WEBVTT 00:00:00.590 --> 00:00:04.438 ကျွန်တော်ဟာ ကိရိယာ အမျိုးမျိုးကို ထုတ်လုပ်ပြီး လူတွေကို မျှဝေပေးချင်ပါတယ်။ 00:00:04.438 --> 00:00:06.472 ကျွန်တော် ငယ်စဉ်တုန်းက အဖြစ်ကို မှတ်မိတယ်။ 00:00:06.472 --> 00:00:09.935 ကျွန်တော် ပထမဦးဆုံး ထုတ်လုပ်လိုက်တဲ့ ကိရိယာဟာ အဏုကြည့်စက် ဖြစ်ခဲ့ပါတယ်၊ 00:00:09.935 --> 00:00:13.521 ကျွန်တော့် အစ်ကိုရဲ့ မျက်မှန်ထဲက မှန်ဘီလူးကို ခိုးယူခဲ့ပြီး ထုတ်လုပ်ခဲ့တာ။ 00:00:13.919 --> 00:00:16.060 သူဟာ အဲဒါကြောင့် စိတ်တုန်လုပ်မသွားခဲ့ပါဘူး။ 00:00:16.060 --> 00:00:18.270 ဒါပေမဲ့၊ အဲဒီဖြစ်ရပ်ကြောင့် နှစ်ပေါင်း ၃၀ အကြာ 00:00:18.294 --> 00:00:19.447 ကာလကို ရောက်လာတော့၊ 00:00:19.471 --> 00:00:21.389 ကျွန်တော် အဏုကြည့်စက်တွေ ထုတ်လုပ်နေဆဲပါ။ 00:00:21.389 --> 00:00:25.658 အဲဒီလို ကိရိယာတွေကို ကျွန်တော် ထုတ်လုပ်ရတာ ဒီလို အခိုက်အတန့်များအတွက်ပါ။ 00:00:27.559 --> 00:00:29.979 (ဗီဒီယို) ကျမဆံပင်တွေထဲ အမည်းရောင် အရာတွေ ရှိနေတယ်- 00:00:30.003 --> 00:00:32.278 Manu Prakash- ပင်လယ်အော်ဒေသထဲက ကျောင်းပါ။ 00:00:32.320 --> 00:00:37.188 (ဗီဒီယို) MP- လက်တွေ့ဘဝဟာ တကယ်တော့ ကျွန်တောတို့က အရာတွေ အလုပ်လုပ်ကြပုံကို 00:00:37.188 --> 00:00:39.295 စိတ်ကူးစဉ်းစားကြတာထက်ကို ပိုဆန်းကျင်ပါတယ်။ 00:00:39.319 --> 00:00:41.770 (ဗီဒီယို) ယောက်ျားလေးး- အို၊ ဘုရားသခင်! 00:00:43.773 --> 00:00:46.125 MP- အို ဘရားသခင်! 00:00:46.621 --> 00:00:49.622 ဒီလို စကားလုံးတွေ လူတိုင်း ပြောစရာဖြစ်လာတာ အံ့ဩစရာပါပဲ။ 00:00:50.803 --> 00:00:52.777 လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ၊ 00:00:52.777 --> 00:00:54.114 ကျွန်တော့ ဓာတ်ခွဲခန်းတွင် 00:00:54.138 --> 00:00:56.733 ကျွန်တော်တို့ဟာ Foldscope ၅၀၀၀၀ ကို ထုတ်လုပ်ခဲ့တယ်၊ 00:00:56.733 --> 00:00:59.147 ကမ္ဘာ့နိုင်ငံ ၁၃၀ ထံ ပို့ပေးခဲ့ကြတယ်၊ 00:00:59.171 --> 00:01:01.757 ကလေးတွေဟာ ဘာမှပေးဆပ်ရန် မလိုဘဲ အခမဲ့ ရခဲ့ကြတာပါ။ 00:01:01.818 --> 00:01:03.285 ဒီတစ်နှစ်တည်းမှာကိုပဲ 00:01:03.285 --> 00:01:05.561 ကျွန်တော်တို့ အသိုင်းအဝိုင်းရဲ့ ပံ့ပိုးမှုဖြင့်၊ 00:01:05.561 --> 00:01:08.601 ကျွန်တော်တို့ဟာ အဏုကြည့်စက် တစ်သန်းကို ပို့ပေးဖို့ စီမံထားပါတယ်။ 00:01:08.601 --> 00:01:10.237 ကမ္ဘာတဝှမ်း ကလေးတွေဆီ ပို့ပေးမယ်။ 00:01:10.237 --> 00:01:11.528 အဲဒါက ဘာ့အတွက်များပါလိမ့်? 00:01:11.528 --> 00:01:15.384 အဲဒါ ကမ္ဘာတဝှမ်း ဉာဏ်ပညာကို အသုံးချကြတဲ့ လူတွေရဲ့ အသိုင်းအဝိုင်းကို ဖန်တီးပေးမယ်၊ 00:01:15.408 --> 00:01:17.780 အပြန်အလှန် ပို့ချ သင်ယူကြမယ့် လူတွေ ပေါ်လာကြမယ်၊ 00:01:17.780 --> 00:01:21.088 ကင်ညာမှစလျက် ကမ်ပါလာအထိ ခတ္တမန္ဒူမှ ကန်ရှပ်စ်အထိ လွှမ်းခြုံထားတယ်။ 00:01:21.088 --> 00:01:24.183 ပြီးတော့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် သိပ်သဘောကျတဲ့ အံ့ဩစရာ အချက်က 00:01:24.183 --> 00:01:25.701 အသိုင်းအဝိုင်းရဲ့ စိတ်ဓာတ်ပါပဲ။ 00:01:25.725 --> 00:01:27.707 နီကာရာဂွါနိုင်ငံမှာ ကလေး တစ်ယောက်ရှိတယ် 00:01:27.707 --> 00:01:31.481 သွေးလွန်တုပ်ကွေး သယ်ဆောင်နိုင်တဲ့ ခြင် မျိုးစိတ်ခွဲခြားဖို့ ကလေးတွေကို သင်နေတယ်၊ 00:01:31.505 --> 00:01:33.923 အဏုကြည့်စက်ကို သုံးပြီး ဆန်းစစ်ပုံကို သင်ပေးတယ်။ 00:01:33.947 --> 00:01:36.495 ဆေးပညာရှင် တစ်ဦးက အတုအပ ဆေးဝါးကို ခွဲခြား ထုတ်ဖေါ်ရေး 00:01:36.519 --> 00:01:38.762 နည်းလမ်းကို ရှာကြံတင်ပြ ထားတာ ရှိပါတယ်။ 00:01:38.852 --> 00:01:40.645 ကလေးမလေးက တလက်လက်တောက်ပမှု ဆိုတာ 00:01:40.645 --> 00:01:43.183 "ဘယ်လိုများ ဖြစ်ပေါ်လာပါလိမ့်" မေးခွန်းကို ထုတ်ခဲ့ပြီး 00:01:43.207 --> 00:01:46.913 ဝင်းလက်မှု အကြောင်းရင်း ဓာတ်ဆားပွင့်ထဲက ရူပဗေဒ အခြေခံကို ရှာတွေ့ခဲ့တယ်။ 00:01:46.913 --> 00:01:49.318 အာဂျင်တီးနား ဆရာဝန်အကြောင်းလည်း ပြောပြချင်တယ် 00:01:49.342 --> 00:01:53.604 ဒီကိရိယာကို အသုံးပြုပြီး ကွင်းဆင်းလျက် သားအိမ်ဆိုင်ရာ ကင်ဆာကို ဆန်းစစ်နေသူပါ။ 00:01:53.628 --> 00:01:57.366 ပြီးတော့ ကျွန်တော် ကိုယ်တိုင်တောင် ခွေးလှေးတစ်မျိုးကို ကျွန်တော့ 00:01:57.390 --> 00:02:02.166 ခြေဖနောင့်တွင် တစ်စင်တီမီတာ နက်တဲ့နေရာမှာ ရှာတွေ့ခဲ့ပါသေးတယ်။ 00:02:03.321 --> 00:02:07.578 ဒါတွေဟာ အားလုံးဟာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူးလို့ ထင်ချင်ထင်နိုင်ကြပါတယ်။ 00:02:07.975 --> 00:02:09.995 ဒါပေမဲ့ အခုလိုရူးရမှုက အကြောင်းရှိပါတယ်။ 00:02:10.126 --> 00:02:12.847 ကျွန်တော်က အဲဒါကို "ချွေတာရေးသိပ္ပံ"လို့ ခေါ်ပါတယ်- 00:02:12.871 --> 00:02:16.723 သိပ္ပံပညာဆိုင်ရာ အတွေ့အကြုံတွေကို မျှဝေပေးရေး စိတ်ကူးပါ၊ 00:02:16.747 --> 00:02:18.461 အချက်အလက်တွေ သက်သက်ပေးရုံ မဟုတ်ပါ။ 00:02:18.461 --> 00:02:19.510 သိဖို့ ထောက်ပြချင်တာက- 00:02:19.510 --> 00:02:22.334 ကျွန်တော်တို့ဂြိုဟ်ပေါ်မှာ တစ်ဘီလီယံအထိ ရှိကြတဲ့ ပြည်သူတွေဟာ 00:02:22.358 --> 00:02:24.873 ဘယ်လို အခြေခံအဆောက်အအုံတွေ မရှိဘဲ နေထိုင်နေကြရပါတယ်- 00:02:24.897 --> 00:02:26.511 လမ်းပန်းဆက်သွယ်မှုမရှိ၊ 00:02:26.535 --> 00:02:27.917 လျှပ်စစ်ဓါတ်အားမရှိ၊ 00:02:27.941 --> 00:02:30.127 ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိပါ။ 00:02:30.787 --> 00:02:34.400 ဒါ့အပြင် ဆင်းဆင်းရဲရဲ နေထိုင်နေကြရတဲ့ ကလေးတွေ တစ်ဘီလီယံ ရှိကြပါသေးတယ်။ 00:02:34.400 --> 00:02:37.342 ကျွန်တော်တို့က ပြဿနာတွေကို ဖြေရှင်း ပေးရမယ့် အနာဂတ်မျိုးဆက်ကို 00:02:37.342 --> 00:02:39.434 သူတို့ကို ဘယ်လိုလုပ်ပြီး လှုံ့ဆော်ပေးကြမလဲ၊။ 00:02:39.434 --> 00:02:43.282 ကျနော်တို့ တာဝန်တွေပေးထားတဲ့ ကျန်းမာရေး စောင့်ရှောက်ပေးကြတဲ့ လုပ်သားတွေရှိကြပါတယ် 00:02:43.282 --> 00:02:44.954 ကူးစက်ရောဂါတွေ တိုက်ဖျက်ဖို့၊ 00:02:44.978 --> 00:02:49.435 အနည်းဆုံးမျှသာ ဖြစ်ကြတဲ့ ကိရိယာတွေ ရင်းမြစ်တွေနဲ့ ကာကွယ်ပေးဖို့အတွက်ပါ။ 00:02:49.944 --> 00:02:52.178 ဥပမာ၊ စတန်းဖို့ဒ်က ဓာတ်ခွဲခန်းကိုဆိုပါစို့၊ 00:02:52.202 --> 00:02:55.333 ချွေတာရေး သိပ္ပံပညာရှုထောင့်မှ ကြည့်လျက် 00:02:55.333 --> 00:02:58.748 ဒီလူမှုအသိုင်းအဝိုင်းတွေအတွက် ဖြေရှင်း နည်းတွေကို ချမှတ်ပေးလိုပါတယ်။ 00:02:58.772 --> 00:03:03.026 မကြာခဏ ကျွန်တော်တို့က သစ်ပင်တစ်ပင်ရဲ့ အောက်၌ ရောဂါရှာဖွေရေးကို လုပ်ကိုင်လိုတယ်။ 00:03:03.026 --> 00:03:06.545 ကျွန်တော်ဟာ ကိရိယာသစ်တွေ အကြောင်း သာဓက နှစ်ခုကို ဒီနေ့ ပြောပြချင်တယ်။ 00:03:06.569 --> 00:03:08.684 တစ်ခုကို ယူဂန်ဒါနိုင်ငံမှာ စတင်ခဲ့ကြတယ်။ 00:03:08.751 --> 00:03:10.280 ၂၀၁၃ ခုနှစ်တွင်၊ 00:03:10.304 --> 00:03:14.350 Foldscope တွေကိုသုံးပြီး schistosomiasis ကို ရှာဖွေရန် ကွင်းဆင်းခဲ့စဉ်၊ 00:03:14.374 --> 00:03:16.932 ကျွန်တော် အသေးအဖွဲတစ်ခုကို သတိထားမိတယ်။ 00:03:16.956 --> 00:03:18.533 ဆေးခန်းတစ်ခုမှာ၊ 00:03:18.557 --> 00:03:19.896 ဝေးလံတဲ့ တစ်နေရာမှာ၊ 00:03:19.920 --> 00:03:23.508 centrifuge စက်ကို တံခါးကို ခုပေးဖို့ သုံးနေခဲ့တာ မြင်ခဲ့ရတယ်။ 00:03:24.192 --> 00:03:26.583 တကယ့်ကို တံခါးမပိတ်မိဖို့ ခံခုပေးဖို့ သုံးခဲ့တာပါ။ 00:03:26.607 --> 00:03:28.327 အဲဒီအကြောင်း သူတို့ကိုမေးကြည့်တော့၊ 00:03:28.327 --> 00:03:30.384 "အိုး၊ ကျွန်ုပ်တို့ဆီမှာ လျှပ်စစ်မှ မရှိတာ၊ 00:03:30.408 --> 00:03:33.937 ဒီတော့ ဒီလေးလံတဲ့ စက်ကြီးဟာ တံခါးကို ခုခံပေးဖို့ အကောင်းဆုံးပါပဲ။ " 00:03:34.624 --> 00:03:37.326 ခင်ဗျားတို့ အားလုံး သိချင်မှသိကြမှာက၊ 00:03:37.350 --> 00:03:40.574 နမူနာ အမျိုးအစားကို စီမံစမ်းသပ်ရာတွင် အခရာအကျဆုံး ကိရိယာကြီးပါပဲ။ 00:03:40.598 --> 00:03:43.630 ကိုယ်က သွေး ဒါမှမဟုတ် ခန္ဓာကိုယ် အရည်တွေကို ပိုင်းခြားပြီးရင် 00:03:43.630 --> 00:03:46.374 ရောဂါပိုးတွေကို ရှာကြည့်ချင်ရင် သုံးရတဲ့ စက်ပါ။ 00:03:46.419 --> 00:03:49.253 တကယ်တော့ အဲဒီ centrifuge ကြီးလေးပြီး ဈေးအရမ်းကြီးကြတယ်-- 00:03:49.277 --> 00:03:51.015 ဒေါ်လာ ၁၀၀၀ ဝန်းကျင် တန်တယ်-- 00:03:51.015 --> 00:03:53.501 ပြီးတော့ အဲဒါကို ကွင်းဆင်းရာတွင် သယ်ယူရန် မလွယ်လှပါ။ 00:03:53.525 --> 00:03:54.586 ပြီးတော့ ၎င်းတို့ဟာ 00:03:54.586 --> 00:03:56.350 လျှပ်စစ်မရှိရင် အလုပ်မလုပ်နိုင်ကြဘူး။ 00:03:56.350 --> 00:03:57.616 ဖြစ်နေကျ ကိစ္စပဲ မဟုတ်လား။ 00:03:57.616 --> 00:04:00.318 အဲဒီပြဿနာ ဖြေရှင်းရေးကို ကျွန်ုပ်တို့ စစဉ်းစားလာခဲ့ကြတယ်၊ 00:04:00.318 --> 00:04:01.702 ကျွန်တော် ပြန်လာခဲ့ရတယ်-- 00:04:01.726 --> 00:04:03.702 ကစားစရာတွေ အကြောင်းကို စဉ်းစားနေရင်းပါ။ 00:04:03.818 --> 00:04:04.982 အခုတော့ ... 00:04:05.750 --> 00:04:07.788 ကျွန်တော့နဲ့အတူ ဒီမှာ တချို့ပါလာပါတယ်။ 00:04:07.812 --> 00:04:09.919 ကျွန်မပထမဦးဆုံး စတင်ခဲ့တာက yo-yos နဲ့ပါ ... 00:04:09.943 --> 00:04:12.574 ကျွန်တော်ဟာ yo-yo ကို ပစ်ရာတွင် အရမ်းကို တော်သူပါ။ 00:04:12.923 --> 00:04:14.604 အဲဒီကစားစရာတွေက လည်ကြတော့ 00:04:14.628 --> 00:04:15.790 ကျွန်တော်တို့ တွေးမိတာက၊ 00:04:15.814 --> 00:04:18.171 အဲဒီအရာတွေရဲ့ ရူပဗေဒသဘာဝကို အသုံးချပြီး 00:04:18.195 --> 00:04:19.904 centrifuge တွေ တည်ဆောက်နိုင်မလား။ 00:04:21.257 --> 00:04:23.747 ဒီတချီ လုပ်ပြခဲ့တာက ကျွန်တော့အတွက် အဆိုးဆုံး တစ်ခုပါ။ 00:04:24.146 --> 00:04:25.929 ဒါပေမဲ့ ကျွန်တော်တို့ တွေးမိတာက၊ 00:04:25.953 --> 00:04:28.792 ဒီလို ကစားစရာအမျိုးမျိုးကို စမ်းသပ် စူးစမ်းကြည့်မယ်ဆိုရင်-- 00:04:28.816 --> 00:04:31.421 ကျွန်တော်တို့ဟာ ဒီလို လည်တဲ့ဟာကို စမ်းကြည့်ခဲ့တယ်၊ 00:04:31.445 --> 00:04:33.327 အဲဒီနောက် ဓာတ်ခွဲခန်းထဲမှာ 00:04:33.351 --> 00:04:35.813 ကျွန်ုပ်တို့ဟာ ဒီအံ့အားသင့်စရာဟာကို သတိထားမိကြတယ်။ 00:04:35.813 --> 00:04:39.256 အဲဒါကို နာမည်အမျိုးမျိုးဖြင့် ခေါ်ကြပါတယ်။ 00:04:39.280 --> 00:04:41.697 ကြိုးနှစ်ချောင်းပါပြီး အပြားလေး တစ်ခုပါတယ်၊ 00:04:41.721 --> 00:04:43.928 ကျွန်တော်က အခုလို တွန်းလိုက်ရင် လည်ပါတယ်။ 00:04:43.930 --> 00:04:46.658 ကလေးဘဝမှာ ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက်များ ကစားခဲ့ဘူးကြလဲ။ 00:04:46.658 --> 00:04:48.796 ဒါကိုတော့ button-on-a-string လို့ ခေါ်ပါတယ်။ 00:04:48.796 --> 00:04:50.926 ကောင်းပြီ၊ ၅၀ ရာခိုင်နှုန်း ဖြစ်နိုင်ပါတယ်။ 00:04:50.926 --> 00:04:52.578 ခင်ဗျားတို့ နားမလည်မိတဲ့ အချက်က-- 00:04:52.578 --> 00:04:54.145 ဒီကစားစရာ အသေးလေးဟာ 00:04:54.169 --> 00:04:58.532 လူသားသမိုင်းထဲက ရှေးအကျဆုံး ကစားစရာပါပဲ ... 00:04:58.747 --> 00:05:00.652 လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ တုန်းကပါ။ 00:05:00.676 --> 00:05:04.375 ကျွန်တော်တို့ဟာ ကမ္ဘာကြီး နေရာအနှံ့မှာ အဲဒါရဲ့ အကြွင်းအကျန်တွေ ရှာတွေ့ခဲ့တယ်။ 00:05:04.384 --> 00:05:06.879 ဒါပေမဲ့ ရယ်စရာကောင်းတာက၊ 00:05:06.879 --> 00:05:10.288 အဲဒါ ဘယ်လို အလုပ်လုပ်မှန်းကို ကျွန်တော်တို့ မသိကြခြင်းပါပဲ။ 00:05:10.288 --> 00:05:12.731 အဲဒါကမှ ကျွန်တော့ကို စိတ်လှုပ်ရှားစရာ ဖြစ်လာပါတယ်။ 00:05:12.797 --> 00:05:14.878 အဲဒါနဲ့ စပြီး စမ်းသပ်ကြိုးစားရပါတယ်။ 00:05:14.902 --> 00:05:16.982 ညီမျှခြင်း နှစ်ခုလောက်ကို ချရေးလိုက်ကြတယ်။ 00:05:17.056 --> 00:05:20.369 ကျွန်တော်တို့က ထည့်သွင်းပေးလိုက်တဲ့ လိမ်အားကို ယူကြည့်မယ်ဆိုရင်၊ 00:05:20.393 --> 00:05:22.461 ကိုယ်က ဒီအပြားကို ဆွဲလှည့်ပေးလိုက်ရတယ်၊ 00:05:22.461 --> 00:05:24.726 တဖန် အဲဒီလိမ်အားက ကြိုးတွေကို ထပ်ပြီးလိမ်ပေးတယ်၊ 00:05:24.726 --> 00:05:26.863 ဒါကို သင်္ချာနည်းနဲ့ တွက်လို့ ရနိုင်ပါတယ်။ 00:05:26.863 --> 00:05:29.535 ဒီနေ့ပြောချင်တာက အဲဒီညီမျှခြင်း တစ်ခုတည်း အကြောင်းမကပါ။ 00:05:29.535 --> 00:05:31.827 တွက်ချက်ခဲ့ရတာ စာမျက်နှာ တစ်ဆယ်လောက် ရှိပါတယ်။ 00:05:31.827 --> 00:05:35.000 ဒီလိုလည်ပတ် လှုပ်ရှုားနေတဲ့ စနစ်ကြီးအတွက် ဆန်းစစ်မှု ဖေါ်မြူလာတွေ 00:05:35.000 --> 00:05:36.618 အားလုံးကို ရေးချနိုင်ခဲ့ကြပါတယ်။ 00:05:36.618 --> 00:05:39.999 အဲဒါအားလုံးရဲ့ နောက်ဆုံးရလဒ်ကတော့ "Paperfuge"ပါပဲ။ 00:05:40.023 --> 00:05:42.521 ဒါက ကျွန်တော့တပည့် ဘွဲ့လွန်ကျောင်းသား Saad Bhamla ပါ၊ 00:05:42.521 --> 00:05:44.348 Paperfuge ကို ပူးတွဲတီထွင်ပေးခဲ့သူပါ။ 00:05:44.348 --> 00:05:46.527 ဒီဘယ်ဘက်မှာ တွေ့ကြရတာက centrifuge စက်ကြီးတွေပါ 00:05:46.551 --> 00:05:48.578 ကျနော်တို့အစားထိုးဖို့ ကြိုးစားနေတဲ့ဟာပါ။ 00:05:48.578 --> 00:05:51.709 ခင်ဗျားတို့ ဒီမှာ မြင်နေရတဲ့ ပစ္စည်းလေးက 00:05:52.939 --> 00:05:56.184 ချပ်ပြားတစ်ခု၊ ကြိုးနှစ်ချောင်းနဲ့ လက်ကိုင်ပါ။ 00:05:56.208 --> 00:05:57.712 ဒါကို လှည့်လိမ်ပေးလိုက်ရင် 00:05:57.750 --> 00:05:59.093 ပြီးတော့ ဆွဲဆန့်လိုက်ရင်၊ 00:05:59.117 --> 00:06:00.269 အဲဒါ စပြီး လည်ပါတော့တယ်။ 00:06:00.293 --> 00:06:02.378 ဒီတော့ ဒါကို သိနားလည်လိုက်တော့၊ 00:06:02.950 --> 00:06:04.345 အဲဒါကို တွက်ချက် ကြည့်လိုက်တော့၊ 00:06:05.579 --> 00:06:08.069 ဒီအရာလေးအတွက် rpm လည်ပတ်နှုန်းကို တွက်ကြည့်ရင်၊ 00:06:08.093 --> 00:06:12.259 သင်္ချာသဘောအရ ကျွန်တော်တို့ဟာ rpm တစ်သန်းအထကို သွားနိုင်မှာပါ။ 00:06:12.259 --> 00:06:15.042 ဒီမှာ လူသားရဲ့ ခန္ဓာဗေဒဆိုင်ရာ စဉ်းစားစရာ တစ်ခု ရှိနေတယ်၊ 00:06:15.066 --> 00:06:18.085 ဒီအရာရဲ့ တုန်ခါမှု ကြိမ်နှုန်းဟာ 10 hertz ဝန်းကျင်မှာ ရှိနေလို့၊ 00:06:18.085 --> 00:06:19.823 ခင်ဗျားတို့ စန္ဒရားကို တီးခဲ့ဘူးရင်၊ 00:06:19.823 --> 00:06:22.291 နှစ် သို့မဟုတ် သုံး hertz ထက် ပိုပြီး တီးမရနိုင်ပါ၊ 00:06:22.291 --> 00:06:25.755 ကျွန်တော်တို့က ဒီဟာလေးနဲ့ ရယူနိုင်ခဲ့ကြတဲ့ အမြင့်ဆုံးနှု်းက 00:06:25.755 --> 00:06:27.328 rpm ၁၀၀၀၀ မဟုတ်ပါ၊ 00:06:27.352 --> 00:06:28.956 rpm ၅၀၀၀၀ လည်းမဟုတ်ပါ၊ 00:06:28.980 --> 00:06:30.905 rpm ၁၂၀၀၀၀ ပါ။ 00:06:30.929 --> 00:06:33.733 အဲဒါဟာ ကမ္ဘာ့ဆွဲအား g ရဲ့ အဆ ၃၀၀၀ ပါ။ 00:06:33.757 --> 00:06:36.964 တကယ်လိုများ ခင်ဗျားတို့ကို ဒီမှာ ကပ်ပေးလိုက်ပြီး လှည့်ပေးလိုက်ရင်၊ 00:06:36.988 --> 00:06:40.417 ခင်ဗျားတို့ ခံစားရမယ့် အားတွေကို စိတ်ကူးသာ ကြည့်ကြပေတော့။ 00:06:40.441 --> 00:06:42.679 ဒီလို ကိရိယာရဲ့ အကျိုးသက်ရောက်မှု တစ်ခုက 00:06:42.703 --> 00:06:45.697 အဲဒါနဲ့ ရောဂါကို ရှာဖွေနိုင်တော့မှာပါ။ 00:06:45.721 --> 00:06:50.001 ဒီတော့ ကျွန်တော်ဟာ လက်တွေ့ ဒီနေရာမှာကို စမ်းသပ်ပြပါ့မယ်-- 00:06:50.442 --> 00:06:54.037 အဲဒါ့အတွက် ကျွန်တော်ဟာ ကျွန်တော့ လက်ချောင်းကို ဖောက်ဖို့ လိုပါမယ်၊ 00:06:54.061 --> 00:06:56.336 အဲဒါကြောင့် သွေးစက် သေးသေးလေး ထွက်လာပါမယ်။ 00:06:56.360 --> 00:06:58.465 သွေးလန့်တဲ့သူဆိုရင် ဒါကို ကြည့်ရန် မလိုပါဘူး။ 00:06:58.465 --> 00:07:00.018 ဒါက ဖောက်ပေးတဲ့ lancet အချွန်ပါ။ 00:07:00.018 --> 00:07:02.288 အဲဒီ lancet တွေကို နေရာတိုင်းမှာ ဝယ်ရနိုင်ပါတယ်။ 00:07:02.288 --> 00:07:03.785 လုံးဝ အန္တရာယ်မရှိကြပါ။ 00:07:03.809 --> 00:07:07.395 ကိုယ်က ဒီနေ့ မနက်စာ စားထားရင် ... 00:07:10.047 --> 00:07:11.534 လုံးဝ နာမှာ မဟုတ်ပါဘူး။ 00:07:11.558 --> 00:07:15.236 ကောင်းပြီ၊ အခုတော့ ပြွန်လေး တစ်ခုနဲ့ သွေးကို စုပ်ယူမယ်-- 00:07:15.236 --> 00:07:17.779 အခုတော့ အဲဒီသွေးတစ်စက်က အဖြေတွေကို ပေးနိုင်မှာပါ၊ 00:07:17.779 --> 00:07:19.528 အဲဒါကြောင့် ဒါတွေကို လုပ်လာခဲ့တာပါ။ 00:07:19.910 --> 00:07:23.377 အဲဒါက ကျွန်တော့ဆီတွင် ငှက်ဖျားရှိမရှိကို ချက်ချင်း ဖြေပေးနိုင်တယ်။ 00:07:23.401 --> 00:07:25.233 ကျွန်တော်ဟာ ပြွန်သေးသေးကို ယူထားတယ်၊ 00:07:25.257 --> 00:07:27.382 အဲဒါက စပြီး စုပ်ယူနေတာ မြင်ရပါတယ်။ 00:07:27.888 --> 00:07:30.156 ကျွန်တော် နောက်ထပ် နည်းနည်း စုပ်ယူဦးမယ်။ 00:07:32.782 --> 00:07:35.025 အဲဒါကြည့်ရတာ လုံလောက်ပါပြီ။ 00:07:35.519 --> 00:07:39.649 အဲဒီပြွန်လေးကို ဒီလိုနည်းဖြင့် အလုံပိတ်လိုက်ပါမယ်။ 00:07:43.492 --> 00:07:45.772 ဒီလိုနည်းဖြင့် နမူနာကို အလုံပိတ်လိုက်ပါပြီ။ 00:07:45.796 --> 00:07:47.925 ကျွန်တော်တို့ဟာ အဲဒီနမူနာကို ယူပြီး 00:07:47.949 --> 00:07:49.913 Paperfuge ပေါ်မှာ တပ်ဆင်ပေးမယ်။ 00:07:57.092 --> 00:08:00.480 တိပ်အနည်းငယ်ဖြင့် အလုံပိတ်ပေးပါမယ်။ 00:08:00.975 --> 00:08:03.870 အဲဒီတော့ နမူနာဟာ လုံးဝကို အလုံပိတ်ပြီးနေပြီ။ 00:08:07.107 --> 00:08:09.400 ကျွန်တော်တို့ အဲဒါကို လှည့်ပေးရန် အသင့်ရှိနေပြီ။ 00:08:10.459 --> 00:08:13.060 ကျွန်တော်ဟာ ဒါကို ဆွဲယူလိုက် တွန်းလိုက် လုပ်ပေးရပါမယ်။ 00:08:13.084 --> 00:08:15.243 ကျွန်တော် ဒါကို ဒီလို တင်ပေးလိုက်မယ် ... 00:08:16.277 --> 00:08:18.560 ဒီအရာဟာ စပြီး လည်ပတ်လာတာ မြင်နိုင်ကြပါတယ်။ 00:08:18.584 --> 00:08:20.598 ပုံမှန် centrifuge တွေနဲ့မတူဘဲ၊ 00:08:20.622 --> 00:08:24.401 ကျွန်တော်တို့ဟာက တန်ြပန် လှည့်ပေးတဲ့ စနစ်ပါ။ 00:08:24.425 --> 00:08:26.761 နောက်ကို လည်လိုက်၊ ရှေ့ကိုလည်လိုက်ပါ ... 00:08:26.851 --> 00:08:29.349 အခုတော့ ကျွန်တော်ဟာ အရှိန်ရအောင် လုပ်ပေးတော့မယ်။ 00:08:29.373 --> 00:08:31.201 အရှိန်အဟုန် ရလာတာ မြင်နိုင်ကြမှာပါ။ 00:08:31.704 --> 00:08:34.797 အခုတော့ -- ခင်ဗျားတို့ ဒါကို ကြားကြရဲ့လား ကျွန်တော် မသိပါ-- 00:08:34.821 --> 00:08:36.360 ဒီလိုနည်းနဲ့ စက္ကန့် ၃၀ အကြာမှာ၊ 00:08:36.989 --> 00:08:41.313 ကျွန်တော်ဟာ သွေးဆဲလ်တွေကို ပလာစမာနဲ့ ခွဲခြားပေးနိုင်တော့မှာပါ။ 00:08:41.938 --> 00:08:44.751 အဲဒီသွေးဆဲလ်များနဲ့ ပလာစမာရဲ့ အချိုးအစားဟာဖြင့်-- 00:08:44.775 --> 00:08:46.789 (လက်ခုပ်သံများ) 00:08:48.439 --> 00:08:50.774 ခင်ဗျား အခုဒီမှာ မြင်နေကြရသလို၊ 00:08:51.806 --> 00:08:53.830 ကျွန်တော်တို့က အဲဒါကို ဂရုစိုက်လေ့လာရင်၊ 00:08:53.854 --> 00:08:56.399 သီးခြား ခွဲထွက်သွားတဲ့ ထုထယ်ကို မြင်နိုင်ကြမှာပါ 00:08:57.272 --> 00:08:59.130 သွေးနှင့် ပလာစမာပါပဲ။ 00:08:59.154 --> 00:09:03.077 အဲဒီအချိုးအစားက ကျွန်တော်ဟာ သွေးအား နည်းသူလား ဆိုတာကို ထောက်ြပနိုင်တယ်။ 00:09:03.101 --> 00:09:07.138 လက်ရှိ Paperfuges အမျိုးမျိုး ဆောက် နိုင်ြခင်းဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ 00:09:07.162 --> 00:09:11.132 ဒါဆိုရင် နည်းနည်းလေး ပိုကြာအောင် လှည့်ပေးခြင်းဖြင့် 00:09:11.132 --> 00:09:13.469 ငှက်ဖျားကပ်ပါးကောင်ကို ဖေါ်ထုတ်ပေးနိုင်တယ်၊ 00:09:13.493 --> 00:09:16.733 သွေးထဲမှာ ရှိနေကြတဲ့ ငှက်ဖျား ကပ်ပါးကောင်တွေကို ခွဲခြားနိုင်ပါတယ် 00:09:16.733 --> 00:09:20.657 centrifuge ကို သုံးပြီး သွေးထဲရှိနေကြတဲ့ ငှက်ဖျား ကပ်ပါးတွေကို ခွဲခြားသိရနိုင်သလို 00:09:20.681 --> 00:09:25.161 ခုနက ပြခဲ့သလို ကျွန်တောတို့ရဲ့ နည်းနဲ့ ခွဲခြားလျက် သိရှိလာနိုင်ပါတယ်။ 00:09:25.185 --> 00:09:28.742 နောက်ပုံစံ တစ်ခုကျတော့ nucleic acid ကို စမ်းသပ်မှုလို့ ရမှာမို့လို့ 00:09:29.573 --> 00:09:33.917 ကွင်းဆင်းနေချိန်မှာကိုပဲ nucleic acid စမ်းသပ်မှုတွေ တစ်ပြုံကြီး လုပ်နိုင်မှာပါ။ 00:09:33.941 --> 00:09:35.511 ပြီးတော့ နောက်ဆုံးတွင်၊ 00:09:35.535 --> 00:09:37.535 ကျွန်တော်တို့ ဆက်ပြီး လုပ်ကိုင်နေကြတာက 00:09:37.559 --> 00:09:42.354 စမ်းသပ်မှုတွေ အမျိုးမျိုးကို ဒီလို တစ်ခုတည်းနဲ့ လုပ်လို့ရဖို့အတွက်ပါ။ 00:09:42.378 --> 00:09:46.715 အဲဒီလိုနည်းဖြင့် နမူနာ ယူတဲ့အလုပ်ကိုရော ဓာတုဗေဒ အလုပ်ကိုပါ လုပ်နိုင်ပါ့မယ်။ 00:09:47.540 --> 00:09:48.826 အခုတော့ ... 00:09:48.850 --> 00:09:50.120 ဒါတွေ အားလုံး ကောင်းပါတယ်၊ 00:09:50.144 --> 00:09:52.051 ဒါပေမဲ့၊ ဒါတွေကို စဉ်းစားကြည့်ရင်၊ 00:09:52.075 --> 00:09:54.914 ဒီကိရိယာတွေ လူတွေ အများကြီးအား ဝေမျှပေးရေးကို စဉ်းစားရတယ်။ 00:09:54.914 --> 00:09:57.454 ကျွန်တော်တို့ ခုလေးတင် မဒါဂါစကာမှ ပြန်လာခဲ့ကြတာပါ၊ 00:09:57.454 --> 00:10:00.172 ငှက်ဖျားများအတွက် လက်တွေ့စမ်းသပ်မှုက ဒီလို ပုံစံမျိုးပါ-- 00:10:00.196 --> 00:10:01.199 (ရယ်သံများ) 00:10:01.223 --> 00:10:03.580 ဒါကို ကော်ဖီသောက်နေရင်း လုပ်နိုင်တယ်။ 00:10:03.604 --> 00:10:05.477 ဒါပေမဲ့ တကယ် အရေးကြီးတာက၊ 00:10:05.501 --> 00:10:09.563 ဒီရွာဟာ လမ်းမကြီးတွေနဲ့ ခြောက်နာရီ ခရီး အဝေးမှာ ရှိတဲ့ ရွာပါ။ 00:10:10.036 --> 00:10:13.363 အခန်းထဲတွင် အဲဒီက အသိုင်းအဝုိင်းထဲက သက်ကြီးတစ်ယောက်နဲ့ 00:10:13.363 --> 00:10:15.670 ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ လုပ်သား ရှိနေပါတယ်။ 00:10:15.670 --> 00:10:19.667 ဒီလို အားထုတ်မှုရဲ့ ဒီအပိုင်းလေးဟာဖြင့် ကျွန်တော့အတွက် စိတ်အလှုပ်ရှားရဆုံးပါ-- 00:10:19.667 --> 00:10:20.839 အဲဒီအပြုံးလေး၊ 00:10:20.863 --> 00:10:25.009 ရိုးရိုးလေးနဲ့ အားကောင်းကြတဲ့ ကိရိယာတွေကို ကမ္ဘာတဝှမ်းက လူတွေကို မျှဝေရကျိုး နပ်တယ်။ 00:10:25.009 --> 00:10:27.781 ဒါနဲ့ ခင်ဗျားတို့ ပြောဖို့ မေ့သွားတဲ့ တစ်ချက်က၊ 00:10:27.805 --> 00:10:30.948 အဲဒါတွေ အားလုံးကို ထုတ်လုပ်ပေးဖို့ ဆင့် ၂၀ သာ လိုတာကိုပါ။ 00:10:31.200 --> 00:10:33.916 ကောင်းပါပြီ၊ စိတ်မဝင်စားစရာတွေကို နောက်မှာ ချန်ထားခဲ့ရင်း၊ 00:10:33.916 --> 00:10:36.482 နောက်ဆုံး မကြာမီလေးတင်က တစ်ခု အကြောင်းကို ပြောပြမယ်-- 00:10:36.506 --> 00:10:37.626 (ရယ်သံများ) 00:10:37.650 --> 00:10:39.640 ကျွန်တော်တို့ဓာတ်ခွဲခန်းရဲ့ တီထွင်မှုပါ။ 00:10:39.640 --> 00:10:41.307 Abuzz ဆိုပြီး နာမည်ပေးထားတယ်-- 00:10:41.618 --> 00:10:45.366 ခင်ဗျားတို့ အားလုံးနဲ့အတူ ခြင်တွေကို တိုက်ပွဲဝင်ရေး စိတ်ကူးနဲ့ပါ။ 00:10:45.366 --> 00:10:48.043 ကျွန်တော်တို့ရဲ့ ရန်သူခြင်တွေကို ခြေရာခံရန် အတွက်ပါ။ 00:10:48.067 --> 00:10:52.055 ၎င်းတို့က ငှက်ဖျား၊ Zika၊ chikungunya၊ သွေးလွန်တုပ်ကွေး စ်ပွားစေတဲ့ ရန်သူတွေပါ။ 00:10:52.079 --> 00:10:56.863 ဒါပေမဲ့ ပြဿနာက ကျွန်တော်တို့ရဲ့ ရန်သူတွေ ဘယ်မှာ ရှိကြမှန်းကို မသိကြပါ။ 00:10:56.887 --> 00:10:59.866 ခြင်တွေဆိုင်ရာ ကမ္ဘာ့မြေပုံတွေ မရှိသေးပါဘူး။ 00:10:59.933 --> 00:11:01.840 အဲဒါနဲ့ အဲဒီအကြောင်းကို စဉ်းစားလာရတယ်။ 00:11:01.840 --> 00:11:03.789 ခြင်တွေဟာ မျိုးစိတ်ပေါင်း ၃၅၀၀ ရှိကြတယ်။ 00:11:03.789 --> 00:11:05.682 ပြီးတော့ ၎င်းတို့ဟာ ဆင်တူရိုးမှားတွေပါ။ 00:11:05.682 --> 00:11:07.305 တချို့ဘယ်လောက်တောင် တူသလဲဆိုတော့ 00:11:07.305 --> 00:11:10.596 ပိုးမွှားပညာရှင်ကြီးတွေ အဏုကြည့်စက်နဲ့ ကြည့်တောင် မခွဲခြားနိုင်ကြဘူး။ 00:11:10.596 --> 00:11:12.881 ဒါပေမဲ့ သူတို့ဆီမှာ အားနည်းချက် တစ်ခု ရှိပါတယ်။ 00:11:12.905 --> 00:11:15.839 ဒါက ခြင်တွေ ရည်စားလိုက်ကြပုံကို မြင်နေကြရတာပါ။ 00:11:15.839 --> 00:11:18.358 ဟောဒါက အမျိုးသမီးကို လိုက်ဖမ်းချင်တဲ့ အထီးကောင်ပါ။ 00:11:18.382 --> 00:11:22.203 သူတို့ဟာ သူတို့ရဲ့ အတောင်ပံ ရိုက်ခတ် နှုန်းဖြင့် အပြန်အလှန် စကားပြောနေကြတာပါ။ 00:11:22.227 --> 00:11:23.267 (ခြင်ပျံသန်းမှု အသံ) 00:11:23.291 --> 00:11:25.648 အဲဒါက သူတို့ရဲ့ လက်မှတ်နဲ့ တူပါတယ်။ 00:11:26.652 --> 00:11:30.016 အဲဒါနဲ့ ကျွန်တော်တို့ နားလည်လိုက်တာက သာမန်ဖုန်းကို သုံးပြီး၊ 00:11:30.040 --> 00:11:32.581 $ ၅-၁၀ တန်တဲ့ ဖုန်းနဲ့-- 00:11:32.605 --> 00:11:34.707 ဒီလိုဖုန်းမျိုးကို မှတ်မီကြသေးရဲ့လား။ 00:11:34.731 --> 00:11:35.791 (ရယ်သံများ) 00:11:35.815 --> 00:11:39.560 ကျွန်တော်တို့ဟာ ခြင်တွေရဲ့ အသံနှုန်း လက်မှတ်ကို မှတ်တမ် းတင်နိုင်ပါတယ်။ 00:11:39.560 --> 00:11:41.830 ဘယ်လို လုပ်ရမှာကို အတိအကျ ကျွန်တော် ပြောပြမယ်။ 00:11:41.830 --> 00:11:44.241 ကျွန်တော်ဟာ ခြင်တချို့ကို အပြင်မှာ ဖမ်းယူလာခဲ့တယ်။ 00:11:44.241 --> 00:11:47.003 Bill [Gates] လိုမဟုတ်ဘဲ ကျွန်တော် သူတို့ကို လွှတ်မပေးဘူး။ 00:11:47.003 --> 00:11:47.927 (ရယ်သံများ) 00:11:47.927 --> 00:11:49.876 ဒါပေမဲ့ ဒါနဲ့ အသံဖမ်းဖို့ကို ပြောပြပါမယ်။ 00:11:49.876 --> 00:11:52.292 လုပ်ရမှာက ဒီလိုခေါက်လိုက်ရင် သူတို့ပျံသန်းတော့မှာ။ 00:11:52.292 --> 00:11:53.557 အစတွင် စမ်းသပ် ကြည့်ကြပါ-- 00:11:53.581 --> 00:11:55.107 ကျွန်တော်ကတော့ ဒီမှာ ကြားနေရပြီ။ 00:11:55.107 --> 00:11:57.811 မိုက်ခရိုဖုန်းပါတဲ့ ကိုယ့်ဖုန်းကို သူတို့နားကို ယူလာပါ-- 00:11:57.835 --> 00:12:00.201 ၎င်းတို့ထဲက မိုက်တွေ အရမ်းကို ကောင်းကြတယ်၊ 00:12:00.225 --> 00:12:01.465 သာမန် ဖုန်းတွေထဲမှာတောင်၊ 00:12:01.489 --> 00:12:03.922 ဒီလို လက်တွေ့ အသံတွေကို မှတ်တမ်းတင်လို့ ရနိုင်ပါတယ်။ 00:12:03.946 --> 00:12:06.084 အချိန် သိပ်မကျန်တော့တဲ့အတွက်၊ 00:12:06.108 --> 00:12:09.800 အရင်တစ်နေ့က သွင်းယူခဲ့တဲ့ အသံကို ဖွင့်ပြပါရစေ။ 00:12:09.824 --> 00:12:12.364 (ခြင်ရဲ့ ပျံသန်းမှု အသံ) 00:12:12.388 --> 00:12:15.316 ဒီလို စွဲမက်စရာ အသံကို ခင်ဗျားတို့ ကြားခဲ့ဘူးကြမှာပါ၊ 00:12:15.340 --> 00:12:17.134 အားလုံး သိပ်ကြိုက်ကြတဲ့ အသံပါ။ 00:12:18.246 --> 00:12:20.207 ဒီလို လုပ်လို့ ရနိုင်ြခင်းကြောင့် 00:12:20.231 --> 00:12:23.445 သာမန် ဆဲလ်ဖုန်းနဲ့ ဒီလို လုပ်ရနိုင်တယ်ဆိုတော့ 00:12:23.469 --> 00:12:26.629 ကျွန်တော်တို့ဟာ ခြင်မျိုးစိတ် မြေပုံကို ရွေးဆွဲနိုင်လာမယ်။ 00:12:27.277 --> 00:12:28.793 ခေါက်ဖုန်းကို အသုံးပြုပြီး 00:12:28.793 --> 00:12:32.351 ကျွန်တော်တို့ဟာ အကြီးမားဆုံး အသံဒေတာဘေ့စ် တစ်ခုကို မြေပုံပေါ် တင်ပေးခဲ့ကြရာ 00:12:32.375 --> 00:12:36.737 လူ့တွေအတွက် ရောဂါပိုးကို သယ်ဆောင်ပေးကြတဲ့ ခြင်မျိုးစိတ် ၂၅ မှ ၂၀ ဖေါ်ထုတ်နိုင်တယ်။ 00:12:36.737 --> 00:12:39.250 အဲဒါကို စက်ပစ္စည်းတွေရဲ့ သင်ယူမှုနဲ့ တွဲသုံးလိုက်ရင်၊ 00:12:39.250 --> 00:12:41.504 အဲဒီလို ဒေတာကို မည်သူမဆို အပ်လုဒ် လုပ်ပေးရင်၊ 00:12:41.504 --> 00:12:44.006 ခင်ဗျားတို့ဝန်းကျင်က ခြင်တွေက ဘယ်လိုဟာမျိုးဆိုတာကို 00:12:44.006 --> 00:12:46.274 ကျွန်တော်တို့က ရှာဖွေ ဖေါ်ထုတ်ပေးနိုင်ကြမှာပါ။ 00:12:46.274 --> 00:12:48.823 Abuzz လို့ နာမည်ပေးထားရာ ခင်ဗျားတို့ အဲဒီထဲပါချင်ရင်၊ 00:12:48.847 --> 00:12:49.903 ဝဘ်ဆိုက်ကို သွားကြပါ။ 00:12:49.903 --> 00:12:52.685 ကျွန်တော့အတွက် သိပ်ကို အရေးကြီးပြီး နှလုံးသားနဲ့ နီးစပ်တဲ့ 00:12:52.685 --> 00:12:54.930 အရာတစ်ခုဖြင့် ကျွန်တော် နီဂုံးချုပ်ပါရစေ။ 00:12:55.504 --> 00:12:59.451 ဒီနေ့တွင် ကျွန်တော်တို့ဆီမှာ ကြောက်မက်ဘွယ် ပြဿနာများ ရှိနေခြင်းဟာ စိန်ခေါ်မှုကြီးပါ။ 00:12:59.475 --> 00:13:02.773 ကမ္ဘာကြီးမှာ ကျန်းမာရေး စောင့်ရှောက်မှု ဘာမှမရှိသူ တစ်ဘီလီယံ ရှိကြတယ်၊ 00:13:02.773 --> 00:13:05.292 ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးကွဲ ပျောက်ဆုံးလာနေခြင်း၊ 00:13:05.292 --> 00:13:06.421 စသဖြင့် အများကြီးပါ။ 00:13:06.421 --> 00:13:09.646 သိပ္ပံပညာက အဲဒါတွေအတွက် အဖြေ ပေးမှာ ကျွန်တော်တို့ မျှော်လင့်ကြပါတယ်။ 00:13:09.646 --> 00:13:12.108 ခင်ဗျားတို့ အားလုံး ဒီခန်းမကြီးမှ ထွက်မသွားကြခင်၊ 00:13:12.108 --> 00:13:14.106 ခင်ဗျားတို့ကို ကတိ တစ်ခုပေးချင်ပါတယ်။ 00:13:14.106 --> 00:13:16.943 ကျွန်တော်တို့ဟာ သိပ္ပံပညာကို သုံးရနိုင်အောင် လုပ်ပေးကြမယ်-- 00:13:17.066 --> 00:13:19.205 အဲဒါကို တတ်နိုင်တဲ့ သူတွေအတွက်သာမက၊ 00:13:19.229 --> 00:13:21.541 မတတ်နိုင်ကြတဲ့ တစ်ဘီလီယံအတွက်ပါ စီစဉ်ပေးပါမယ်။ 00:13:21.761 --> 00:13:25.777 သိပ္ပံပညာနှင့် သိပ္ပံအသုံးလုံးကျေမှုကို လူသားရဲ့ ရပိုင်ခွင့်အဖြစ် ဖန်တီးပေးကြစို့။ 00:13:27.564 --> 00:13:32.239 သိပ္ပံရှာကြံရေး မီးပွားဆိုတဲ့ ခံစားမှုကို အခြားကလေးတစ်ဦးအား လွှဲပြောင်းပေးလိုက်တဲ့ 00:13:32.263 --> 00:13:33.774 တဒင်္ဂလေးမှ၊ 00:13:33.863 --> 00:13:36.979 အဲဒီလို ပြဿနာတွေကို လက်တွေ့မှာ ဖြေရှင်းပေးကြမယ့် 00:13:36.979 --> 00:13:40.367 အနာဂတ်မျိုးဆက်ကို ကျွန်တော်တို့က ပျိုးထောင်ပေးလာမှုပဲ ဖြစ်ပါလိမ့်မည်။ 00:13:40.391 --> 00:13:41.566 ကျေးဇူးတင်ပါတယ်။ 00:13:41.590 --> 00:13:44.968 (လက်ခုပ်သံများ)