1 00:00:00,590 --> 00:00:04,438 ကျွန်တော်ဟာ ကိရိယာ အမျိုးမျိုးကို ထုတ်လုပ်ပြီး လူတွေကို မျှဝေပေးချင်ပါတယ်။ 2 00:00:04,438 --> 00:00:06,472 ကျွန်တော် ငယ်စဉ်တုန်းက အဖြစ်ကို မှတ်မိတယ်။ 3 00:00:06,472 --> 00:00:09,935 ကျွန်တော် ပထမဦးဆုံး ထုတ်လုပ်လိုက်တဲ့ ကိရိယာဟာ အဏုကြည့်စက် ဖြစ်ခဲ့ပါတယ်၊ 4 00:00:09,935 --> 00:00:13,521 ကျွန်တော့် အစ်ကိုရဲ့ မျက်မှန်ထဲက မှန်ဘီလူးကို ခိုးယူခဲ့ပြီး ထုတ်လုပ်ခဲ့တာ။ 5 00:00:13,919 --> 00:00:16,060 သူဟာ အဲဒါကြောင့် စိတ်တုန်လုပ်မသွားခဲ့ပါဘူး။ 6 00:00:16,060 --> 00:00:18,270 ဒါပေမဲ့၊ အဲဒီဖြစ်ရပ်ကြောင့် နှစ်ပေါင်း ၃၀ အကြာ 7 00:00:18,294 --> 00:00:19,447 ကာလကို ရောက်လာတော့၊ 8 00:00:19,471 --> 00:00:21,389 ကျွန်တော် အဏုကြည့်စက်တွေ ထုတ်လုပ်နေဆဲပါ။ 9 00:00:21,389 --> 00:00:25,658 အဲဒီလို ကိရိယာတွေကို ကျွန်တော် ထုတ်လုပ်ရတာ ဒီလို အခိုက်အတန့်များအတွက်ပါ။ 10 00:00:27,559 --> 00:00:29,979 (ဗီဒီယို) ကျမဆံပင်တွေထဲ အမည်းရောင် အရာတွေ ရှိနေတယ်- 11 00:00:30,003 --> 00:00:32,278 Manu Prakash- ပင်လယ်အော်ဒေသထဲက ကျောင်းပါ။ 12 00:00:32,320 --> 00:00:37,188 (ဗီဒီယို) MP- လက်တွေ့ဘဝဟာ တကယ်တော့ ကျွန်တောတို့က အရာတွေ အလုပ်လုပ်ကြပုံကို 13 00:00:37,188 --> 00:00:39,295 စိတ်ကူးစဉ်းစားကြတာထက်ကို ပိုဆန်းကျင်ပါတယ်။ 14 00:00:39,319 --> 00:00:41,770 (ဗီဒီယို) ယောက်ျားလေးး- အို၊ ဘုရားသခင်! 15 00:00:43,773 --> 00:00:46,125 MP- အို ဘရားသခင်! 16 00:00:46,621 --> 00:00:49,622 ဒီလို စကားလုံးတွေ လူတိုင်း ပြောစရာဖြစ်လာတာ အံ့ဩစရာပါပဲ။ 17 00:00:50,803 --> 00:00:52,777 လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ၊ 18 00:00:52,777 --> 00:00:54,114 ကျွန်တော့ ဓာတ်ခွဲခန်းတွင် 19 00:00:54,138 --> 00:00:56,733 ကျွန်တော်တို့ဟာ Foldscope ၅၀၀၀၀ ကို ထုတ်လုပ်ခဲ့တယ်၊ 20 00:00:56,733 --> 00:00:59,147 ကမ္ဘာ့နိုင်ငံ ၁၃၀ ထံ ပို့ပေးခဲ့ကြတယ်၊ 21 00:00:59,171 --> 00:01:01,757 ကလေးတွေဟာ ဘာမှပေးဆပ်ရန် မလိုဘဲ အခမဲ့ ရခဲ့ကြတာပါ။ 22 00:01:01,818 --> 00:01:03,285 ဒီတစ်နှစ်တည်းမှာကိုပဲ 23 00:01:03,285 --> 00:01:05,561 ကျွန်တော်တို့ အသိုင်းအဝိုင်းရဲ့ ပံ့ပိုးမှုဖြင့်၊ 24 00:01:05,561 --> 00:01:08,601 ကျွန်တော်တို့ဟာ အဏုကြည့်စက် တစ်သန်းကို ပို့ပေးဖို့ စီမံထားပါတယ်။ 25 00:01:08,601 --> 00:01:10,237 ကမ္ဘာတဝှမ်း ကလေးတွေဆီ ပို့ပေးမယ်။ 26 00:01:10,237 --> 00:01:11,528 အဲဒါက ဘာ့အတွက်များပါလိမ့်? 27 00:01:11,528 --> 00:01:15,384 အဲဒါ ကမ္ဘာတဝှမ်း ဉာဏ်ပညာကို အသုံးချကြတဲ့ လူတွေရဲ့ အသိုင်းအဝိုင်းကို ဖန်တီးပေးမယ်၊ 28 00:01:15,408 --> 00:01:17,780 အပြန်အလှန် ပို့ချ သင်ယူကြမယ့် လူတွေ ပေါ်လာကြမယ်၊ 29 00:01:17,780 --> 00:01:21,088 ကင်ညာမှစလျက် ကမ်ပါလာအထိ ခတ္တမန္ဒူမှ ကန်ရှပ်စ်အထိ လွှမ်းခြုံထားတယ်။ 30 00:01:21,088 --> 00:01:24,183 ပြီးတော့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် သိပ်သဘောကျတဲ့ အံ့ဩစရာ အချက်က 31 00:01:24,183 --> 00:01:25,701 အသိုင်းအဝိုင်းရဲ့ စိတ်ဓာတ်ပါပဲ။ 32 00:01:25,725 --> 00:01:27,707 နီကာရာဂွါနိုင်ငံမှာ ကလေး တစ်ယောက်ရှိတယ် 33 00:01:27,707 --> 00:01:31,481 သွေးလွန်တုပ်ကွေး သယ်ဆောင်နိုင်တဲ့ ခြင် မျိုးစိတ်ခွဲခြားဖို့ ကလေးတွေကို သင်နေတယ်၊ 34 00:01:31,505 --> 00:01:33,923 အဏုကြည့်စက်ကို သုံးပြီး ဆန်းစစ်ပုံကို သင်ပေးတယ်။ 35 00:01:33,947 --> 00:01:36,495 ဆေးပညာရှင် တစ်ဦးက အတုအပ ဆေးဝါးကို ခွဲခြား ထုတ်ဖေါ်ရေး 36 00:01:36,519 --> 00:01:38,762 နည်းလမ်းကို ရှာကြံတင်ပြ ထားတာ ရှိပါတယ်။ 37 00:01:38,852 --> 00:01:40,645 ကလေးမလေးက တလက်လက်တောက်ပမှု ဆိုတာ 38 00:01:40,645 --> 00:01:43,183 "ဘယ်လိုများ ဖြစ်ပေါ်လာပါလိမ့်" မေးခွန်းကို ထုတ်ခဲ့ပြီး 39 00:01:43,207 --> 00:01:46,913 ဝင်းလက်မှု အကြောင်းရင်း ဓာတ်ဆားပွင့်ထဲက ရူပဗေဒ အခြေခံကို ရှာတွေ့ခဲ့တယ်။ 40 00:01:46,913 --> 00:01:49,318 အာဂျင်တီးနား ဆရာဝန်အကြောင်းလည်း ပြောပြချင်တယ် 41 00:01:49,342 --> 00:01:53,604 ဒီကိရိယာကို အသုံးပြုပြီး ကွင်းဆင်းလျက် သားအိမ်ဆိုင်ရာ ကင်ဆာကို ဆန်းစစ်နေသူပါ။ 42 00:01:53,628 --> 00:01:57,366 ပြီးတော့ ကျွန်တော် ကိုယ်တိုင်တောင် ခွေးလှေးတစ်မျိုးကို ကျွန်တော့ 43 00:01:57,390 --> 00:02:02,166 ခြေဖနောင့်တွင် တစ်စင်တီမီတာ နက်တဲ့နေရာမှာ ရှာတွေ့ခဲ့ပါသေးတယ်။ 44 00:02:03,321 --> 00:02:07,578 ဒါတွေဟာ အားလုံးဟာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူးလို့ ထင်ချင်ထင်နိုင်ကြပါတယ်။ 45 00:02:07,975 --> 00:02:09,995 ဒါပေမဲ့ အခုလိုရူးရမှုက အကြောင်းရှိပါတယ်။ 46 00:02:10,126 --> 00:02:12,847 ကျွန်တော်က အဲဒါကို "ချွေတာရေးသိပ္ပံ"လို့ ခေါ်ပါတယ်- 47 00:02:12,871 --> 00:02:16,723 သိပ္ပံပညာဆိုင်ရာ အတွေ့အကြုံတွေကို မျှဝေပေးရေး စိတ်ကူးပါ၊ 48 00:02:16,747 --> 00:02:18,461 အချက်အလက်တွေ သက်သက်ပေးရုံ မဟုတ်ပါ။ 49 00:02:18,461 --> 00:02:19,510 သိဖို့ ထောက်ပြချင်တာက- 50 00:02:19,510 --> 00:02:22,334 ကျွန်တော်တို့ဂြိုဟ်ပေါ်မှာ တစ်ဘီလီယံအထိ ရှိကြတဲ့ ပြည်သူတွေဟာ 51 00:02:22,358 --> 00:02:24,873 ဘယ်လို အခြေခံအဆောက်အအုံတွေ မရှိဘဲ နေထိုင်နေကြရပါတယ်- 52 00:02:24,897 --> 00:02:26,511 လမ်းပန်းဆက်သွယ်မှုမရှိ၊ 53 00:02:26,535 --> 00:02:27,917 လျှပ်စစ်ဓါတ်အားမရှိ၊ 54 00:02:27,941 --> 00:02:30,127 ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိပါ။ 55 00:02:30,787 --> 00:02:34,400 ဒါ့အပြင် ဆင်းဆင်းရဲရဲ နေထိုင်နေကြရတဲ့ ကလေးတွေ တစ်ဘီလီယံ ရှိကြပါသေးတယ်။ 56 00:02:34,400 --> 00:02:37,342 ကျွန်တော်တို့က ပြဿနာတွေကို ဖြေရှင်း ပေးရမယ့် အနာဂတ်မျိုးဆက်ကို 57 00:02:37,342 --> 00:02:39,434 သူတို့ကို ဘယ်လိုလုပ်ပြီး လှုံ့ဆော်ပေးကြမလဲ၊။ 58 00:02:39,434 --> 00:02:43,282 ကျနော်တို့ တာဝန်တွေပေးထားတဲ့ ကျန်းမာရေး စောင့်ရှောက်ပေးကြတဲ့ လုပ်သားတွေရှိကြပါတယ် 59 00:02:43,282 --> 00:02:44,954 ကူးစက်ရောဂါတွေ တိုက်ဖျက်ဖို့၊ 60 00:02:44,978 --> 00:02:49,435 အနည်းဆုံးမျှသာ ဖြစ်ကြတဲ့ ကိရိယာတွေ ရင်းမြစ်တွေနဲ့ ကာကွယ်ပေးဖို့အတွက်ပါ။ 61 00:02:49,944 --> 00:02:52,178 ဥပမာ၊ စတန်းဖို့ဒ်က ဓာတ်ခွဲခန်းကိုဆိုပါစို့၊ 62 00:02:52,202 --> 00:02:55,333 ချွေတာရေး သိပ္ပံပညာရှုထောင့်မှ ကြည့်လျက် 63 00:02:55,333 --> 00:02:58,748 ဒီလူမှုအသိုင်းအဝိုင်းတွေအတွက် ဖြေရှင်း နည်းတွေကို ချမှတ်ပေးလိုပါတယ်။ 64 00:02:58,772 --> 00:03:03,026 မကြာခဏ ကျွန်တော်တို့က သစ်ပင်တစ်ပင်ရဲ့ အောက်၌ ရောဂါရှာဖွေရေးကို လုပ်ကိုင်လိုတယ်။ 65 00:03:03,026 --> 00:03:06,545 ကျွန်တော်ဟာ ကိရိယာသစ်တွေ အကြောင်း သာဓက နှစ်ခုကို ဒီနေ့ ပြောပြချင်တယ်။ 66 00:03:06,569 --> 00:03:08,684 တစ်ခုကို ယူဂန်ဒါနိုင်ငံမှာ စတင်ခဲ့ကြတယ်။ 67 00:03:08,751 --> 00:03:10,280 ၂၀၁၃ ခုနှစ်တွင်၊ 68 00:03:10,304 --> 00:03:14,350 Foldscope တွေကိုသုံးပြီး schistosomiasis ကို ရှာဖွေရန် ကွင်းဆင်းခဲ့စဉ်၊ 69 00:03:14,374 --> 00:03:16,932 ကျွန်တော် အသေးအဖွဲတစ်ခုကို သတိထားမိတယ်။ 70 00:03:16,956 --> 00:03:18,533 ဆေးခန်းတစ်ခုမှာ၊ 71 00:03:18,557 --> 00:03:19,896 ဝေးလံတဲ့ တစ်နေရာမှာ၊ 72 00:03:19,920 --> 00:03:23,508 centrifuge စက်ကို တံခါးကို ခုပေးဖို့ သုံးနေခဲ့တာ မြင်ခဲ့ရတယ်။ 73 00:03:24,192 --> 00:03:26,583 တကယ့်ကို တံခါးမပိတ်မိဖို့ ခံခုပေးဖို့ သုံးခဲ့တာပါ။ 74 00:03:26,607 --> 00:03:28,327 အဲဒီအကြောင်း သူတို့ကိုမေးကြည့်တော့၊ 75 00:03:28,327 --> 00:03:30,384 "အိုး၊ ကျွန်ုပ်တို့ဆီမှာ လျှပ်စစ်မှ မရှိတာ၊ 76 00:03:30,408 --> 00:03:33,937 ဒီတော့ ဒီလေးလံတဲ့ စက်ကြီးဟာ တံခါးကို ခုခံပေးဖို့ အကောင်းဆုံးပါပဲ။ " 77 00:03:34,624 --> 00:03:37,326 ခင်ဗျားတို့ အားလုံး သိချင်မှသိကြမှာက၊ 78 00:03:37,350 --> 00:03:40,574 နမူနာ အမျိုးအစားကို စီမံစမ်းသပ်ရာတွင် အခရာအကျဆုံး ကိရိယာကြီးပါပဲ။ 79 00:03:40,598 --> 00:03:43,630 ကိုယ်က သွေး ဒါမှမဟုတ် ခန္ဓာကိုယ် အရည်တွေကို ပိုင်းခြားပြီးရင် 80 00:03:43,630 --> 00:03:46,374 ရောဂါပိုးတွေကို ရှာကြည့်ချင်ရင် သုံးရတဲ့ စက်ပါ။ 81 00:03:46,419 --> 00:03:49,253 တကယ်တော့ အဲဒီ centrifuge ကြီးလေးပြီး ဈေးအရမ်းကြီးကြတယ်-- 82 00:03:49,277 --> 00:03:51,015 ဒေါ်လာ ၁၀၀၀ ဝန်းကျင် တန်တယ်-- 83 00:03:51,015 --> 00:03:53,501 ပြီးတော့ အဲဒါကို ကွင်းဆင်းရာတွင် သယ်ယူရန် မလွယ်လှပါ။ 84 00:03:53,525 --> 00:03:54,586 ပြီးတော့ ၎င်းတို့ဟာ 85 00:03:54,586 --> 00:03:56,350 လျှပ်စစ်မရှိရင် အလုပ်မလုပ်နိုင်ကြဘူး။ 86 00:03:56,350 --> 00:03:57,616 ဖြစ်နေကျ ကိစ္စပဲ မဟုတ်လား။ 87 00:03:57,616 --> 00:04:00,318 အဲဒီပြဿနာ ဖြေရှင်းရေးကို ကျွန်ုပ်တို့ စစဉ်းစားလာခဲ့ကြတယ်၊ 88 00:04:00,318 --> 00:04:01,702 ကျွန်တော် ပြန်လာခဲ့ရတယ်-- 89 00:04:01,726 --> 00:04:03,702 ကစားစရာတွေ အကြောင်းကို စဉ်းစားနေရင်းပါ။ 90 00:04:03,818 --> 00:04:04,982 အခုတော့ ... 91 00:04:05,750 --> 00:04:07,788 ကျွန်တော့နဲ့အတူ ဒီမှာ တချို့ပါလာပါတယ်။ 92 00:04:07,812 --> 00:04:09,919 ကျွန်မပထမဦးဆုံး စတင်ခဲ့တာက yo-yos နဲ့ပါ ... 93 00:04:09,943 --> 00:04:12,574 ကျွန်တော်ဟာ yo-yo ကို ပစ်ရာတွင် အရမ်းကို တော်သူပါ။ 94 00:04:12,923 --> 00:04:14,604 အဲဒီကစားစရာတွေက လည်ကြတော့ 95 00:04:14,628 --> 00:04:15,790 ကျွန်တော်တို့ တွေးမိတာက၊ 96 00:04:15,814 --> 00:04:18,171 အဲဒီအရာတွေရဲ့ ရူပဗေဒသဘာဝကို အသုံးချပြီး 97 00:04:18,195 --> 00:04:19,904 centrifuge တွေ တည်ဆောက်နိုင်မလား။ 98 00:04:21,257 --> 00:04:23,747 ဒီတချီ လုပ်ပြခဲ့တာက ကျွန်တော့အတွက် အဆိုးဆုံး တစ်ခုပါ။ 99 00:04:24,146 --> 00:04:25,929 ဒါပေမဲ့ ကျွန်တော်တို့ တွေးမိတာက၊ 100 00:04:25,953 --> 00:04:28,792 ဒီလို ကစားစရာအမျိုးမျိုးကို စမ်းသပ် စူးစမ်းကြည့်မယ်ဆိုရင်-- 101 00:04:28,816 --> 00:04:31,421 ကျွန်တော်တို့ဟာ ဒီလို လည်တဲ့ဟာကို စမ်းကြည့်ခဲ့တယ်၊ 102 00:04:31,445 --> 00:04:33,327 အဲဒီနောက် ဓာတ်ခွဲခန်းထဲမှာ 103 00:04:33,351 --> 00:04:35,813 ကျွန်ုပ်တို့ဟာ ဒီအံ့အားသင့်စရာဟာကို သတိထားမိကြတယ်။ 104 00:04:35,813 --> 00:04:39,256 အဲဒါကို နာမည်အမျိုးမျိုးဖြင့် ခေါ်ကြပါတယ်။ 105 00:04:39,280 --> 00:04:41,697 ကြိုးနှစ်ချောင်းပါပြီး အပြားလေး တစ်ခုပါတယ်၊ 106 00:04:41,721 --> 00:04:43,928 ကျွန်တော်က အခုလို တွန်းလိုက်ရင် လည်ပါတယ်။ 107 00:04:43,930 --> 00:04:46,658 ကလေးဘဝမှာ ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက်များ ကစားခဲ့ဘူးကြလဲ။ 108 00:04:46,658 --> 00:04:48,796 ဒါကိုတော့ button-on-a-string လို့ ခေါ်ပါတယ်။ 109 00:04:48,796 --> 00:04:50,926 ကောင်းပြီ၊ ၅၀ ရာခိုင်နှုန်း ဖြစ်နိုင်ပါတယ်။ 110 00:04:50,926 --> 00:04:52,578 ခင်ဗျားတို့ နားမလည်မိတဲ့ အချက်က-- 111 00:04:52,578 --> 00:04:54,145 ဒီကစားစရာ အသေးလေးဟာ 112 00:04:54,169 --> 00:04:58,532 လူသားသမိုင်းထဲက ရှေးအကျဆုံး ကစားစရာပါပဲ ... 113 00:04:58,747 --> 00:05:00,652 လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ တုန်းကပါ။ 114 00:05:00,676 --> 00:05:04,375 ကျွန်တော်တို့ဟာ ကမ္ဘာကြီး နေရာအနှံ့မှာ အဲဒါရဲ့ အကြွင်းအကျန်တွေ ရှာတွေ့ခဲ့တယ်။ 115 00:05:04,384 --> 00:05:06,879 ဒါပေမဲ့ ရယ်စရာကောင်းတာက၊ 116 00:05:06,879 --> 00:05:10,288 အဲဒါ ဘယ်လို အလုပ်လုပ်မှန်းကို ကျွန်တော်တို့ မသိကြခြင်းပါပဲ။ 117 00:05:10,288 --> 00:05:12,731 အဲဒါကမှ ကျွန်တော့ကို စိတ်လှုပ်ရှားစရာ ဖြစ်လာပါတယ်။ 118 00:05:12,797 --> 00:05:14,878 အဲဒါနဲ့ စပြီး စမ်းသပ်ကြိုးစားရပါတယ်။ 119 00:05:14,902 --> 00:05:16,982 ညီမျှခြင်း နှစ်ခုလောက်ကို ချရေးလိုက်ကြတယ်။ 120 00:05:17,056 --> 00:05:20,369 ကျွန်တော်တို့က ထည့်သွင်းပေးလိုက်တဲ့ လိမ်အားကို ယူကြည့်မယ်ဆိုရင်၊ 121 00:05:20,393 --> 00:05:22,461 ကိုယ်က ဒီအပြားကို ဆွဲလှည့်ပေးလိုက်ရတယ်၊ 122 00:05:22,461 --> 00:05:24,726 တဖန် အဲဒီလိမ်အားက ကြိုးတွေကို ထပ်ပြီးလိမ်ပေးတယ်၊ 123 00:05:24,726 --> 00:05:26,863 ဒါကို သင်္ချာနည်းနဲ့ တွက်လို့ ရနိုင်ပါတယ်။ 124 00:05:26,863 --> 00:05:29,535 ဒီနေ့ပြောချင်တာက အဲဒီညီမျှခြင်း တစ်ခုတည်း အကြောင်းမကပါ။ 125 00:05:29,535 --> 00:05:31,827 တွက်ချက်ခဲ့ရတာ စာမျက်နှာ တစ်ဆယ်လောက် ရှိပါတယ်။ 126 00:05:31,827 --> 00:05:35,000 ဒီလိုလည်ပတ် လှုပ်ရှုားနေတဲ့ စနစ်ကြီးအတွက် ဆန်းစစ်မှု ဖေါ်မြူလာတွေ 127 00:05:35,000 --> 00:05:36,618 အားလုံးကို ရေးချနိုင်ခဲ့ကြပါတယ်။ 128 00:05:36,618 --> 00:05:39,999 အဲဒါအားလုံးရဲ့ နောက်ဆုံးရလဒ်ကတော့ "Paperfuge"ပါပဲ။ 129 00:05:40,023 --> 00:05:42,521 ဒါက ကျွန်တော့တပည့် ဘွဲ့လွန်ကျောင်းသား Saad Bhamla ပါ၊ 130 00:05:42,521 --> 00:05:44,348 Paperfuge ကို ပူးတွဲတီထွင်ပေးခဲ့သူပါ။ 131 00:05:44,348 --> 00:05:46,527 ဒီဘယ်ဘက်မှာ တွေ့ကြရတာက centrifuge စက်ကြီးတွေပါ 132 00:05:46,551 --> 00:05:48,578 ကျနော်တို့အစားထိုးဖို့ ကြိုးစားနေတဲ့ဟာပါ။ 133 00:05:48,578 --> 00:05:51,709 ခင်ဗျားတို့ ဒီမှာ မြင်နေရတဲ့ ပစ္စည်းလေးက 134 00:05:52,939 --> 00:05:56,184 ချပ်ပြားတစ်ခု၊ ကြိုးနှစ်ချောင်းနဲ့ လက်ကိုင်ပါ။ 135 00:05:56,208 --> 00:05:57,712 ဒါကို လှည့်လိမ်ပေးလိုက်ရင် 136 00:05:57,750 --> 00:05:59,093 ပြီးတော့ ဆွဲဆန့်လိုက်ရင်၊ 137 00:05:59,117 --> 00:06:00,269 အဲဒါ စပြီး လည်ပါတော့တယ်။ 138 00:06:00,293 --> 00:06:02,378 ဒီတော့ ဒါကို သိနားလည်လိုက်တော့၊ 139 00:06:02,950 --> 00:06:04,345 အဲဒါကို တွက်ချက် ကြည့်လိုက်တော့၊ 140 00:06:05,579 --> 00:06:08,069 ဒီအရာလေးအတွက် rpm လည်ပတ်နှုန်းကို တွက်ကြည့်ရင်၊ 141 00:06:08,093 --> 00:06:12,259 သင်္ချာသဘောအရ ကျွန်တော်တို့ဟာ rpm တစ်သန်းအထကို သွားနိုင်မှာပါ။ 142 00:06:12,259 --> 00:06:15,042 ဒီမှာ လူသားရဲ့ ခန္ဓာဗေဒဆိုင်ရာ စဉ်းစားစရာ တစ်ခု ရှိနေတယ်၊ 143 00:06:15,066 --> 00:06:18,085 ဒီအရာရဲ့ တုန်ခါမှု ကြိမ်နှုန်းဟာ 10 hertz ဝန်းကျင်မှာ ရှိနေလို့၊ 144 00:06:18,085 --> 00:06:19,823 ခင်ဗျားတို့ စန္ဒရားကို တီးခဲ့ဘူးရင်၊ 145 00:06:19,823 --> 00:06:22,291 နှစ် သို့မဟုတ် သုံး hertz ထက် ပိုပြီး တီးမရနိုင်ပါ၊ 146 00:06:22,291 --> 00:06:25,755 ကျွန်တော်တို့က ဒီဟာလေးနဲ့ ရယူနိုင်ခဲ့ကြတဲ့ အမြင့်ဆုံးနှု်းက 147 00:06:25,755 --> 00:06:27,328 rpm ၁၀၀၀၀ မဟုတ်ပါ၊ 148 00:06:27,352 --> 00:06:28,956 rpm ၅၀၀၀၀ လည်းမဟုတ်ပါ၊ 149 00:06:28,980 --> 00:06:30,905 rpm ၁၂၀၀၀၀ ပါ။ 150 00:06:30,929 --> 00:06:33,733 အဲဒါဟာ ကမ္ဘာ့ဆွဲအား g ရဲ့ အဆ ၃၀၀၀ ပါ။ 151 00:06:33,757 --> 00:06:36,964 တကယ်လိုများ ခင်ဗျားတို့ကို ဒီမှာ ကပ်ပေးလိုက်ပြီး လှည့်ပေးလိုက်ရင်၊ 152 00:06:36,988 --> 00:06:40,417 ခင်ဗျားတို့ ခံစားရမယ့် အားတွေကို စိတ်ကူးသာ ကြည့်ကြပေတော့။ 153 00:06:40,441 --> 00:06:42,679 ဒီလို ကိရိယာရဲ့ အကျိုးသက်ရောက်မှု တစ်ခုက 154 00:06:42,703 --> 00:06:45,697 အဲဒါနဲ့ ရောဂါကို ရှာဖွေနိုင်တော့မှာပါ။ 155 00:06:45,721 --> 00:06:50,001 ဒီတော့ ကျွန်တော်ဟာ လက်တွေ့ ဒီနေရာမှာကို စမ်းသပ်ပြပါ့မယ်-- 156 00:06:50,442 --> 00:06:54,037 အဲဒါ့အတွက် ကျွန်တော်ဟာ ကျွန်တော့ လက်ချောင်းကို ဖောက်ဖို့ လိုပါမယ်၊ 157 00:06:54,061 --> 00:06:56,336 အဲဒါကြောင့် သွေးစက် သေးသေးလေး ထွက်လာပါမယ်။ 158 00:06:56,360 --> 00:06:58,465 သွေးလန့်တဲ့သူဆိုရင် ဒါကို ကြည့်ရန် မလိုပါဘူး။ 159 00:06:58,465 --> 00:07:00,018 ဒါက ဖောက်ပေးတဲ့ lancet အချွန်ပါ။ 160 00:07:00,018 --> 00:07:02,288 အဲဒီ lancet တွေကို နေရာတိုင်းမှာ ဝယ်ရနိုင်ပါတယ်။ 161 00:07:02,288 --> 00:07:03,785 လုံးဝ အန္တရာယ်မရှိကြပါ။ 162 00:07:03,809 --> 00:07:07,395 ကိုယ်က ဒီနေ့ မနက်စာ စားထားရင် ... 163 00:07:10,047 --> 00:07:11,534 လုံးဝ နာမှာ မဟုတ်ပါဘူး။ 164 00:07:11,558 --> 00:07:15,236 ကောင်းပြီ၊ အခုတော့ ပြွန်လေး တစ်ခုနဲ့ သွေးကို စုပ်ယူမယ်-- 165 00:07:15,236 --> 00:07:17,779 အခုတော့ အဲဒီသွေးတစ်စက်က အဖြေတွေကို ပေးနိုင်မှာပါ၊ 166 00:07:17,779 --> 00:07:19,528 အဲဒါကြောင့် ဒါတွေကို လုပ်လာခဲ့တာပါ။ 167 00:07:19,910 --> 00:07:23,377 အဲဒါက ကျွန်တော့ဆီတွင် ငှက်ဖျားရှိမရှိကို ချက်ချင်း ဖြေပေးနိုင်တယ်။ 168 00:07:23,401 --> 00:07:25,233 ကျွန်တော်ဟာ ပြွန်သေးသေးကို ယူထားတယ်၊ 169 00:07:25,257 --> 00:07:27,382 အဲဒါက စပြီး စုပ်ယူနေတာ မြင်ရပါတယ်။ 170 00:07:27,888 --> 00:07:30,156 ကျွန်တော် နောက်ထပ် နည်းနည်း စုပ်ယူဦးမယ်။ 171 00:07:32,782 --> 00:07:35,025 အဲဒါကြည့်ရတာ လုံလောက်ပါပြီ။ 172 00:07:35,519 --> 00:07:39,649 အဲဒီပြွန်လေးကို ဒီလိုနည်းဖြင့် အလုံပိတ်လိုက်ပါမယ်။ 173 00:07:43,492 --> 00:07:45,772 ဒီလိုနည်းဖြင့် နမူနာကို အလုံပိတ်လိုက်ပါပြီ။ 174 00:07:45,796 --> 00:07:47,925 ကျွန်တော်တို့ဟာ အဲဒီနမူနာကို ယူပြီး 175 00:07:47,949 --> 00:07:49,913 Paperfuge ပေါ်မှာ တပ်ဆင်ပေးမယ်။ 176 00:07:57,092 --> 00:08:00,480 တိပ်အနည်းငယ်ဖြင့် အလုံပိတ်ပေးပါမယ်။ 177 00:08:00,975 --> 00:08:03,870 အဲဒီတော့ နမူနာဟာ လုံးဝကို အလုံပိတ်ပြီးနေပြီ။ 178 00:08:07,107 --> 00:08:09,400 ကျွန်တော်တို့ အဲဒါကို လှည့်ပေးရန် အသင့်ရှိနေပြီ။ 179 00:08:10,459 --> 00:08:13,060 ကျွန်တော်ဟာ ဒါကို ဆွဲယူလိုက် တွန်းလိုက် လုပ်ပေးရပါမယ်။ 180 00:08:13,084 --> 00:08:15,243 ကျွန်တော် ဒါကို ဒီလို တင်ပေးလိုက်မယ် ... 181 00:08:16,277 --> 00:08:18,560 ဒီအရာဟာ စပြီး လည်ပတ်လာတာ မြင်နိုင်ကြပါတယ်။ 182 00:08:18,584 --> 00:08:20,598 ပုံမှန် centrifuge တွေနဲ့မတူဘဲ၊ 183 00:08:20,622 --> 00:08:24,401 ကျွန်တော်တို့ဟာက တန်ြပန် လှည့်ပေးတဲ့ စနစ်ပါ။ 184 00:08:24,425 --> 00:08:26,761 နောက်ကို လည်လိုက်၊ ရှေ့ကိုလည်လိုက်ပါ ... 185 00:08:26,851 --> 00:08:29,349 အခုတော့ ကျွန်တော်ဟာ အရှိန်ရအောင် လုပ်ပေးတော့မယ်။ 186 00:08:29,373 --> 00:08:31,201 အရှိန်အဟုန် ရလာတာ မြင်နိုင်ကြမှာပါ။ 187 00:08:31,704 --> 00:08:34,797 အခုတော့ -- ခင်ဗျားတို့ ဒါကို ကြားကြရဲ့လား ကျွန်တော် မသိပါ-- 188 00:08:34,821 --> 00:08:36,360 ဒီလိုနည်းနဲ့ စက္ကန့် ၃၀ အကြာမှာ၊ 189 00:08:36,989 --> 00:08:41,313 ကျွန်တော်ဟာ သွေးဆဲလ်တွေကို ပလာစမာနဲ့ ခွဲခြားပေးနိုင်တော့မှာပါ။ 190 00:08:41,938 --> 00:08:44,751 အဲဒီသွေးဆဲလ်များနဲ့ ပလာစမာရဲ့ အချိုးအစားဟာဖြင့်-- 191 00:08:44,775 --> 00:08:46,789 (လက်ခုပ်သံများ) 192 00:08:48,439 --> 00:08:50,774 ခင်ဗျား အခုဒီမှာ မြင်နေကြရသလို၊ 193 00:08:51,806 --> 00:08:53,830 ကျွန်တော်တို့က အဲဒါကို ဂရုစိုက်လေ့လာရင်၊ 194 00:08:53,854 --> 00:08:56,399 သီးခြား ခွဲထွက်သွားတဲ့ ထုထယ်ကို မြင်နိုင်ကြမှာပါ 195 00:08:57,272 --> 00:08:59,130 သွေးနှင့် ပလာစမာပါပဲ။ 196 00:08:59,154 --> 00:09:03,077 အဲဒီအချိုးအစားက ကျွန်တော်ဟာ သွေးအား နည်းသူလား ဆိုတာကို ထောက်ြပနိုင်တယ်။ 197 00:09:03,101 --> 00:09:07,138 လက်ရှိ Paperfuges အမျိုးမျိုး ဆောက် နိုင်ြခင်းဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ 198 00:09:07,162 --> 00:09:11,132 ဒါဆိုရင် နည်းနည်းလေး ပိုကြာအောင် လှည့်ပေးခြင်းဖြင့် 199 00:09:11,132 --> 00:09:13,469 ငှက်ဖျားကပ်ပါးကောင်ကို ဖေါ်ထုတ်ပေးနိုင်တယ်၊ 200 00:09:13,493 --> 00:09:16,733 သွေးထဲမှာ ရှိနေကြတဲ့ ငှက်ဖျား ကပ်ပါးကောင်တွေကို ခွဲခြားနိုင်ပါတယ် 201 00:09:16,733 --> 00:09:20,657 centrifuge ကို သုံးပြီး သွေးထဲရှိနေကြတဲ့ ငှက်ဖျား ကပ်ပါးတွေကို ခွဲခြားသိရနိုင်သလို 202 00:09:20,681 --> 00:09:25,161 ခုနက ပြခဲ့သလို ကျွန်တောတို့ရဲ့ နည်းနဲ့ ခွဲခြားလျက် သိရှိလာနိုင်ပါတယ်။ 203 00:09:25,185 --> 00:09:28,742 နောက်ပုံစံ တစ်ခုကျတော့ nucleic acid ကို စမ်းသပ်မှုလို့ ရမှာမို့လို့ 204 00:09:29,573 --> 00:09:33,917 ကွင်းဆင်းနေချိန်မှာကိုပဲ nucleic acid စမ်းသပ်မှုတွေ တစ်ပြုံကြီး လုပ်နိုင်မှာပါ။ 205 00:09:33,941 --> 00:09:35,511 ပြီးတော့ နောက်ဆုံးတွင်၊ 206 00:09:35,535 --> 00:09:37,535 ကျွန်တော်တို့ ဆက်ပြီး လုပ်ကိုင်နေကြတာက 207 00:09:37,559 --> 00:09:42,354 စမ်းသပ်မှုတွေ အမျိုးမျိုးကို ဒီလို တစ်ခုတည်းနဲ့ လုပ်လို့ရဖို့အတွက်ပါ။ 208 00:09:42,378 --> 00:09:46,715 အဲဒီလိုနည်းဖြင့် နမူနာ ယူတဲ့အလုပ်ကိုရော ဓာတုဗေဒ အလုပ်ကိုပါ လုပ်နိုင်ပါ့မယ်။ 209 00:09:47,540 --> 00:09:48,826 အခုတော့ ... 210 00:09:48,850 --> 00:09:50,120 ဒါတွေ အားလုံး ကောင်းပါတယ်၊ 211 00:09:50,144 --> 00:09:52,051 ဒါပေမဲ့၊ ဒါတွေကို စဉ်းစားကြည့်ရင်၊ 212 00:09:52,075 --> 00:09:54,914 ဒီကိရိယာတွေ လူတွေ အများကြီးအား ဝေမျှပေးရေးကို စဉ်းစားရတယ်။ 213 00:09:54,914 --> 00:09:57,454 ကျွန်တော်တို့ ခုလေးတင် မဒါဂါစကာမှ ပြန်လာခဲ့ကြတာပါ၊ 214 00:09:57,454 --> 00:10:00,172 ငှက်ဖျားများအတွက် လက်တွေ့စမ်းသပ်မှုက ဒီလို ပုံစံမျိုးပါ-- 215 00:10:00,196 --> 00:10:01,199 (ရယ်သံများ) 216 00:10:01,223 --> 00:10:03,580 ဒါကို ကော်ဖီသောက်နေရင်း လုပ်နိုင်တယ်။ 217 00:10:03,604 --> 00:10:05,477 ဒါပေမဲ့ တကယ် အရေးကြီးတာက၊ 218 00:10:05,501 --> 00:10:09,563 ဒီရွာဟာ လမ်းမကြီးတွေနဲ့ ခြောက်နာရီ ခရီး အဝေးမှာ ရှိတဲ့ ရွာပါ။ 219 00:10:10,036 --> 00:10:13,363 အခန်းထဲတွင် အဲဒီက အသိုင်းအဝုိင်းထဲက သက်ကြီးတစ်ယောက်နဲ့ 220 00:10:13,363 --> 00:10:15,670 ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ လုပ်သား ရှိနေပါတယ်။ 221 00:10:15,670 --> 00:10:19,667 ဒီလို အားထုတ်မှုရဲ့ ဒီအပိုင်းလေးဟာဖြင့် ကျွန်တော့အတွက် စိတ်အလှုပ်ရှားရဆုံးပါ-- 222 00:10:19,667 --> 00:10:20,839 အဲဒီအပြုံးလေး၊ 223 00:10:20,863 --> 00:10:25,009 ရိုးရိုးလေးနဲ့ အားကောင်းကြတဲ့ ကိရိယာတွေကို ကမ္ဘာတဝှမ်းက လူတွေကို မျှဝေရကျိုး နပ်တယ်။ 224 00:10:25,009 --> 00:10:27,781 ဒါနဲ့ ခင်ဗျားတို့ ပြောဖို့ မေ့သွားတဲ့ တစ်ချက်က၊ 225 00:10:27,805 --> 00:10:30,948 အဲဒါတွေ အားလုံးကို ထုတ်လုပ်ပေးဖို့ ဆင့် ၂၀ သာ လိုတာကိုပါ။ 226 00:10:31,200 --> 00:10:33,916 ကောင်းပါပြီ၊ စိတ်မဝင်စားစရာတွေကို နောက်မှာ ချန်ထားခဲ့ရင်း၊ 227 00:10:33,916 --> 00:10:36,482 နောက်ဆုံး မကြာမီလေးတင်က တစ်ခု အကြောင်းကို ပြောပြမယ်-- 228 00:10:36,506 --> 00:10:37,626 (ရယ်သံများ) 229 00:10:37,650 --> 00:10:39,640 ကျွန်တော်တို့ဓာတ်ခွဲခန်းရဲ့ တီထွင်မှုပါ။ 230 00:10:39,640 --> 00:10:41,307 Abuzz ဆိုပြီး နာမည်ပေးထားတယ်-- 231 00:10:41,618 --> 00:10:45,366 ခင်ဗျားတို့ အားလုံးနဲ့အတူ ခြင်တွေကို တိုက်ပွဲဝင်ရေး စိတ်ကူးနဲ့ပါ။ 232 00:10:45,366 --> 00:10:48,043 ကျွန်တော်တို့ရဲ့ ရန်သူခြင်တွေကို ခြေရာခံရန် အတွက်ပါ။ 233 00:10:48,067 --> 00:10:52,055 ၎င်းတို့က ငှက်ဖျား၊ Zika၊ chikungunya၊ သွေးလွန်တုပ်ကွေး စ်ပွားစေတဲ့ ရန်သူတွေပါ။ 234 00:10:52,079 --> 00:10:56,863 ဒါပေမဲ့ ပြဿနာက ကျွန်တော်တို့ရဲ့ ရန်သူတွေ ဘယ်မှာ ရှိကြမှန်းကို မသိကြပါ။ 235 00:10:56,887 --> 00:10:59,866 ခြင်တွေဆိုင်ရာ ကမ္ဘာ့မြေပုံတွေ မရှိသေးပါဘူး။ 236 00:10:59,933 --> 00:11:01,840 အဲဒါနဲ့ အဲဒီအကြောင်းကို စဉ်းစားလာရတယ်။ 237 00:11:01,840 --> 00:11:03,789 ခြင်တွေဟာ မျိုးစိတ်ပေါင်း ၃၅၀၀ ရှိကြတယ်။ 238 00:11:03,789 --> 00:11:05,682 ပြီးတော့ ၎င်းတို့ဟာ ဆင်တူရိုးမှားတွေပါ။ 239 00:11:05,682 --> 00:11:07,305 တချို့ဘယ်လောက်တောင် တူသလဲဆိုတော့ 240 00:11:07,305 --> 00:11:10,596 ပိုးမွှားပညာရှင်ကြီးတွေ အဏုကြည့်စက်နဲ့ ကြည့်တောင် မခွဲခြားနိုင်ကြဘူး။ 241 00:11:10,596 --> 00:11:12,881 ဒါပေမဲ့ သူတို့ဆီမှာ အားနည်းချက် တစ်ခု ရှိပါတယ်။ 242 00:11:12,905 --> 00:11:15,839 ဒါက ခြင်တွေ ရည်စားလိုက်ကြပုံကို မြင်နေကြရတာပါ။ 243 00:11:15,839 --> 00:11:18,358 ဟောဒါက အမျိုးသမီးကို လိုက်ဖမ်းချင်တဲ့ အထီးကောင်ပါ။ 244 00:11:18,382 --> 00:11:22,203 သူတို့ဟာ သူတို့ရဲ့ အတောင်ပံ ရိုက်ခတ် နှုန်းဖြင့် အပြန်အလှန် စကားပြောနေကြတာပါ။ 245 00:11:22,227 --> 00:11:23,267 (ခြင်ပျံသန်းမှု အသံ) 246 00:11:23,291 --> 00:11:25,648 အဲဒါက သူတို့ရဲ့ လက်မှတ်နဲ့ တူပါတယ်။ 247 00:11:26,652 --> 00:11:30,016 အဲဒါနဲ့ ကျွန်တော်တို့ နားလည်လိုက်တာက သာမန်ဖုန်းကို သုံးပြီး၊ 248 00:11:30,040 --> 00:11:32,581 $ ၅-၁၀ တန်တဲ့ ဖုန်းနဲ့-- 249 00:11:32,605 --> 00:11:34,707 ဒီလိုဖုန်းမျိုးကို မှတ်မီကြသေးရဲ့လား။ 250 00:11:34,731 --> 00:11:35,791 (ရယ်သံများ) 251 00:11:35,815 --> 00:11:39,560 ကျွန်တော်တို့ဟာ ခြင်တွေရဲ့ အသံနှုန်း လက်မှတ်ကို မှတ်တမ် းတင်နိုင်ပါတယ်။ 252 00:11:39,560 --> 00:11:41,830 ဘယ်လို လုပ်ရမှာကို အတိအကျ ကျွန်တော် ပြောပြမယ်။ 253 00:11:41,830 --> 00:11:44,241 ကျွန်တော်ဟာ ခြင်တချို့ကို အပြင်မှာ ဖမ်းယူလာခဲ့တယ်။ 254 00:11:44,241 --> 00:11:47,003 Bill [Gates] လိုမဟုတ်ဘဲ ကျွန်တော် သူတို့ကို လွှတ်မပေးဘူး။ 255 00:11:47,003 --> 00:11:47,927 (ရယ်သံများ) 256 00:11:47,927 --> 00:11:49,876 ဒါပေမဲ့ ဒါနဲ့ အသံဖမ်းဖို့ကို ပြောပြပါမယ်။ 257 00:11:49,876 --> 00:11:52,292 လုပ်ရမှာက ဒီလိုခေါက်လိုက်ရင် သူတို့ပျံသန်းတော့မှာ။ 258 00:11:52,292 --> 00:11:53,557 အစတွင် စမ်းသပ် ကြည့်ကြပါ-- 259 00:11:53,581 --> 00:11:55,107 ကျွန်တော်ကတော့ ဒီမှာ ကြားနေရပြီ။ 260 00:11:55,107 --> 00:11:57,811 မိုက်ခရိုဖုန်းပါတဲ့ ကိုယ့်ဖုန်းကို သူတို့နားကို ယူလာပါ-- 261 00:11:57,835 --> 00:12:00,201 ၎င်းတို့ထဲက မိုက်တွေ အရမ်းကို ကောင်းကြတယ်၊ 262 00:12:00,225 --> 00:12:01,465 သာမန် ဖုန်းတွေထဲမှာတောင်၊ 263 00:12:01,489 --> 00:12:03,922 ဒီလို လက်တွေ့ အသံတွေကို မှတ်တမ်းတင်လို့ ရနိုင်ပါတယ်။ 264 00:12:03,946 --> 00:12:06,084 အချိန် သိပ်မကျန်တော့တဲ့အတွက်၊ 265 00:12:06,108 --> 00:12:09,800 အရင်တစ်နေ့က သွင်းယူခဲ့တဲ့ အသံကို ဖွင့်ပြပါရစေ။ 266 00:12:09,824 --> 00:12:12,364 (ခြင်ရဲ့ ပျံသန်းမှု အသံ) 267 00:12:12,388 --> 00:12:15,316 ဒီလို စွဲမက်စရာ အသံကို ခင်ဗျားတို့ ကြားခဲ့ဘူးကြမှာပါ၊ 268 00:12:15,340 --> 00:12:17,134 အားလုံး သိပ်ကြိုက်ကြတဲ့ အသံပါ။ 269 00:12:18,246 --> 00:12:20,207 ဒီလို လုပ်လို့ ရနိုင်ြခင်းကြောင့် 270 00:12:20,231 --> 00:12:23,445 သာမန် ဆဲလ်ဖုန်းနဲ့ ဒီလို လုပ်ရနိုင်တယ်ဆိုတော့ 271 00:12:23,469 --> 00:12:26,629 ကျွန်တော်တို့ဟာ ခြင်မျိုးစိတ် မြေပုံကို ရွေးဆွဲနိုင်လာမယ်။ 272 00:12:27,277 --> 00:12:28,793 ခေါက်ဖုန်းကို အသုံးပြုပြီး 273 00:12:28,793 --> 00:12:32,351 ကျွန်တော်တို့ဟာ အကြီးမားဆုံး အသံဒေတာဘေ့စ် တစ်ခုကို မြေပုံပေါ် တင်ပေးခဲ့ကြရာ 274 00:12:32,375 --> 00:12:36,737 လူ့တွေအတွက် ရောဂါပိုးကို သယ်ဆောင်ပေးကြတဲ့ ခြင်မျိုးစိတ် ၂၅ မှ ၂၀ ဖေါ်ထုတ်နိုင်တယ်။ 275 00:12:36,737 --> 00:12:39,250 အဲဒါကို စက်ပစ္စည်းတွေရဲ့ သင်ယူမှုနဲ့ တွဲသုံးလိုက်ရင်၊ 276 00:12:39,250 --> 00:12:41,504 အဲဒီလို ဒေတာကို မည်သူမဆို အပ်လုဒ် လုပ်ပေးရင်၊ 277 00:12:41,504 --> 00:12:44,006 ခင်ဗျားတို့ဝန်းကျင်က ခြင်တွေက ဘယ်လိုဟာမျိုးဆိုတာကို 278 00:12:44,006 --> 00:12:46,274 ကျွန်တော်တို့က ရှာဖွေ ဖေါ်ထုတ်ပေးနိုင်ကြမှာပါ။ 279 00:12:46,274 --> 00:12:48,823 Abuzz လို့ နာမည်ပေးထားရာ ခင်ဗျားတို့ အဲဒီထဲပါချင်ရင်၊ 280 00:12:48,847 --> 00:12:49,903 ဝဘ်ဆိုက်ကို သွားကြပါ။ 281 00:12:49,903 --> 00:12:52,685 ကျွန်တော့အတွက် သိပ်ကို အရေးကြီးပြီး နှလုံးသားနဲ့ နီးစပ်တဲ့ 282 00:12:52,685 --> 00:12:54,930 အရာတစ်ခုဖြင့် ကျွန်တော် နီဂုံးချုပ်ပါရစေ။ 283 00:12:55,504 --> 00:12:59,451 ဒီနေ့တွင် ကျွန်တော်တို့ဆီမှာ ကြောက်မက်ဘွယ် ပြဿနာများ ရှိနေခြင်းဟာ စိန်ခေါ်မှုကြီးပါ။ 284 00:12:59,475 --> 00:13:02,773 ကမ္ဘာကြီးမှာ ကျန်းမာရေး စောင့်ရှောက်မှု ဘာမှမရှိသူ တစ်ဘီလီယံ ရှိကြတယ်၊ 285 00:13:02,773 --> 00:13:05,292 ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးကွဲ ပျောက်ဆုံးလာနေခြင်း၊ 286 00:13:05,292 --> 00:13:06,421 စသဖြင့် အများကြီးပါ။ 287 00:13:06,421 --> 00:13:09,646 သိပ္ပံပညာက အဲဒါတွေအတွက် အဖြေ ပေးမှာ ကျွန်တော်တို့ မျှော်လင့်ကြပါတယ်။ 288 00:13:09,646 --> 00:13:12,108 ခင်ဗျားတို့ အားလုံး ဒီခန်းမကြီးမှ ထွက်မသွားကြခင်၊ 289 00:13:12,108 --> 00:13:14,106 ခင်ဗျားတို့ကို ကတိ တစ်ခုပေးချင်ပါတယ်။ 290 00:13:14,106 --> 00:13:16,943 ကျွန်တော်တို့ဟာ သိပ္ပံပညာကို သုံးရနိုင်အောင် လုပ်ပေးကြမယ်-- 291 00:13:17,066 --> 00:13:19,205 အဲဒါကို တတ်နိုင်တဲ့ သူတွေအတွက်သာမက၊ 292 00:13:19,229 --> 00:13:21,541 မတတ်နိုင်ကြတဲ့ တစ်ဘီလီယံအတွက်ပါ စီစဉ်ပေးပါမယ်။ 293 00:13:21,761 --> 00:13:25,777 သိပ္ပံပညာနှင့် သိပ္ပံအသုံးလုံးကျေမှုကို လူသားရဲ့ ရပိုင်ခွင့်အဖြစ် ဖန်တီးပေးကြစို့။ 294 00:13:27,564 --> 00:13:32,239 သိပ္ပံရှာကြံရေး မီးပွားဆိုတဲ့ ခံစားမှုကို အခြားကလေးတစ်ဦးအား လွှဲပြောင်းပေးလိုက်တဲ့ 295 00:13:32,263 --> 00:13:33,774 တဒင်္ဂလေးမှ၊ 296 00:13:33,863 --> 00:13:36,979 အဲဒီလို ပြဿနာတွေကို လက်တွေ့မှာ ဖြေရှင်းပေးကြမယ့် 297 00:13:36,979 --> 00:13:40,367 အနာဂတ်မျိုးဆက်ကို ကျွန်တော်တို့က ပျိုးထောင်ပေးလာမှုပဲ ဖြစ်ပါလိမ့်မည်။ 298 00:13:40,391 --> 00:13:41,566 ကျေးဇူးတင်ပါတယ်။ 299 00:13:41,590 --> 00:13:44,968 (လက်ခုပ်သံများ)