ပထမဆုံး၊ ဗီဒီယိုတစ်ခု။ ဟုတ်ပါတယ်၊ ဒါက ကြက်ဥမွှေကြော်တစ်လုံးပါ။ ဒါပေမဲ့ ကြည့်လိုက်စဉ်မှာ ခင်ဗျား နည်းနည်း စိတ်မသက် မသာဖြစ်မိမယ်လို့ မျှော်လင့်ပါတယ်။ အကြောင်းက တကယ်ဖြစ်နေတာက ကြက်ဥဟာ သူ့ဘာသာ ဖော်ထုတ်နေတာ ခင်ဗျားတို့ သတိထားမိနိုင်လို့ပါ။ အခုဆို အနှစ်နဲ့ အကာဟာ ခွဲထွက်သွားတာ မြင်ရမှာပါ။ အခု ဒါတွေကို ကြက်ဥထဲကို ပြန်လောင်းထည့်တော့မှာပါ။ ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲအသည်းထဲမှာ သိနေတာက ဒါက စကြာဝဠာ အလုပ်လုပ်တဲ့ပုံ မဟုတ်ဘူးပေါ့။ ကြက်ဥမွှေကြော်က ပျော့ပြဲတယ်၊ အရသာရှိပေမဲ့ ပျော့ပြဲတယ်လေ။ ကြက်ဥတစ်လုံးဟာ လှပ၊ ဆန်းပြားတဲ့အရာပါ။ ကြက်ကလေးတွေလို ပိုပြီးဆန်းပြားတာတွေတောင် ဖန်တီးနိုင်ပါတယ်။ ကျွန်တော်တို့ ရင်ထဲအသည်းထဲက သိနေတာက စကြာဝဠာဟာ ပျော့ပြဲတာကနေ ရှုပ်ထွေးမှုဆီ မသွားဘူးပေါ့။ တကယ်က အူထဲက ဗီဇစိတ်ဟာ ရူပဗေဒရဲ့ အခြေခံအကျဆုံး နိယာမတစ်ခုကို ရောင်ပြန်ဟပ်တာပါ။ အပူနဲ့ အခြားစွမ်းအင်များ ဆက်စပ်မှု ဒုတိယနိယာမပါ။ အခြေခံအနေနဲ့ ဒါကပြောတာက စကြာဝဠာရဲ့ ယေဘုယျဖြစ်တတ်မှုဟာ စနစ်ကျမှု၊ ဖွဲ့စည်းတည်ဆောက်မှုကနေ စနစ်မဲ့၊ တည်ဆောက်မှုမဲ့တာဆီ ရွေ့တာပါတဲ့၊ တကယ်တော့ ပျော့ပြဲမှုပါ။ ဒါကြောင့် ဒီဗီဒီယိုက နည်းနည်းဆန်းတာပါ။ ဒါပေမဲ့လည်း ကိုယ့်ဝန်းကျင်ကို ကြည့်ပါဦး၊ ကိုယ့်ဝန်းကျင်မှာတွေ့ရတာက မယုံနိုင်လောက်တဲ့ ရှုပ်ထွေးမှုပါ။ Eric Beinhoker ခန့်မှန်းတာက New York City တစ်ခုတည်းမှာတင် SKU ခေါ် ထင်ရှားတဲ့ ကုန်ပစ္စည်း ၁၀ ဘီလီယံ ရောင်းဝယ်နေတယ်တဲ့။ ဒါတွေဟာ ကမ္ဘာပေါ်က မျိုးစိတ်တွေရဲ့ အဆပေါင်းရာချီပြီး ရှိတယ်လေ။ တစ်ခုချင်းအနေနဲ့ ခုနှစ်ဘီလီယံလောက်ရှိတဲ့ မျိုးစိတ်တွေရဲ့ ရောင်းဝယ်တာခံနေရတာပါ။ ကြောက်မယ်ဖွယ် ရှုပ်ထွေးမှုရဲ့ ကမ္ဘာလုံးဆိုင်ရာ စနစ်တစ်ခုထဲမှာ ကုန်သွယ်ရေး၊ ခရီသွားလာမှု၊ အင်တာနက်တွေ နဲ့ ချိတ်ဆက်ထားတဲ့ သူတွေပါ။ ဒီတော့ ဒီမှာအပူနဲ့ အခြား စွမ်းအင်တွေရဲ့ ဆက်စပ်မှု ဒုတိယနိယာမ စိုးမိုးတဲ့ ကြီးမားတဲ့ ပဟေဠိပါ၊ ကျွန်တော်ဖော်ပြလိုက်တဲ့ ရှုပ်ထွေးမှုမျိုး၊ ခင်ဗျား၊ ကျွန်တော်နဲ့ ညီလာခံဗဟိုက ကိုယ်စားပြုလိုက်တဲ့ ရှုပ်ထွေးမှုမျိုး ထုတ်ဖို့ ဘယ်လို ဖြစ်နိုင်တာလဲ။ ကဲ အဖြေဖြစ်ပုံရတာက စကြာဝဠာဟာ ရှုပ်ထွေးမှုကို ဖန်တီးနိုင်တယ်၊ ဒါပေမဲ့ အင်မတန် ခက်ခဲမှုနဲ့ပါ။ အိတ်ကပ်တွေထဲမှာ ပေါ်လာတာက ကျွန်တော့ လုပ်ဖော်ကိုင်ဖက် Fred Spier ခေါ်တဲ့ "Goldilocks အခြေအနေတွေ" ပေါ့၊ သိပ်မပူ၊ သိပ်မအေးတဲ့ ရှုပ်ထွေးမှု ဖန်တီးခြင်းအတွက် အနေတော်ပေါ့။ ပြီး နည်းနည်း ပိုရှုပ်ထွေးတဲ့ အရာတွေပေါ်လာတယ်။ နည်းနည်း ပိုရှုပ်ထွေးတာတွေ ရှိတဲ့နေရာမှာ နည်းနည်း ပိုရှုပ်ထွေးတာတွေ ရနိုင်တယ်လေ။ ဒီနည်းနဲ့ ရှုပ်ထွေးမှုဟာ တစ်ဆင့်ပြီး တစ်ဆင့် တည်ဆောက်တယ်။ အဆင့်တိုင်းဟာ မှော်ဆန်ပါတယ်၊ အကြောင်းက ဒါကနေ စကြာဝဠာရဲ့ ဘယ် နေရာက ပေါ်လာမှန်း မသိရလောက်တဲ့ လုံးဝကို အသစ်ဖြစ်တဲ့ တစ်ခုခုရဲ့ ထင်မြင်မှုကို ဖန်တီးလို့ပါ။ ဒီကာလတွေကို မဟာသမိုင်းကြီးထဲမှာ အစဦးကာလတွေလို့ ရည်ညွှန်းပါတယ်။ အစဦးတိုင်းမှာ ခရီးတွင်မှုဟာ ပိုခက်ထန်လာတယ်။ ရှုပ်ထွေးတဲ့အရာတွေဟာ ပိုပြီး အထိမခံ၊ ပိုပြီး ခံနိုင်ရည်မဲ့လာတယ်၊ Goldilocks အခြေအနေတွေဟာ ပိုပြီး ကျပ်တည်းလာကာ ရှုပ်ထွေးမှုကို ဖန်တီးဖို့ ပိုခက်ခဲလာတယ်။ ကဲ ကျွန်တော်တို့ဟာ အင်မတန် ရှုပ်ထွေးတဲ့ သတ္တဝါတွေဖြစ်တဲ့အတွက် ဒုတိယ နိယာမဆိုတာတောင်မှ စကြာဝဠာက ရှုပ်ထွေးမှုကို ဘယ်လိုဖန်ဆင်းတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ဘာကြောင့် ရှုပ်ထွေးမှုဟာ ခံနိုင်ရည်မဲ့မှုနဲ့ အထိမခံဖြစ်မှုလို့ ဆိုလိုတာကို သိဖို့ အသည်းအသန် လိုတယ်။ ဒါကတော့ မဟာသမိုင်းမှာ ကျွန်တော်တို့ပြောတဲ့ ဖြစ်ရပ်ပါ။ ဒါပေမဲ့ ဒါပြောဖို့ အစမှာတော့ လုံးဝ ဖြစ်နိုင်ပုံမရတဲ့ တစ်ခုခု လုပ်ဖို့လိုတာပေါ့။ စကြာဝဠာရဲ့ သမိုင်းတစ်ခုလုံးကို သုံးသပ်ဖို့လိုတယ်လေ။ ဒီတော့ လုပ်ကြစို့ဗျာ။ (ရယ်သံများ) အချိန်ပြမျဉ်းကို နောက်ကြောင်း ပြန်တာနဲ့ စရအောင်။ ၁၃.ရ ဘီလီယံနှစ်၊ အချိန်ဆိုတာရဲ့ အစပါ။ ကိုယ့် ဝန်းကျင်မှာ ဘာမှမရှိဘူး၊ အချိန်၊ နေရာတို့တောင် မရှိဘူးလေ။ သင်တတ်နိုင်တဲ့ အမှောင်ဆုံး၊ ဟင်းလင်းပြင် အဖြစ်ဆုံးကို စိတ်ကူးကြည့်ပြီး အသင်္ချေကိန်းနဲ့ သုံးထပ်တင်လိုက်၊ ဒါ ကျွန်တော်တို့ ရှိတဲ့နေရာပါ။ ဒီနောက် ရုတ်တရက်ပဲ ဝုန်းကနဲ၊ စကြာဝဠာပေါ်လာတယ်၊ စကြာဝဠာ တစ်ခုလုံးပါ။ ပထမဆုံး အစအဦးကို ဖြတ်ကြတယ်။ စကြာဝဠာက ပိစိလေးပါ၊ အက်တမ်ထက် ပိုသေးတယ်။ မယုံနိုင်အောင်ကို ပူတယ်။ ယနေ့ စကြာဝဠာမှာ ရှိတာ အားလုံးပါတယ်၊ ဒါဆို မြင်နိုင်ပြီလေ၊ ကျိုးပဲ့နေတယ်။ မယုံနိုင်တဲ့ အမြန်နှုန်းနဲ့ ပြန့်ထွက်နေတယ်။ ဒါနဲ့ အစမှာ မှုန်ဝါးဝါးပါပဲ၊ ဒါပေမဲ့ မြန်မြန်ပဲ ဒီမှုန်ဝါးမှုမှာ ထင်ရှားတဲ့ အရာတွေ စပေါ်လာတယ်။ ပထမစက္ကန့်အတွင်းမှာ စွမ်းအင်ဟာ လျှပ်စစ်သံလိုက်နဲ့ ကမ္ဘာ့ဆွဲအား အပါအဝင် ထင်ရှားတဲ့ အားတွေအဖြစ် ၎င်းဘာသာ အစိတ်စိတ်ကွဲသွားတယ်။ စွမ်းအင်က မှော်ဆန်တဲ့ အခြားတစ်မျိုး လုပ်လိုက်တယ်၊ ဒြပ်ဖြစ်တည်ဖို့ ပျစ်ခဲသွားတယ်၊ ဒြပ်မှုန်တွေက ပရိုတွန်နဲ့ အီလက်ထရွန်ပါတဲ့ လက်ပတွန်တွေကို ဖန်တီးလိမ့်မယ်။ ဒါအားလုံးဟာ ဒုတိယစက္ကန့်မှာ ဖြစ်ပွားတာပါ။ အခု နှစ်ပေါင်း ၃၈၀၀၀၀ ရှေ့ကိုရွှေ့လိုက်တယ်။ ဒါက လူသားတွေ ဂြိုဟ်ပေါ်မှာ တည်ရှိတဲ့ ကြာချိန်ရဲ့ နှစ်ဆပါ။ အခု ဟိုက်ဒြိုဂျင်နဲ့ ဟေလီယံရဲ့ ရိုးစင်းတဲ့ အက်တမ်တွေပေါ်လာတယ်။ အခု ခဏလောက် ရပ်လိုက်ချင်ပါတယ်၊ စကြာဝဠာ အစရဲ့ နောက်မှာ နှစ် ၃၈၀၀၀၀ အကြာမှာပါ၊ အကြောင်းက ဒီအဆင့်က စကြာဝဠာ အကြောင်းတော်တော်မျာများက သိကြလို့ပါ။ အထက်ကအားလုံးဟာ အင်မတန် ရိုးစင်းတယ်လို့ သိကြပါတယ်၊ ဒီမှာ ဟိုက်ဒြိုဂျင်နဲ့ ဟေလီယံ အက်တမ်တွေ ရဲ့ ကြီးမားတဲ့ တိမ်စိုင်တွေပါဝင်ပြီး ၎င်းတို့မှာ တည်ဆောက်ပုံ မရှိကြပါဘူး။ တကယ်တဲ့ ကော့စမစ် ပျော့ပြဲတာမျိုးပါ။ ဒါပေမဲ့ အပြည့်အဝတော့ မမှန်ဘူး။ မကြာခင်က ဂြိုဟ်ထုလေ့လာမှုတွေ ဖြစ်တဲ့ WMAP ဂြိုဟ်တုလိုကနေ ပြတာက တကယ်ကျတော့ ဒီနောက်ခံမှာ ၎င်းတို့ဟာ မဆိုစလောက်ပဲ ကွဲပြားတာပါတဲ့။ ဒီမှာ တွေ့ရတာက အပြာရောင် နေရာတွေဟာ အနီရောင် နေရာတွေထက် တစ်ထောင်ပုံ တစ်ပုံ ပိုအေးပါတယ်။ သေးငယ်တဲ့ ခြားနားမှုတွေပါ၊ ဒါပေမဲ့ စကြာဝဠာကို ရှုပ်ထွေးမှု တည်ဆောက်ခြင်း နောက်အဆင့်ကို ရွှေ့ဖို့တော့ လုံလောက်တယ်။ ဒါက အလုပ်လုပ်ပုံပါ။ ကမ္ဘာမြေဆွဲအားဆိုတာ ဒြပ်ဝတ္ထု ပိုရှိရင် အားပိုကောင်းပါတယ်။ ဒီတော့ နည်းနည်း ပိုသိပ်သည်းတဲ့ နေရာတွေမှာ ကမ္ဘာမြေဆွဲအားက ဟိုက်ဒြိုဂျင်နဲ့ ဟေလီယံ အက်တမ်တွေရဲ့ တိမ်တွေကို စကျစ်တယ်။ ဒီတော့ အစဦး စကြာဝဠာရဲ့ သန်းထောင်ချီ ကွဲနေတဲ့ တိမ်တွေကို မြင်ယောင်လို့ရတယ်။ တိမ်စတိုင်းဟာ ကျစ်နေတယ်၊ သိပ်သည်းမှု တိုးလာလေ ကမ္ဘာမြေဆွဲအား ပိုပြင်းလာလေ၊ တိမ်တစ်ခုချင်းရဲ့ ဗဟိုချက်မှာ အပူချိန်စမြင့်လာတယ်၊ နောက် အလယ်ဗဟိုမှာ အပူချိန်ဟာ ဒီဂရီ ဆယ်သန်းရှိတဲ့ အဦးအစ အပူချိန်ကို ဖြတ်တယ်၊ ပရိုတွန်တွေ စပေါင်းစပ်ပြီး ကြီးမားတဲ့ စွမ်းအင်ကို ထုတ်လွှင့်ပေးတယ်။ ပြီးတော့... ဝုန်း။ ပထမဆုံး ကြယ်တွေရတာပေါ့။ မဟာပေါက်ကွဲမှုနောက် နှစ်သန်း ၂၀၀ ကနေ စကြာဝဠာတစ်လျှောက် ကြယ်တွေ စပေါ်လာတယ်၊ သန်းထောင်ချီတာပေါ့။ အခုတော့ စကြာဝဠာဟာ သိသာစွာ ပိုစိတ်ဝင်စားစရာကောင်းလာ၊ ပိုရှုပ်ထွေးလာပါတယ်။ အစအဦး အသစ် နှစ်ခုကို ဖြတ်သန်း ခြင်းအတွက် ကြယ်တွေဟာ Goldilocks အခြေအနေတွေ ဖန်တီးလိမ့်မယ်။ အရမ်းကြီးမားတဲ့ ကြယ်တွေကြွေတဲ့အခါ သူတို့ဖန်တီးတဲ့ အပူချိန်ဟာ အရမ်းမြင့်လွန်းတော့ ပရိုတွန်တွေဟာ ဒြပ်စဉ်ပြဇယားရဲ့ ဒြပ်စင်အားလုံးကို ဖွဲ့စည်းဖို့ ဆန်းပြားတဲ့ ပေါင်းစပ်ခြင်းမျိုးစုံနဲ့ စတင်ပေါင်းစပ်တယ်။ ကျွန်တော့လို ရွှေလက်စွပ်တစ်ကွင်း ဝတ်ထားရင် ဒါဟာ ဆူပါနိုဗာ ပေါက်ကွဲခြင်းထဲမှာ ကျိုခံရတယ်။ ကဲအခုတော့ စကြာဝဠာဟာ ဓာတုပိုင်းးအရ ပိုရှုပ်ထွေးတယ်။ ဓာတုပိုင်းးအရ ပိုရှုပ်ထွေးတဲ့ စကြာဝဠာထဲမှာ ပိုမိုတဲ့ အရာတွေ ဖန်တီးဖို့ ဖြစ်နိုင်ပါတယ်။ စတင်ဖြစ်ပျက်နေတာက သက်တမ်းနု နေတွေနဲ့၊ သက်တမ်းနု ကြယ်တွေ တစ်ဝိုက်မှာ ဒီဒြပ်စင်အားလုံး ပေါင်းစပ်တယ်၊ ပတ်ချာလည်တယ်၊ ကြယ်ရဲ့စွမ်းအင်က ၎င်းတို့ ပတ်ချာလည်အောင် မွှေပေးတယ်၊ ဒြပ်မှုန်တွေဖွဲ့တယ်၊ ဆီးနှင်းမှုန်တွေ ဖွဲ့တယ်၊ သေးငယ်တဲ့ မြူမှုန်တွေ ဖွဲ့တယ်။ ကျောက်တုံးတွေဖွဲ့တယ်၊ ဂြိုဟ်သိမ်တွေဖွဲ့ပြီး နောက်ဆုံးမတော့ ဂြိုဟ်တွေ၊ လတွေဖွဲ့ကြတယ်။ ဒါက လွန်ခဲ့တဲ့နှစ်ဘီလီယံပေါင်း လေးသန်းခွဲက ကျွန်တော်တို့ နေအဖွဲ့အစည်း ဖြစ်လာပုံပါ။ ကမ္ဘာလို ကျောက်ထူတဲ့ ဂြိုဟ်တွေဟာ ကြယ်တွေထက် သိသာစွာ ပိုရှုပ်ထွေးကြတယ်၊ အကြောင်းက ပိုများပြား မျိုးစုံတဲ့ ဒြပ်ဝတ္ထုတွေပါဝင်လို့ပါ။ ဒီတော့ ရှုပ်ထွေးမှုရဲ့ စတုတ္ထ အစကို ဖြတ်သန်းပြီးပါပြီ။ ကဲ ခရီးတွင်မှုက ပိုကြမ်းတမ်းလာတယ်။ နောက်တစ်ဆင့်မှာ သိသာစွာ ပိုကွဲလွယ်၊ သိသာစွာ ပိုခုခံနိုင်မှုမရှိတဲ့ သီးခြားရပ်တည်တာတွေကို နိဒါန်းပျိုးပါတယ်။ ဒါပေမဲ့ ၎င်းတို့ဟာ အများကြီးလည်း ပိုဖန်တီးနိုင်ပြီး ဒီထက် ရှုပ်ထွေးမှုကို ထုတ်လုပ်ခြင်းမှာ အများကြီး ပိုစွမ်းတယ်။ တကယ်တော့ ကျွန်တော်ပြောနေတာက သက်ရှိ ဇီဝရုပ်တွေပါ။ သက်ရှိဇီဝရုပ်တွေဟာ ဓာတ်သဘောနဲ့ ဖန်ဆင်းတာပါ။ ကျွန်တော်တို့ဟာ ဓာတုပစ္စည်းထုပ်ကြီးတွေပါ။ ဓာတ်သဘောဟာ လျှပ်စစ်သံလိုက် စွမ်းအားရဲ့ လွှမ်းမိုးမှုအောက်မှာပါ။ ကမ္ဘာ့ဆွဲအားထက် ပိုသေးတဲ့ပမာဏမှာ လည်ပတ်တာက ကျွန်တော်တို့တွေဟာ ကြယ်တွေ၊ ဂြိုဟ် တွေထက် ပိုသေးတဲ့ အကြောင်းကို ရှင်းပြပါတယ်။ ကဲ ဓာတ်သဘောရဲ့ စံအခြေအနေတွေက ဘာတွေလဲ။ Goldilocks အခြေအနေတွေက ဘာတွေလဲ။ ပထမဆုံးက သင်ဟာ စွမ်းအင်လိုအပ်တယ်။ အများကြီးတော့ မဟုတ်ဘူး။ ကြယ်တစ်လုံးရဲ့ ဗဟိုမှာ စွမ်းအင်က များလွန်းတော့ ပေါင်းစပ်တဲ့ ဘယ်အက်တမ်ကိုမဆို တစ်ဖန်ပြန် ကွာသွားစေလိမ့်မယ်။ အနည်းကြီးတော့ မဟုတ်ဘူး။ စကြာဝဠာတွေ အကြားမှာ စွမ်းအင်ဟာ အက်တမ်တွေ ပေါင်းစည်းရန် မလုံလောက်ပါဘူး။ လိုတာက အနေတော်လောက်ဖြစ်ပြီး ဂြိုဟ်တွေဟာ အတော်လောက် ဖြစ်သွားတာကတော့ ၎င်းတိုဟာ ကြယ်တွေနဲ့ နီးပေမဲ့ အနီးကြီးမဟုတ်လို့ပါ။ ဓာတုဒြပ်စင်တွေရဲ့အမျိုးစုံမှု အများကြီးလည်း လိုအပ်ပါတယ်၊ ပြီးတော့ ရေလိုမျိုး အရည်တွေလိုပါတယ်။ ဘာကြောင့်လဲ။ ဓာတ်ငွေ့တွေထဲမှာ အက်တမ်တွေ အချင်းချင်း ဖြတ်ရွေ့တာ အရမ်းမြန်လွန်းတော့ ရပ်တန့်မသွားနိုင်ကြပါဘူး။ အခဲတွေထဲမှာ အက်တမ်တွေဟာ အတူတူ ကပ်နေတယ်၊ ရွေ့လို့မရဘူး။ အရည်ထဲမှာ လှည့်ပတ်၊ ပူးကပ်နေပြီး မော်လီကျူးဖွဲ့ဖို့အတွက် ချိတ်ဆက်ကြတယ်။ ကဲ Goldilocks အခြေအနေလိုမျိုးတွေ ဘယ်မှာ တွေ့လဲ။ အင်း ဂြိုဟ်တွေဟာ ကြီးကျယ်တယ်၊ ကျွန်တော်တို့ရဲ့ အစောပိုင်း ကမ္ဘာမြေဟာ ပြည့်စုံလုနီးပါးပါ။ ဧရာမ သမုဒ္ဒရာကြီးတွေရဲ့ ရေထုကို သိုထားဖို့ ၎င်းရဲ့ကြယ်ကနေ သင့်တင့်တဲ့ အကွာအဝေးမှာပါ။ ဒီသမုဒ္ဒရာတွေရဲ့ အောက်ခြေ၊ ကမ္ဘာ့အပြင်လွှာရဲ့ အက်ကြောင်းတွေမှာ ကမ္ဘာ့အတွင်းပိုင်းက စိမ့်တက်လာတဲ့ အပူဓာတ်ရှိပြီး များပြား စုံလင်တဲ့ ဒြပ်စင်တွေရှိပါတယ်။ ဒီတော့ ဒီနက်ရှိုင်းတဲ့ သမုဒ္ဒရာလေဝင် လေထွက်ပေါက်တွေမှာ ဆန်းကြယ်တဲ့ ဓာတ်သဘော စတင်ဖြစ်ပေါ်ပြီး၊ အက်တမ်တွေဟာ ဆန်းပြားတဲ့ ပေါင်းစပ်ခြင်းမျိုးစုံနဲ့ ပေါင်းစပ်တယ်။ ဒါပေမဲ့ တကယ်က ဇီဝဓာတ်ဟာ ဆန်းပြားတဲ့ ဓာတ်သဘောထက် ပိုပါတယ်။ ဒီရှင်သန်ပုံရတဲ့ ဧရာမ မော်လီကျူးတွေကို တည်ငြိမ်အောင် ဘယ်လိုလုပ်လဲ။ ကဲ ဒီမှာက ဇီဝဓာတ်ဟာ လုံးဝအသစ်ဖြစ်တဲ့ ပရိယာယ်ကို မိတ်ဆက်ပါတယ်။ တစ်ခုချင်းကို တည်ငြိမ်အောင် မလုပ်ဘူး၊ အချက်အလက်ကို သယ်ဆောင်တဲ့ အရာ ပုံစံပြားကို တည်ငြိမ်အောင်လုပ်ပြီး ပုံစံပြားကို ၎င်းဘာသာ ကူးခွင့်ပေးလိုက်ပါတယ်။ DNA ဟာ တကယ်တော့ အချက်အလက်တွေ ပါဝင်တဲ့ လှပတဲ့ မော်လီကျူးပါ၊ သင်တို့ဟာ DNA ရဲ့ ခရုပတ် နှစ်ထပ်နဲ့ အကျွမ်းဝင်လာပါလိမ့်မယ်။ လှေကားဆန်တိုင်းမှာ အချက်အလက်ပါဝင်ပါတယ်။ ဒီတော့ DNA မှာ သက်ရှိဇီဝရုပ် ဖန်းတီးပုံ အကြောင်း အချက်အလက်ပါဝင်ပါတယ်။ ပြီးတော့ DNA ဟာ ၎င်းဘာသာလည်း ကူးယူပါတယ်။ ဒီတော့ ၎င်းဘာသာကူးယူပြီး ပုံစံပြားတွေကို သမုဒ္ဒရာကနေ ကြဲလိုက်ပါတယ်။ ဒါနဲ့ အချက်အလက် ပျံ့သွားတယ်။ အချက်အလက်က ဇာတ်လမ်းရဲ့ အစိတ်အပိုင်းဖြစ်လာတာ ဂရုပြုပါ။ ဒါပေမဲ့DNA ရဲ့ တကယ့်အလှက ၎င်းရဲ့ မပြည့်စုံခြင်းတွေထဲမှာပါ။ ၎င်းဘာသာ ကူးယူတယ်၊ သန်းထောင်ချီတဲ့ လှေကားဆန်တိုင်းမှာ တစ်ကြိမ် အမှတ်တစ်ခု ဖြစ်တတ်ပါတယ်။ ဒါကဆိုလိုတာက DNA ဟာ စင်စစ်တော့ သင်ယူနေတာပါ။ သက်ရှိဇီဝရုပ်တွေ ဖန်တီးဖို့ နည်းသစ်တွေ စုဆောင်းခြင်းပါ၊ အကြောင်းက တစ်ချို့အမှားတွေက အလုပ်လုပ်လို့ပါ။ ဒီတော့ DNA ဟာသင်ယူနေပြီး ပိုများတဲ့စုံလင်မှု၊ ပိုကြီးကျယ်တဲ့ ရှုပ်ထွေးမှုကို တည်ဆောက်နေတာပါ။ ဒီဖြစ်ပျက်တာတွေကို ပြီးခဲ့တဲ့ လေးဘီလီယံ နှစ်တွေမှာ မြင်နိုင်ပါတယ်။ ကမ္ဘာပေါ်က ဇီဝဓာတ်ရဲ့ အဲဒီအချိန်အများစုမှာ သက်ရှိဇီဝရုပ်တွေဟာ အတော်ရိုးစင်းပါတယ်။ ဆဲလ်တစ်ခုတည်းပါ။ ဒါပေမဲ့ အမျိုးစုံလှပြီး အတွင်းဘက်မှာ အင်မတန် ရှုပ်ထွေးပါတယ်။ ဒီနောက် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၀၀ ကနေ ဂ၀၀ မှာ ဆဲလ်မျိုးစုံပါတဲ့ ဇီဝရုပ်တွေပေါ်လာတယ်။ မှိုတွေရှိလာတယ်၊ ငါးတွေရှိလာတယ်။ အပင်တွေရှိလာတယ်။ ကုန်းနေ ရေနေသတ္တဝါတွေ၊ တွားသွား သတ္တဝါတွေနဲ့ နောက်ပြီး တကယ့်ကို ဒိုင်နိုဆောတွေ ရှိလာပါတယ်။ တစ်ခါတစ်လေတော့ ကပ်ဘေးတွေရှိပါတယ်။ လွန်ခဲ့တဲ့ နှစ် ၆၅ သန်းက ကမ္ဘာပေါ်ကို ဂြိုဟ်သိမ်တစ်လုံး ကျခဲ့တယ်၊ Yucatan Penisula အနီးမှာပါ၊ အဏုမြူစစ်ပွဲနဲ့ တူတဲ့ အခြေအနေမျိုးတွေကို ဖန်တီးရင်း၊ ဒိုင်နိုဆောတွေဟာ ရှင်းထုတ်ခံလိုက်ရတယ်။ ဒိုင်နိုဆောတွေအတွက် သတင်းဆိုးကြီးပါ။ ဒါပေမဲ့ ကျွန်တော်တို့ နို့တိုက်သတ္တဝါ ဘိုးဘေးတွေအတွက် သတင်းကောင်းပေါ့။ ဒိုင်နိုဆောတွေကနေ လွတ်ကျန်ခဲ့တဲ့ ကလိုင်တွေထဲမှာ စည်ပင်ခဲ့သူတွေပါ။ ကျွန်တော်တို့ လူသားတွေဟာ လွန်ခဲ့တဲ့ နှစ် ၆၅ သန်းက ဂြိုဟ်သိမ်တစ်လုံး ကျခြင်းနဲ့ ဖန်တီနိုင်စွမ်းရှိတဲ့ ဆင့်ကဲ့ဖြစ်စဉ် တုန်ခါမှုရဲ့ အပိုင်းဖြစ်ပါတယ်။ လူသားတွေဟာ လွန်ခဲ့တဲ့နှစ် နှစ်သိန်းက ပေါ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြီးထဲက အဦးအစအဖြစ် ကျွန်တော်တို့ မှတ်ယူတယ်လို့ ယုံကြည်တယ်။ အကြောင်းကို ရှင်းပြပါရစေ။ DNA ဟာ အာရုံသိစိတ်ကို သင်ယူတာ၊ အချက်အလက်ကို စုဆောင်းတာကို သိမြင်ကြပါပြီ။ ဒါပေမဲ့ အရမ်းကို နှေးပါတယ်။ DNA ဟာ ကျပန်းအမှားတွေကို ကျော်လွှင်းရင်း အချက်အလက်ကို စုဆောင်းတယ်၊ ဒီအမှားတွေထဲက တစ်ချို့ဟာ အလုပ်ဖြစ်လာတယ်။ ဒါပေမဲ့ DNA ဟာ ပိုမြန်တဲ့ သင်ယူနည်းကို ထုတ်လုပ်ပေးတယ်၊ ဦးနှောက်တွေပါတဲ့ ဇီဝရုပ်တွေ ထုတ်လုပ်ပေးပြီး ဒီဇီဝရုပ်တွေဟာ ဖြစ်ပျက်စဉ်မှာ သင်ယူနိုင်ပါတယ်။ အချက်အလက်တွေ စုဆောင်းတယ်၊ သင်ယူတယ်။ စိတ်မကောင်းစရာက သူတို့သေတဲ့အခါ အချက်အလက်လည်း ရောသေသွားတာပါ။ ကဲ လူသားတွေကို ကွဲပြားအောင်လုပ် တာက လူသားဘာသာစကားပါ။ ကျွန်တော်တို့ဟာ ဆက်သွယ်ရေးစနစ်၊ ဘာသာစကားကို ရရှိခဲ့ကြတယ် အရမ်း အားကောင်းပြီး တိကျလွန်းတော့ ကျွန်တော်တို့သိတာကို အဲသလောက် အနုစိတ် မျှဝေနိုင်ပါတယ်၊ ဒါက စုပေါင်း မှတ်ဉာဏ်ထဲမှာ စုဆောင်းမိလာနိုင်ပါတယ်။ ဆိုလိုတာက ဒါက အချက်အလက်တွေကို သင်ယူခဲ့တဲ့ တစ်ဦးချင်းစီကို သက်တမ်းရှည်စေနိုင်ပြီး မျိုးဆက်တစ်ခုက တစ်ခုကို စုစည်းလွှဲပြောင်းနိုင်တာပါ။ ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ မျိုးစိတ် တစ်ခု အနေနဲ့ သိပ်ဖန်တီးနိုင် သိပ်စွမ်းအားရှိပြီး သမိုင်းတစ်ရပ်ရှိတာပါ။ ကျွန်တော်တို့ဟာ နှစ်သန်း လေးထောင်မှာ ဒီလိုဆုလာဘ်ကို ရထားတဲ့ မျိုးစိတ် တစ်ခုတည်း ဖြစ်ပုံရပါတယ်။ ဒီအရည်အသွေးကို စုပေါင်းသင်ယူခြင်း လို့ခေါ်ပါတယ်။ ကျွန်တော်တို့ကို ခွဲခြားပေးတဲ့အရာပါ။ ဒါကို လူ့သမိုင်းရဲ့ ရှေးဦးအဆင့်တွေက အလုပ်ခွင်မှာ မြင်နိုင်ပါတယ်။ Africa က မြက်ခင်းပြင်တွေမှာ မျိုးစိတ် အဖြစ် ဆင့်ကဲပြောင်းလဲခဲ့ပေမဲ့ နောက်တော့ ဝန်းကျင်သစ်တွေကို လူသားတွေ ရွေ့ပြောင်းတာကို မြင်ရပါတယ်။ ကန္တာရတွေ၊ တောနက်တွေထဲကို Siberia ရဲ့ တန်ဒြာ ရေခဲခေတ်ထဲကို၊ ကြမ်းတမ်းတဲ့ ဝန်းကျင်တွေ Americas နဲ့ Australasia တွေကိုပါ။ ပြောင်းရွှေ့မှုတိုင်း သင်ယူခြင်းပါဝင်ပါတယ် ဝန်းကျင်ကို အသုံးချခြင်း နည်းသစ်တွေကို သင်ယူခြင်း၊ ၎င်းတို့ဝန်းကျင်နဲ့ ပတ်သက်ခြင်း နည်းသစ်တွေပါ။ ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၁၀၀၀၀ က ရေခဲခေတ်အကုန်နဲ့အတူ ကမ္ဘာ့ရာသီဥတု ရုတ်တရက် ပြောင်းလဲခြင်းကို အသုံးချခြင်းဟာ လူသားတွေ လယ်ယာလုပ်ဖို့ သင်ယူတာပါ။ လယ်ယာလုပ်ခြင်းဟာ စွမ်းအင် ပွပေါက်ကြီးပါ။ စွမ်းအင်အသုံးချခြင်းဟာ လူဦးရေကို တိုးပွားစေခဲ့တယ်။ လူသားအဖွဲ့အစည်းတွေဟာ ကြီးမားလာ၊ ထူထပ်လာပြီး ဆက်သွယ်မှု ပိုများလာတယ်။ ဒီနောက် လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်ကနေ လူသားတွေဟာ သင်္ဘောတွေ၊ ရထားတွေ၊ ကြေးနန်းတွေ၊ အင်တာနက်တွေကနေ တစ်ကမ္ဘာလုံးကို ချိတ်ဆက်လာပြီး ယခုထိကျွန်တော်တို့ဟာ သန်း ၇၀၀၀ နီးပါး ရှိတဲ့ လူတဦးချင်းစီရဲ့ တစ်ခုတည်းသော ကမ္ဘာလုံးဆိုင်ရာ ဦးနှောက်ဖွဲ့ပုံရနေတယ်။ ဒီဦးနှောက်ဟာ မယုံနိုင်ဖွင် အဟုန်နဲ့ သင်ယူနေတယ်။ နောက် လွန်ခဲ့တဲ့ နှစ် ၂၀၀ အတွင်း နောက်တစ်ခု ဖြစ်ခဲ့တယ်။ ရုပ်ကြွင်းလောင်စာတွေထဲက နောက်ထပ် စွမ်းအင် ပွပေါက် တိုးမိခဲ့တယ်။ ဒါနဲ့ ရုပ်ကြွင်းလောင်စာတွေနဲ့ စုပေါင်းသင်ယူခြင်းက ကျွန်တော်တို့ တစ်ဝိုက်က မြင်ရတဲ့ အံ့သြဖွယ်ရာ ရှုပ်ထွေးမှုကို ရှင်းပြပါတယ်။ ဒီတော့ ဟောဒီမှာပါ၊ ညီလာခံ ဗဟိုနေရာကို ပြန်ရအောင်။ ခရီးတစ်ခု နှင်ပြီးပါပြီ၊ နှစ် ၁၃.ရ ဘီလီယံ အပြန်ခရီးပါ။ စွမ်းအားရှိတဲ့ဖြစ်ရပ်လို့ သဘောတူတယ် မျှော်လင့်ပါတယ်။ ဒီမှာ လူသားဟာ အံ့ဖွယ်ရာ၊ ဖန်တီးနိုင်တဲ့ အခန်းက ပါဝင်တဲ့ ဖြစ်ရပ်ပါ။ သတိပေးချက်တွေလည်း ပါဝင်ပါတယ်။ စုပေါင်းသင်ယူခြင်းဟာ အရမ်း အစွမ်းထက်တဲ့ အင်အားဖြစ်ပြီး ဒါကို ကျွန်တော်တို့ လူသားတွေ တာဝန်ရှိလား ဆိုတာတော့ မသဲကွဲပါဘူး။ Cuban Missile Crisis ကို ဖြတ်သန်းရင်း အင်္ဂလန်မှာ ကြီးပြင်းတဲ့ ကလေးဘဝကို အရှင်းကြီး မှတ်မိတယ်။ ရက်အနည်းငယ်ကြာ သက်ရှိကမ္ဘာတစ်ခုလုံးဟာ ပျက်စီးလုလု အခြေအနေ ဆိုက်ရောက်နေပုံပါ။ အလားတူ လက်နက်တွေ ဒီမှာ ရှိနေဆဲဖြစ်ပြီး လက်နက်ဆင်ထားတုန်းပါ။ ဒီထောင်ချောက်ကို ရှောင်နိုင်ရင် အခြားတွေကို တွေ့ရဦးမှာပါ။ ဒီလောက်နှုန်းနဲ့ ရုပ်ကြွင်းလောင်စာတွေကို ရှို့နေကြတယ် ကျွန်တော်တို့ဟာလွန်ခဲ့တဲ့ နှစ် ၁၀၀၀၀ ကျော်က လူ့ယဉ်ကျေးမှုတွေ ဖွံဖြိုးဖို့ ဖြစ်နိုင်အောင် လုပ်ပေးတဲ့ Goldilocks အခြေအနေ တွေကို လျော့ပါးစေပုံပေါက်နေတယ်၊ ဒီတော့ မဟာ သမိုင်းကြီးက လုပ်နိုင်တာက ကျွန်တော်တို့ရဲ့ ရှုပ်ထွေးမှုနဲ့ နုနယ်မှု သဘာဝနဲ့ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အန္တရာယ်တွေကို ပြပေးတာပါ။ ဒါပေမဲ့ စုပေါင်းသင်ယူခြင်းပါတဲ့ အစွမ်းကိုလည်း ပြနိုင်ပါသေးတယ်။ ကဲ အခု နောက်ဆုံး ဒါက ကျွန်တော်လိုချင်တာပါ။ ကျွန်တော့ မြေး Daniel နဲ့ သူငယ်ချင်းတွေ၊ ကမ္ဘာတစ်ဝှမ်းက သူ့ရဲ့မျိုးဆက်ကို မဟာသမိုင်းကြီးရဲ့ ဖြစ်စဉ်ကို သိစေချင်တာပါ၊ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရတဲ့ အခွင့်အလမ်းတွေ နှစ်ရပ် စလုံးကို သူတို့ နားလည်လောက်အောင် ကောင်းကောင်းကြီး သိစေချင်တာပါ။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့ဟာ ကမ္ဘာတစ်လွှားက အထက်တန်းကျောင်းသားတွေအတွက် မဟာသမိုင်းထဲက အခမဲ့ အွန်လိုင်း သင်ရိုးမာတိကာကို တည်ဆောက်နေတာပါ။ ယုံကြည်မိတာက ဒီမဟာ သမိုင်းကြီးဟာ သူတို့အတွက် အရေးပါတဲ့ ဉာဏ ကိရိယာဖြစ်လိမ့်မယ်၊ Daniel နဲ့ သူ့မျိုးဆက်ဟာ ကျွန်တော်တို့ရဲ့ လှပတဲ့ ဂြိုဟ်ကမ္ဘာရဲ့ သမိုင်းထဲက အဦးအစ ကာလမှာ ရင်ဆိုင်ရတဲ့ ဧရာမ စိန်ခေါ်မှုတွေနဲ့ သူတို့ရှေ့က ဧရာမ အခွင့်အလမ်းတွေလိုပေါ့ဗျာ။ နားဆင်တဲ့အတွက် ကျေးဇူးပါ။ (လက်ခုပ်သံများ)