ကျွန်တော်ဟာ ကိရိယာ အမျိုးမျိုးကို ထုတ်လုပ်ပြီး လူတွေကို မျှဝေပေးချင်ပါတယ်။ ကျွန်တော် ငယ်စဉ်တုန်းက အဖြစ်ကို မှတ်မိတယ်။ ကျွန်တော် ပထမဦးဆုံး ထုတ်လုပ်လိုက်တဲ့ ကိရိယာဟာ အဏုကြည့်စက် ဖြစ်ခဲ့ပါတယ်၊ ကျွန်တော့် အစ်ကိုရဲ့ မျက်မှန်ထဲက မှန်ဘီလူးကို ခိုးယူခဲ့ပြီး ထုတ်လုပ်ခဲ့တာ။ သူဟာ အဲဒါကြောင့် စိတ်တုန်လုပ်မသွားခဲ့ပါဘူး။ ဒါပေမဲ့၊ အဲဒီဖြစ်ရပ်ကြောင့် နှစ်ပေါင်း ၃၀ အကြာ ကာလကို ရောက်လာတော့၊ ကျွန်တော် အဏုကြည့်စက်တွေ ထုတ်လုပ်နေဆဲပါ။ အဲဒီလို ကိရိယာတွေကို ကျွန်တော် ထုတ်လုပ်ရတာ ဒီလို အခိုက်အတန့်များအတွက်ပါ။ (ဗီဒီယို) ကျမဆံပင်တွေထဲ အမည်းရောင် အရာတွေ ရှိနေတယ်- Manu Prakash- ပင်လယ်အော်ဒေသထဲက ကျောင်းပါ။ (ဗီဒီယို) MP- လက်တွေ့ဘဝဟာ တကယ်တော့ ကျွန်တောတို့က အရာတွေ အလုပ်လုပ်ကြပုံကို စိတ်ကူးစဉ်းစားကြတာထက်ကို ပိုဆန်းကျင်ပါတယ်။ (ဗီဒီယို) ယောက်ျားလေးး- အို၊ ဘုရားသခင်! MP- အို ဘရားသခင်! ဒီလို စကားလုံးတွေ လူတိုင်း ပြောစရာဖြစ်လာတာ အံ့ဩစရာပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ၊ ကျွန်တော့ ဓာတ်ခွဲခန်းတွင် ကျွန်တော်တို့ဟာ Foldscope ၅၀၀၀၀ ကို ထုတ်လုပ်ခဲ့တယ်၊ ကမ္ဘာ့နိုင်ငံ ၁၃၀ ထံ ပို့ပေးခဲ့ကြတယ်၊ ကလေးတွေဟာ ဘာမှပေးဆပ်ရန် မလိုဘဲ အခမဲ့ ရခဲ့ကြတာပါ။ ဒီတစ်နှစ်တည်းမှာကိုပဲ ကျွန်တော်တို့ အသိုင်းအဝိုင်းရဲ့ ပံ့ပိုးမှုဖြင့်၊ ကျွန်တော်တို့ဟာ အဏုကြည့်စက် တစ်သန်းကို ပို့ပေးဖို့ စီမံထားပါတယ်။ ကမ္ဘာတဝှမ်း ကလေးတွေဆီ ပို့ပေးမယ်။ အဲဒါက ဘာ့အတွက်များပါလိမ့်? အဲဒါ ကမ္ဘာတဝှမ်း ဉာဏ်ပညာကို အသုံးချကြတဲ့ လူတွေရဲ့ အသိုင်းအဝိုင်းကို ဖန်တီးပေးမယ်၊ အပြန်အလှန် ပို့ချ သင်ယူကြမယ့် လူတွေ ပေါ်လာကြမယ်၊ ကင်ညာမှစလျက် ကမ်ပါလာအထိ ခတ္တမန္ဒူမှ ကန်ရှပ်စ်အထိ လွှမ်းခြုံထားတယ်။ ပြီးတော့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် သိပ်သဘောကျတဲ့ အံ့ဩစရာ အချက်က အသိုင်းအဝိုင်းရဲ့ စိတ်ဓာတ်ပါပဲ။ နီကာရာဂွါနိုင်ငံမှာ ကလေး တစ်ယောက်ရှိတယ် သွေးလွန်တုပ်ကွေး သယ်ဆောင်နိုင်တဲ့ ခြင် မျိုးစိတ်ခွဲခြားဖို့ ကလေးတွေကို သင်နေတယ်၊ အဏုကြည့်စက်ကို သုံးပြီး ဆန်းစစ်ပုံကို သင်ပေးတယ်။ ဆေးပညာရှင် တစ်ဦးက အတုအပ ဆေးဝါးကို ခွဲခြား ထုတ်ဖေါ်ရေး နည်းလမ်းကို ရှာကြံတင်ပြ ထားတာ ရှိပါတယ်။ ကလေးမလေးက တလက်လက်တောက်ပမှု ဆိုတာ "ဘယ်လိုများ ဖြစ်ပေါ်လာပါလိမ့်" မေးခွန်းကို ထုတ်ခဲ့ပြီး ဝင်းလက်မှု အကြောင်းရင်း ဓာတ်ဆားပွင့်ထဲက ရူပဗေဒ အခြေခံကို ရှာတွေ့ခဲ့တယ်။ အာဂျင်တီးနား ဆရာဝန်အကြောင်းလည်း ပြောပြချင်တယ် ဒီကိရိယာကို အသုံးပြုပြီး ကွင်းဆင်းလျက် သားအိမ်ဆိုင်ရာ ကင်ဆာကို ဆန်းစစ်နေသူပါ။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်တောင် ခွေးလှေးတစ်မျိုးကို ကျွန်တော့ ခြေဖနောင့်တွင် တစ်စင်တီမီတာ နက်တဲ့နေရာမှာ ရှာတွေ့ခဲ့ပါသေးတယ်။ ဒါတွေဟာ အားလုံးဟာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူးလို့ ထင်ချင်ထင်နိုင်ကြပါတယ်။ ဒါပေမဲ့ အခုလိုရူးရမှုက အကြောင်းရှိပါတယ်။ ကျွန်တော်က အဲဒါကို "ချွေတာရေးသိပ္ပံ"လို့ ခေါ်ပါတယ်- သိပ္ပံပညာဆိုင်ရာ အတွေ့အကြုံတွေကို မျှဝေပေးရေး စိတ်ကူးပါ၊ အချက်အလက်တွေ သက်သက်ပေးရုံ မဟုတ်ပါ။ သိဖို့ ထောက်ပြချင်တာက- ကျွန်တော်တို့ဂြိုဟ်ပေါ်မှာ တစ်ဘီလီယံအထိ ရှိကြတဲ့ ပြည်သူတွေဟာ ဘယ်လို အခြေခံအဆောက်အအုံတွေ မရှိဘဲ နေထိုင်နေကြရပါတယ်- လမ်းပန်းဆက်သွယ်မှုမရှိ၊ လျှပ်စစ်ဓါတ်အားမရှိ၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိပါ။ ဒါ့အပြင် ဆင်းဆင်းရဲရဲ နေထိုင်နေကြရတဲ့ ကလေးတွေ တစ်ဘီလီယံ ရှိကြပါသေးတယ်။ ကျွန်တော်တို့က ပြဿနာတွေကို ဖြေရှင်း ပေးရမယ့် အနာဂတ်မျိုးဆက်ကို သူတို့ကို ဘယ်လိုလုပ်ပြီး လှုံ့ဆော်ပေးကြမလဲ၊။ ကျနော်တို့ တာဝန်တွေပေးထားတဲ့ ကျန်းမာရေး စောင့်ရှောက်ပေးကြတဲ့ လုပ်သားတွေရှိကြပါတယ် ကူးစက်ရောဂါတွေ တိုက်ဖျက်ဖို့၊ အနည်းဆုံးမျှသာ ဖြစ်ကြတဲ့ ကိရိယာတွေ ရင်းမြစ်တွေနဲ့ ကာကွယ်ပေးဖို့အတွက်ပါ။ ဥပမာ၊ စတန်းဖို့ဒ်က ဓာတ်ခွဲခန်းကိုဆိုပါစို့၊ ချွေတာရေး သိပ္ပံပညာရှုထောင့်မှ ကြည့်လျက် ဒီလူမှုအသိုင်းအဝိုင်းတွေအတွက် ဖြေရှင်း နည်းတွေကို ချမှတ်ပေးလိုပါတယ်။ မကြာခဏ ကျွန်တော်တို့က သစ်ပင်တစ်ပင်ရဲ့ အောက်၌ ရောဂါရှာဖွေရေးကို လုပ်ကိုင်လိုတယ်။ ကျွန်တော်ဟာ ကိရိယာသစ်တွေ အကြောင်း သာဓက နှစ်ခုကို ဒီနေ့ ပြောပြချင်တယ်။ တစ်ခုကို ယူဂန်ဒါနိုင်ငံမှာ စတင်ခဲ့ကြတယ်။ ၂၀၁၃ ခုနှစ်တွင်၊ Foldscope တွေကိုသုံးပြီး schistosomiasis ကို ရှာဖွေရန် ကွင်းဆင်းခဲ့စဉ်၊ ကျွန်တော် အသေးအဖွဲတစ်ခုကို သတိထားမိတယ်။ ဆေးခန်းတစ်ခုမှာ၊ ဝေးလံတဲ့ တစ်နေရာမှာ၊ centrifuge စက်ကို တံခါးကို ခုပေးဖို့ သုံးနေခဲ့တာ မြင်ခဲ့ရတယ်။ တကယ့်ကို တံခါးမပိတ်မိဖို့ ခံခုပေးဖို့ သုံးခဲ့တာပါ။ အဲဒီအကြောင်း သူတို့ကိုမေးကြည့်တော့၊ "အိုး၊ ကျွန်ုပ်တို့ဆီမှာ လျှပ်စစ်မှ မရှိတာ၊ ဒီတော့ ဒီလေးလံတဲ့ စက်ကြီးဟာ တံခါးကို ခုခံပေးဖို့ အကောင်းဆုံးပါပဲ။ " ခင်ဗျားတို့ အားလုံး သိချင်မှသိကြမှာက၊ နမူနာ အမျိုးအစားကို စီမံစမ်းသပ်ရာတွင် အခရာအကျဆုံး ကိရိယာကြီးပါပဲ။ ကိုယ်က သွေး ဒါမှမဟုတ် ခန္ဓာကိုယ် အရည်တွေကို ပိုင်းခြားပြီးရင် ရောဂါပိုးတွေကို ရှာကြည့်ချင်ရင် သုံးရတဲ့ စက်ပါ။ တကယ်တော့ အဲဒီ centrifuge ကြီးလေးပြီး ဈေးအရမ်းကြီးကြတယ်-- ဒေါ်လာ ၁၀၀၀ ဝန်းကျင် တန်တယ်-- ပြီးတော့ အဲဒါကို ကွင်းဆင်းရာတွင် သယ်ယူရန် မလွယ်လှပါ။ ပြီးတော့ ၎င်းတို့ဟာ လျှပ်စစ်မရှိရင် အလုပ်မလုပ်နိုင်ကြဘူး။ ဖြစ်နေကျ ကိစ္စပဲ မဟုတ်လား။ အဲဒီပြဿနာ ဖြေရှင်းရေးကို ကျွန်ုပ်တို့ စစဉ်းစားလာခဲ့ကြတယ်၊ ကျွန်တော် ပြန်လာခဲ့ရတယ်-- ကစားစရာတွေ အကြောင်းကို စဉ်းစားနေရင်းပါ။ အခုတော့ ... ကျွန်တော့နဲ့အတူ ဒီမှာ တချို့ပါလာပါတယ်။ ကျွန်မပထမဦးဆုံး စတင်ခဲ့တာက yo-yos နဲ့ပါ ... ကျွန်တော်ဟာ yo-yo ကို ပစ်ရာတွင် အရမ်းကို တော်သူပါ။ အဲဒီကစားစရာတွေက လည်ကြတော့ ကျွန်တော်တို့ တွေးမိတာက၊ အဲဒီအရာတွေရဲ့ ရူပဗေဒသဘာဝကို အသုံးချပြီး centrifuge တွေ တည်ဆောက်နိုင်မလား။ ဒီတချီ လုပ်ပြခဲ့တာက ကျွန်တော့အတွက် အဆိုးဆုံး တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်တို့ တွေးမိတာက၊ ဒီလို ကစားစရာအမျိုးမျိုးကို စမ်းသပ် စူးစမ်းကြည့်မယ်ဆိုရင်-- ကျွန်တော်တို့ဟာ ဒီလို လည်တဲ့ဟာကို စမ်းကြည့်ခဲ့တယ်၊ အဲဒီနောက် ဓာတ်ခွဲခန်းထဲမှာ ကျွန်ုပ်တို့ဟာ ဒီအံ့အားသင့်စရာဟာကို သတိထားမိကြတယ်။ အဲဒါကို နာမည်အမျိုးမျိုးဖြင့် ခေါ်ကြပါတယ်။ ကြိုးနှစ်ချောင်းပါပြီး အပြားလေး တစ်ခုပါတယ်၊ ကျွန်တော်က အခုလို တွန်းလိုက်ရင် လည်ပါတယ်။ ကလေးဘဝမှာ ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက်များ ကစားခဲ့ဘူးကြလဲ။ ဒါကိုတော့ button-on-a-string လို့ ခေါ်ပါတယ်။ ကောင်းပြီ၊ ၅၀ ရာခိုင်နှုန်း ဖြစ်နိုင်ပါတယ်။ ခင်ဗျားတို့ နားမလည်မိတဲ့ အချက်က-- ဒီကစားစရာ အသေးလေးဟာ လူသားသမိုင်းထဲက ရှေးအကျဆုံး ကစားစရာပါပဲ ... လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ တုန်းကပါ။ ကျွန်တော်တို့ဟာ ကမ္ဘာကြီး နေရာအနှံ့မှာ အဲဒါရဲ့ အကြွင်းအကျန်တွေ ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ ရယ်စရာကောင်းတာက၊ အဲဒါ ဘယ်လို အလုပ်လုပ်မှန်းကို ကျွန်တော်တို့ မသိကြခြင်းပါပဲ။ အဲဒါကမှ ကျွန်တော့ကို စိတ်လှုပ်ရှားစရာ ဖြစ်လာပါတယ်။ အဲဒါနဲ့ စပြီး စမ်းသပ်ကြိုးစားရပါတယ်။ ညီမျှခြင်း နှစ်ခုလောက်ကို ချရေးလိုက်ကြတယ်။ ကျွန်တော်တို့က ထည့်သွင်းပေးလိုက်တဲ့ လိမ်အားကို ယူကြည့်မယ်ဆိုရင်၊ ကိုယ်က ဒီအပြားကို ဆွဲလှည့်ပေးလိုက်ရတယ်၊ တဖန် အဲဒီလိမ်အားက ကြိုးတွေကို ထပ်ပြီးလိမ်ပေးတယ်၊ ဒါကို သင်္ချာနည်းနဲ့ တွက်လို့ ရနိုင်ပါတယ်။ ဒီနေ့ပြောချင်တာက အဲဒီညီမျှခြင်း တစ်ခုတည်း အကြောင်းမကပါ။ တွက်ချက်ခဲ့ရတာ စာမျက်နှာ တစ်ဆယ်လောက် ရှိပါတယ်။ ဒီလိုလည်ပတ် လှုပ်ရှုားနေတဲ့ စနစ်ကြီးအတွက် ဆန်းစစ်မှု ဖေါ်မြူလာတွေ အားလုံးကို ရေးချနိုင်ခဲ့ကြပါတယ်။ အဲဒါအားလုံးရဲ့ နောက်ဆုံးရလဒ်ကတော့ "Paperfuge"ပါပဲ။ ဒါက ကျွန်တော့တပည့် ဘွဲ့လွန်ကျောင်းသား Saad Bhamla ပါ၊ Paperfuge ကို ပူးတွဲတီထွင်ပေးခဲ့သူပါ။ ဒီဘယ်ဘက်မှာ တွေ့ကြရတာက centrifuge စက်ကြီးတွေပါ ကျနော်တို့အစားထိုးဖို့ ကြိုးစားနေတဲ့ဟာပါ။ ခင်ဗျားတို့ ဒီမှာ မြင်နေရတဲ့ ပစ္စည်းလေးက ချပ်ပြားတစ်ခု၊ ကြိုးနှစ်ချောင်းနဲ့ လက်ကိုင်ပါ။ ဒါကို လှည့်လိမ်ပေးလိုက်ရင် ပြီးတော့ ဆွဲဆန့်လိုက်ရင်၊ အဲဒါ စပြီး လည်ပါတော့တယ်။ ဒီတော့ ဒါကို သိနားလည်လိုက်တော့၊ အဲဒါကို တွက်ချက် ကြည့်လိုက်တော့၊ ဒီအရာလေးအတွက် rpm လည်ပတ်နှုန်းကို တွက်ကြည့်ရင်၊ သင်္ချာသဘောအရ ကျွန်တော်တို့ဟာ rpm တစ်သန်းအထကို သွားနိုင်မှာပါ။ ဒီမှာ လူသားရဲ့ ခန္ဓာဗေဒဆိုင်ရာ စဉ်းစားစရာ တစ်ခု ရှိနေတယ်၊ ဒီအရာရဲ့ တုန်ခါမှု ကြိမ်နှုန်းဟာ 10 hertz ဝန်းကျင်မှာ ရှိနေလို့၊ ခင်ဗျားတို့ စန္ဒရားကို တီးခဲ့ဘူးရင်၊ နှစ် သို့မဟုတ် သုံး hertz ထက် ပိုပြီး တီးမရနိုင်ပါ၊ ကျွန်တော်တို့က ဒီဟာလေးနဲ့ ရယူနိုင်ခဲ့ကြတဲ့ အမြင့်ဆုံးနှု်းက rpm ၁၀၀၀၀ မဟုတ်ပါ၊ rpm ၅၀၀၀၀ လည်းမဟုတ်ပါ၊ rpm ၁၂၀၀၀၀ ပါ။ အဲဒါဟာ ကမ္ဘာ့ဆွဲအား g ရဲ့ အဆ ၃၀၀၀ ပါ။ တကယ်လိုများ ခင်ဗျားတို့ကို ဒီမှာ ကပ်ပေးလိုက်ပြီး လှည့်ပေးလိုက်ရင်၊ ခင်ဗျားတို့ ခံစားရမယ့် အားတွေကို စိတ်ကူးသာ ကြည့်ကြပေတော့။ ဒီလို ကိရိယာရဲ့ အကျိုးသက်ရောက်မှု တစ်ခုက အဲဒါနဲ့ ရောဂါကို ရှာဖွေနိုင်တော့မှာပါ။ ဒီတော့ ကျွန်တော်ဟာ လက်တွေ့ ဒီနေရာမှာကို စမ်းသပ်ပြပါ့မယ်-- အဲဒါ့အတွက် ကျွန်တော်ဟာ ကျွန်တော့ လက်ချောင်းကို ဖောက်ဖို့ လိုပါမယ်၊ အဲဒါကြောင့် သွေးစက် သေးသေးလေး ထွက်လာပါမယ်။ သွေးလန့်တဲ့သူဆိုရင် ဒါကို ကြည့်ရန် မလိုပါဘူး။ ဒါက ဖောက်ပေးတဲ့ lancet အချွန်ပါ။ အဲဒီ lancet တွေကို နေရာတိုင်းမှာ ဝယ်ရနိုင်ပါတယ်။ လုံးဝ အန္တရာယ်မရှိကြပါ။ ကိုယ်က ဒီနေ့ မနက်စာ စားထားရင် ... လုံးဝ နာမှာ မဟုတ်ပါဘူး။ ကောင်းပြီ၊ အခုတော့ ပြွန်လေး တစ်ခုနဲ့ သွေးကို စုပ်ယူမယ်-- အခုတော့ အဲဒီသွေးတစ်စက်က အဖြေတွေကို ပေးနိုင်မှာပါ၊ အဲဒါကြောင့် ဒါတွေကို လုပ်လာခဲ့တာပါ။ အဲဒါက ကျွန်တော့ဆီတွင် ငှက်ဖျားရှိမရှိကို ချက်ချင်း ဖြေပေးနိုင်တယ်။ ကျွန်တော်ဟာ ပြွန်သေးသေးကို ယူထားတယ်၊ အဲဒါက စပြီး စုပ်ယူနေတာ မြင်ရပါတယ်။ ကျွန်တော် နောက်ထပ် နည်းနည်း စုပ်ယူဦးမယ်။ အဲဒါကြည့်ရတာ လုံလောက်ပါပြီ။ အဲဒီပြွန်လေးကို ဒီလိုနည်းဖြင့် အလုံပိတ်လိုက်ပါမယ်။ ဒီလိုနည်းဖြင့် နမူနာကို အလုံပိတ်လိုက်ပါပြီ။ ကျွန်တော်တို့ဟာ အဲဒီနမူနာကို ယူပြီး Paperfuge ပေါ်မှာ တပ်ဆင်ပေးမယ်။ တိပ်အနည်းငယ်ဖြင့် အလုံပိတ်ပေးပါမယ်။ အဲဒီတော့ နမူနာဟာ လုံးဝကို အလုံပိတ်ပြီးနေပြီ။ ကျွန်တော်တို့ အဲဒါကို လှည့်ပေးရန် အသင့်ရှိနေပြီ။ ကျွန်တော်ဟာ ဒါကို ဆွဲယူလိုက် တွန်းလိုက် လုပ်ပေးရပါမယ်။ ကျွန်တော် ဒါကို ဒီလို တင်ပေးလိုက်မယ် ... ဒီအရာဟာ စပြီး လည်ပတ်လာတာ မြင်နိုင်ကြပါတယ်။ ပုံမှန် centrifuge တွေနဲ့မတူဘဲ၊ ကျွန်တော်တို့ဟာက တန်ြပန် လှည့်ပေးတဲ့ စနစ်ပါ။ နောက်ကို လည်လိုက်၊ ရှေ့ကိုလည်လိုက်ပါ ... အခုတော့ ကျွန်တော်ဟာ အရှိန်ရအောင် လုပ်ပေးတော့မယ်။ အရှိန်အဟုန် ရလာတာ မြင်နိုင်ကြမှာပါ။ အခုတော့ -- ခင်ဗျားတို့ ဒါကို ကြားကြရဲ့လား ကျွန်တော် မသိပါ-- ဒီလိုနည်းနဲ့ စက္ကန့် ၃၀ အကြာမှာ၊ ကျွန်တော်ဟာ သွေးဆဲလ်တွေကို ပလာစမာနဲ့ ခွဲခြားပေးနိုင်တော့မှာပါ။ အဲဒီသွေးဆဲလ်များနဲ့ ပလာစမာရဲ့ အချိုးအစားဟာဖြင့်-- (လက်ခုပ်သံများ) ခင်ဗျား အခုဒီမှာ မြင်နေကြရသလို၊ ကျွန်တော်တို့က အဲဒါကို ဂရုစိုက်လေ့လာရင်၊ သီးခြား ခွဲထွက်သွားတဲ့ ထုထယ်ကို မြင်နိုင်ကြမှာပါ သွေးနှင့် ပလာစမာပါပဲ။ အဲဒီအချိုးအစားက ကျွန်တော်ဟာ သွေးအား နည်းသူလား ဆိုတာကို ထောက်ြပနိုင်တယ်။ လက်ရှိ Paperfuges အမျိုးမျိုး ဆောက် နိုင်ြခင်းဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါဆိုရင် နည်းနည်းလေး ပိုကြာအောင် လှည့်ပေးခြင်းဖြင့် ငှက်ဖျားကပ်ပါးကောင်ကို ဖေါ်ထုတ်ပေးနိုင်တယ်၊ သွေးထဲမှာ ရှိနေကြတဲ့ ငှက်ဖျား ကပ်ပါးကောင်တွေကို ခွဲခြားနိုင်ပါတယ် centrifuge ကို သုံးပြီး သွေးထဲရှိနေကြတဲ့ ငှက်ဖျား ကပ်ပါးတွေကို ခွဲခြားသိရနိုင်သလို ခုနက ပြခဲ့သလို ကျွန်တောတို့ရဲ့ နည်းနဲ့ ခွဲခြားလျက် သိရှိလာနိုင်ပါတယ်။ နောက်ပုံစံ တစ်ခုကျတော့ nucleic acid ကို စမ်းသပ်မှုလို့ ရမှာမို့လို့ ကွင်းဆင်းနေချိန်မှာကိုပဲ nucleic acid စမ်းသပ်မှုတွေ တစ်ပြုံကြီး လုပ်နိုင်မှာပါ။ ပြီးတော့ နောက်ဆုံးတွင်၊ ကျွန်တော်တို့ ဆက်ပြီး လုပ်ကိုင်နေကြတာက စမ်းသပ်မှုတွေ အမျိုးမျိုးကို ဒီလို တစ်ခုတည်းနဲ့ လုပ်လို့ရဖို့အတွက်ပါ။ အဲဒီလိုနည်းဖြင့် နမူနာ ယူတဲ့အလုပ်ကိုရော ဓာတုဗေဒ အလုပ်ကိုပါ လုပ်နိုင်ပါ့မယ်။ အခုတော့ ... ဒါတွေ အားလုံး ကောင်းပါတယ်၊ ဒါပေမဲ့၊ ဒါတွေကို စဉ်းစားကြည့်ရင်၊ ဒီကိရိယာတွေ လူတွေ အများကြီးအား ဝေမျှပေးရေးကို စဉ်းစားရတယ်။ ကျွန်တော်တို့ ခုလေးတင် မဒါဂါစကာမှ ပြန်လာခဲ့ကြတာပါ၊ ငှက်ဖျားများအတွက် လက်တွေ့စမ်းသပ်မှုက ဒီလို ပုံစံမျိုးပါ-- (ရယ်သံများ) ဒါကို ကော်ဖီသောက်နေရင်း လုပ်နိုင်တယ်။ ဒါပေမဲ့ တကယ် အရေးကြီးတာက၊ ဒီရွာဟာ လမ်းမကြီးတွေနဲ့ ခြောက်နာရီ ခရီး အဝေးမှာ ရှိတဲ့ ရွာပါ။ အခန်းထဲတွင် အဲဒီက အသိုင်းအဝုိင်းထဲက သက်ကြီးတစ်ယောက်နဲ့ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ လုပ်သား ရှိနေပါတယ်။ ဒီလို အားထုတ်မှုရဲ့ ဒီအပိုင်းလေးဟာဖြင့် ကျွန်တော့အတွက် စိတ်အလှုပ်ရှားရဆုံးပါ-- အဲဒီအပြုံးလေး၊ ရိုးရိုးလေးနဲ့ အားကောင်းကြတဲ့ ကိရိယာတွေကို ကမ္ဘာတဝှမ်းက လူတွေကို မျှဝေရကျိုး နပ်တယ်။ ဒါနဲ့ ခင်ဗျားတို့ ပြောဖို့ မေ့သွားတဲ့ တစ်ချက်က၊ အဲဒါတွေ အားလုံးကို ထုတ်လုပ်ပေးဖို့ ဆင့် ၂၀ သာ လိုတာကိုပါ။ ကောင်းပါပြီ၊ စိတ်မဝင်စားစရာတွေကို နောက်မှာ ချန်ထားခဲ့ရင်း၊ နောက်ဆုံး မကြာမီလေးတင်က တစ်ခု အကြောင်းကို ပြောပြမယ်-- (ရယ်သံများ) ကျွန်တော်တို့ဓာတ်ခွဲခန်းရဲ့ တီထွင်မှုပါ။ Abuzz ဆိုပြီး နာမည်ပေးထားတယ်-- ခင်ဗျားတို့ အားလုံးနဲ့အတူ ခြင်တွေကို တိုက်ပွဲဝင်ရေး စိတ်ကူးနဲ့ပါ။ ကျွန်တော်တို့ရဲ့ ရန်သူခြင်တွေကို ခြေရာခံရန် အတွက်ပါ။ ၎င်းတို့က ငှက်ဖျား၊ Zika၊ chikungunya၊ သွေးလွန်တုပ်ကွေး စ်ပွားစေတဲ့ ရန်သူတွေပါ။ ဒါပေမဲ့ ပြဿနာက ကျွန်တော်တို့ရဲ့ ရန်သူတွေ ဘယ်မှာ ရှိကြမှန်းကို မသိကြပါ။ ခြင်တွေဆိုင်ရာ ကမ္ဘာ့မြေပုံတွေ မရှိသေးပါဘူး။ အဲဒါနဲ့ အဲဒီအကြောင်းကို စဉ်းစားလာရတယ်။ ခြင်တွေဟာ မျိုးစိတ်ပေါင်း ၃၅၀၀ ရှိကြတယ်။ ပြီးတော့ ၎င်းတို့ဟာ ဆင်တူရိုးမှားတွေပါ။ တချို့ဘယ်လောက်တောင် တူသလဲဆိုတော့ ပိုးမွှားပညာရှင်ကြီးတွေ အဏုကြည့်စက်နဲ့ ကြည့်တောင် မခွဲခြားနိုင်ကြဘူး။ ဒါပေမဲ့ သူတို့ဆီမှာ အားနည်းချက် တစ်ခု ရှိပါတယ်။ ဒါက ခြင်တွေ ရည်စားလိုက်ကြပုံကို မြင်နေကြရတာပါ။ ဟောဒါက အမျိုးသမီးကို လိုက်ဖမ်းချင်တဲ့ အထီးကောင်ပါ။ သူတို့ဟာ သူတို့ရဲ့ အတောင်ပံ ရိုက်ခတ် နှုန်းဖြင့် အပြန်အလှန် စကားပြောနေကြတာပါ။ (ခြင်ပျံသန်းမှု အသံ) အဲဒါက သူတို့ရဲ့ လက်မှတ်နဲ့ တူပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ နားလည်လိုက်တာက သာမန်ဖုန်းကို သုံးပြီး၊ $ ၅-၁၀ တန်တဲ့ ဖုန်းနဲ့-- ဒီလိုဖုန်းမျိုးကို မှတ်မီကြသေးရဲ့လား။ (ရယ်သံများ) ကျွန်တော်တို့ဟာ ခြင်တွေရဲ့ အသံနှုန်း လက်မှတ်ကို မှတ်တမ် းတင်နိုင်ပါတယ်။ ဘယ်လို လုပ်ရမှာကို အတိအကျ ကျွန်တော် ပြောပြမယ်။ ကျွန်တော်ဟာ ခြင်တချို့ကို အပြင်မှာ ဖမ်းယူလာခဲ့တယ်။ Bill [Gates] လိုမဟုတ်ဘဲ ကျွန်တော် သူတို့ကို လွှတ်မပေးဘူး။ (ရယ်သံများ) ဒါပေမဲ့ ဒါနဲ့ အသံဖမ်းဖို့ကို ပြောပြပါမယ်။ လုပ်ရမှာက ဒီလိုခေါက်လိုက်ရင် သူတို့ပျံသန်းတော့မှာ။ အစတွင် စမ်းသပ် ကြည့်ကြပါ-- ကျွန်တော်ကတော့ ဒီမှာ ကြားနေရပြီ။ မိုက်ခရိုဖုန်းပါတဲ့ ကိုယ့်ဖုန်းကို သူတို့နားကို ယူလာပါ-- ၎င်းတို့ထဲက မိုက်တွေ အရမ်းကို ကောင်းကြတယ်၊ သာမန် ဖုန်းတွေထဲမှာတောင်၊ ဒီလို လက်တွေ့ အသံတွေကို မှတ်တမ်းတင်လို့ ရနိုင်ပါတယ်။ အချိန် သိပ်မကျန်တော့တဲ့အတွက်၊ အရင်တစ်နေ့က သွင်းယူခဲ့တဲ့ အသံကို ဖွင့်ပြပါရစေ။ (ခြင်ရဲ့ ပျံသန်းမှု အသံ) ဒီလို စွဲမက်စရာ အသံကို ခင်ဗျားတို့ ကြားခဲ့ဘူးကြမှာပါ၊ အားလုံး သိပ်ကြိုက်ကြတဲ့ အသံပါ။ ဒီလို လုပ်လို့ ရနိုင်ြခင်းကြောင့် သာမန် ဆဲလ်ဖုန်းနဲ့ ဒီလို လုပ်ရနိုင်တယ်ဆိုတော့ ကျွန်တော်တို့ဟာ ခြင်မျိုးစိတ် မြေပုံကို ရွေးဆွဲနိုင်လာမယ်။ ခေါက်ဖုန်းကို အသုံးပြုပြီး ကျွန်တော်တို့ဟာ အကြီးမားဆုံး အသံဒေတာဘေ့စ် တစ်ခုကို မြေပုံပေါ် တင်ပေးခဲ့ကြရာ လူ့တွေအတွက် ရောဂါပိုးကို သယ်ဆောင်ပေးကြတဲ့ ခြင်မျိုးစိတ် ၂၅ မှ ၂၀ ဖေါ်ထုတ်နိုင်တယ်။ အဲဒါကို စက်ပစ္စည်းတွေရဲ့ သင်ယူမှုနဲ့ တွဲသုံးလိုက်ရင်၊ အဲဒီလို ဒေတာကို မည်သူမဆို အပ်လုဒ် လုပ်ပေးရင်၊ ခင်ဗျားတို့ဝန်းကျင်က ခြင်တွေက ဘယ်လိုဟာမျိုးဆိုတာကို ကျွန်တော်တို့က ရှာဖွေ ဖေါ်ထုတ်ပေးနိုင်ကြမှာပါ။ Abuzz လို့ နာမည်ပေးထားရာ ခင်ဗျားတို့ အဲဒီထဲပါချင်ရင်၊ ဝဘ်ဆိုက်ကို သွားကြပါ။ ကျွန်တော့အတွက် သိပ်ကို အရေးကြီးပြီး နှလုံးသားနဲ့ နီးစပ်တဲ့ အရာတစ်ခုဖြင့် ကျွန်တော် နီဂုံးချုပ်ပါရစေ။ ဒီနေ့တွင် ကျွန်တော်တို့ဆီမှာ ကြောက်မက်ဘွယ် ပြဿနာများ ရှိနေခြင်းဟာ စိန်ခေါ်မှုကြီးပါ။ ကမ္ဘာကြီးမှာ ကျန်းမာရေး စောင့်ရှောက်မှု ဘာမှမရှိသူ တစ်ဘီလီယံ ရှိကြတယ်၊ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးကွဲ ပျောက်ဆုံးလာနေခြင်း၊ စသဖြင့် အများကြီးပါ။ သိပ္ပံပညာက အဲဒါတွေအတွက် အဖြေ ပေးမှာ ကျွန်တော်တို့ မျှော်လင့်ကြပါတယ်။ ခင်ဗျားတို့ အားလုံး ဒီခန်းမကြီးမှ ထွက်မသွားကြခင်၊ ခင်ဗျားတို့ကို ကတိ တစ်ခုပေးချင်ပါတယ်။ ကျွန်တော်တို့ဟာ သိပ္ပံပညာကို သုံးရနိုင်အောင် လုပ်ပေးကြမယ်-- အဲဒါကို တတ်နိုင်တဲ့ သူတွေအတွက်သာမက၊ မတတ်နိုင်ကြတဲ့ တစ်ဘီလီယံအတွက်ပါ စီစဉ်ပေးပါမယ်။ သိပ္ပံပညာနှင့် သိပ္ပံအသုံးလုံးကျေမှုကို လူသားရဲ့ ရပိုင်ခွင့်အဖြစ် ဖန်တီးပေးကြစို့။ သိပ္ပံရှာကြံရေး မီးပွားဆိုတဲ့ ခံစားမှုကို အခြားကလေးတစ်ဦးအား လွှဲပြောင်းပေးလိုက်တဲ့ တဒင်္ဂလေးမှ၊ အဲဒီလို ပြဿနာတွေကို လက်တွေ့မှာ ဖြေရှင်းပေးကြမယ့် အနာဂတ်မျိုးဆက်ကို ကျွန်တော်တို့က ပျိုးထောင်ပေးလာမှုပဲ ဖြစ်ပါလိမ့်မည်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)