0:00:07.069,0:00:10.558 မာရီကျူရီရဲ့ လက်မူရေးမူတွေကို[br]ခင်ဗျားအနေနဲ့ တစေ့တစောင်းကြည့်ချင်ရင် 0:00:10.558,0:00:13.408 ခွင့်ပြုချက်မှာ လတ်မှတ်ထိုးဖို့နဲ့[br]ဓါတ်ရောင်ခြည်သင့်မှုတွေက 0:00:13.409,0:00:16.718 ကာကွယ်ဖို့ အကာအကွယ်တွေ[br]ဝတ်ဖို့ လိုပါလိမ့်မယ်။ 0:00:16.718,0:00:21.187 ခဲအုပ်ထားတဲ့ ခေါင်းတလားထဲမှာ မဒမ်ကျူရီရဲ့[br]ရုပ်ကြွင်းကို မြှုပ်နှံထားတာကလည်း 0:00:21.187,0:00:24.052 သူမရဲ့ ပင်မသုတေသနဖြစ်ပြီး[br]သေဆုံးရတဲ့ အကြောင်းရင်းဖြစ်နိုင်တဲ့ 0:00:24.052,0:00:27.858 ဓါတ်ရောင်ခြည်တွေကို [br]သေချာထိန်းထားနိုင်ဖို့ဖြစ်ပါတယ်။ 0:00:27.858,0:00:31.078 ရုရှားနယ်ထဲက ပိုလန်ပြည်[br]ဝါဆောမြို့မှာ ကြီးပြင်းလာသူ 0:00:31.078,0:00:34.671 အမည်ရင်း Maria Sklodowska ခေါ်[br]သူငယ်မလေး မာရီဟာ ထက်မြက်တဲ့ 0:00:34.671,0:00:38.868 ကျောင်းသူတစ်ဦးဖြစ်ပေမဲ့ စိန်ခေါ်ဖွယ်ရာ[br]အတားအဆီးအချို့နဲ့ ကြုံတွေ့ခဲ့ရတယ်။ 0:00:38.868,0:00:42.498 အမျိုးသမီးတစ်ယောက်ဖြစ်လို့ [br]အထက်တန်းပညာဆည်းပူးခွင့် 0:00:42.498,0:00:44.519 ပိတ်ပင်ခြင်းခံရတာကို [br]အာခံဖီဆန်တဲ့အနေနဲ့ 0:00:44.519,0:00:47.479 ပိုလန် လူငယ်ထုရဲ့ ပညာရေးကို[br]နောက်ကွယ်မှ အားပေးတဲ့ 0:00:47.479,0:00:52.859 လျှို့ဝှက် အဖွဲ့တစ်ခုရဲ့[br]Floating University မှာ ကျောင်းအပ်ခဲ့တယ်။ 0:00:52.859,0:00:55.679 မူကြိုဆရာမ အလုပ်ကို လုပ်ကိုင်ရင်း၊[br]ငွေစုဆောင်းခြင်းဖြင့် 0:00:55.679,0:01:00.549 အဆုံးမှာ နာမည်ကြီး Sorbonne မှာ ပညာသင်ဖို့[br]ပါရီမြို့ဆီ အရောက်သွားနိုင်ခဲ့တယ်။ 0:01:00.549,0:01:03.660 အဲဒီမှာ ရူပဗေဒနဲ့ သင်္ချာ ဘွဲ့တွေကို[br]ရရှိခဲ့တဲ့ မာရီဟာ 0:01:03.660,0:01:05.940 ပေါင်မုန့်၊လက်ဖက်ရည်တို့နဲ့ပဲ[br]အသက်ဆက်ခဲ့ပြီး 0:01:05.940,0:01:09.009 တခါတရံ အဟာရပြတ်လုနီးနီးဖြစ်လို့ [br]မူးလဲတဲ့အထိပါပဲ။ 0:01:09.010,0:01:11.840 ပါရီမှာ စမ်းသပ်ခန်းနဲ့ [br]နှလုံးသားအား ဝေမျှသူ 0:01:11.840,0:01:15.099 ရူပဗေဒပညာရှင် Pierre Curie နဲ့[br]ဖူးစာဆုံခဲ့ပါတယ်။ 0:01:15.099,0:01:17.620 ဒါပေမဲ့ ပိုလန်ကိုပြန်ဖို့[br]လွမ်းနေခဲ့ပါတယ်။ 0:01:17.620,0:01:19.239 ဝါဆောမြို့ကို ပြန်သွားခဲ့ချိန်မှာ 0:01:19.239,0:01:21.879 အမျိုးသမီးအဖြစ် ပညာရှင်ရာထူးမှာ[br]ရပ်တည်ဖို့ အာမခံချက်က 0:01:21.879,0:01:23.620 စိန်ခေါ်မှုဖြစ်ဆဲဆိုတာ သိသွားပါတယ်။ 0:01:23.620,0:01:25.020 မျှော်လင့်ချက်တော့[br]ရှိပါသေးတယ် 0:01:25.020,0:01:27.401 လွမ်းနာကျနေတဲ့ Pierre ဆီ[br]ပါရီကိုပဲ ပြန်ကာ 0:01:27.401,0:01:31.140 မြန်မြန်လေး လက်ထပ်လိုက်ပြီး[br]အားကျစရာ သိပ္ပံမောင်နှံ ဖြစ်သွားပါတော့တယ်။ 0:01:31.141,0:01:35.119 အခြား ရူပ ပညာရှင် တစ်ဦးရဲ့ အလုပ်က [br]မာရီရဲ့ စိတ်ဝင်စားမှုကို နှိုးဆွလိုက်ပါတယ် 0:01:35.119,0:01:41.181 ၁၈၉၆ ခုနှစ်မှာ Henri Becquerel က ဓာတ်ပုံ[br]ဖလင်ပြားပေါ် သက်ရောက်နိုင်တဲ့ X-ray လို 0:01:41.181,0:01:47.070 ထူးဆန်းတဲ့ ရောင်ခြည်တစ်မျိုးကို uranium က[br]သဘာဝအလျောက်ထုတ်လွှတ်ကြောင်း တွေ့ရှိခဲ့တယ်။ 0:01:47.070,0:01:51.550 အလားတူရောင်ခြည်ကို thorium ကလည်းထုတ်လွှတ်[br]ကြောင်းကို ကျူရီ မကြာမီပင် ရှာတွေ့ခဲ့တယ်။ 0:01:51.551,0:01:55.001 အရေးအကြီးဆုံးအနေနဲ့၊ [br]ရောင်ခြည်ပြင်းအားဟာ ဒြပ်စင်ရဲ့ 0:01:55.001,0:01:57.262 ပမာဏပေါ် လုံးလုံးမူတည်ပြီး[br]ရုပ် သို့မဟုတ် 0:01:57.262,0:02:00.781 ဓာတ်သဘော ပြောင်းလဲမှုကြောင့်[br]အာနိသင်မပြောင်းနိုင်ဘူး ဆိုတဲ့အချက်ပါ။ 0:02:00.781,0:02:04.492 ဒီအချက်အရ ရောင်ခြည်ဟာ ဒြပ်စင်တစ်ခုစီရဲ့[br]အက်တမ်အတွင်းပိုင်းရှိ အခြေခံကျတဲ့ 0:02:04.492,0:02:07.371 တစုံတခုမှလာကြောင်း ကောက်ချက်ချဖို့[br]ဖြစ်လာပါတော့တယ်။ 0:02:07.371,0:02:08.662 ဒီစိတ်ကူးက အခြေခံကျပြီး 0:02:08.663,0:02:14.041 အမြဲယူဆလာကြတဲ့ အက်တမ်ဟာပိုင်းခြားမရကြောင်း[br]အဆိုဟာ မမှန်ကြောင်း သက်သေပြနိုင်ခဲ့တယ်။ 0:02:14.041,0:02:18.442 နောက်ပြီး Pitchblende ခေါ် ထူးကဲ[br]ရေဒီယိုသတ္တုရိုင်း ကို လေ့လာခြင်းဖြင့် 0:02:18.442,0:02:23.914 ရောင်ခြည်အားလုံးကို ယူရေနီယမ်ချည်းသက်သက်[br]မဖန်တီးနိုင်တာ ကျူရီမောင်နှံ သိသွားပါတယ်။ 0:02:23.914,0:02:28.524 ဒီတော့ ရေဒီယိုသတ္တိပြရာမှာ ပါဝင်ကြတဲ့[br]အခြား ဒြပ်စင်တွေက ဘယ်မှာလဲ။ 0:02:28.524,0:02:32.455 ၁၈၉၈မှာ သူတို့က[br]ဒြပ်စင် အသစ် နှစ်ခုဖြစ်တဲ့ 0:02:32.455,0:02:35.407 မာရီရဲ့ ဇာတိ ပိုလန် အမည်ဖြင့် ပေးထားတဲ့[br]ပိုလိုနီယမ်နဲ့ 0:02:35.407,0:02:38.433 လက်တင်စကားအရ ရောင်ခြည်ဟု အဓိပ္ပါယ်ရတဲ့[br]ရေဒီယမ်တို့ကိုတင်ပြခဲ့တယ် 0:02:38.433,0:02:42.384 Radioactivity ဝေါဟာရကိုလည်း [br]သူတို့ပဲ လုပ်ရင်းကိုင်ရင်း စထွင်ခဲ့ကြပါတယ် 0:02:42.384,0:02:48.714 ၁၉၀၂ မှာ ကျူရီမောင်နှံဟာ radium chloride[br]ဆား သန့်သန့် ၁/၁၀ ဂရမ်ကို 0:02:48.715,0:02:51.287 Pitchblende တန်ချိန်များစွာထဲမှ[br]သန့်စင်ထုတ်ယူခဲ့ပြီး 0:02:51.287,0:02:53.536 ထိုကာလရဲ့ အလွန့် အလွန်ထူးကဲတဲ့[br]အောင်ပွဲတစ်ခုပါ။ 0:02:53.536,0:02:56.476 အဲ့ဒီနှစ်နောက်ပိုင်းမှာ Pierre Curieနဲ့ [br]Henri Becquerel ကို 0:02:56.476,0:02:59.336 ရူပဗေဒ နိုဘယ်လ်ဆုအတွက်[br]အမည်တင်သွင်းခဲ့ပေမဲ့ 0:02:59.336,0:03:01.105 မာရီကို လျစ်လျူရှုခဲ့ကြပါတယ် 0:03:01.105,0:03:04.767 သူ့ ဇနီးဟာ အသိအမှတ်ပြုဖို့ လုံး၀ထိုက်တန်[br]ကြောင်း Pierre က ရပ်တည်ခဲ့ပါတယ်။ 0:03:04.767,0:03:11.226 ဒီတော့ ၁၉၀၃ရဲ့ နိုဘယ်လ်ဆုကို ကျူရီမောင်နှံ[br]နဲ့ ဘက္ကရယ်တို့ ပူးတွဲယူလိုက်ခြင်းက 0:03:11.226,0:03:16.116 မာရီကျူရီကို ပထမဆုံးသော အမျိုးသမီး [br]နိုဘယ်လ်ဆုရှင် ဖြစ်သွားစေပါတော့တယ်။ 0:03:16.116,0:03:20.047 ငွေကြေးအထောက်အပံ့၊ လေးစားခံရခြင်းတွေနဲ့အတူ[br]ကျူရီမောင်နှံ အောင်ပန်းဆင်ခဲ့ကြတယ်။ 0:03:20.047,0:03:23.801 ဒါပေမဲ့ ၁၉၀၆မှာ Pierre က ရှုပ်ထွေးတဲ့[br]လမ်းဆုံကို ဖြတ်ကူးရင်း မြင်းရထားနင်းခံရတဲ့ 0:03:23.801,0:03:27.061 ကြေကွဲစရာဖြစ်ရပ် ဖြစ်ပေါ်ခဲ့တယ်။ 0:03:27.061,0:03:29.887 ယူကျုံးမရဖြစ်ရတဲ့ မာရီက [br]သူ့ရဲ့သုတေသနထဲ ဘဝကိုမြှုပ်နှံပစ်ပြီး 0:03:29.891,0:03:32.801 Sorbonne က Pierreရဲ့ သင်ကြားရေး [br]ရာထူးကို လွှဲပြောင်းယူလိုက်ကာ 0:03:32.816,0:03:36.057 ကျောင်းရဲ့ ပထမဆုံးသော [br]အမျိုးသမီးပါမောက္ခ ဖြစ်လာပါတော့တယ်။ 0:03:36.057,0:03:38.356 သူမရဲ့ တကိုယ်တော် လုပ်ဆောင်ချက်က[br]အောင်မြင်ပါတယ်။ 0:03:38.356,0:03:40.728 ၁၉၁၁ မှာ အခြားနိုဘယ်လ်ဆုတစ်ခု[br]သူမ ထပ်ရခဲ့ပါသေးတယ်။ 0:03:40.728,0:03:44.867 ဒီတကြိမ်မှာ ရေဒီယမ်နဲ့ ပိုလိုနီယမ်ကို[br]ဦးစွာတွေ့ရှိမှုအတွက်နဲ့၊ 0:03:44.867,0:03:49.347 ရေဒီယမ်သန့်သန့်နဲ့ ယင်း၏ဒြပ်ပေါင်းကို[br]စိစစ်ခွဲထုတ်ခြင်းအတွက် ဓာတုဗေဒနဲ့ရခဲ့တာပါ။ 0:03:49.348,0:03:51.527 ဒါက သူမကို ယနေ့ထိ[br]မတူညီတဲ့ သိပ္ပံပညာရပ် ၂ခုမှာ 0:03:51.527,0:03:56.368 နိုဘယ်လ်ဆုကို ဦးဆုံးနဲ့ တစ်ဦးတည်း [br]ဆွတ်ခူးတဲ့သူ ဖြစ်သွားစေပါတယ်။ 0:03:56.368,0:03:58.959 ပါမောက္ခကျူရီက သူ့တွေ့ရှိမှု[br]တွေကို လက်တွေ့အသုံးချလျှက် 0:03:58.959,0:04:02.218 ဆေးသုတေသနနဲ့ ကုထုံးတွေရဲ့အမြင်ကို[br]ပြောင်းလဲစေခဲ့ပါတယ်။ 0:04:02.218,0:04:05.346 ပထမကမ္ဘာစစ်အတွင်းမှာ နယ်လှည့်[br]ဓာတ်ရောင်ခြည်ခန်းတွေ ဖွင့်လှစ်ပြီး 0:04:05.347,0:04:08.779 အကြိတ်တွေအပေါ် ဓာတ်ရောင်ခြည်တွေရဲ့ [br]သက်ရောက်မှု ကို သုတေသနပြုခဲ့ပါတယ်။ 0:04:08.779,0:04:12.768 လူသားထုကို အကျိုးပြုသော်လည်း[br]ပြန်ပေးဆပ်ရတဲ့ စရိတ်ကကြီးမားပါတယ်။ 0:04:12.768,0:04:15.979 ၁၉၃၄ မှာ ရိုးတွင်းခြင်ဆီ ရောဂါကြောင့်[br]ကျူရီ ကွန်လွန်ခဲ့ပြီး၊ 0:04:15.979,0:04:19.064 ယနေ့မှာတော့ အများစုက [br]ဒါဟာရောင်ခြည်သင့်တာကြောင့်လို့ ယူဆကြပါတယ်။ 0:04:19.064,0:04:22.316 ခေတ်ကိုပြောင်းလဲပေးတဲ့ မာရီကျူရီရဲ့ [br]သုတေသနတွေက 0:04:22.316,0:04:26.439 ရူပနဲ့ဓာတုဗေဒပညာရပ် တွေအပေါ် ကျုပ်တို့ [br]နားလည်နိုင်ဖို့ အခြေခံတွေချမှတ်ပေးခဲ့ပြီး 0:04:26.439,0:04:29.733 နောက်ဆက်တွဲအနေနဲ့ ကင်ဆာ၊ နည်းပညာ၊[br]ဆေးဘက်ဆိုင်ရာနဲ့ 0:04:29.733,0:04:33.644 နျူးကလိယား ရူပဗေဒ အစရှိတဲ့ [br]ပညာရပ်တွေကို လမ်းကြောင်းပေးခဲ့တယ်။ 0:04:33.644,0:04:36.630 ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ[br]သူမရဲ့ ဓာတ်ရောင်ခြည်တွေ့ရှိမှုက 0:04:36.630,0:04:40.630 သိပ္ပံရဲ့အကြီးဆုံးလျှို့ဝှက်ချက်အချို့ကို[br]ဖော်ထုတ်ပေးတဲ့ ခေတ်သစ်ကို အစပြုစေခဲ့ပါတယ်