1 00:00:07,069 --> 00:00:10,558 မာရီကျူရီရဲ့ လက်မူရေးမူတွေကို ခင်ဗျားအနေနဲ့ တစေ့တစောင်းကြည့်ချင်ရင် 2 00:00:10,558 --> 00:00:13,408 ခွင့်ပြုချက်မှာ လတ်မှတ်ထိုးဖို့နဲ့ ဓါတ်ရောင်ခြည်သင့်မှုတွေက 3 00:00:13,409 --> 00:00:16,718 ကာကွယ်ဖို့ အကာအကွယ်တွေ ဝတ်ဖို့ လိုပါလိမ့်မယ်။ 4 00:00:16,718 --> 00:00:21,187 ခဲအုပ်ထားတဲ့ ခေါင်းတလားထဲမှာ မဒမ်ကျူရီရဲ့ ရုပ်ကြွင်းကို မြှုပ်နှံထားတာကလည်း 5 00:00:21,187 --> 00:00:24,052 သူမရဲ့ ပင်မသုတေသနဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းဖြစ်နိုင်တဲ့ 6 00:00:24,052 --> 00:00:27,858 ဓါတ်ရောင်ခြည်တွေကို သေချာထိန်းထားနိုင်ဖို့ဖြစ်ပါတယ်။ 7 00:00:27,858 --> 00:00:31,078 ရုရှားနယ်ထဲက ပိုလန်ပြည် ဝါဆောမြို့မှာ ကြီးပြင်းလာသူ 8 00:00:31,078 --> 00:00:34,671 အမည်ရင်း Maria Sklodowska ခေါ် သူငယ်မလေး မာရီဟာ ထက်မြက်တဲ့ 9 00:00:34,671 --> 00:00:38,868 ကျောင်းသူတစ်ဦးဖြစ်ပေမဲ့ စိန်ခေါ်ဖွယ်ရာ အတားအဆီးအချို့နဲ့ ကြုံတွေ့ခဲ့ရတယ်။ 10 00:00:38,868 --> 00:00:42,498 အမျိုးသမီးတစ်ယောက်ဖြစ်လို့ အထက်တန်းပညာဆည်းပူးခွင့် 11 00:00:42,498 --> 00:00:44,519 ပိတ်ပင်ခြင်းခံရတာကို အာခံဖီဆန်တဲ့အနေနဲ့ 12 00:00:44,519 --> 00:00:47,479 ပိုလန် လူငယ်ထုရဲ့ ပညာရေးကို နောက်ကွယ်မှ အားပေးတဲ့ 13 00:00:47,479 --> 00:00:52,859 လျှို့ဝှက် အဖွဲ့တစ်ခုရဲ့ Floating University မှာ ကျောင်းအပ်ခဲ့တယ်။ 14 00:00:52,859 --> 00:00:55,679 မူကြိုဆရာမ အလုပ်ကို လုပ်ကိုင်ရင်း၊ ငွေစုဆောင်းခြင်းဖြင့် 15 00:00:55,679 --> 00:01:00,549 အဆုံးမှာ နာမည်ကြီး Sorbonne မှာ ပညာသင်ဖို့ ပါရီမြို့ဆီ အရောက်သွားနိုင်ခဲ့တယ်။ 16 00:01:00,549 --> 00:01:03,660 အဲဒီမှာ ရူပဗေဒနဲ့ သင်္ချာ ဘွဲ့တွေကို ရရှိခဲ့တဲ့ မာရီဟာ 17 00:01:03,660 --> 00:01:05,940 ပေါင်မုန့်၊လက်ဖက်ရည်တို့နဲ့ပဲ အသက်ဆက်ခဲ့ပြီး 18 00:01:05,940 --> 00:01:09,009 တခါတရံ အဟာရပြတ်လုနီးနီးဖြစ်လို့ မူးလဲတဲ့အထိပါပဲ။ 19 00:01:09,010 --> 00:01:11,840 ပါရီမှာ စမ်းသပ်ခန်းနဲ့ နှလုံးသားအား ဝေမျှသူ 20 00:01:11,840 --> 00:01:15,099 ရူပဗေဒပညာရှင် Pierre Curie နဲ့ ဖူးစာဆုံခဲ့ပါတယ်။ 21 00:01:15,099 --> 00:01:17,620 ဒါပေမဲ့ ပိုလန်ကိုပြန်ဖို့ လွမ်းနေခဲ့ပါတယ်။ 22 00:01:17,620 --> 00:01:19,239 ဝါဆောမြို့ကို ပြန်သွားခဲ့ချိန်မှာ 23 00:01:19,239 --> 00:01:21,879 အမျိုးသမီးအဖြစ် ပညာရှင်ရာထူးမှာ ရပ်တည်ဖို့ အာမခံချက်က 24 00:01:21,879 --> 00:01:23,620 စိန်ခေါ်မှုဖြစ်ဆဲဆိုတာ သိသွားပါတယ်။ 25 00:01:23,620 --> 00:01:25,020 မျှော်လင့်ချက်တော့ ရှိပါသေးတယ် 26 00:01:25,020 --> 00:01:27,401 လွမ်းနာကျနေတဲ့ Pierre ဆီ ပါရီကိုပဲ ပြန်ကာ 27 00:01:27,401 --> 00:01:31,140 မြန်မြန်လေး လက်ထပ်လိုက်ပြီး အားကျစရာ သိပ္ပံမောင်နှံ ဖြစ်သွားပါတော့တယ်။ 28 00:01:31,141 --> 00:01:35,119 အခြား ရူပ ပညာရှင် တစ်ဦးရဲ့ အလုပ်က မာရီရဲ့ စိတ်ဝင်စားမှုကို နှိုးဆွလိုက်ပါတယ် 29 00:01:35,119 --> 00:01:41,181 ၁၈၉၆ ခုနှစ်မှာ Henri Becquerel က ဓာတ်ပုံ ဖလင်ပြားပေါ် သက်ရောက်နိုင်တဲ့ X-ray လို 30 00:01:41,181 --> 00:01:47,070 ထူးဆန်းတဲ့ ရောင်ခြည်တစ်မျိုးကို uranium က သဘာဝအလျောက်ထုတ်လွှတ်ကြောင်း တွေ့ရှိခဲ့တယ်။ 31 00:01:47,070 --> 00:01:51,550 အလားတူရောင်ခြည်ကို thorium ကလည်းထုတ်လွှတ် ကြောင်းကို ကျူရီ မကြာမီပင် ရှာတွေ့ခဲ့တယ်။ 32 00:01:51,551 --> 00:01:55,001 အရေးအကြီးဆုံးအနေနဲ့၊ ရောင်ခြည်ပြင်းအားဟာ ဒြပ်စင်ရဲ့ 33 00:01:55,001 --> 00:01:57,262 ပမာဏပေါ် လုံးလုံးမူတည်ပြီး ရုပ် သို့မဟုတ် 34 00:01:57,262 --> 00:02:00,781 ဓာတ်သဘော ပြောင်းလဲမှုကြောင့် အာနိသင်မပြောင်းနိုင်ဘူး ဆိုတဲ့အချက်ပါ။ 35 00:02:00,781 --> 00:02:04,492 ဒီအချက်အရ ရောင်ခြည်ဟာ ဒြပ်စင်တစ်ခုစီရဲ့ အက်တမ်အတွင်းပိုင်းရှိ အခြေခံကျတဲ့ 36 00:02:04,492 --> 00:02:07,371 တစုံတခုမှလာကြောင်း ကောက်ချက်ချဖို့ ဖြစ်လာပါတော့တယ်။ 37 00:02:07,371 --> 00:02:08,662 ဒီစိတ်ကူးက အခြေခံကျပြီး 38 00:02:08,663 --> 00:02:14,041 အမြဲယူဆလာကြတဲ့ အက်တမ်ဟာပိုင်းခြားမရကြောင်း အဆိုဟာ မမှန်ကြောင်း သက်သေပြနိုင်ခဲ့တယ်။ 39 00:02:14,041 --> 00:02:18,442 နောက်ပြီး Pitchblende ခေါ် ထူးကဲ ရေဒီယိုသတ္တုရိုင်း ကို လေ့လာခြင်းဖြင့် 40 00:02:18,442 --> 00:02:23,914 ရောင်ခြည်အားလုံးကို ယူရေနီယမ်ချည်းသက်သက် မဖန်တီးနိုင်တာ ကျူရီမောင်နှံ သိသွားပါတယ်။ 41 00:02:23,914 --> 00:02:28,524 ဒီတော့ ရေဒီယိုသတ္တိပြရာမှာ ပါဝင်ကြတဲ့ အခြား ဒြပ်စင်တွေက ဘယ်မှာလဲ။ 42 00:02:28,524 --> 00:02:32,455 ၁၈၉၈မှာ သူတို့က ဒြပ်စင် အသစ် နှစ်ခုဖြစ်တဲ့ 43 00:02:32,455 --> 00:02:35,407 မာရီရဲ့ ဇာတိ ပိုလန် အမည်ဖြင့် ပေးထားတဲ့ ပိုလိုနီယမ်နဲ့ 44 00:02:35,407 --> 00:02:38,433 လက်တင်စကားအရ ရောင်ခြည်ဟု အဓိပ္ပါယ်ရတဲ့ ရေဒီယမ်တို့ကိုတင်ပြခဲ့တယ် 45 00:02:38,433 --> 00:02:42,384 Radioactivity ဝေါဟာရကိုလည်း သူတို့ပဲ လုပ်ရင်းကိုင်ရင်း စထွင်ခဲ့ကြပါတယ် 46 00:02:42,384 --> 00:02:48,714 ၁၉၀၂ မှာ ကျူရီမောင်နှံဟာ radium chloride ဆား သန့်သန့် ၁/၁၀ ဂရမ်ကို 47 00:02:48,715 --> 00:02:51,287 Pitchblende တန်ချိန်များစွာထဲမှ သန့်စင်ထုတ်ယူခဲ့ပြီး 48 00:02:51,287 --> 00:02:53,536 ထိုကာလရဲ့ အလွန့် အလွန်ထူးကဲတဲ့ အောင်ပွဲတစ်ခုပါ။ 49 00:02:53,536 --> 00:02:56,476 အဲ့ဒီနှစ်နောက်ပိုင်းမှာ Pierre Curieနဲ့ Henri Becquerel ကို 50 00:02:56,476 --> 00:02:59,336 ရူပဗေဒ နိုဘယ်လ်ဆုအတွက် အမည်တင်သွင်းခဲ့ပေမဲ့ 51 00:02:59,336 --> 00:03:01,105 မာရီကို လျစ်လျူရှုခဲ့ကြပါတယ် 52 00:03:01,105 --> 00:03:04,767 သူ့ ဇနီးဟာ အသိအမှတ်ပြုဖို့ လုံး၀ထိုက်တန် ကြောင်း Pierre က ရပ်တည်ခဲ့ပါတယ်။ 53 00:03:04,767 --> 00:03:11,226 ဒီတော့ ၁၉၀၃ရဲ့ နိုဘယ်လ်ဆုကို ကျူရီမောင်နှံ နဲ့ ဘက္ကရယ်တို့ ပူးတွဲယူလိုက်ခြင်းက 54 00:03:11,226 --> 00:03:16,116 မာရီကျူရီကို ပထမဆုံးသော အမျိုးသမီး နိုဘယ်လ်ဆုရှင် ဖြစ်သွားစေပါတော့တယ်။ 55 00:03:16,116 --> 00:03:20,047 ငွေကြေးအထောက်အပံ့၊ လေးစားခံရခြင်းတွေနဲ့အတူ ကျူရီမောင်နှံ အောင်ပန်းဆင်ခဲ့ကြတယ်။ 56 00:03:20,047 --> 00:03:23,801 ဒါပေမဲ့ ၁၉၀၆မှာ Pierre က ရှုပ်ထွေးတဲ့ လမ်းဆုံကို ဖြတ်ကူးရင်း မြင်းရထားနင်းခံရတဲ့ 57 00:03:23,801 --> 00:03:27,061 ကြေကွဲစရာဖြစ်ရပ် ဖြစ်ပေါ်ခဲ့တယ်။ 58 00:03:27,061 --> 00:03:29,887 ယူကျုံးမရဖြစ်ရတဲ့ မာရီက သူ့ရဲ့သုတေသနထဲ ဘဝကိုမြှုပ်နှံပစ်ပြီး 59 00:03:29,891 --> 00:03:32,801 Sorbonne က Pierreရဲ့ သင်ကြားရေး ရာထူးကို လွှဲပြောင်းယူလိုက်ကာ 60 00:03:32,816 --> 00:03:36,057 ကျောင်းရဲ့ ပထမဆုံးသော အမျိုးသမီးပါမောက္ခ ဖြစ်လာပါတော့တယ်။ 61 00:03:36,057 --> 00:03:38,356 သူမရဲ့ တကိုယ်တော် လုပ်ဆောင်ချက်က အောင်မြင်ပါတယ်။ 62 00:03:38,356 --> 00:03:40,728 ၁၉၁၁ မှာ အခြားနိုဘယ်လ်ဆုတစ်ခု သူမ ထပ်ရခဲ့ပါသေးတယ်။ 63 00:03:40,728 --> 00:03:44,867 ဒီတကြိမ်မှာ ရေဒီယမ်နဲ့ ပိုလိုနီယမ်ကို ဦးစွာတွေ့ရှိမှုအတွက်နဲ့၊ 64 00:03:44,867 --> 00:03:49,347 ရေဒီယမ်သန့်သန့်နဲ့ ယင်း၏ဒြပ်ပေါင်းကို စိစစ်ခွဲထုတ်ခြင်းအတွက် ဓာတုဗေဒနဲ့ရခဲ့တာပါ။ 65 00:03:49,348 --> 00:03:51,527 ဒါက သူမကို ယနေ့ထိ မတူညီတဲ့ သိပ္ပံပညာရပ် ၂ခုမှာ 66 00:03:51,527 --> 00:03:56,368 နိုဘယ်လ်ဆုကို ဦးဆုံးနဲ့ တစ်ဦးတည်း ဆွတ်ခူးတဲ့သူ ဖြစ်သွားစေပါတယ်။ 67 00:03:56,368 --> 00:03:58,959 ပါမောက္ခကျူရီက သူ့တွေ့ရှိမှု တွေကို လက်တွေ့အသုံးချလျှက် 68 00:03:58,959 --> 00:04:02,218 ဆေးသုတေသနနဲ့ ကုထုံးတွေရဲ့အမြင်ကို ပြောင်းလဲစေခဲ့ပါတယ်။ 69 00:04:02,218 --> 00:04:05,346 ပထမကမ္ဘာစစ်အတွင်းမှာ နယ်လှည့် ဓာတ်ရောင်ခြည်ခန်းတွေ ဖွင့်လှစ်ပြီး 70 00:04:05,347 --> 00:04:08,779 အကြိတ်တွေအပေါ် ဓာတ်ရောင်ခြည်တွေရဲ့ သက်ရောက်မှု ကို သုတေသနပြုခဲ့ပါတယ်။ 71 00:04:08,779 --> 00:04:12,768 လူသားထုကို အကျိုးပြုသော်လည်း ပြန်ပေးဆပ်ရတဲ့ စရိတ်ကကြီးမားပါတယ်။ 72 00:04:12,768 --> 00:04:15,979 ၁၉၃၄ မှာ ရိုးတွင်းခြင်ဆီ ရောဂါကြောင့် ကျူရီ ကွန်လွန်ခဲ့ပြီး၊ 73 00:04:15,979 --> 00:04:19,064 ယနေ့မှာတော့ အများစုက ဒါဟာရောင်ခြည်သင့်တာကြောင့်လို့ ယူဆကြပါတယ်။ 74 00:04:19,064 --> 00:04:22,316 ခေတ်ကိုပြောင်းလဲပေးတဲ့ မာရီကျူရီရဲ့ သုတေသနတွေက 75 00:04:22,316 --> 00:04:26,439 ရူပနဲ့ဓာတုဗေဒပညာရပ် တွေအပေါ် ကျုပ်တို့ နားလည်နိုင်ဖို့ အခြေခံတွေချမှတ်ပေးခဲ့ပြီး 76 00:04:26,439 --> 00:04:29,733 နောက်ဆက်တွဲအနေနဲ့ ကင်ဆာ၊ နည်းပညာ၊ ဆေးဘက်ဆိုင်ရာနဲ့ 77 00:04:29,733 --> 00:04:33,644 နျူးကလိယား ရူပဗေဒ အစရှိတဲ့ ပညာရပ်တွေကို လမ်းကြောင်းပေးခဲ့တယ်။ 78 00:04:33,644 --> 00:04:36,630 ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူမရဲ့ ဓာတ်ရောင်ခြည်တွေ့ရှိမှုက 79 00:04:36,630 --> 00:04:40,630 သိပ္ပံရဲ့အကြီးဆုံးလျှို့ဝှက်ချက်အချို့ကို ဖော်ထုတ်ပေးတဲ့ ခေတ်သစ်ကို အစပြုစေခဲ့ပါတယ်