1 00:00:00,849 --> 00:00:03,000 ပထမဆုံး၊ ဗီဒီယိုတစ်ခု။ 2 00:00:09,397 --> 00:00:12,199 ဟုတ်ပါတယ်၊ ဒါက ကြက်ဥမွှေကြော်တစ်လုံးပါ။ 3 00:00:14,151 --> 00:00:15,484 ဒါပေမဲ့ ကြည့်လိုက်စဉ်မှာ 4 00:00:15,508 --> 00:00:19,619 ခင်ဗျား နည်းနည်း စိတ်မသက် မသာဖြစ်မိမယ်လို့ မျှော်လင့်ပါတယ်။ 5 00:00:21,389 --> 00:00:24,727 အကြောင်းက တကယ်ဖြစ်နေတာက ကြက်ဥဟာ သူ့ဘာသာ ဖော်ထုတ်နေတာ 6 00:00:24,751 --> 00:00:26,976 ခင်ဗျားတို့ သတိထားမိနိုင်လို့ပါ။ 7 00:00:27,000 --> 00:00:29,699 အခုဆို အနှစ်နဲ့ အကာဟာ ခွဲထွက်သွားတာ မြင်ရမှာပါ။ 8 00:00:29,723 --> 00:00:32,746 အခု ဒါတွေကို ကြက်ဥထဲကို ပြန်လောင်းထည့်တော့မှာပါ။ 9 00:00:32,770 --> 00:00:35,238 ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲအသည်းထဲမှာ သိနေတာက 10 00:00:35,262 --> 00:00:38,277 ဒါက စကြာဝဠာ အလုပ်လုပ်တဲ့ပုံ မဟုတ်ဘူးပေါ့။ 11 00:00:39,436 --> 00:00:42,541 ကြက်ဥမွှေကြော်က ပျော့ပြဲတယ်၊ အရသာရှိပေမဲ့ ပျော့ပြဲတယ်လေ။ 12 00:00:42,565 --> 00:00:44,976 ကြက်ဥတစ်လုံးဟာ လှပ၊ ဆန်းပြားတဲ့အရာပါ။ 13 00:00:45,000 --> 00:00:47,239 ကြက်ကလေးတွေလို ပိုပြီးဆန်းပြားတာတွေတောင် 14 00:00:47,263 --> 00:00:48,580 ဖန်တီးနိုင်ပါတယ်။ 15 00:00:49,072 --> 00:00:50,976 ကျွန်တော်တို့ ရင်ထဲအသည်းထဲက သိနေတာက 16 00:00:51,000 --> 00:00:54,764 စကြာဝဠာဟာ ပျော့ပြဲတာကနေ ရှုပ်ထွေးမှုဆီ မသွားဘူးပေါ့။ 17 00:00:55,190 --> 00:00:57,585 တကယ်က အူထဲက ဗီဇစိတ်ဟာ 18 00:00:57,609 --> 00:01:00,481 ရူပဗေဒရဲ့ အခြေခံအကျဆုံး နိယာမတစ်ခုကို ရောင်ပြန်ဟပ်တာပါ။ 19 00:01:00,505 --> 00:01:03,330 အပူနဲ့ အခြားစွမ်းအင်များ ဆက်စပ်မှု ဒုတိယနိယာမပါ။ 20 00:01:03,902 --> 00:01:05,661 အခြေခံအနေနဲ့ ဒါကပြောတာက 21 00:01:05,685 --> 00:01:08,812 စကြာဝဠာရဲ့ ယေဘုယျဖြစ်တတ်မှုဟာ 22 00:01:08,836 --> 00:01:12,439 စနစ်ကျမှု၊ ဖွဲ့စည်းတည်ဆောက်မှုကနေ 23 00:01:12,463 --> 00:01:15,127 စနစ်မဲ့၊ တည်ဆောက်မှုမဲ့တာဆီ ရွေ့တာပါတဲ့၊ 24 00:01:15,151 --> 00:01:16,615 တကယ်တော့ ပျော့ပြဲမှုပါ။ 25 00:01:16,639 --> 00:01:19,862 ဒါကြောင့် ဒီဗီဒီယိုက နည်းနည်းဆန်းတာပါ။ 26 00:01:20,425 --> 00:01:23,154 ဒါပေမဲ့လည်း ကိုယ့်ဝန်းကျင်ကို ကြည့်ပါဦး၊ 27 00:01:24,194 --> 00:01:27,670 ကိုယ့်ဝန်းကျင်မှာတွေ့ရတာက မယုံနိုင်လောက်တဲ့ ရှုပ်ထွေးမှုပါ။ 28 00:01:28,289 --> 00:01:31,578 Eric Beinhoker ခန့်မှန်းတာက New York City တစ်ခုတည်းမှာတင် 29 00:01:31,602 --> 00:01:35,156 SKU ခေါ် ထင်ရှားတဲ့ ကုန်ပစ္စည်း ၁၀ ဘီလီယံ ရောင်းဝယ်နေတယ်တဲ့။ 30 00:01:35,672 --> 00:01:39,640 ဒါတွေဟာ ကမ္ဘာပေါ်က မျိုးစိတ်တွေရဲ့ အဆပေါင်းရာချီပြီး ရှိတယ်လေ။ 31 00:01:40,000 --> 00:01:43,976 တစ်ခုချင်းအနေနဲ့ ခုနှစ်ဘီလီယံလောက်ရှိတဲ့ မျိုးစိတ်တွေရဲ့ ရောင်းဝယ်တာခံနေရတာပါ။ 32 00:01:44,000 --> 00:01:47,385 ကြောက်မယ်ဖွယ် ရှုပ်ထွေးမှုရဲ့ ကမ္ဘာလုံးဆိုင်ရာ စနစ်တစ်ခုထဲမှာ 33 00:01:47,409 --> 00:01:51,098 ကုန်သွယ်ရေး၊ ခရီသွားလာမှု၊ အင်တာနက်တွေ နဲ့ ချိတ်ဆက်ထားတဲ့ သူတွေပါ။ 34 00:01:52,566 --> 00:01:54,042 ဒီတော့ ဒီမှာအပူနဲ့ အခြား 35 00:01:54,931 --> 00:01:59,578 စွမ်းအင်တွေရဲ့ ဆက်စပ်မှု ဒုတိယနိယာမ စိုးမိုးတဲ့ ကြီးမားတဲ့ ပဟေဠိပါ၊ 36 00:01:59,602 --> 00:02:01,406 ကျွန်တော်ဖော်ပြလိုက်တဲ့ 37 00:02:01,430 --> 00:02:03,976 ရှုပ်ထွေးမှုမျိုး၊ ခင်ဗျား၊ ကျွန်တော်နဲ့ ညီလာခံဗဟိုက 38 00:02:04,000 --> 00:02:07,788 ကိုယ်စားပြုလိုက်တဲ့ ရှုပ်ထွေးမှုမျိုး ထုတ်ဖို့ 39 00:02:07,812 --> 00:02:09,501 ဘယ်လို ဖြစ်နိုင်တာလဲ။ 40 00:02:10,859 --> 00:02:12,812 ကဲ အဖြေဖြစ်ပုံရတာက 41 00:02:12,836 --> 00:02:15,976 စကြာဝဠာဟာ ရှုပ်ထွေးမှုကို ဖန်တီးနိုင်တယ်၊ 42 00:02:16,000 --> 00:02:17,555 ဒါပေမဲ့ အင်မတန် ခက်ခဲမှုနဲ့ပါ။ 43 00:02:18,610 --> 00:02:19,707 အိတ်ကပ်တွေထဲမှာ 44 00:02:19,731 --> 00:02:22,048 ပေါ်လာတာက ကျွန်တော့ လုပ်ဖော်ကိုင်ဖက် Fred Spier 45 00:02:22,072 --> 00:02:24,214 ခေါ်တဲ့ "Goldilocks အခြေအနေတွေ" ပေါ့၊ 46 00:02:24,238 --> 00:02:26,289 သိပ်မပူ၊ သိပ်မအေးတဲ့ 47 00:02:26,313 --> 00:02:28,976 ရှုပ်ထွေးမှု ဖန်တီးခြင်းအတွက် အနေတော်ပေါ့။ 48 00:02:29,000 --> 00:02:31,267 ပြီး နည်းနည်း ပိုရှုပ်ထွေးတဲ့ အရာတွေပေါ်လာတယ်။ 49 00:02:31,291 --> 00:02:33,530 နည်းနည်း ပိုရှုပ်ထွေးတာတွေ ရှိတဲ့နေရာမှာ 50 00:02:33,554 --> 00:02:35,926 နည်းနည်း ပိုရှုပ်ထွေးတာတွေ ရနိုင်တယ်လေ။ 51 00:02:35,950 --> 00:02:39,976 ဒီနည်းနဲ့ ရှုပ်ထွေးမှုဟာ တစ်ဆင့်ပြီး တစ်ဆင့် တည်ဆောက်တယ်။ 52 00:02:40,875 --> 00:02:43,153 အဆင့်တိုင်းဟာ မှော်ဆန်ပါတယ်၊ 53 00:02:43,177 --> 00:02:46,750 အကြောင်းက ဒါကနေ စကြာဝဠာရဲ့ ဘယ် နေရာက ပေါ်လာမှန်း မသိရလောက်တဲ့ 54 00:02:46,774 --> 00:02:49,577 လုံးဝကို အသစ်ဖြစ်တဲ့ တစ်ခုခုရဲ့ ထင်မြင်မှုကို ဖန်တီးလို့ပါ။ 55 00:02:49,601 --> 00:02:52,832 ဒီကာလတွေကို မဟာသမိုင်းကြီးထဲမှာ အစဦးကာလတွေလို့ ရည်ညွှန်းပါတယ်။ 56 00:02:53,871 --> 00:02:56,976 အစဦးတိုင်းမှာ ခရီးတွင်မှုဟာ ပိုခက်ထန်လာတယ်။ 57 00:02:57,000 --> 00:03:00,242 ရှုပ်ထွေးတဲ့အရာတွေဟာ ပိုပြီး အထိမခံ၊ 58 00:03:00,266 --> 00:03:01,976 ပိုပြီး ခံနိုင်ရည်မဲ့လာတယ်၊ 59 00:03:02,000 --> 00:03:05,531 Goldilocks အခြေအနေတွေဟာ ပိုပြီး ကျပ်တည်းလာကာ 60 00:03:05,555 --> 00:03:08,542 ရှုပ်ထွေးမှုကို ဖန်တီးဖို့ ပိုခက်ခဲလာတယ်။ 61 00:03:09,468 --> 00:03:12,772 ကဲ ကျွန်တော်တို့ဟာ အင်မတန် ရှုပ်ထွေးတဲ့ သတ္တဝါတွေဖြစ်တဲ့အတွက် 62 00:03:12,796 --> 00:03:14,976 ဒုတိယ နိယာမဆိုတာတောင်မှ စကြာဝဠာက 63 00:03:15,000 --> 00:03:19,658 ရှုပ်ထွေးမှုကို ဘယ်လိုဖန်ဆင်းတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ဘာကြောင့် ရှုပ်ထွေးမှုဟာ 64 00:03:19,682 --> 00:03:24,714 ခံနိုင်ရည်မဲ့မှုနဲ့ အထိမခံဖြစ်မှုလို့ ဆိုလိုတာကို သိဖို့ အသည်းအသန် လိုတယ်။ 65 00:03:25,485 --> 00:03:28,405 ဒါကတော့ မဟာသမိုင်းမှာ ကျွန်တော်တို့ပြောတဲ့ ဖြစ်ရပ်ပါ။ 66 00:03:28,429 --> 00:03:30,136 ဒါပေမဲ့ ဒါပြောဖို့ အစမှာတော့ 67 00:03:30,160 --> 00:03:32,865 လုံးဝ ဖြစ်နိုင်ပုံမရတဲ့ တစ်ခုခု လုပ်ဖို့လိုတာပေါ့။ 68 00:03:32,889 --> 00:03:36,069 စကြာဝဠာရဲ့ သမိုင်းတစ်ခုလုံးကို သုံးသပ်ဖို့လိုတယ်လေ။ 69 00:03:37,488 --> 00:03:38,488 ဒီတော့ လုပ်ကြစို့ဗျာ။ 70 00:03:39,000 --> 00:03:40,909 (ရယ်သံများ) 71 00:03:40,933 --> 00:03:44,379 အချိန်ပြမျဉ်းကို နောက်ကြောင်း ပြန်တာနဲ့ စရအောင်။ 72 00:03:44,403 --> 00:03:47,299 ၁၃.ရ ဘီလီယံနှစ်၊ 73 00:03:47,323 --> 00:03:50,000 အချိန်ဆိုတာရဲ့ အစပါ။ 74 00:03:57,321 --> 00:03:58,975 ကိုယ့် ဝန်းကျင်မှာ ဘာမှမရှိဘူး၊ 75 00:03:59,726 --> 00:04:02,432 အချိန်၊ နေရာတို့တောင် မရှိဘူးလေ။ 76 00:04:03,214 --> 00:04:06,912 သင်တတ်နိုင်တဲ့ အမှောင်ဆုံး၊ ဟင်းလင်းပြင် အဖြစ်ဆုံးကို စိတ်ကူးကြည့်ပြီး 77 00:04:06,936 --> 00:04:10,253 အသင်္ချေကိန်းနဲ့ သုံးထပ်တင်လိုက်၊ ဒါ ကျွန်တော်တို့ ရှိတဲ့နေရာပါ။ 78 00:04:10,732 --> 00:04:13,072 ဒီနောက် ရုတ်တရက်ပဲ 79 00:04:13,096 --> 00:04:14,104 ဝုန်းကနဲ၊ 80 00:04:14,128 --> 00:04:16,335 စကြာဝဠာပေါ်လာတယ်၊ စကြာဝဠာ တစ်ခုလုံးပါ။ 81 00:04:16,359 --> 00:04:18,215 ပထမဆုံး အစအဦးကို ဖြတ်ကြတယ်။ 82 00:04:18,239 --> 00:04:20,612 စကြာဝဠာက ပိစိလေးပါ၊ အက်တမ်ထက် ပိုသေးတယ်။ 83 00:04:20,636 --> 00:04:21,976 မယုံနိုင်အောင်ကို ပူတယ်။ 84 00:04:22,000 --> 00:04:24,525 ယနေ့ စကြာဝဠာမှာ ရှိတာ အားလုံးပါတယ်၊ 85 00:04:24,549 --> 00:04:26,343 ဒါဆို မြင်နိုင်ပြီလေ၊ ကျိုးပဲ့နေတယ်။ 86 00:04:26,367 --> 00:04:28,976 မယုံနိုင်တဲ့ အမြန်နှုန်းနဲ့ ပြန့်ထွက်နေတယ်။ 87 00:04:29,000 --> 00:04:30,913 ဒါနဲ့ အစမှာ မှုန်ဝါးဝါးပါပဲ၊ 88 00:04:30,937 --> 00:04:34,047 ဒါပေမဲ့ မြန်မြန်ပဲ ဒီမှုန်ဝါးမှုမှာ ထင်ရှားတဲ့ အရာတွေ စပေါ်လာတယ်။ 89 00:04:34,483 --> 00:04:35,976 ပထမစက္ကန့်အတွင်းမှာ 90 00:04:36,000 --> 00:04:38,976 စွမ်းအင်ဟာ လျှပ်စစ်သံလိုက်နဲ့ ကမ္ဘာ့ဆွဲအား အပါအဝင် ထင်ရှားတဲ့ 91 00:04:39,000 --> 00:04:42,082 အားတွေအဖြစ် ၎င်းဘာသာ အစိတ်စိတ်ကွဲသွားတယ်။ 92 00:04:42,106 --> 00:04:44,534 စွမ်းအင်က မှော်ဆန်တဲ့ အခြားတစ်မျိုး လုပ်လိုက်တယ်၊ 93 00:04:44,558 --> 00:04:47,790 ဒြပ်ဖြစ်တည်ဖို့ ပျစ်ခဲသွားတယ်၊ 94 00:04:47,814 --> 00:04:50,144 ဒြပ်မှုန်တွေက ပရိုတွန်နဲ့ အီလက်ထရွန်ပါတဲ့ 95 00:04:50,168 --> 00:04:52,306 လက်ပတွန်တွေကို ဖန်တီးလိမ့်မယ်။ 96 00:04:52,330 --> 00:04:54,433 ဒါအားလုံးဟာ ဒုတိယစက္ကန့်မှာ ဖြစ်ပွားတာပါ။ 97 00:04:54,457 --> 00:04:58,686 အခု နှစ်ပေါင်း ၃၈၀၀၀၀ ရှေ့ကိုရွှေ့လိုက်တယ်။ 98 00:04:59,000 --> 00:05:02,647 ဒါက လူသားတွေ ဂြိုဟ်ပေါ်မှာ တည်ရှိတဲ့ ကြာချိန်ရဲ့ နှစ်ဆပါ။ 99 00:05:02,671 --> 00:05:07,411 အခု ဟိုက်ဒြိုဂျင်နဲ့ ဟေလီယံရဲ့ ရိုးစင်းတဲ့ အက်တမ်တွေပေါ်လာတယ်။ 100 00:05:08,617 --> 00:05:10,220 အခု ခဏလောက် ရပ်လိုက်ချင်ပါတယ်၊ 101 00:05:10,244 --> 00:05:12,976 စကြာဝဠာ အစရဲ့ နောက်မှာ နှစ် ၃၈၀၀၀၀ အကြာမှာပါ၊ 102 00:05:13,000 --> 00:05:16,976 အကြောင်းက ဒီအဆင့်က စကြာဝဠာ အကြောင်းတော်တော်မျာများက သိကြလို့ပါ။ 103 00:05:17,513 --> 00:05:20,434 အထက်ကအားလုံးဟာ အင်မတန် ရိုးစင်းတယ်လို့ သိကြပါတယ်၊ 104 00:05:20,458 --> 00:05:24,257 ဒီမှာ ဟိုက်ဒြိုဂျင်နဲ့ ဟေလီယံ အက်တမ်တွေ ရဲ့ ကြီးမားတဲ့ တိမ်စိုင်တွေပါဝင်ပြီး 105 00:05:24,281 --> 00:05:26,209 ၎င်းတို့မှာ တည်ဆောက်ပုံ မရှိကြပါဘူး။ 106 00:05:26,233 --> 00:05:28,600 တကယ်တဲ့ ကော့စမစ် ပျော့ပြဲတာမျိုးပါ။ 107 00:05:29,392 --> 00:05:31,062 ဒါပေမဲ့ အပြည့်အဝတော့ မမှန်ဘူး။ 108 00:05:31,472 --> 00:05:32,976 မကြာခင်က ဂြိုဟ်ထုလေ့လာမှုတွေ 109 00:05:33,000 --> 00:05:35,861 ဖြစ်တဲ့ WMAP ဂြိုဟ်တုလိုကနေ ပြတာက 110 00:05:35,885 --> 00:05:37,462 တကယ်ကျတော့ ဒီနောက်ခံမှာ 111 00:05:37,486 --> 00:05:40,235 ၎င်းတို့ဟာ မဆိုစလောက်ပဲ ကွဲပြားတာပါတဲ့။ 112 00:05:40,259 --> 00:05:41,976 ဒီမှာ တွေ့ရတာက 113 00:05:42,000 --> 00:05:46,306 အပြာရောင် နေရာတွေဟာ အနီရောင် နေရာတွေထက် တစ်ထောင်ပုံ 114 00:05:46,330 --> 00:05:47,722 တစ်ပုံ ပိုအေးပါတယ်။ 115 00:05:47,746 --> 00:05:49,119 သေးငယ်တဲ့ ခြားနားမှုတွေပါ၊ 116 00:05:49,143 --> 00:05:51,413 ဒါပေမဲ့ စကြာဝဠာကို ရှုပ်ထွေးမှု တည်ဆောက်ခြင်း 117 00:05:51,437 --> 00:05:53,412 နောက်အဆင့်ကို ရွှေ့ဖို့တော့ လုံလောက်တယ်။ 118 00:05:53,436 --> 00:05:54,628 ဒါက အလုပ်လုပ်ပုံပါ။ 119 00:05:55,635 --> 00:05:59,883 ကမ္ဘာမြေဆွဲအားဆိုတာ ဒြပ်ဝတ္ထု ပိုရှိရင် အားပိုကောင်းပါတယ်။ 120 00:06:00,557 --> 00:06:02,875 ဒီတော့ နည်းနည်း ပိုသိပ်သည်းတဲ့ နေရာတွေမှာ 121 00:06:02,899 --> 00:06:06,816 ကမ္ဘာမြေဆွဲအားက ဟိုက်ဒြိုဂျင်နဲ့ ဟေလီယံ အက်တမ်တွေရဲ့ တိမ်တွေကို စကျစ်တယ်။ 122 00:06:06,840 --> 00:06:10,390 ဒီတော့ အစဦး စကြာဝဠာရဲ့ သန်းထောင်ချီ ကွဲနေတဲ့ တိမ်တွေကို မြင်ယောင်လို့ရတယ်။ 123 00:06:10,414 --> 00:06:12,216 တိမ်စတိုင်းဟာ ကျစ်နေတယ်၊ 124 00:06:12,240 --> 00:06:15,256 သိပ်သည်းမှု တိုးလာလေ ကမ္ဘာမြေဆွဲအား ပိုပြင်းလာလေ၊ 125 00:06:15,280 --> 00:06:18,374 တိမ်တစ်ခုချင်းရဲ့ ဗဟိုချက်မှာ အပူချိန်စမြင့်လာတယ်၊ 126 00:06:18,398 --> 00:06:19,687 နောက် အလယ်ဗဟိုမှာ 127 00:06:19,711 --> 00:06:22,549 အပူချိန်ဟာ ဒီဂရီ ဆယ်သန်းရှိတဲ့ အဦးအစ 128 00:06:22,573 --> 00:06:24,139 အပူချိန်ကို ဖြတ်တယ်၊ 129 00:06:24,163 --> 00:06:26,568 ပရိုတွန်တွေ စပေါင်းစပ်ပြီး 130 00:06:26,592 --> 00:06:28,976 ကြီးမားတဲ့ စွမ်းအင်ကို ထုတ်လွှင့်ပေးတယ်။ 131 00:06:29,000 --> 00:06:30,433 ပြီးတော့... 132 00:06:30,457 --> 00:06:31,473 ဝုန်း။ 133 00:06:31,497 --> 00:06:33,012 ပထမဆုံး ကြယ်တွေရတာပေါ့။ 134 00:06:33,678 --> 00:06:37,536 မဟာပေါက်ကွဲမှုနောက် နှစ်သန်း ၂၀၀ ကနေ 135 00:06:37,560 --> 00:06:40,967 စကြာဝဠာတစ်လျှောက် ကြယ်တွေ စပေါ်လာတယ်၊ 136 00:06:40,991 --> 00:06:42,062 သန်းထောင်ချီတာပေါ့။ 137 00:06:42,499 --> 00:06:45,355 အခုတော့ စကြာဝဠာဟာ သိသာစွာ ပိုစိတ်ဝင်စားစရာကောင်းလာ၊ 138 00:06:45,379 --> 00:06:46,474 ပိုရှုပ်ထွေးလာပါတယ်။ 139 00:06:47,928 --> 00:06:51,044 အစအဦး အသစ် နှစ်ခုကို ဖြတ်သန်း ခြင်းအတွက် ကြယ်တွေဟာ Goldilocks 140 00:06:51,068 --> 00:06:52,967 အခြေအနေတွေ ဖန်တီးလိမ့်မယ်။ 141 00:06:53,371 --> 00:06:55,950 အရမ်းကြီးမားတဲ့ ကြယ်တွေကြွေတဲ့အခါ 142 00:06:55,974 --> 00:06:58,295 သူတို့ဖန်တီးတဲ့ အပူချိန်ဟာ အရမ်းမြင့်လွန်းတော့ 143 00:06:58,319 --> 00:07:01,952 ပရိုတွန်တွေဟာ ဒြပ်စဉ်ပြဇယားရဲ့ ဒြပ်စင်အားလုံးကို ဖွဲ့စည်းဖို့ 144 00:07:01,976 --> 00:07:04,806 ဆန်းပြားတဲ့ ပေါင်းစပ်ခြင်းမျိုးစုံနဲ့ စတင်ပေါင်းစပ်တယ်။ 145 00:07:04,830 --> 00:07:07,126 ကျွန်တော့လို ရွှေလက်စွပ်တစ်ကွင်း ဝတ်ထားရင် 146 00:07:07,150 --> 00:07:09,976 ဒါဟာ ဆူပါနိုဗာ ပေါက်ကွဲခြင်းထဲမှာ ကျိုခံရတယ်။ 147 00:07:10,618 --> 00:07:13,817 ကဲအခုတော့ စကြာဝဠာဟာ ဓာတုပိုင်းးအရ ပိုရှုပ်ထွေးတယ်။ 148 00:07:13,841 --> 00:07:16,206 ဓာတုပိုင်းးအရ ပိုရှုပ်ထွေးတဲ့ စကြာဝဠာထဲမှာ 149 00:07:16,230 --> 00:07:18,674 ပိုမိုတဲ့ အရာတွေ ဖန်တီးဖို့ ဖြစ်နိုင်ပါတယ်။ 150 00:07:18,698 --> 00:07:22,190 စတင်ဖြစ်ပျက်နေတာက သက်တမ်းနု နေတွေနဲ့၊ 151 00:07:22,214 --> 00:07:23,976 သက်တမ်းနု ကြယ်တွေ တစ်ဝိုက်မှာ 152 00:07:24,000 --> 00:07:26,191 ဒီဒြပ်စင်အားလုံး ပေါင်းစပ်တယ်၊ ပတ်ချာလည်တယ်၊ 153 00:07:26,215 --> 00:07:28,995 ကြယ်ရဲ့စွမ်းအင်က ၎င်းတို့ ပတ်ချာလည်အောင် မွှေပေးတယ်၊ 154 00:07:29,019 --> 00:07:33,744 ဒြပ်မှုန်တွေဖွဲ့တယ်၊ ဆီးနှင်းမှုန်တွေ ဖွဲ့တယ်၊ သေးငယ်တဲ့ မြူမှုန်တွေ ဖွဲ့တယ်။ 155 00:07:33,768 --> 00:07:35,964 ကျောက်တုံးတွေဖွဲ့တယ်၊ ဂြိုဟ်သိမ်တွေဖွဲ့ပြီး 156 00:07:35,988 --> 00:07:38,583 နောက်ဆုံးမတော့ ဂြိုဟ်တွေ၊ လတွေဖွဲ့ကြတယ်။ 157 00:07:38,607 --> 00:07:41,557 ဒါက လွန်ခဲ့တဲ့နှစ်ဘီလီယံပေါင်း လေးသန်းခွဲက 158 00:07:41,581 --> 00:07:43,976 ကျွန်တော်တို့ နေအဖွဲ့အစည်း ဖြစ်လာပုံပါ။ 159 00:07:45,193 --> 00:07:50,566 ကမ္ဘာလို ကျောက်ထူတဲ့ ဂြိုဟ်တွေဟာ ကြယ်တွေထက် သိသာစွာ ပိုရှုပ်ထွေးကြတယ်၊ 160 00:07:50,590 --> 00:07:53,352 အကြောင်းက ပိုများပြား မျိုးစုံတဲ့ ဒြပ်ဝတ္ထုတွေပါဝင်လို့ပါ။ 161 00:07:53,376 --> 00:07:56,157 ဒီတော့ ရှုပ်ထွေးမှုရဲ့ စတုတ္ထ အစကို ဖြတ်သန်းပြီးပါပြီ။ 162 00:07:57,671 --> 00:08:00,298 ကဲ ခရီးတွင်မှုက ပိုကြမ်းတမ်းလာတယ်။ 163 00:08:01,151 --> 00:08:05,429 နောက်တစ်ဆင့်မှာ သိသာစွာ ပိုကွဲလွယ်၊ သိသာစွာ ပိုခုခံနိုင်မှုမရှိတဲ့ 164 00:08:05,453 --> 00:08:07,365 သီးခြားရပ်တည်တာတွေကို နိဒါန်းပျိုးပါတယ်။ 165 00:08:07,389 --> 00:08:09,976 ဒါပေမဲ့ ၎င်းတို့ဟာ အများကြီးလည်း ပိုဖန်တီးနိုင်ပြီး 166 00:08:10,000 --> 00:08:12,976 ဒီထက် ရှုပ်ထွေးမှုကို ထုတ်လုပ်ခြင်းမှာ အများကြီး ပိုစွမ်းတယ်။ 167 00:08:13,346 --> 00:08:16,770 တကယ်တော့ ကျွန်တော်ပြောနေတာက သက်ရှိ ဇီဝရုပ်တွေပါ။ 168 00:08:17,474 --> 00:08:19,617 သက်ရှိဇီဝရုပ်တွေဟာ ဓာတ်သဘောနဲ့ ဖန်ဆင်းတာပါ။ 169 00:08:19,641 --> 00:08:22,024 ကျွန်တော်တို့ဟာ ဓာတုပစ္စည်းထုပ်ကြီးတွေပါ။ 170 00:08:22,855 --> 00:08:25,976 ဓာတ်သဘောဟာ လျှပ်စစ်သံလိုက် စွမ်းအားရဲ့ လွှမ်းမိုးမှုအောက်မှာပါ။ 171 00:08:26,000 --> 00:08:28,239 ကမ္ဘာ့ဆွဲအားထက် ပိုသေးတဲ့ပမာဏမှာ လည်ပတ်တာက 172 00:08:28,263 --> 00:08:32,178 ကျွန်တော်တို့တွေဟာ ကြယ်တွေ၊ ဂြိုဟ် တွေထက် ပိုသေးတဲ့ အကြောင်းကို ရှင်းပြပါတယ်။ 173 00:08:32,773 --> 00:08:35,067 ကဲ ဓာတ်သဘောရဲ့ စံအခြေအနေတွေက ဘာတွေလဲ။ 174 00:08:35,614 --> 00:08:37,384 Goldilocks အခြေအနေတွေက ဘာတွေလဲ။ 175 00:08:37,408 --> 00:08:39,765 ပထမဆုံးက သင်ဟာ စွမ်းအင်လိုအပ်တယ်။ 176 00:08:39,789 --> 00:08:40,976 အများကြီးတော့ မဟုတ်ဘူး။ 177 00:08:41,405 --> 00:08:43,660 ကြယ်တစ်လုံးရဲ့ ဗဟိုမှာ စွမ်းအင်က များလွန်းတော့ 178 00:08:43,684 --> 00:08:46,826 ပေါင်းစပ်တဲ့ ဘယ်အက်တမ်ကိုမဆို တစ်ဖန်ပြန် ကွာသွားစေလိမ့်မယ်။ 179 00:08:46,850 --> 00:08:47,976 အနည်းကြီးတော့ မဟုတ်ဘူး။ 180 00:08:48,382 --> 00:08:49,613 စကြာဝဠာတွေ အကြားမှာ 181 00:08:49,637 --> 00:08:52,520 စွမ်းအင်ဟာ အက်တမ်တွေ ပေါင်းစည်းရန် မလုံလောက်ပါဘူး။ 182 00:08:53,118 --> 00:08:54,976 လိုတာက အနေတော်လောက်ဖြစ်ပြီး 183 00:08:55,000 --> 00:08:57,000 ဂြိုဟ်တွေဟာ အတော်လောက် ဖြစ်သွားတာကတော့ 184 00:08:57,024 --> 00:08:59,531 ၎င်းတိုဟာ ကြယ်တွေနဲ့ နီးပေမဲ့ အနီးကြီးမဟုတ်လို့ပါ။ 185 00:09:00,134 --> 00:09:03,729 ဓာတုဒြပ်စင်တွေရဲ့အမျိုးစုံမှု အများကြီးလည်း လိုအပ်ပါတယ်၊ 186 00:09:03,753 --> 00:09:06,761 ပြီးတော့ ရေလိုမျိုး အရည်တွေလိုပါတယ်။ 187 00:09:06,785 --> 00:09:07,832 ဘာကြောင့်လဲ။ 188 00:09:07,856 --> 00:09:11,728 ဓာတ်ငွေ့တွေထဲမှာ အက်တမ်တွေ အချင်းချင်း ဖြတ်ရွေ့တာ အရမ်းမြန်လွန်းတော့ 189 00:09:11,752 --> 00:09:13,205 ရပ်တန့်မသွားနိုင်ကြပါဘူး။ 190 00:09:13,690 --> 00:09:15,412 အခဲတွေထဲမှာ 191 00:09:15,436 --> 00:09:17,976 အက်တမ်တွေဟာ အတူတူ ကပ်နေတယ်၊ ရွေ့လို့မရဘူး။ 192 00:09:18,000 --> 00:09:19,718 အရည်ထဲမှာ 193 00:09:19,742 --> 00:09:22,780 လှည့်ပတ်၊ ပူးကပ်နေပြီး 194 00:09:22,804 --> 00:09:25,106 မော်လီကျူးဖွဲ့ဖို့အတွက် ချိတ်ဆက်ကြတယ်။ 195 00:09:25,780 --> 00:09:28,135 ကဲ Goldilocks အခြေအနေလိုမျိုးတွေ ဘယ်မှာ တွေ့လဲ။ 196 00:09:28,674 --> 00:09:30,666 အင်း ဂြိုဟ်တွေဟာ ကြီးကျယ်တယ်၊ 197 00:09:30,690 --> 00:09:33,976 ကျွန်တော်တို့ရဲ့ အစောပိုင်း ကမ္ဘာမြေဟာ ပြည့်စုံလုနီးပါးပါ။ 198 00:09:34,777 --> 00:09:36,825 ဧရာမ သမုဒ္ဒရာကြီးတွေရဲ့ ရေထုကို သိုထားဖို့ 199 00:09:36,849 --> 00:09:38,976 ၎င်းရဲ့ကြယ်ကနေ သင့်တင့်တဲ့ အကွာအဝေးမှာပါ။ 200 00:09:39,000 --> 00:09:40,976 ဒီသမုဒ္ဒရာတွေရဲ့ အောက်ခြေ၊ 201 00:09:41,000 --> 00:09:42,976 ကမ္ဘာ့အပြင်လွှာရဲ့ အက်ကြောင်းတွေမှာ 202 00:09:43,000 --> 00:09:45,976 ကမ္ဘာ့အတွင်းပိုင်းက စိမ့်တက်လာတဲ့ အပူဓာတ်ရှိပြီး 203 00:09:46,000 --> 00:09:48,127 များပြား စုံလင်တဲ့ ဒြပ်စင်တွေရှိပါတယ်။ 204 00:09:48,151 --> 00:09:50,697 ဒီတော့ ဒီနက်ရှိုင်းတဲ့ သမုဒ္ဒရာလေဝင် လေထွက်ပေါက်တွေမှာ 205 00:09:50,721 --> 00:09:52,976 ဆန်းကြယ်တဲ့ ဓာတ်သဘော စတင်ဖြစ်ပေါ်ပြီး၊ 206 00:09:53,000 --> 00:09:56,000 အက်တမ်တွေဟာ ဆန်းပြားတဲ့ ပေါင်းစပ်ခြင်းမျိုးစုံနဲ့ ပေါင်းစပ်တယ်။ 207 00:09:57,000 --> 00:10:01,365 ဒါပေမဲ့ တကယ်က ဇီဝဓာတ်ဟာ ဆန်းပြားတဲ့ ဓာတ်သဘောထက် ပိုပါတယ်။ 208 00:10:01,794 --> 00:10:05,551 ဒီရှင်သန်ပုံရတဲ့ ဧရာမ မော်လီကျူးတွေကို တည်ငြိမ်အောင် 209 00:10:05,575 --> 00:10:06,932 ဘယ်လိုလုပ်လဲ။ 210 00:10:07,690 --> 00:10:12,046 ကဲ ဒီမှာက ဇီဝဓာတ်ဟာ လုံးဝအသစ်ဖြစ်တဲ့ ပရိယာယ်ကို မိတ်ဆက်ပါတယ်။ 211 00:10:12,960 --> 00:10:15,495 တစ်ခုချင်းကို တည်ငြိမ်အောင် မလုပ်ဘူး၊ 212 00:10:15,519 --> 00:10:17,622 အချက်အလက်ကို သယ်ဆောင်တဲ့ အရာ 213 00:10:17,646 --> 00:10:19,751 ပုံစံပြားကို တည်ငြိမ်အောင်လုပ်ပြီး 214 00:10:19,775 --> 00:10:21,992 ပုံစံပြားကို ၎င်းဘာသာ ကူးခွင့်ပေးလိုက်ပါတယ်။ 215 00:10:22,016 --> 00:10:25,167 DNA ဟာ တကယ်တော့ အချက်အလက်တွေ 216 00:10:25,191 --> 00:10:27,517 ပါဝင်တဲ့ လှပတဲ့ မော်လီကျူးပါ၊ 217 00:10:27,541 --> 00:10:30,356 သင်တို့ဟာ DNA ရဲ့ ခရုပတ် နှစ်ထပ်နဲ့ အကျွမ်းဝင်လာပါလိမ့်မယ်။ 218 00:10:30,380 --> 00:10:32,896 လှေကားဆန်တိုင်းမှာ အချက်အလက်ပါဝင်ပါတယ်။ 219 00:10:32,920 --> 00:10:37,493 ဒီတော့ DNA မှာ သက်ရှိဇီဝရုပ် ဖန်းတီးပုံ အကြောင်း အချက်အလက်ပါဝင်ပါတယ်။ 220 00:10:38,055 --> 00:10:39,979 ပြီးတော့ DNA ဟာ ၎င်းဘာသာလည်း ကူးယူပါတယ်။ 221 00:10:40,003 --> 00:10:41,209 ဒီတော့ ၎င်းဘာသာကူးယူပြီး 222 00:10:41,233 --> 00:10:43,915 ပုံစံပြားတွေကို သမုဒ္ဒရာကနေ ကြဲလိုက်ပါတယ်။ 223 00:10:43,939 --> 00:10:45,733 ဒါနဲ့ အချက်အလက် ပျံ့သွားတယ်။ 224 00:10:45,757 --> 00:10:48,395 အချက်အလက်က ဇာတ်လမ်းရဲ့ အစိတ်အပိုင်းဖြစ်လာတာ ဂရုပြုပါ။ 225 00:10:48,877 --> 00:10:52,522 ဒါပေမဲ့DNA ရဲ့ တကယ့်အလှက ၎င်းရဲ့ မပြည့်စုံခြင်းတွေထဲမှာပါ။ 226 00:10:52,546 --> 00:10:56,474 ၎င်းဘာသာ ကူးယူတယ်၊ သန်းထောင်ချီတဲ့ လှေကားဆန်တိုင်းမှာ တစ်ကြိမ် 227 00:10:56,498 --> 00:10:58,243 အမှတ်တစ်ခု ဖြစ်တတ်ပါတယ်။ 228 00:10:58,267 --> 00:11:02,976 ဒါကဆိုလိုတာက DNA ဟာ စင်စစ်တော့ သင်ယူနေတာပါ။ 229 00:11:03,000 --> 00:11:06,320 သက်ရှိဇီဝရုပ်တွေ ဖန်တီးဖို့ နည်းသစ်တွေ စုဆောင်းခြင်းပါ၊ အကြောင်းက 230 00:11:06,344 --> 00:11:07,964 တစ်ချို့အမှားတွေက အလုပ်လုပ်လို့ပါ။ 231 00:11:07,988 --> 00:11:09,186 ဒီတော့ DNA ဟာသင်ယူနေပြီး 232 00:11:09,210 --> 00:11:12,444 ပိုများတဲ့စုံလင်မှု၊ ပိုကြီးကျယ်တဲ့ ရှုပ်ထွေးမှုကို တည်ဆောက်နေတာပါ။ 233 00:11:12,468 --> 00:11:15,650 ဒီဖြစ်ပျက်တာတွေကို ပြီးခဲ့တဲ့ လေးဘီလီယံ နှစ်တွေမှာ မြင်နိုင်ပါတယ်။ 234 00:11:15,674 --> 00:11:17,849 ကမ္ဘာပေါ်က ဇီဝဓာတ်ရဲ့ အဲဒီအချိန်အများစုမှာ 235 00:11:17,873 --> 00:11:20,110 သက်ရှိဇီဝရုပ်တွေဟာ အတော်ရိုးစင်းပါတယ်။ 236 00:11:20,134 --> 00:11:21,522 ဆဲလ်တစ်ခုတည်းပါ။ 237 00:11:21,546 --> 00:11:24,976 ဒါပေမဲ့ အမျိုးစုံလှပြီး အတွင်းဘက်မှာ အင်မတန် ရှုပ်ထွေးပါတယ်။ 238 00:11:25,411 --> 00:11:28,315 ဒီနောက် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၀၀ ကနေ ဂ၀၀ မှာ 239 00:11:28,339 --> 00:11:30,430 ဆဲလ်မျိုးစုံပါတဲ့ ဇီဝရုပ်တွေပေါ်လာတယ်။ 240 00:11:30,454 --> 00:11:32,955 မှိုတွေရှိလာတယ်၊ ငါးတွေရှိလာတယ်။ 241 00:11:32,979 --> 00:11:34,494 အပင်တွေရှိလာတယ်။ 242 00:11:34,518 --> 00:11:37,229 ကုန်းနေ ရေနေသတ္တဝါတွေ၊ တွားသွား သတ္တဝါတွေနဲ့ 243 00:11:37,253 --> 00:11:39,683 နောက်ပြီး တကယ့်ကို ဒိုင်နိုဆောတွေ ရှိလာပါတယ်။ 244 00:11:40,739 --> 00:11:43,248 တစ်ခါတစ်လေတော့ ကပ်ဘေးတွေရှိပါတယ်။ 245 00:11:44,326 --> 00:11:46,715 လွန်ခဲ့တဲ့ နှစ် ၆၅ သန်းက 246 00:11:46,739 --> 00:11:48,703 ကမ္ဘာပေါ်ကို ဂြိုဟ်သိမ်တစ်လုံး ကျခဲ့တယ်၊ 247 00:11:48,727 --> 00:11:50,517 Yucatan Penisula အနီးမှာပါ၊ 248 00:11:50,541 --> 00:11:53,509 အဏုမြူစစ်ပွဲနဲ့ တူတဲ့ အခြေအနေမျိုးတွေကို ဖန်တီးရင်း၊ 249 00:11:53,533 --> 00:11:55,422 ဒိုင်နိုဆောတွေဟာ ရှင်းထုတ်ခံလိုက်ရတယ်။ 250 00:11:55,906 --> 00:11:58,976 ဒိုင်နိုဆောတွေအတွက် သတင်းဆိုးကြီးပါ။ 251 00:11:59,000 --> 00:12:02,755 ဒါပေမဲ့ ကျွန်တော်တို့ နို့တိုက်သတ္တဝါ ဘိုးဘေးတွေအတွက် သတင်းကောင်းပေါ့။ 252 00:12:02,779 --> 00:12:03,976 ဒိုင်နိုဆောတွေကနေ 253 00:12:04,000 --> 00:12:07,657 လွတ်ကျန်ခဲ့တဲ့ ကလိုင်တွေထဲမှာ စည်ပင်ခဲ့သူတွေပါ။ 254 00:12:07,681 --> 00:12:12,736 ကျွန်တော်တို့ လူသားတွေဟာ လွန်ခဲ့တဲ့ နှစ် ၆၅ သန်းက ဂြိုဟ်သိမ်တစ်လုံး 255 00:12:12,760 --> 00:12:15,096 ကျခြင်းနဲ့ ဖန်တီနိုင်စွမ်းရှိတဲ့ ဆင့်ကဲ့ဖြစ်စဉ် 256 00:12:15,120 --> 00:12:17,000 တုန်ခါမှုရဲ့ အပိုင်းဖြစ်ပါတယ်။ 257 00:12:18,536 --> 00:12:21,250 လူသားတွေဟာ လွန်ခဲ့တဲ့နှစ် နှစ်သိန်းက ပေါ်လာခဲ့ပါတယ်။ 258 00:12:21,274 --> 00:12:25,622 ဒီဖြစ်ရပ်ကြီးထဲက အဦးအစအဖြစ် ကျွန်တော်တို့ မှတ်ယူတယ်လို့ ယုံကြည်တယ်။ 259 00:12:25,646 --> 00:12:26,853 အကြောင်းကို ရှင်းပြပါရစေ။ 260 00:12:27,440 --> 00:12:30,471 DNA ဟာ အာရုံသိစိတ်ကို သင်ယူတာ၊ အချက်အလက်ကို 261 00:12:30,495 --> 00:12:32,282 စုဆောင်းတာကို သိမြင်ကြပါပြီ။ 262 00:12:32,306 --> 00:12:33,976 ဒါပေမဲ့ အရမ်းကို နှေးပါတယ်။ 263 00:12:34,868 --> 00:12:38,340 DNA ဟာ ကျပန်းအမှားတွေကို ကျော်လွှင်းရင်း အချက်အလက်ကို စုဆောင်းတယ်၊ 264 00:12:38,364 --> 00:12:40,500 ဒီအမှားတွေထဲက တစ်ချို့ဟာ အလုပ်ဖြစ်လာတယ်။ 265 00:12:41,230 --> 00:12:43,864 ဒါပေမဲ့ DNA ဟာ ပိုမြန်တဲ့ သင်ယူနည်းကို ထုတ်လုပ်ပေးတယ်၊ 266 00:12:43,888 --> 00:12:46,666 ဦးနှောက်တွေပါတဲ့ ဇီဝရုပ်တွေ ထုတ်လုပ်ပေးပြီး 267 00:12:46,690 --> 00:12:49,909 ဒီဇီဝရုပ်တွေဟာ ဖြစ်ပျက်စဉ်မှာ သင်ယူနိုင်ပါတယ်။ 268 00:12:49,933 --> 00:12:52,259 အချက်အလက်တွေ စုဆောင်းတယ်၊ သင်ယူတယ်။ 269 00:12:52,283 --> 00:12:55,108 စိတ်မကောင်းစရာက သူတို့သေတဲ့အခါ 270 00:12:55,132 --> 00:12:56,830 အချက်အလက်လည်း ရောသေသွားတာပါ။ 271 00:12:57,219 --> 00:13:01,206 ကဲ လူသားတွေကို ကွဲပြားအောင်လုပ် တာက လူသားဘာသာစကားပါ။ 272 00:13:01,230 --> 00:13:03,993 ကျွန်တော်တို့ဟာ ဆက်သွယ်ရေးစနစ်၊ ဘာသာစကားကို ရရှိခဲ့ကြတယ် 273 00:13:04,017 --> 00:13:06,638 အရမ်း အားကောင်းပြီး တိကျလွန်းတော့ 274 00:13:06,662 --> 00:13:09,820 ကျွန်တော်တို့သိတာကို အဲသလောက် အနုစိတ် မျှဝေနိုင်ပါတယ်၊ 275 00:13:09,844 --> 00:13:12,733 ဒါက စုပေါင်း မှတ်ဉာဏ်ထဲမှာ စုဆောင်းမိလာနိုင်ပါတယ်။ 276 00:13:12,757 --> 00:13:13,976 ဆိုလိုတာက 277 00:13:14,000 --> 00:13:17,779 ဒါက အချက်အလက်တွေကို သင်ယူခဲ့တဲ့ တစ်ဦးချင်းစီကို သက်တမ်းရှည်စေနိုင်ပြီး 278 00:13:17,803 --> 00:13:20,976 မျိုးဆက်တစ်ခုက တစ်ခုကို စုစည်းလွှဲပြောင်းနိုင်တာပါ။ 279 00:13:21,000 --> 00:13:25,056 ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ မျိုးစိတ် တစ်ခု အနေနဲ့ သိပ်ဖန်တီးနိုင် 280 00:13:25,080 --> 00:13:27,136 သိပ်စွမ်းအားရှိပြီး သမိုင်းတစ်ရပ်ရှိတာပါ။ 281 00:13:27,755 --> 00:13:31,056 ကျွန်တော်တို့ဟာ နှစ်သန်း လေးထောင်မှာ ဒီလိုဆုလာဘ်ကို ရထားတဲ့ မျိုးစိတ် 282 00:13:31,080 --> 00:13:32,322 တစ်ခုတည်း ဖြစ်ပုံရပါတယ်။ 283 00:13:32,797 --> 00:13:36,362 ဒီအရည်အသွေးကို စုပေါင်းသင်ယူခြင်း လို့ခေါ်ပါတယ်။ ကျွန်တော်တို့ကို 284 00:13:36,735 --> 00:13:38,124 ခွဲခြားပေးတဲ့အရာပါ။ 285 00:13:38,426 --> 00:13:41,976 ဒါကို လူ့သမိုင်းရဲ့ ရှေးဦးအဆင့်တွေက အလုပ်ခွင်မှာ မြင်နိုင်ပါတယ်။ 286 00:13:42,689 --> 00:13:45,976 Africa က မြက်ခင်းပြင်တွေမှာ မျိုးစိတ် အဖြစ် ဆင့်ကဲပြောင်းလဲခဲ့ပေမဲ့ 287 00:13:46,000 --> 00:13:49,460 နောက်တော့ ဝန်းကျင်သစ်တွေကို လူသားတွေ ရွေ့ပြောင်းတာကို မြင်ရပါတယ်။ 288 00:13:49,484 --> 00:13:51,634 ကန္တာရတွေ၊ တောနက်တွေထဲကို 289 00:13:51,658 --> 00:13:54,094 Siberia ရဲ့ တန်ဒြာ ရေခဲခေတ်ထဲကို၊ 290 00:13:54,118 --> 00:13:55,563 ကြမ်းတမ်းတဲ့ ဝန်းကျင်တွေ 291 00:13:55,587 --> 00:13:57,920 Americas နဲ့ Australasia တွေကိုပါ။ 292 00:13:57,944 --> 00:13:59,981 ပြောင်းရွှေ့မှုတိုင်း သင်ယူခြင်းပါဝင်ပါတယ် 293 00:14:00,005 --> 00:14:02,488 ဝန်းကျင်ကို အသုံးချခြင်း နည်းသစ်တွေကို သင်ယူခြင်း၊ 294 00:14:02,512 --> 00:14:04,686 ၎င်းတို့ဝန်းကျင်နဲ့ ပတ်သက်ခြင်း နည်းသစ်တွေပါ။ 295 00:14:04,710 --> 00:14:06,526 ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၁၀၀၀၀ က 296 00:14:06,550 --> 00:14:09,545 ရေခဲခေတ်အကုန်နဲ့အတူ ကမ္ဘာ့ရာသီဥတု ရုတ်တရက် ပြောင်းလဲခြင်းကို 297 00:14:09,569 --> 00:14:11,141 အသုံးချခြင်းဟာ 298 00:14:11,165 --> 00:14:12,746 လူသားတွေ လယ်ယာလုပ်ဖို့ သင်ယူတာပါ။ 299 00:14:13,363 --> 00:14:15,799 လယ်ယာလုပ်ခြင်းဟာ စွမ်းအင် ပွပေါက်ကြီးပါ။ 300 00:14:15,823 --> 00:14:19,650 စွမ်းအင်အသုံးချခြင်းဟာ လူဦးရေကို တိုးပွားစေခဲ့တယ်။ 301 00:14:19,674 --> 00:14:23,261 လူသားအဖွဲ့အစည်းတွေဟာ ကြီးမားလာ၊ ထူထပ်လာပြီး ဆက်သွယ်မှု ပိုများလာတယ်။ 302 00:14:23,841 --> 00:14:27,192 ဒီနောက် လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်ကနေ 303 00:14:27,216 --> 00:14:29,255 လူသားတွေဟာ သင်္ဘောတွေ၊ ရထားတွေ၊ 304 00:14:29,279 --> 00:14:31,660 ကြေးနန်းတွေ၊ အင်တာနက်တွေကနေ 305 00:14:31,684 --> 00:14:33,976 တစ်ကမ္ဘာလုံးကို ချိတ်ဆက်လာပြီး 306 00:14:34,000 --> 00:14:39,191 ယခုထိကျွန်တော်တို့ဟာ သန်း ၇၀၀၀ နီးပါး ရှိတဲ့ လူတဦးချင်းစီရဲ့ တစ်ခုတည်းသော 307 00:14:39,215 --> 00:14:41,347 ကမ္ဘာလုံးဆိုင်ရာ ဦးနှောက်ဖွဲ့ပုံရနေတယ်။ 308 00:14:41,371 --> 00:14:44,533 ဒီဦးနှောက်ဟာ မယုံနိုင်ဖွင် အဟုန်နဲ့ သင်ယူနေတယ်။ 309 00:14:45,312 --> 00:14:47,884 နောက် လွန်ခဲ့တဲ့ နှစ် ၂၀၀ အတွင်း နောက်တစ်ခု ဖြစ်ခဲ့တယ်။ 310 00:14:47,908 --> 00:14:50,574 ရုပ်ကြွင်းလောင်စာတွေထဲက နောက်ထပ် စွမ်းအင် 311 00:14:50,598 --> 00:14:51,725 ပွပေါက် တိုးမိခဲ့တယ်။ 312 00:14:51,749 --> 00:14:54,452 ဒါနဲ့ ရုပ်ကြွင်းလောင်စာတွေနဲ့ စုပေါင်းသင်ယူခြင်းက 313 00:14:54,476 --> 00:14:58,000 ကျွန်တော်တို့ တစ်ဝိုက်က မြင်ရတဲ့ အံ့သြဖွယ်ရာ ရှုပ်ထွေးမှုကို ရှင်းပြပါတယ်။ 314 00:15:01,245 --> 00:15:02,245 ဒီတော့ 315 00:15:03,408 --> 00:15:04,725 ဟောဒီမှာပါ၊ 316 00:15:04,749 --> 00:15:06,273 ညီလာခံ ဗဟိုနေရာကို ပြန်ရအောင်။ 317 00:15:06,297 --> 00:15:11,003 ခရီးတစ်ခု နှင်ပြီးပါပြီ၊ နှစ် ၁၃.ရ ဘီလီယံ အပြန်ခရီးပါ။ 318 00:15:11,707 --> 00:15:14,176 စွမ်းအားရှိတဲ့ဖြစ်ရပ်လို့ သဘောတူတယ် မျှော်လင့်ပါတယ်။ 319 00:15:14,200 --> 00:15:18,865 ဒီမှာ လူသားဟာ အံ့ဖွယ်ရာ၊ ဖန်တီးနိုင်တဲ့ အခန်းက ပါဝင်တဲ့ ဖြစ်ရပ်ပါ။ 320 00:15:19,206 --> 00:15:21,421 သတိပေးချက်တွေလည်း ပါဝင်ပါတယ်။ 321 00:15:22,214 --> 00:15:26,547 စုပေါင်းသင်ယူခြင်းဟာ အရမ်း အစွမ်းထက်တဲ့ အင်အားဖြစ်ပြီး 322 00:15:26,571 --> 00:15:30,976 ဒါကို ကျွန်တော်တို့ လူသားတွေ တာဝန်ရှိလား ဆိုတာတော့ မသဲကွဲပါဘူး။ 323 00:15:31,863 --> 00:15:34,932 Cuban Missile Crisis ကို ဖြတ်သန်းရင်း အင်္ဂလန်မှာ ကြီးပြင်းတဲ့ 324 00:15:34,956 --> 00:15:36,976 ကလေးဘဝကို အရှင်းကြီး မှတ်မိတယ်။ 325 00:15:37,587 --> 00:15:41,198 ရက်အနည်းငယ်ကြာ သက်ရှိကမ္ဘာတစ်ခုလုံးဟာ 326 00:15:41,222 --> 00:15:43,521 ပျက်စီးလုလု အခြေအနေ ဆိုက်ရောက်နေပုံပါ။ 327 00:15:44,214 --> 00:15:47,379 အလားတူ လက်နက်တွေ ဒီမှာ ရှိနေဆဲဖြစ်ပြီး 328 00:15:47,403 --> 00:15:48,976 လက်နက်ဆင်ထားတုန်းပါ။ 329 00:15:49,744 --> 00:15:52,976 ဒီထောင်ချောက်ကို ရှောင်နိုင်ရင် အခြားတွေကို တွေ့ရဦးမှာပါ။ 330 00:15:53,387 --> 00:15:55,976 ဒီလောက်နှုန်းနဲ့ ရုပ်ကြွင်းလောင်စာတွေကို ရှို့နေကြတယ် 331 00:15:56,000 --> 00:15:59,411 ကျွန်တော်တို့ဟာလွန်ခဲ့တဲ့ နှစ် ၁၀၀၀၀ ကျော်က လူ့ယဉ်ကျေးမှုတွေ 332 00:15:59,435 --> 00:16:01,663 ဖွံဖြိုးဖို့ ဖြစ်နိုင်အောင် လုပ်ပေးတဲ့ 333 00:16:01,687 --> 00:16:04,769 Goldilocks အခြေအနေ တွေကို လျော့ပါးစေပုံပေါက်နေတယ်၊ 334 00:16:05,373 --> 00:16:07,649 ဒီတော့ မဟာ သမိုင်းကြီးက လုပ်နိုင်တာက 335 00:16:07,673 --> 00:16:10,994 ကျွန်တော်တို့ရဲ့ ရှုပ်ထွေးမှုနဲ့ နုနယ်မှု သဘာဝနဲ့ ကျွန်တော်တို့ 336 00:16:11,018 --> 00:16:12,942 ရင်ဆိုင်ရတဲ့ အန္တရာယ်တွေကို ပြပေးတာပါ။ 337 00:16:12,966 --> 00:16:16,546 ဒါပေမဲ့ စုပေါင်းသင်ယူခြင်းပါတဲ့ အစွမ်းကိုလည်း ပြနိုင်ပါသေးတယ်။ 338 00:16:17,326 --> 00:16:19,278 ကဲ အခု နောက်ဆုံး 339 00:16:20,397 --> 00:16:22,552 ဒါက ကျွန်တော်လိုချင်တာပါ။ 340 00:16:24,188 --> 00:16:27,220 ကျွန်တော့ မြေး Daniel နဲ့ သူငယ်ချင်းတွေ၊ 341 00:16:27,244 --> 00:16:30,001 ကမ္ဘာတစ်ဝှမ်းက သူ့ရဲ့မျိုးဆက်ကို 342 00:16:30,025 --> 00:16:31,818 မဟာသမိုင်းကြီးရဲ့ 343 00:16:31,842 --> 00:16:34,682 ဖြစ်စဉ်ကို သိစေချင်တာပါ၊ 344 00:16:34,706 --> 00:16:36,745 ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ 345 00:16:36,769 --> 00:16:40,435 ရင်ဆိုင်ရတဲ့ အခွင့်အလမ်းတွေ နှစ်ရပ် စလုံးကို သူတို့ နားလည်လောက်အောင် 346 00:16:40,459 --> 00:16:42,976 ကောင်းကောင်းကြီး သိစေချင်တာပါ။ 347 00:16:43,000 --> 00:16:44,880 ဒါကြောင့် ကျွန်တော်တို့အဖွဲ့ဟာ 348 00:16:44,904 --> 00:16:47,916 ကမ္ဘာတစ်လွှားက အထက်တန်းကျောင်းသားတွေအတွက် 349 00:16:47,940 --> 00:16:49,258 မဟာသမိုင်းထဲက အခမဲ့ 350 00:16:49,282 --> 00:16:51,433 အွန်လိုင်း သင်ရိုးမာတိကာကို တည်ဆောက်နေတာပါ။ 351 00:16:51,965 --> 00:16:54,401 ယုံကြည်မိတာက ဒီမဟာ သမိုင်းကြီးဟာ 352 00:16:54,425 --> 00:16:56,976 သူတို့အတွက် အရေးပါတဲ့ ဉာဏ ကိရိယာဖြစ်လိမ့်မယ်၊ 353 00:16:57,000 --> 00:16:59,843 Daniel နဲ့ သူ့မျိုးဆက်ဟာ 354 00:16:59,867 --> 00:17:02,215 ကျွန်တော်တို့ရဲ့ လှပတဲ့ ဂြိုဟ်ကမ္ဘာရဲ့ သမိုင်းထဲက 355 00:17:02,239 --> 00:17:04,294 အဦးအစ ကာလမှာ ရင်ဆိုင်ရတဲ့ 356 00:17:04,318 --> 00:17:07,773 ဧရာမ စိန်ခေါ်မှုတွေနဲ့ သူတို့ရှေ့က 357 00:17:07,797 --> 00:17:10,976 ဧရာမ အခွင့်အလမ်းတွေလိုပေါ့ဗျာ။ 358 00:17:11,733 --> 00:17:13,281 နားဆင်တဲ့အတွက် ကျေးဇူးပါ။ 359 00:17:13,305 --> 00:17:18,000 (လက်ခုပ်သံများ)