ကောလိပ်ပထမနှစ်မှာ အွန်လိုင်းချိန်းဆိုတာ ပထမ စမ်းကြည့်ခဲ့တယ်၊ အဲဒါက ၂၀၀၁ မှာဆိုတော့ ကျွန်မရဲ့ အရေးအကြောင်းကို ရှင်တို့မမြင်ရဘူးပေါ့။ အခု သတိပြုမိလောက်တဲ့အတိုင်း အရပ်က ခြောက်ပေ၊ ရွေးထားတဲ့ တက္ကသိုလ်ကိုရောက်တော့ ကျွန်မတို့ Division III အမျိုးသား ဘတ်စကက် ဘောအသင်းဟာ ပျမ်းမျှ ငါးပေရှစ် လို့သိခဲ့တယ် ကျောင်းပရဝုဏ်မြင်ကွင်းကို စွန့်လွှတ်ပြီး အွန်လိုင်းတက်တယ်။ ဒီမတိုင်ခင်က အွန်လိုင်းချိန်းဆိုမှုက You've Got Mail."ရဲ့ ဇာတ်ကွက်နဲ့ အတော်နီးစပ်တယ်။ နောက်ဆုံး လက်တွေ့ဘဝမှာ မတွေ့ခင်အထိ သီတင်းပတ်တွေချီကာ အီးမေးလ်အရှည်ကြီးတွေအပြန်အလှန်ရေးခဲ့တာလေ။ ကျွန်မအဖြစ်ကလွဲရင်ပေါ့၊ နက်နဲတဲ့ပြောင်းလဲမှုမရှိတော့ ဒုံရင်းပဲပြန်ဆိုက်တာ သိပါလိမ့်မယ်။ ဒီတော့ အွန်လိုင်းချိန်းဆိုမှုဟာ လွန်ခဲ့တဲ့ ၁၇ နှစ်မှာ ပြောင်းသွားပေမဲ့ စိတ်ပျက်စရာတွေကတော့ ကျန်နေတုန်းပဲလေ။ အကြောင်းက ဟောဒီ အဆင်ပြေတာကြောင့်ပါ။ သင့်တည်ရှိဆဲ လူမှုရေးနဲ့ လုပ်ငန်း အစုအဝေးတွေလွန်တဲ့ အလားအလာရှိတဲ့ ချိန်းဆိုသူတွေရဲ အစု ကျယ်ပြန့်စေတယ်။ ဟောဒီမှာတော့ အဆင်မပြေတာပါ။ တကယ်ကိုပဲ ကျန်တာအားလုံးပဲလေ။ (ရယ်သံများ) ကျွန်မအကြောင်း ရှင်တို့သိသင့်တာလေးတွေက လုပ်ဆောင်မှုအဓိက အောင်မြင် စိတ်ကဲတဲ့ သင်္ချာ၊ ပြဇာတ်ရုံရူးသူ MBA တစ်ဘွဲ့နဲ့ အဆုံးသတ်သွားသူပါ။ ဒီတော့ အကြောင်းအရာတွေ အလုပ်မဖြစ်တဲ့အခါ နောက်ကိုတစ်လှမ်းဆုတ်တတ်တယ်၊ ဘာကြောင့်ဆိုတာမှန်းဆ၊ပြင်ဆင်ဖို့ ကျွန်မ လုပ်ငန်း ကိရိယာဘူးကိုအသုံးချတယ်။ ကျွန်မရဲ့ချစ်ရေးချစ်ရာလည်း အပါအဝင်ပေါ့။ ကျွန်မအသက် ၃၀ မပြည့်ခင် နွေရာသီမှာ ဆက်ဆံရေး ဆိုဒ်ကိုဖြတ်ခဲ့တယ်။ ဆိုလိုတာက သာမညောင်ည ဆက်ဆံရေးတွေရဲ့ကိုယ်တွေ့မှတ်တမ်း ပြန်လုပ်ဖို့ Maine တစ်ပတ်ကြာ တစ်ကိုယ် တောစခန်းထွက်ခဲ့တာပါ။ ကိစ္စက ကျွန်မအဖော်တစ်ဦးဆီမှာ ကျွန်မလိုချင်တာကိုသိခဲ့လို့ပါ။ ကြင်နာမှု၊ သိလိုမှု၊ စာနာမှု၊ ရည်ရွယ်ချက်ရှိမှုလေ။ ရှိသေးတာက ဒီမှာ အွန်လိုင်းအတွက် ကျွန်မ ရွေးချယ်တာပါ။ Ivy League ဘွဲ့ရ၊ ခြောက်ပေ(သို့)ပိုမြင့်သူ ကျွန်မနဲ့ မြေအောက်ရထားဘူတာ ၁၂ ခုတွင်းနေသူ။ ဒါတွေက တမင်တကာ ဦးစားပေး သတ်မှတ်ထားတာတွေမဟုတ်ဘူး။ အွန်လိုင်းအတွက် စိစစ်ဖို့ အလွယ်ဆုံးဖြစ်ဖို့ပါ။ ကိုယ်ရေး သုံးသပ်ချက်လိုမျိုးပေါ့၊ ဒါကြောင့်ပဲ ဒီငနဲတွေဟာ စာအရ အတော်ကောင်းနေပုံရပေမဲ့ ကျွန်မနဲ့ လုံးဝ အံမဝင်တာပေါ့။ ဒါနဲ့ ၂၀၁၆ နွေဦးမှာ အွန်လိုင်းကိုပြန်လာခဲ့တယ်၊ ရှေးရိုး လုပ်ငန်း ကိရိယာတွေကနေ အလုပ်စဉ်ကို ပြန်လည်ပုံစုံထုတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဦးဆုံး OkCupid ကိုသွားခဲ့တယ် အကြောင်းက ပွတ်ဆွဲမှု အက်ပ်တွေကိုအခြေခံတဲ့ ဂိမ်းပုံစံမျိုးကို ကျွန်မရှောင်ချင်လို့ပါ။ ပြီးတော့လည်း အရေးအသား နမူနာကို လိုချင်တာကြောင့်ပါ။ နောက် အရောင်း ကတော့တစ်ခုထောင်တယ်၊ ကျွန်မပုံစံသဘောတွေ ပစ်ထုတ်ရင်းပေါ့၊ ဒီအစား အလားအလာရှိသူကို စစ်ပေးမယ့် စံနှုန်းတွေကို သတ်မှတ်တာပေါ့။ အဝင် သတင်းတိုတွေမှာ သုံးခုလုပ်ဖို့လိုတယ်၊ သဒ္ဒါကောင်းကောင်းနဲ့ စာကြောင်းအပြည့် ရေးထားဖို့ လိုတယ်၊ ကျွန်မကိုယ်ရေးထဲက တစ်ခုခုနဲ့ ဆိုင်ဖို့လိုတယ် ဒီတော့ ဒါကဖြတ်ညှပ်ကပ် အခြေအနေမဟုတ်တာ ကျွန်မသိတယ် လိင်ပိုင်းဆိုင်ရာတွေ ရှောင်ရှားဖို့လိုတယ်။ အတော်လေး တန်းနှိမ့်ထားတယ် မှန်းပေမဲ့ ဖြစ်သွားတာက ကျွန်မရဲ့ အဝင်သတင်းတို ၂၁၀ မှာ ၁၄ ရာခိုင်နှုန်းပဲ ဒီတန်းကို ကျော်ခဲ့တယ်။ (ရယ်သံများ) နောက်ပြီး လက်တွေ့ဘဝမှာ အမြန်ဆုံးတွေ့ချင်တယ် ကျွန်မ အရေးစိုက်တာတွေက အွန်လိုင်းမှာ ကျွန်မ မတွေ့နိုင်လို့ပါ။ ဒါပေမဲ့ သုတေသန၊ ကျွန်မရဲ့အတွေ့အကြုံက ပြတာက လူတစ်ယောက်နဲ့ ကိုယ်လက်ခံ မလက်ခံဘူး သိဖို့စက္ကန့် ၃၀ ပဲလိုတယ်တဲ့။ ဒါနဲ့ အလွတ်ချိန်းဆိုမှုကိုတီထွင်ခဲ့တယ်။ အလွတ်ချိန်းဆိုမှုက တစ်ခါသောက်၊ တစ်နာရီပါ၊ မေးခွန်းတစ်ခုကို ဖြေဖို့ ရည်ရွယ်ချက်နဲ့ပါ။ ကျွန်မ ဒီလူနဲ့ ညစာအတူစားချင်လား။ "သူတို့တွေလား"လို့ မဟုတ်ဘူး။ ပြောရရင် "ဒီလူနဲ့ မျက်နှာချင်းဆိုင် စားပွဲမှာ သုံးနာရီ အချိန်ကုန်ချင်လား" သင့်မှာ အရေးတကြီးကိစ္စ ရှိတာကိုပြောပါ မိန်းကလေးမိတ်ဆွေတွေနဲ့ သောက်ဖို့ တရုတ်နဲ့ ဖုန်းအစည်းဝေး အရေးမကြီးဘူး၊ သူတို့သင့်ကို မသိဘူးလေ။ လိုရင်းက တစ်နာရီပါ။ ဒါက ဟန်ကျပန်ကျဆို ပထမ ချိန်းတွေ့ဖို့ကို အစီအစဉ်ချတယ် မဟုတ်ရင်တော့ အပျော်အဖြစ် လျှော့ချလိုက်ပြီး နောက်ဆက်သွယ်မှု ချိတ်ဆက်ပွဲအတွက် ဇာတ်လမ်းသစ်တစ်ချို့ ဆွေးနွေးတယ်။ ဒါ့အပြင် ဒါက တစ်နာရီပဲဆိုတော့ တစ်ညနေမှာ သုံးခုအထိ စုထည့်လို့ရတယ်၊ နောက်ပြီး ဆံပင်လေးလုပ်၊တစ်ပတ်မှာ အကောင်းဆုံးဝတ်စုံတစ်စုံပဲရွေးဖို့ပဲပေါ့။ အလွတ်ချိန်းတာက ကျွန်မချိန်းတာကို သူတို့ တုံ့ပြန်ပုံသိဖို့ အခွင့်လမ်းတစ်ခုလည်းပေးခဲ့တယ်။ လူတိုင်း ကျွန်မစရိုက်ကို တူးဆွမှာ မဟုတ်ဘူးလို့မှန်းတာ မှန်သွားတယ်။ ကျွန်မရဲ့ ဇကာတင် ၂၉ ယောက်အနက် ၁၅ ယောက်ပဲ ကျွန်မစာကို ပြန်ခဲ့တယ်။ ဒီထဲက ခြောက်ယောက်ကို အလွတ်ချိန်းဆိုဖို့ အစီအစဉ်ချခဲ့တယ်။ ပထမ အလွတ်ချိန်းဆိုသူက ဒီဇိုင်နာ ဝတ်စုံနဲ့ ယောဂ စိတ်ဝင်စားကြပြီး ပေါင်မုန့်ကို မြေပဲထောပတ်နဲ့ ပိုကြိုက်တယ်။ ဒီတော့ အတော် အလားအလာရှိပုံပဲ။ ဒါပေမဲ့ နှစ်မိနစ်အကြာမှာ ဖြစ်မှာမဟုတ်ဘူးလို့ ပြောနိုင်ပြီး သူနဲ့ညစာ မစားဖြစ်တာကို စိတ်သက်သာရာရခဲ့တယ်။ ဒီနောက်မှာ ကျွန်မရဲ့ အလွတ်ချိန်းတာ သွားဖို့နည်းနည်း စိတ်ရှုပ်ခဲ့တယ်။ ဒါပေမဲ့ Brooklyn Heights Promenade မှာတွေ့ဖို့ သဘောတူခဲ့တယ်၊ ဝီစကီပုလင်ပြားနဲ့ နေဝင်ချိန် ကြည့်ဖို့ပေါ့ ဝန်ခံရရင် ဒါက ကျွန်မတိုက်ခန်းကနေ နှစ်ဘလောက်မှာပါ။ ဒါ့အပြင် ဒီလူ့မှာ podcast တစ်ခုရှိတယ်၊ ကျွန်မမှာ တစ်ခုရှိတယ်၊ အဆိုဆုံး အခြေအနေတွေမှာ podcasts အကြောင်းပြောနိုင်တယ်လေ။ ဒီနောက်မှာ Chas ဟာ ကျွန်မဘေးမှာ ကပ်ထိုင်တယ်၊ ဒီကြင်နာပြီး စာနာစိတ်ရှိတဲ့လူဟာ ဟာသမြာက်တာတွေပြောပြီး ပိုကောင်းတဲ့မေးခွန်းတွေတောင်မေးခဲ့တယ်။ သူက ရှေ့နေနဲ့ စာရေးဆရာပါ၊ သူရယ်လိုက်ရင် မျက်လုံးတွေက တောက်ပနေပြီး ကျွန်မသူ့ကိုနမ်းတဲ့အခါ ဖျစ်ညှစ်သွားတယ်။ ညနေခင်းတစ်ချိန်မှာ ကျွန်မတို့ အလွတ်ချိန်းတာက ပထမဆုံးရက်ချိန်းဖြစ်လာတယ်။ နှစ်နှစ်အကြာမှာ ကျွန်မတို့ အဝတ်လျှော်စက်၊ အခြောက်ခံစက်၊အိမ်စိုက်ပင်နှစ်ပင်ရှိလာတယ်။ အိမ်စိုက်အပင်တွေနဲ့ ရှင်ပြီးဆုံး သွားမယ်လို့ကျွန်မ ကတိမပေးနိုင်ဘူး။ ဒီဇာတ်လမ်းရဲ့ဆိုလိုရင်းက အွန်လိုင်းချိန်းဆိုမှုဟာ စိတ်ပျက် စရာမလိုပါဘူး။ ဒါကို ကစားပွဲတစ်ခုလို၊ ကိုယ်ရေးအကျဉ်း သုံးသပ်ချက်တစ်ခုလိုသဘောမထားပါနဲ့။ ဒီအစား ဒါကို အရင်းအမြစ်လိုက် အလားအလာရှိတာရွေးထုတ်ဖို့သုံးကာ အလွတ်ချိန်းကာ လိုင်းပေါ်ကနေ အမြန်ဆုံးထွက်ဖို့ပါ။ ဆိုလိုရင်းက တွန်းဖယ်တာမဟုတ်လို့ပါ။ ကိုယ့်ဖူးစာရှင်ကို ရှာတာလေ။ ကံကောင်းပါစေရှင်။ (လက်ခုပ်သံများ)