၁၈ မိနစ်စာ ကမ္ဘာ့မြေရဲ့ သမိုင်း။
-
0:01 - 0:03ပထမဆုံး၊ ဗီဒီယိုတစ်ခု။
-
0:09 - 0:12ဟုတ်ပါတယ်၊ ဒါက ကြက်ဥမွှေကြော်တစ်လုံးပါ။
-
0:14 - 0:15ဒါပေမဲ့ ကြည့်လိုက်စဉ်မှာ
-
0:16 - 0:20ခင်ဗျား နည်းနည်း စိတ်မသက်
မသာဖြစ်မိမယ်လို့ မျှော်လင့်ပါတယ်။ -
0:21 - 0:25အကြောင်းက တကယ်ဖြစ်နေတာက
ကြက်ဥဟာ သူ့ဘာသာ ဖော်ထုတ်နေတာ -
0:25 - 0:27ခင်ဗျားတို့ သတိထားမိနိုင်လို့ပါ။
-
0:27 - 0:30အခုဆို အနှစ်နဲ့ အကာဟာ
ခွဲထွက်သွားတာ မြင်ရမှာပါ။ -
0:30 - 0:33အခု ဒါတွေကို ကြက်ဥထဲကို
ပြန်လောင်းထည့်တော့မှာပါ။ -
0:33 - 0:35ကျွန်တော်တို့ အားလုံးရဲ့
ရင်ထဲအသည်းထဲမှာ သိနေတာက -
0:35 - 0:38ဒါက စကြာဝဠာ အလုပ်လုပ်တဲ့ပုံ မဟုတ်ဘူးပေါ့။
-
0:39 - 0:43ကြက်ဥမွှေကြော်က ပျော့ပြဲတယ်၊
အရသာရှိပေမဲ့ ပျော့ပြဲတယ်လေ။ -
0:43 - 0:45ကြက်ဥတစ်လုံးဟာ လှပ၊ ဆန်းပြားတဲ့အရာပါ။
-
0:45 - 0:47ကြက်ကလေးတွေလို ပိုပြီးဆန်းပြားတာတွေတောင်
-
0:47 - 0:49ဖန်တီးနိုင်ပါတယ်။
-
0:49 - 0:51ကျွန်တော်တို့ ရင်ထဲအသည်းထဲက သိနေတာက
-
0:51 - 0:55စကြာဝဠာဟာ ပျော့ပြဲတာကနေ
ရှုပ်ထွေးမှုဆီ မသွားဘူးပေါ့။ -
0:55 - 0:58တကယ်က အူထဲက ဗီဇစိတ်ဟာ
-
0:58 - 1:00ရူပဗေဒရဲ့ အခြေခံအကျဆုံး နိယာမတစ်ခုကို
ရောင်ပြန်ဟပ်တာပါ။ -
1:01 - 1:03အပူနဲ့ အခြားစွမ်းအင်များ
ဆက်စပ်မှု ဒုတိယနိယာမပါ။ -
1:04 - 1:06အခြေခံအနေနဲ့ ဒါကပြောတာက
-
1:06 - 1:09စကြာဝဠာရဲ့ ယေဘုယျဖြစ်တတ်မှုဟာ
-
1:09 - 1:12စနစ်ကျမှု၊ ဖွဲ့စည်းတည်ဆောက်မှုကနေ
-
1:12 - 1:15စနစ်မဲ့၊ တည်ဆောက်မှုမဲ့တာဆီ ရွေ့တာပါတဲ့၊
-
1:15 - 1:17တကယ်တော့ ပျော့ပြဲမှုပါ။
-
1:17 - 1:20ဒါကြောင့် ဒီဗီဒီယိုက နည်းနည်းဆန်းတာပါ။
-
1:20 - 1:23ဒါပေမဲ့လည်း ကိုယ့်ဝန်းကျင်ကို ကြည့်ပါဦး၊
-
1:24 - 1:28ကိုယ့်ဝန်းကျင်မှာတွေ့ရတာက
မယုံနိုင်လောက်တဲ့ ရှုပ်ထွေးမှုပါ။ -
1:28 - 1:32Eric Beinhoker ခန့်မှန်းတာက
New York City တစ်ခုတည်းမှာတင် -
1:32 - 1:35SKU ခေါ် ထင်ရှားတဲ့ ကုန်ပစ္စည်း
၁၀ ဘီလီယံ ရောင်းဝယ်နေတယ်တဲ့။ -
1:36 - 1:40ဒါတွေဟာ ကမ္ဘာပေါ်က မျိုးစိတ်တွေရဲ့
အဆပေါင်းရာချီပြီး ရှိတယ်လေ။ -
1:40 - 1:44တစ်ခုချင်းအနေနဲ့ ခုနှစ်ဘီလီယံလောက်ရှိတဲ့
မျိုးစိတ်တွေရဲ့ ရောင်းဝယ်တာခံနေရတာပါ။ -
1:44 - 1:47ကြောက်မယ်ဖွယ် ရှုပ်ထွေးမှုရဲ့
ကမ္ဘာလုံးဆိုင်ရာ စနစ်တစ်ခုထဲမှာ -
1:47 - 1:51ကုန်သွယ်ရေး၊ ခရီသွားလာမှု၊ အင်တာနက်တွေ
နဲ့ ချိတ်ဆက်ထားတဲ့ သူတွေပါ။ -
1:53 - 1:54ဒီတော့ ဒီမှာအပူနဲ့ အခြား
-
1:55 - 2:00စွမ်းအင်တွေရဲ့ ဆက်စပ်မှု ဒုတိယနိယာမ
စိုးမိုးတဲ့ ကြီးမားတဲ့ ပဟေဠိပါ၊ -
2:00 - 2:01ကျွန်တော်ဖော်ပြလိုက်တဲ့
-
2:01 - 2:04ရှုပ်ထွေးမှုမျိုး၊ ခင်ဗျား၊ ကျွန်တော်နဲ့
ညီလာခံဗဟိုက -
2:04 - 2:08ကိုယ်စားပြုလိုက်တဲ့
ရှုပ်ထွေးမှုမျိုး ထုတ်ဖို့ -
2:08 - 2:10ဘယ်လို ဖြစ်နိုင်တာလဲ။
-
2:11 - 2:13ကဲ အဖြေဖြစ်ပုံရတာက
-
2:13 - 2:16စကြာဝဠာဟာ ရှုပ်ထွေးမှုကို ဖန်တီးနိုင်တယ်၊
-
2:16 - 2:18ဒါပေမဲ့ အင်မတန် ခက်ခဲမှုနဲ့ပါ။
-
2:19 - 2:20အိတ်ကပ်တွေထဲမှာ
-
2:20 - 2:22ပေါ်လာတာက ကျွန်တော့
လုပ်ဖော်ကိုင်ဖက် Fred Spier -
2:22 - 2:24ခေါ်တဲ့ "Goldilocks အခြေအနေတွေ" ပေါ့၊
-
2:24 - 2:26သိပ်မပူ၊ သိပ်မအေးတဲ့
-
2:26 - 2:29ရှုပ်ထွေးမှု ဖန်တီးခြင်းအတွက် အနေတော်ပေါ့။
-
2:29 - 2:31ပြီး နည်းနည်း ပိုရှုပ်ထွေးတဲ့
အရာတွေပေါ်လာတယ်။ -
2:31 - 2:34နည်းနည်း ပိုရှုပ်ထွေးတာတွေ
ရှိတဲ့နေရာမှာ -
2:34 - 2:36နည်းနည်း ပိုရှုပ်ထွေးတာတွေ
ရနိုင်တယ်လေ။ -
2:36 - 2:40ဒီနည်းနဲ့ ရှုပ်ထွေးမှုဟာ တစ်ဆင့်ပြီး
တစ်ဆင့် တည်ဆောက်တယ်။ -
2:41 - 2:43အဆင့်တိုင်းဟာ မှော်ဆန်ပါတယ်၊
-
2:43 - 2:47အကြောင်းက ဒါကနေ စကြာဝဠာရဲ့ ဘယ်
နေရာက ပေါ်လာမှန်း မသိရလောက်တဲ့ -
2:47 - 2:50လုံးဝကို အသစ်ဖြစ်တဲ့ တစ်ခုခုရဲ့
ထင်မြင်မှုကို ဖန်တီးလို့ပါ။ -
2:50 - 2:53ဒီကာလတွေကို မဟာသမိုင်းကြီးထဲမှာ
အစဦးကာလတွေလို့ ရည်ညွှန်းပါတယ်။ -
2:54 - 2:57အစဦးတိုင်းမှာ ခရီးတွင်မှုဟာ
ပိုခက်ထန်လာတယ်။ -
2:57 - 3:00ရှုပ်ထွေးတဲ့အရာတွေဟာ ပိုပြီး အထိမခံ၊
-
3:00 - 3:02ပိုပြီး ခံနိုင်ရည်မဲ့လာတယ်၊
-
3:02 - 3:06Goldilocks အခြေအနေတွေဟာ
ပိုပြီး ကျပ်တည်းလာကာ -
3:06 - 3:09ရှုပ်ထွေးမှုကို ဖန်တီးဖို့ ပိုခက်ခဲလာတယ်။
-
3:09 - 3:13ကဲ ကျွန်တော်တို့ဟာ အင်မတန်
ရှုပ်ထွေးတဲ့ သတ္တဝါတွေဖြစ်တဲ့အတွက် -
3:13 - 3:15ဒုတိယ နိယာမဆိုတာတောင်မှ စကြာဝဠာက
-
3:15 - 3:20ရှုပ်ထွေးမှုကို ဘယ်လိုဖန်ဆင်းတယ်ဆိုတဲ့
ဖြစ်ရပ်နဲ့ ဘာကြောင့် ရှုပ်ထွေးမှုဟာ -
3:20 - 3:25ခံနိုင်ရည်မဲ့မှုနဲ့ အထိမခံဖြစ်မှုလို့
ဆိုလိုတာကို သိဖို့ အသည်းအသန် လိုတယ်။ -
3:25 - 3:28ဒါကတော့ မဟာသမိုင်းမှာ
ကျွန်တော်တို့ပြောတဲ့ ဖြစ်ရပ်ပါ။ -
3:28 - 3:30ဒါပေမဲ့ ဒါပြောဖို့ အစမှာတော့
-
3:30 - 3:33လုံးဝ ဖြစ်နိုင်ပုံမရတဲ့
တစ်ခုခု လုပ်ဖို့လိုတာပေါ့။ -
3:33 - 3:36စကြာဝဠာရဲ့ သမိုင်းတစ်ခုလုံးကို
သုံးသပ်ဖို့လိုတယ်လေ။ -
3:37 - 3:38ဒီတော့ လုပ်ကြစို့ဗျာ။
-
3:39 - 3:41(ရယ်သံများ)
-
3:41 - 3:44အချိန်ပြမျဉ်းကို နောက်ကြောင်း
ပြန်တာနဲ့ စရအောင်။ -
3:44 - 3:47၁၃.ရ ဘီလီယံနှစ်၊
-
3:47 - 3:50အချိန်ဆိုတာရဲ့ အစပါ။
-
3:57 - 3:59ကိုယ့် ဝန်းကျင်မှာ ဘာမှမရှိဘူး၊
-
4:00 - 4:02အချိန်၊ နေရာတို့တောင် မရှိဘူးလေ။
-
4:03 - 4:07သင်တတ်နိုင်တဲ့ အမှောင်ဆုံး၊ ဟင်းလင်းပြင်
အဖြစ်ဆုံးကို စိတ်ကူးကြည့်ပြီး -
4:07 - 4:10အသင်္ချေကိန်းနဲ့ သုံးထပ်တင်လိုက်၊
ဒါ ကျွန်တော်တို့ ရှိတဲ့နေရာပါ။ -
4:11 - 4:13ဒီနောက် ရုတ်တရက်ပဲ
-
4:13 - 4:14ဝုန်းကနဲ၊
-
4:14 - 4:16စကြာဝဠာပေါ်လာတယ်၊ စကြာဝဠာ တစ်ခုလုံးပါ။
-
4:16 - 4:18ပထမဆုံး အစအဦးကို ဖြတ်ကြတယ်။
-
4:18 - 4:21စကြာဝဠာက ပိစိလေးပါ၊ အက်တမ်ထက် ပိုသေးတယ်။
-
4:21 - 4:22မယုံနိုင်အောင်ကို ပူတယ်။
-
4:22 - 4:25ယနေ့ စကြာဝဠာမှာ ရှိတာ အားလုံးပါတယ်၊
-
4:25 - 4:26ဒါဆို မြင်နိုင်ပြီလေ၊ ကျိုးပဲ့နေတယ်။
-
4:26 - 4:29မယုံနိုင်တဲ့ အမြန်နှုန်းနဲ့
ပြန့်ထွက်နေတယ်။ -
4:29 - 4:31ဒါနဲ့ အစမှာ မှုန်ဝါးဝါးပါပဲ၊
-
4:31 - 4:34ဒါပေမဲ့ မြန်မြန်ပဲ ဒီမှုန်ဝါးမှုမှာ
ထင်ရှားတဲ့ အရာတွေ စပေါ်လာတယ်။ -
4:34 - 4:36ပထမစက္ကန့်အတွင်းမှာ
-
4:36 - 4:39စွမ်းအင်ဟာ လျှပ်စစ်သံလိုက်နဲ့
ကမ္ဘာ့ဆွဲအား အပါအဝင် ထင်ရှားတဲ့ -
4:39 - 4:42အားတွေအဖြစ် ၎င်းဘာသာ အစိတ်စိတ်ကွဲသွားတယ်။
-
4:42 - 4:45စွမ်းအင်က မှော်ဆန်တဲ့ အခြားတစ်မျိုး
လုပ်လိုက်တယ်၊ -
4:45 - 4:48ဒြပ်ဖြစ်တည်ဖို့ ပျစ်ခဲသွားတယ်၊
-
4:48 - 4:50ဒြပ်မှုန်တွေက ပရိုတွန်နဲ့ အီလက်ထရွန်ပါတဲ့
-
4:50 - 4:52လက်ပတွန်တွေကို ဖန်တီးလိမ့်မယ်။
-
4:52 - 4:54ဒါအားလုံးဟာ ဒုတိယစက္ကန့်မှာ ဖြစ်ပွားတာပါ။
-
4:54 - 4:59အခု နှစ်ပေါင်း ၃၈၀၀၀၀
ရှေ့ကိုရွှေ့လိုက်တယ်။ -
4:59 - 5:03ဒါက လူသားတွေ ဂြိုဟ်ပေါ်မှာ
တည်ရှိတဲ့ ကြာချိန်ရဲ့ နှစ်ဆပါ။ -
5:03 - 5:07အခု ဟိုက်ဒြိုဂျင်နဲ့ ဟေလီယံရဲ့
ရိုးစင်းတဲ့ အက်တမ်တွေပေါ်လာတယ်။ -
5:09 - 5:10အခု ခဏလောက် ရပ်လိုက်ချင်ပါတယ်၊
-
5:10 - 5:13စကြာဝဠာ အစရဲ့ နောက်မှာ
နှစ် ၃၈၀၀၀၀ အကြာမှာပါ၊ -
5:13 - 5:17အကြောင်းက ဒီအဆင့်က စကြာဝဠာ
အကြောင်းတော်တော်မျာများက သိကြလို့ပါ။ -
5:18 - 5:20အထက်ကအားလုံးဟာ အင်မတန်
ရိုးစင်းတယ်လို့ သိကြပါတယ်၊ -
5:20 - 5:24ဒီမှာ ဟိုက်ဒြိုဂျင်နဲ့ ဟေလီယံ အက်တမ်တွေ
ရဲ့ ကြီးမားတဲ့ တိမ်စိုင်တွေပါဝင်ပြီး -
5:24 - 5:26၎င်းတို့မှာ တည်ဆောက်ပုံ မရှိကြပါဘူး။
-
5:26 - 5:29တကယ်တဲ့ ကော့စမစ် ပျော့ပြဲတာမျိုးပါ။
-
5:29 - 5:31ဒါပေမဲ့ အပြည့်အဝတော့ မမှန်ဘူး။
-
5:31 - 5:33မကြာခင်က ဂြိုဟ်ထုလေ့လာမှုတွေ
-
5:33 - 5:36ဖြစ်တဲ့ WMAP ဂြိုဟ်တုလိုကနေ ပြတာက
-
5:36 - 5:37တကယ်ကျတော့ ဒီနောက်ခံမှာ
-
5:37 - 5:40၎င်းတို့ဟာ မဆိုစလောက်ပဲ ကွဲပြားတာပါတဲ့။
-
5:40 - 5:42ဒီမှာ တွေ့ရတာက
-
5:42 - 5:46အပြာရောင် နေရာတွေဟာ အနီရောင်
နေရာတွေထက် တစ်ထောင်ပုံ -
5:46 - 5:48တစ်ပုံ ပိုအေးပါတယ်။
-
5:48 - 5:49သေးငယ်တဲ့ ခြားနားမှုတွေပါ၊
-
5:49 - 5:51ဒါပေမဲ့ စကြာဝဠာကို ရှုပ်ထွေးမှု
တည်ဆောက်ခြင်း -
5:51 - 5:53နောက်အဆင့်ကို ရွှေ့ဖို့တော့ လုံလောက်တယ်။
-
5:53 - 5:55ဒါက အလုပ်လုပ်ပုံပါ။
-
5:56 - 6:00ကမ္ဘာမြေဆွဲအားဆိုတာ ဒြပ်ဝတ္ထု ပိုရှိရင်
အားပိုကောင်းပါတယ်။ -
6:01 - 6:03ဒီတော့ နည်းနည်း ပိုသိပ်သည်းတဲ့ နေရာတွေမှာ
-
6:03 - 6:07ကမ္ဘာမြေဆွဲအားက ဟိုက်ဒြိုဂျင်နဲ့ ဟေလီယံ
အက်တမ်တွေရဲ့ တိမ်တွေကို စကျစ်တယ်။ -
6:07 - 6:10ဒီတော့ အစဦး စကြာဝဠာရဲ့ သန်းထောင်ချီ
ကွဲနေတဲ့ တိမ်တွေကို မြင်ယောင်လို့ရတယ်။ -
6:10 - 6:12တိမ်စတိုင်းဟာ ကျစ်နေတယ်၊
-
6:12 - 6:15သိပ်သည်းမှု တိုးလာလေ
ကမ္ဘာမြေဆွဲအား ပိုပြင်းလာလေ၊ -
6:15 - 6:18တိမ်တစ်ခုချင်းရဲ့ ဗဟိုချက်မှာ
အပူချိန်စမြင့်လာတယ်၊ -
6:18 - 6:20နောက် အလယ်ဗဟိုမှာ
-
6:20 - 6:23အပူချိန်ဟာ ဒီဂရီ ဆယ်သန်းရှိတဲ့ အဦးအစ
-
6:23 - 6:24အပူချိန်ကို ဖြတ်တယ်၊
-
6:24 - 6:27ပရိုတွန်တွေ စပေါင်းစပ်ပြီး
-
6:27 - 6:29ကြီးမားတဲ့ စွမ်းအင်ကို ထုတ်လွှင့်ပေးတယ်။
-
6:29 - 6:30ပြီးတော့...
-
6:30 - 6:31ဝုန်း။
-
6:31 - 6:33ပထမဆုံး ကြယ်တွေရတာပေါ့။
-
6:34 - 6:38မဟာပေါက်ကွဲမှုနောက် နှစ်သန်း ၂၀၀ ကနေ
-
6:38 - 6:41စကြာဝဠာတစ်လျှောက် ကြယ်တွေ စပေါ်လာတယ်၊
-
6:41 - 6:42သန်းထောင်ချီတာပေါ့။
-
6:42 - 6:45အခုတော့ စကြာဝဠာဟာ သိသာစွာ
ပိုစိတ်ဝင်စားစရာကောင်းလာ၊ -
6:45 - 6:46ပိုရှုပ်ထွေးလာပါတယ်။
-
6:48 - 6:51အစအဦး အသစ် နှစ်ခုကို ဖြတ်သန်း
ခြင်းအတွက် ကြယ်တွေဟာ Goldilocks -
6:51 - 6:53အခြေအနေတွေ ဖန်တီးလိမ့်မယ်။
-
6:53 - 6:56အရမ်းကြီးမားတဲ့ ကြယ်တွေကြွေတဲ့အခါ
-
6:56 - 6:58သူတို့ဖန်တီးတဲ့ အပူချိန်ဟာ
အရမ်းမြင့်လွန်းတော့ -
6:58 - 7:02ပရိုတွန်တွေဟာ ဒြပ်စဉ်ပြဇယားရဲ့
ဒြပ်စင်အားလုံးကို ဖွဲ့စည်းဖို့ -
7:02 - 7:05ဆန်းပြားတဲ့ ပေါင်းစပ်ခြင်းမျိုးစုံနဲ့
စတင်ပေါင်းစပ်တယ်။ -
7:05 - 7:07ကျွန်တော့လို ရွှေလက်စွပ်တစ်ကွင်း ဝတ်ထားရင်
-
7:07 - 7:10ဒါဟာ ဆူပါနိုဗာ ပေါက်ကွဲခြင်းထဲမှာ
ကျိုခံရတယ်။ -
7:11 - 7:14ကဲအခုတော့ စကြာဝဠာဟာ ဓာတုပိုင်းးအရ
ပိုရှုပ်ထွေးတယ်။ -
7:14 - 7:16ဓာတုပိုင်းးအရ ပိုရှုပ်ထွေးတဲ့
စကြာဝဠာထဲမှာ -
7:16 - 7:19ပိုမိုတဲ့ အရာတွေ ဖန်တီးဖို့
ဖြစ်နိုင်ပါတယ်။ -
7:19 - 7:22စတင်ဖြစ်ပျက်နေတာက သက်တမ်းနု နေတွေနဲ့၊
-
7:22 - 7:24သက်တမ်းနု ကြယ်တွေ တစ်ဝိုက်မှာ
-
7:24 - 7:26ဒီဒြပ်စင်အားလုံး ပေါင်းစပ်တယ်၊
ပတ်ချာလည်တယ်၊ -
7:26 - 7:29ကြယ်ရဲ့စွမ်းအင်က ၎င်းတို့
ပတ်ချာလည်အောင် မွှေပေးတယ်၊ -
7:29 - 7:34ဒြပ်မှုန်တွေဖွဲ့တယ်၊ ဆီးနှင်းမှုန်တွေ
ဖွဲ့တယ်၊ သေးငယ်တဲ့ မြူမှုန်တွေ ဖွဲ့တယ်။ -
7:34 - 7:36ကျောက်တုံးတွေဖွဲ့တယ်၊
ဂြိုဟ်သိမ်တွေဖွဲ့ပြီး -
7:36 - 7:39နောက်ဆုံးမတော့ ဂြိုဟ်တွေ၊ လတွေဖွဲ့ကြတယ်။
-
7:39 - 7:42ဒါက လွန်ခဲ့တဲ့နှစ်ဘီလီယံပေါင်း လေးသန်းခွဲက
-
7:42 - 7:44ကျွန်တော်တို့ နေအဖွဲ့အစည်း ဖြစ်လာပုံပါ။
-
7:45 - 7:51ကမ္ဘာလို ကျောက်ထူတဲ့ ဂြိုဟ်တွေဟာ
ကြယ်တွေထက် သိသာစွာ ပိုရှုပ်ထွေးကြတယ်၊ -
7:51 - 7:53အကြောင်းက ပိုများပြား မျိုးစုံတဲ့
ဒြပ်ဝတ္ထုတွေပါဝင်လို့ပါ။ -
7:53 - 7:56ဒီတော့ ရှုပ်ထွေးမှုရဲ့ စတုတ္ထ
အစကို ဖြတ်သန်းပြီးပါပြီ။ -
7:58 - 8:00ကဲ ခရီးတွင်မှုက ပိုကြမ်းတမ်းလာတယ်။
-
8:01 - 8:05နောက်တစ်ဆင့်မှာ သိသာစွာ ပိုကွဲလွယ်၊
သိသာစွာ ပိုခုခံနိုင်မှုမရှိတဲ့ -
8:05 - 8:07သီးခြားရပ်တည်တာတွေကို နိဒါန်းပျိုးပါတယ်။
-
8:07 - 8:10ဒါပေမဲ့ ၎င်းတို့ဟာ
အများကြီးလည်း ပိုဖန်တီးနိုင်ပြီး -
8:10 - 8:13ဒီထက် ရှုပ်ထွေးမှုကို ထုတ်လုပ်ခြင်းမှာ
အများကြီး ပိုစွမ်းတယ်။ -
8:13 - 8:17တကယ်တော့ ကျွန်တော်ပြောနေတာက
သက်ရှိ ဇီဝရုပ်တွေပါ။ -
8:17 - 8:20သက်ရှိဇီဝရုပ်တွေဟာ ဓာတ်သဘောနဲ့ ဖန်ဆင်းတာပါ။
-
8:20 - 8:22ကျွန်တော်တို့ဟာ ဓာတုပစ္စည်းထုပ်ကြီးတွေပါ။
-
8:23 - 8:26ဓာတ်သဘောဟာ လျှပ်စစ်သံလိုက်
စွမ်းအားရဲ့ လွှမ်းမိုးမှုအောက်မှာပါ။ -
8:26 - 8:28ကမ္ဘာ့ဆွဲအားထက် ပိုသေးတဲ့ပမာဏမှာ လည်ပတ်တာက
-
8:28 - 8:32ကျွန်တော်တို့တွေဟာ ကြယ်တွေ၊ ဂြိုဟ်
တွေထက် ပိုသေးတဲ့ အကြောင်းကို ရှင်းပြပါတယ်။ -
8:33 - 8:35ကဲ ဓာတ်သဘောရဲ့ စံအခြေအနေတွေက ဘာတွေလဲ။
-
8:36 - 8:37Goldilocks အခြေအနေတွေက ဘာတွေလဲ။
-
8:37 - 8:40ပထမဆုံးက သင်ဟာ စွမ်းအင်လိုအပ်တယ်။
-
8:40 - 8:41အများကြီးတော့ မဟုတ်ဘူး။
-
8:41 - 8:44ကြယ်တစ်လုံးရဲ့ ဗဟိုမှာ စွမ်းအင်က
များလွန်းတော့ -
8:44 - 8:47ပေါင်းစပ်တဲ့ ဘယ်အက်တမ်ကိုမဆို
တစ်ဖန်ပြန် ကွာသွားစေလိမ့်မယ်။ -
8:47 - 8:48အနည်းကြီးတော့ မဟုတ်ဘူး။
-
8:48 - 8:50စကြာဝဠာတွေ အကြားမှာ
-
8:50 - 8:53စွမ်းအင်ဟာ အက်တမ်တွေ ပေါင်းစည်းရန်
မလုံလောက်ပါဘူး။ -
8:53 - 8:55လိုတာက အနေတော်လောက်ဖြစ်ပြီး
-
8:55 - 8:57ဂြိုဟ်တွေဟာ အတော်လောက် ဖြစ်သွားတာကတော့
-
8:57 - 9:00၎င်းတိုဟာ ကြယ်တွေနဲ့ နီးပေမဲ့
အနီးကြီးမဟုတ်လို့ပါ။ -
9:00 - 9:04ဓာတုဒြပ်စင်တွေရဲ့အမျိုးစုံမှု
အများကြီးလည်း လိုအပ်ပါတယ်၊ -
9:04 - 9:07ပြီးတော့ ရေလိုမျိုး အရည်တွေလိုပါတယ်။
-
9:07 - 9:08ဘာကြောင့်လဲ။
-
9:08 - 9:12ဓာတ်ငွေ့တွေထဲမှာ အက်တမ်တွေ အချင်းချင်း
ဖြတ်ရွေ့တာ အရမ်းမြန်လွန်းတော့ -
9:12 - 9:13ရပ်တန့်မသွားနိုင်ကြပါဘူး။
-
9:14 - 9:15အခဲတွေထဲမှာ
-
9:15 - 9:18အက်တမ်တွေဟာ အတူတူ ကပ်နေတယ်၊ ရွေ့လို့မရဘူး။
-
9:18 - 9:20အရည်ထဲမှာ
-
9:20 - 9:23လှည့်ပတ်၊ ပူးကပ်နေပြီး
-
9:23 - 9:25မော်လီကျူးဖွဲ့ဖို့အတွက် ချိတ်ဆက်ကြတယ်။
-
9:26 - 9:28ကဲ Goldilocks အခြေအနေလိုမျိုးတွေ
ဘယ်မှာ တွေ့လဲ။ -
9:29 - 9:31အင်း ဂြိုဟ်တွေဟာ ကြီးကျယ်တယ်၊
-
9:31 - 9:34ကျွန်တော်တို့ရဲ့ အစောပိုင်း
ကမ္ဘာမြေဟာ ပြည့်စုံလုနီးပါးပါ။ -
9:35 - 9:37ဧရာမ သမုဒ္ဒရာကြီးတွေရဲ့ ရေထုကို သိုထားဖို့
-
9:37 - 9:39၎င်းရဲ့ကြယ်ကနေ သင့်တင့်တဲ့ အကွာအဝေးမှာပါ။
-
9:39 - 9:41ဒီသမုဒ္ဒရာတွေရဲ့ အောက်ခြေ၊
-
9:41 - 9:43ကမ္ဘာ့အပြင်လွှာရဲ့ အက်ကြောင်းတွေမှာ
-
9:43 - 9:46ကမ္ဘာ့အတွင်းပိုင်းက စိမ့်တက်လာတဲ့
အပူဓာတ်ရှိပြီး -
9:46 - 9:48များပြား စုံလင်တဲ့ ဒြပ်စင်တွေရှိပါတယ်။
-
9:48 - 9:51ဒီတော့ ဒီနက်ရှိုင်းတဲ့ သမုဒ္ဒရာလေဝင်
လေထွက်ပေါက်တွေမှာ -
9:51 - 9:53ဆန်းကြယ်တဲ့ ဓာတ်သဘော စတင်ဖြစ်ပေါ်ပြီး၊
-
9:53 - 9:56အက်တမ်တွေဟာ ဆန်းပြားတဲ့
ပေါင်းစပ်ခြင်းမျိုးစုံနဲ့ ပေါင်းစပ်တယ်။ -
9:57 - 10:01ဒါပေမဲ့ တကယ်က ဇီဝဓာတ်ဟာ
ဆန်းပြားတဲ့ ဓာတ်သဘောထက် ပိုပါတယ်။ -
10:02 - 10:06ဒီရှင်သန်ပုံရတဲ့ ဧရာမ မော်လီကျူးတွေကို
တည်ငြိမ်အောင် -
10:06 - 10:07ဘယ်လိုလုပ်လဲ။
-
10:08 - 10:12ကဲ ဒီမှာက ဇီဝဓာတ်ဟာ လုံးဝအသစ်ဖြစ်တဲ့
ပရိယာယ်ကို မိတ်ဆက်ပါတယ်။ -
10:13 - 10:15တစ်ခုချင်းကို တည်ငြိမ်အောင် မလုပ်ဘူး၊
-
10:16 - 10:18အချက်အလက်ကို သယ်ဆောင်တဲ့ အရာ
-
10:18 - 10:20ပုံစံပြားကို တည်ငြိမ်အောင်လုပ်ပြီး
-
10:20 - 10:22ပုံစံပြားကို ၎င်းဘာသာ
ကူးခွင့်ပေးလိုက်ပါတယ်။ -
10:22 - 10:25DNA ဟာ တကယ်တော့ အချက်အလက်တွေ
-
10:25 - 10:28ပါဝင်တဲ့ လှပတဲ့ မော်လီကျူးပါ၊
-
10:28 - 10:30သင်တို့ဟာ DNA ရဲ့ ခရုပတ် နှစ်ထပ်နဲ့
အကျွမ်းဝင်လာပါလိမ့်မယ်။ -
10:30 - 10:33လှေကားဆန်တိုင်းမှာ အချက်အလက်ပါဝင်ပါတယ်။
-
10:33 - 10:37ဒီတော့ DNA မှာ သက်ရှိဇီဝရုပ် ဖန်းတီးပုံ
အကြောင်း အချက်အလက်ပါဝင်ပါတယ်။ -
10:38 - 10:40ပြီးတော့ DNA ဟာ ၎င်းဘာသာလည်း ကူးယူပါတယ်။
-
10:40 - 10:41ဒီတော့ ၎င်းဘာသာကူးယူပြီး
-
10:41 - 10:44ပုံစံပြားတွေကို သမုဒ္ဒရာကနေ ကြဲလိုက်ပါတယ်။
-
10:44 - 10:46ဒါနဲ့ အချက်အလက် ပျံ့သွားတယ်။
-
10:46 - 10:48အချက်အလက်က ဇာတ်လမ်းရဲ့
အစိတ်အပိုင်းဖြစ်လာတာ ဂရုပြုပါ။ -
10:49 - 10:53ဒါပေမဲ့DNA ရဲ့ တကယ့်အလှက ၎င်းရဲ့
မပြည့်စုံခြင်းတွေထဲမှာပါ။ -
10:53 - 10:56၎င်းဘာသာ ကူးယူတယ်၊ သန်းထောင်ချီတဲ့
လှေကားဆန်တိုင်းမှာ တစ်ကြိမ် -
10:56 - 10:58အမှတ်တစ်ခု ဖြစ်တတ်ပါတယ်။
-
10:58 - 11:03ဒါကဆိုလိုတာက DNA ဟာ
စင်စစ်တော့ သင်ယူနေတာပါ။ -
11:03 - 11:06သက်ရှိဇီဝရုပ်တွေ ဖန်တီးဖို့ နည်းသစ်တွေ
စုဆောင်းခြင်းပါ၊ အကြောင်းက -
11:06 - 11:08တစ်ချို့အမှားတွေက အလုပ်လုပ်လို့ပါ။
-
11:08 - 11:09ဒီတော့ DNA ဟာသင်ယူနေပြီး
-
11:09 - 11:12ပိုများတဲ့စုံလင်မှု၊ ပိုကြီးကျယ်တဲ့
ရှုပ်ထွေးမှုကို တည်ဆောက်နေတာပါ။ -
11:12 - 11:16ဒီဖြစ်ပျက်တာတွေကို ပြီးခဲ့တဲ့
လေးဘီလီယံ နှစ်တွေမှာ မြင်နိုင်ပါတယ်။ -
11:16 - 11:18ကမ္ဘာပေါ်က ဇီဝဓာတ်ရဲ့ အဲဒီအချိန်အများစုမှာ
-
11:18 - 11:20သက်ရှိဇီဝရုပ်တွေဟာ အတော်ရိုးစင်းပါတယ်။
-
11:20 - 11:22ဆဲလ်တစ်ခုတည်းပါ။
-
11:22 - 11:25ဒါပေမဲ့ အမျိုးစုံလှပြီး အတွင်းဘက်မှာ
အင်မတန် ရှုပ်ထွေးပါတယ်။ -
11:25 - 11:28ဒီနောက် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း
၆၀၀ ကနေ ဂ၀၀ မှာ -
11:28 - 11:30ဆဲလ်မျိုးစုံပါတဲ့ ဇီဝရုပ်တွေပေါ်လာတယ်။
-
11:30 - 11:33မှိုတွေရှိလာတယ်၊ ငါးတွေရှိလာတယ်။
-
11:33 - 11:34အပင်တွေရှိလာတယ်။
-
11:35 - 11:37ကုန်းနေ ရေနေသတ္တဝါတွေ၊
တွားသွား သတ္တဝါတွေနဲ့ -
11:37 - 11:40နောက်ပြီး တကယ့်ကို
ဒိုင်နိုဆောတွေ ရှိလာပါတယ်။ -
11:41 - 11:43တစ်ခါတစ်လေတော့ ကပ်ဘေးတွေရှိပါတယ်။
-
11:44 - 11:47လွန်ခဲ့တဲ့ နှစ် ၆၅ သန်းက
-
11:47 - 11:49ကမ္ဘာပေါ်ကို ဂြိုဟ်သိမ်တစ်လုံး ကျခဲ့တယ်၊
-
11:49 - 11:51Yucatan Penisula အနီးမှာပါ၊
-
11:51 - 11:54အဏုမြူစစ်ပွဲနဲ့ တူတဲ့
အခြေအနေမျိုးတွေကို ဖန်တီးရင်း၊ -
11:54 - 11:55ဒိုင်နိုဆောတွေဟာ ရှင်းထုတ်ခံလိုက်ရတယ်။
-
11:56 - 11:59ဒိုင်နိုဆောတွေအတွက် သတင်းဆိုးကြီးပါ။
-
11:59 - 12:03ဒါပေမဲ့ ကျွန်တော်တို့ နို့တိုက်သတ္တဝါ
ဘိုးဘေးတွေအတွက် သတင်းကောင်းပေါ့။ -
12:03 - 12:04ဒိုင်နိုဆောတွေကနေ
-
12:04 - 12:08လွတ်ကျန်ခဲ့တဲ့ ကလိုင်တွေထဲမှာ
စည်ပင်ခဲ့သူတွေပါ။ -
12:08 - 12:13ကျွန်တော်တို့ လူသားတွေဟာ လွန်ခဲ့တဲ့
နှစ် ၆၅ သန်းက ဂြိုဟ်သိမ်တစ်လုံး -
12:13 - 12:15ကျခြင်းနဲ့ ဖန်တီနိုင်စွမ်းရှိတဲ့
ဆင့်ကဲ့ဖြစ်စဉ် -
12:15 - 12:17တုန်ခါမှုရဲ့ အပိုင်းဖြစ်ပါတယ်။
-
12:19 - 12:21လူသားတွေဟာ လွန်ခဲ့တဲ့နှစ် နှစ်သိန်းက
ပေါ်လာခဲ့ပါတယ်။ -
12:21 - 12:26ဒီဖြစ်ရပ်ကြီးထဲက အဦးအစအဖြစ်
ကျွန်တော်တို့ မှတ်ယူတယ်လို့ ယုံကြည်တယ်။ -
12:26 - 12:27အကြောင်းကို ရှင်းပြပါရစေ။
-
12:27 - 12:30DNA ဟာ အာရုံသိစိတ်ကို သင်ယူတာ၊
အချက်အလက်ကို -
12:30 - 12:32စုဆောင်းတာကို သိမြင်ကြပါပြီ။
-
12:32 - 12:34ဒါပေမဲ့ အရမ်းကို နှေးပါတယ်။
-
12:35 - 12:38DNA ဟာ ကျပန်းအမှားတွေကို
ကျော်လွှင်းရင်း အချက်အလက်ကို စုဆောင်းတယ်၊ -
12:38 - 12:40ဒီအမှားတွေထဲက တစ်ချို့ဟာ အလုပ်ဖြစ်လာတယ်။
-
12:41 - 12:44ဒါပေမဲ့ DNA ဟာ ပိုမြန်တဲ့
သင်ယူနည်းကို ထုတ်လုပ်ပေးတယ်၊ -
12:44 - 12:47ဦးနှောက်တွေပါတဲ့
ဇီဝရုပ်တွေ ထုတ်လုပ်ပေးပြီး -
12:47 - 12:50ဒီဇီဝရုပ်တွေဟာ ဖြစ်ပျက်စဉ်မှာ
သင်ယူနိုင်ပါတယ်။ -
12:50 - 12:52အချက်အလက်တွေ စုဆောင်းတယ်၊ သင်ယူတယ်။
-
12:52 - 12:55စိတ်မကောင်းစရာက သူတို့သေတဲ့အခါ
-
12:55 - 12:57အချက်အလက်လည်း ရောသေသွားတာပါ။
-
12:57 - 13:01ကဲ လူသားတွေကို ကွဲပြားအောင်လုပ်
တာက လူသားဘာသာစကားပါ။ -
13:01 - 13:04ကျွန်တော်တို့ဟာ ဆက်သွယ်ရေးစနစ်၊
ဘာသာစကားကို ရရှိခဲ့ကြတယ် -
13:04 - 13:07အရမ်း အားကောင်းပြီး တိကျလွန်းတော့
-
13:07 - 13:10ကျွန်တော်တို့သိတာကို အဲသလောက်
အနုစိတ် မျှဝေနိုင်ပါတယ်၊ -
13:10 - 13:13ဒါက စုပေါင်း မှတ်ဉာဏ်ထဲမှာ
စုဆောင်းမိလာနိုင်ပါတယ်။ -
13:13 - 13:14ဆိုလိုတာက
-
13:14 - 13:18ဒါက အချက်အလက်တွေကို သင်ယူခဲ့တဲ့
တစ်ဦးချင်းစီကို သက်တမ်းရှည်စေနိုင်ပြီး -
13:18 - 13:21မျိုးဆက်တစ်ခုက တစ်ခုကို
စုစည်းလွှဲပြောင်းနိုင်တာပါ။ -
13:21 - 13:25ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ မျိုးစိတ်
တစ်ခု အနေနဲ့ သိပ်ဖန်တီးနိုင် -
13:25 - 13:27သိပ်စွမ်းအားရှိပြီး သမိုင်းတစ်ရပ်ရှိတာပါ။
-
13:28 - 13:31ကျွန်တော်တို့ဟာ နှစ်သန်း လေးထောင်မှာ
ဒီလိုဆုလာဘ်ကို ရထားတဲ့ မျိုးစိတ် -
13:31 - 13:32တစ်ခုတည်း ဖြစ်ပုံရပါတယ်။
-
13:33 - 13:36ဒီအရည်အသွေးကို စုပေါင်းသင်ယူခြင်း
လို့ခေါ်ပါတယ်။ ကျွန်တော်တို့ကို -
13:37 - 13:38ခွဲခြားပေးတဲ့အရာပါ။
-
13:38 - 13:42ဒါကို လူ့သမိုင်းရဲ့ ရှေးဦးအဆင့်တွေက
အလုပ်ခွင်မှာ မြင်နိုင်ပါတယ်။ -
13:43 - 13:46Africa က မြက်ခင်းပြင်တွေမှာ မျိုးစိတ်
အဖြစ် ဆင့်ကဲပြောင်းလဲခဲ့ပေမဲ့ -
13:46 - 13:49နောက်တော့ ဝန်းကျင်သစ်တွေကို
လူသားတွေ ရွေ့ပြောင်းတာကို မြင်ရပါတယ်။ -
13:49 - 13:52ကန္တာရတွေ၊ တောနက်တွေထဲကို
-
13:52 - 13:54Siberia ရဲ့ တန်ဒြာ ရေခဲခေတ်ထဲကို၊
-
13:54 - 13:56ကြမ်းတမ်းတဲ့ ဝန်းကျင်တွေ
-
13:56 - 13:58Americas နဲ့ Australasia တွေကိုပါ။
-
13:58 - 14:00ပြောင်းရွှေ့မှုတိုင်း သင်ယူခြင်းပါဝင်ပါတယ်
-
14:00 - 14:02ဝန်းကျင်ကို အသုံးချခြင်း
နည်းသစ်တွေကို သင်ယူခြင်း၊ -
14:03 - 14:05၎င်းတို့ဝန်းကျင်နဲ့ ပတ်သက်ခြင်း
နည်းသစ်တွေပါ။ -
14:05 - 14:07ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၁၀၀၀၀ က
-
14:07 - 14:10ရေခဲခေတ်အကုန်နဲ့အတူ ကမ္ဘာ့ရာသီဥတု
ရုတ်တရက် ပြောင်းလဲခြင်းကို -
14:10 - 14:11အသုံးချခြင်းဟာ
-
14:11 - 14:13လူသားတွေ လယ်ယာလုပ်ဖို့ သင်ယူတာပါ။
-
14:13 - 14:16လယ်ယာလုပ်ခြင်းဟာ စွမ်းအင် ပွပေါက်ကြီးပါ။
-
14:16 - 14:20စွမ်းအင်အသုံးချခြင်းဟာ လူဦးရေကို
တိုးပွားစေခဲ့တယ်။ -
14:20 - 14:23လူသားအဖွဲ့အစည်းတွေဟာ ကြီးမားလာ၊
ထူထပ်လာပြီး ဆက်သွယ်မှု ပိုများလာတယ်။ -
14:24 - 14:27ဒီနောက် လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်ကနေ
-
14:27 - 14:29လူသားတွေဟာ သင်္ဘောတွေ၊ ရထားတွေ၊
-
14:29 - 14:32ကြေးနန်းတွေ၊ အင်တာနက်တွေကနေ
-
14:32 - 14:34တစ်ကမ္ဘာလုံးကို ချိတ်ဆက်လာပြီး
-
14:34 - 14:39ယခုထိကျွန်တော်တို့ဟာ သန်း ၇၀၀၀ နီးပါး
ရှိတဲ့ လူတဦးချင်းစီရဲ့ တစ်ခုတည်းသော -
14:39 - 14:41ကမ္ဘာလုံးဆိုင်ရာ ဦးနှောက်ဖွဲ့ပုံရနေတယ်။
-
14:41 - 14:45ဒီဦးနှောက်ဟာ မယုံနိုင်ဖွင်
အဟုန်နဲ့ သင်ယူနေတယ်။ -
14:45 - 14:48နောက် လွန်ခဲ့တဲ့ နှစ် ၂၀၀ အတွင်း
နောက်တစ်ခု ဖြစ်ခဲ့တယ်။ -
14:48 - 14:51ရုပ်ကြွင်းလောင်စာတွေထဲက
နောက်ထပ် စွမ်းအင် -
14:51 - 14:52ပွပေါက် တိုးမိခဲ့တယ်။
-
14:52 - 14:54ဒါနဲ့ ရုပ်ကြွင်းလောင်စာတွေနဲ့
စုပေါင်းသင်ယူခြင်းက -
14:54 - 14:58ကျွန်တော်တို့ တစ်ဝိုက်က မြင်ရတဲ့
အံ့သြဖွယ်ရာ ရှုပ်ထွေးမှုကို ရှင်းပြပါတယ်။ -
15:01 - 15:02ဒီတော့
-
15:03 - 15:05ဟောဒီမှာပါ၊
-
15:05 - 15:06ညီလာခံ ဗဟိုနေရာကို ပြန်ရအောင်။
-
15:06 - 15:11ခရီးတစ်ခု နှင်ပြီးပါပြီ၊
နှစ် ၁၃.ရ ဘီလီယံ အပြန်ခရီးပါ။ -
15:12 - 15:14စွမ်းအားရှိတဲ့ဖြစ်ရပ်လို့ သဘောတူတယ်
မျှော်လင့်ပါတယ်။ -
15:14 - 15:19ဒီမှာ လူသားဟာ အံ့ဖွယ်ရာ၊ ဖန်တီးနိုင်တဲ့
အခန်းက ပါဝင်တဲ့ ဖြစ်ရပ်ပါ။ -
15:19 - 15:21သတိပေးချက်တွေလည်း ပါဝင်ပါတယ်။
-
15:22 - 15:27စုပေါင်းသင်ယူခြင်းဟာ အရမ်း
အစွမ်းထက်တဲ့ အင်အားဖြစ်ပြီး -
15:27 - 15:31ဒါကို ကျွန်တော်တို့ လူသားတွေ တာဝန်ရှိလား
ဆိုတာတော့ မသဲကွဲပါဘူး။ -
15:32 - 15:35Cuban Missile Crisis ကို ဖြတ်သန်းရင်း
အင်္ဂလန်မှာ ကြီးပြင်းတဲ့ -
15:35 - 15:37ကလေးဘဝကို အရှင်းကြီး မှတ်မိတယ်။
-
15:38 - 15:41ရက်အနည်းငယ်ကြာ သက်ရှိကမ္ဘာတစ်ခုလုံးဟာ
-
15:41 - 15:44ပျက်စီးလုလု အခြေအနေ ဆိုက်ရောက်နေပုံပါ။
-
15:44 - 15:47အလားတူ လက်နက်တွေ ဒီမှာ ရှိနေဆဲဖြစ်ပြီး
-
15:47 - 15:49လက်နက်ဆင်ထားတုန်းပါ။
-
15:50 - 15:53ဒီထောင်ချောက်ကို ရှောင်နိုင်ရင်
အခြားတွေကို တွေ့ရဦးမှာပါ။ -
15:53 - 15:56ဒီလောက်နှုန်းနဲ့ ရုပ်ကြွင်းလောင်စာတွေကို
ရှို့နေကြတယ် -
15:56 - 15:59ကျွန်တော်တို့ဟာလွန်ခဲ့တဲ့ နှစ် ၁၀၀၀၀
ကျော်က လူ့ယဉ်ကျေးမှုတွေ -
15:59 - 16:02ဖွံဖြိုးဖို့ ဖြစ်နိုင်အောင် လုပ်ပေးတဲ့
-
16:02 - 16:05Goldilocks အခြေအနေ တွေကို
လျော့ပါးစေပုံပေါက်နေတယ်၊ -
16:05 - 16:08ဒီတော့ မဟာ သမိုင်းကြီးက လုပ်နိုင်တာက
-
16:08 - 16:11ကျွန်တော်တို့ရဲ့ ရှုပ်ထွေးမှုနဲ့ နုနယ်မှု
သဘာဝနဲ့ ကျွန်တော်တို့ -
16:11 - 16:13ရင်ဆိုင်ရတဲ့ အန္တရာယ်တွေကို ပြပေးတာပါ။
-
16:13 - 16:17ဒါပေမဲ့ စုပေါင်းသင်ယူခြင်းပါတဲ့
အစွမ်းကိုလည်း ပြနိုင်ပါသေးတယ်။ -
16:17 - 16:19ကဲ အခု နောက်ဆုံး
-
16:20 - 16:23ဒါက ကျွန်တော်လိုချင်တာပါ။
-
16:24 - 16:27ကျွန်တော့ မြေး Daniel နဲ့ သူငယ်ချင်းတွေ၊
-
16:27 - 16:30ကမ္ဘာတစ်ဝှမ်းက သူ့ရဲ့မျိုးဆက်ကို
-
16:30 - 16:32မဟာသမိုင်းကြီးရဲ့
-
16:32 - 16:35ဖြစ်စဉ်ကို သိစေချင်တာပါ၊
-
16:35 - 16:37ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ
-
16:37 - 16:40ရင်ဆိုင်ရတဲ့ အခွင့်အလမ်းတွေ နှစ်ရပ်
စလုံးကို သူတို့ နားလည်လောက်အောင် -
16:40 - 16:43ကောင်းကောင်းကြီး သိစေချင်တာပါ။
-
16:43 - 16:45ဒါကြောင့် ကျွန်တော်တို့အဖွဲ့ဟာ
-
16:45 - 16:48ကမ္ဘာတစ်လွှားက အထက်တန်းကျောင်းသားတွေအတွက်
-
16:48 - 16:49မဟာသမိုင်းထဲက အခမဲ့
-
16:49 - 16:51အွန်လိုင်း သင်ရိုးမာတိကာကို
တည်ဆောက်နေတာပါ။ -
16:52 - 16:54ယုံကြည်မိတာက ဒီမဟာ သမိုင်းကြီးဟာ
-
16:54 - 16:57သူတို့အတွက် အရေးပါတဲ့ ဉာဏ
ကိရိယာဖြစ်လိမ့်မယ်၊ -
16:57 - 17:00Daniel နဲ့ သူ့မျိုးဆက်ဟာ
-
17:00 - 17:02ကျွန်တော်တို့ရဲ့ လှပတဲ့
ဂြိုဟ်ကမ္ဘာရဲ့ သမိုင်းထဲက -
17:02 - 17:04အဦးအစ ကာလမှာ ရင်ဆိုင်ရတဲ့
-
17:04 - 17:08ဧရာမ စိန်ခေါ်မှုတွေနဲ့ သူတို့ရှေ့က
-
17:08 - 17:11ဧရာမ အခွင့်အလမ်းတွေလိုပေါ့ဗျာ။
-
17:12 - 17:13နားဆင်တဲ့အတွက် ကျေးဇူးပါ။
-
17:13 - 17:18(လက်ခုပ်သံများ)
- Title:
- ၁၈ မိနစ်စာ ကမ္ဘာ့မြေရဲ့ သမိုင်း။
- Speaker:
- David Christian
- Description:
-
David Christian က ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ သရုပ်ဖော်ပုံတွေနဲ့ ပံ့ပိုးထားပြီး Big Bang (မဟာပေါက်ကွဲမှုကြီး) ကနေ အင်တာနက်အထိ စကြာဝဠာရဲ့ ပြီးပြည့်စုံတဲ့သမိုင်းကို အာရုံမလွတ်တမ်းဖမ်းစားနိုင်တဲ့ ၁၈ မိနစ်အတွင်းမှာ ကုန်စင်အောင်ပြောပြထားပါတယ်။ ဒါဟာ မဟာ သမိုင်းကြီးပါ၊ ရှုပ်ထွေးမှု၊ သက်ရှိနဲ့ လူသားကို မြင်ကွင်းကျယ်ကြည့်တဲ့ အသိအမြင်ကြွယ်စေခြင်းတစ်ရပ်ကို စကြာဝဠာဆိုင်ရာ ကျွန်တော်တို့ရဲ့ တိုတောင်းလှတဲ့ အချိန်နဲ့ နှိုင်းယှဉ်လိုက်တာပါ။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 17:19
![]() |
Myo Aung edited Burmese subtitles for The history of our world in 18 minutes | |
![]() |
Myo Aung approved Burmese subtitles for The history of our world in 18 minutes | |
![]() |
Myo Aung edited Burmese subtitles for The history of our world in 18 minutes | |
![]() |
Myo Aung edited Burmese subtitles for The history of our world in 18 minutes | |
![]() |
Myo Aung edited Burmese subtitles for The history of our world in 18 minutes | |
![]() |
Myo Aung accepted Burmese subtitles for The history of our world in 18 minutes | |
![]() |
Myo Aung edited Burmese subtitles for The history of our world in 18 minutes | |
![]() |
Myo Aung edited Burmese subtitles for The history of our world in 18 minutes |