WEBVTT 00:00:07.069 --> 00:00:10.558 မာရီကျူရီရဲ့ လက်မူရေးမူတွေကို ခင်ဗျားအနေနဲ့ တစေ့တစောင်းကြည့်ချင်ရင် 00:00:10.558 --> 00:00:13.408 ခွင့်ပြုချက်မှာ လတ်မှတ်ထိုးဖို့နဲ့ ဓါတ်ရောင်ခြည်သင့်မှုတွေက 00:00:13.409 --> 00:00:16.718 ကာကွယ်ဖို့ အကာအကွယ်တွေ ဝတ်ဖို့ လိုပါလိမ့်မယ်။ 00:00:16.718 --> 00:00:21.187 ခဲအုပ်ထားတဲ့ ခေါင်းတလားထဲမှာ မဒမ်ကျူရီရဲ့ ရုပ်ကြွင်းကို မြှုပ်နှံထားတာကလည်း 00:00:21.187 --> 00:00:24.052 သူမရဲ့ ပင်မသုတေသနဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းဖြစ်နိုင်တဲ့ 00:00:24.052 --> 00:00:27.858 ဓါတ်ရောင်ခြည်တွေကို သေချာထိန်းထားနိုင်ဖို့ဖြစ်ပါတယ်။ 00:00:27.858 --> 00:00:31.078 ရုရှားနယ်ထဲက ပိုလန်ပြည် ဝါဆောမြို့မှာ ကြီးပြင်းလာသူ 00:00:31.078 --> 00:00:34.671 အမည်ရင်း Maria Sklodowska ခေါ် သူငယ်မလေး မာရီဟာ ထက်မြက်တဲ့ 00:00:34.671 --> 00:00:38.868 ကျောင်းသူတစ်ဦးဖြစ်ပေမဲ့ စိန်ခေါ်ဖွယ်ရာ အတားအဆီးအချို့နဲ့ ကြုံတွေ့ခဲ့ရတယ်။ 00:00:38.868 --> 00:00:42.498 အမျိုးသမီးတစ်ယောက်ဖြစ်လို့ အထက်တန်းပညာဆည်းပူးခွင့် 00:00:42.498 --> 00:00:44.519 ပိတ်ပင်ခြင်းခံရတာကို အာခံဖီဆန်တဲ့အနေနဲ့ 00:00:44.519 --> 00:00:47.479 ပိုလန် လူငယ်ထုရဲ့ ပညာရေးကို နောက်ကွယ်မှ အားပေးတဲ့ 00:00:47.479 --> 00:00:52.859 လျှို့ဝှက် အဖွဲ့တစ်ခုရဲ့ Floating University မှာ ကျောင်းအပ်ခဲ့တယ်။ 00:00:52.859 --> 00:00:55.679 မူကြိုဆရာမ အလုပ်ကို လုပ်ကိုင်ရင်း၊ ငွေစုဆောင်းခြင်းဖြင့် 00:00:55.679 --> 00:01:00.549 အဆုံးမှာ နာမည်ကြီး Sorbonne မှာ ပညာသင်ဖို့ ပါရီမြို့ဆီ အရောက်သွားနိုင်ခဲ့တယ်။ 00:01:00.549 --> 00:01:03.660 အဲဒီမှာ ရူပဗေဒနဲ့ သင်္ချာ ဘွဲ့တွေကို ရရှိခဲ့တဲ့ မာရီဟာ 00:01:03.660 --> 00:01:05.940 ပေါင်မုန့်၊လက်ဖက်ရည်တို့နဲ့ပဲ အသက်ဆက်ခဲ့ပြီး 00:01:05.940 --> 00:01:09.009 တခါတရံ အဟာရပြတ်လုနီးနီးဖြစ်လို့ မူးလဲတဲ့အထိပါပဲ။ 00:01:09.010 --> 00:01:11.840 ပါရီမှာ စမ်းသပ်ခန်းနဲ့ နှလုံးသားအား ဝေမျှသူ 00:01:11.840 --> 00:01:15.099 ရူပဗေဒပညာရှင် Pierre Curie နဲ့ ဖူးစာဆုံခဲ့ပါတယ်။ 00:01:15.099 --> 00:01:17.620 ဒါပေမဲ့ ပိုလန်ကိုပြန်ဖို့ လွမ်းနေခဲ့ပါတယ်။ 00:01:17.620 --> 00:01:19.239 ဝါဆောမြို့ကို ပြန်သွားခဲ့ချိန်မှာ 00:01:19.239 --> 00:01:21.879 အမျိုးသမီးအဖြစ် ပညာရှင်ရာထူးမှာ ရပ်တည်ဖို့ အာမခံချက်က 00:01:21.879 --> 00:01:23.620 စိန်ခေါ်မှုဖြစ်ဆဲဆိုတာ သိသွားပါတယ်။ 00:01:23.620 --> 00:01:25.020 မျှော်လင့်ချက်တော့ ရှိပါသေးတယ် 00:01:25.020 --> 00:01:27.401 လွမ်းနာကျနေတဲ့ Pierre ဆီ ပါရီကိုပဲ ပြန်ကာ 00:01:27.401 --> 00:01:31.140 မြန်မြန်လေး လက်ထပ်လိုက်ပြီး အားကျစရာ သိပ္ပံမောင်နှံ ဖြစ်သွားပါတော့တယ်။ 00:01:31.141 --> 00:01:35.119 အခြား ရူပ ပညာရှင် တစ်ဦးရဲ့ အလုပ်က မာရီရဲ့ စိတ်ဝင်စားမှုကို နှိုးဆွလိုက်ပါတယ် 00:01:35.119 --> 00:01:41.181 ၁၈၉၆ ခုနှစ်မှာ Henri Becquerel က ဓာတ်ပုံ ဖလင်ပြားပေါ် သက်ရောက်နိုင်တဲ့ X-ray လို 00:01:41.181 --> 00:01:47.070 ထူးဆန်းတဲ့ ရောင်ခြည်တစ်မျိုးကို uranium က သဘာဝအလျောက်ထုတ်လွှတ်ကြောင်း တွေ့ရှိခဲ့တယ်။ 00:01:47.070 --> 00:01:51.550 အလားတူရောင်ခြည်ကို thorium ကလည်းထုတ်လွှတ် ကြောင်းကို ကျူရီ မကြာမီပင် ရှာတွေ့ခဲ့တယ်။ 00:01:51.551 --> 00:01:55.001 အရေးအကြီးဆုံးအနေနဲ့၊ ရောင်ခြည်ပြင်းအားဟာ ဒြပ်စင်ရဲ့ 00:01:55.001 --> 00:01:57.262 ပမာဏပေါ် လုံးလုံးမူတည်ပြီး ရုပ် သို့မဟုတ် 00:01:57.262 --> 00:02:00.781 ဓာတ်သဘော ပြောင်းလဲမှုကြောင့် အာနိသင်မပြောင်းနိုင်ဘူး ဆိုတဲ့အချက်ပါ။ 00:02:00.781 --> 00:02:04.492 ဒီအချက်အရ ရောင်ခြည်ဟာ ဒြပ်စင်တစ်ခုစီရဲ့ အက်တမ်အတွင်းပိုင်းရှိ အခြေခံကျတဲ့ 00:02:04.492 --> 00:02:07.371 တစုံတခုမှလာကြောင်း ကောက်ချက်ချဖို့ ဖြစ်လာပါတော့တယ်။ 00:02:07.371 --> 00:02:08.662 ဒီစိတ်ကူးက အခြေခံကျပြီး 00:02:08.663 --> 00:02:14.041 အမြဲယူဆလာကြတဲ့ အက်တမ်ဟာပိုင်းခြားမရကြောင်း အဆိုဟာ မမှန်ကြောင်း သက်သေပြနိုင်ခဲ့တယ်။ 00:02:14.041 --> 00:02:18.442 နောက်ပြီး Pitchblende ခေါ် ထူးကဲ ရေဒီယိုသတ္တုရိုင်း ကို လေ့လာခြင်းဖြင့် 00:02:18.442 --> 00:02:23.914 ရောင်ခြည်အားလုံးကို ယူရေနီယမ်ချည်းသက်သက် မဖန်တီးနိုင်တာ ကျူရီမောင်နှံ သိသွားပါတယ်။ 00:02:23.914 --> 00:02:28.524 ဒီတော့ ရေဒီယိုသတ္တိပြရာမှာ ပါဝင်ကြတဲ့ အခြား ဒြပ်စင်တွေက ဘယ်မှာလဲ။ 00:02:28.524 --> 00:02:32.455 ၁၈၉၈မှာ သူတို့က ဒြပ်စင် အသစ် နှစ်ခုဖြစ်တဲ့ 00:02:32.455 --> 00:02:35.407 မာရီရဲ့ ဇာတိ ပိုလန် အမည်ဖြင့် ပေးထားတဲ့ ပိုလိုနီယမ်နဲ့ 00:02:35.407 --> 00:02:38.433 လက်တင်စကားအရ ရောင်ခြည်ဟု အဓိပ္ပါယ်ရတဲ့ ရေဒီယမ်တို့ကိုတင်ပြခဲ့တယ် 00:02:38.433 --> 00:02:42.384 Radioactivity ဝေါဟာရကိုလည်း သူတို့ပဲ လုပ်ရင်းကိုင်ရင်း စထွင်ခဲ့ကြပါတယ် 00:02:42.384 --> 00:02:48.714 ၁၉၀၂ မှာ ကျူရီမောင်နှံဟာ radium chloride ဆား သန့်သန့် ၁/၁၀ ဂရမ်ကို 00:02:48.715 --> 00:02:51.287 Pitchblende တန်ချိန်များစွာထဲမှ သန့်စင်ထုတ်ယူခဲ့ပြီး 00:02:51.287 --> 00:02:53.536 ထိုကာလရဲ့ အလွန့် အလွန်ထူးကဲတဲ့ အောင်ပွဲတစ်ခုပါ။ 00:02:53.536 --> 00:02:56.476 အဲ့ဒီနှစ်နောက်ပိုင်းမှာ Pierre Curieနဲ့ Henri Becquerel ကို 00:02:56.476 --> 00:02:59.336 ရူပဗေဒ နိုဘယ်လ်ဆုအတွက် အမည်တင်သွင်းခဲ့ပေမဲ့ 00:02:59.336 --> 00:03:01.105 မာရီကို လျစ်လျူရှုခဲ့ကြပါတယ် 00:03:01.105 --> 00:03:04.767 သူ့ ဇနီးဟာ အသိအမှတ်ပြုဖို့ လုံး၀ထိုက်တန် ကြောင်း Pierre က ရပ်တည်ခဲ့ပါတယ်။ 00:03:04.767 --> 00:03:11.226 ဒီတော့ ၁၉၀၃ရဲ့ နိုဘယ်လ်ဆုကို ကျူရီမောင်နှံ နဲ့ ဘက္ကရယ်တို့ ပူးတွဲယူလိုက်ခြင်းက 00:03:11.226 --> 00:03:16.116 မာရီကျူရီကို ပထမဆုံးသော အမျိုးသမီး နိုဘယ်လ်ဆုရှင် ဖြစ်သွားစေပါတော့တယ်။ 00:03:16.116 --> 00:03:20.047 ငွေကြေးအထောက်အပံ့၊ လေးစားခံရခြင်းတွေနဲ့အတူ ကျူရီမောင်နှံ အောင်ပန်းဆင်ခဲ့ကြတယ်။ 00:03:20.047 --> 00:03:23.801 ဒါပေမဲ့ ၁၉၀၆မှာ Pierre က ရှုပ်ထွေးတဲ့ လမ်းဆုံကို ဖြတ်ကူးရင်း မြင်းရထားနင်းခံရတဲ့ 00:03:23.801 --> 00:03:27.061 ကြေကွဲစရာဖြစ်ရပ် ဖြစ်ပေါ်ခဲ့တယ်။ 00:03:27.061 --> 00:03:29.887 ယူကျုံးမရဖြစ်ရတဲ့ မာရီက သူ့ရဲ့သုတေသနထဲ ဘဝကိုမြှုပ်နှံပစ်ပြီး 00:03:29.891 --> 00:03:32.801 Sorbonne က Pierreရဲ့ သင်ကြားရေး ရာထူးကို လွှဲပြောင်းယူလိုက်ကာ 00:03:32.816 --> 00:03:36.057 ကျောင်းရဲ့ ပထမဆုံးသော အမျိုးသမီးပါမောက္ခ ဖြစ်လာပါတော့တယ်။ 00:03:36.057 --> 00:03:38.356 သူမရဲ့ တကိုယ်တော် လုပ်ဆောင်ချက်က အောင်မြင်ပါတယ်။ 00:03:38.356 --> 00:03:40.728 ၁၉၁၁ မှာ အခြားနိုဘယ်လ်ဆုတစ်ခု သူမ ထပ်ရခဲ့ပါသေးတယ်။ 00:03:40.728 --> 00:03:44.867 ဒီတကြိမ်မှာ ရေဒီယမ်နဲ့ ပိုလိုနီယမ်ကို ဦးစွာတွေ့ရှိမှုအတွက်နဲ့၊ 00:03:44.867 --> 00:03:49.347 ရေဒီယမ်သန့်သန့်နဲ့ ယင်း၏ဒြပ်ပေါင်းကို စိစစ်ခွဲထုတ်ခြင်းအတွက် ဓာတုဗေဒနဲ့ရခဲ့တာပါ။ 00:03:49.348 --> 00:03:51.527 ဒါက သူမကို ယနေ့ထိ မတူညီတဲ့ သိပ္ပံပညာရပ် ၂ခုမှာ 00:03:51.527 --> 00:03:56.368 နိုဘယ်လ်ဆုကို ဦးဆုံးနဲ့ တစ်ဦးတည်း ဆွတ်ခူးတဲ့သူ ဖြစ်သွားစေပါတယ်။ 00:03:56.368 --> 00:03:58.959 ပါမောက္ခကျူရီက သူ့တွေ့ရှိမှု တွေကို လက်တွေ့အသုံးချလျှက် 00:03:58.959 --> 00:04:02.218 ဆေးသုတေသနနဲ့ ကုထုံးတွေရဲ့အမြင်ကို ပြောင်းလဲစေခဲ့ပါတယ်။ 00:04:02.218 --> 00:04:05.346 ပထမကမ္ဘာစစ်အတွင်းမှာ နယ်လှည့် ဓာတ်ရောင်ခြည်ခန်းတွေ ဖွင့်လှစ်ပြီး 00:04:05.347 --> 00:04:08.779 အကြိတ်တွေအပေါ် ဓာတ်ရောင်ခြည်တွေရဲ့ သက်ရောက်မှု ကို သုတေသနပြုခဲ့ပါတယ်။ 00:04:08.779 --> 00:04:12.768 လူသားထုကို အကျိုးပြုသော်လည်း ပြန်ပေးဆပ်ရတဲ့ စရိတ်ကကြီးမားပါတယ်။ 00:04:12.768 --> 00:04:15.979 ၁၉၃၄ မှာ ရိုးတွင်းခြင်ဆီ ရောဂါကြောင့် ကျူရီ ကွန်လွန်ခဲ့ပြီး၊ 00:04:15.979 --> 00:04:19.064 ယနေ့မှာတော့ အများစုက ဒါဟာရောင်ခြည်သင့်တာကြောင့်လို့ ယူဆကြပါတယ်။ 00:04:19.064 --> 00:04:22.316 ခေတ်ကိုပြောင်းလဲပေးတဲ့ မာရီကျူရီရဲ့ သုတေသနတွေက 00:04:22.316 --> 00:04:26.439 ရူပနဲ့ဓာတုဗေဒပညာရပ် တွေအပေါ် ကျုပ်တို့ နားလည်နိုင်ဖို့ အခြေခံတွေချမှတ်ပေးခဲ့ပြီး 00:04:26.439 --> 00:04:29.733 နောက်ဆက်တွဲအနေနဲ့ ကင်ဆာ၊ နည်းပညာ၊ ဆေးဘက်ဆိုင်ရာနဲ့ 00:04:29.733 --> 00:04:33.644 နျူးကလိယား ရူပဗေဒ အစရှိတဲ့ ပညာရပ်တွေကို လမ်းကြောင်းပေးခဲ့တယ်။ 00:04:33.644 --> 00:04:36.630 ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူမရဲ့ ဓာတ်ရောင်ခြည်တွေ့ရှိမှုက 00:04:36.630 --> 00:04:40.630 သိပ္ပံရဲ့အကြီးဆုံးလျှို့ဝှက်ချက်အချို့ကို ဖော်ထုတ်ပေးတဲ့ ခေတ်သစ်ကို အစပြုစေခဲ့ပါတယ်