
4:13 - 4:16၁၉၃၄ မှာ ရိုးတွင်းခြင်ဆီ ရောဂါကြောင့်
ကျူရီ ကွန်လွန်ခဲ့ပြီး၊ -
4:16 - 4:19ယနေ့မှာတော့ အများစုက
ဒါဟာရောင်ခြည်သင့်တာကြောင့်လို့ ယူဆကြပါတယ်။ -
4:19 - 4:22ခေတ်ကိုပြောင်းလဲပေးတဲ့ မာရီကျူရီရဲ့
သုတေသနတွေက -
4:22 - 4:26ရူပနဲ့ဓာတုဗေဒပညာရပ် တွေအပေါ် ကျုပ်တို့
နားလည်နိုင်ဖို့ အခြေခံတွေချမှတ်ပေးခဲ့ပြီး -
4:26 - 4:30နောက်ဆက်တွဲအနေနဲ့ ကင်ဆာ၊ နည်းပညာ၊
ဆေးဘက်ဆိုင်ရာနဲ့ -
4:30 - 4:34နျူးကလိယား ရူပဗေဒ အစရှိတဲ့
ပညာရပ်တွေကို လမ်းကြောင်းပေးခဲ့တယ်။ -
4:34 - 4:37ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
သူမရဲ့ ဓာတ်ရောင်ခြည်တွေ့ရှိမှုက -
4:37 - 4:41သိပ္ပံရဲ့အကြီးဆုံးလျှို့ဝှက်ချက်အချို့ကို
ဖော်ထုတ်ပေးတဲ့ ခေတ်သစ်ကို အစပြုစေခဲ့ပါတယ်
- Title:
- ဉာဏ်ရည်ထူးသူ မာရီကျူရီ -Shohini Ghose
- Speaker:
- Shohini Ghose
- Description:
-
သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/the-genius-of-marie-curie-shohini-ghose
Marie Skłodowska Curie ရဲ့ ခေတ်ကိုပြောင်းလဲပေးတဲ့ သုတေသနတွေက ရူပဗေဒနဲ့ ဓာတုဗေဒပညာရပ်တွေအပေါ် ကျုပ်တို့ နားလည်နိုင်ဖို့ အခြေခံချမှတ်ပေးခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ကင်ဆာ၊ နည်းပညာ၊ ဆေးဘက်ဆိုင်ရာနဲ့နျူးကလိယား ရူပဗေဒ အစရှိတဲ့ ပညာရပ်တွေကို အစပျိုးစေခဲ့ပါတယ်။ ဒါပေမဲ့ သူ တကယ်လုပ်ခဲ့တာ ဘာတွေလဲ။ Marie Skłodowska Curie ရဲ့ ခေတ်ကို ပြုပြင်ပြောင်းလဲနိုင်ဆုံးသော ရှာဖွေတွေ့ရှိမှုများအနက် တချို့ကို Shohini Ghose က အသေးစိတ်ဖော်ပြပေးထားပါတယ်။
သင်ခန်းစာတင်ဆက်သူ- Shohini Ghose၊ ရုပ်သံလှုပ်ရှားမှု ပုံရိပ်- Anna Nowakowska.
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:04
sann tint edited Burmese subtitles for The genius of Marie Curie | ||
sann tint approved Burmese subtitles for The genius of Marie Curie | ||
sann tint edited Burmese subtitles for The genius of Marie Curie | ||
sann tint edited Burmese subtitles for The genius of Marie Curie | ||
Mie Cho accepted Burmese subtitles for The genius of Marie Curie | ||
Mie Cho edited Burmese subtitles for The genius of Marie Curie | ||
Mie Cho edited Burmese subtitles for The genius of Marie Curie | ||
Mie Cho edited Burmese subtitles for The genius of Marie Curie |