< Return to Video

စက္ကူဖြင့် ထုတ်လုပ်ထားတဲ့ အသက်ကယ်ရေး သိပ္ပံပညာဆိုင်ရာ ကိရိယာများ။

  • 0:01 - 0:04
    ကျွန်တော်ဟာ ကိရိယာ အမျိုးမျိုးကို
    ထုတ်လုပ်ပြီး လူတွေကို မျှဝေပေးချင်ပါတယ်။
  • 0:04 - 0:06
    ကျွန်တော် ငယ်စဉ်တုန်းက အဖြစ်ကို မှတ်မိတယ်။
  • 0:06 - 0:10
    ကျွန်တော် ပထမဦးဆုံး ထုတ်လုပ်လိုက်တဲ့
    ကိရိယာဟာ အဏုကြည့်စက် ဖြစ်ခဲ့ပါတယ်၊
  • 0:10 - 0:14
    ကျွန်တော့် အစ်ကိုရဲ့ မျက်မှန်ထဲက
    မှန်ဘီလူးကို ခိုးယူခဲ့ပြီး ထုတ်လုပ်ခဲ့တာ။
  • 0:14 - 0:16
    သူဟာ အဲဒါကြောင့်
    စိတ်တုန်လုပ်မသွားခဲ့ပါဘူး။
  • 0:16 - 0:18
    ဒါပေမဲ့၊ အဲဒီဖြစ်ရပ်ကြောင့်
    နှစ်ပေါင်း ၃၀ အကြာ
  • 0:18 - 0:19
    ကာလကို ရောက်လာတော့၊
  • 0:19 - 0:21
    ကျွန်တော် အဏုကြည့်စက်တွေ ထုတ်လုပ်နေဆဲပါ။
  • 0:21 - 0:26
    အဲဒီလို ကိရိယာတွေကို ကျွန်တော် ထုတ်လုပ်ရတာ
    ဒီလို အခိုက်အတန့်များအတွက်ပါ။
  • 0:28 - 0:30
    (ဗီဒီယို) ကျမဆံပင်တွေထဲ
    အမည်းရောင် အရာတွေ ရှိနေတယ်-
  • 0:30 - 0:32
    Manu Prakash- ပင်လယ်အော်ဒေသထဲက ကျောင်းပါ။
  • 0:32 - 0:37
    (ဗီဒီယို) MP- လက်တွေ့ဘဝဟာ တကယ်တော့
    ကျွန်တောတို့က အရာတွေ အလုပ်လုပ်ကြပုံကို
  • 0:37 - 0:39
    စိတ်ကူးစဉ်းစားကြတာထက်ကို ပိုဆန်းကျင်ပါတယ်။
  • 0:39 - 0:42
    (ဗီဒီယို) ယောက်ျားလေးး- အို၊ ဘုရားသခင်!
  • 0:44 - 0:46
    MP- အို ဘရားသခင်!
  • 0:47 - 0:50
    ဒီလို စကားလုံးတွေ လူတိုင်း
    ပြောစရာဖြစ်လာတာ အံ့ဩစရာပါပဲ။
  • 0:51 - 0:53
    လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ၊
  • 0:53 - 0:54
    ကျွန်တော့ ဓာတ်ခွဲခန်းတွင်
  • 0:54 - 0:57
    ကျွန်တော်တို့ဟာ Foldscope
    ၅၀၀၀၀ ကို ထုတ်လုပ်ခဲ့တယ်၊
  • 0:57 - 0:59
    ကမ္ဘာ့နိုင်ငံ ၁၃၀ ထံ ပို့ပေးခဲ့ကြတယ်၊
  • 0:59 - 1:02
    ကလေးတွေဟာ ဘာမှပေးဆပ်ရန်
    မလိုဘဲ အခမဲ့ ရခဲ့ကြတာပါ။
  • 1:02 - 1:03
    ဒီတစ်နှစ်တည်းမှာကိုပဲ
  • 1:03 - 1:06
    ကျွန်တော်တို့
    အသိုင်းအဝိုင်းရဲ့ ပံ့ပိုးမှုဖြင့်၊
  • 1:06 - 1:09
    ကျွန်တော်တို့ဟာ အဏုကြည့်စက်
    တစ်သန်းကို ပို့ပေးဖို့ စီမံထားပါတယ်။
  • 1:09 - 1:10
    ကမ္ဘာတဝှမ်း ကလေးတွေဆီ ပို့ပေးမယ်။
  • 1:10 - 1:12
    အဲဒါက ဘာ့အတွက်များပါလိမ့်?
  • 1:12 - 1:15
    အဲဒါ ကမ္ဘာတဝှမ်း ဉာဏ်ပညာကို အသုံးချကြတဲ့
    လူတွေရဲ့ အသိုင်းအဝိုင်းကို ဖန်တီးပေးမယ်၊
  • 1:15 - 1:18
    အပြန်အလှန် ပို့ချ သင်ယူကြမယ့်
    လူတွေ ပေါ်လာကြမယ်၊
  • 1:18 - 1:21
    ကင်ညာမှစလျက် ကမ်ပါလာအထိ
    ခတ္တမန္ဒူမှ ကန်ရှပ်စ်အထိ လွှမ်းခြုံထားတယ်။
  • 1:21 - 1:24
    ပြီးတော့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်
    သိပ်သဘောကျတဲ့ အံ့ဩစရာ အချက်က
  • 1:24 - 1:26
    အသိုင်းအဝိုင်းရဲ့ စိတ်ဓာတ်ပါပဲ။
  • 1:26 - 1:28
    နီကာရာဂွါနိုင်ငံမှာ ကလေး တစ်ယောက်ရှိတယ်
  • 1:28 - 1:31
    သွေးလွန်တုပ်ကွေး သယ်ဆောင်နိုင်တဲ့ ခြင်
    မျိုးစိတ်ခွဲခြားဖို့ ကလေးတွေကို သင်နေတယ်၊
  • 1:32 - 1:34
    အဏုကြည့်စက်ကို သုံးပြီး
    ဆန်းစစ်ပုံကို သင်ပေးတယ်။
  • 1:34 - 1:36
    ဆေးပညာရှင် တစ်ဦးက အတုအပ
    ဆေးဝါးကို ခွဲခြား ထုတ်ဖေါ်ရေး
  • 1:37 - 1:39
    နည်းလမ်းကို ရှာကြံတင်ပြ ထားတာ ရှိပါတယ်။
  • 1:39 - 1:41
    ကလေးမလေးက
    တလက်လက်တောက်ပမှု ဆိုတာ
  • 1:41 - 1:43
    "ဘယ်လိုများ ဖြစ်ပေါ်လာပါလိမ့်"
    မေးခွန်းကို ထုတ်ခဲ့ပြီး
  • 1:43 - 1:47
    ဝင်းလက်မှု အကြောင်းရင်း ဓာတ်ဆားပွင့်ထဲက
    ရူပဗေဒ အခြေခံကို ရှာတွေ့ခဲ့တယ်။
  • 1:47 - 1:49
    အာဂျင်တီးနား ဆရာဝန်အကြောင်းလည်း
    ပြောပြချင်တယ်
  • 1:49 - 1:54
    ဒီကိရိယာကို အသုံးပြုပြီး ကွင်းဆင်းလျက်
    သားအိမ်ဆိုင်ရာ ကင်ဆာကို ဆန်းစစ်နေသူပါ။
  • 1:54 - 1:57
    ပြီးတော့ ကျွန်တော် ကိုယ်တိုင်တောင်
    ခွေးလှေးတစ်မျိုးကို ကျွန်တော့
  • 1:57 - 2:02
    ခြေဖနောင့်တွင် တစ်စင်တီမီတာ နက်တဲ့နေရာမှာ
    ရှာတွေ့ခဲ့ပါသေးတယ်။
  • 2:03 - 2:08
    ဒါတွေဟာ အားလုံးဟာ ဖြစ်ရိုးဖြစ်စဉ်
    မဟုတ်ဘူးလို့ ထင်ချင်ထင်နိုင်ကြပါတယ်။
  • 2:08 - 2:10
    ဒါပေမဲ့ အခုလိုရူးရမှုက အကြောင်းရှိပါတယ်။
  • 2:10 - 2:13
    ကျွန်တော်က အဲဒါကို
    "ချွေတာရေးသိပ္ပံ"လို့ ခေါ်ပါတယ်-
  • 2:13 - 2:17
    သိပ္ပံပညာဆိုင်ရာ အတွေ့အကြုံတွေကို
    မျှဝေပေးရေး စိတ်ကူးပါ၊
  • 2:17 - 2:18
    အချက်အလက်တွေ သက်သက်ပေးရုံ မဟုတ်ပါ။
  • 2:18 - 2:20
    သိဖို့ ထောက်ပြချင်တာက-
  • 2:20 - 2:22
    ကျွန်တော်တို့ဂြိုဟ်ပေါ်မှာ တစ်ဘီလီယံအထိ
    ရှိကြတဲ့ ပြည်သူတွေဟာ
  • 2:22 - 2:25
    ဘယ်လို အခြေခံအဆောက်အအုံတွေ
    မရှိဘဲ နေထိုင်နေကြရပါတယ်-
  • 2:25 - 2:27
    လမ်းပန်းဆက်သွယ်မှုမရှိ၊
  • 2:27 - 2:28
    လျှပ်စစ်ဓါတ်အားမရှိ၊
  • 2:28 - 2:30
    ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိပါ။
  • 2:31 - 2:34
    ဒါ့အပြင် ဆင်းဆင်းရဲရဲ နေထိုင်နေကြရတဲ့
    ကလေးတွေ တစ်ဘီလီယံ ရှိကြပါသေးတယ်။
  • 2:34 - 2:37
    ကျွန်တော်တို့က ပြဿနာတွေကို ဖြေရှင်း
    ပေးရမယ့် အနာဂတ်မျိုးဆက်ကို
  • 2:37 - 2:39
    သူတို့ကို ဘယ်လိုလုပ်ပြီး
    လှုံ့ဆော်ပေးကြမလဲ၊။
  • 2:39 - 2:43
    ကျနော်တို့ တာဝန်တွေပေးထားတဲ့ ကျန်းမာရေး
    စောင့်ရှောက်ပေးကြတဲ့ လုပ်သားတွေရှိကြပါတယ်
  • 2:43 - 2:45
    ကူးစက်ရောဂါတွေ တိုက်ဖျက်ဖို့၊
  • 2:45 - 2:49
    အနည်းဆုံးမျှသာ ဖြစ်ကြတဲ့ ကိရိယာတွေ
    ရင်းမြစ်တွေနဲ့ ကာကွယ်ပေးဖို့အတွက်ပါ။
  • 2:50 - 2:52
    ဥပမာ၊ စတန်းဖို့ဒ်က
    ဓာတ်ခွဲခန်းကိုဆိုပါစို့၊
  • 2:52 - 2:55
    ချွေတာရေး သိပ္ပံပညာရှုထောင့်မှ ကြည့်လျက်
  • 2:55 - 2:59
    ဒီလူမှုအသိုင်းအဝိုင်းတွေအတွက် ဖြေရှင်း
    နည်းတွေကို ချမှတ်ပေးလိုပါတယ်။
  • 2:59 - 3:03
    မကြာခဏ ကျွန်တော်တို့က သစ်ပင်တစ်ပင်ရဲ့
    အောက်၌ ရောဂါရှာဖွေရေးကို လုပ်ကိုင်လိုတယ်။
  • 3:03 - 3:07
    ကျွန်တော်ဟာ ကိရိယာသစ်တွေ အကြောင်း
    သာဓက နှစ်ခုကို ဒီနေ့ ပြောပြချင်တယ်။
  • 3:07 - 3:09
    တစ်ခုကို ယူဂန်ဒါနိုင်ငံမှာ စတင်ခဲ့ကြတယ်။
  • 3:09 - 3:10
    ၂၀၁၃ ခုနှစ်တွင်၊
  • 3:10 - 3:14
    Foldscope တွေကိုသုံးပြီး schistosomiasis
    ကို ရှာဖွေရန် ကွင်းဆင်းခဲ့စဉ်၊
  • 3:14 - 3:17
    ကျွန်တော် အသေးအဖွဲတစ်ခုကို သတိထားမိတယ်။
  • 3:17 - 3:19
    ဆေးခန်းတစ်ခုမှာ၊
  • 3:19 - 3:20
    ဝေးလံတဲ့ တစ်နေရာမှာ၊
  • 3:20 - 3:24
    centrifuge စက်ကို တံခါးကို ခုပေးဖို့
    သုံးနေခဲ့တာ မြင်ခဲ့ရတယ်။
  • 3:24 - 3:27
    တကယ့်ကို တံခါးမပိတ်မိဖို့
    ခံခုပေးဖို့ သုံးခဲ့တာပါ။
  • 3:27 - 3:28
    အဲဒီအကြောင်း သူတို့ကိုမေးကြည့်တော့၊
  • 3:28 - 3:30
    "အိုး၊ ကျွန်ုပ်တို့ဆီမှာ
    လျှပ်စစ်မှ မရှိတာ၊
  • 3:30 - 3:34
    ဒီတော့ ဒီလေးလံတဲ့ စက်ကြီးဟာ
    တံခါးကို ခုခံပေးဖို့ အကောင်းဆုံးပါပဲ။ "
  • 3:35 - 3:37
    ခင်ဗျားတို့ အားလုံး သိချင်မှသိကြမှာက၊
  • 3:37 - 3:41
    နမူနာ အမျိုးအစားကို စီမံစမ်းသပ်ရာတွင်
    အခရာအကျဆုံး ကိရိယာကြီးပါပဲ။
  • 3:41 - 3:44
    ကိုယ်က သွေး ဒါမှမဟုတ် ခန္ဓာကိုယ်
    အရည်တွေကို ပိုင်းခြားပြီးရင်
  • 3:44 - 3:46
    ရောဂါပိုးတွေကို ရှာကြည့်ချင်ရင်
    သုံးရတဲ့ စက်ပါ။
  • 3:46 - 3:49
    တကယ်တော့ အဲဒီ centrifuge ကြီးလေးပြီး
    ဈေးအရမ်းကြီးကြတယ်--
  • 3:49 - 3:51
    ဒေါ်လာ ၁၀၀၀ ဝန်းကျင် တန်တယ်--
  • 3:51 - 3:54
    ပြီးတော့ အဲဒါကို ကွင်းဆင်းရာတွင်
    သယ်ယူရန် မလွယ်လှပါ။
  • 3:54 - 3:55
    ပြီးတော့ ၎င်းတို့ဟာ
  • 3:55 - 3:56
    လျှပ်စစ်မရှိရင် အလုပ်မလုပ်နိုင်ကြဘူး။
  • 3:56 - 3:58
    ဖြစ်နေကျ ကိစ္စပဲ မဟုတ်လား။
  • 3:58 - 4:00
    အဲဒီပြဿနာ ဖြေရှင်းရေးကို
    ကျွန်ုပ်တို့ စစဉ်းစားလာခဲ့ကြတယ်၊
  • 4:00 - 4:02
    ကျွန်တော် ပြန်လာခဲ့ရတယ်--
  • 4:02 - 4:04
    ကစားစရာတွေ အကြောင်းကို စဉ်းစားနေရင်းပါ။
  • 4:04 - 4:05
    အခုတော့ ...
  • 4:06 - 4:08
    ကျွန်တော့နဲ့အတူ ဒီမှာ တချို့ပါလာပါတယ်။
  • 4:08 - 4:10
    ကျွန်မပထမဦးဆုံး
    စတင်ခဲ့တာက yo-yos နဲ့ပါ ...
  • 4:10 - 4:13
    ကျွန်တော်ဟာ yo-yo ကို ပစ်ရာတွင်
    အရမ်းကို တော်သူပါ။
  • 4:13 - 4:15
    အဲဒီကစားစရာတွေက လည်ကြတော့
  • 4:15 - 4:16
    ကျွန်တော်တို့ တွေးမိတာက၊
  • 4:16 - 4:18
    အဲဒီအရာတွေရဲ့ ရူပဗေဒသဘာဝကို အသုံးချပြီး
  • 4:18 - 4:20
    centrifuge တွေ တည်ဆောက်နိုင်မလား။
  • 4:21 - 4:24
    ဒီတချီ လုပ်ပြခဲ့တာက ကျွန်တော့အတွက်
    အဆိုးဆုံး တစ်ခုပါ။
  • 4:24 - 4:26
    ဒါပေမဲ့ ကျွန်တော်တို့ တွေးမိတာက၊
  • 4:26 - 4:29
    ဒီလို ကစားစရာအမျိုးမျိုးကို စမ်းသပ်
    စူးစမ်းကြည့်မယ်ဆိုရင်--
  • 4:29 - 4:31
    ကျွန်တော်တို့ဟာ ဒီလို
    လည်တဲ့ဟာကို စမ်းကြည့်ခဲ့တယ်၊
  • 4:31 - 4:33
    အဲဒီနောက် ဓာတ်ခွဲခန်းထဲမှာ
  • 4:33 - 4:36
    ကျွန်ုပ်တို့ဟာ ဒီအံ့အားသင့်စရာဟာကို
    သတိထားမိကြတယ်။
  • 4:36 - 4:39
    အဲဒါကို နာမည်အမျိုးမျိုးဖြင့် ခေါ်ကြပါတယ်။
  • 4:39 - 4:42
    ကြိုးနှစ်ချောင်းပါပြီး
    အပြားလေး တစ်ခုပါတယ်၊
  • 4:42 - 4:44
    ကျွန်တော်က အခုလို တွန်းလိုက်ရင် လည်ပါတယ်။
  • 4:44 - 4:47
    ကလေးဘဝမှာ ခင်ဗျားတို့ထဲက
    ဘယ်နှစ်ယောက်များ ကစားခဲ့ဘူးကြလဲ။
  • 4:47 - 4:49
    ဒါကိုတော့
    button-on-a-string လို့ ခေါ်ပါတယ်။
  • 4:49 - 4:51
    ကောင်းပြီ၊ ၅၀ ရာခိုင်နှုန်း
    ဖြစ်နိုင်ပါတယ်။
  • 4:51 - 4:53
    ခင်ဗျားတို့ နားမလည်မိတဲ့ အချက်က--
  • 4:53 - 4:54
    ဒီကစားစရာ အသေးလေးဟာ
  • 4:54 - 4:59
    လူသားသမိုင်းထဲက ရှေးအကျဆုံး
    ကစားစရာပါပဲ ...
  • 4:59 - 5:01
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ တုန်းကပါ။
  • 5:01 - 5:04
    ကျွန်တော်တို့ဟာ ကမ္ဘာကြီး နေရာအနှံ့မှာ
    အဲဒါရဲ့ အကြွင်းအကျန်တွေ ရှာတွေ့ခဲ့တယ်။
  • 5:04 - 5:07
    ဒါပေမဲ့ ရယ်စရာကောင်းတာက၊
  • 5:07 - 5:10
    အဲဒါ ဘယ်လို အလုပ်လုပ်မှန်းကို
    ကျွန်တော်တို့ မသိကြခြင်းပါပဲ။
  • 5:10 - 5:13
    အဲဒါကမှ ကျွန်တော့ကို
    စိတ်လှုပ်ရှားစရာ ဖြစ်လာပါတယ်။
  • 5:13 - 5:15
    အဲဒါနဲ့ စပြီး စမ်းသပ်ကြိုးစားရပါတယ်။
  • 5:15 - 5:17
    ညီမျှခြင်း နှစ်ခုလောက်ကို ချရေးလိုက်ကြတယ်။
  • 5:17 - 5:20
    ကျွန်တော်တို့က ထည့်သွင်းပေးလိုက်တဲ့
    လိမ်အားကို ယူကြည့်မယ်ဆိုရင်၊
  • 5:20 - 5:22
    ကိုယ်က ဒီအပြားကို ဆွဲလှည့်ပေးလိုက်ရတယ်၊
  • 5:22 - 5:25
    တဖန် အဲဒီလိမ်အားက
    ကြိုးတွေကို ထပ်ပြီးလိမ်ပေးတယ်၊
  • 5:25 - 5:27
    ဒါကို သင်္ချာနည်းနဲ့ တွက်လို့ ရနိုင်ပါတယ်။
  • 5:27 - 5:30
    ဒီနေ့ပြောချင်တာက အဲဒီညီမျှခြင်း
    တစ်ခုတည်း အကြောင်းမကပါ။
  • 5:30 - 5:32
    တွက်ချက်ခဲ့ရတာ စာမျက်နှာ
    တစ်ဆယ်လောက် ရှိပါတယ်။
  • 5:32 - 5:35
    ဒီလိုလည်ပတ် လှုပ်ရှုားနေတဲ့
    စနစ်ကြီးအတွက် ဆန်းစစ်မှု ဖေါ်မြူလာတွေ
  • 5:35 - 5:37
    အားလုံးကို ရေးချနိုင်ခဲ့ကြပါတယ်။
  • 5:37 - 5:40
    အဲဒါအားလုံးရဲ့ နောက်ဆုံးရလဒ်ကတော့
    "Paperfuge"ပါပဲ။
  • 5:40 - 5:43
    ဒါက ကျွန်တော့တပည့် ဘွဲ့လွန်ကျောင်းသား
    Saad Bhamla ပါ၊
  • 5:43 - 5:44
    Paperfuge ကို ပူးတွဲတီထွင်ပေးခဲ့သူပါ။
  • 5:44 - 5:47
    ဒီဘယ်ဘက်မှာ တွေ့ကြရတာက
    centrifuge စက်ကြီးတွေပါ
  • 5:47 - 5:49
    ကျနော်တို့အစားထိုးဖို့ ကြိုးစားနေတဲ့ဟာပါ။
  • 5:49 - 5:52
    ခင်ဗျားတို့ ဒီမှာ မြင်နေရတဲ့
    ပစ္စည်းလေးက
  • 5:53 - 5:56
    ချပ်ပြားတစ်ခု၊
    ကြိုးနှစ်ချောင်းနဲ့ လက်ကိုင်ပါ။
  • 5:56 - 5:58
    ဒါကို လှည့်လိမ်ပေးလိုက်ရင်
  • 5:58 - 5:59
    ပြီးတော့ ဆွဲဆန့်လိုက်ရင်၊
  • 5:59 - 6:00
    အဲဒါ စပြီး လည်ပါတော့တယ်။
  • 6:00 - 6:02
    ဒီတော့ ဒါကို သိနားလည်လိုက်တော့၊
  • 6:03 - 6:04
    အဲဒါကို တွက်ချက် ကြည့်လိုက်တော့၊
  • 6:06 - 6:08
    ဒီအရာလေးအတွက် rpm လည်ပတ်နှုန်းကို
    တွက်ကြည့်ရင်၊
  • 6:08 - 6:12
    သင်္ချာသဘောအရ ကျွန်တော်တို့ဟာ rpm
    တစ်သန်းအထကို သွားနိုင်မှာပါ။
  • 6:12 - 6:15
    ဒီမှာ လူသားရဲ့ ခန္ဓာဗေဒဆိုင်ရာ
    စဉ်းစားစရာ တစ်ခု ရှိနေတယ်၊
  • 6:15 - 6:18
    ဒီအရာရဲ့ တုန်ခါမှု ကြိမ်နှုန်းဟာ 10 hertz
    ဝန်းကျင်မှာ ရှိနေလို့၊
  • 6:18 - 6:20
    ခင်ဗျားတို့ စန္ဒရားကို တီးခဲ့ဘူးရင်၊
  • 6:20 - 6:22
    နှစ် သို့မဟုတ် သုံး hertz
    ထက် ပိုပြီး တီးမရနိုင်ပါ၊
  • 6:22 - 6:26
    ကျွန်တော်တို့က ဒီဟာလေးနဲ့ ရယူနိုင်ခဲ့ကြတဲ့
    အမြင့်ဆုံးနှု်းက
  • 6:26 - 6:27
    rpm ၁၀၀၀၀ မဟုတ်ပါ၊
  • 6:27 - 6:29
    rpm ၅၀၀၀၀ လည်းမဟုတ်ပါ၊
  • 6:29 - 6:31
    rpm ၁၂၀၀၀၀ ပါ။
  • 6:31 - 6:34
    အဲဒါဟာ ကမ္ဘာ့ဆွဲအား g ရဲ့ အဆ ၃၀၀၀ ပါ။
  • 6:34 - 6:37
    တကယ်လိုများ ခင်ဗျားတို့ကို ဒီမှာ
    ကပ်ပေးလိုက်ပြီး လှည့်ပေးလိုက်ရင်၊
  • 6:37 - 6:40
    ခင်ဗျားတို့ ခံစားရမယ့် အားတွေကို
    စိတ်ကူးသာ ကြည့်ကြပေတော့။
  • 6:40 - 6:43
    ဒီလို ကိရိယာရဲ့
    အကျိုးသက်ရောက်မှု တစ်ခုက
  • 6:43 - 6:46
    အဲဒါနဲ့ ရောဂါကို ရှာဖွေနိုင်တော့မှာပါ။
  • 6:46 - 6:50
    ဒီတော့ ကျွန်တော်ဟာ လက်တွေ့
    ဒီနေရာမှာကို စမ်းသပ်ပြပါ့မယ်--
  • 6:50 - 6:54
    အဲဒါ့အတွက် ကျွန်တော်ဟာ ကျွန်တော့
    လက်ချောင်းကို ဖောက်ဖို့ လိုပါမယ်၊
  • 6:54 - 6:56
    အဲဒါကြောင့် သွေးစက် သေးသေးလေး
    ထွက်လာပါမယ်။
  • 6:56 - 6:58
    သွေးလန့်တဲ့သူဆိုရင်
    ဒါကို ကြည့်ရန် မလိုပါဘူး။
  • 6:58 - 7:00
    ဒါက ဖောက်ပေးတဲ့ lancet အချွန်ပါ။
  • 7:00 - 7:02
    အဲဒီ lancet တွေကို နေရာတိုင်းမှာ
    ဝယ်ရနိုင်ပါတယ်။
  • 7:02 - 7:04
    လုံးဝ အန္တရာယ်မရှိကြပါ။
  • 7:04 - 7:07
    ကိုယ်က ဒီနေ့ မနက်စာ စားထားရင် ...
  • 7:10 - 7:12
    လုံးဝ နာမှာ မဟုတ်ပါဘူး။
  • 7:12 - 7:15
    ကောင်းပြီ၊ အခုတော့ ပြွန်လေး တစ်ခုနဲ့
    သွေးကို စုပ်ယူမယ်--
  • 7:15 - 7:18
    အခုတော့ အဲဒီသွေးတစ်စက်က
    အဖြေတွေကို ပေးနိုင်မှာပါ၊
  • 7:18 - 7:20
    အဲဒါကြောင့် ဒါတွေကို လုပ်လာခဲ့တာပါ။
  • 7:20 - 7:23
    အဲဒါက ကျွန်တော့ဆီတွင် ငှက်ဖျားရှိမရှိကို
    ချက်ချင်း ဖြေပေးနိုင်တယ်။
  • 7:23 - 7:25
    ကျွန်တော်ဟာ ပြွန်သေးသေးကို ယူထားတယ်၊
  • 7:25 - 7:27
    အဲဒါက စပြီး စုပ်ယူနေတာ မြင်ရပါတယ်။
  • 7:28 - 7:30
    ကျွန်တော် နောက်ထပ် နည်းနည်း စုပ်ယူဦးမယ်။
  • 7:33 - 7:35
    အဲဒါကြည့်ရတာ လုံလောက်ပါပြီ။
  • 7:36 - 7:40
    အဲဒီပြွန်လေးကို ဒီလိုနည်းဖြင့်
    အလုံပိတ်လိုက်ပါမယ်။
  • 7:43 - 7:46
    ဒီလိုနည်းဖြင့် နမူနာကို
    အလုံပိတ်လိုက်ပါပြီ။
  • 7:46 - 7:48
    ကျွန်တော်တို့ဟာ အဲဒီနမူနာကို ယူပြီး
  • 7:48 - 7:50
    Paperfuge ပေါ်မှာ တပ်ဆင်ပေးမယ်။
  • 7:57 - 8:00
    တိပ်အနည်းငယ်ဖြင့် အလုံပိတ်ပေးပါမယ်။
  • 8:01 - 8:04
    အဲဒီတော့ နမူနာဟာ လုံးဝကို
    အလုံပိတ်ပြီးနေပြီ။
  • 8:07 - 8:09
    ကျွန်တော်တို့ အဲဒါကို
    လှည့်ပေးရန် အသင့်ရှိနေပြီ။
  • 8:10 - 8:13
    ကျွန်တော်ဟာ ဒါကို ဆွဲယူလိုက် တွန်းလိုက်
    လုပ်ပေးရပါမယ်။
  • 8:13 - 8:15
    ကျွန်တော် ဒါကို ဒီလို တင်ပေးလိုက်မယ် ...
  • 8:16 - 8:19
    ဒီအရာဟာ စပြီး လည်ပတ်လာတာ မြင်နိုင်ကြပါတယ်။
  • 8:19 - 8:21
    ပုံမှန် centrifuge တွေနဲ့မတူဘဲ၊
  • 8:21 - 8:24
    ကျွန်တော်တို့ဟာက တန်ြပန်
    လှည့်ပေးတဲ့ စနစ်ပါ။
  • 8:24 - 8:27
    နောက်ကို လည်လိုက်၊ ရှေ့ကိုလည်လိုက်ပါ ...
  • 8:27 - 8:29
    အခုတော့ ကျွန်တော်ဟာ
    အရှိန်ရအောင် လုပ်ပေးတော့မယ်။
  • 8:29 - 8:31
    အရှိန်အဟုန် ရလာတာ မြင်နိုင်ကြမှာပါ။
  • 8:32 - 8:35
    အခုတော့ -- ခင်ဗျားတို့ ဒါကို
    ကြားကြရဲ့လား ကျွန်တော် မသိပါ--
  • 8:35 - 8:36
    ဒီလိုနည်းနဲ့ စက္ကန့် ၃၀ အကြာမှာ၊
  • 8:37 - 8:41
    ကျွန်တော်ဟာ သွေးဆဲလ်တွေကို ပလာစမာနဲ့
    ခွဲခြားပေးနိုင်တော့မှာပါ။
  • 8:42 - 8:45
    အဲဒီသွေးဆဲလ်များနဲ့ ပလာစမာရဲ့
    အချိုးအစားဟာဖြင့်--
  • 8:45 - 8:47
    (လက်ခုပ်သံများ)
  • 8:48 - 8:51
    ခင်ဗျား အခုဒီမှာ မြင်နေကြရသလို၊
  • 8:52 - 8:54
    ကျွန်တော်တို့က အဲဒါကို ဂရုစိုက်လေ့လာရင်၊
  • 8:54 - 8:56
    သီးခြား ခွဲထွက်သွားတဲ့
    ထုထယ်ကို မြင်နိုင်ကြမှာပါ
  • 8:57 - 8:59
    သွေးနှင့် ပလာစမာပါပဲ။
  • 8:59 - 9:03
    အဲဒီအချိုးအစားက ကျွန်တော်ဟာ သွေးအား
    နည်းသူလား ဆိုတာကို ထောက်ြပနိုင်တယ်။
  • 9:03 - 9:07
    လက်ရှိ Paperfuges အမျိုးမျိုး ဆောက်
    နိုင်ြခင်းဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
  • 9:07 - 9:11
    ဒါဆိုရင် နည်းနည်းလေး ပိုကြာအောင်
    လှည့်ပေးခြင်းဖြင့်
  • 9:11 - 9:13
    ငှက်ဖျားကပ်ပါးကောင်ကို
    ဖေါ်ထုတ်ပေးနိုင်တယ်၊
  • 9:13 - 9:17
    သွေးထဲမှာ ရှိနေကြတဲ့ ငှက်ဖျား
    ကပ်ပါးကောင်တွေကို ခွဲခြားနိုင်ပါတယ်
  • 9:17 - 9:21
    centrifuge ကို သုံးပြီး သွေးထဲရှိနေကြတဲ့
    ငှက်ဖျား ကပ်ပါးတွေကို ခွဲခြားသိရနိုင်သလို
  • 9:21 - 9:25
    ခုနက ပြခဲ့သလို ကျွန်တောတို့ရဲ့ နည်းနဲ့
    ခွဲခြားလျက် သိရှိလာနိုင်ပါတယ်။
  • 9:25 - 9:29
    နောက်ပုံစံ တစ်ခုကျတော့ nucleic acid ကို
    စမ်းသပ်မှုလို့ ရမှာမို့လို့
  • 9:30 - 9:34
    ကွင်းဆင်းနေချိန်မှာကိုပဲ nucleic acid
    စမ်းသပ်မှုတွေ တစ်ပြုံကြီး လုပ်နိုင်မှာပါ။
  • 9:34 - 9:36
    ပြီးတော့ နောက်ဆုံးတွင်၊
  • 9:36 - 9:38
    ကျွန်တော်တို့ ဆက်ပြီး လုပ်ကိုင်နေကြတာက
  • 9:38 - 9:42
    စမ်းသပ်မှုတွေ အမျိုးမျိုးကို ဒီလို
    တစ်ခုတည်းနဲ့ လုပ်လို့ရဖို့အတွက်ပါ။
  • 9:42 - 9:47
    အဲဒီလိုနည်းဖြင့် နမူနာ ယူတဲ့အလုပ်ကိုရော
    ဓာတုဗေဒ အလုပ်ကိုပါ လုပ်နိုင်ပါ့မယ်။
  • 9:48 - 9:49
    အခုတော့ ...
  • 9:49 - 9:50
    ဒါတွေ အားလုံး ကောင်းပါတယ်၊
  • 9:50 - 9:52
    ဒါပေမဲ့၊ ဒါတွေကို စဉ်းစားကြည့်ရင်၊
  • 9:52 - 9:55
    ဒီကိရိယာတွေ လူတွေ အများကြီးအား
    ဝေမျှပေးရေးကို စဉ်းစားရတယ်။
  • 9:55 - 9:57
    ကျွန်တော်တို့ ခုလေးတင်
    မဒါဂါစကာမှ ပြန်လာခဲ့ကြတာပါ၊
  • 9:57 - 10:00
    ငှက်ဖျားများအတွက် လက်တွေ့စမ်းသပ်မှုက
    ဒီလို ပုံစံမျိုးပါ--
  • 10:00 - 10:01
    (ရယ်သံများ)
  • 10:01 - 10:04
    ဒါကို ကော်ဖီသောက်နေရင်း လုပ်နိုင်တယ်။
  • 10:04 - 10:05
    ဒါပေမဲ့ တကယ် အရေးကြီးတာက၊
  • 10:06 - 10:10
    ဒီရွာဟာ လမ်းမကြီးတွေနဲ့ ခြောက်နာရီ ခရီး
    အဝေးမှာ ရှိတဲ့ ရွာပါ။
  • 10:10 - 10:13
    အခန်းထဲတွင် အဲဒီက အသိုင်းအဝုိင်းထဲက
    သက်ကြီးတစ်ယောက်နဲ့
  • 10:13 - 10:16
    ကျန်းမာရေး စောင့်ရှောက်ပေးတဲ့
    လုပ်သား ရှိနေပါတယ်။
  • 10:16 - 10:20
    ဒီလို အားထုတ်မှုရဲ့ ဒီအပိုင်းလေးဟာဖြင့်
    ကျွန်တော့အတွက် စိတ်အလှုပ်ရှားရဆုံးပါ--
  • 10:20 - 10:21
    အဲဒီအပြုံးလေး၊
  • 10:21 - 10:25
    ရိုးရိုးလေးနဲ့ အားကောင်းကြတဲ့ ကိရိယာတွေကို
    ကမ္ဘာတဝှမ်းက လူတွေကို မျှဝေရကျိုး နပ်တယ်။
  • 10:25 - 10:28
    ဒါနဲ့ ခင်ဗျားတို့ ပြောဖို့
    မေ့သွားတဲ့ တစ်ချက်က၊
  • 10:28 - 10:31
    အဲဒါတွေ အားလုံးကို ထုတ်လုပ်ပေးဖို့
    ဆင့် ၂၀ သာ လိုတာကိုပါ။
  • 10:31 - 10:34
    ကောင်းပါပြီ၊ စိတ်မဝင်စားစရာတွေကို
    နောက်မှာ ချန်ထားခဲ့ရင်း၊
  • 10:34 - 10:36
    နောက်ဆုံး မကြာမီလေးတင်က တစ်ခု
    အကြောင်းကို ပြောပြမယ်--
  • 10:37 - 10:38
    (ရယ်သံများ)
  • 10:38 - 10:40
    ကျွန်တော်တို့ဓာတ်ခွဲခန်းရဲ့ တီထွင်မှုပါ။
  • 10:40 - 10:41
    Abuzz ဆိုပြီး နာမည်ပေးထားတယ်--
  • 10:42 - 10:45
    ခင်ဗျားတို့ အားလုံးနဲ့အတူ ခြင်တွေကို
    တိုက်ပွဲဝင်ရေး စိတ်ကူးနဲ့ပါ။
  • 10:45 - 10:48
    ကျွန်တော်တို့ရဲ့ ရန်သူခြင်တွေကို
    ခြေရာခံရန် အတွက်ပါ။
  • 10:48 - 10:52
    ၎င်းတို့က ငှက်ဖျား၊ Zika၊ chikungunya၊
    သွေးလွန်တုပ်ကွေး စ်ပွားစေတဲ့ ရန်သူတွေပါ။
  • 10:52 - 10:57
    ဒါပေမဲ့ ပြဿနာက ကျွန်တော်တို့ရဲ့ ရန်သူတွေ
    ဘယ်မှာ ရှိကြမှန်းကို မသိကြပါ။
  • 10:57 - 11:00
    ခြင်တွေဆိုင်ရာ
    ကမ္ဘာ့မြေပုံတွေ မရှိသေးပါဘူး။
  • 11:00 - 11:02
    အဲဒါနဲ့ အဲဒီအကြောင်းကို စဉ်းစားလာရတယ်။
  • 11:02 - 11:04
    ခြင်တွေဟာ မျိုးစိတ်ပေါင်း ၃၅၀၀ ရှိကြတယ်။
  • 11:04 - 11:06
    ပြီးတော့ ၎င်းတို့ဟာ ဆင်တူရိုးမှားတွေပါ။
  • 11:06 - 11:07
    တချို့ဘယ်လောက်တောင် တူသလဲဆိုတော့
  • 11:07 - 11:11
    ပိုးမွှားပညာရှင်ကြီးတွေ အဏုကြည့်စက်နဲ့
    ကြည့်တောင် မခွဲခြားနိုင်ကြဘူး။
  • 11:11 - 11:13
    ဒါပေမဲ့ သူတို့ဆီမှာ
    အားနည်းချက် တစ်ခု ရှိပါတယ်။
  • 11:13 - 11:16
    ဒါက ခြင်တွေ ရည်စားလိုက်ကြပုံကို
    မြင်နေကြရတာပါ။
  • 11:16 - 11:18
    ဟောဒါက အမျိုးသမီးကို
    လိုက်ဖမ်းချင်တဲ့ အထီးကောင်ပါ။
  • 11:18 - 11:22
    သူတို့ဟာ သူတို့ရဲ့ အတောင်ပံ ရိုက်ခတ်
    နှုန်းဖြင့် အပြန်အလှန် စကားပြောနေကြတာပါ။
  • 11:22 - 11:23
    (ခြင်ပျံသန်းမှု အသံ)
  • 11:23 - 11:26
    အဲဒါက သူတို့ရဲ့ လက်မှတ်နဲ့ တူပါတယ်။
  • 11:27 - 11:30
    အဲဒါနဲ့ ကျွန်တော်တို့ နားလည်လိုက်တာက
    သာမန်ဖုန်းကို သုံးပြီး၊
  • 11:30 - 11:33
    $ ၅-၁၀ တန်တဲ့ ဖုန်းနဲ့--
  • 11:33 - 11:35
    ဒီလိုဖုန်းမျိုးကို မှတ်မီကြသေးရဲ့လား။
  • 11:35 - 11:36
    (ရယ်သံများ)
  • 11:36 - 11:40
    ကျွန်တော်တို့ဟာ ခြင်တွေရဲ့ အသံနှုန်း
    လက်မှတ်ကို မှတ်တမ် းတင်နိုင်ပါတယ်။
  • 11:40 - 11:42
    ဘယ်လို လုပ်ရမှာကို အတိအကျ
    ကျွန်တော် ပြောပြမယ်။
  • 11:42 - 11:44
    ကျွန်တော်ဟာ ခြင်တချို့ကို
    အပြင်မှာ ဖမ်းယူလာခဲ့တယ်။
  • 11:44 - 11:47
    Bill [Gates] လိုမဟုတ်ဘဲ ကျွန်တော်
    သူတို့ကို လွှတ်မပေးဘူး။
  • 11:47 - 11:48
    (ရယ်သံများ)
  • 11:48 - 11:50
    ဒါပေမဲ့ ဒါနဲ့ အသံဖမ်းဖို့ကို ပြောပြပါမယ်။
  • 11:50 - 11:52
    လုပ်ရမှာက ဒီလိုခေါက်လိုက်ရင်
    သူတို့ပျံသန်းတော့မှာ။
  • 11:52 - 11:54
    အစတွင် စမ်းသပ် ကြည့်ကြပါ--
  • 11:54 - 11:55
    ကျွန်တော်ကတော့ ဒီမှာ ကြားနေရပြီ။
  • 11:55 - 11:58
    မိုက်ခရိုဖုန်းပါတဲ့ ကိုယ့်ဖုန်းကို
    သူတို့နားကို ယူလာပါ--
  • 11:58 - 12:00
    ၎င်းတို့ထဲက မိုက်တွေ အရမ်းကို ကောင်းကြတယ်၊
  • 12:00 - 12:01
    သာမန် ဖုန်းတွေထဲမှာတောင်၊
  • 12:01 - 12:04
    ဒီလို လက်တွေ့ အသံတွေကို
    မှတ်တမ်းတင်လို့ ရနိုင်ပါတယ်။
  • 12:04 - 12:06
    အချိန် သိပ်မကျန်တော့တဲ့အတွက်၊
  • 12:06 - 12:10
    အရင်တစ်နေ့က သွင်းယူခဲ့တဲ့ အသံကို
    ဖွင့်ပြပါရစေ။
  • 12:10 - 12:12
    (ခြင်ရဲ့ ပျံသန်းမှု အသံ)
  • 12:12 - 12:15
    ဒီလို စွဲမက်စရာ အသံကို ခင်ဗျားတို့
    ကြားခဲ့ဘူးကြမှာပါ၊
  • 12:15 - 12:17
    အားလုံး သိပ်ကြိုက်ကြတဲ့ အသံပါ။
  • 12:18 - 12:20
    ဒီလို လုပ်လို့ ရနိုင်ြခင်းကြောင့်
  • 12:20 - 12:23
    သာမန် ဆဲလ်ဖုန်းနဲ့ ဒီလို
    လုပ်ရနိုင်တယ်ဆိုတော့
  • 12:23 - 12:27
    ကျွန်တော်တို့ဟာ ခြင်မျိုးစိတ် မြေပုံကို
    ရွေးဆွဲနိုင်လာမယ်။
  • 12:27 - 12:29
    ခေါက်ဖုန်းကို အသုံးပြုပြီး
  • 12:29 - 12:32
    ကျွန်တော်တို့ဟာ အကြီးမားဆုံး အသံဒေတာဘေ့စ်
    တစ်ခုကို မြေပုံပေါ် တင်ပေးခဲ့ကြရာ
  • 12:32 - 12:37
    လူ့တွေအတွက် ရောဂါပိုးကို သယ်ဆောင်ပေးကြတဲ့
    ခြင်မျိုးစိတ် ၂၅ မှ ၂၀ ဖေါ်ထုတ်နိုင်တယ်။
  • 12:37 - 12:39
    အဲဒါကို စက်ပစ္စည်းတွေရဲ့ သင်ယူမှုနဲ့
    တွဲသုံးလိုက်ရင်၊
  • 12:39 - 12:42
    အဲဒီလို ဒေတာကို မည်သူမဆို
    အပ်လုဒ် လုပ်ပေးရင်၊
  • 12:42 - 12:44
    ခင်ဗျားတို့ဝန်းကျင်က ခြင်တွေက
    ဘယ်လိုဟာမျိုးဆိုတာကို
  • 12:44 - 12:46
    ကျွန်တော်တို့က ရှာဖွေ
    ဖေါ်ထုတ်ပေးနိုင်ကြမှာပါ။
  • 12:46 - 12:49
    Abuzz လို့ နာမည်ပေးထားရာ
    ခင်ဗျားတို့ အဲဒီထဲပါချင်ရင်၊
  • 12:49 - 12:50
    ဝဘ်ဆိုက်ကို သွားကြပါ။
  • 12:50 - 12:53
    ကျွန်တော့အတွက် သိပ်ကို အရေးကြီးပြီး
    နှလုံးသားနဲ့ နီးစပ်တဲ့
  • 12:53 - 12:55
    အရာတစ်ခုဖြင့် ကျွန်တော် နီဂုံးချုပ်ပါရစေ။
  • 12:56 - 12:59
    ဒီနေ့တွင် ကျွန်တော်တို့ဆီမှာ ကြောက်မက်ဘွယ်
    ပြဿနာများ ရှိနေခြင်းဟာ စိန်ခေါ်မှုကြီးပါ။
  • 12:59 - 13:03
    ကမ္ဘာကြီးမှာ ကျန်းမာရေး စောင့်ရှောက်မှု
    ဘာမှမရှိသူ တစ်ဘီလီယံ ရှိကြတယ်၊
  • 13:03 - 13:05
    ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးကွဲ
    ပျောက်ဆုံးလာနေခြင်း၊
  • 13:05 - 13:06
    စသဖြင့် အများကြီးပါ။
  • 13:06 - 13:10
    သိပ္ပံပညာက အဲဒါတွေအတွက် အဖြေ
    ပေးမှာ ကျွန်တော်တို့ မျှော်လင့်ကြပါတယ်။
  • 13:10 - 13:12
    ခင်ဗျားတို့ အားလုံး ဒီခန်းမကြီးမှ
    ထွက်မသွားကြခင်၊
  • 13:12 - 13:14
    ခင်ဗျားတို့ကို ကတိ တစ်ခုပေးချင်ပါတယ်။
  • 13:14 - 13:17
    ကျွန်တော်တို့ဟာ သိပ္ပံပညာကို
    သုံးရနိုင်အောင် လုပ်ပေးကြမယ်--
  • 13:17 - 13:19
    အဲဒါကို တတ်နိုင်တဲ့ သူတွေအတွက်သာမက၊
  • 13:19 - 13:22
    မတတ်နိုင်ကြတဲ့ တစ်ဘီလီယံအတွက်ပါ
    စီစဉ်ပေးပါမယ်။
  • 13:22 - 13:26
    သိပ္ပံပညာနှင့် သိပ္ပံအသုံးလုံးကျေမှုကို
    လူသားရဲ့ ရပိုင်ခွင့်အဖြစ် ဖန်တီးပေးကြစို့။
  • 13:28 - 13:32
    သိပ္ပံရှာကြံရေး မီးပွားဆိုတဲ့ ခံစားမှုကို
    အခြားကလေးတစ်ဦးအား လွှဲပြောင်းပေးလိုက်တဲ့
  • 13:32 - 13:34
    တဒင်္ဂလေးမှ၊
  • 13:34 - 13:37
    အဲဒီလို ပြဿနာတွေကို လက်တွေ့မှာ
    ဖြေရှင်းပေးကြမယ့်
  • 13:37 - 13:40
    အနာဂတ်မျိုးဆက်ကို ကျွန်တော်တို့က
    ပျိုးထောင်ပေးလာမှုပဲ ဖြစ်ပါလိမ့်မည်။
  • 13:40 - 13:42
    ကျေးဇူးတင်ပါတယ်။
  • 13:42 - 13:45
    (လက်ခုပ်သံများ)
Title:
စက္ကူဖြင့် ထုတ်လုပ်ထားတဲ့ အသက်ကယ်ရေး သိပ္ပံပညာဆိုင်ရာ ကိရိယာများ။
Speaker:
Manu Prakash
Description:

တီထွင်ပညာရှင် Manu Prakash ဟာ နေ့စဉ်နေ့တိုင်း၊ ပစ္စည်းတွေမျိုးစုံကို စက္ကူ အဏုကြည့် ကိရိယာမှအစ ခြင်ကောင်ကို ခြေရာခံရေး လိမ္မာတဲ့ ကိရိယာအဆုံး သိပ္ပံပညာဆိုင်ရာ ကိရိယာများ အဖြစ် ​ပြောင်းလဲ ထုတ်လုပ်ပေးနေသူပါ။ TED Fellows အဆင့်မှစတင်ခဲ့တဲ့ သူဟာ Paperfuge လို့ခေါ်တဲ့ လက်ရဲ့အားဖြင့် အလုပ်လုပ်တဲ့ ကိရိယာတစ်ခုကို ဆင့် ၂၀ မျှသာ ဈေးရှိတဲ့ ကစားစရာထဲက အတွေးအခေါ်ကို ယူပြီး ဖန်တီးခဲ့ရာ $1,000 တန်တဲ့ စက်ရဲ့ အလုပ်မျိုးကို လုပ်ပေးနိုင်ပြီး လျှပ်စစ်တောင် မလိုပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
13:58

Burmese subtitles

Revisions