< Return to Video

ချိန်းဆိုရေး အက်ပ်တွေပေါ်မှာ တွန်းဖယ်နေမှုကို ရပ်စဲလျက် ကိုယ့်ဖူးစာရှင်ကို ရှာဖွေနည်း။

  • 0:01 - 0:04
    ကောလိပ်ပထမနှစ်မှာ အွန်လိုင်းချိန်းဆိုတာ
    ပထမ စမ်းကြည့်ခဲ့တယ်၊
  • 0:04 - 0:08
    အဲဒါက ၂၀၀၁ မှာဆိုတော့ ကျွန်မရဲ့
    အရေးအကြောင်းကို ရှင်တို့မမြင်ရဘူးပေါ့။
  • 0:08 - 0:11
    အခု သတိပြုမိလောက်တဲ့အတိုင်း
    အရပ်က ခြောက်ပေ၊
  • 0:11 - 0:13
    ရွေးထားတဲ့ တက္ကသိုလ်ကိုရောက်တော့
  • 0:13 - 0:17
    ကျွန်မတို့ Division III အမျိုးသား ဘတ်စကက်
    ဘောအသင်းဟာ ပျမ်းမျှ ငါးပေရှစ် လို့သိခဲ့တယ်
  • 0:17 - 0:20
    ကျောင်းပရဝုဏ်မြင်ကွင်းကို စွန့်လွှတ်ပြီး
    အွန်လိုင်းတက်တယ်။
  • 0:20 - 0:23
    ဒီမတိုင်ခင်က အွန်လိုင်းချိန်းဆိုမှုက
    You've Got Mail."ရဲ့
  • 0:23 - 0:25
    ဇာတ်ကွက်နဲ့ အတော်နီးစပ်တယ်။
  • 0:25 - 0:28
    နောက်ဆုံး လက်တွေ့ဘဝမှာ မတွေ့ခင်အထိ
    သီတင်းပတ်တွေချီကာ
  • 0:28 - 0:30
    အီးမေးလ်အရှည်ကြီးတွေအပြန်အလှန်ရေးခဲ့တာလေ။
  • 0:30 - 0:32
    ကျွန်မအဖြစ်ကလွဲရင်ပေါ့၊
    နက်နဲတဲ့ပြောင်းလဲမှုမရှိတော့
  • 0:32 - 0:35
    ဒုံရင်းပဲပြန်ဆိုက်တာ သိပါလိမ့်မယ်။
  • 0:35 - 0:38
    ဒီတော့ အွန်လိုင်းချိန်းဆိုမှုဟာ
    လွန်ခဲ့တဲ့ ၁၇ နှစ်မှာ ပြောင်းသွားပေမဲ့
  • 0:38 - 0:41
    စိတ်ပျက်စရာတွေကတော့ ကျန်နေတုန်းပဲလေ။
  • 0:41 - 0:44
    အကြောင်းက ဟောဒီ အဆင်ပြေတာကြောင့်ပါ။
  • 0:44 - 0:46
    သင့်တည်ရှိဆဲ လူမှုရေးနဲ့ လုပ်ငန်း
    အစုအဝေးတွေလွန်တဲ့
  • 0:46 - 0:49
    အလားအလာရှိတဲ့ ချိန်းဆိုသူတွေရဲ အစု
    ကျယ်ပြန့်စေတယ်။
  • 0:49 - 0:52
    ဟောဒီမှာတော့ အဆင်မပြေတာပါ။
  • 0:52 - 0:54
    တကယ်ကိုပဲ ကျန်တာအားလုံးပဲလေ။
  • 0:54 - 0:56
    (ရယ်သံများ)
  • 0:56 - 0:58
    ကျွန်မအကြောင်း ရှင်တို့သိသင့်တာလေးတွေက
  • 0:59 - 1:01
    လုပ်ဆောင်မှုအဓိက အောင်မြင်
    စိတ်ကဲတဲ့ သင်္ချာ၊ ပြဇာတ်ရုံရူးသူ
  • 1:01 - 1:03
    MBA တစ်ဘွဲ့နဲ့ အဆုံးသတ်သွားသူပါ။
  • 1:03 - 1:06
    ဒီတော့ အကြောင်းအရာတွေ အလုပ်မဖြစ်တဲ့အခါ
    နောက်ကိုတစ်လှမ်းဆုတ်တတ်တယ်၊
  • 1:06 - 1:10
    ဘာကြောင့်ဆိုတာမှန်းဆ၊ပြင်ဆင်ဖို့
    ကျွန်မ လုပ်ငန်း ကိရိယာဘူးကိုအသုံးချတယ်။
  • 1:10 - 1:12
    ကျွန်မရဲ့ချစ်ရေးချစ်ရာလည်း
    အပါအဝင်ပေါ့။
  • 1:12 - 1:17
    ကျွန်မအသက် ၃၀ မပြည့်ခင် နွေရာသီမှာ
    ဆက်ဆံရေး ဆိုဒ်ကိုဖြတ်ခဲ့တယ်။
  • 1:17 - 1:19
    ဆိုလိုတာက သာမညောင်ည
    ဆက်ဆံရေးတွေရဲ့ကိုယ်တွေ့မှတ်တမ်း
  • 1:19 - 1:23
    ပြန်လုပ်ဖို့ Maine တစ်ပတ်ကြာ
    တစ်ကိုယ် တောစခန်းထွက်ခဲ့တာပါ။
  • 1:23 - 1:26
    ကိစ္စက ကျွန်မအဖော်တစ်ဦးဆီမှာ
    ကျွန်မလိုချင်တာကိုသိခဲ့လို့ပါ။
  • 1:26 - 1:30
    ကြင်နာမှု၊ သိလိုမှု၊ စာနာမှု၊
    ရည်ရွယ်ချက်ရှိမှုလေ။
  • 1:31 - 1:34
    ရှိသေးတာက ဒီမှာ အွန်လိုင်းအတွက်
    ကျွန်မ ရွေးချယ်တာပါ။
  • 1:34 - 1:37
    Ivy League ဘွဲ့ရ၊ ခြောက်ပေ(သို့)ပိုမြင့်သူ
  • 1:37 - 1:39
    ကျွန်မနဲ့ မြေအောက်ရထားဘူတာ
    ၁၂ ခုတွင်းနေသူ။
  • 1:39 - 1:42
    ဒါတွေက တမင်တကာ ဦးစားပေး
    သတ်မှတ်ထားတာတွေမဟုတ်ဘူး။
  • 1:42 - 1:45
    အွန်လိုင်းအတွက် စိစစ်ဖို့
    အလွယ်ဆုံးဖြစ်ဖို့ပါ။
  • 1:45 - 1:47
    ကိုယ်ရေး သုံးသပ်ချက်လိုမျိုးပေါ့၊
  • 1:47 - 1:49
    ဒါကြောင့်ပဲ ဒီငနဲတွေဟာ စာအရ
    အတော်ကောင်းနေပုံရပေမဲ့
  • 1:49 - 1:51
    ကျွန်မနဲ့ လုံးဝ အံမဝင်တာပေါ့။
  • 1:52 - 1:54
    ဒါနဲ့ ၂၀၁၆ နွေဦးမှာ
    အွန်လိုင်းကိုပြန်လာခဲ့တယ်၊
  • 1:54 - 1:59
    ရှေးရိုး လုပ်ငန်း ကိရိယာတွေကနေ အလုပ်စဉ်ကို
    ပြန်လည်ပုံစုံထုတ်ဖို့ဆုံးဖြတ်ခဲ့တယ်။
  • 1:59 - 2:00
    ဦးဆုံး OkCupid ကိုသွားခဲ့တယ်
  • 2:00 - 2:04
    အကြောင်းက ပွတ်ဆွဲမှု အက်ပ်တွေကိုအခြေခံတဲ့
    ဂိမ်းပုံစံမျိုးကို ကျွန်မရှောင်ချင်လို့ပါ။
  • 2:04 - 2:07
    ပြီးတော့လည်း အရေးအသား နမူနာကို
    လိုချင်တာကြောင့်ပါ။
  • 2:07 - 2:09
    နောက် အရောင်း ကတော့တစ်ခုထောင်တယ်၊
  • 2:09 - 2:11
    ကျွန်မပုံစံသဘောတွေ ပစ်ထုတ်ရင်းပေါ့၊
  • 2:11 - 2:15
    ဒီအစား အလားအလာရှိသူကို စစ်ပေးမယ့်
    စံနှုန်းတွေကို သတ်မှတ်တာပေါ့။
  • 2:15 - 2:17
    အဝင် သတင်းတိုတွေမှာ သုံးခုလုပ်ဖို့လိုတယ်၊
  • 2:17 - 2:21
    သဒ္ဒါကောင်းကောင်းနဲ့ စာကြောင်းအပြည့်
    ရေးထားဖို့ လိုတယ်၊
  • 2:21 - 2:23
    ကျွန်မကိုယ်ရေးထဲက တစ်ခုခုနဲ့
    ဆိုင်ဖို့လိုတယ်
  • 2:23 - 2:25
    ဒီတော့ ဒါကဖြတ်ညှပ်ကပ်
    အခြေအနေမဟုတ်တာ ကျွန်မသိတယ်
  • 2:25 - 2:28
    လိင်ပိုင်းဆိုင်ရာတွေ ရှောင်ရှားဖို့လိုတယ်။
  • 2:28 - 2:30
    အတော်လေး တန်းနှိမ့်ထားတယ် မှန်းပေမဲ့
  • 2:30 - 2:32
    ဖြစ်သွားတာက
    ကျွန်မရဲ့ အဝင်သတင်းတို ၂၁၀ မှာ
  • 2:32 - 2:35
    ၁၄ ရာခိုင်နှုန်းပဲ ဒီတန်းကို ကျော်ခဲ့တယ်။
  • 2:35 - 2:36
    (ရယ်သံများ)
  • 2:36 - 2:39
    နောက်ပြီး လက်တွေ့ဘဝမှာ
    အမြန်ဆုံးတွေ့ချင်တယ်
  • 2:39 - 2:42
    ကျွန်မ အရေးစိုက်တာတွေက
    အွန်လိုင်းမှာ ကျွန်မ မတွေ့နိုင်လို့ပါ။
  • 2:42 - 2:44
    ဒါပေမဲ့ သုတေသန၊ ကျွန်မရဲ့အတွေ့အကြုံက
  • 2:44 - 2:48
    ပြတာက လူတစ်ယောက်နဲ့ ကိုယ်လက်ခံ
    မလက်ခံဘူး သိဖို့စက္ကန့် ၃၀ ပဲလိုတယ်တဲ့။
  • 2:49 - 2:51
    ဒါနဲ့ အလွတ်ချိန်းဆိုမှုကိုတီထွင်ခဲ့တယ်။
  • 2:51 - 2:54
    အလွတ်ချိန်းဆိုမှုက တစ်ခါသောက်၊ တစ်နာရီပါ၊
  • 2:54 - 2:57
    မေးခွန်းတစ်ခုကို ဖြေဖို့ ရည်ရွယ်ချက်နဲ့ပါ။
  • 2:57 - 2:59
    ကျွန်မ ဒီလူနဲ့ ညစာအတူစားချင်လား။
  • 2:59 - 3:01
    "သူတို့တွေလား"လို့ မဟုတ်ဘူး။
  • 3:01 - 3:04
    ပြောရရင် "ဒီလူနဲ့ မျက်နှာချင်းဆိုင်
    စားပွဲမှာ သုံးနာရီ
  • 3:04 - 3:05
    အချိန်ကုန်ချင်လား"
  • 3:06 - 3:08
    သင့်မှာ အရေးတကြီးကိစ္စ ရှိတာကိုပြောပါ
  • 3:08 - 3:10
    မိန်းကလေးမိတ်ဆွေတွေနဲ့ သောက်ဖို့
    တရုတ်နဲ့ ဖုန်းအစည်းဝေး
  • 3:10 - 3:12
    အရေးမကြီးဘူး၊ သူတို့သင့်ကို
    မသိဘူးလေ။
  • 3:12 - 3:14
    လိုရင်းက တစ်နာရီပါ။
  • 3:14 - 3:17
    ဒါက ဟန်ကျပန်ကျဆို
    ပထမ ချိန်းတွေ့ဖို့ကို အစီအစဉ်ချတယ်
  • 3:17 - 3:20
    မဟုတ်ရင်တော့
    အပျော်အဖြစ် လျှော့ချလိုက်ပြီး
  • 3:20 - 3:23
    နောက်ဆက်သွယ်မှု ချိတ်ဆက်ပွဲအတွက်
    ဇာတ်လမ်းသစ်တစ်ချို့ ဆွေးနွေးတယ်။
  • 3:24 - 3:27
    ဒါ့အပြင် ဒါက တစ်နာရီပဲဆိုတော့
    တစ်ညနေမှာ သုံးခုအထိ စုထည့်လို့ရတယ်၊
  • 3:27 - 3:31
    နောက်ပြီး ဆံပင်လေးလုပ်၊တစ်ပတ်မှာ
    အကောင်းဆုံးဝတ်စုံတစ်စုံပဲရွေးဖို့ပဲပေါ့။
  • 3:31 - 3:34
    အလွတ်ချိန်းတာက ကျွန်မချိန်းတာကို
    သူတို့ တုံ့ပြန်ပုံသိဖို့
  • 3:34 - 3:36
    အခွင့်လမ်းတစ်ခုလည်းပေးခဲ့တယ်။
  • 3:36 - 3:39
    လူတိုင်း ကျွန်မစရိုက်ကို တူးဆွမှာ
    မဟုတ်ဘူးလို့မှန်းတာ မှန်သွားတယ်။
  • 3:40 - 3:43
    ကျွန်မရဲ့ ဇကာတင် ၂၉ ယောက်အနက်
    ၁၅ ယောက်ပဲ ကျွန်မစာကို ပြန်ခဲ့တယ်။
  • 3:43 - 3:46
    ဒီထဲက ခြောက်ယောက်ကို အလွတ်ချိန်းဆိုဖို့
    အစီအစဉ်ချခဲ့တယ်။
  • 3:46 - 3:48
    ပထမ အလွတ်ချိန်းဆိုသူက
    ဒီဇိုင်နာ ဝတ်စုံနဲ့
  • 3:48 - 3:50
    ယောဂ စိတ်ဝင်စားကြပြီး
  • 3:50 - 3:52
    ပေါင်မုန့်ကို မြေပဲထောပတ်နဲ့ ပိုကြိုက်တယ်။
  • 3:52 - 3:53
    ဒီတော့ အတော် အလားအလာရှိပုံပဲ။
  • 3:53 - 3:56
    ဒါပေမဲ့ နှစ်မိနစ်အကြာမှာ
    ဖြစ်မှာမဟုတ်ဘူးလို့ ပြောနိုင်ပြီး
  • 3:56 - 3:59
    သူနဲ့ညစာ မစားဖြစ်တာကို
    စိတ်သက်သာရာရခဲ့တယ်။
  • 3:59 - 4:02
    ဒီနောက်မှာ ကျွန်မရဲ့ အလွတ်ချိန်းတာ
    သွားဖို့နည်းနည်း စိတ်ရှုပ်ခဲ့တယ်။
  • 4:02 - 4:05
    ဒါပေမဲ့ Brooklyn Heights Promenade
    မှာတွေ့ဖို့ သဘောတူခဲ့တယ်၊
  • 4:05 - 4:07
    ဝီစကီပုလင်ပြားနဲ့
    နေဝင်ချိန် ကြည့်ဖို့ပေါ့
  • 4:07 - 4:09
    ဝန်ခံရရင် ဒါက ကျွန်မတိုက်ခန်းကနေ
    နှစ်ဘလောက်မှာပါ။
  • 4:09 - 4:12
    ဒါ့အပြင် ဒီလူ့မှာ podcast တစ်ခုရှိတယ်၊
    ကျွန်မမှာ တစ်ခုရှိတယ်၊
  • 4:12 - 4:15
    အဆိုဆုံး အခြေအနေတွေမှာ
    podcasts အကြောင်းပြောနိုင်တယ်လေ။
  • 4:15 - 4:18
    ဒီနောက်မှာ Chas ဟာ ကျွန်မဘေးမှာ
    ကပ်ထိုင်တယ်၊
  • 4:19 - 4:21
    ဒီကြင်နာပြီး စာနာစိတ်ရှိတဲ့လူဟာ
  • 4:21 - 4:24
    ဟာသမြာက်တာတွေပြောပြီး
    ပိုကောင်းတဲ့မေးခွန်းတွေတောင်မေးခဲ့တယ်။
  • 4:24 - 4:28
    သူက ရှေ့နေနဲ့ စာရေးဆရာပါ၊ သူရယ်လိုက်ရင်
    မျက်လုံးတွေက တောက်ပနေပြီး
  • 4:28 - 4:30
    ကျွန်မသူ့ကိုနမ်းတဲ့အခါ ဖျစ်ညှစ်သွားတယ်။
  • 4:30 - 4:33
    ညနေခင်းတစ်ချိန်မှာ ကျွန်မတို့
    အလွတ်ချိန်းတာက ပထမဆုံးရက်ချိန်းဖြစ်လာတယ်။
  • 4:34 - 4:38
    နှစ်နှစ်အကြာမှာ ကျွန်မတို့ အဝတ်လျှော်စက်၊
    အခြောက်ခံစက်၊အိမ်စိုက်ပင်နှစ်ပင်ရှိလာတယ်။
  • 4:38 - 4:41
    အိမ်စိုက်အပင်တွေနဲ့ ရှင်ပြီးဆုံး
    သွားမယ်လို့ကျွန်မ ကတိမပေးနိုင်ဘူး။
  • 4:41 - 4:43
    ဒီဇာတ်လမ်းရဲ့ဆိုလိုရင်းက
  • 4:43 - 4:46
    အွန်လိုင်းချိန်းဆိုမှုဟာ စိတ်ပျက်
    စရာမလိုပါဘူး။
  • 4:46 - 4:49
    ဒါကို ကစားပွဲတစ်ခုလို၊ ကိုယ်ရေးအကျဉ်း
    သုံးသပ်ချက်တစ်ခုလိုသဘောမထားပါနဲ့။
  • 4:49 - 4:52
    ဒီအစား ဒါကို အရင်းအမြစ်လိုက်
    အလားအလာရှိတာရွေးထုတ်ဖို့သုံးကာ
  • 4:52 - 4:56
    အလွတ်ချိန်းကာ လိုင်းပေါ်ကနေ
    အမြန်ဆုံးထွက်ဖို့ပါ။
  • 4:56 - 4:59
    ဆိုလိုရင်းက တွန်းဖယ်တာမဟုတ်လို့ပါ။
  • 4:59 - 5:01
    ကိုယ့်ဖူးစာရှင်ကို ရှာတာလေ။
  • 5:01 - 5:03
    ကံကောင်းပါစေရှင်။
  • 5:03 - 5:06
    (လက်ခုပ်သံများ)
Title:
ချိန်းဆိုရေး အက်ပ်တွေပေါ်မှာ တွန်းဖယ်နေမှုကို ရပ်စဲလျက် ကိုယ့်ဖူးစာရှင်ကို ရှာဖွေနည်း။
Speaker:
Christina Wallace
Description:

အွန်လိုင်းချိန်းဆိုမှုတွေဟာ အချိန်ကို အများကြီး ပေးရနိုင်ပါတယ်။ အလားအလာ ရှိကြတဲ့သူတွေ အများအပြားတို့က အဲဒီလောက် များပြားတဲ့ အချိန်တွေကို ဖြုန်းခဲ့ရကျိုး နပ်ကြပါသလား။ အသံဖိုင်တွေကိုတင်သူ စီးပွားရေးစွမ်းဆောင်ရှင် Christina Wallace ကတော့ အဲဒါနဲ့ ပတ်သက်ရင်တော့ ဒီလိုပဲလို့တွေးမိပါတယ်။ ပျော်စရာကောင်းပြီး လက်တွေ့ကျတဲ့ ဒီဟောပြောချက်ထဲမှာ Wallace က နေပြီး "zero date" ဆိုတဲ့နည်းလမ်းကို တီထွင်နိုင်ခဲ့ပြီး တွန်းဖယ်မှုာမပါတာကို အခြေခံတဲ့ apps ကို ဖန်တီးဖို့ သူမရဲ့ MBA အတတ်ပညာသုံးထားပုံကို မျှဝေထားပြီ သင်လည်းပဲ ပြုလုပ်နိုင်ပုံကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
05:19

Burmese subtitles

Revisions Compare revisions